Edin Aung Gyi Company Limited ဦးစီးတဲ့
Yangon Pharmacy Wholesale ဟာ 2019 ခုနှစ်မှာစတင်အုတ်မြစ်ချခဲ့ပြီး
ဆေးဆိုင်မှတဆင့် လက္ကားဆေးဆိုင်ကြီးအဖြစ်ဝယ်ယူသူတွေကို စိတ်ချမ်းသားမှုအပြည့်နဲ့ ရေရှည်လက်တွဲသွားစေချင်တဲ့ဆန္ဒဖြင့်တည်ထောင်ခဲ့ရခြင်းဖြစ်ပါသည်။
December 25 2021 မှာ မိတ်ဆွေ Customer များရဲ့အားပေးမှုနဲ့အတူ
မြယာကုန်းလမ်းမရှိ ရွှေမြယာအိမ်ယာတွင် ဆိုင်သစ်ကြီးကို တိုးချဲ့ ဖွင်လှစ်နိုင်ခဲ့ပါသည်။
အကျိုး
အမြတ်ကိုအဓိကမထားပဲ မိတ်ဆွေ Customer များရဲ့ စိတ်ချမ်းသာမှုနဲ့
ယုံကြည်မှုကို အလေးထားတဲ့အတွက် ထိုက်တန်တဲ့ အောင်မြင်မှုတစ်ခုကို
ရရှိနိုင်ခဲ့ပြီးဖြစ်ပါသည်။
လက်ရှိအချိန်မှာလဲ ဝန်ထမ်း ၂၀ ကျော် နဲ့အတူ မြန်မာတစ်နိုင်ငံလုံးရှိဆေးဆိုင်ကြီးများစွာကိုဆက်သွယ်ရောင်းချပေးနေပြီးမှားယွင်းမှု လွဲချော်မှု လုံးဝမဖြစ်အောင် လက်ရေး voucher အသုံးမပြုပဲ istock နည်းပညာအသုံးပြုပြီး computer voucher ထုတ်ပေးခြင်း။
အချိန်ကုန်သက်သာ လွယ်ကူအဆင်ပြေစေရန် phone contact အပြင် facebook Page messenger , Viber မှတဆင့်လူကြီးမင်းစိတ်တိုင်းကျ ကြိုက်နှစ်သက်ရာကို order မှာယူနိုင်ခြင်း
မှာယူထားသည့် ပစ္စည်းများကိုလဲ ပျက်စီးထိခိုက်မှုမရှိစေအောင် အထူးဂရုစိုက်ပြီး မှာယူသူထံသို့ (၂၄)နာရီအတွင်းအချိန်မှန်ရောက်ရှိစေရန်Delivery Van (4) စီးနှင့်အတူ ရန်ကုန်မြို့အနှံ့ကို သတ်မှတ်ထားသောငွေပမာဏပြည့်မှီပါက (delivery free ) ပစ္စည်းရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးခြင်း။
အခါအားလျော်စွာ Member Card ပြည့်ပြီးသား customer များကိုလည်း ကျေးဇူးတုံ့ပြန်သောအနေဖြင့်လက်ဆောင်များပေးအပ်ခြင်း။
နယ်ဝေးမြို့ များကိုလည်း ငွေလွှဲ၀င်သည်နှင့်အဝေးပြေးကားဂိတ်သို့ ခေါက်တိုခကျခံပေးပြီးတင်ပို့ပေးခြင်း ပစ္စည်များပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်အောင်အထူးဂရုစိုက်တင်ပို့ပေးခြင်းဖြင့်ဝယ်ယူသူစိတ်တိုင်းကျအောင် ဝန်ဆောင်မှုအပြည့်ပေးအပ်ထားပါသည်။
မှတ်ပုံတင်ပြီးသားဆေးဝါးများကိုသက်ဆိုင်ရာဆေးကုမ္ပဏီကြီးများမှသာတင်သွင်းရောင်းချခြင်းဖြစ်ပြီး ဆေးဗူးပုံစံများမပျက်စီးအောင် အအေးခန်းဂိုထောင်ထဲတွင်ထားရှိတဲ့အတွက် ပစ္စည်းကောင်းများအဖြစ် customer များထံသို့ ဖြန့်ဖြူးရောင်းချပေးပါသည်။
ယခုအချိန်အတွင်း ရန်ကုန်တိုင်းတွင်းသာမက အခြားနယ်မြို့အသီးသီးမှ customer များ ပိုမိုဝယ်ယူအားပေးမှုအတွက်လည်းကျေနပ်အားရမိပါသည်။
ရှေ့လာမည့် နှစ်များတွင်လည်း ယခုထက်သာလွန်သော ဝန်ဆောင်မှုများစွာဖြင့် promotion အထူးအစီအစဥ်များကို customer များထံသို့ ကျေးဇူးတုံ့ပြန်နိုင်ရန် အထူးကြိုးစားလျက်ရှိပါတယ်။
စျေးနှုန်းမှန်ကန်မှု မြန်ဆန်သေ ာဝန်ဆောင်မှုတို့ဖြင့် ဟန်ချက်ညီညီ တက်လှမ်းခဲ့သော Yangon Pharmacy Wholesale သည်ယခု 2021 ခုနှစ်တွင် customer များ၏ ယုံကြည်အားပေးမှုများစွာဖြင့် အောင်မြင်စွာ ရပ်တည်နေနိုင်ပြီ ဖြစ်ပါကြောင်းနှင့် ထိုကဲ့သို့ အောင်မြင်မှုများ အတွက်လည်း Yangon Pharmacy Wholesale၏ အကျိုးအမြတ်များ၏ရာခိုင်နှုန်းအချို့ကို မိဘမဲ့ကလေးများနှင့်လူမှုရေးအသင်းအဖွဲ့များ၊လူထုအကျိုးပြုလုပ်ငန်းများသို့ သဒ္ဓါတအားထက်သန်စွာဖြင့် လှူဒါန်းလျက်ရှိပါကြောင်း အသိပေးအပ်ပါသည်။