TeleMedics Online Healthcare

TeleMedics Online Healthcare မြန်မာပြည်​၏ပထမဆုံးသော Online Healthcare ဖြစ်ပါသည်။ Teleconsultation for both Myanmar and oversea.

28/05/2025

မင်္ဂလာပါခင်ဗျ။
ဒီ Page လေးနဲ့ အဆက်အသွယ်ပြတ်နေတာ အတော်ကြာရောပေါ့။ COVID ကာလတစ်လျှောက် မြန်မာပြည်တွင်းနဲ့ ပြည်ပရောက်မြန်မာတွေအတွက် Teleconsultation တွေကို အထူးကုများစွာနဲ့ တက်ညီလက်ညီ ဆေးကုပေးရာကနေ COVID လည်းပြီးရော Teleconsultation ရပ်လိုက်တာကနေ ဒီ Page လေးကိုပစ်ထားလိုက်တာ အတော့်ကိုကြာသွားပါတယ်။ ယနေ့ထက်တိုင် Page Messenger ကနေ Teleconsultation ပြဖို့လာမေးကြတဲ့ လူနာအပေါင်းကိုလည်း message တွေ reply မပြန်နိုင်ခဲ့တာကိုလည်း အထူးအားနာရပါတယ်။

ဆေးခန်းပြသတဲ့အရာဟာ မိမိကိုယ်တိုင် ဆရာဝန်ဆီကိုယ်တိုင်ကိုယ်ကျသွားရောက်ပြသပြီး ဆရာဝန်မှလိုအပ်တာစမ်းသပ်စစ်ဆေးခွင့်ရမှ ထိရောက်တဲ့ကုသမှုမျိုးပေးနိုင်မှာပါ။ COVID ကာလမှာတော့ အခြေအနေအကြောင်းကြောင်းကြောင့် Teleconsultation တွေလုပ်ပေမယ့် အခုတော့ ဆေးခန်းဆီလူကိုယ်တိုင်ဘဲသွားရောက်ပြသကြပါလို့တိုက်တွန်းလိုပါတယ်။

အခုတော့ ကျွန်တော်ကိုယ်တိုင်လည်း ကိုယ်ပိုင် အားချိန်လေးတွေ နည်းနည်းပိုထွက်လာလို့ အရင်လိုဒီ Page မှာစာလေးတွေ ဆေးပညာဆောင်းပါးလေးတွေပြန်ရေးဖို့ တွေးမိတယ်။ Short Video အတိုလေးတွေလည်း ပြန်လုပ်မလားတွေးမိပါတယ်။ အားပေးသူ စာဖတ်ပရိတ်သတ်များရင်တော့ ဆောင်းပါးအတိုလေးတွေ အရင်ကြိုးစားပြီးပြန်ရေးပါ့မယ်။ Comment မှာ တစ်ခုခုတော့ မန့်ခဲ့ပေးပါလို့တောင်းဆိုပါရစေ။ စာဖတ်ပရိသတ်အတိုင်းအတာတစ်ခုထိများရင် အရင်လို တစ်ပတ် ၁ပုဒ် သို့ ၂ပုဒ်လောက် ရအောင်ရေးပါမယ်ခင်ဗျ။

ကျွန်တော့်ရဲ့ အရင်ဆောင်းပါးလေးတွေပြန်ဖတ်ချင်ရင် Link လေး Comment မှာချပေးထားပါတယ်။

အားလုံးဘဲ ကျန်းမာပျော်ရွှင် ကြပါစေ 🙏
(ဒေါက်တာ ညီညီထက်)

14/08/2023

ဆေးဝါးကုသပေးတဲ့ အလုပ်ဆိုတာ အင်မ တန် မှမြင့်မြတ်တဲ့အလုပ်...ဒီအလုပ်ကို ထပ်ပိုးပေးရ မှာ တော့ ကိုယ့်ရဲ့စိတ်နေ သဘော ထားလေးပဲ.....
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
မေတ္တာပုဗ္ဗင်္ဂမံ ဝေဇ္ဇသိပ္ပံ။ ဝေဇ္ဇသိပ္ပံ-ဆေးပညာ
အတတ်ဟာ၊မေတ္တာပုဗ္ဗင်္ဂမံ-မေတ္တာနဲ့ဦးဆောင်ပြီး
တော့ ပြုလုပ်ရတဲ့ အလုပ်ကိစ္စဖြစ်တယ်။

ဒါကြောင့်မေတ္တာထားမယ်ဆိုလို့ရှိရင် အင်မတန်မှ တန်ဖိုးရှိတဲ့လုပ်ငန်းကြီးပဲ၊မြင့်မြတ်တဲ့အလုပ်ပဲ။

တချို့အလုပ်က လုပ်တဲ့ကိစ္စ ကိုက မြင့်မြတ်တာ မဟုတ်ဘူး။

အခု ဒီ ဆေးဝါးကုသပေးတဲ့ အလုပ်ဆိုတာ အင်မ တန် မှမြင့်မြတ်တဲ့အလုပ်၊မြင့်မြတ်တဲ့အလုပ်ကို ထပ်ပိုးပေးရမှာတော့ ကိုယ့်ရဲ့ စိတ်နေ သဘော ထားလေးပဲ။

မေတ္တာစိတ်လေး ထပ်ပိုးပေးလိုက်လို့ရှိရင် အလုပ် က မြင့်မြတ်ပြီးသားဖြစ်သည့် အတွက်ကြောင့် အားလုံးဟာ မြင့်မြတ်သွားတယ်။

စိတ်ကလည်း မြင့်မြတ်တယ်၊အလုပ် က လည်း မြင့်မြတ်တယ်ဆိုတော့ နှစ်ထပ်ကွမ်း မြင့်မြတ်
တယ်၊ပြီးပြည့်စုံတယ်။

ကုသိုလ်ဖြစ်တဲ့ လုပ်ငန်းတစ်ခုလို့ ပြောရမယ်။ ဒါ က ဟုတ်မဟုတ် ကိုယ့်ဟာကိုယ်ပဲ ဆင်ခြင် သုံး သပ် လို့ရပါတယ်။

ဆရာဇီဝက ပညာသင်မလို့လုပ်တဲ့အခါမှာ သူစဉ်း စား တဲ့ အထဲမှာပါတယ်။

“ဘယ်ပညာ ငါသင်ရ”လို့ စဉ်းစားတယ်။

ပညာရပ်တွေ အများကြီး သူ စဉ်းစားမိတဲ့ အထဲ မယ်"မကျန်းမမာတဲ့ ပုဂ္ဂိုလ်တွေကို ကျန်းမာ အောင် ကုစားပေးတဲ့ ဆေးသမားတို့ရဲ့ အတတ် ပညာ ဟာ မကျန်းမာတဲ့သူကို ကျန်းမာအောင်
လုပ်ပေးတာ ဖြစ်သောကြောင့် အလုပ်ကိုက
မေတ္တာ-ထားတဲ့အလုပ်ဖြစ်သွားတယ်။"

ဒါကြောင့်မို့လို့ “ဒီအလုပ်လောက် မွန်မြတ်တာ မရှိဘူး”လို့ဆိုပြီး ဆေးပညာအလုပ်ကို ရွေးချယ် တာ လေ။

အဲဒီတော့ ကိုယ်လုပ်နေတဲ့ လုပ်ငန်းဟာအင်မတန် မှ မြင့်မြတ်တဲ့အလုပ်ဖြစ်တယ်ဆိုတာ ရှေးဦးစွာ ခံ ယူထားပြီး မြင့်မြတ်တဲ့အလုပ်ကို မြင့်မြတ်တဲ့စိတ် ဓာတ် နဲ့အကောင်အထည်ဖော်ရမယ်။

“တို့ ဟာ နေ့စဉ် နဲ့ အမျှ ကုသိုလ် ရတဲ့ လုပ်ငန်း ကြီး တစ်ခု လုပ်နေရတယ်”လို့ ဝမ်းသာရတယ်။
တချို့က ပြောကောင်း

ပြောလိမ့်မယ်၊ဒါက business လုပ်ငန်းပဲ။ ပိုက် ဆံ ရလို့ လုပ်တာလို့။

ပိုက်ဆံရလို့ လုပ်တယ်လို့ ဆို ပေမယ့် စိတ်ဓာတ် မြင့်မြတ်ရင် (ကိုယ်မျှော်ကိုး တာက ငွေကြေးဓန မဟုတ်ဘဲနဲ့နော်)တစ်ဖက် သား ရဲ့ရောဂါဝေဒနာ ပျောက်ကင်းရေး ကို အာရုံ စိုက်နေတဲ့အချိန်မှာ ဖြစ်တဲ့ စိတ်ကို ကုသိုလ်စိတ် လို့ ခေါ်တာပဲ။

အဲဒီ ကုသိုလ်စိတ်ကို ကိုယ်အရယူဖို့လိုတယ်။

အေး၊ရောက်လာတဲ့ လူနာအပေါ်မှာ “ဒီလူနာ ဆီ က ပိုက်ဆံများများရအောင် လုပ်လိုက်မယ်”ဆိုရင်
တော့ ဒါ ကုသိုလ်စိတ်မဟုတ်ဘူးပေါ့နော်။

ရောက်လာတဲ့ လူနာဟာ ရှိတဲ့ရောဂါ အမှန်အကန် သိရအောင်စစ်ဆေးပြီး“ဒီဆေးနဲ့ ကုရင် ရောဂါ ပျောက်တယ်၊အမှန်အတိုင်း ကုသပေးတယ်။ သူ့ ကို ကူညီပေးတယ်၊ရောဂါပျောက်ကင်း ကြပါစေ၊ ချမ်းသာပါစေ”လို့ စိတ်ထားတယ်။

ဒါ မေတ္တာပဲ။မေတ္တာဟာ ဘယ်သူ့သန္တာန်မှာပဲဖြစ် ဖြစ် ကုသလာ အနဝဇ္ဇသုခဝိပါက လက္ခဏာ အပြစ် ကင်းတယ်တဲ့။

အပြစ်မရှိတဲ့ အရာတစ်ခု၊အပြစ်မရှိဘူး ဆိုတာ ဘယ်သူက အပြစ်တင်စရာမှမရှိတာ။

မကောင်းတာ ကောင်းအောင်လုပ်ပေးတယ်ဆိုတာ
အပြစ်ပြောစရာမရှိဘူး။ဒါက အပြစ်မဟုတ်ဘူး။

အပြစ်က ဒီ့ပြင်ဟာ။ ဆိုပါစို့၊ရောဂါပျောက်အောင် လုပ်ပေးတာက အပြစ်မဟုတ်ဘူး၊ ဒီပြင် ကိစ္စလုပ် ရင်တော့အပြစ်ပေါ့။

ဥပမာမယ် “ရောဂါမရှိဘဲနဲ့ ရှိတယ်”လို့ပြောပြီး
ငွေကြေးများများရအောင်လုပ်ရင်တော့ ဒါ အပြစ် ပဲ။

ရှိတာကို ရှိတဲ့အတိုင်းပြောပြပြီး “ဒါက ဒီရောဂါ ဒီလို ကုရမယ်၊ ငွေကြေး ဒီလောက်ကုန် ကျ လိမ့် မယ်” ဒီဟာက အပြစ်မဟုတ်ဘူးလေ။

ဒါက မှန်ကန်တဲ့အလုပ်ပဲ။ဒီလိုပဲပြောတာ။

အဲဒါကြောင့် ရောဂါပျောက်စေချင်တဲ့ စိတ်က
မေတ္တာ စိတ်ဓာတ်ပဲပေါ့။

အေး၊ဆေးသမားတို့ အတတ်ဟာ မေတ္တာ အခြေခံ ပြီး တော့ လုပ်ရတာ ဖြစ်သောကြောင့် အဲဒီ မေတ္တာ အခြေခံတဲ့စိတ်ဓာတ်နဲ့ လုပ်ကြမယ် ဆိုလို့
ရှိရင် အင်မတန်မှကုသိုလ်ရပါတယ်။

ကုသိုလ်ရအောင် စိတ်ထဲမှာ နှလုံးသွင်းဖို့ပဲ အရေး ကြီး ပါတယ်။

မြတ်စွာဘုရားကလည်း Intention ကိုပဲ အဓိက
ထားတာပါ။

ကိုယ့်ရဲ့ စိတ်နေသဘောထား သန့်ရှင်းတယ်၊မသန့် ရှင်း ဘူးဆိုတာ ကိုယ်အသိဆုံးပဲနော်။

Intention က ဘာလဲ?ရောဂါပျောက်ဖို့ပဲ။

ရောဂါရှင်က ဆေးဝါးခ၊ကုသခ တွေပေးတာက ဒါ သူတို့အပိုင်းနော်။

သူတို့အပိုင်း၊ ကိုယ်က ရောဂါပျောက်အောင်
စေတနာနဲ့ကုပေးတာ ဒါက မေတ္တာလုပ်ငန်းတစ်ခု။

အဲဒီတော့“နေ့စဉ်နဲ့အမျှ ကုသိုလ်ရနေတဲ့ အလုပ် ကြီး ကို တို့လုပ်ရတယ်”လို့ စိတ်ထဲမှာ ဒီလို အောက် မေ့ ကြရမှာပဲ။

အင်မတန်ကောင်းတယ်လို့ ပြောရမယ် မည်သည့် ကိစ္စ မှာပဲ ဖြစ်ဖြစ် ဆက်ဆံသမျှဟာ မေတ္တာနဲ့ ဆက် ဆံပါ။

မေတ္တာတရား နဲ့ ဆက်ဆံခြင်းဟာ လူမျိုးမရွေး ဘာသာမရွေးအတွက် အဆင်ပြေတယ်။

ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် မေတ္တာနဲ့ဆက်ဆံနေရင် ကိုယ့် ရဲ့ရင်ထဲ နှလုံးသားထဲမှာ အပြစ်ကင်းတယ်။

အပြစ်ကင်းတယ်ဆိုတဲ့ သဘောတရားက ကိုယ့်ရဲ့ ရင်ထဲ နှလုံးထဲမှာ အကုသိုလ် မဖြစ်တာ ဒီလို ဆိုလိုတယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

#ပါချုပ်ဆရာတော် #တရားမှတ်စု

🚨မိဘပြည်သူများခင်ဗျာ။⚠️ယခုအခါ မြန်မာပြည်အနှံ့ COVID-19 ရောဂါပြန်လည်ဖြစ်ပွားနေပါသဖြင့် ဂရုစိုက်သတိမူပြီး သွားလာလှုပ်ရှားက...
04/05/2023

🚨မိဘပြည်သူများခင်ဗျာ။

⚠️ယခုအခါ မြန်မာပြည်အနှံ့ COVID-19 ရောဂါပြန်လည်ဖြစ်ပွားနေပါသဖြင့် ဂရုစိုက်သတိမူပြီး သွားလာလှုပ်ရှားကြပါရန် တိုက်တွန်းလိုပါတယ်။
⚠️နေ့အပူချိန် အလွန်အမင်းပူပြင်းပြီး အပူရှပ်ဖျားနာသူများလည်းရှိသဖြင့် ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းများဖြစ်ပေါ်ပါက COVID-19 Rapid Antigen Test kit လေးဖြင့် ကိုဗစ်ရောဂါပိုးရှိမရှိ မိမိနေအိမ်မှ အမြန်စစ်ဆေးခြင်းဖြင့် ထိရောက်စွာ ကာကွယ်မှု၊ ကုသမှုခံယူကြပါ။
⚠️ရေများများသောက်ခြင်း၊ အာဟာရရှိအောင်စားခြင်း၊ မိမိနေအိမ်တွင်သာအနားယူခြင်းတို့ပြုလုပ်ပေးပါ။
⚠️လိုအပ်ပါက COVID-19 အတွက် ဆေးဝါးများသောက်သုံးရန်/ ဆေးထိုးရန်လိုအပ်ပါသဖြင့် နီးစပ်ရာ ဆေးရုံ၊ဆေးခန်းတွင်ဘဆရာဝန်နှင့်ပြသပါ။
⚠️အသက် ၆၅နှစ်အထက်လူကြီးများ၊ အသက် ၅နှစ်အောက်ကလေးသူငယ်များ၊ နာတာရှည် သွေးတိုး၊ ဆီးချိုသွေးချို၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ သွေးခဲသွေးပြစ်ရောဂါရှိသူများ၊ လေဖြတ်ထားသူများအနေဖြင့် မပေါ့ဆဘဲ ရောဂါပိုးရှိတာနဲ့ ဆရာဝန်နှင့်ပြသပြီးကုသမှုခံယူပါ။
#အပြင်သွားလျှင်Maskတပ်ပါ
#လက်ဆေးပါ
⚠️ကျွန်တော်တို့ TeleMedics Online Healthcare မှလည်း ယခင်အတိုင်း နေ့စဉ်၂၄နာရီ မပြတ်ဆရာဝန်များနှင့် ပြသဆွေးနွေးတိုင်ပင်လို့ရပါတယ်။
⚠️ဆရာဝန်ပြသရန် Page Messenger သို့ Booking လာရောက်ပြုလုပ်၍ရပါပြီ။


Medical knowledge 📖
05/04/2023

Medical knowledge 📖

ကျွန်တော်တို့ Page ရဲ့ Founder ဒေါက်တာညီညီထက် ဆွေးနွေးပေးထားတဲ့ ဗီဒီယိုဖိုင်များနဲ့ ကျန်းမာရေးဆိုင်ရာဆောင်းပါး Link များပြန်တင်ပေးလိုက်ပါတယ်။

အစာအိမ်ရောဂါအကြောင်း Video

https://www.facebook.com/TeleMedicsHealthcare/videos/3736214853086788/

ခေါင်းကိုက်ရောဂါအကြောင်း Video

https://www.facebook.com/TeleMedicsHealthcare/videos/234935140899882/

အိပ်မပျော်ခြင်း Video

https://www.facebook.com/100558161621476/posts/148635053480453/?vh=e&d=n

အစာအိမ်ရောဂါနှင့်ပတ်သက်ပြီး လွဲမှားသော အယူအဆများ

https://www.facebook.com/100558161621476/posts/134710511539574/

စိတ်ကျရောဂါအကြောင်း

https://m.facebook.com/story.php?story_fbid=123445762666049&id=100558161621476

အိပ်မပျော်ခြင်း ( Insomnia)

https://www.facebook.com/100558161621476/posts/148635053480453/

ကိုဗစ်နောက်ဆက်တွဲဆိုင်ရာ သိကောင်းစရာများ ၁

https://www.facebook.com/100558161621476/posts/363089752034981/

ကိုဗစ်နောက်ဆက်တွဲဆိုင်ရာ သိကောင်စရာများ ၂

https://www.facebook.com/100558161621476/posts/365637885113501/

------------------------------------------------------------------------------------------------------

ဒေါက်တာအေးငြိမ်းစံ ၏ ကျန်းမာရေး ဆောင်းပါးများ

ကိုယ်၀န်ဆောင် ကျန်းမာရေးစောင့်ရှောက် မှုသိကောင်းစရာ

https://www.facebook.com/100558161621476/posts/138367684507190/

ရာသီလာစဉ်ကိုက်ခဲခြင်း

https://www.facebook.com/100558161621476/posts/138688111141814/

အရိုးပွခြင်းအကြောင်း သိကောင်းစရာ

https://www.facebook.com/100558161621476/posts/139425224401436/

မွေးကင်းစအရွယ် နို့စို့ပြီး နို့ပြန်အန်ခြင်း

https://www.facebook.com/100558161621476/posts/139855851025040/

ဂေါက်ရောဂါ

https://www.facebook.com/100558161621476/posts/140176264326332/

နားယောင်ခြင်းအကြောင်း သိကောင်းစရာ အပိုင်း ( ၁ )

https://www.facebook.com/100558161621476/posts/140603857616906/

နားယောင်ခြင်းအကြောင်း သိကောင်းစရာ အပိုင်း ( ၂ )

https://www.facebook.com/100558161621476/posts/141678807509411/?d=n

သိုင်းရွိုက်ရောဂါ အပိုင်း ( ၁ )

https://www.facebook.com/100558161621476/posts/142425690768056/?d=n

သိုင်းရွိုက်ရောဂါ အပိုင်း ( ၂ )

https://www.facebook.com/100558161621476/posts/143521697325122/?d=n

ရင်သားကင်ဆာနှင့် ရင်သားဆိုင်ရာရောဂါများအကြောင်းသိကောင်းစရာ

https://www.facebook.com/100558161621476/posts/147095860301039/?d=n

အဖျားကြီးပြီး ကလေးတက်ခြင်း

https://www.facebook.com/100558161621476/posts/151245409886084/

ဆီးလမ်းကြောင်း ပိုး၀င်ခြင်း

https://www.facebook.com/100558161621476/posts/154655946211697/

သွေးလွန်တုပ်ကွေးအကြောင်း သိကောင်းစရာ

https://www.facebook.com/100558161621476/posts/157926332551325/

ကိုယ်၀န်ဆောင်မိခင် နှင့် ဆီး‌ချိုရောဂါ

https://www.facebook.com/100558161621476/posts/159838105693481/

ဆီးကျောက်တည်ခြင်း

https://www.facebook.com/100558161621476/posts/165349721808986/?d=n

သွေးတွင်းသကြားဓာတ်လျော့နည်းခြင်း

https://www.facebook.com/100558161621476/posts/170906607919964/?d=n

အိပ်နေစဉ်အသက်ရှူခနရပ်ခြင်း

https://www.facebook.com/100558161621476/posts/178768750467083/?d=n

မိန်းမကိုယ်မှ အဖြူရည်ဆင်းခြင်း

https://www.facebook.com/100558161621476/posts/190867519257206/

သားဆက်ခြားခြင်းနည်းလမ်းအဖြာဖြာ

https://www.facebook.com/100558161621476/posts/391169079227048/?d=n

01/03/2023

🚨ဆရာဝန် ဆေးခန်းပြသခအတွက် အရင် Kpay/ Wavepay account များမသုံးတော့ပါ။ အသစ်ပြောင်းလဲထားပါတယ်ခင်ဗျာ။ ငွေကြိုတင်မလွှဲဘဲ ပြောင်းလံထားသော Kpay account အသစ်အား Page admin မှတောင်းပြီးမှ ငွေလွှဲပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆရာမ နဲ့ ဘိုကင်ယူပြီး ပြမယ်ဆို Page messenger ကိုဆက်သွယ်လို့ရပါပြီ
06/01/2023

ဆရာမ နဲ့ ဘိုကင်ယူပြီး ပြမယ်ဆို Page messenger ကိုဆက်သွယ်လို့ရပါပြီ

"အလှပဆုံးသော အရေပြားပိုင်ရှင်လေး ဖြစ်လိုပါသလား"

👩‍⚕️ ကျွန်တော်တို့ TeleMedics Online Healthcare Page မှတစ်ဆင့် အရေပြားရောဂါအထူးကုဆရာဝန် နှင့် Online မှတစ်ဆင့် တိုက်ရိုက် Video call ဖြင့်ပြသလို့ရပါပြီခင်ဗျာ။
📌 အရေပြားအထူးကုဆရာဝန်ပြသရန် Page Message Box သို့ဆက်သွယ်စုံစမ်းမေးမြန်းပြီး အွန်လိုင်းဘိုကင် (online booking) တင်လို့ရပါပြီခင်ဗျာ။

မင်္ဂလာပါခင်ဗျာ။ယနေ့ (၅.၁.၂၀၂၃) ရက်နေ့အတွက်📌လူနာများနှင့် တိုက်ရိုက် Video call ဖြင့် ကုသဆွေးနွေးပေးမည့် ဆရာဝန်အချိန်စာရ...
05/01/2023

မင်္ဂလာပါခင်ဗျာ။

ယနေ့ (၅.၁.၂၀၂၃) ရက်နေ့အတွက်

📌လူနာများနှင့် တိုက်ရိုက် Video call ဖြင့် ကုသဆွေးနွေးပေးမည့် ဆရာဝန်အချိန်စာရင်းဖြစ်ပါသည်။

🏠 🚑 Home Care Service ဖြင့်လည်း ဆရာဝန်ကိုယ်တိုင်အိမ်တိုင်ရာရောက် ဆွေးနွေးကုသပေးနေပါသည်။

✴️ အိမ်တိုင်ရာရောက် သွေးစစ်/သွေးဖောက်ခြင်း၊ နှလုံး ECG ဆွဲခြင်း၊ ရင်ဘတ်ဓာတ်မှန် (Chest Xray)၊ ဝမ်းဗိုက် Ultrasound scan ရိုက်ခြင်း အစရှိသည့် အိမ်တိုင်ရာရောက်ဝန်ဆောင်မှုများလည်းရရှိနေပါပြီ။

ပြသဆွေးနွေးလိုသည့် လူနာများအနေဖြင့် Page Message Box 📧 ကနေသော်လည်းကောင်း၊ ☎️ 09780999117 ကို တိုက်ရိုက်ဖုန်းဆက်သွယ်၍ သော်လည်းကောင်း၊ Page Admin မှတစ်ဆင့် 💵ဆွေးနွေးခကျသင့်ငွေပေးချေ၍ Online Booking တင်လို့ရပါပြီခင်ဗျာ။

နေ့တစ်နေ့စာအတွက် ဒေါက်တာတို့နဲ့ပြသဆွေးနွေးလို့ရမယ့် အချိန်တွေစဉ်ဆက်မပြတ်သိစေဖို့နှင့် Page မှာတင်သမျှ ဆေးပညာဆိုင်ရာ Video များလေ့လာနိုင်ဖို့ Page ကို Like and See First လုပ်ထားကြဖို့မမေ့နဲ့နော်။

နေ့စဉ် ပိတ်ရက်မရှိ ဒေါက်တာစိုးသီဟမောင် နှင့်ပြသရန် booking တင်လို့ရပါသည်။
21/12/2022

နေ့စဉ် ပိတ်ရက်မရှိ ဒေါက်တာစိုးသီဟမောင် နှင့်ပြသရန် booking တင်လို့ရပါသည်။

အရေးကြီးလို့ အထပ်ထပ် သတိပေးချင်ပါတယ် …

မြန်မာနိုင်ငံမှာ ဘီပိုးကူးစက်ခံထားရသူတွေရဲ့ ၈၀% လောက်သည် ဘီပိုးရှိသူမိခင်ကနေတဆင့် ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။
ကူးစက်ချိန်ကလည်း “ကလေးမီးဖွားနေချိန်” မှာ ကူးစက်တာ ဖြစ်ပါတယ်။
အဲ့လို မွေးတဲ့အချိန်မှာ ဘီပိုးကူးစက်ခံရပါက ကလေးသည် “နာတာရှည် ပိုးသယ်ဆောင်သူ” ဖြစ်ဖို့ ၉၀% လောက် သေချာပါတယ်။
သူ့ဘာသာသူမပျောက်နိုင်တော့ဖို့ များပါတယ်။
🔔🔔🔔 ဒါကြောင့် အရေးအကြီးဆုံးအချက်က မိခင်ကနေ ကလေးဆီကို ဘီပိုး ကူးစက်မသွားဖို့ ဖြစ်ပါတယ်။
မိခင်ကနေကလေးဆီ ဘီပိုးမကူးစက်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။
၁၀၀% မကူးစက်အောင် ကာကွယ်နိုင်ပါတယ်။
ဒါမှသာ အဆိုးသံသရာလည်ခြင်းမှ သက်သာပြီး မိမိရဲ့ နောင်မျိုးဆက်အတွက် ကျန်းမာပြီး ဘီပိုးကင်းသော အမွေ ကောင်းကောင်းကို ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို ကျွန်တော် ခဏ ခဏ ပြောဖူးပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော့ လူနာတယောက်က ဘီပိုးဆေး သောက်နေရင်း နဲ့ ကိုယ်ဝန်ရသွားခဲ့လို့ သားဖွား၊ မီးယပ် အထူးကုဆရာဝန် တဦး နဲ့ သွားပြချိန်မှာ ဘီပိုးဆေးသည် ကိုယ်ဝန်အပေါ်မှာ သက်ရောက်မှုရှိတယ်ဆိုတဲ့ အယူအဆကို ပြောလာလို့ အခုလို အသေးစိတ် ထပ်ရှင်းပြရတာဖြစ်ပါတယ်။

ဒါကြောင့် သေသေချာချာ မှာချင်တာကတော့

၁။ မည်သူမဆို ဘီပိုးရှိ/မရှိ စစ်ဆေးကြပါ။ မရှိရင် ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးထားကြပါ။

၂။ အိမ်ထောင်သည်တွေအနေနဲ့လည်း ဘီပိုး ရှိ/မရှိ စစ်ဆေးကြပါ။ အထူးသဖြင့် မိခင်လောင်းတွေ အနေနဲ့ ကိုယ်ဝန်မဆောင်ခင်ကပင် ဘီပိုး ရှိ/မရှိ စစ်ဆေး သင့်ပါတယ်။

၃။ ဘီပိုးရှိပါက သက်ဆိုင်ရာ ဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးပါ။ ဘီပိုးဆိုတာ အရင်တုန်းကလို ရှိသော်လည်း ဒီအတိုင်းထားလို့မရတော့ပါဘူး။ စနစ်တကျ ကုသမှုခံယူရပါမယ်။ ဘီပိုးကြောင့်တော့ ကလေးရခြင်း/မရခြင်းက သက်ဆိုင်မှုမရှိပါဘူး။

၄။ အရင်ကမစစ်ဆေးဖူးပါက ကိုယ်ဝန်ဆောင်မိခင်တိုင်းသည် ကိုယ်ဝန်ရှိသည်ကို သိရှိသည်နှင့် အသည်းရောင် အသားဝါဘီပိုးရှိ/မရှိ စစ်ဆေးသင့်ပါတယ်။ မရှိပါက ဘီပိုးကာကွယ်ဆေးကို အကြိမ်ပြည့်အောင် ထိုးရပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဘီပိုးကာကွယ်ဆေးထိုးလို့ရပါတယ်။ ကလေးအတွက်ရော၊ ကိုယ်ဝန်အတွက်ပါ ထိခိုက်မှုမရှိပါ။

၅။ အကယ်၍ အရင်က မစစ်ဆေးဖူးဘဲ ကိုယ်ဝန်ဆောင်ချိန်မှ ဘီပိုးရှိမှန်း သိပါက ချက်ခင်း သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်မှာ ဘီပိုးရှိပါက သွေးထဲရှိ ဘီပိုး ပွါးနေခြင်းရှိ/မရှိ နှင့် အသည်းရောင်အသည်းဝါဘီပိုး အကောင်အရေအတွက် တို့အပြင် အသည်းအခြေအနေတွေကို စစ်ဆေးရန် သက်ဆိုင်ရာ ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။

အရင်ကပင် ဘီပိုးဆေးသောက်နေရသူ ကိုယ်ဝန်ဆောင် မိခင်တွေ အနေနဲ့ ကုသမှုခံယူနေရင်း ကိုယ်ဝန်ရသွားသော်လည်း စိတ်မပူပါနဲ့။ ဘီပိုးကို ကုသပေးနေတဲ့ သက်ဆိုင်ရာ ဆရာဝန် နဲ့ ချက်ချင်းပြန်ပြပါ။ လိုအပ်တဲ့ ညွှန်ကြားမှုတွေ အပြင် ဆေး ဆက်သောက်ဖို့ လို/မလို တွေကို ပြောပါလိမ့်မယ်။

(ပုံမှန်အားဖြင့် ဘီပိုးသေဆေးအများစုကို ဆေးမရပ်ဘဲ ဆက်သောက်ဖို့ ပြောပါလိမ့်မယ်။ အချို့သော ဘီပိုးသေဆေးကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ရပ်ပြီး ကိုယ်ဝန်ကို မထိခိုက်စေတဲ့ဆေးမျိုးကို ပြောင်းပေးရတာ ရှိပါတယ်။ အသေးစိတ်ကို မိမိရဲ့ သက်ဆိုင်ရာ ဆရာဝန် နဲ့ တိုင်ပင်ပါ။)

ကိုယ်ဝန်ရပြီးမှ ဘီပိုးရှိမှန်း သိတဲ့ မိခင်များအတွက်ကတော့ …
၁။ ကိုယ်ဝန် ၇ လ (၂၈ ပတ်) မှစ၍ မိခင်သည် သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် “ဘီပိုးသေဆေး” သောက်ရပါမယ်။ ဘီပိုးသေဆေးကြောင့်ကလေးကို ထိခိုက်မှု လုံးဝ (လုံးဝ) မရှိပါ။ မိခင်ရော ကလေးအတွက်ပါ စိတ်ချရတဲ့ ဘီပိုးသေဆေးတွေ ရှိပါတယ်။

၂။မွေးဖွားပြီး (၃) လအထိ “ဘီပိုးသေဆေး” ကို သောက်ရပါမယ်။ ဆက်ပြီး သောက်သင့်/မသောက်သင့်ကို သက်ဆိုင်ရာ ဆရာဝန်က ပြန်လည် ညွှန်ကြားပါလိမ့်မယ်။

၃။ ကလေးမွေးမွေးပြီးချင်း (၁၂) နာရီအတွင်း
- ဘီပိုးကာကွယ်ဆေး (HBV vaccine) နှင့်
- အဆင်သင့်ထုတ်ထားသော “ဘီပိုးကိုယ်ခံအား”ဆေး (Hepatitis B Immunoglobulin) တို့ကို ပေါင် တဖက်စီတွင်ထိုးရပါမယ်။

အထက်ပါအချက်အားလုံး လိုက်နာပါက မိခင်မှ တစ်ဆင့် ကလေးထံသို့ အသည်းရောင်အသားဝါ ဘီပိုးကူးစက်မှုကို ၁၀၀% ကာကွယ်ပေးနိုင်မည် ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန်မှာ ဆေးမသောက်ဘဲ ကလေးမွေးပြီး “ဘီပိုးကိုယ်ခံအား” ဆေး ​နဲ့ ဘီပိုးကာကွယ်ဆေးတို့ကို ထိုးမယ်ဆိုရင်ရော ကူးစက်နိုင်သေးလား? လို့ မေးတဲ့သူတွေ ရှိပါတယ်။
သိထားသင့်တာက ကလေးမွေးဖွားချိန်တွင် မိခင်သွေးထဲတွင် အသည်းရောင် အသားဝါဘီပိုး အကောင်အရေအတွက် (HBV DNA - Quantitative Viral Load) နည်းနိုင်သမျှ အနည်းဆုံးဖြစ်နေသင့်တာပါ။
ဒါကလည်း လူနာ တဦး နဲ့ တဦး ပိုးရဲ့ သဘာဝတွေ မတူနိုင်ပါဘူး။
ဒါကြောင့် မိခင်ကနေ ကလေးဆီကို မကူးဖို့ ၁၀၀% သေချာချင်ရင် အပေါ်ကပေါ်ခဲ့တဲ့ အချက် (၃) ချက်လုံး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
ဆိုလိုတာက … ကိုယ်ဝန်ဆောင်နေချိန်မှာ ဘီပိုးသေဆေးမသောက်ဘဲ ကလေးမွေးပြီး “ဘီပိုးကိုယ်ခံအား” ဆေး ​နဲ့ ဘီပိုးကာကွယ်ဆေးတို့ကို ထိုးမယ်ဆိုရင် လုံးဝ မကူးစက်ဘူးလို့ အာမ မခံနိုင်ကြောင်းပါ …

နောက်ထပ်မေးစရာရှိတာက ဘယ်လိုမွေးရမလဲ?

ပုံမှန်မိခင်များကဲ့သို့ပင် မွေးဖွားနိုင်ပါတယ်။ မိခင်မှတဆင့် ကလေးထံသို့ ဘီပိုး မကူးစက်စေလိုသော ရည်ရွယ်ချက်ဖြင့် "ခွဲမွေး" ရန်မလိုအပ်ပါ။ "ခွဲမွေး"ရန် မဖြစ်မနေလိုအပ်သော အခြေအနေမှလွဲပြီး "ရိုးရိုးမွေး" ရန်သာ တိုက်တွန်းပါတယ်။ ကလေးကို ခွဲမွေးလိုက်ခြင်းဖြင့် ဘီပိုးကူးစက်နိုင်ချေကို လျော့နည်းမသွားစေနိုင်ပါ။ အပေါ်မှာပြောခဲ့တဲ့ မိခင်မှ ကလေးကို ဘီပိုးမကူးစက်စေရေး လုပ်သင့်သည်များကိုသာ လိုက်နာဆောင်ရွက်သင့်ပါတယ်။

ကဲ နောက်ဆုံးကတော့ … အသည်းရောင်အသားဝါ ဘီပိုးရှိသော မိခင်အနေဖြင့် ကလေးကို မိခင်နို့တိုက်သင့်ပါသလားတဲ့ …

မိခင်နို့တိုက်ရန် အပြည့်အဝတိုက်တွန်းပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး နှင့် ယူနီဆက် တို့ကလည်း ကလေး ၆ လ အရွယ်အထိ မိခင်နို့တစ်မျိုးတည်းကို တိုက်သင့်ကြောင်း တိုက်တွန်းပါတယ်။ မိခင်၏နို့သီးခေါင်းတွင် သွေးထွက်နေခြင်း၊ ကွဲနေခြင်းတို့ ဖြစ်မနေရန်ကိုတော့ သတိပြုရပါမယ်။

- မိခင်က ဘီပိုးသေဆေးသောက်ထားခြင်း၊
- ကလေးမွေးပြီး ၁၂ နာရီအတွင်း “ဘီပိုးကိုယ်ခံအား” ဆေး ​နဲ့ ဘီပိုးကာကွယ်ဆေးတို့ကို ထိုးခြင်းတို့ ပြုလုပ်ပါက ကူးစက်နိုင်မှုကို ၉၉-၁၀၀ ရာခိုင်နှုန်း ကာကွယ်နိုင်ပြီဖြစ်လို့ မိခင်နို့တိုက်ခြင်းဖြင့် မကူးစက်နိုင်ပါ။
ဒါ့အပြင် မြန်မာနိုင်ငံမှာဆိုရင် ဘီပိုးကာကွယ်ဆေးကို ကလေး အသက် (၂) လ၊ (၄) လ နဲ့ (၆) လတို့အပြင် အသက် ၁နှစ်ခွဲမှာရော စသဖြင့် အကြိမ်ပြည့် ထိုးပေးဖို့လိုအပ်ပါတယ်။

“အသည်းရောင် အသားဝါ ရောဂါကင်းစင်သော အနာဂတ်ဆီသို့ … မိခင်များကိုယ်တိုင် ပူးပေါင်းပါဝင်ပေးကြစို့”

ဒါကြောင့် ဘီပိုးရှိသူ ကိုယ်ဝန်ဆောင် မိခင်လောင်းတွေ အနေနဲ့ အခုလို သေချာသိထားဖို့ရာ မျှဝေပေးလိုက်ရပါတယ်။

*** ဖတ်ရှုပြီးလို့ အသိတစ်စုံတစ်ရာ ရခဲ့ရင် တခြားမိမိ သူငယ်ချင်း/ မိတ်ဆွေ များလည်း သိရအောင် Share လုပ်ပေးနိုင်ပါတယ်။

ကျွန်တော် ဒေါက်တာစိုးသီဟမောင်က ကျန်းမာရေးဆိုင်ရာ ဗဟုသုတများကို ဖြန့်ဝေပေးနေခြင်း ဖြစ်ပါတယ်။


21/12/2022

🚨 ဆေးခန်းပြသခအတွက် ငွေလွှဲအကောင့်နံပါတ်များ ပြောင်းလဲခြင်း 🚨

2020 April လမှစ၍ ယနေ့ထိတိုင် ကျွန်တော်တို့ TeleMedics Online Healthcare တွင် ကျန်းမာရေးအတွက်လာရောက်ပြသကြသော မိဘပြည်သူ ရဟန်းရှင်လူ အပေါင်းအားကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ အချို့လူနာဟောင်းများမှာ ဆရာဝန်ပြသအခကြေးငွေအား Kpay/ Wave account များမှ ကြိုတင်ပေးချေပြီးမှ ဆရာဝန်ဘိုကင် လာတောင်းကြသူများရှိပါတယ်။ ထိုကဲ့သို့ ကျွန်တော်တို့အပေါ် ယုံကြည်မှုများကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်မိပါတယ်ခင်ဗျာ။

ယနေ့မှစ၍ ကျွန်တော်တို့ ငွေချေစနစ်အသုံးပြုနေသော Kpay/ wave account များ နံပါတ်ပြောင်းလဲထားပါတယ်။ လူနာရှင်များအနေနှင့် ယခင်နံပါတ်အား ငွေကြိုမလွှဲမိစေရန်သတိပြုပေးပါခင်ဗျာ။ ဆရာဝန် appointment ယူသည့်အခါတွင်မှ page messenger မှတစ်ဆင့် ကျွန်တော်တို့ယခုအသုံးပြုမည့် အကောင့်နံပါတ်အသစ်အား ပေးပါမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

ကျေးဇူးတင်စွာဖြင့်.....

မင်္ဂလာပါခင်ဗျာ။ယနေ့ (၁.၁၂.၂၀၂၂) ရက်နေ့အတွက်📌လူနာများနှင့် တိုက်ရိုက် Video call ဖြင့် ကုသဆွေးနွေးပေးမည့် ဆရာဝန်အချိန်စာ...
01/12/2022

မင်္ဂလာပါခင်ဗျာ။

ယနေ့ (၁.၁၂.၂၀၂၂) ရက်နေ့အတွက်

📌လူနာများနှင့် တိုက်ရိုက် Video call ဖြင့် ကုသဆွေးနွေးပေးမည့် ဆရာဝန်အချိန်စာရင်းဖြစ်ပါသည်။

🏠 🚑 Home Care Service ဖြင့်လည်း ဆရာဝန်ကိုယ်တိုင်အိမ်တိုင်ရာရောက် ဆွေးနွေးကုသပေးနေပါသည်။

✴️ အိမ်တိုင်ရာရောက် သွေးစစ်/သွေးဖောက်ခြင်း၊ နှလုံး ECG ဆွဲခြင်း၊ ရင်ဘတ်ဓာတ်မှန် (Chest Xray)၊ ဝမ်းဗိုက် Ultrasound scan ရိုက်ခြင်း အစရှိသည့် အိမ်တိုင်ရာရောက်ဝန်ဆောင်မှုများလည်းရရှိနေပါပြီ။

ပြသဆွေးနွေးလိုသည့် လူနာများအနေဖြင့် Page Message Box 📧 ကနေသော်လည်းကောင်း၊ ☎️ 09780999117 ကို တိုက်ရိုက်ဖုန်းဆက်သွယ်၍ သော်လည်းကောင်း၊ Page Admin မှတစ်ဆင့် 💵ဆွေးနွေးခကျသင့်ငွေပေးချေ၍ Online Booking တင်လို့ရပါပြီခင်ဗျာ။

နေ့တစ်နေ့စာအတွက် ဒေါက်တာတို့နဲ့ပြသဆွေးနွေးလို့ရမယ့် အချိန်တွေစဉ်ဆက်မပြတ်သိစေဖို့နှင့် Page မှာတင်သမျှ ဆေးပညာဆိုင်ရာ Video များလေ့လာနိုင်ဖို့ Page ကို Like and See First လုပ်ထားကြဖို့မမေ့နဲ့နော်။

မင်္ဂလာပါခင်ဗျာ။ယနေ့ (၁.၁၁.၂၀၂၂) ရက်နေ့အတွက်📌လူနာများနှင့် တိုက်ရိုက် Video call ဖြင့် ကုသဆွေးနွေးပေးမည့် ဆရာဝန်အချိန်စာ...
01/11/2022

မင်္ဂလာပါခင်ဗျာ။

ယနေ့ (၁.၁၁.၂၀၂၂) ရက်နေ့အတွက်

📌လူနာများနှင့် တိုက်ရိုက် Video call ဖြင့် ကုသဆွေးနွေးပေးမည့် ဆရာဝန်အချိန်စာရင်းဖြစ်ပါသည်။

🏠 🚑 Home Care Service ဖြင့်လည်း ဆရာဝန်ကိုယ်တိုင်အိမ်တိုင်ရာရောက် ဆွေးနွေးကုသပေးနေပါသည်။

✴️ အိမ်တိုင်ရာရောက် သွေးစစ်/သွေးဖောက်ခြင်း၊ နှလုံး ECG ဆွဲခြင်း၊ ရင်ဘတ်ဓာတ်မှန် (Chest Xray)၊ ဝမ်းဗိုက် Ultrasound scan ရိုက်ခြင်း အစရှိသည့် အိမ်တိုင်ရာရောက်ဝန်ဆောင်မှုများလည်းရရှိနေပါပြီ။

ပြသဆွေးနွေးလိုသည့် လူနာများအနေဖြင့် Page Message Box 📧 ကနေသော်လည်းကောင်း၊ ☎️ 09780999117 ကို တိုက်ရိုက်ဖုန်းဆက်သွယ်၍ သော်လည်းကောင်း၊ Page Admin မှတစ်ဆင့် 💵ဆွေးနွေးခကျသင့်ငွေပေးချေ၍ Online Booking တင်လို့ရပါပြီခင်ဗျာ။

နေ့တစ်နေ့စာအတွက် ဒေါက်တာတို့နဲ့ပြသဆွေးနွေးလို့ရမယ့် အချိန်တွေစဉ်ဆက်မပြတ်သိစေဖို့နှင့် Page မှာတင်သမျှ ဆေးပညာဆိုင်ရာ Video များလေ့လာနိုင်ဖို့ Page ကို Like and See First လုပ်ထားကြဖို့မမေ့နဲ့နော်။

18/10/2022

Hello မင်္ဂလာပါ......
အသည်းအဆီဖုံးရောဂါ၊ အသည်းခြောက်ရောဂါ၊ အသည်းယောင်အသားဝါ ဘီပိုး၊စီပိုးရောဂါများ၊ အသည်းကင်ဆာ၊ ရေဖျဉ်းဆွဲရောဂါ အစရှိသည့် အသည်းနှင့်ပတ်သက်သည့်ရောဂါအမျိုးမျိုးအား ကျွန်တော်တို့ TeleMedics Online Healthcare Page တွင် အသည်းရောဂါကုဆရာဝန် "ဒေါက်တာစိုးသီဟမောင်" နှင့် Online မှတစ်ဆင့် တိုက်ရိုက် Video call ဖြင့်ပြသနိုင်ပါပြီခင်ဗျာ။

ဒေါက်တာ စိုးသီဟမောင် သည်ပြည်ပနိုင်ငံအသီးသီးရှိသက်ဆိုင်ရာအသည်းရောဂါဆိုင်ရာနှီးနှောဖလှယ်ဆွေးနွေးပွဲများတွင် တက်ရောက်ဆွေးနွေးလေ့ရှိပြီး အသည်းရောဂါနှင့်ပတ်သက်သောဆေးဘက်ဆိုင်ရာအသိအမှတ်ပြုလက်မှတ်များစွာ ရရှိထားသော ပြည်ပအတွေ့အကြုံရှိ ဆရာဝန်ဖြစ်ပါသည်။

ဆရာနှင့်ပြသလိုသော လူနာများအနေဖြင့် TeleMedics page messenger မှာတစ်ဆင့် Page Admin နှင့် Booking ယူပြီး ပြသဆွေးနွေးနိုင်ပါပြီခင်ဗျာ။

Address

Yangon

Telephone

+9595010110

Website

Alerts

Be the first to know and let us send you an email when TeleMedics Online Healthcare posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to TeleMedics Online Healthcare:

Share