Pwint Thit Sa Online Store

Pwint Thit Sa Online Store A deity who will bring health

30/08/2021

ခန္ဓာကိုယ်ကျန်းမာရန်အတွက် အစာခြေစနစ်ကောင်းဖို့လည်းလိုအပ်သလို အစားခြေစနစ်ကောင်းမွန်ရန် အစားအသောက်များကိ

/
30/08/2021

/

အအေးမိတုပ်ကွေးရောဂါပိုးကို ကြိုတင်ကာကွယ်ဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခု ဟတ်ချိုး ဟတ်ချိုးနဲ့ […]

30/08/2021

အကယ်၍ အမျိုးသမီးတစ်ယောက်က ဓမ္မတာ ပုံမှန်လာနေပြီး ရုတ်တရက် […]

29/08/2021

တစ်ကိုယ်ရေ သန့်ရှင်းရေး အလေ့အထ အမှုမဲ့အမှတ်မဲ့ ကျန်းမာရေး ခန္ဓာကိုယ် covid-19 လက်ဆေးခြင်း ကိုယ်ခံအား အအေးမိ၊ ဖျာ...

25/08/2021

ကိုဗစ်-၁၉ရောဂါသည် ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကြောင့်ဖြစ်ပွားသော ကူးစက်ရောဂါဖြစ်ပြီး၊ သာမာန်အားဖြင့် အဖျားတ.....

https://hellosayarwon.com/diabetes/type-2-diabetes/%E1%80%86%E1%80%AE%E1%80%B8%E1%80%81%E1%80%BA%E1%80%AD%E1%80%B3%E1%80...
25/08/2021

https://hellosayarwon.com/diabetes/type-2-diabetes/%E1%80%86%E1%80%AE%E1%80%B8%E1%80%81%E1%80%BA%E1%80%AD%E1%80%B3%E1%80%B1%E1%80%9B%E1%80%AC%E1%80%82%E1%80%AB%E1%80%9C%E1%80%80%E1%81%A1%E1%80%8F%E1%80%AC%E1%80%9B%E1%80%95%E1%80%B9%E1%80%B1%E1%80%90/

ဆီးချိုရောဂါလက္ခဏာရပ်တွေအကြောင်းသိကောင်းစရာ ဆီးချိုရောဂါရဲ့ အစောဆုံးလက္ခဏာရပ်တွေကသွေးတွင်းသကြားဓါတ်တစ....

သကြားကို ဘာကြောင့် လျှော့စားဖို့ လိုအပ်တာလဲ?▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄• ခန္ဓာကိုယ်အတွက်အရေးပါသော အင်အားဓာတ်ဖြစ်စေသည်...
03/03/2021

သကြားကို ဘာကြောင့် လျှော့စားဖို့ လိုအပ်တာလဲ?
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
• ခန္ဓာကိုယ်အတွက်အရေးပါသော အင်အားဓာတ်ဖြစ်စေသည့် သကြားဓာတ်ကို နေ့စဉ် စားသုံးလေ့ရှိသော ကစီဓာတ်ပါဝင်သည့် အစားအစာများ (ဥပမာ - ထမင်းနှင့် ကောက်ပဲ သီးနှံများ) မှ အဓိကရရှိသည်။ သစ်သီးများ၊ နို့နှင့် နို့ထွက်ပစ္စည်းများတွင် သဘာဝအတိုင်း သကြားဓာတ် ပါဝင်ပါသည်။

• ကစီဓာတ်အပါအဝင် သကြားအမျိုးမျိုးကို ခန္ဓာကိုယ်အတွက် လိုအပ်သည့်ပမာဏထက် ပိုမိုစားသုံးပါက ပိုလျှံသကြားဓာတ်များကို အဆီအဖြစ်ပြောင်းလဲပြီး ကိုယ်တွင်းအင်္ဂါများ (အသည်း၊ ကြွက်သား၊ အဆီဆဲလ်) တို့တွင် သိမ်းဆည်းသောကြောင့် အဆီများစုပုံလာနိုင်သည်။ (ဥပမာ- ကိုယ်အလေးချိန် မြင့်တက်လာခြင်း၊ ဝမ်းဗိုက်ပူလာခြင်း ...)

• သကြားကို လွန်ကဲစွာစားသုံးခြင်းကြောင့် ဆီးချိုသွေးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ စိတ်ကျရောဂါ၊ အသည်းအဆီဖုံးခြင်း၊ အဝလွန်ခြင်း၊ သွေးတိုးခြင်းနှင့် သတိမေ့လျော့ခြင်း စသည်တို့ ဖြစ်ပွားစေပါသည်။

• သကြားဓာတ်သည် ဦးနှောက်ကိုလှုံ့ဆော်ကာ စိတ်ပျော်ရွှင်မှုဖြစ်ပေါ်စေတတ်သည့် (dopamine)ဓာတ် ထွက်စေသောကြောင့် နှစ်သက်စွဲလမ်းမှု ဖြစ်ပေါ်စေသည်။

• သကြားနှင့် ဆား အများအပြားစားသုံးမှု အချိန်ကြာလာသည်နှင့်အမျှ အချိုဓာတ်၊ အငန်ဓာတ် တို့ကို တင်းတိမ်မှုမရှိတော့ဘဲ ပိုမိုများပြားသောသကြားနှင့် ဆားပမာဏကိုသာ ထပ်ကာထပ်ကာ စားသုံးချင်စိတ်ကို ဖြစ်ပေါ်စေပြီး နောက်ဆက်တွဲအနေဖြင့် ရောဂါအမျိုးမျိုး ဖြစ်ပွားစေပါသည်။

• ထိုသို့ဖြစ်ပွားမှုကြောင့် ရေရှည်၌ မိမိကိုယ်တိုင်နှင့် မိသားစုတွင် လူမှုရေး၊ စီးပွားရေး ထိခိုက်မှုများအပြင် ရောဂါများကြောင့် ဘဝနေထိုင်မှုအရည်အသွေးကျဆင်းကာ သက်တမ်း စေ့မနေရဘဲ စောစီးစွာသေဆုံးနိုင်ပါသည်။

အသင့်စားသကြားပမာဏ လွန်ကဲစွာပါဝင်သော အချိုရည်ဘူးများ၊ သရေစာများ၊
အသင့်စား အစားအသောက်များကို တတ်နိုင်သမျှ လုံးဝရှောင်သင့်ပါတယ်။


01/02/2021

We , Myanmar citizens need the world to know what's happening in Myanmar right now before our wifis are cut off.

They already cut off TVs broadcasting lines, phone services in order to prevent us reaching to the world.

Again in 2021! History is about to be repeated like in 1988. We couldn't let it happen again,guys, please help us in spreading what's happening in Myanmar 🙏🏻🇲🇲

Help us.
Military has detained our elected democratic government,party leaders and political activists in Myanmar.Now,national television channels and phone services are cut out nationwide.
Help us,world leading democracy



🇲🇲
🇲🇲
!!!
, !!!

11/01/2021
09/01/2021

What is Covid vaccine?
Does to your body?

09/01/2021

Why Healthcare is important?

08/01/2021

Infectious diseases!
How do we control them?

အသည်းရောင် အသားဝါ ရောဂါ စီပိုး ကို Hepatitis C virus (HCV) ဟပါတိုက်တစ် စီ ဗိုင်းရပ်စ်ပိုး ဟူ၍ နိုင်ငံတကာ တွင် အသိများသည်...
08/01/2021

အသည်းရောင် အသားဝါ ရောဂါ စီပိုး ကို Hepatitis C virus (HCV) ဟပါတိုက်တစ် စီ ဗိုင်းရပ်စ်ပိုး ဟူ၍ နိုင်ငံတကာ တွင် အသိများသည်။အသည်းရောင် အသားဝါ ရောဂါ ပိုးများတွင် အေပိုး(Hep A)၊ ဘီပိုး(Hep B)၊ စီပိုး(Hep C)၊ ဒီပိုး(Hep D)၊ အီးပိုး(Hep E)၊ အက်ဖ်ပိုး(Hep F)နှင့် ဂျီပိုး(Hep G) ဟူ၍ အတိုကောက်ခေါ်ဆိုကြသည်။

အသဲရောင်အသားဝါရောဂါဟာ ရာဇဝင်နဲ့ပါ။ လွန်ခဲ့တဲ့ ရာစုနှစ်တဝက်လောက်က တမျိုးထဲဆိုရလောက်အောင် လူသိလဲ နည်း၊ ဆိုးဝါးတာလဲ မဟုတ်ပါ။ မကြာခင် နောက်တမျိုးပေါ်လာတယ်။ နောက်ပေါ်က အတော် ဆိုးတယ်။ နာမည်တပ်တော့ အလွယ်ဆုံး ရွေးလိုက်တယ်။ အကြီးကောင်က အေ၊ နောက်ပေါက်ကို ဘီ။ မကြာပါဘူး၊ လူဦးရေ တိုးလာတော့ တတိယ အကောင်ကို အေမဟုတ် ဘီမဟုတ်လုပ်လိုက်ကြရော။ ခုဆို မွေးချင်း ၆ ယောက်တောင် ရှိနေပြီ။ အေ၊ ဘီ၊ စီ၊ ဒီ၊ အီး၊ နဲ့ ဂျီ။ တကယ်လို့ ၂၆ ထက်ကျော်ရင် ကားနံပါတ်ပေးရသလို လုပ်မှာပေါ့။

လူတကိုယ်မှာ အသဲတခုသာရှိပြီး၊ သူ့ကို စက်ရုံတခုလို့ တင်စားကြတယ်။ စားသမျှ၊ သောက်သမျှ၊ ကိုယ်ကနေ ထုတ်သမျှထဲက အဆိပ်အတောက် မှန်သမျှကို ခြေဖျက် သန့်စင်ပေးတယ်။ (ပရိုတင်း) နဲ့ အချို(သကြား)တွေကိုလဲ အသဲကပဲ ခန္ဓာကိုယ်ကနေ အသုံးပြုနိုင်အောင် ပြုပြင်ပေးတယ်။ ဒါတင်မက ဗီတာမင်၊ ဟော်မုန်း၊ (ကိုလက်စတီရော)၊ နဲ့ ဓာတ်ဆားတွေကိုလဲ လိုတဲ့အခါ ထုတ်ပေးဘို့ ဂိုထောင်လုပ်ပေးသေးတယ်။ စက်ရုံရော (ဝဲယားဟောက်စ်)ပါ ဖြစ်ရော။

အသဲရောင်ရတဲ့ အကြောင်းတွေထဲမှာ ဗိုင်းရပ်စ် အပြင် ဆေးတချို့၊ ရောဂါတချို့၊ အဆိတ်အတောက် နဲ့ ဗက်တီးရီးယား တွေလဲပါတယ်။ ဗိုင်းရပ်စ် အသဲရောင်ရောဂါကို ပိုးနာမယ်တွေအတိုင်း A, B, C, D, E, G ဆိုပြီး၊ ၆ မျိုး ခွဲထားတယ်။ (အေ) နဲ့ (အီး)တို့က ပါးစပ်ကနေဝင်၊ စအိုကနေထွက်တဲ့လမ်းကြောင်းကနေ ကူးစက်တာ။ သိပ်မခံရပါဘူး။ ကုရတာကလည်း အနားယူ၊ ရေနဲ့အရည် များများအသောက်ခိုင်းယုံပါ။ (အီး)က ကုလားဗျ။ နယူးဒေလီမှာ စတွေ့ခဲ့တာ။ (ဘီ) အကြောင်းကိုတော့ ဆိုးလို့ သီးခြားရေးထားပါတယ်။ နောက်မှပေါက်တဲ့ရွှေကြာပင် (ဂျီ)ကတော့ လူမသိ-သူမသိ ရှိပါသေးတယ်။ (အက်ဖ်)ဆိုတာကို လူရာမသွင်းဘူး။

(စီ)က အဆိုးဆုံး။ (ဘီ)လိုဘဲ ဆိုးတာချင်းအတူတူ ကာကွယ်ဆေး မပေါ်သေးဘူး။ (စီ)ပိုးက ဒုတိယကမ္ဘာစစ် လောက်ကတည်းက ရှိခဲ့ပေမဲ့ နာမယ်ပေး ကင်ပွန်းတပ်ခံရတာက အသက် ၅ဝ ရှိလို့ ၁၉၈၉ ကြမှပါ။ အရင်ကတော့ သူ့ကို အေမဟုတ်-ဘီမဟုတ်လို့ ခေါ်ခဲ့တဲ့အကောင်ပေါ့။

Hepatitis C virus (HCV) ဗိုင်းရပ်စ် စီ ပိုးဝင်ရင် သာမန်ကာရှန်ကာ ၁ ပါတ် ၂ပါတ်လောက်သာ ခံစားရတာမျိုးနဲ့ အသက်ကိုပါ ရန်ရှာတဲ့အဆင့်မျိုး ဖြစ်နိုင်တယ်။ အဆိုးနှစ်ကောင်ဖြစ်တဲ့ ဘီ နဲ့ စီ မတူတာက ဘီပိုးဟာ အထဲဝင်ပြီး၊ ကင်းစင်သွားနိုင်ပေမဲ့ စီပိုးကတော့ အမြဲ ရှိနေတတ်တယ်။ ဘီပိုးက လိင်ကနေတဆင့် ကူးစက်တာ များပြီး၊ စီပိုးကတော့ သွေးကတဆင့် ကူးတာက အဓိက ဖြစ်တယ်။

(စီ) ဖြစ်ရင် ရောဂါလက္ခဏာမရှိဘဲ နေတတ်လို့၊ အတော်များများက ဆေးစစ်တဲ့အခါ အမှတ်မထင် ပိုးရှိနေတာကို တွေ့ကြရတယ်။ တယောက်ယောက်မှာ (စီ)ပိုး တွေ့တယ်လို့ဆိုရင် သူဟာ ကမ္ဘာပေါ်က လူပေါင်း သန်း ၁၇ဝ ထဲက တယောက်ပါ။ အကြောက်မကြီးအောင် ပြောရရင် ၁၀ဝ မှာ ၈၀-ဂ၅ ယောက်လောက်က နာတာရှည် မဖြစ်ကြပါ။ နာတာရှည်ကနေ နောက်ဆက်တွဲ ဆိုးဝါးတာတွေဖြစ်တဲ့ ရာနှုန်းကလည်း ၅ ဂဏန်းအောက်မှာပါ။

နာမည်ကြီးလူဆိုး AIDS ဖြစ်စေတဲ့ HIV နဲ့ မတူတာက ပိုးရှိတဲ့မအေကနေ ကလေးကို စီမှာက ၅% လောက်သာ ကူးစေနိုင်ပါတယ်။ ဖအေမှာ စီပိုးရှိနေပေမဲ့ သူ့ကလေးကို (သွေးမထိမချင်း) မကူးဘူး။ လိင်လမ်းကနေ ကူးတာကလဲ HIV နဲ့ B တို့လောက် မဟုတ်ပြန်ဘူး။ (စီ)ကို တလင်တမယား လိင်ကနေကူးတယ်ဆိုတာ ရှားပါတယ်။

သွေး(မစစ်ဘဲ)သွင်းတာ၊ သွေး-သွေးချင်းထိတာ၊ ဆေးထိုးအပ် သီးခြားမသုံးတာ၊ နားကပ် လဲဝတ်တာ၊ မုတ်ဆိတ်ရိတ်ဒါး၊ သွားတိုက်တံ၊ လက်သဲညှပ် တွဲသုံးတာ၊ (တက်တူး)ထိုးတာ၊ ဟိုနေရာ ဒီနေရာ ကွင်းတပ်တာတွေကနေ ကူးရတာပါ။ ဒါပေမဲ့ ပိုးရှိနေသူ ချက်ပြုတ်တာ စားမိလို့ မကူးပါ။ လက်တွဲလျောက်တာ၊ နှာခြေ၊ ချောင်းဆိုး၊ တစ်အိမ်တည်း အတူနေတာနဲ့လဲ မကူးဘူး။ ချွေး၊ သွားရည်၊ မျက်ရည်တွေကနေ မကူးပါ။ ပိုးရှိတဲ့မအေက နို့တိုက်တာနဲ့ မကူးပါ။ ရာသီသွေးကတော့ ကူးနိုင်တယ်။

(စီ)ပိုး အဝင်ခံရရင် အစတော့ တုပ်ကွေးလိုပါဘဲ။ မစားချင်မသောက်ချင်၊ အားယုတ်၊ ပျို့ချင်သလိုနေ၊ အဆစ်တွေ အသားတွေနာ၊ သတိထားရင် အသဲရှိရာ ဗိုက်ညာဘက်အထက်နားမှာ နာမယ်။ ကိုယ်ပူတာလဲရှိနိုင်တယ်။ ကြာလာရင် ဝါလာမယ်။ အများသိကြတဲ့ (ဂျွန်းဒစ်)။ ကြာတယ်ဆိုတာ ဆယ်စုနှစ်နဲ့ချီနိုင်တယ်။ ရောဂါလက္ခဏာမပေါ်ပေမဲ့ ပိုးက အသဲကို ဖျက်နေပြီ၊ သူများကိုလဲ ကိုယ့်သွေးနဲ့ထိရင် ကူးနိုင်နေပြီ။

အသဲက စဖြစ်တော့ မာလာမယ်၊ နောက် အမာရွတ်လိုဖြစ်လာမယ်။ ၁၇% ကနေ ၂၀% လောက်က Cirrhosis အသဲခြောက်တာ ဖြစ်လာနိုင်တယ်။ ဆိုးဝါးလွန်းတဲ့ အဆင့်ရောက်ရင် အသားတွေ ဝါမယ်၊ စိတ်က တွေးရ-ကြံရတာတွေ ဝေဝါးလာမယ်၊ အရည်တွေများလာလို့ ဗိုက်ဖေါင်းလာမယ်၊ အစာလမ်းကနေ သွေးယိုတာဖြစ်မယ်။ ကံဆိုးသူ ၂% ကတော့ Hepatocellular Carcinoma ခေါ်တဲ့ အသဲကင်ဆာမှာ အဖြစ်အများဆုံးရောဂါ ဖြစ်နိုင်တယ်။

ဆီးချို ရောဂါ ဆိုတာ ဘာလဲ။ ❓❓❓ဆီးချို မှာ အမျိုးအစား ၂ မျိုးရှိပါတယ်။ဆီးချို ရောဂါ ဆိုတာ တသက်လုံး ဝေဒနာ ခံစားရတဲ့ နာတာရှည...
03/01/2021

ဆီးချို ရောဂါ ဆိုတာ ဘာလဲ။ ❓❓❓

ဆီးချို မှာ အမျိုးအစား ၂ မျိုးရှိပါတယ်။

ဆီးချို ရောဂါ ဆိုတာ တသက်လုံး ဝေဒနာ ခံစားရတဲ့ နာတာရှည် ရောဂါ တမျိုးပါ။ ဆီးချို ရောဂါ ကြောင့် တနှစ်မှာ လူ တသန်းကျော် သေဆုံး နေရ ပါတယ်။

လူတိုင်းဟာ ဆီးချို ရောဂါ ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်ထဲ က သွေးထဲမှာ သကြားဓာတ် ပါဝင်မှု ကို လျော့ချ နိုင်တဲ့ လုပ်ငန်းစဉ် တခု အားနည်း သွားပြီ ဆိုတာနဲ့ ဆီးချို ရောဂါ စဖြစ်တော့တာပါပဲ။

ဆီးချို ရောဂါ ကြောင့် နှလုံးရောဂါ၊ လေဖြတ်၊ အမြင်အာရုံ ထိခိုက် တာ၊ ကျောက်ကပ် အလုပ်မလုပ်တော့တာ၊ နောက်ဆုံး အဆင့်မှာ ခန္ဓာကိုယ် အစိတ် အပိုင်းတွေကို ဖြတ်တောက် ပစ်ရတာ အထိ ခံစား ရနိုင်ပါတယ်။

ကမ္ဘာပေါ်မှာ ဆီးချို ရောဂါ ခံစား နေရတဲ့ လူအများအပြား ရှိပါတယ်။ WHO ရဲ့ စာရင်းဇယားတွေ အရင် ဆိုရင် ၄၂၂ သန်း သော လူတွေဟာ ဆီးချို ရောဂါ ခံစား နေရတယ်လို့ ဆိုပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ် နဲ့ နှိုင်းယှဉ်ရင် အရေအတွက် ၄ ဆ ကျော် မြင့်တက် လာခဲ့တာ ဖြစ်ပါတယ်။

ဒီလို အန္တရာယ်များတဲ့ ဆီးချိုရောဂါ ကို တချို့တွေ က သမန်ကာလျှံကာ သဘောမျိုး နဲ့ သတိမထားဘဲ နေကြပါတယ်။

ဒါပေမယ့် နေ့စဉ် စားသောက် နေထိုင်မှု ကို အပြောင်းအလဲ အနည်းငယ် လုပ်ရုံ နဲ့ အန္တရာယ်များ တဲ့ လူသတ် ဆီးချို ရောဂါ ဖြစ်ပွားမှု ကို ကာကွယ် နိုင်ပါတယ်။

ဆီးချို ဘာကြောင့်ဖြစ်သလဲ။❓❓❓

နေ့စဉ် စားတဲ့ အစားအစာ တွေကို ခန္ဓာကိုယ်က ကာဘိုဟိုက်ဒရိတ် ကစီဓာတ်ကို ခွဲခြား ယူပါတယ်။ အဲဒီ ကမှတဆင့် သကြားဓာတ် (ဂလူးကို့စ်) ကို ရယူပါတယ်။ နောက်ပြီး ဟော်မုန်း တမျိုး ဖြစ်တဲ့ အင်ဆူလင် ကို ပန်ကရိယ(မုန့်ချိုအိတ်) က ပြန်ထုတ် ပေးပါတယ်။

အဲဒီ အချိုဓာတ် ကို ခန္ဓာကိုယ် က စွမ်းအင် အဖြစ် အသုံးပြုပါတယ်။

ဆီးချို ရောဂါ ကို ဖြစ်စေ တာ က အင်ဆူလင် ကို မထုတ် ပေး နိုင်တာ ဒါမှ မဟုတ် ပန်ကရိယ က အလုပ်ကောင်းကောင်း မလုပ်တော့ တာကြောင့်ပါ။ ဒီလို အခြေအနေ တွေကြောင့် ကိုယ်ခန္ဓာထဲမှာ သကြားဓာတ် တွေ များလာပြီး ဆီးချို ရောဂါ ဖြစ်ပေါ်စေတာပါ။

ပြုပြင်ပြောင်းလဲ ထားတဲ့ အစားအစာ က သွေးထဲမှာ သကြား ပါဝင်မှု ကို ပိုများစေပါတယ်။

ဆီးချို ရောဂါ ဘယ်နှစ်မျိုး ရှိလဲ။❓❓❓

အမျိုးအစား (၂) မျိုး ခွဲခြား နိုင်ပါတယ်။ ပထမ အမျိုးအစား က ပန်ကရိယ က အင်ဆူလင် မထုတ်ပေးတော့တဲ့ အတွက် ခန္ဓာကိုယ်ထဲမှာ သကြားဓာတ် ပါဝင်မှု နှုန်းထား များပြား နေတဲ့ အဆင့်ပါ။

ဒီလို အခြေအနေ ဘာကြောင့် ဖြစ်တယ်ဆိုတာကို သုတေသီ တွေက အတိအကျ မသိနိုင်ပါဘူး။

ဒါက မျိုးရိုး ဗီဇ ကြောင့်လည်း ဖြစ်နိုင်သလို ရောဂါ ပိုးမွှား ကူးစက်မှု ကြောင့် ပန်ကရိယ ထဲ က ဆဲလ် တွေ ပျက်စီး မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လူအားလုံး ရဲ့ ၁၀ ရာခိုင်နှုန်းမှာ ဆီးချို အမျိုးအစား (၁) ကို ရှာဖွေ တွေ့ ရှိနိုင်ပါတယ်။ ဒါကို type (1) Diabete လို့ ခေါ်ပါတယ်။

အမျိုးအစား (၂) ကတော့ ပန်ကရိယ က အင်ဆူလင် ဟော်မုန်း ကို အလုံ အလောက် မထုတ် ပေး နိုင်တာ ဒါမှမဟုတ် အင်ဆူလင် ဟော်မုန်း က ခန္ဓာ ကိုယ်ထဲမှာ အလုပ် ကောင်းကောင်း မလုပ် တော့တာမျိုး ဖြစ်ပါတယ်။

ပန်ကရိယ က အင်ဆူလင် ဟိုမုန်း ကို ထုတ်ပေးတဲ့အရာဖြစ်ပါတယ်။

ဆီးချို အမျိုးအစား (၂) သက်လတ်ပိုင်း အရွယ်တွေမှာ အဖြစ်များပါတယ်။ ဒါပေမယ့် တခါတရံမှာ လူငယ် တွေမှာလည်း ဖြစ်တတ်ပါတယ်။ အဝလွန် ရောဂါ ရှိနေတဲ့ လူငယ် တွေနဲ့ အထိုင်များတဲ့ အလုပ် လုပ်ရတဲ့ လူတွေ မှာလည်း ဆီးချို အမျိုအစား (၂) ဖြစ်တတ်ပါတယ်။

နောက်ပြီး လေ့လာမှု တွေ အရ ဒေသ တခုထဲ မှာပဲ ဆီးချို ဖြစ်နေတဲ့ လူ တွေ အများအပြား ရှိနေတတ်ပြီး အများအား ဖြင့် တောင်အာရှ ဒေသ က လူတွေမှာ ဒီ ရောဂါ အဖြစ်များ တယ်လို့ စစ်တမ်း တွေက ဆိုပါတယ်။

အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်မှာလည်း ခန္ဓာကိုယ်ထဲမှာ သကြားဓာတ် များပြား လေ့ ရှိပြီး ဒါက ဆီးချို ရောဂါ ဖြစ်ပွား စေ နိုင်ပါတယ်။

ဒီလို ကိုယ်ဝန်ဆောင် တွေ မှာ သကြားဓာတ် များပြားမှု ကို လျော့ချ နိုင်ဖို့ အတွက် ဆိုရင် ကာယ လေ့ကျင့်ခန်း လုပ်တာ၊ သကြားဓာတ် များတဲ့ အစား အစာ တွေကို လျော့ချ ပြီး စားသုံးသင့်တယ်လို့ ကျန်းမာရေး ပညာရှင် တွေက အကြံပြုပါတယ်။

အလွန်အမင်း ပင်ပန်းတာ၊ ပုံမှန်ထက် ရေငတ်တာတွေ က ဆီးချို လက္ခဏာတွေဖြစ်

ဆီးချို ရောဂါ လက္ခဏာက ဘာတွေလဲ

ဆီးချို ရောဂါ ဖြစ်နေပြီ ဆိုတာနဲ့ ဖြစ်တတ်တာတွေကတော့

- ပင်ပန်းနွမ်းနယ်တာ

-ပုံမှန်ထက် ရေငတ်တာ

-ဆီးသွားများတာ၊ ညဘက် အချိန်မှာ ပိုသွားတာ

-အလေးချိန် လျော့ အောင် မစားပေမယ့် ခန္ဓာကိုယ် အလေးချိန် လျော့ကျလာတာ

-အမြင်အာရုံ လျော့ကျလာတာ

-အနာ တွေ အကျက်နှေးတာ

တဲ့ ကိစ္စ တွေက ဆီးချို ရောဂါ လက္ခဏာ တွေပဲ ဖြစ်ပါတယ်။

Stages of HypertensionHere’s a look at the current stages and their recommended treatments:Normal. Systolic less than 12...
01/01/2021

Stages of Hypertension
Here’s a look at the current stages and their recommended treatments:

Normal. Systolic less than 120 mm Hg and diastolic less than 80 mm Hg. No treatment is necessary, but you should monitor your blood pressure to be sure that it remains within the normal range.
Prehypertension: Systolic between 120 and 139 mm Hg or a diastolic between 80 and 89 mm Hg. “Prehypertension designates just what the term sounds like,” says Daniel Jones, MD, dean of the school of medicine at the University of Mississippi Medical Center in Jackson, Miss., and past president of the American Heart Association.. “It’s before someone crosses the threshold for the definition of hypertension but is at risk for developing hypertension. We don’t have evidence that using medications at this range is useful for preventing heart disease and stroke. However, because people in this group have some risk of moving on to developing heart disease, we recommend lifestyle measures to try to prevent the onset of hypertension.” Lifestyle measures include exercise, managing body weight into a normal range, eating a diet high in fruits and vegetables, and choosing low-fat dairy products.
MOST HELPFUL
Alzheimer’s Disease: An Irreversible Brain Disorder
High Blood Pressure Common in Young Female Athletes, Study Finds
Stage 1: Systolic between 140 and 159 mm Hg or diastolic 90 and 99 mm Hg. Management includes the same lifestyle measures as with prehypertension and the use of one of a number of drugs that are known to not only reduce blood pressure but also to reduce the risk of heart disease and stroke. Classes of drugs include: thiazide diuretics, ACE inhibitors, angiotensin receptor blockers, beta blockers, and calcium channel blockers. You may have to try different drugs until you find the one that has the best results for you. If you are African-American, you may be at higher than average risk for complications from hypertension. The JNC guidelines recommend that African Americans start with a regimen of two drugs if their top blood pressure reading is 145 mm Hg or higher.

Stage 2: Systolic 160 mm Hg or higher or diastolic 100 mm Hg or higher. In addition to lifestyle changes, “for many patients, it’s recommended that a two-drug therapy chosen from among the five classes of hypertensive agents be used to get their blood pressure down,” Dr. Jones says. “Again, you may have to experiment some to determine which combination of drugs works best for your body.
If your systolic and diastolic pressures fall into different stages, the stage with the higher number is the one that counts. For example, if you have a systolic pressure of 150 mm Hg but your diastolic pressure is only 85 mm Hg, you will be classified as stage 1 hypertension, not prehypertension. And if you are over age 50, it is the diastolic number that best predicts your risk of cardiovascular disease.

Left untreated, high blood pressure can lead to coronary heart disease, which can mean a heart attack or stroke. You should have your blood pressure checked regularly, and follow your doctor’s advice for keeping it under control.

01/01/2021

ရင်သားကင်ဆာအကြောင်းသိကောင်းစရာ

ရင်သားကင်ဆာသည်ရင်သားကင်ဆာရှိဆဲလ်များမထိန်းချုပ်နိုင်သည့်ရောဂါဖြစ်သည်။

ရင်သားကင်ဆာအမျိုးမျိုးရှိသည်။ ရင်သားကင်ဆာအမျိုးအစားသည်ရင်သားကင်ဆာထဲရှိမည်သည့်ဆဲလ်များသည်ကင်ဆာအဖြစ်သို့ပြောင်းလဲသွားသည်ပေါ်တွင်မူတည်သည်။

ရင်သားကင်ဆာသည်ရင်သားကင်ဆာ၏ကွဲပြားခြားနားသောအစိတ်အပိုင်းများတွင်စတင်နိုင်ပါသည်။ ရင်သားကင်ဆာကိုအဓိကအစိတ်အပိုင်းသုံးမျိုးဖြင့်ဖွဲ့စည်းထားသည်။ ယင်းတို့မှာ lobules, ducts နှင့် connective tissueတို့ဖြစ်သည် ။ အဆိုပါ lobules နို့ထုတ်လုပ်သောဂလင်းဖြစ်ကြသည်။ ထိုပြွန်များသည်နို့သီးခေါင်းသို့နို့ကိုသယ်ဆောင်သည့်ပြွန်များဖြစ်သည်။ (အမျှင်နှင့်ဖက်တီးတစ်သျှူးများဖြင့်ဖွဲ့စည်းထားသည့်) ရင်သားကင်ဆာအများစုသည်ပြွန်များသို့မဟုတ်အစိုင်အခဲများမှစတင်သည်။ ဆက်နွယ်သည့်တစ်ရှူးသည်အရာအားလုံးကိုအတူတကွထိန်းသိမ်းထားသည်။

ကင်ဆာသည်ရင်သားအပြင်ဘက်ရှိသွေးကြောများနှင့်တုတ်ချောင်းများမှတဆင့်ကူးစက်နိုင်သည်။ ရင်သားကင်ဆာသည်ခန္ဓာကိုယ်၏အခြားအစိတ်အပိုင်းများသို့ပျံ့နှံ့သွားပါက metastasized သည်ဟုဆိုကြသည်။ ရင်သားကင်ဆာအမျိုးအစားများအများဆုံးရင်သားကင်ဆာ - ထိုးဖောက်နိုင်သော ductal carcinoma ဖြစ်သည်။ ကင်ဆာဆဲ (လ်) များသည်ပြွန်များပြင်ပရှိရင်သားကင်ဆာတစ်ရှူးများသို့ကြီးထွားလာသည်။ ထိုးဖောက်နိုင်သောကင်ဆာဆဲလ်များသည်ခန္ဓာကိုယ်၏အခြားအစိတ်အပိုင်းများသို့လည်းပျံ့နှံ့နိုင်သည်။ ထိုးဖောက် lobular carcinoma ။ ကင်ဆာဆဲ (လ်) များသည်အစိုင်အခဲများမှအနီးကပ်ရှိရင်သားကင်ဆာတစ်ရှူးများသို့ပျံ့နှံ့သွားသည်။ ဤထိုးဖောက်ကင်ဆာဆဲလ်များသည်ခန္ဓာကိုယ်၏အခြားအစိတ်အပိုင်းများသို့လည်းပျံ့နှံ့နိုင်သည်။ ရင်သားကင်ဆာအမျိုးအစားများဖြစ်သည့် Paget ၏ရောဂါ၊ ပြင်ပသင်္ကေတ medullary၊ mucinous and inflammatory ပြင်ပပုံပြွန် Ductal carcinoma (DCIS) သည်ရင်သားကင်ဆာအမျိုးအစားများရှိသည်။

ကင်ဆာဖြစ်ပွားစေနိုင်သောရင်သားကင်ဆာရောဂါဖြစ်သည်။ ကင်ဆာဆဲ (လ်) တွေဟာပြွန်တွေကြားမှာသာရှိနေပြီးရင်သားကင်ဆာရှိအခြားတစ်သျှူးများသို့မပျံ့နှံ့နိုင်ပါဘူး။
ကင်ဆာဆိုသည်မှာခန္ဓာကိုယ်ရှိဆဲလ်များမထိန်းချုပ်နိုင်သည့်ရောဂါဖြစ်သည်။ အရေပြားကင်ဆာမှအပရင်သားကင်ဆာသည်အမေရိကန်ပြည်ထောင်စုရှိအမျိုးသမီးများတွင်အဖြစ်အများဆုံးကင်ဆာဖြစ်သည်။ ရင်သားကင်ဆာမှသေဆုံးမှုများသည်အချိန်ကြာလာသည်နှင့်အမျှကျဆင်းသွားသော်လည်းအမျိုးသမီးများအကြားကင်ဆာရောဂါဖြစ်ပွားမှု၏ဒုတိယ ဦး ဆောင်မှုနှင့်ဟစ်စပန်းနစ်အမျိုးသမီးများအကြားကင်ဆာရောဂါဖြစ်ပွားမှု၏အဓိကအကြောင်းရင်းမှာဆက်လက်တည်ရှိနေသည်။

နှစ်စဉ်အမျိုးသမီး ၄၂၀၀၀ နှင့်အမျိုးသား ၅၁၀ တို့သည်ရင်သားကင်ဆာကြောင့်သေဆုံးကြသည်။ လူမည်းအမျိုးသမီးများသည်အဖြူအမျိုးသမီးများထက်ရင်သားကင်ဆာမှသေဆုံးနှုန်းပိုမိုများပြားသည်။ Bre ရင်သားကင်ဆာဆိုတာဘာလဲရင်သားကင်ဆာဆိုတာရင်သားကင်ဆာဆဲလ်တွေမထိန်းချုပ်နိုင်တဲ့ရောဂါတစ်ခုပါ။ ရင်သားကင်ဆာအမျိုးမျိုးရှိသည်။

Bre ရင်သားကင်ဆာ၏လက္ခဏာများကဘာလဲလူအမျိုးမျိုးမှာရင်သားကင်ဆာလက္ခဏာတွေမတူညီကြဘူး။ လူအချို့ကရောဂါလက္ခဏာလုံးဝမရှိဘူး။ ဖြစ်နိုင်ချေရှိသောရောဂါလက္ခဏာများစာရင်းကိုကြည့်ပါ။ Bre ရင်သားကင်ဆာလေ့လာမှုအတွက်အန္တရာယ်အချက်များကဘာလဲရင်သားကင်ဆာဖြစ်နိုင်ချေအချက်များပေါင်းစပ်မှုကြောင့်ဖြစ်ကြောင်းပြသခဲ့သည်။ သင်၏စွန့်စားမှုကိုလွှမ်းမိုးသောအဓိကအချက်များမှာမိန်းမဖြစ်ခြင်းနှင့်အသက်ကြီးခြင်းတို့ဖြစ်သည်။ Bre ရင်သားကင်ဆာဖြစ်နိုင်ချေကိုလျှော့ချရန်ကျွန်ုပ်အဘယ်အရာပြုလုပ်နိုင်သနည်းတစ်သက်တာလုံးအတွက်အချက်များစွာသည်သင်၏ရင်သားကင်ဆာဖြစ်နိုင်ခြေကိုလွှမ်းမိုးနိုင်သည်။ သင်အသက်ကြီးလာခြင်းသို့မဟုတ်သင်၏မိသားစုသမိုင်းကဲ့သို့သောအချက်အချို့ကိုမပြောင်းလဲနိုင်သော်လည်းသင့်ကျန်းမာရေးကိုဂရုစိုက်ခြင်းအားဖြင့်ရင်သားကင်ဆာဖြစ်နိုင်ချေကိုလျှော့ချနိုင်သည်။ Bre ရင်သားကင်ဆာစစ်ဆေးခြင်းဆိုတာဘာလဲရင်သားကင်ဆာစစ်ဆေးခြင်းဆိုတာရောဂါလက္ခဏာတွေမပြခင်အမျိုးသမီးရဲ့ရင်သားကိုကင်ဆာစစ်ဆေးတာကိုဆိုလိုတယ်။ အမျိုးသမီးများအားကျန်းမာရေးစောင့်ရှောက်မှုပေးသူများမှ၎င်းတို့အတွက်အကောင်းဆုံးစိစစ်ရွေးချယ်မှုများအကြောင်းအသိပေးရန်လိုအပ်သည်။

 Mammogram ဆိုတာဘာလဲ Mammogram ဆိုတာရင်သားကင်ဆာရဲ့ X-Ray ရုပ်ပုံပဲ။ ရင်သားကင်ဆာလက္ခဏာများကိုရှာဖွေရန်ဆရာဝန်များသည် mammogram ကိုအသုံးပြုသည်။ ပုံမှန် mammograms သည်ဆရာဝန်များသည်ရင်သားကင်ဆာကိုစောစီးစွာရှာဖွေရန်အကောင်းဆုံးစမ်းသပ်မှုများဖြစ်သည်။ D ထူထပ်သောရင်သားရှိသည်ဟူသည်အဘယ်အရာကိုဆိုလိုသနည်း mammogram သည်သင်၏ရင်သားများမည်မျှထူသည်ကိုဖော်ပြသည်။ သင်၏ mammogram ၏ရလဒ်ကိုသင်ရရှိသောအခါသင်၏ရင်သားများသည်သိပ်သည်းဆနည်းပါးခြင်းသို့မဟုတ်မြင့်မားခြင်းရှိမရှိကိုလည်းသင်ပြောကောင်းပြောလိမ့်မည်။ Bre ရင်သားကင်ဆာမည်သို့ရှာဖွေတွေ့ရှိနိုင်သလဲဆရာဝန်များသည်ရင်သားကင်ဆာကိုရှာဖွေရန်သို့မဟုတ်ရှာဖွေရန်နောက်ထပ်စစ်ဆေးမှုများကိုပြုလုပ်လေ့ရှိသည်။

သူတို့ကအမျိုးသမီးများကိုရင်သားကင်ဆာအထူးကုသို့မဟုတ်ခွဲစိတ်ဆရာဝန်တစ် ဦး ထံရည်ညွှန်းနိုင်သည်။ Bre ရင်သားကင်ဆာကိုမည်သို့ကုသသနည်းဆရာဝန်များသည်ရင်သားကင်ဆာကိုရှာဖွေရန်သို့မဟုတ်ရှာဖွေရန်နောက်ထပ်စစ်ဆေးမှုများကိုပြုလုပ်လေ့ရှိသည်။ သူတို့ကအမျိုးသမီးများကိုရင်သားကင်ဆာအထူးကုသို့မဟုတ်ခွဲစိတ်ဆရာဝန်တစ် ဦး ထံရည်ညွှန်းနိုင်သည်။

Urinary Tract Infection (UTI)ဆီးလမ်းကြောင်းပိုးဝင်ခြင်း ပြဿနာက ယောကျာ်း မိန်းမ ကလေး လူကြီး အမေးများကြတဲ့ မေးခွန်းပါ။ ကျင...
31/12/2020

Urinary Tract Infection (UTI)

ဆီးလမ်းကြောင်းပိုးဝင်ခြင်း ပြဿနာက ယောကျာ်း မိန်းမ ကလေး လူကြီး အမေးများကြတဲ့ မေးခွန်းပါ။ ကျင်ငယ်လို့ ခေါ်တဲ့ ဆီး က လူတိုင်းရဲ့ ဇီဝကမ္မဖြစ်စဉ်အရ နေ့စဉ် ဖြစ်ပေါ်နေတာပါ။
ဆီး မသွား နိုင်၊ ဆီး မထွက်တော့တဲ့ လူက မကြာခင် လောကကြီးနဲ့ အဆက်အသွယ် ပြတ်သွားနိုင်ပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဆိုတာ ဘာကိုခေါ်တာလဲ?

လူ့ကိုယ်တွင်း ဆီးလမ်းကြောင်းအဖွဲ့အစည်းအဖြစ် ကျောက်ကပ် ၊ ဆီးအိမ် ၊ ကျောက်ကပ်မှ ဆီးအိမ်သို့ သွယ်ဆင်းလာတဲ့ ဆီးလမ်းကြောင်း၊ ဆီးအိမ်မှ အပြင်သို့စွန့်ထုတ်တဲ့ ဆီးလမ်းကြောင်း ဆိုပြီး အင်္ဂါ လေးခု ရှိပါတယ်။ ဒီ လေးနေရာမှာ ပိုးဝင်တယ်ဆို ဆီးလမ်းကြောင်း ပိုးဝင်ခြင်း လို့ ခေါ်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်း ရောဂါက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေရဲ့ ဆီးအိမ်မှ အပြင်သို့ စွန့်ထုတ်တဲ့ ဆီးလမ်းကြောင်းက တိုလို့ပါ။ အမျိုးသမီး နှစ်ယောက်မှာ တယောက် ဆီးလမ်းကြောင်း ဝေဒနာ ခံစားရပြီး၊ အမျိုးသားက ဆယ်ယောက်မှာ တယောက်လောက် ဆီးပြဿနာတွေ ခံစားရတာကို လူ့ဘဝ ရောက်လာတာနဲ့ ကြုံတွေ့ရတယ်လို့ ဆိုပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲ?

အတိုချုံး ပြောရရင် ဆီး ပူ ၊ ကျင် ၊ အောင့် ၊ နည်း ၊ များ၊
သွေးပါ၊ အနံ့ဆိုး၊ တစက်တစက်သွား၊ ခဏခဏသွား၊ ပြည်ထွက် ၊ အနည်ပါ ၊ ဆီးသွား နာ၊ ခါးနာ ပြီး ဆီးသွားနှုံးနေလား ပေါ့။ နည်းနည်းဆိုးရင်တော့ ချမ်း တုန် ဖျားပါ ဖြစ်နေပါသလားပေါ့။

ဆီးလမ်းကြောင်းပိုးဝင် ဘယ်လိုကြောင့်ဖြစ်လဲ?

ဆီးပိုးဝင်တာက မသန့် လို့ဖြစ်တာပါပဲ။ မသန့်လို့ ပိုးဝင်နိုင်တယ်။ ပိုးဝင်နိုင်တဲ့ အခြေအနေ အချိန်အခါ အလေ့အကျင့်ပေါ် မူတည်ပြီး ကျား၊ မ ၊ လူကြီး ၊ ကလေး ကွာခြားနိုင်ပါတယ်။

ကလေးငယ် လသားအရွယ်ဆို အနှီး၊ အဝတ်အစား တွေ မသန့်တာ၊ ကျင်ကြီးကျင်ငယ်သန့်ရှင်းပေးတဲ့အခါ ၊ မသန့်တာမျိုး ဖြစ်ရင် ဆီးပိုးဝင်နိုင်ပါတယ်၊ လသားကလေး(ကျား) လိင်အရေပြားရှည်နေတာ ဆီးပိုးဝင်နိုင်ပါတယ်။ လသားကလေးတွေရဲ့ ဆီး အင်္ဂါ ကို နေ့စဉ် ရေနွေးဂွမ်းသန့် နဲ့ သန့်ရှင်းပေးရပါတယ်။ ဝမ်း ၊ အီး တွေ မပေစေရပါဘူး။

ကလေးငယ်တွေကိုလည်း တကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပေးရပါတယ်။ ဝမ်းမှာပါတတ်တဲ့ ဘက်တီးရီးယား တွေက ဆီးပိုးဝင်တာ အဖြစ်များလို့ လက်ဆေးခြင်း အနုပညာကို ငယ်ကတည်းက ကလေးတွေအကျင့်ဖြစ်အောင် သင်ကြားပေးရပါမယ်။ ကလေး (ကျား) လိင်အရေပြားရှည်နေပါက ခွဲစိတ်ဖြတ်တောက်သာ အကောင်းဆုံးပါ။

လူကြီးတွေမှာ ဆီးလမ်းကြောင်း ပိုးဝင်ရောဂါက အမျိုးသမီးတွေမှာ အဖြစ်များတာ ပြောထားပါပြီ။ ဆီးလမ်းကြောင်း အင်္ဂါ ဖွဲစည်းပုံအရ အမျိုးသမီး ပိုဖြစ်နိုင်သလို့ ၊ အဖြူဆင်းတာ၊ ဟော်မုန်း အပြောင်းအလဲ ၊ သွေးချိုဆီးချိုရောဂါ၊ ဆီးကျောက်တည်တာ တွေနဲ့ လိင်ကိစ္စ မသန့်တာတွေကလည်း ဆီးပိုးဝင်စေလွယ်ပါတယ်။

အမျိုးသမီးတွေမှာ အဖြူဆင်းတာက ဆီးပိုးဝင်တာ ဖြစ်စေတတ်လို့ အထူးဂရုစိုက်ရပါတယ်။ အဖြူဆင်းတာက သဘာဝအတိုင်း ဆင်းနိုင်ပေမယ့် ပိုးဝင်မသန့်လို့ ဆင်းကြတာ များတာပါ။ အမျိုးသမီး အများစုက ဆီးပိုးဝင် ၊ အဖြူဆင်း တာ မသန့်လို့ဖြစ်တယ်ပြောရင် မကြိုက်ချင်ကြဘူး။ ကျမ သန့်အောင်နေတယ် ဆရာ ဆိုပြီး ရန်တွေ့တဲ့သူများတယ်။

ရောဂါပိုး ဘက်တီးရီးယားတွေ၊ မှိုပိုးတွေက မမြင်ရပါဘူး။ ကိုယ်တိုင် သန့်အောင် နေထိုင်ပေမယ့် ဆီးပိုးဝင်တတ်တဲ့ ကိုယ့်ရဲ့ အလေ့အကျင့် သတိမထားမိတာမျိုး ရှိနေတတ်သေးတယ်ဗျ။ အဲ့တာတွေက ရေသောက် နည်းတာ၊ ဆီးသွားချင်ရင် မသွားပဲ အောင့်ထားတာ (အလုပ်ကြောင့်လည်းဖြစ်နိုင် ၊ ပျင်းလို့လည်းဖြစ်နိုင်၊ ညဘက် သရဲကြောက်လို့ မသွားတာလဲဖြစ်နိုင်) ၊ အိမ်သာတက်ပြီး လက်ဆေးခြင်းအနုပညာ မလုပ်တာ စတာတွေကြောင့်လည်း ဖြစ်တတ်ပါသေးတယ်။ အလုပ်အကိုင်ကြောင့် Stress များတဲ့ အမျိုးသမီး တွေကလည်း အဖြူဆင်းတာ၊ ဆီးပိုးဝင်တာတွေ ဖြစ်တတ်ပါတယ်။

နောက် အရေးကြီးတဲ့အချက်ကတော့ S*x ကိစ္စ မသန့်မရှင်း နေထိုင်မိတာတွေက ဆီးပိုးဝင်တာ အဓိက ဖြစ်တဲ့ အကြောင်းအရင်းထဲ ပါဝင်ပါတယ်။ ဒီအချက်က အများစု သတိလက်လွတ် ဖြစ်တတ်တဲ့ အကြောင်းအရာပါ။

သက်ကြီးရွယ်အိုတွေမှာက အသက်အရွယ်အရ ဆီးလမ်းကြောင်း အဖွဲ့အစည်း အားနည်းလာတာ၊ ရောဂါအခံ ရှိတာ (အမျိုးသားဆို ဆီးကျိတ်ရောဂါ) စတာတွေကြောင့် ဆီးပိုးဝင်တတ်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ရောဂါက ဆီးလမ်းကျောင်း အင်္ဂါ တခုလုံး ပြဿနာ ဖြစ်နိုင်လို့ အရေးကြီးပါတယ်။ ဆီးအိမ်ရောင်တာ၊ ကျောက်ကပ်ရောင်တာ၊ ဆီးလမ်းကြောင်းတွေ ရောင်တာ ၊ ပြည်တည်တာ၊ ကျောက်တည်တာ၊ ကျောက်ကပ်အားနည်းသွားတာတွေ အထိ ဖြစ်နိုင်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ရောဂါက အရှင်းမပျောက်ပဲ မကြာ ပြန်ဖြစ်နေတတ်လို့ အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အမျိုးသမီးတွေကတော့ ပိုပြီး ဂရုစိုက်သင့်ပါတယ်။

ရောဂါတခုဖြစ်လာမှာထက် မဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးပါ။ ဒီတော့ ဆီးလမ်းပိုးဝင် မဖြစ်အောင် ဘယ်လိုအချက်တွေ ဂရုစိုက်သင့်လဲ သတိထားလိုက်နာစေချင်ပါတယ်ဗျ။

ရေများများသောက်ပါ (တနေ့ ကျား-၃.၇လီတာခန့်၊ မ-၂.၇လီတာခန့်၊ အားကစားသမား ပိုလိုအပ်)

ကျောက်ကပ်၊ဆီး မတည့်စာများ၊ အားနည်းစေတဲ့ အစားအစာအသီးအနှံများ ရှောင်ကြဉ်ပါ။ (အစပ်၊ အငန်၊ ဒညင်းသီး စသည်)

ဆီးအောင့်ထားတတ်တဲ့အခေ့အကျင့်များရှိပါက မလုပ်ရပါ။ ဆီးသွားချင်တာနဲ့ ဆီးစွန့်ထုတ်သင့်ပါတယ်။

ကျင်ကြီးကျင်ငယ်စွန့်ပြီးတိုင်း လက်ဆေးခြင်းအနုပညာ မမေ့သင့်ပါ။

အတွင်းခံ၊ အောက်ခံ များသန့်ရှင်းစွာလျှော်ဖွတ် မီးပူတိုက်ပါ။

အမျိုးသမီးများ Pad အသုံးအဆောင်များ သန့်ရှင်းသော နေရာတွင်ထားပါ။

တင်းကြပ်သောအောက်ခံ နိုင်လွန်များ မဝတ်ဆင်ပဲ cotton ချည်သားများတဲ့ အဝတ်အစားများ ပိုမိုသင့်လျော်မှုရှိလို့ ဝတ်ဆင့်သင့်ပါတယ်။

S*x အတူနေထိုင်တဲ့အခါမှာ သန့်ရှင်း နေဖို့ လိုအပ်ပါတယ်။

S*x အတူနေပြီးရင် ဆီး စွန့်ထုတ်သင့်ပါတယ်။

တကိုယ်ရေသန့်ရှင်းရေးကတော့ ခန္ဓာကိုယ် ကျန်းမာဖို့ အရေးကြီးတဲ့အချက်မို့ ထူးခြားမပြောတော့ပါ။ ကလေးငယ်တွေ လသားကလေးတွေ အတွက်တော့ အပေါ်မှာ ပြောပြထားပါပြီ။ ဆီးလမ်းကြောင်းပိုးဝင် ဖြစ်လာပြီဆို မကြာခဏ ပြန်ဖြစ်ပြီး အမြစ်မပြတ် နာတာရှည်ဖြစ်လာပြီး ဆီးလမ်းကြောင်းအဖွဲ့အစည်း တခုလုံ ပြဿနာတက်နိုင်လို့ ဆေးမီးတိုတွေနဲ့ မကုပဲ ဆေးခန်း သေသေချာချာပြသဖို့လဲ အရေးကြီးပါတယ် အကြံပြုပါရစေဗျ။

အားလုံးကျန်းမာကြပါစေ။

သင့်ချစ်တဲ့ အိမ်သား တွေ နေ မကောင်း  ဖြစ်ရင် ဒီအစားအစာ  တွေ  မကျွေ းမိဖို့ သေချာဖတ်ရှု့ပြီး Share ထားကြနော်~~~~~~~~~~~~~~...
31/12/2020

သင့်ချစ်တဲ့ အိမ်သား တွေ နေ မကောင်း ဖြစ်ရင် ဒီအစားအစာ တွေ မကျွေ းမိဖို့ သေချာဖတ်ရှု့ပြီး Share ထားကြနော်

~~~~~~~~~~~~~~~~~~~~~~~~~~~

နေမကောင်း ဖြစ်နေ တဲ့ အချိန် မှာ

ရှောင်ရမယ့် အစားအစာ တွေ ရှိပါတယ်။

အိမ်ရှင်မ တွေ သာမက

အိမ်သား အားလုံး သိထား မှ

တစ်ဦး နဲ့ တစ်ဦး စောင့်ရှောက် နိုင် မှာပါ။

လူတစ်ယောက် နဲ့ တစ်ယောက် ကိုယ်ခံအား

ခံနိုင်စွမ်း မတူ ပေမယ့်

သတိထား ရှောင်လိုက် တာ အကောင်းဆုံး ပါ။

***************************************

နှာစေးနေလျှ င် …………

ငှက်ပျောသီး၊ လိမ္မော်သီး၊ ရေခဲ၊ ဆိတ်သား၊

ဆေးလိပ် နှင့် အရက်

*****************************

ချောင်းဆိုး နေလျှင် ……………

ရေခဲမုန့်၊ လိမ္မော်သီး၊ ဆီကြော်စာ၊ အကင်၊ အစပ်၊

မြေပဲ၊ အရက် နှင့် ချိ ု သော အစားအစာ များ

********************************

ရုတ်တရက် အစာအိမ်ရောင် လျှင် …………

အကြော်အလှော်၊ အရက်၊

ငရုပ်သီး နှင့် ကောက်ညှင်း

*******************************

နာတာရှည် အစာအိမ်ရောင် လျှင် …………

ကောက်ညှင်း၊ အသုတ်၊

အချဉ်ဖောက် ထား သော အစာများ

******************************

အူရောင်နေလျှင် …………

ငှက်ပျောသီး၊ မာလာကာသီး

*******************************

အသည်းရောဂါဖြစ်နေလျှင် ………

ငန်း (ကြက်၊ဘဲ) အရေခွံ၊ ဝက်သားဆီ၊

ဆေးလိပ် နှင့် အရက် ဖြစ်ပြီး

အရေးကြီးဆုံး က အိပ်ရေးပျက်ခံ လို့ မရပါ။

********************************

နှလုံးရောဂါ ဖြစ်လျှင် …………

ကယ်လိုရီများ သော အစာ နှင့်

ငန်သော အစားအစာ များ

*********************************

ကျောက်ကပ်ရောဂါ ဖြစ်နေလျှင် …………

ဘီယာ၊ အချိ ု ရည်၊ ငါးခြောက် နှင့် မျှစ်ခြောက်

*******************************

ဆီးချိ ု ရောဂါ ဖြစ်လျှင် …………

အချိ ု စာ၊ အရက်၊ အဆီများ သော အစာ၊

ဆီကြော်စာ နှင့် အကင်

**********************************

သွေးအားနည်းနေလျှင် ………

တရုတ်နံနံ

******************************

သွေးတိုးရောဂါဆိုရင် ……………

အငန်ဓာတ် များသော အစာ၊

ဥအနှစ်၊ တိရိစ္ဆာန် ကလီစာ

**********************************

အစာအိမ်နာဖြစ်လျှင် …………

ပဲမျိ ု းစုံ၊ ကညွတ်၊ ဆားစိမ်သော ဟင်း၊

ကောက်ညှင်း၊ အရက်၊ နာနတ်သီး၊

ငရုတ်သီး နှင့် မာလာကာသီး

*****************************

အရိုးကာအမြှေးရောင်နာ ဖြစ်လျှင်

ငှက်ပျောသီး၊ ကညွတ်၊ အရက်၊ ငရုတ်သီး

**************************
credit

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Pwint Thit Sa Online Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram