Maykhalar Specialist Clinic

Maykhalar Specialist Clinic Specialist Clinic

 #အသည်းအဆီဖုံးတာကလူတိုင်း_ရှိနေတတ်တာမလား ❓ #ဒီတိုင်းပဲထားလိုက်ရင်ရလား ❓              (FLD) #အသည်းအဆီဖုံးတယ်ဆိုတာဘာလဲ ❓  ...
20/03/2026

#အသည်းအဆီဖုံးတာကလူတိုင်း_ရှိနေတတ်တာမလား ❓
#ဒီတိုင်းပဲထားလိုက်ရင်ရလား ❓
(FLD)

#အသည်းအဆီဖုံးတယ်ဆိုတာဘာလဲ ❓
အသည်းကြီးရဲ့ အပေါ်က အဆီတွေဖုံးနေတာမဟုတ်ပါဘူး ၊ အသည်း Cells (hepatocyte) တွေရဲ့အတွင်းထဲမှာ အဆီတွေစုစုလာရာကနေ တရားလွန်များလာတဲ့အခါ အသည်း Cells တွေပျက်စီးပြီး အဆီချည်းကျန်တော့တာကို ဆိုလိုတာပါ။
အသည်းအဆီဖုံးတဲ့ ပမာဏများလေလေ အသည်း cells တွေပျက်စီးပြီး အဆီတွေ များလေလေပေါ့

အသည်းအဆီဖုံးတယ် ဆိုတာမှာ
- ဘာလက္ခဏာမှ မပြတတ်ပါဘူး
- အဲ့ဒါကြောင့် ကိုယ့်မှာ အသည်းအဆီဖုံးနေလား မသိကြပါဘူး

#အသည်းအဆီဖုံးတော့ဘာဆက်ဖြစ်လဲ ❓
👉 အသည်း cells တွေပျက်စီးတော့ အသည်းရောင်လာပါတယ် - hepatitis (အဆီတွေကြောင့်အသည်းရောင်တာမို့ steatohepatitis လို့ခေါ်ပါတယ်
👉 အသည်း cells တွေ - ရောင်တာ ပျက်စီးတာ ကနေ အသည်းမှာ အမာရွတ်တွေဖြစ်လာပါတယ် - fibrosis
👉 ပျက်စီးလိုက် အသစ်ဖြစ်လိုက် အမာရွတ်ဖြစ်လိုက်နဲ့ ဒီတိုင်းဆက်ပစ်ထားရင်
🥲 အသည်းခြောက်ခြင်း - cirrhosis ဖြစ်သွားနိုင်သလို
🥲 အသည်းကင်ဆာ - Hepatocellular Carcinoma ဖြစ်သွားနိုင်ပါတယ်

အဲ့ဒါကြောင့်
😧 B ပိုး၊ C ပိုးလည်း မရှိဘူး
😧 အရက်လည်း မသောက်ဘူး
😧 ဆေးတွေအမြစ်တွေလည်း မသောက်ပဲ အသည်းဘာလို့ခြောက်ရတာလဲ ၊ အသည်းကင်ဆာ ဘာလို့ဖြစ်ရတာလဲ ဆိုရင်
*** “အသည်းအဆီဖုံးတာ ကို မသိလို့ပါ ဒါမှမဟုတ် သိသိကြီးနဲ့ ဂရုမစိုက်ပဲပစ်ထားလို့ပါ” ***

ဆိုလိုတာက #အသည်းအဆီဖုံးနေတယ် ဆိုရင် ဂရုစိုက်ရပါမယ်။
အဆီတွေလျော့သွားအောင်လုပ်နိုင်ရင် ရှေ့ဆက် မပျက်စီးတော့ပဲ #အသည်းအကောင်းလေး_ပြန်ဖြစ်နိုင်ပါတယ် ။

ဘာလက္ခဏာမှမပြဘူးဆိုတော့
#အသည်းအဆီဖုံးတာ_ဘယ်လိုသိနိုင်သလဲ ❓
👉 Ultrasound ရိုက်ရင်သိပါတယ်

Ultrasound က ၃၀,၀၀၀ ကနေ ၅၀,၀၀၀ လောက်ရှိတာ ရိုက်ကိုရိုက်ရမှာလား
👉 Ultrasound မရိုက်လည်း ဒီလိုမျိုးဆိုရင် အသည်းအဆီဖုံးနေနိုင်ပါတယ်
1. ဗိုက်ရွှဲခါးတုတ်နေရင် ( ခါး size အမျိုးသား ၄၀”အမျိုးသမီး ၃၅” ကျော်နေရင်ပေါ့)
2. ကိုယ်အလေးချိန် နဲ့ အရပ်အချိုး BMI 25 ကျော်ရင်
(1 နဲ့ 2 က စာထဲပါတဲ့အတိုင်းပြောရတာ ရှုပ်နေရင် - တွေ့တဲ့လူတွေက သင့်ကို ဝ လာတယ်နော်လို့ပြောတာခံရပြီး အောက်က ဆက်ပြောထားတဲ့ အချက်တွေနဲ့ ငြိနေရင် အသည်းအဆီဖုံးနေနိုင်ပါတယ်)
3. လှုပ်ရှားမှုမရှိဘူး (ဘာလေ့ကျင့်ခန်းမှမလုပ်ဘူး - အလုပ် - အိမ် - စား/သောက် - အိပ်)
4. အဆီ အချို အစားများတယ်
5. ဆေးလိပ် အရက်သောက်တယ်
6. စိတ်ဖိစီးမှုများတယ်
7. အိပ်ချိန်မမှန်ဘူး (အိပ်ရေးပျက်တယ်)
Medical check up လုပ်တုန်း
8. သွေးတွင်းအဆီများနေတယ်
9. ဆီးချိုရောဂါရှိသူ ၅၅.၅% (တနည်း ဆီးချိုရောဂါရှိသူ - ၂ ယောက်မှာ တစ်ယောက်က အသည်းအဆီဖုံးရှိပါတယ်)

အဲ့တော့ ဒီ (၉) ချက်မှာ တစ်ချက်ထက်ပိုနေတာနဲ့ အသည်းအဆီဖုံး နေပါပြီ ၊ အချက်များများငြိလေ သေချာလေပေါ့
__________
#အသည်းအဆီဖုံးနေပြီဘာဆေးသောက်ရမလဲ ❓

ဘာကြောင့်အသည်းအဆီဖုံးရလည်း
- အစားသောင်းကြမ်းလို့
- မလှုပ်ရှားလို့ ဆိုတာ သိထားကြပြီး ပါပြီ
ဒါပေမယ့် ပြင်ဖို့ ဆန္ဒမရှိကြပါဘူး ဆေးသောက်မယ် ဆက်စားကြမယ် ဆက်သောက် ဆက်ကွဲပြဲကြမယ်ပေါ့
အဲ့လိုမရပါဘူး အသည်းအဆီဖုံးတဲ့အဆင့်မှာ “ Diet and Lifestyle modification - အစားအသောက်အနေအထိုင်ကိုပြင်ကိုပြင်ရပါမယ်”

- အဝ လွန်နေရင် ကိုယ်အလေးချိန်ကို ကျန်းမာသော နည်းလမ်းတွေသုံးပြီး လျှော့ပါ
(https://www.facebook.com/104993831383029/posts/108040834411662/)
- အရက်မသောက်ပါနှင့် (အသည်းအဆီဖုံးရုံမက အသည်းပါရောင်နေရင် လုံးဝ ရှောင်ရပါမယ်)
- ဆေးလိပ်သောက်တာဟာ ကင်ဆာတိုင်းကိုဖြစ်စေလို့ ရှောင်ရပါမယ်။
- ဆီးချိုရောဂါ၊ Metabolic syndrome ၊ အဝလွန်ခြင်း ၊ Obstructive sleep apnoea ၊ သွေးတွင်းအဆီများခြင်း (Dyslipidaemia) စတဲ့ရောဂါတွေကိုလည်း သေသေချာချာ ကြပ်ကြပ်မတ်မတ် ကုသမှုခံယူရပါမယ်
- ဆေးသောက်လိုသူများအတွက်ကတော့ #ပြသနေတဲ့ဆရာဝန်နဲ့တိုင်ပင်ပြီး Vitamin E သောက်လို့ရပါတယ်။

အဓိက ကတော့ #အစားအသောက်ပေါ့
- ကဆီဓာတ် (Carbohydrate) လျှော့စားရမှာပါ (ထမင်းအဓိက စားတတ်တဲ့/ကြိုက်တဲ့ ကျွန်တော်တို့အတွက် မလွယ်ဘူးဆိုပေမယ့် လျှော့စားရပါမယ်)
- သွေးတွင်း Glucose ရုတ်တရက်တက်ပြီး Insulin ကမောက်ကမ ဖြစ်စေနိုင်တဲ့ အချိုမုန့်တွေနဲ့ အချိုရည်ကတော့ လုံးဝကို ရှောင်ရမှာပါ
- အချိုကြိုက်တာကို ဘယ်လိုလုပ်ရမလဲ အချိုမုန့်တွေနဲ့ အချိုရည် ကော ရှောင်ရရင် 😀 အသီးတွေစားပါ (အသားအရေလည်းကောင်း အဆိပ်အတောက်တွေလည်းစင်တာပေါ့)
- ဟင်းသီးဟင်းရွက် အများကြီးစားပါ (ကျွန်တော်တို့ နိုင်ငံအတွက်ကတော့ သေသေချာချာဆေးပြီးမှ စားကြပါ) ကျန်းမာချင်လို့ ဟင်းသီးဟင်းရွက် စားကာမှ ပိုသတ်ဆေးမိပြီး ကြွသွားမှာစိုးလို့ပါ (လူယုတ်မာ is everywhere 😅)
- အသားက ကဆီဓာတ်လောက်မဆိုးပေမယ့် ဝက်သားစားတဲ့လူထက် ငါးစားတဲ့ သူက အများကြီးပိုပြီး ကျန်းမာတာပေါ့ (ပင်လယ်စာ စားပေးပါ) ပင်လယ်စာဆိုလို့ ငါးပိ၊ငါးခြောက်တွေ အများကြီးစားရင်တော့ သွေးတိုးရောဂါရပါလိမ့်မယ်
- အဆီကတော့ ပဲဆီ သုံးတာအကောင်းဆုံးပေါ့ (သံလွင်ဆီက ပိုကောင်းတယ် ဆိုပေမယ့် သူ့စျေးကဝယ်မှ မစားနိုင်တာ 😅) ကိုယ့်ဝင်ငွေအရ စားအုံးဆီပဲစားနိုင်တယ် ဆိုလဲ နည်းနည်းပဲသုံးပေါ့ (တစ်ခါသုံးပြီးသားဆီတော့ လုံးဝ ပြန်မသုံးကြပါနဲ့ Trans fat တွေက တော်တော်ကြောက်ဖို့ကောင်းလို့ပါ)
- Intermittent fasting ဆိုတဲ့ နည်းလမ်းကတော့ လုပ်နိုင်ရင် ကောင်းတယ် ဆိုတဲ့ သုတေသနတွေ အများကြီးရှိပါတယ် ၊ တကယ်လည်း ကိုယ်အလေးချိန်ကျသလို (Insulin resistance ကျသွား တဲ့အတွက်)ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်
(ဒါပေမယ့် ရေရှည်လုပ်နိုင်မလုပ်နိုင်ဆိုတာရယ်၊ လုပ်ငန်းခွင်မှာ ဗိုက်ဆာနေပြီး အဆင်မပြေဖြစ်နေမှာရယ်ကို ချိန်ကြပါ )
- Keto diet ကတော့ ကျွန်တော် (ကျွန်တော့ Opinion ပါ) အားမပေးပါဘူး ( ခေတ်အရမ်းစားနေပေမယ့် Diet တစ်ခုမှာ Carbohydrate လျှော့တာမှန်ပေမယ့် အဆီ Potion များများစားခိုင်းတာ မဖြစ်သင့်ပါဘူး)
- အကောင်းဆုံးကတော့ ကောက်ရိုးမီး မဟုတ်ပဲ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ (ဒူးနာလို့ ဟိုနားနာလို့ဒီနားနာလို့ ဘာမှမလုပ်ဖြစ်ဘူးဆိုတဲ့ သူတွေလည်း မနာတဲ့နေရာတွေကို လေ့ကျင့်ခန်းလုပ်ပေါ့)
- Workout ထဲမှာ မလုပ်ရမယ့် Workout ကတော့ ပါးစပ် Workout ပါပဲ 😁 (တခြားဘယ်နေရာမှ မလှုပ်ရှားပဲ မိုးလင်းမိုးချုပ် ပါးစပ်ပဲလှုပ်နေတာလေ တကျွတ်ကျွတ်နဲ့စားနေတာပေါ့)
- အတင်းပြောရင်တောင် Mood ဝင်လာလို့ မျက်နှာမဲ့ရွဲ့ပြီး ကိုယ်ဟန်လက်ဟန်တွေပါလာရင် လေ့ကျင့်ခန်းလုပ်သလိုဖြစ်သေးတယ်လေ (စတာနော်)
- စိတ်ဖိစီးမှုလျှော့ (သူများကို အကောင်းမြင်ရမှာ 😀၊ သံသယစိတ် လျှော့၊ ဣဿာမစ္ဆရိယ လျှော့ရမှာပေါ့)
__________
#အသည်းအဆီဖုံးရုံမက_အသည်းပါရောင်နေပြီ
အသည်းအထူးကုဆရာဝန်/တတ်ကျွမ်းနားလည်တဲ့ဆရာဝန် ပြသပြီး သေသေချာချာ ကုသမှုခံယူရပါမယ် မဟုတ်ရင် (၇ နှစ် အတွင်း)
- အသည်းခြောက်
- အသည်းကင်ဆာ ဖြစ်လာပါလိမ့်မယ်

အရွယ်ရောက်ပြီးသူ စုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်းဟာ အသည်းအဆီဖုံးရောဂါရှိပါတယ် (၄ ယောက်မှာ တစ်ယောက်ရှိတာမို့ - သင်လည်းအစားကြိုက်ပြီးလေ့ကျင့်ခန်းလုပ်ရမှာပျင်းနေတယ်ဆိုရင် သတိထားဖို့လိုအပ်ပါတယ်)

(Photo Credit; Cleveland clinic)
ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

ဆေးကုသခြင်း ကျန်းမာရေးစစ်ဆေးခြင်း စတဲ့ ကျန်းမာရေးစောင့်ရှောက်ခြင်းတွေအတွက် သွားလာရလွယ်ကူတဲ့ မြို့လယ်ခေါင်မှာရှိတဲ့ စျေးနှုန်းသင့်တင့်တဲ့ မေခလာအထူးကုဆေးခန်းမှာ အထွေထွေရောဂါအထူးကုဆရာဝန်ကြီးများနှင့် ပြသလို့ရပါတယ်

#မေခလာအထူးကုဆေးခန်း
ကြိုတင်ရက်ချိန်းယူရန်နှင့် စုံစမ်းရန် ➡️
☎️ 018375222, 018387721, 09886600300
📮 အမှတ် ၃၂၇၊ရွှေဘုံသာလမ်း(အပေါ်ဘလောက်)၊ပန်းပဲတန်းမြို့နယ်၊ရန်ကုန်မြို့။

 #အညော်မိရင်_အနာရင်းတတ်တယ်_ဆိုတာဟုတ်လား #ခွဲစိတ်ပြီးစလူနာ_အညော်မခံရဘူးဆို            မီးဖိုချောင်က ထွက်တဲ့အငွေ့တွေက အန္တ...
10/03/2026

#အညော်မိရင်_အနာရင်းတတ်တယ်_ဆိုတာဟုတ်လား
#ခွဲစိတ်ပြီးစလူနာ_အညော်မခံရဘူးဆို



မီးဖိုချောင်က ထွက်တဲ့အငွေ့တွေက အန္တရာယ်ရှိ မရှိ မသိရင်တောင် အနံ့က တော်တော်ဆိုးပါတယ်။
အစားဆိုတာက စားလို့သာကောင်းတာ #စားလို့ကောင်းတယ်လို့_ဖြစ်လာရအောင် ပြင်ဆင်ချက်ပြုတ်ရတဲ့ အိမ်ထောင်ရှင်မတွေ (အိမ်ထောင်ရှင်ထီးတွေ/စားဖိုမှူးတွေ) အတွက်က အပင်ပန်းခံရသလို ရေရှည်မှာ ကျန်းမာရေးဆိုင်ရာဆိုးကျိုး တွေ ရှိလာနိုင်ပါတယ်။

Cooking Fumes (ဟင်းချက်ရာကထွက်တဲ့ အငွေ့) ပဲခေါ်ခေါ်
Kitchen Fumes (မီးဖိုချောင်ကထွက်တဲ့ အငွေ့) ပဲခေါ်ခေါ်
ညော်နံ့ပါပဲ (မွှေးတာလည်း ရှိတာပေါ့လေ 😁)

#အဲ့ဒီအငွေ့တွေထဲဘာတွေပါတုန်း ❓

- nitrogen dioxide,
- carbon monoxide,
- carbon dioxide,
- volatile organic compounds,
- carcinogens and others

ပြောရရင် အပူရှိန်ပြင်းပြင်း နဲ့ အသားကင်ရာက ထွက်လာတဲ့ အငွေ့ထဲမှာ polycyclic aromatic hydrocarbons (PAHs) ဆိုတဲ့ ကင်ဆာဖြစ်စေ နိုင်တဲ့ အငွေ့ပါဝင်ပါတယ်။

ဆိုးလား ဆိုတော့ ဆိုးတာပေါ့

ဒါပေမယ့် အဲ့အငွေ့တွေရှူမိတိုင်း ကင်ဆာဖြစ်ရောလား ဆိုတော့ 🚨 မဟုတ်ပါဘူး 🚨

ကျွန်တော်တို့ စားသောက်တဲ့အစာ၊ သောက်သုံးတဲ့ရေ၊ ရှူသွင်းတဲ့လေ တွေထဲမှာ ခန္ဓာကိုယ်ကြီးကို အန္တရာယ်ဖြစ်စေနိုင်တဲ့
- ဓာတုပစ္စည်းတွေ
- ပိုးမွှားတွေ
- ကင်ဆာဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်ပါတယ်

ကျွန်တော်တို့ ခန္ဓာကိုယ်ကြီး ရဲ့ချစ်ဖို့ကောင်းတဲ့အချက်က အဲ့ဒီဓာတ်ပစ္စည်းတွေကို အန္တရာယ်မပေးနိုင်တဲ့ ပစ္စည်းတွေ အဖြစ်ပြောင်းလဲပေးပြီး စွန့်ထုတ်ပစ်ပါတယ်။

အရာရာမှာ အတိုင်းအဆ ရှိတယ် ဆိုတဲ့အတိုင်းပေါ့
- အကင်တွေစားရင်
- ဆိုးဆေးတွေ တာရှည်ခံအောင်ထည့်တဲ့ ဓာတုပစ္စည်းတွေ
- ဓာတ်မြေဩဇာတွေ
- ပိုးသတ်ဆေး ပေါင်းသတ်ဆေးတွေ တရားလွန်များတဲ့ ကင်ဆာဖြစ်စေ အစားအသောက်တွေ တရားလွန်စားပြီး ခန္ဓာကိုယ်က ရှင်းပေးနိုင်တဲ့ ပမာဏထက် ပိုများလာတဲ့အခါ မှာတော့

👉 #ကင်ဆာ_ဖြစ်ကြပြီပေါ့

အဲ့လိုပါပဲ

နေ့စဉ်နေ့တိုင်း ဟင်းချက်နေရပြီး ညော်နံ့တွေ ရှူနေရတဲ့အခါ (ဆယ်စုနှစ်နဲ့ချီကြာလာတဲ့အခါ)

- အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကတော့ ကျိန်းသေဖြစ်ပါတယ်

* အဆုတ်ပွ အဆုတ်ရောင်
* ပန်းနာရင်ကြပ်
* ထိပ်ခပ်နာ
* အဆုတ်ကင်ဆာ ထိတောင်ဖြစ်နိုင်ပါတယ်။

မဖြစ်ရအောင် ဘယ်လိုလုပ်ကြမလဲ ❓

အဲ့လို မကောင်းတဲ့ အငွေ့တွေနဲ့ Exposure (ထိတွေ့မှု) နည်းနိုင်သမျှနည်းရအောင်လုပ်ကြရမှာပါ

👉 ငွေကြေးတတ်နိုင်ရင်တော့ မီးဖိုအပေါ်မှာ အငွေ့စုပ်တဲ့ ပန်ကာ နဲ့ ခေါင်းတိုင်တွေ တပ်ကြပေါ့
လူတိုင်းလုပ်နိုင်တာကတော့
👉 မီးဖိုခန်းကို လေဝင်လေထွက် ကောင်းအောင် တံခါးတွေ အကုန်ဖွင့်ထားရပါမယ်

(အိမ်က အမေကလေ ဆေးလိပ်လည်း မသောက်ပဲ အဆုတ်ကင်ဆာဖြစ်သွားတယ် ဆိုတာ အကြောင်းရင်းတွေ အများကြီးထဲက လေဝင်လေထွက်မကောင်း တဲ့ မီးဖိုခန်းထဲမှာ အနှစ် ၃-၄ ဆယ်လောက် ထမင်းဟင်း ချက်နေရတာလည်း အချက်တစ်ချက်ပါပဲ)

_________
လူပြောများတဲ့ *အနာရှိရင်_ညှော်မခံ နဲ့ #အနာရင်းတတ်တယ် ဆိုတာကို ရှင်းရရင်။

အနာရှိရက် နဲ့ မီးဖိုခန်းဝင်ပြီး ချက်ပြုတ်နေရရင်တော့

1. အငွေ့တွေရှူသွင်းနေရတဲ့ အတွက် သွေးတွင်း Oxygen ပမာဏ နည်းလာနိုင်တဲ့ အတွက် အနာကျက်နှေးပါတယ်
2. ကောင်းကောင်းအနားမယူပဲ လှုပ်ရှားနေတဲ့အတွက် အနာကျက်နှေးပါတယ်
3. အပူတွေ နဲ့ အလုပ်လုပ်ရတဲ့ အတွက် ခန္ဓာကိုယ်က ထွက်တဲ့ ချွေးတွေ နဲ့ မီးခိုးတွေ ဖုန်တွေ အမှုန်တွေ ရောပြီး ချေး(ဂျေး) တွေ ဖြစ်လာရာက အနာကို ပိုး ဝင်ပြီး အနာရင်း လာနိုင်ပါတယ်။
4. အလုပ်တွေလုပ် ပင်ပန်းပြီး အစာကျတော့ ကောင်းကောင်းမဝင်တဲ့အခါ အာဟာရချို့တဲ့ပြီး အနာကျက်နှေးပါတယ်

အဲ့ဒီအချက်တွေကြောင့် #အနာရင်းလာနိုင်သလို #အနာကျက်_နှေးရတာပါ။
_________
- အိမ်ဦးခန်းမှာ ငုတ်တုတ်ထိုင်ရင်း ညော်နံ့လေးခဏ ရှူမိရုံနဲ့ အနာကြီးရင်း မသွားပါဘူး။
- ဘေးအိမ်က ညှော် လုပ်တာကို ရှူမိရုံ နဲ့ အနာကြီးရင်း မသွားပါဘူး။
- လမ်းလျှောက်ထွက်ရင်း ညှော်နံ့ ရှူမိရုံ နဲ့ အနာကြီးရင်း မသွားပါဘူး။
________
" ရှေးထုံးလည်း မပယ်နဲ့" ဆိုတဲ့ စကားရှိတဲ့အတွက် အနာရှိတယ် ဆိုရင် ညှော်ကတော့ ရှောင်ရပါမယ်။

ရှောင်တယ် ဆိုတဲ့ နေရာမှာ ညှော်နံ့လေး ခဏလောက်ရလိုက်တာကို
- တအိမ်လုံးပတ်ရန်ရှာ နေဖို့ မလိုကြောင်း
- ဘေးအိမ်ကို ရန်သွားတွေ့ ရန်မလိုကြောင်း ရှင်းပြတာပါ

ယောက္ခမကြီး အနာရှိလို့ ညှော်နဲ့တိုက်သတ်မယ် ဆိုပြီး ငရုတ်သီးတွေ လှော်နေရင် ယောက္ခမကြီးကတော့ အနံ့ရှူရုံနဲ့က နှာချေရုံက လွဲပြီးတခြားမဖြစ်ပဲ အနီးကပ်ရှူရတဲ့ကိုယ်ပဲ အသက်ရှူလမ်းကြောင်း ပြဿနာတွေ ကြုံရနိုင်လို့ အချီးနှီးပါနော် 😬😬😬
__________
နိဂုံးချုပ်ရရင်

- မီးဖိုချောင်ကထွက်တဲ့ အငွေ့တွေက ရေရှည်မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်
- အဲ့လို မဖြစ်ရအောင် မီးဖိုခန်းကို လေဝင်လေထွက်ကောင်းအောင် စီမံရပါမယ်
- ညှော်နံ့ရှူရုံ နဲ့ အနာမရင်းကြောင်း အကျိုးသင့်အကြောင်းသင့် သိကြမယ်ထင်ပါတယ်

ရှေးလူကြီးများက အနာရောဂါရှိလျှင် မြန်မြန်သက်သာရအောင် မီးဖိုခန်းမဝင်စေလိုလို့ "အနာရှိရင် ညှော်ရှောင်ရမယ်" လို့ ပြောကြားခဲ့ပုံရပါတယ်။

(Photo credit; Dreamstime )

ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

ဆေးကုသခြင်း ကျန်းမာရေးစစ်ဆေးခြင်း စတဲ့ ကျန်းမာရေးစောင့်ရှောက်ခြင်းတွေအတွက် သွားလာရလွယ်ကူတဲ့ မြို့လယ်ခေါင်မှာရှိတဲ့ စျေးနှုန်းသင့်တင့်တဲ့ မေခလာအထူးကုဆေးခန်းမှာ အထွေထွေရောဂါအထူးကုဆရာဝန်ကြီးများနှင့် ပြသလို့ရပါတယ်

#မေခလာအထူးကုဆေးခန်း
ကြိုတင်ရက်ချိန်းယူရန်နှင့် စုံစမ်းရန် ➡️
☎️ 018375222, 018387721, 09886600300
📮 အမှတ် ၃၂၇၊ရွှေဘုံသာလမ်း(အပေါ်ဘလောက်)၊ပန်းပဲတန်းမြို့နယ်၊ရန်ကုန်မြို့။

 ျားနေတယ် ှာအသည်းအဆီဖုံးတယ်ဆိုလို့ #အဆီကျဆေး_သောက်နေတယ်လေDyslipidaemia                  #သွေးထဲအဆီတွေများနေတယ်👉👉👉သွေးစစ်...
02/03/2026

ျားနေတယ်
ှာအသည်းအဆီဖုံးတယ်ဆိုလို့
#အဆီကျဆေး_သောက်နေတယ်လေ

Dyslipidaemia
#သွေးထဲအဆီတွေများနေတယ်

👉👉👉
သွေးစစ်လို့ Lipid profile မှာပါတာတွေက

- Total Cholestrol
- LDL Cholestrol
- HDL Cholestrol
- Triglyceride

ဆိုပြီး (၄) မျိုးပါပါတယ်။

လူတော်တော်များများရဲ့ အဖြေမှာ HDL Cholestrol ကနည်းပြီး ကျန်တဲ့ (၃) မျိုး များနေတတ်ပါတယ်။

ဘာလို့ပါလဲ 🤔

👉👉👉
အကြောင်းနည်းနည်းပြောပြပါမယ်။

အဆီတွေ (အသားကရတာ၊ငါးကရတာ၊ အသီးကရတာ၊ ဟင်းချက်ဆီ) အားလုံးကို ချေဖျက်ပြီးရင် fatty acid နဲ့ glycerol ဆိုတာရပါတယ်။

အဲ့ဒါတွေကို အူတွေက စုပ်ယူပါတယ်။

စုပ်ယူတဲ့ အဆီတွေကို အသည်းဆီပို့ပါတယ်။ လိုအပ်ရင်သုံးလို့ရအောင်။

အဲ့ထက် ပိုတဲ့ အဆီတွေကို ခန္ဓာကိုယ်က Cells တွေဆီ ပို့ပါတယ်။ ပိုတဲ့ အဆီတွေကို Cells တွေထဲမှာ သိမ်းရင်းသိမ်းရင်း နဲ့ အဆီ Cells တွေများလာပါတယ်။

အဲ့တော့ ဝ လာတယ်ဆိုတာပေါ့။

ဒီမှာပြောချင်တာက အဆီစားမှ မဟုတ်ပါဘူး၊

ထမင်းစားများရင် => glucose များပါတယ်၊ အဲ့ဒါ ကိုအသည်းမှာ Glycogen အနေနဲ့ သိမ်းပါတယ်
အဲ့ထက်ပိုရင် #အဆီအဖြစ်ပြောင်းလိုက်ပါတယ်၊

အသားအစားများရင် => Amino acid တွေကို ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပစ္စည်းတွေထုတ်ပါတယ်။ ကြွက်သားပျက်စီးတာတွေအစားထိုးပါတယ်၊ အနာတွေရှိရင် အစားထိုးပါတယ်(အနာကျက်အောင်) အဲ့ဒါထက်ပိုရင် #အဆီအဖြစ်ပြောင်းလိုက်ပါတယ်

အဲ့တော့ "ကိုယ်က cholesterol free ပဲစားတာ၊ ဘာလို့ ဝ လာလဲမသိပါဘူး" ဆိုတဲ့ ပုဂ္ဂိုလ်များ သိလောက်ပါပြီနော်။

ခန္ဓာကိုယ်က အရွက်ကလွဲလို့ ကြိုက်တာစား ပိုလို့ကတော့ #အဆီပြောင်း ပလိုက်တာ။

👉👉👉

အဆီဟာရေမှာ မပျော်ဝင်ပါဘူး။ အဲ့တော့ တစ်နေရာကတစ်နေရာသွားဖို့ သယ်ပေးမယ့်သူလိုပါတယ်။

LDL နဲ့ HDL ဆိုတာ Carrier Protein တွေပါ (အဆီမဟုတ်ပါဘူး)

ဆိုတာက အဆီတွေကို အူကနေ၊ အသည်းကနေ ခန္ဓာကိုယ်က Cells တွေဆီကို ပို့ပေးတဲ့ကောင်ပါ

***LDL များနေတယ်ဆိုတာ ခန္ဓာကိုယ်က cells တွေဆီကို အဆီတွေများများပို့နေတယ် လို့ပြောတာပါ။
မကောင်းတဲ့ကောင်ပါ ၊ များလေ မကောင်းလေပါ

ဆိုတာ ခန္ဓာကိုယ်က Cells တွေဆီက အဆီတွေကို ခန္ဓာကိုယ်အတွက် စွမ်းအင်အဖြစ်သုံးဖို့ အသည်းဆီကို ပို့ပေးတဲ့ ကောင်ပါ

***HDL များတယ်ဆိုတာ ခန္ဓာကိုယ် cells တွေဆီက အဆီတွေကို သုံးပစ်နေပြီလို့ပြောတာပါ
ကောင်းတဲ့ကောင်ပါ၊ များလေ ကောင်းလေပါ

(HDL ဘယ်အချိန်များလဲဆိုတော့ လေ့ကျင့်ခန်းလုပ်ရင် ခန္ဓာကိုယ်က စွမ်းအင်လိုတော့ အဆီတွေကို ဖြိုခွဲပြီးသုံးလို့ အသည်းဆီအဆီသယ်ပေးမယ့် HDL များများလိုတာပါ)

------

Triglyceride (TG) ဆိုတာ ခန္ဓာကိုယ်ထဲမှာ
- သိုလှောင်ထားတဲ့ အဆီ၊
- အသည်းအဆီဖုံးတယ်ဆိုတဲ့အဆီ ၊
- နှလုံးအဆီဖုံးတယ်ဆိုတဲ့အဆီ၊
- သွေးကြောထဲပိတ်တယ်ဆိုတဲ့အဆီ၊
- နှလုံးသွေးကြောပိတ်တဲ့အဆီ
- ဦးနှောက်သွေးကြောပိတ်ပြီးလေဖြတ်စေတဲ့အဆီ
- ခြေလက်သွေးကြောတွေပိတ်ပြီး ခြေပုတ်လက်ပုတ်ဖြစ်စေတဲ့ အဆီပါ

အဲ့တော့ TG များတယ်ဆိုတာ အခြေအနေမကောင်းပါဘူး။

👉👉👉

#အဆီချရပါမယ်

ဘာတွေကို နည်းအောင်လုပ်မလဲ ?

☑️ TG နည်းရပါမယ်
☑️ LDL နည်းရပါမယ်

✅ HDL များရပါမယ်

ဘာစားစား #လိုတာထက်ပိုစားရင် အဆီတက်မှာပါ
(အစားလျှော့ပါမယ်)
#လေ့ကျင့်ခန်းလုပ်ရင် Energy လိုတဲ့ အတွက် ရှိပြီးသားအဆီတွေကို ဖြိုခွဲပါတယ် (HDL တတ်လာပါလိမ့်မယ်)

လုပ်ရမှာက (၂) ခုထဲပါ။

👉👉👉

လုပ်ရမယ့် (၂) ခုကို မလုပ်ပဲ နဲ့ #ဆေး တွေ လျှောက်သောက်ပါတယ်။

#အဆီကျဆေး ဆိုတာတွေသောက်ပါတယ်။

အဆီကျဆေး ဆိုတာ အကြမ်းအားဖြင့် (၂) မျိုးရှိပါတယ်။
၁။ သွေးထဲက အဆီတွေ ကျအောင်လုပ်တဲ့ဆေး
၂။ စားတဲ့ အစာထဲက အဆီတွေ မစုပ်အောင်တားတဲ့ဆေး

👉👉👉

၁။ သွေးထဲက အဆီတွေ ကျအောင်လုပ်တဲ့ဆေး

အဲ့ဒီဆေးက သွေးထဲက #အဆီတွေကို အသည်းဆီကို ပို့ပြီ ဖျက်ပစ်ခိုင်းပါတယ်။

(ဒါပဲဆိုရင် ကောင်းလှချည်လားပေါ့ HDL လုပ်သလို လုပ်ပေးတာလေ) ❌❌❌ မဟုတ်ပါဘူး

👉 များနေသမျှ အဆီတွေကို ဆေး 💊 က တာဝန် ကျေကျေ အသည်းဆီ ပို့ပါတယ်၊
👉 အသည်းကလည်း တာဝန် ကျေကျေ အဆီတွေကို ဖျက်ဆီးပစ်ပါတယ်
😢😢😢😢😢
လူကကျတော့ အဆီကျဆေး သောက်ထားတယ်ဆိုပြီး စားမြဲစား၊ သောက်မြဲသောက်နေပါတယ်
👉 အဆီတွေ သွေးထဲ တရားလွန်များနေတော့
👉 အသည်းက အလုပ်မတရားလုပ်ရပါပြီ
👉 အရက်လေးကလည်းသောက်တော့ အရက်ကိုလည်း ဖျက်တဲ့အလုပ်လုပ်ရပါတယ်

👉 နဂိုထဲက ကောင်းတဲ့ အသည်းလားဆိုတော့ မဟုတ်ပါဘူး အဆီဖုံးနေတဲ့ အသည်းပါ။

ဘာနဲ့တူလဲဆိုတော့ ပေါင် (၃၀၀) လောက်ရှိတဲ့ လူဝကြီးကို ပြေးခိုင်းပြီး နောက်က ကျားလိုက်ခိုင်းသလိုဖြစ်နေပါတယ်။ (သေမှာကြောက်တော့ ပြေးရင်းအမောဆို့ပြီးသေသွားပါလိမ့်မယ်)

👉 အဲ့လိုနဲ့ အသည်းပျက်ပါလိမ့်မယ်။ အသည်းရောင်ပါမယ်။ နောက်အသည်းခြောက်ပါလိမ့်မယ်။

😰😰😰

အထူးကုဆရာဝန်ကြီးတွေ သောက်ခိုင်းတာကြတော့ရော
သူတို့က
- လိုအပ်တဲ့ သူကိုပဲပေးတာပါ
- အသည်းကောင်းမကောင်း အရင်ကြည့်ပါတယ်။
- (၃) လတစ်ခါ ရက်ချိန်းခေါ်ပြီး သွေးစစ်နေတယ် ဆိုတာ သူတို့ ပိုက်ဆံလိုချင်လို့ ခေါ်နေတာ မဟုတ်ပါဘူး (လိုအပ်တာတွေပြန်စစ်ဖို့ခေါ်တာပါ)
- သွားပြလဲ ဒီဆေးတွေပဲ ဆက်ပေးတာပဲ ဆိုပြီး (သွားမပြပဲ ဆေးတွေဆက်သောက်နေကြတာ ကြောက်ဖို့ကောင်းပါတယ်)
- ဒီဆေးတွေ ဆက်ပေးတယ်ဆိုတာက စစ်ဆေးကြည့်ပြီးသောက် လို့ရသေးလို့ ဆက်ပေးတာပါ
- ပြီးတော့ အစားလျှော့ခိုင်းတယ်လေ

(အဆီကျဆေး သောက်မယ်ဆိုရင် အသည်းကောင်းဖို့လိုသလို၊ အသည်းဝန်မပိအောင် အစားလျှော့ဖို့လည်း လိုပါတယ်)
အဲ့တော့ ဆေးသောက်သောက်/မသောက်သောက် အစားက လျှော့ရမှာပဲ။
လေ့ကျင့်ခန်းက လုပ်ကမှာပဲ။

👉👉👉
၂။ စားတဲ့ အစာထဲက အဆီတွေ မစုပ်အောင်တားတဲ့ဆေး
- Online ကနေ ရောင်းတာဖြစ်ဖြစ်၊
- Gym သွားပြီး Workout မလုပ်ပဲ စကားသွားပြောရင်း အချင်းချင်း ညွှန်းတာဖြစ်ဖြစ်ကနေ သောက်ကြတာပါ

❌❌❌ (အူထဲက နေ စားတဲ့ အဆီမစုပ်အောင်ပိတ် တော့ ကြိုက်သလောက်စား အဆီ မတက်ဘူးလေ)❌❌❌

အဲ့လောက်လွယ်ရင် ပိုက်ဆံတတ်နိုင်တဲ့ လူတိုင်း Six Packs တွေ နဲ့ဖြစ်နေကြမှာပေါ့ 🤷‍♂️

6 packs နဲ့က ရုပ်ဆိုးလို့
👉 ခန့်အောင် ဗိုက်ပူကြီး တမင်ထားတဲ့သူ ရှိမယ် မထင်ပါဘူး

(ထားပါတော့ အဆဲခံရတော့မယ် 😅)

#ဆေးတွေက တကယ် အူကနေ အဆီမစုပ်စေပါဘူး

ဒါပေမယ့်
- အဆီပဲမစုပ်တာလေ တခြားဟာစုပ်တယ်၊ ဆေးသောက်ထားတယ်ဆိုပြီး မတရားစားတော့ ပိုတဲ့ဟာတွေက ခန္ဓာကိုယ်ထဲ အဆီပြောင်းသွားတာပဲ
- ဘာထူးလဲ ဆိုတော့ Fat soluble Vitamin ဖြစ်တဲ့ Vitamin E မစုပ်ဘူးလေ အဆီမှမစုပ်တာ (အဲ့တော့ ရုပ်တွေရင့်လာရော)
- Fat soluble Vitamin ဖြစ်တဲ့ Vitamin D မစုပ်ဘူးလေ အရိုးတွေပွ၊ ကိုယ်ခံအားတွေကျ၊ အရိုးတွေနာ၊ ကြွက်သားတွေနာ
- ပြီးတော့ အဆီမစုပ်တော့ ဝမ်းသွားဆီတရွှဲရွှဲ နဲ့၊ အဲ့ဒါအပြင် တောက်လျှောက်ကျနေတာဆိုတော့ ပုဆိုးတွေ၊ ထမီတွေ ဆီတွေကွက် လူကြားထဲ ဒီလောက် ဒုက္ခရောက်တဲ့ ဆေးကြီး

😰😰😰
-------

ပြန်ချုပ်ရရင်

သွေးထဲအဆီများနေတယ် ဘာလုပ်ရမလဲ

✅ အစားလျှော့စားပါ၊ ည (၆) နာရီနောက်ပိုင်းမစားပါနှင့် (စောစောအိပ်ပါ ၊ မအိပ်ရင်ပြန်ဆာလိမ့်မည်)
✅ အချိုရည် လုံးဝ (လုံးဝ) မသောက်ပါနှင့်
✅ ဆီကြော် လျှော့စားပါ (မစားကအကောင်းဆုံးပါ)
✅ ဗိုက်ပြည့်နေအောင်အရွ​က်များများစားပါ
✅ လေ့ကျင့်ခန်းလုပ်ပါ ၊ အပြင်းအထန်ကြီး လုပ်စရာ မလိုပါဘူး တစ်နေ့ မနက် (၃၀) မိနစ် ညနေ (၃၀) မိနစ် လမ်းလျှောက်ပေါ့ (ခပ်သွက်သွက်တော့လျှောက်ပါ ၁၀ မိနစ်ဆို ချွေးထွက်လာမှ မှန်ပါတယ်
ပြေးစက်နဲ့ဆို 6km/hr နှုန်းလျှောက်ပါ)
(Gym မှာ တစ်နှစ်စာ ပိုက်ဆံသွင်းပြီး စကားသွားပြောကြရင် မိအေး၂ ခါနာပါတယ်)
✅ ဆေးက ဆရာဝန်မညွှန်းပဲ ❌ မသောက်သင့်ပါ

အဲ့လိုသာလုပ်မယ်ဆိုရင်

(၃) လအတွင်း သွေးတွင်းအဆီတွေကျပြီး (ကိုယ်အလေးချိန်ချက်ချင်းမကျရင်တောင်) ကျွန်တော်လို ကျန်းမာတဲ့ ဝက်ကြီးအဖြစ်ကနေ တဖြည်းဖြည်း ကိုယ်အလေးချိန်ပါ ကျလာပါလိမ့်မယ်။

😀 တစ်ပတ်ကြာရင် လူက Fit ဖြစ်တာသိသာ လာပါလိမ့်မယ်
😀 တစ်လ ကြာရင် အကျင့်ဖြစ်သွားပါပြီ
😀 (၃) လ ကြာရင် ရလဒ်တွေ မြင်လာရပါမယ်

အဲ့ဒါကြောင့်
#ဒီနေ့ပဲစလုပ်ပါ

ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

ဆေးကုသခြင်း ကျန်းမာရေးစစ်ဆေးခြင်း စတဲ့ ကျန်းမာရေးစောင့်ရှောက်ခြင်းတွေအတွက် သွားလာရလွယ်ကူတဲ့ မြို့လယ်ခေါင်မှာရှိတဲ့ စျေးနှုန်းသင့်တင့်တဲ့ မေခလာအထူးကုဆေးခန်းမှာ အထွေထွေရောဂါအထူးကုဆရာဝန်ကြီးများနှင့် ပြသလို့ရပါတယ်

#မေခလာအထူးကုဆေးခန်း
ကြိုတင်ရက်ချိန်းယူရန်နှင့် စုံစမ်းရန် ➡️
☎️ 018375222, 018387721, 09886600300
📮 အမှတ် ၃၂၇၊ရွှေဘုံသာလမ်း(အပေါ်ဘလောက်)၊ပန်းပဲတန်းမြို့နယ်၊ရန်ကုန်မြို့။

တပေါင်းလပြည့်နေ့အခါသမယမှာ မိဘပြည်သူများအားလုံး ဗုဒ္ဓဂုဏ်၊ ဓမ္မဂုဏ်၊ သံဃဂုဏ်တို့ကို အမြဲတမ်းစိတ်နှလုံးသွင်းနိုင်ပြီး စိတ်...
02/03/2026

တပေါင်းလပြည့်နေ့အခါသမယမှာ မိဘပြည်သူများအားလုံး ဗုဒ္ဓဂုဏ်၊ ဓမ္မဂုဏ်၊ သံဃဂုဏ်တို့ကို အမြဲတမ်းစိတ်နှလုံးသွင်းနိုင်ပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းပြည့်စုံ ကြပါစေ လို့ မေခလာအထူးကုဆေးခန်းမိသားစု မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်
🙏🙏🙏

#မေခလာအထူးကုဆေးခန်း
☎️ 018375222, 018387721, 09886600300
📮 အမှတ် ၃၂၇၊ရွှေဘုံသာလမ်း(အပေါ်ဘလောက်)၊ပန်းပဲတန်းမြို့နယ်၊ရန်ကုန်မြို့။

 #လေထုအရည်အသွေးကျပြီး_လေထုညစ်ညမ်းနေတယ်တဲ့ #ဘာလို့ဖြစ်ရတာလဲ_ဘယ်လိုလုပ်ကြမလဲ ❓           #လေထုညစ်ညမ်းခြင်း (Air Pollution)...
26/02/2026

#လေထုအရည်အသွေးကျပြီး_လေထုညစ်ညမ်းနေတယ်တဲ့
#ဘာလို့ဖြစ်ရတာလဲ_ဘယ်လိုလုပ်ကြမလဲ ❓

#လေထုညစ်ညမ်းခြင်း (Air Pollution)

“အရိပ်နေနေ အခက်ချိုးချိုး” ဆိုတဲ့ စကားလိုပေါ့ဗျာ ကျွန်တော်တို့တွေဟာ ကိုယ်မှီတင်းနေထိုင်တဲ့နေရာကို အကြောင်းအမျိုးမျိုးနဲ့ ဖျက်ဆီးမိနေကြပါတယ်။
မြင်သာအောင်ပြရရင် သဘာဝပတ်ဝန်းကျင်းစိမ်းစိုလှပသာယာပြီဆိုရင် အပန်းဖြေစခန်း (Resort) တွေဖွင့်လာကြပါတယ်၊ Resort တွေဖွင့် လူတွေလာတော့
- မီးတွေမွှေးကြ
- ချက်ပြုတ်စားကြ
- အကင်တွေစားကြ
- အပင်တွေချိုးကြ
- မီးရဖို့မီးစက်တွေဖွင့်ကြ
- အမှိုက်တွေပစ်ကြ
- အညစ်ကြေးတွေစွန့်ကြ နဲ့ သိပ်မကြာခင် အဲ့ဒီ သာယာလှပတဲ့နေရာလေးဟာ ပျက်စီးသွားရတာပါပဲ
အဲ့လို လူတွေအများအပြား နေစဉ်နေထိုင်တဲ့ နေရာမှာတော့ ဘယ်လောက်ဆိုးရွားနေမလဲ တွေးကြည့်လို့ရပါတယ်။
__________
အခုရက်ပိုင်းအပြောများနေကြတဲ့ AQI - Air Quality Index (လေထုအရည်အသွေးညွှန်းကိန်း) ဆိုတာ ကျွန်တော်တို့နေထိုင်တဲ့နေရာမှာရှိတဲ့ လေထုအရည်အသွေးကို နေ့စဉ်ဖော်ပြနေတဲ့ ညွှန်းကိန်းတစ်ခုဖြစ်ပါတယ်။

ကျွန်တော်တို့ ရှူသွင်းနေတဲ့လေဟာ ကျွန်တော်တို့လိုအပ်တဲ့ Oxygen ချည်းပဲပါတာမဟုတ်ပါဘူး ၊
👉 Oxygen ဟာ ၂၁ ရာခိုင်နှုန်းနီးပါး (20.9%) ပဲ ပါဝင်ပါတယ်။
👉 အများဆုံးပါတာက Nitrogen (78%) နဲ့
👉 တခြားသောဓာတ်ငွေ့/ဓာတ်ပစ္စည်းများ အနည်းငယ်စီပါဝင်နေပါတယ်

ရေခွက်ထဲဆီကျရင် အမှိုက်ဖြစ်သလို
ဆီခွက်ထဲ ရေဝင်ရင်လည်း အမှိုက်ပါပဲ
မရှိသင့်တဲ့နေရာမှာရှိနေတဲ့အရာဟာ အမှိုက်ပဲမို့ တခြားသောဓာတ်ပစ္စည်းတွေ ဓာတ်ငွေ့တွေများလာ လေလေ လေထုဟာအရည်အသွေးကျလာလေလို့ အလွယ်ပြောလို့ရပါတယ်

AQI - Air Quality Index ဟာ သုည ကနေ ၅၀၀ အထိရှိတဲ့ ညွှန်းကိန်းတစ်ခုဖြစ်ပါတယ်။
အမှတ်နည်းလေ ကောင်းလေ ဖြစ်ပြီး အမှတ်များလေ ဆိုးဝါးလေပေါ့
ဥပမာ - AQI 50 ဟာ အရည်အသွေးအလွန်ကောင်းတဲ့လေလို့ပြောလို့ရပြီး 100 ကျော်ရင် တချို့သောတုန့်ပြန်မှုပြင်းထန်တဲ့လူတွေ (Sensitive person) အတွက် မကောင်းတော့ဘူးလို့ပြောလို့ရပါတယ်
နံပါတ်မြင့်လာ လေလေ လူတိုင်းအတွက် အန္တရာယ်ရှိလာလေပဲပေါ့

AQI 51 - 100 ကြားဆိုရင် အပေါ်ကပြောခဲ့သလို Sensitive persons တွေဟာ ပြင်းထန်တဲ့ကိုယ်လှုပ်ရှားမှုတွေကို
လမ်းတွေပေါ်မှာ အချိန်ကြာမြင့်စွာ မလုပ်သင့်ပါဘူး (ပြေးတာမျိုးပေါ့)

AQI 101 - 150 ကြားဆိုရင် သက်ကြီးရွယ်အိုတွေ ၊ ကလေးသူငယ်တွေ နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ရှိသူတွေအနေနဲ့ ပြင်းထန်တဲ့ကိုယ်လှုပ်ရှားမှုတွေကို လမ်းတွေပေါ်မှာ #အချိန်ကြာမြင့်စွာ မလုပ်သင့်ပါဘူး

AQI 151 - 200 ကြားဆိုရင်တော့ သက်ကြီးရွယ်အိုတွေ ၊ ကလေးသူငယ်တွေ နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ရှိသူတွေ နှလုံးရောဂါရှိသူတွေ အနေနဲ့ ပြင်းထန်တဲ့ကိုယ်လှုပ်ရှားမှုတွေကို လမ်းတွေပေါ်မှာ မလုပ်သင့်ပါဘူး

ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှုဆိုတာ ကျန်းမာရေးအတွက်ဖြစ်စေ - လမ်းသွက်သွက်လျှောက်တာ ၊ ပြေးတာ ၊ စက်ဘီးစီးတာ ၊ ကလေးတွေဆို ပြေးလွှားဆော့ကစားတာမျိုးပေါ့
အဲ့လို ကိုယ်လက်လှုပ်ရှားမှုလုပ်ရင် ခန္ဓာကိုယ်က Oxygen ပိုလိုတဲ့အတွက် လေကိုများများရှူရလို့ အန္တရာယ်ရှိတဲ့ အမှုန့်အမွှားတွေ ၊ Ozone ဓာတ်ငွေ့တွေကို ပိုပြီး ရှူသွင်းမိတဲ့အတွက်ကြောင့် Strenuous activities တွေ ရှောင်ခိုင်းခြင်းဖြစ်ပါတယ်

အချိန်ကြာမြင့်စွာဆိုတဲ့စကားကိုရှင်းရရင် - အချိန်ကြာကြာရှူမိတာနဲ့ ခဏတဖြုတ်ရှူမိတာနဲ့ ဘယ်ဟာပိုဆိုးလဲ သိသာပါတယ်
___________
အဲ့လို လေထုက ဘာလို့ညစ်ညမ်းလာရတာလဲ အဲ့ဒီ Ozone တွေ ၊ အမှုန်အမွှားတွေ ဘယ်ကရောက်လာတာလဲဆိုရင်
🥹 ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ
🥹 သစ်တောမီးလောင်တာတွေ
🥹 သစ်သားမီးရှို့တာတွေ
🥹ကားအများကြီးသွားတဲ့လမ်းမတွေပေါ်ကဖုံတွေ
🥹 စက်ရုံအလုပ်ရုံတွေ
🥹 မော်တော်ကားတွေ
🥹 အဆောက်အအုံနဲ့အိမ်တွေရဲ့မီးဖိုခြောင်တွေ စတာတွေက ထုတ်လုပ်နေတာပါ
___________
ဘယ်လောက်ပဲ အရည်အသွေးကျပါစေ မရှူဘူးကွာ ဆိုပြီး နေလို့မရတဲ့အတွက်
1. အပြင်ကို မလိုအပ်ပဲ မထွက်တာအကောင်းဆုံးပါ
2. ထွက်ခဲ့ရရင်တောင် ထိတွေမှုနည်းအောင် ကြာရှည်မနေပါနဲ့
3. အထိုက်လျောက်ကာကွယ်နိုင်အောင် နှာခေါင်းစည်း Mask တပ်ပါ
4. လေထုအရည်အသွေးနိမ့်ကျစေတဲ့ တရားခံထဲ ကိုယ်လဲပါဝင်တာမို့ ဟိုလူ့အပြစ်တင်ဒီလူ့အပြစ်တင်ပြီး ဒေါသတွေထွက် မကောင်းတဲ့လေတွေပိုရှူနေတာထက်
ဆီမဖြစ်သော်လည်းနှမ်းစေ့တစ်စေ့အနေနဲ့ တဖက်တလမ်းမှ လေထုညစ်ညမ်းမှုလျော့ကျရအောင်အားထုတ်သင့်ပါတယ် (မီးစက်ကြီးတွေတောက်လျှောက်မောင်းထားတာ၊ Aircon တောက်လျှောက်ဖွင့်နေတာ၊ အငွေ့တလူလူနဲ့တနေကုန်ဟင်းချက်လို့မပြီးနိုင်တာ စသဖြင့်ပေါ့)
(Reference; Florida Department of Environmental protection)
(Photo credit;TheWeatherNetwork)
ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

ဆေးကုသခြင်း ကျန်းမာရေးစစ်ဆေးခြင်း စတဲ့ ကျန်းမာရေးစောင့်ရှောက်ခြင်းတွေအတွက် သွားလာရလွယ်ကူတဲ့ မြို့လယ်ခေါင်မှာရှိတဲ့ စျေးနှုန်းသင့်တင့်တဲ့ မေခလာအထူးကုဆေးခန်းမှာ အထွေထွေရောဂါအထူးကုဆရာဝန်ကြီးများနှင့် ပြသလို့ရပါတယ်

#မေခလာအထူးကုဆေးခန်း
ကြိုတင်ရက်ချိန်းယူရန်နှင့် စုံစမ်းရန် ➡️
☎️ 018375222, 018387721, 09886600300
📮 အမှတ် ၃၂၇၊ရွှေဘုံသာလမ်း(အပေါ်ဘလောက်)၊ပန်းပဲတန်းမြို့နယ်၊ရန်ကုန်မြို့။

 #ဒီရက်ပိုင်းအဘိုးက_ပုံမှန်မဟုတ်ဘူး #စကားပြောတာတွေလည်း_ပေါက်ကရ_ဆဲကလည်းဆဲနေသေးတယ် #အဲ့လိုမဟုတ်လည်း_အရမ်းပဲအိပ်နေတော့တာပဲ ...
22/02/2026

#ဒီရက်ပိုင်းအဘိုးက_ပုံမှန်မဟုတ်ဘူး
#စကားပြောတာတွေလည်း_ပေါက်ကရ_ဆဲကလည်းဆဲနေသေးတယ်
#အဲ့လိုမဟုတ်လည်း_အရမ်းပဲအိပ်နေတော့တာပဲ



ဒီအသုံးအနှုန်းက ကျွန်တော်တို့နဲ့ တော်တော်စိမ်းပါတယ်။ ဒါပေမယ့် အရေးကြီးလှပါတယ်၊ သတိမထားမိပဲ အဘိုးတွေ၊အဘွားတွေကို ဆုံးရှုံးရတတ်လို့ပါ

လူကြီးတွေ စကား ကယောင်ကတမ်းပြောတယ်၊ သတိမေ့မေ့လာတယ်၊ နေ့အိပ်ပြီး ညဆိုအိပ်မပျော်ပဲလျှောက်လျှောက်လုပ်နေတတ်တယ်၊ ဒါမှမဟုတ်အိပ်ပဲအိပ်နေတယ် ဆိုရင်
အလွယ်တကူပဲ ကိုယ့်ဟာကိုယ် 👉 (Alzheimer's disease အယ်ဇိုင်းမား, Dementia အတိတ်မေ့ရောဂါ/သူငယ်ပြန်တယ် ဆိုပြီး သတ်မှတ်လိုက်ကြပါတယ်)

#အလွယ်မှတ်လို့ရအောင်ရှင်းပြရရင်

အတိတ်မေ့ရောဂါ/သူငယ်ပြန်တယ် ဆိုတာက လနဲ့ချီ နှစ်နဲ့ချီပြီးမှ တဖြည်းဖြည်း မှတ်ဉာဏ်လျော့လာတာပါ။

ရက်ပိုင်း (သို့မဟုတ်) တစ်ပတ်နှစ်ပတ်အတွင်းမှာ

- မှတ်ဉာဏ်ရုတ်တရက်ကျဆင်းသွားတယ်
- ကယောင်ကတမ်းတွေပြောတယ်/ကြားတယ်/မြင်တယ်
- ​နေ့အိပ်ပြီး ညလျှောက်လျှောက်လုပ်တယ် ဆိုရင်

အဲ့ဒါဟာ Alzheimer မဟုတ်ပါဘူး။

ကုသလို့ရတဲ့ အကြောင်းရင်းတစ်ခုခုကြောင့် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေ ရုတ်တရက်ကျဆင်းသွားတာပါ (Delirium လို့ခေါ်ပါတယ်)
မကုသပဲထားလိုက်ရင် တချို့အကြောင်းရင်းတွေဟာ အသက်ဆုံးရှုံးရတဲ့အထိဖြစ်တတ်ပါတယ်

Delirium ကို
1. Hyperactive ပုံမှန်ထက်ထကြွသောင်းကြမ်းနေတာ
2. Hypoactive ငြိမ်သွားတာ ၊ မှိန်းသွားတာ
3. Mixed အရော
ဆိုပြီး (၃) မျိုးရှိပါတယ်

အဲ့ဒီထဲက မှ ကျွန်တော်စိတ်ပူတဲ့ Hypoactive မှိန်းသွားတယ် ဆိုတဲ့အကြောင်း ထပ်ရှင်းပြပါမယ်

လူကြီးတွေ မှိန်းသွားရတဲ့အကြောင်းတွေထဲက အများစုဟာ

1. Hypoglycemia (သွေးတွင်းဆီးချိုပမာဏ အလွန်ကျခြင်း)

သောက်နေကျ ဆေးတွေတော့ အချိန်မှန်ပုံမှန်တိုက်ပေမယ့် ထမင်း(အာဟာရ) ကို မစားတဲ့အခါ ၊ စိတ်ရှည်လက်ရှည်နဲ့ ဝင်အောင်မကျွေးမိတဲ့အခါ၊ မစားချင်တော့ဘူးလို့ငြင်းတဲ့အခါ မကျွေးဖြစ်တော့ရင် ဖြစ်တတ်ပါတယ်။

အသက်အန္တရာယ်ရှိပါတယ် (အိပ်ပျော်နေတယ်လို့ထင်ကြပေမယ့်၊ သတိလစ်သွားပြီး အသက်ပါဆုံးပါးသွားတတ်ပါတယ်)

( အရပ်ထဲမှာ ကြားနေကျစကားတွေ 👉 အဘိုးက တရားရှိတယ် သူတော်ကောင်းကြီး ညဘက်အိပ်ရာဝင်သွားတာ မနက်ကျတော့ မထလာလို့သွားကြည့်တော့ ဆုံးနေပြီ ဘာမှမခံစားသွားရဘူး )

ဆီးချိုဆေးတွေ သောက်နေရသောလူကြီးများ ပုံမှန်ထက်ပိုအိပ်/မှိန်းနေရင်၊ ချွေးစေးတွေပျံနေရင်၊ ဂဏာမငြိမ်ဖြစ်နေရင်

👉 #ဆီးချိုအမြန်ဖောက်ကြပါ။

2. Metabolic & Electrolytes imbalance

​အသည်းအားနည်းသောလူနာများ အသည်းဆိပ်တက်လွန်းလျှင် မှိန်းသွားတတ်ပါတယ်
(အသည်းခြောက်၊အသည်းရောင်၊အသည်းကင်ဆာ ဝေဒနာရှင်များ သတိထားကြပါ)
ဝမ်းမချုပ်ပါစေနှင့်

ကျောက်ကပ်အားနည်းသောလူနာများ ဆီးဆိပ်တက်လျှင်လည်း မှိန်းသွားတတ်ပါတယ် (Urea)
(ဆရာဝန်နှင့် ရက်ချိန်းမှန်မှန်ပြပြီး သွေးမှန်မှန်စစ်ဆေးပါ)

နှလုံးအားနည်းခြင်း၊ကျောက်ကပ်အားနည်းခြင်းကြောင့် ဆီးဆေး​ Diuretics ပုံမှန်သောက်သုံးနေရသော လူနာများ ဓာတ်ဆားဓာတ်မညီမျှမှုက မှိန်းသွားတတ်ပါတယ် (Sodium)
(ဆရာဝန်နှင့် ရက်ချိန်းမှန်မှန်ပြပြီး သွေးမှန်မှန်စစ်ဆေးပါ)

ကင်ဆာလူနာများ ဆီးအရမ်းသွားခြင်း၊ဝမ်းအရမ်းချုပ်ခြင်းဖြစ်က Calcium ဓာတ်များနေနိုင်ပြီး များလွန်းလျှင် မှိန်းသွားတတ်ပါတယ်
(ဆရာဝန်နှင့် ရက်ချိန်းမှန်မှန်ပြပြီး သွေးမှန်မှန်စစ်ဆေးပါ)
**Covid ကြောက်ပြီး Vitamin D + Calcium high Dose သောက်နေသူများ/တိုက်နေသူများလည်း သတိထားကြပါ

3. Smoker Lung Disease/ COPD (အဆုတ်ပွရောဂါ)

အဆုတ်ပွရောဂါရှိပြီး Oxygen ရှုနေကြသူများ ၊ SpO2 တိုင်းပြီး Oxygen ကျတာနဲ့ Oxygen ပမာဏများစွာတင်ပြီး ရှူနေကြပါက သွေးတွင်း Carbon Dioxide များလာပြီး မှိန်းသွားပါလိမ့်မယ်

Oxygen ရှူနေရသော အဆုတ်ပွရောဂါရှင်များ မှိန်းသွားပါက ဆရာဝန်ချက်ချင်းပြသပါ (သွေးတွင်း Carbon Dioxide ပမာဏ စစ်ဆေးရန်လိုအပ်ပါသည်)

4. ရောဂါပိုးဝင်ခြင်း

သက်ကြီးရွယ်အိုများဟာ ကိုယ်ခံအား လူငယ်တွေလောက်မကောင်းတော့ သဖြင့် ရောဂါပိုးများဝင်ရောက်ပါက ခန္ဓာကိုယ်မှ မတိုက်ထုတ်နိုင်သောကြောင့် ကိုယ်အပူချိန်တက်ခဲ သော်လည်း ရောဂါပိုးအရှိန်ကြောင့် မှိန်းသွားကြပါတယ်။

ချောင်းလေးတစ်ချက်၊နှစ်ချက်လောက်ဆိုးပြီး မှိန်းသွားလျှင် => အဆုတ်ပိုးဝင်ခြင်းဖြစ်နိုင်ပါတယ်
ဆီးအောင့်တယ်ပြောပြီး မှိန်းသွားလျှင် => ဆီးလမ်းကြောင်းပိုးဝင်ခြင်းဖြစ်နိုင်ပါတယ်
ကုတ်လို့ဖြစ်တဲ့ အရေပြားကအနာတွေ ပိုးဝင်ခြင်းဖြစ်နိုင်သလို (အိပ်ယာနာတွေကလည်း ပိုးဝင်နိုင်ပါတယ်)
ထိုသို့ဖြစ်ပါက ပိုးသတ်ဆေး အချိန်မှီပေးရန်လိုအပ်သောကြောင့် ဆေးရုံအမြန်ပြသရန်လိုအပ်ပါတယ်

5. Drugs

ဆေးကိုမိမိတို့ကိုယ်တိုင်သောက်နေသော လူကြီးများတွင် စိတ်ငြိမ်ဆေး၊ အိပ်ဆေးများပါ ပါက (မေ့လျော့ပြီး) အကြိမ်ကြိမ်သောက်မိသောကြောင့်လည်း မှိန်းသွားတတ်ပါတယ်

6. Sub-dual Haemorrhage

ခေါင်းစောင့်မိရုံ၊ ချော်လဲရုံ၊ ကုတင်ပေါ်က ပြုတ်ကျရုံနဲ့ ဦးနှောက်တွင်းသွေးခဲတတ်ပါတယ်

ဒီလောက်ဆိုရင် အနည်းငယ်ကာမိပါပြီ။

နိဂုံးချုပ်ရရင်

အဘိုး အဘွားများ ပုံမှန်မဟုတ်ပဲ အိပ်တာများနေလျှင်၊ ကယောင်ကတမ်းပြောလျှင်၊ အိပ်ချိန်မမှန်တော့လျှင် ၊ ရက်ပိုင်းအတွင်းမှတ်ဉာဏ်ရုတ်တရက် ကျဆင်းသွားလျှင်

👉 ဆီးချိုအမြန်ဖောက်ပါ ( ဆီးချိုကျနေလျှင် အချိုရည်တိုက်ပါ၊မုန့်ကျွေးပါ 😰 သတိမရတော့လျှင် နီးစပ်ရာဆေးခန်း/ဆေးရုံ **အမြန်ဆုံးပြေးပါ => Glucose ထိုးရန်)
👉 ဆီးချိုပုံမှန်ဖြစ်လျှင် ပြနေကျဆရာဝန်နှင့် အမြန်ဆုံးပြန်ပြပါ

(Photo credit; hellocare)
ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

ဆေးကုသခြင်း ကျန်းမာရေးစစ်ဆေးခြင်း စတဲ့ ကျန်းမာရေးစောင့်ရှောက်ခြင်းတွေအတွက် သွားလာရလွယ်ကူတဲ့ မြို့လယ်ခေါင်မှာရှိတဲ့ စျေးနှုန်းသင့်တင့်တဲ့ မေခလာအထူးကုဆေးခန်းမှာ အထွေထွေရောဂါအထူးကုဆရာဝန်ကြီးများနှင့် ပြသလို့ရပါတယ်

#မေခလာအထူးကုဆေးခန်း
ကြိုတင်ရက်ချိန်းယူရန်နှင့် စုံစမ်းရန် ➡️
☎️ 018375222, 018387721, 09886600300
📮 အမှတ် ၃၂၇၊ရွှေဘုံသာလမ်း(အပေါ်ဘလောက်)၊ပန်းပဲတန်းမြို့နယ်၊ရန်ကုန်မြို့။

👩‍⚕️ ဝန်ထမ်းအလိုရှိသည် 👩‍⚕️ဆေးအရောင်းဝန်ထမ်း (မ) တစ်ဦး               #မေခလာအထူးကုဆေးခန်း☎️ 018375222, 018387721, 0988660...
15/02/2026

👩‍⚕️ ဝန်ထမ်းအလိုရှိသည် 👩‍⚕️

ဆေးအရောင်းဝန်ထမ်း (မ) တစ်ဦး

#မေခလာအထူးကုဆေးခန်း

☎️ 018375222, 018387721, 09886600300
📮 အမှတ် ၃၂၇၊ရွှေဘုံသာလမ်း(အပေါ်ဘလောက်)၊ပန်းပဲတန်းမြို့နယ်၊ရန်ကုန်မြို့။

  #အရေးပေါ်_ပဋိသန္ဓေတားခြင်းအသုံးတွင်ကျယ်လာတဲ့ Emergency pills လို့ခေါ်တဲ့(အရေးပေါ် ပဋိသန္ဓေတားဆေး)တချို့ အသုံးအနှုန်းတွ...
15/02/2026


#အရေးပေါ်_ပဋိသန္ဓေတားခြင်း

အသုံးတွင်ကျယ်လာတဲ့ Emergency pills လို့ခေါ်တဲ့
(အရေးပေါ် ပဋိသန္ဓေတားဆေး)

တချို့ အသုံးအနှုန်းတွေ ရိုင်းခဲ့ရင် ကြိုပြီး တောင်းပန်ပါတယ် 🙏🙏🙏
( 18 plus တွေ ပြောတယ်ဆိုလည်း Phone ပေးကိုင် ထားတဲ့ ကလေးတွေက p**n site တွေ သူတို့ဟာသူတို့ ကြည့်တတ်နေကြပါပြီ)

Pre-marietal S*x အိမ်ထောင်မကျခင် အတူနေကြတာက အနောက်နိုင်ငံတွေမှာ မထူးတော့တာ ကြာခဲ့ပါပြီ၊ Globalisation ဖြစ်လာတဲ့ အခါ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း အဲ့ဒီအလေ့အထ ကူးစက်လာခဲ့ပါတယ်။

အနောက်နိုင်ငံတွေမှာ
- S*x Education ကို ကျောင်းမှာလည်းသင်သလို ၊
- အဖေက သားကို သင်ပေးပြီး၊
- အမေက သမီးကို သင်ပေးကြပါတယ်။

ကျွန်တော်တို့ဆီမှာက #ယဉ်ကျေးမှုအရ၊ #ဘာသာရေးအရကျောင်းစာထဲထည့်သင်ရင် ကန့်ကွက်ကြသလို၊ မောင်နဲ့ညီမ သားအမိကြား မသင့်တော်ဘူး ဆိုပြီး မိဘက သားသမီးကို သင်ပေးခဲပါတယ်

အဲ့တော့ ဘယ်ကတတ်လာကြလဲဆိုတော့ အချင်းချင်း တီးတိုးပြောကြတဲ့အတွေ့အကြုံတွေ၊ Online က ပေါက်ကရရေးထားတဲ့ စာတွေကနေ

#တလွဲ ***အတွေ့အကြုံတွေပဲရကြပါတယ်။

👉👉👉

လူငယ်ဘာဝ ချစ်ကြိုက်ကြပြီး ရင်
- သွေးသားဆန္ဒအရရော၊
- ပတ်ဝန်းကျင်က ပင့်မြှောက်ပေးလို့ရော

Pre-marietal S*x က အရမ်းကိုများနေပါပြီ

ကိစ္စပြီးသွားတဲ့ အခါကြမှ ခေါင်းထဲကို ဝင်လာကြတာက #ကိုယ်ဝန်ရှိသွားခဲ့ရင် ဆိုတာကြီးပါ။
အဲ့တော့ မိဘတွေလည်း မပြောရဲဆိုတော့ ၊ အတွေ့အကြုံရှိဘူးတဲ့ သူငယ်ချင်း၊အကို တွေကို ချဉ်းကပ်ကြပါတယ်။

အဲ့ဒီကနေ Emergency Pills (Emergency contraceptive pill) တွေသောက်ကြပါတယ်။

(Emergency contraceptive pill) ဆိုတာ ဘာဆေးလဲ ⁉️

လူတွေ ဖန်တီးထားတဲ့ အမျိုးသမီး Hormone ပါ (Levonorgestrel)

=> သားဥကြွေတာကို နောက်ဆုတ်ပေးလိုက်ခြင်းဖြင့် ကလေးမရအောင် ကာကွယ်ပေးပါတယ်

(ဆိုလိုတာက အခုအကြိမ်ကနေ ကလေးမရအောင် တားဆီးပေးတာပါ ၊ ဖြစ်တည်ပြီးသားကလေးကို မရှိတော့အောင် (abortion) မလုပ်နိုင်သလို နောက်အကြိမ်တွေ အတွက်လဲ အကျိုးမသက်ရောက်ပါဘူး)

👉👉👉

ဘာတွေဖြစ်နိုင်လဲ ဆေးသောက်ရင်။
Hormone High Dose ဖြစ်တဲ့ အတွက်
- ခေါင်းကိုက်တတ်ပါတယ်
- ဗိုက်နာတတ်ပါတယ်
- ပျို့၊ အန်နိုင်ပါတယ် (ဆေးသောက်ပြီး ၂ နာရီ အတွင်းအန်ပါက ဆေးထပ်သောက်ရန် လိုမလို ဆရာဝန်ပြသရန်လိုပါတယ်)

👉👉👉

အရေးကြီးတာပြောချင်ပါတယ် နာမည်ကိုက Emergency Pill ပါ။ (မလွဲသာမရှောင်သာ လို့အတူနေမိတဲ့ အခါ သောက်ဖို့ပါ)
- အတူနေပြီးတိုင်း သောက်ရတဲ့ ဆေးမဟုတ်ပါဘူး
- တစ်လ ကို တစ်ကြိမ်ထက်ပို မသုံးရပါဘူး
- အတူနေတဲ့ အကြိမ်များရင် ပုံမှန် ပဋိသန္ဓေတားဆေးတွေ သောက်ရပါမယ်

Emergency Pill မှာ levonorgestrel (progesterone ) က 1.5 mg (1500 microgram) ပါပါတယ်။

တစ်လသောက်တဲ့ ဆေးကဒ် ကိုယ်ဝန်တားဆေးမှာ Desogestrel (progesterone) က 0.075 mg (75 microgram ) ပဲပါပါတယ်။

အဆ (၂၀) ကွာပါတယ်၊ ဆေးတစ်ကြိမ်သောက်ခြင်းဟာ သူများ ဆေးတစ်ကဒ်လုံး တစ်ခါထဲ သောက်သလိုဖြစ်တဲ့ အတွက် ဆေးပမာဏ အရမ်းများကြောင်းယှဉ်ပြတာပါ။

👉👉👉

ခဏခဏ သုံးရင်ဘာဖြစ်လဲ !!!

သွေးသားတွေပြောင်းလဲလာမှာပေါ့

ဆေးပမာဏအများကြီး (တစ်လစာပမာဏကို) ခဏခဏ သုံးတဲ့ အတွက် ရင်သားအကျိတ်တွေ၊ သားအိမ်၊ မျိုးဥအိမ် ပြဿနာတွေ ကြုံလာရနိုင်ပါတယ်။

အရေးပေါ် တစ်လ တစ်ကြိမ်လောက်က ပြဿနာ မရှိပေမယ့် (ကျွန်တော် စိတ်မကောင်းကြီးစွာ ကြားနေရတာက တစ်ခါနေတိုင်း တစ်ခါသောက်တယ်)

တစ်လ ဘယ်နကြိမ်တွေ့ကြလဲ တော့ မသိပါဘူး (ခဏခဏ) တွေ့ဖြစ်ကြရင်။

👉👉👉

ဒီနေ့ပေးတဲ့ Knowledge ကတော့

👌 Emergency pill ဆိုတာ မလွဲသာမရှောင်သာအရေးပေါ်ကိစ္စမှာပဲ သုံးရပါတယ်
👌 တစ်လ တစ်ကြိမ်လောက်ပဲ သုံးသင့်ပါတယ်
👌 အတူနေပြီးတိုင်းသောက်ရတဲ့ဆေးမဟုတ်ပါဘူး
👌 ခဏခဏ တွေ့ဖြစ်တယ်ဆိုရင် တခြားနည်းလမ်းတွေ ရှိပါတယ်။ (ဘာမှမသုံးကြရင်တော့ တွေ့ရမယ့် ဒုက္ခက သတ်သတ်ရှိပါတယ်)

ကျွန်တော်စာကို
- အမျိုးသမီး ကဖတ်မိရင်လည်း ကောင်လေးကို သေချာရှင်းပြပါ
- အမျိုးသားက ဖတ်မိရင်လည်း ကောင်မလေး ရဲ့ကျန်းမာရေးကို အလေးထားပါ

___________
(Family Planning) => သားဆက်ခြားကျန်းမာရေး Contraceptation လို့ခေါ်ပါတယ်။

#သားဆက်ခြားကျန်းမာရေး ရဲ့ ***အရေးကြီးတဲ့ အချက်က

၁။ မိဘများ #အဆင်သင့်မဖြစ်သေးတဲ့ အချိန်မှာ ရတနာအရိုင်းတုံးလေးတွေ မဖြစ်တည်လာရေးနဲ့
၂။ မိဘများ #အဆင်သင့်ဖြစ်တဲ့ အချိန်မှာ ရတနာအရိုင်းတုံးလေးတွေ အလွယ်တကူ ရရှိလာရေး
၃။ မလိုလားအပ်တဲ့ ကိုယ်ဝန်ဆောင် မှုခင်းဖြစ်ပေါ်မလာရေး
၄။ မိခင် နှင့် ကလေး သေနှုန်းလျှော့ချနိုင်ရေး တို့ဖြစ်ပါတယ်

👉👉👉

အဲ့ဒီ အချက်တွေအားလုံးက ဆက်စပ်နေပါတယ်။
Contraceptive measure တွေကို စနစ်တကျ မသုံးတဲ့ အတွက်
- Unwanted pregnancy တွေဖြစ်လာတယ်
- Criminal abortion တွေ လုပ်ကြတယ်
- မိခင်နဲ့ ကလေး သေဆုံးနှုန်းတတ်လာတယ်
- တကယ်လိုချင်တဲ့ အချိန်ရောက်တော့ ဆေးတွေတလွဲ သုံးလာတဲ့ အတွက် ကလေးမရနိုင်ကြတော့ပါဘူး

အဲ့လိုတွေ မဖြစ်စေချင်လို့

နီးစပ်ရာတွေမှ တဆင့် လူထုထဲ အသိပညာရစေဖို့ တင်ပြလိုက်ပါတယ်။

#ပန်းကလေးများ_အချိန်တန်မှပွင့်စေချင်ပြီး
#ပွင့်သောပန်းတိုင်းလန်းစေချင်ပါတယ်

ဆေးကုသခြင်း ကျန်းမာရေးစစ်ဆေးခြင်း စတဲ့ ကျန်းမာရေးစောင့်ရှောက်ခြင်းတွေအတွက် သွားလာရလွယ်ကူတဲ့ မြို့လယ်ခေါင်မှာရှိတဲ့ စျေးနှုန်းသင့်တင့်တဲ့ မေခလာအထူးကုဆေးခန်းမှာ အထွေထွေရောဂါအထူးကုဆရာဝန်ကြီးများနှင့် ပြသလို့ရပါတယ်

#မေခလာအထူးကုဆေးခန်း
ကြိုတင်ရက်ချိန်းယူရန်နှင့် စုံစမ်းရန် ➡️
☎️ 018375222, 018387721, 09886600300
📮 အမှတ် ၃၂၇၊ရွှေဘုံသာလမ်း(အပေါ်ဘလောက်)၊ပန်းပဲတန်းမြို့နယ်၊ရန်ကုန်မြို့။

Address

327, Shwe Bon Thar Street (Upper Block), Pabedan Township
Yangon

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+959886600300

Website

Alerts

Be the first to know and let us send you an email when Maykhalar Specialist Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Maykhalar Specialist Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category