Origin Fertility Center

Origin Fertility Center We bring a team of specialist committed to providing the best care in infertility.

17/04/2026

နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့အတူ အိမ်မက်တွေ အကောင်အထည်ဖော်နိုင်ကြပါစေ။ 🌟

Origin Fertility Center ရဲ့ ဒေါက်တာဝေဖြိုးနဲ့ ဒေါက်တာစန်းလင်းတို့က မိဘအပေါင်းနဲ့ ချစ်ခင်ရသူများအားလုံးကို အတာသင်္ကြန် ဆုတောင်းစကား လက်ဆောင်ပါးလိုက်ပါတယ်။ ဘေးကင်းလုံခြုံစွာနဲ့ ပျော်ရွှင်စရာ သင်္ကြန်ကာလလေးကို ဖြတ်သန်းနိုင်ကြပါစေ။

#သင်္ကြန်ဆုတောင်း #အတာသင်္ကြန်

13/04/2026

💦 Origin’s Thingyan Dance Vibes! 💦

နှစ်သစ်ရဲ့ အစမှာ စိတ်ရွှင်လန်းစေဖို့ Origin မိသားစုရဲ့ သင်္ကြန်ယိမ်းအက Video လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ရင်သွေးရတနာကို မျှော်လင့်နေကြတဲ့ မိဘများအားလုံးလည်း ဒီနှစ်မှာတော့ ဆန္ဒတွေ အမှန်တကယ် ပြည့်ဝကြပါစေတော့နော်။ ✨👶

#သင်္ကြန်ယိမ်းအက #နှစ်သစ်ဆုတောင်း

🤱 သားသမီးရတနာကို မျှော်လင့်နေပေမယ့် "ကိုယ်ဝန်ခဏခဏ ပျက်ကျတာ" မျိုး ကြုံတွေ့နေပြီလား? အထူးသဖြင့် အသက် ၃၅ နှစ်ကျော်လာတဲ့ မိ...
31/03/2026

🤱 သားသမီးရတနာကို မျှော်လင့်နေပေမယ့် "ကိုယ်ဝန်ခဏခဏ ပျက်ကျတာ" မျိုး ကြုံတွေ့နေပြီလား?
အထူးသဖြင့် အသက် ၃၅ နှစ်ကျော်လာတဲ့ မိခင်လောင်းတွေမှာ ဒီလိုစိုးရိမ်ပူပန်မှုတွေ ပိုများတတ်ကြပါတယ်။

ဒါဆိုရင် ဘာကြောင့် အစောပိုင်းကာလမှာ ကိုယ်ဝန်ပျက်ကျရတာလဲ? 🤔
သုတေသနအသစ်တွေအရ အဓိကအကြောင်းရင်းဟာ သန္ဓေသားရဲ့ ခရိုမိုဆုန်း မူမမှန်ခြင်း (Aneuploidy) ကြောင့်ဖြစ်ပြီး ဒါဟာ မိခင်အသက်အရွယ် ရလာတာနဲ့အမျှ ပိုပြီးအဖြစ်များလာတတ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ "အသက်အရွယ်" ကို ပြောင်းလဲလို့မရပေမယ့်၊ "အကောင်းဆုံးသန္ဓေသား" ကိုတော့ ရွေးချယ်နိုင်ပါတယ်။
Origin Fertility Center မှာ ဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်အောင် အဆင့်မြင့်နည်းပညာ (၂) မျိုးနဲ့ ကူညီပေးနေပါပြီ။

Time-lapse Incubator နှင့် iDA Score (AI နည်းပညာ) 🔬
➯ သန္ဓေသားလောင်းလေးတွေကို သာမန်ဖန်ပြွန်ထဲမှာ မွေးမြူတာမျိုးမဟုတ်ဘဲ၊ အပြင်ထုတ်ကြည့်စရာမလိုဘဲ ၂၄ နာရီပတ်လုံး စောင့်ကြည့်ပေးနိုင်တဲ့ Time-lapse Incubator ထဲမှာ ဂရုတစိုက် မွေးမြူပါတယ်။ iDA Score (Artificial Intelligence) နည်းပညာကိုသုံးပြီး သန္ဓေသားရဲ့ ဖွံ့ဖြိုးမှုကို တိတိကျကျ အမှတ်ပေးတွက်ချက်တာကြောင့် ရှင်သန်နိုင်စွမ်း အမြင့်ဆုံး သန္ဓေသားကို အမှားအယွင်းမရှိ ရွေးချယ်ပေးနိုင်ပါတယ်။

PGT-A (မျိုးရိုးဗီဇနှင့် ခရိုမိုဆုန်း စစ်ဆေးခြင်း) 🧬
➯ ဒါကတော့ ကိုယ်ဝန်ပျက်ကျနိုင်ခြေကို အထိရောက်ဆုံး လျှော့ချပေးနိုင်တဲ့ Gold Standard နည်းပညာပါ။
သန္ဓေသားလောင်းကို သားအိမ်ထဲမထည့်ခင်မှာ ခရိုမိုဆုန်း (Chromosome) အရေအတွက် မှန်/မမှန်ကို ကြိုတင်စစ်ဆေးပါပြီး အသက်အရွယ်ကြောင့် ဖြစ်လာနိုင်တဲ့ ချို့ယွင်းချက်တွေကို ကြိုတင်ဖယ်ထုတ်သလို အကျန်းမာဆုံး သန္ဓေသား ကိုသာ ရွေးချယ်ထည့်သွင်းတဲ့အတွက် ကိုယ်ဝန်တည်မြဲဖို့ အခွင့်အလမ်း အဆပေါင်းများစွာ ပိုများသွားစေပါတယ်။

Origin Fertility Center မှာ ကျွမ်းကျင်တဲ့ Fertility Specialists ဆရာဝန်ကြီးများနဲ့ သန္ဓေသားဗေဒပါရဂူ (Embryologists) များက သင့်ရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်ပေးဖို့ အသင့်ရှိနေပါတယ်။ 👩‍⚕️
အရည်အသွေးမြင့် နည်းပညာတွေနဲ့အတူ ဘေးကင်းစိတ်ချရတဲ့ ကိုယ်ဝန်ဆောင်ခြင်းခရီးစဉ်ကို ဒီနေ့ပဲ စတင်တိုင်ပင်လိုက်ပါ။

📍 Moe Kaung Street, (15) Quarter, Yankin Township, Yangon, Myanmar.

☎ +95 9 346 156747

📩 fertilitycenterorigin@gmail.com

ကြိုးစားနေတဲ့ မိဘတွေကြားမှာ အမေးများဆုံး မေးခွန်းတစ်ခုရှိပါတယ်။ 🤰“သုတ်ပိုးစစ်ဆေးချက် (Semen Analysis) မှာ အဖြေတွေ အားလုံ...
28/03/2026

ကြိုးစားနေတဲ့ မိဘတွေကြားမှာ အမေးများဆုံး မေးခွန်းတစ်ခုရှိပါတယ်။ 🤰

“သုတ်ပိုးစစ်ဆေးချက် (Semen Analysis) မှာ အဖြေတွေ အားလုံးကောင်းနေရဲ့သားနဲ့ ဘာလို့ ကိုယ်ဝန်မရတာလဲ?” ဆိုတာပါပဲ။
အဲဒီမေးခွန်းအတွက် အဖြေက အောက်မှာပြောပြပေးသွားမယ့် သုတ်ပိုးရဲ့ အတွင်းပိုင်း DNA ကျန်းမာရေးနဲ့အများကြီး သက်ဆိုင်နေနိုင်ပါတယ်။

1️⃣ S***m DNA Fragmentation (DFI) ဆိုတာ ဘာလဲ?
နားလည်လွယ်အောင် "စာအုပ်" တစ်အုပ်နဲ့ ဥပမာပေးပါရစေ။
➲ သုတ်ပိုး (S***m) ဆိုတာ ဖခင်ဆီကနေ မိခင်ဆီကို ပေးပို့လိုက်တဲ့ "စာအုပ်" တစ်အုပ်ပါ။
➲ DNA ဆိုတာက အဲဒီစာအုပ်ထဲမှာ ရေးသားထားတဲ့ မျိုးရိုးဗီဇဆိုင်ရာ "ဇာတ်လမ်းအကြောင်းအရာ" တွေ ဖြစ်ပါတယ်။
➲ DFI (DNA Fragmentation) ဆိုတာကတော့ စာအုပ်ထဲက စာမျက်နှာတချို့ စုတ်ပြဲနေတာ၊ စာလုံးတွေ ပျက်နေတာမျိုးပါ။
စာအုပ်အဖုံး ဘယ်လောက်လှလှ အတွင်းက စာသားတွေ ပျောက်ဆုံးနေရင် ဇာတ်လမ်းကို ပြီးပြည့်စုံအောင် ဖတ်လို့မရသလိုပဲ၊ DNA ပျက်စီးနေတဲ့ သုတ်ပိုးဟာ မျိုးဥနဲ့ ပေါင်းစပ်နိုင်ရင်တောင် ကျန်းမာတဲ့ သန္ဓေသားအဖြစ် ကြီးထွားဖို့ ခက်ခဲသွားတတ်ပါတယ်။

2️⃣ Halo Test ဆိုတာ ဘာလဲ၊ ဘယ်လိုအလုပ်လုပ်တာလဲ?
ဒါကတော့ သုတ်ပိုးရဲ့ DNA ပျက်စီးမှုကို တိကျစွာ စစ်ဆေးပေးတဲ့ နည်းပညာပါ။
➲ စစ်ဆေးလိုက်တဲ့အခါ DNA မပျက်စီးတဲ့ သုတ်ပိုးကောင်းလေးတွေရဲ့ ခေါင်းပိုင်းပတ်လည်မှာ အလင်းကွင်း (Halo) လေးတွေ ပေါ်လာပါတယ်။
➲ DNA ပျက်စီးနေရင်တော့ အဲဒီအလင်းကွင်းလေးတွေ မပေါ်တော့ပါဘူး။ ဒါကြောင့် သူ့ကို "Halo Test" လို့ ခေါ်တာပါ။

🔬Halo Test က သာမန် သုတ်ပိုးစစ်ဆေးခြင်းနဲ့ ဘာကွာလဲ?

Semen Analysis (သာမန်စစ်ဆေးခြင်း) က အရေအတွက် ဘယ်လောက်ရှိလဲ၊ ပုံစံလှရဲ့လား၊ ကူးခတ်မှု သွက်ရဲ့လား ဆိုတာကိုပဲ ကြည့်တာပါ။ Halo Test (DFI) ကတော့ အတွင်းထဲက မျိုးရိုးဗီဇတွေ မှန်ကန်ရဲ့လား၊ စုတ်ပြဲနေတာ ရှိလားဆိုတာကို အသေးစိတ် စစ်ဆေးတာ ဖြစ်ပါတယ်။
ဒါကြောင့် သာမန်အဖြေမှာ "သုတ်ပိုးသန်မာတယ်" လို့ ပြနေပေမယ့် အတွင်းပိုင်း DNA ပျက်စီးမှု ရှိနေနိုင်တာကို သတိပြုရပါမယ်။

DFI မြင့်မားနေရင်ရော ဘာတွေဖြစ်နိုင်သလဲ?
စာအုပ်ထဲမှာ စာမျက်နှာတွေ ပျောက်ဆုံးနေသလိုပါပဲ။
▫️ သဘာဝအတိုင်း ကိုယ်ဝန်ရနိုင်ခြေ နည်းပါးခြင်း။
▫️ IUI/IVF ပြုလုပ်ရာမှာ အောင်မြင်မှုနှုန်း ကျဆင်းခြင်း။
▫️ သန္ဓေသား အရည်အသွေး မကောင်းခြင်း။

အရေးကြီးဆုံးအချက်ကတော့ ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းမှာ ခဏခဏ ပျက်ကျခြင်း (Recurrent Miscarriage) တို့ ဖြစ်စေနိုင်ပါတယ်။

DFI ကို ဘယ်သူတွေ စစ်ဆေးသင့်သလဲ?
🔹 အကြောင်းရင်း ရှာမရဘဲ ကလေးရရန် ခက်ခဲနေသူတွေ
🔹 IVF/ICSI ကုသမှု အကြိမ်ကြိမ် မအောင်မြင်သူတွေ
🔹 ကိုယ်ဝန် အကြိမ်ကြိမ် ပျက်ကျဖူးသူတွေ
🔹 အသက် (၄၀) ကျော် အမျိုးသားတွေနဲ့
🔹 ဆေးလိပ်၊ အရက် အလွန်အကျွံ သောက်သုံးသူတွေအနေနဲ့ အဓိကစစ်ဆေးသင့်ပါတယ်။

ပျက်စီးနေရင်ရော ပြန်လည်ကုသလို့ရလား?
✅ သုတ်ပိုး DNA ပျက်စီးမှုကို Lifestyle Changes (ဆေးလိပ်၊ အရက်ဖြတ်ခြင်း)၊ Antioxidant အားဆေးများ သောက်သုံးခြင်းနဲ့ Advanced IVF နည်းလမ်းများ (MACS, IMSI, TESA) တို့နဲ့ ထိရောက်စွာ ကုသနိုင်ပါတယ်။

✨ Origin Fertility Center မှာ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော Andrology Clinic ကို ဖွင့်လှစ်ထားပြီး၊ Andrologists ပါရဂူကြီးများ ကိုယ်တိုင် အသေးစိတ် စမ်းသပ်စစ်ဆေးပေးနေပါတယ်။
ခေတ်မီ Advance Andrology Laboratory မှာ Halo Test (DFI) ကို တိကျစွာ စစ်ဆေးနိုင်ပြီး သင့်ရဲ့ မိသားစုအိပ်မက်ကို အကောင်းဆုံး အကောင်အထည်ဖော်နိုင်ဖို့ အမြဲအသင့် ရှိနေပါတယ်ခင်ဗျာ။

📍 Moe Kaung Street, (15) Quarter, Yankin Township, Yangon, Myanmar.

☎ +95 9 346 156747

📩 fertilitycenterorigin@gmail.com

***mDNAFragmentation ***m

မျှော်လင့်ခြင်းအိမ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ပေးတဲ့ Originရင်သွေးရတနာလေးကို စောင့်မျှော်နေရတဲ့ မိဘတိုင်းရဲ့ ဆန္ဒတွေ...
26/03/2026

မျှော်လင့်ခြင်းအိမ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ပေးတဲ့ Origin

ရင်သွေးရတနာလေးကို စောင့်မျှော်နေရတဲ့ မိဘတိုင်းရဲ့ ဆန္ဒတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး ❤️
ဒါပေမဲ့ Origin Fertility Center ရဲ့ ရည်မှန်းချက်ကတော့ တစ်ခုတည်းပါ။ ဒါကတော့ မိဘတိုင်းရဲ့ ရင်ခွင်ထဲမှာ ချစ်စရာကောင်းတဲ့ ရင်သွေးလေးတွေ ရောက်ရှိလာဖို့ပါပဲ။

မိဘဖြစ်ခွင့်ရရှိသွားတဲ့ မိသားစုတိုင်းအတွက် Origin မိသားစုမှ ထပ်တူထပ်မျှ ဝမ်းသာပီတိဖြစ်ရပါတယ်ရှင် ✨

22/03/2026

တစ်ယောက်တည်းမဟုတ်ဘဲ နှစ်ယောက်တောင် ရရှိခဲ့တဲ့ Double Blessing! 👶👶✨ (Part 2)

Origin ရဲ့ နည်းပညာနဲ့ မိဘတွေရဲ့ စိတ်ရှည်သည်းခံမှုတို့ ပေါင်းစပ်လိုက်တဲ့အခါ ဆုတောင်းတာထက် ပိုပြည့်စုံတဲ့ 'အမြွှာရင်သွေးလေးတွေ' ကို ပိုင်ဆိုင်ခွင့်ရရှိခဲ့ပါတယ်။ သန္ဓေသားထည့်သွင်းပြီးနောက် စောင့်ဆိုင်းခဲ့ရတဲ့ ရင်ခုန်သံတွေနဲ့ အောင်မြင်မှုသတင်းစကား ကြားလိုက်ရတဲ့ ခံစားချက်တွေကို ကာယကံရှင် မိဘနှစ်ပါးကိုယ်တိုင် Sharing လုပ်ပေးထားပါတယ်။

ကလေးရဖို့ ခက်ခဲနေတဲ့ မိဘတွေအားလုံးကိုလည်း 'မျှော်လင့်ချက်ဆိုတာ အမြဲရှိပါတယ်' ဆိုတဲ့ အားပေးစကားလေးနဲ့အတူ ကျွန်မတို့ Origin Fertility Center က မိသားစုသစ်လေးတွေကို နွေးထွေးစွာ ကြိုဆိုလျက် ရှိနေပါတယ်။ ❤️

ချစ်စရာ့ရင်သွေးလေးကို ထွေးပွေ့ချင်ပြီဆိုတဲ့ ဖေဖေမေမေတို့ရှင်..❤️ဖန်ပြွန်သန္ဓေသားနည်းပညာ (IVF/ICSI) နဲ့ ရင်သွေးလေးတွေ ရယူ...
20/03/2026

ချစ်စရာ့ရင်သွေးလေးကို ထွေးပွေ့ချင်ပြီဆိုတဲ့ ဖေဖေမေမေတို့ရှင်..❤️

ဖန်ပြွန်သန္ဓေသားနည်းပညာ (IVF/ICSI) နဲ့ ရင်သွေးလေးတွေ ရယူတဲ့အခါ ဆရာဝန်ကြီးတွေရဲ့ ကုသမှုအပြင်၊ နောက်ကွယ်ကနေ အရေးပါဆုံး အခန်းကဏ္ဍကနေ ပါဝင်နေတာ ဘယ်သူတွေများဖြစ်မလဲနော်?

အဲဒီနောက်ကွယ်က အဓိက ပဲ့ကိုင်ရှင်တွေကတော့ Embryologist (သန္ဓေသားဗေဒပညာရှင်) တွေပဲ ဖြစ်ပါတယ်ရှင်။ 🔬🤝

ဒီနေ့မှာတော့ Origin Fertility Center ရဲ့ လူနာတွေအတွက် ဂုဏ်ယူစရာ သတင်းကောင်းလေးတစ်ခု ရှိပါတယ်။ Origin ရဲ့ Junior Embryologist ဖြစ်တဲ့ ဒေါက်တာ ထက်ရန်အောင် ဟာ အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့ Genome Fertility Center မှာ ပြုလုပ်တဲ့ "Advanced Embryology Course" ကို အောင်မြင်စွာ တက်ရောက်ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်ရှင်။ 👏🎉

📚 Embryologist တွေက ဖေဖေမေမေတို့အတွက် ဘာတွေများ လုပ်ဆောင်ပေးတာလဲ?
လွယ်လွယ်လေး ဥပမာပေးရရင် Embryologist တွေဟာ သန္ဓေသားလေးတွေရဲ့ ပထမဆုံး ကလေးထိန်းတွေပါပဲ။

✅ ဖေဖေမေမေတို့ဆီက ရလာတဲ့ မျိုးဥနဲ့ သုတ်ကောင်လေးတွေထဲကမှ အကောင်းဆုံးတွေကို သေသေချာချာ ရွေးချယ်ပြင်ဆင်ပေးရတယ်။

✅ ရွေးချယ်ထားတဲ့ မျိုးဥနဲ့ သုတ်ကောင်လေးတွေကို ခေတ်မီနည်းပညာတွေ သုံးပြီး အောင်မြင်စွာ ပေါင်းစပ်ပေးရတယ်။ (ဒီအဆင့်က အလွန်ကို အနုစိပ်ပါတယ်ရှင်)

✅ သန္ဓေတည်လာတဲ့ သန္ဓေသား (Embryo) လေးတွေကို မိခင်ဝမ်းဗိုက်ထဲ ပြန်မထည့်ခင်အထိ လုံခြုံနွေးထွေးတဲ့ Incubator (သားအိမ်တု) ထဲမှာ အကောင်းဆုံး ကြီးထွားလာအောင် မျက်စိဒေါက်ထောက် စောင့်ရှောက်ပေးရတယ်။

✅ ကြီးထွားလာတဲ့ သန္ဓေသားလေးတွေကို စနစ်တကျထိန်းသိမ်းရတဲ့ လုပ်ငန်းစဉ်တွေကို အမှားအယွင်းမရှိ ကျွမ်းကျင်စွာ လုပ်ဆောင်ရပါတယ်။

သန္ဓေသားလေးတွေဟာ အင်မတန် သေးငယ်နူးညံ့တဲ့အတွက် Embryologist တွေရဲ့ စေ့စပ်သေချာမှုနဲ့ နည်းပညာ ကျွမ်းကျင်မှုဟာ အင်မတန် အရေးကြီးပါတယ်ရှင်။ ❤️

ဒါကြောင့်လည်း Origin Fertility Center အနေနဲ့ နိုင်ငံတကာအဆင့်မီ ကုသမှုတွေ ပေးနိုင်ဖို့ အခုလို အဆင့်မြင့်သင်တန်းတွေကို အမြဲမပြတ် စေလွှတ်လေ့လာစေတာ ဖြစ်ပါတယ်။

Laboratory Director ဖြစ်သူ Senior Embryologist ဒေါက်တာ စန်းလင်းကို ရဲ့ အတွေ့အကြုံရင့်ကျက်မှု၊ ဦးဆောင်လမ်းညွှန်မှုတွေနဲ့အတူ ဒေါက်တာ ထက်ရန်အောင် တို့လို မျိုးဆက်သစ်ပညာရှင်တွေရဲ့ ကြိုးစားအားထုတ်မှုတွေ ပေါင်းစပ်ပြီး ဖေဖေမေမေတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးဖို့ အသင့်ရှိနေပါတယ်ရှင်။ 🥰🤰

ရင်သွေးလေးရဲ့ ချစ်စရာဆည်းလည်းသံလေးတွေနဲ့ သာယာတဲ့ မိသားစုဘဝလေး ပိုင်ဆိုင်နိုင်ကြစေဖို့ Origin က အမြဲ ကြိုးစားသွားမှာပါ။

သားသမီးရတနာလေးတွေ ရယူဖို့အတွက် တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင်တော့ Origin Fertility Center ကို ယုံကြည်စိတ်ချစွာ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။

18/03/2026

မိဘတိုင်းရဲ့ မျှော်လင့်ချက်အိပ်မက်တွေကို Origin Fertility Center မှာ ဘယ်လိုပုံဖော်ပေးခဲ့သလဲ... ✨

ဒီနေ့မှာတော့ ကျွန်မတို့ Center မှာ အောင်မြင်စွာနဲ့ အမြွှာရင်သွေးလေးတွေ ပိုင်ဆိုင်ခွင့်ရရှိသွားတဲ့ မိဘနှစ်ပါးရဲ့ IVF Journey အပိုင်း (၁) ကို မျှော်ဝေပေးချင်ပါတယ်။ သူငယ်ချင်းဖြစ်သူရဲ့ လမ်းညွှန်မှုနဲ့အတူ ကျွန်မတို့ဆီကို ယုံကြည်အားကိုးစွာ ရောက်ရှိလာခဲ့ပုံ၊ လိုအပ်တဲ့ စစ်ဆေးမှုတွေနဲ့ Ultra Sound ရိုက်ကူးမှုအဆင့်ဆင့်ကို ဖြတ်ကျော်ပြီး သန္ဓေသားလေး (Embryo) ကို ဂရုတစိုက် ပြန်လည်ထည့်သွင်းပေးခဲ့တဲ့ အတွေ့အကြုံတွေကို Interview ဗီဒီယိုလေးမှာ ကြည့်ရှုနိုင်ပါတယ်။ 🏥

👉ရင်သွေးရတနာ ပိုင်ဆိုင်ဖို့ ကြိုးစားနေတဲ့ မိဘတိုင်းအတွက် ဒီခရီးစဉ်လေးက ခွန်အားတစ်ခု ဖြစ်စေမှာ အမှန်ပါပဲ။

မိသားစုတစ်ခုရဲ့ ပျော်ရွှင်မှုလေးများကို ဖန်တီးပေးခွင့်ရတဲ့အတွက် ကျွန်တော်တို့ Origin Fertility Center မိသားစုမှ အတိုင်းမ...
17/03/2026

မိသားစုတစ်ခုရဲ့ ပျော်ရွှင်မှုလေးများကို ဖန်တီးပေးခွင့်ရတဲ့အတွက် ကျွန်တော်တို့ Origin Fertility Center မိသားစုမှ အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ် 💗

အဖိုးတန်လှတဲ့ ရင်သွေးလေးတွေရဲ့ ငိုသံဟာ ကျွန်တော်တို့ Origin ရဲ့ အကြီးမားဆုံးသော အောင်မြင်မှုနဲ့ ခွန်အားတွေပဲ ဖြစ်ပါတယ်။ ကလေးရရှိဖို့ ခက်ခဲနေတဲ့ မိသားစုတိုင်းအတွက် 👉အကောင်းဆုံးသော နည်းပညာ၊ စေတနာတွေနဲ့ ဆက်လက်ပြီး ကြိုးစားပေးသွားပါဦးမယ်။

👶 IVF (ဖန်ပြွန်သန္ဓေသား) ကုသမှုမှာ အောင်မြင်မှုနှုန်း အမြင့်ဆုံးရဖို့ "အကောင်းဆုံး သန္ဓေသားလောင်း" ကို ဘယ်လိုရွေးချယ်ကြမ...
14/03/2026

👶 IVF (ဖန်ပြွန်သန္ဓေသား) ကုသမှုမှာ အောင်မြင်မှုနှုန်း အမြင့်ဆုံးရဖို့ "အကောင်းဆုံး သန္ဓေသားလောင်း" ကို ဘယ်လိုရွေးချယ်ကြမလဲ?

ဖန်ပြွန်သန္ဓေသား (IVF) ကုသမှုခံယူတဲ့အခါ မိခင်လောင်းတွေရဲ့ အကြီးမားဆုံး မျှော်လင့်ချက်ကတော့ ကျန်းမာသန်စွမ်းတဲ့ ရင်သွေးလေးကို ပိုင်ဆိုင်ခွင့်ရဖို့ပါပဲ။ ဒီမျှော်လင့်ချက် ပြည့်ဝဖို့အတွက် "အရည်အသွေးအကောင်းဆုံး သန္ဓေသားလောင်း" ကို ရွေးချယ်ဖို့က အလွန်အရေးကြီးပါတယ်။ 🥰

ဘယ်အချက်တွေက ကိုယ့်ရဲ့ သန္ဓေသားလောင်းလေးကို အကောင်းဆုံးရွေးချယ်ပေးနိုင်မှာလဲ?
➲ ကျွမ်းကျင်ပါရဂူကိုယ်တိုင် စစ်ဆေးခြင်း (Conventional Selection)
ပထမဆုံးအဆင့်အနေနဲ့ ကျွမ်းကျင်တဲ့ သန္ဓေသားပါရဂူ (Embryologist) က အဏုကြည့်မှန်ပြောင်းအောက်မှာ သန္ဓေသားလောင်းရဲ့ ပုံသဏ္ဌာန်နဲ့ ကြီးထွားမှုအဆင့် (Morphology) ကို တိုက်ရိုက်ကြည့်ရှု စစ်ဆေးပါတယ်။ သန္ဓေသားလေးရဲ့ အပြင်ပန်း အချိုးအစား ပြည့်စုံမှု ရှိမရှိကို အဆင့်သတ်မှတ်တဲ့ နည်းလမ်းဖြစ်ပါတယ်။

➲ AI နည်းပညာသုံး ရမှတ်ပေးစနစ် (iDA Score Based AI Selection)
အခုခေတ်မှာတော့ လူသားတွေရဲ့ အမြင်တင်မကဘဲ ခေတ်မီ AI နည်းပညာကိုပါ အသုံးပြုလာကြပါတယ်။ AI က သန္ဓေသားလောင်းရဲ့ ဖွံ့ဖြိုးမှုနှုန်း (Kinetics) ကို စက္ကန့်မလပ် ပိုင်းခြားစိတ်ဖြာပြီး ရှင်သန်နိုင်စွမ်း ရမှတ် (Score) ထုတ်ပေးတာကြောင့် ပိုမိုတိကျတဲ့ ရွေးချယ်မှုကို ရရှိစေပါတယ်။

➲ မျိုးရိုးဗီဇစစ်ဆေးခြင်း (TE Biopsy / PGT-A) - The Gold Standard
ဒါကတော့ အကောင်းဆုံးနဲ့ အသေချာဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။ သန္ဓေသားလောင်းရဲ့ ဆဲလ်အနည်းငယ်ကို ယူပြီး DNA စစ်ဆေးခြင်းဖြင့် ခရိုမိုဆုန်း အရေအတွက် မှန်/မမှန် ကို ၉၈% ကျော် တိကျမှုနဲ့ သိရှိနိုင်ပါတယ်။
🝔 ကိုယ်ဝန်ပျက်ကျခြင်းကို ကာကွယ်ပေးနိုင်ခြင်း။
🝔 မျိုးရိုးဗီဇချို့ယွင်းချက်ပါဝင်မှုကို ကြိုတင်ဖယ်ထုတ်နိုင်ခြင်း။
🝔 ကိုယ်ဝန်ရရှိနိုင်ခြေ အမြင့်ဆုံး သန္ဓေသားကို ရွေးချယ်နိုင်ခြင်း စတဲ့ အားသာချက်တွေ ရှိပါတယ်။

✨ Origin Fertility Center မှာတော့ အတွေ့အကြုံရင့် ပါရဂူများရဲ့ ကျွမ်းကျင်မှုတင်မကဘဲ iDA Score Based AI Selection ကိုပါ ပေါင်းစပ်အသုံးပြုပေးနေပါတယ်။
ဒါ့အပြင် မျိုးရိုးဗီဇဆိုင်ရာ စမ်းသပ်စစ်ဆေးမှု (PGT-A) ကိုလည်း တစ်နေရာတည်းမှာတင် ပြီးပြည့်စုံအောင် ဆောင်ရွက်ပေးတာကြောင့် မိဘများအနေနဲ့ စိတ်ချယုံကြည်စွာ ကုသမှု ခံယူနိုင်မှာဖြစ်ပါတယ်။

📍 Moe Kaung Street, (15) Quarter, Yankin Township, Yangon, Myanmar.

☎ +95 9 346 156747

📩 fertilitycenterorigin@gmail.com

#ဖန်ပြွန်သန္ဓေသား

Origin IVF ဖွားဖက်တော်လေး ၃ယောက်❤️😍
06/03/2026

Origin IVF ဖွားဖက်တော်လေး ၃ယောက်❤️😍

ဒီနေ့ကတော့ Origin Fertility Center ရဲ့ IVF babies (၃) ယောက် ထူးထူးခြားခြား တစ်ရက်ထဲ မွေးတဲ့နေ့လေးပါဘဲ🎂🎂🎂

Origin center တစ်ခုထဲမှာဘဲ ရတဲ့ PGTA နည်းပညာနဲ့ ရောဂါကင်းစင်တဲ့ Euploid Embryo လေး ကိုယ်ဝန်ဆောင်ထားတဲ့ ဆရာဝန်မ ချောချောလေးရယ်😍😍😍

လွန်ခဲ့တဲ့ (၃) နှစ်ထဲက Origin မှာ ယုံယုံကြည်ကြည်နဲ့ ဆက်တိုက်ပြနေတဲ့ မုဒုံက အိမွန်မွန်ကိုရယ်
သူကတော့ သန္ဓေသားလေးထည့်တုန်းက အသားလုံးရှိလို့ခက်ခဲခဲ့ပေမယ့် အောင်မြင်ခဲ့တယ်။ အခု မွေးရင်းနဲ့ အသားလုံးပါ တစ်ခါထဲ ထုတ်ပေးလိုက်တော့ ကျန်သေးတဲ့ ကလေးလေး ထပ်ထည့်ရင် ပိုလွယ်တော့မှာပါ☺️☺️☺️

နောက်တစ်ယောက်ကတော့ တကယ့် မင်းသမီး မမApril အသက်က ၄၃ နှစ် 😳😁
သားအိမ်နံရံက အရမ်းပါးတော့ ဆရာကိုယ်တိုင်က မမျှော်လင့်ရဲခဲ့ပါဘူး 😏😏
ရသွားတော့လည်း သွေးတွေ ခဏခဏဆင်းနဲ့ စိတ်တွေပူရ
ခုတော့လည်း အားလုံးကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ ☺️😍😍

လူနာလေးတွေအတွက်လည်း ပျော်ရပါတယ်☺️☺️
ဆရာ့တို့ကို ယုံကြည်ပေးတဲ့ အတွက် အရမ်းကျေးဇူးတင်ပါတယ် ဆက်ပြီး ကြိုးစားပါအုံးမယ် 💪💪

"ကျွန်မ သားသမီး ရနိုင်ပါဦးမလား..."အသက် (၃၈) နှစ်အရွယ် အမျိုးသမီးတစ်ယောက်... ရင်သားကင်ဆာခွဲစိတ်မှုပြီးလို့ နောက်ထပ် ၅ ရက်...
25/02/2026

"ကျွန်မ သားသမီး ရနိုင်ပါဦးမလား..."

အသက် (၃၈) နှစ်အရွယ် အမျိုးသမီးတစ်ယောက်... ရင်သားကင်ဆာခွဲစိတ်မှုပြီးလို့ နောက်ထပ် ၅ ရက်နေရင် ကင်ဆာဆေး (Chemo) စသွင်းရတော့မဲ့ အခြေအနေမှာ Origin ဆီကို ရောက်လာခဲ့ပါတယ်…

ပုံမှန်ဆိုရင် မျိုးဥရယူဖို့ ပြင်ဆင်ချိန်က အနည်းဆုံး (၁၁) ရက်က​နေ (၁၂) ရက်လောက်အထိ လိုအပ်တာကြောင့် နောက် (၅) ရက်နေရင် ဆေးစသွင်းရတော့မဲ့ သူမအတွက်တော့ မျှော်လင့်ချက်အတော်လေး နည်းခဲ့ပါတယ်…😢

ကင်ဆာဆေးသွင်းပြီးရင် သွေးဆုံးသွားနိုင်ခြေ (၅၀%) ကျော် ရှိနေတာမို့ ဒါဟာ သူမဘဝမှာ မျိုးဆက်သစ်လေးရနိုင်ဖို့ နောက်ဆုံးအခွင့်အရေးဆိုလည်း မမှားပါဘူး…

ဒီလိုအခြေအနေမှာ Origin အဖွဲ့သားတွေ ဘယ်လို​ကြိုးစားခဲ့ရသလဲ?

အရင်ဆုံး လူနာရဲ့ ကင်ဆာအထူးကုဆရာဝန် (Oncologist) နဲ့ ချက်ချင်းအရေးပေါ် ညှိနှိုင်းရပါတယ်…

ကင်ဆာဆေးသွင်းမဲ့ရက်ကို (၂) ပတ်လောက် နောက်ဆုတ်ပေးဖို့ ညှိနှိုင်းခဲ့သလို၊ Random Start Protocol နည်းလမ်းကို အသုံးပြုပြီး ရာသီရက်ကို စောင့်မနေတော့ဘဲ မျိုးဥကြီးဆေးကို ချက်ချင်း စတင်ထိုးပေးခဲ့ပါတယ်…

ရင်သားကင်ဆာ လူနာဖြစ်တဲ့အတွက် ဟော်မုန်းတွေ အပြောင်းအလဲမဖြစ်ရအောင် Letrozole ဆေးနဲ့ ထိန်း​ပေးရင်း၊ မျိုးဥထုတ်ပြီးတာနဲ့ ကင်ဆာဆေး ချက်ချင်းပြန်သွင်းနိုင်ဖို့ ဘေးထွက်ဆိုးကျိုး လုံးဝမရှိအောင် အစွမ်းကုန် ဂရုစိုက်ခဲ့ရပါတယ်…

အသက်အရွယ်အရ မျိုးဥ ၄ လုံးခန့်သာ ရနိုင်ချေရှိပေမဲ့ တတ်နိုင်သမျှအမြန်ဆုံး အရယူပေးခဲ့ရတဲ့ ဒီမျိုးဆက်သစ် မျှော်လင့်ချက်လေးက ကင်ဆာ​ဝေဒနာရှင် အမျိုးသမီးအတွက်တော့ ရှေ့ဆက်ဖို့ ခွန်အားတွေ ဖြစ်စေခဲ့ပါတယ်…

ကင်ဆာဝေဒနာရှင် အမျိုးသမီးများအနေနဲ့ ကုသမှုမစတင်မီ သားသမီးယူဖို့ အစီအစဉ်ရှိတယ်ဆိုရင်တော့ အချိန်ဆွဲမနေဘဲ Origin Fertility Center ကို ချက်ချင်းဆိုသလို လာရောက်ဆွေးနွေးပြီး မျှော်လင့်ချက်တွေကို အမြန်ဆုံးအကောင်အထည်ဖော်လိုက်ပါနော်…

ဒီလို အရမ်းကိုအရေးကြီးတဲ့ အချိန်ကာလမျိုးမှာ Origin ရဲ့ မျိုးဆက်ပွါး ဆေးကုသမှုပါရဂူ၊ သန္ဓေသားဗေဒ ပါရဂူများ၊ မျိုးရိုးဗီဇ ဆွေးနွေးနှစ်သိမ့်ကျွမ်းကျင် ဆရာဝန်များက နည်းလမ်းကောင်းတွေ ကူညီရွေးချယ်ပေးဖို့ အသင့်ပါပဲရှင်…🤗💖

📍 Moe Kaung Street, (15) Quarter, Yankin Township, Yangon, Myanmar.

☎ +95 9 346 156747

📩 fertilitycenterorigin@gmail.com

#ဖန်ပြွန်သန္ဓေသား

Address

Moe Kaung Street, (15) Quarter, Yankin Township
Yangon
11081

Telephone

+959346156747

Website

Alerts

Be the first to know and let us send you an email when Origin Fertility Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Origin Fertility Center:

Share

Category