Origin Fertility Center

Origin Fertility Center We bring a team of specialist committed to providing the best care in infertility.

👶 ကလေးယူဖို့ ကြိုးစားပေမဲ့ အရာမထင်သေးဘူးဆိုရင်… ပုံမှန်အတိုင်း ကြိုးစားနေလည်း ကလေးမရသေးတဲ့ ဇနီးမောင်နှံများအ​နေနဲ့ အခုလိ...
26/12/2025

👶 ကလေးယူဖို့ ကြိုးစားပေမဲ့ အရာမထင်သေးဘူးဆိုရင်…

ပုံမှန်အတိုင်း ကြိုးစားနေလည်း ကလေးမရသေးတဲ့ ဇနီးမောင်နှံများအ​နေနဲ့ အခုလိုတိုးတက်နေတဲ့ခေတ်ကြီးထဲမှာ နည်းလမ်းကောင်းတွေရှိနေပြီမို့ အားငယ်စရာမလိုတော့ပါဘူး…🤜🤛

ဘာကြောင့်ကလေးရဖို့ အခက်အခဲ​ဖြစ်​​နေရလဲဆိုတာကို အရင်ဆုံး သိရှိနိုင်ဖို့ Origin ကိုသာ အရောက်လှမ်းခဲ့လိုက်ပါနော်…🥰

ကလေးရဖို့ ခက်ခဲနေတာဟာ အမျိုးသားကြောင့်ရော အမျိုးသမီးကြောင့်ပါ ဖြစ်နိုင်ပါတယ်...💯

Origin မှာဆိုရင် ကျွမ်းကျင် Fertility Specialist ဆရာဝန်ကြီးများနဲ့ တိုင်ပင်ပြီး ဘာကြောင့်လဲဆိုတာ တိတိကျကျ အဖြေရှာလို့ရပါတယ်…🩺

📃 စစ်ဆေးမှုရလဒ်တွေပေါ်မူတည်ပြီး ကိုယ်နဲ့သင့်လျော်တဲ့ ကုသမှုနည်းလမ်းကိုပါ ရွေးချယ်ပေးနိုင်မှာပါ။

🔷 ဖန်ပြွန်သန္ဓေသားကုထုံးကတော့ လူသိအများဆုံးဖြစ်ပြီး အခြားရွေးချယ်စရာနည်းလမ်းကောင်းတွေလည်း ရှိပါတယ်။

ဘယ်လိုနည်းလမ်း​ကောင်းတွေဖြစ်မလဲ❓

✔ သားဥကြီးဆေးအသုံးပြုပေးပြီး သုတ်ပိုးအားသန့်စင်ကာ သားအိမ်အတွင်း တိုက်ရိုက်ထည့်ပေးခြင်းနည်းပညာ (OI + IUI)

✔ သားဥကြီးဆေးအသုံးပြုပေးပြီး မျိုးအောင်နိုင်ခြေမြင့်မားတဲ့ရက်ကို သေချာတွက်ချက်ကာ အတူနေခြင်းနည်းလမ်း (OI + TI)

✔ သားအိမ်​ကြည့်မှန်ပြောင်းဖြင့် သားအိမ်တွင်းကို သေချာကြည့်ရှုပြီး အသားစဖျက်၊ အမြှေးပါးရှင်းပေးခြင်းနည်းပညာ (Hysteroscopy)

✔ မှန်ပြောင်းဖြင့် အသားလုံး၊ သွေးလုံး၊ ရေလုံးထုတ်ယူခြင်းနည်းပညာ (Laparoscopy)

စသဖြင့် ခေတ်မီနည်းပညာတွေ အမျိုးမျိုးရှိနေပါပြီ။

Origin အနေနဲ့လည်း ကလေးယူဖို့ ခက်ခဲနေတဲ့ ဇနီးမောင်နှံများရဲ့ သောကအမျိုးမျိုးကို ရင်ဖွင့်တိုင်ပင်လာသမျှ ပြန်လည်ဆွေးနွေးဖြေရှင်းပေးဖို့ နည်းလမ်းကောင်းများနဲ့အတူ နွေးထွေးစွာ ကြိုဆိုလျက်ပါရှင်…🤗💖

📍 Moe Kaung Street, (15) Quarter, Yankin Township, Yangon, Myanmar.

☎ +95 9 346 156747

📩 fertilitycenterorigin@gmail.com

👫 ကလေးယူတော့မဲ့ ဇနီးမောင်နှံများရှင်…👶 ကလေးယူတော့မယ်ဆို ကျန်းမာရေးက အဓိကအရေးကြီးလို့ လေ့ကျင့်ခန်းလေး ပုံမှန်လုပ်ပေးစေချင...
23/12/2025

👫 ကလေးယူတော့မဲ့ ဇနီးမောင်နှံများရှင်…

👶 ကလေးယူတော့မယ်ဆို ကျန်းမာရေးက အဓိကအရေးကြီးလို့ လေ့ကျင့်ခန်းလေး ပုံမှန်လုပ်ပေးစေချင်ပါတယ်…

🏋 လေ့ကျင့်ခန်းပုံမှန်လုပ်ပေးမယ်ဆိုရင် ဟော်မုန်းတွေကိုထိန်းညှိပေးခြင်း၊ ကိုယ်အလေးချိန်ထိန်းညှိပေးခြင်း၊ စိတ်ဖိစီးမှုလျော့နည်းစေခြင်း၊ သွေးလည်ပတ်မှုအားကောင်းစေခြင်း စတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေအပြင် အမျိုးသားသုတ်ပိုးနဲ့ အမျိုးသမီး မမျိုးဥအရည်အသွေးကိုလည်း မြှင့်တင်ပေးနိုင်လို့ ကလေးရနိုင်ခြေ ပိုမိုမြင့်မားစေမှာပါ။

👉 ဒါကြောင့် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်ရင်တောင် တစ်နေ့ကို မိနစ် ၃၀ လောက်တော့ လမ်းလျှောက်ပေးသင့်ပါတယ်။

👉 အချိန်ပေးနိုင်သူများအတွက်တော့ Yoga ဆော့ခြင်း၊ Gym ကို အလေးအရမ်းမများဘဲ ဆော့ပေးခြင်းနဲ့ ရေကူးခြင်းတို့ကို ပြုလုပ်ပေးသင့်ပါတယ်။

အားလုံးပဲ သားသမီးရတနာလေးတွေ ကိုယ်စီကိုယ်စီ ပိုင်ဆိုင်နိုင်ကြပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်နိုင်ရန်အတွက် “Origin” မှ အဘက်ဘက်က ကူညီပေးဖို့ အသင့်ပါပဲရှင်…🙏💫

ကျန်းမာရေးအကြုံပြုချက်များ ရယူလိုပါက ကျွမ်းကျင်ဆရာဝန်ကြီးများနဲ့ တိုင်ပင်ဆွေးနွေးနိုင်ရန် အချိန်မရွေးရက်ချိန်းရယူနိုင်ပါတယ်… 🤗💖

📍 Moe Kaung Street, (15) Quarter, Yankin Township, Yangon, Myanmar.

☎ +95 9 346 156747

📩 fertilitycenterorigin@gmail.com

21/12/2025

"Origin Fertility Center ရဲ့ (၃) နှစ်ပြည့် ခရီးစဉ် (3 Years of Excellence) ✨

Origin ရဲ့ (၃) နှစ်ပြည့် မွေးနေ့ဖြစ်သလို၊ ကျွန်မတို့ကို ယုံကြည်အားကိုးခဲ့ကြတဲ့ ဖေဖေ၊ မေမေတို့နဲ့အတူ အောင်မြင်မှုတွေကို အတူတူ ဆင်နွှဲတဲ့နေ့လည်း ဖြစ်ပါတယ်။

(၃) နှစ်တာကာလပတ်လုံး ယုံကြည်စွာ လက်တွဲခဲ့ကြတဲ့ မိသားစုဝင်တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်။ လူကြီးမင်းတို့ရဲ့ ယုံကြည်မှုက ကျွန်မတို့အတွက် ခွန်အားတွေပါပဲ။ ရှေ့ဆက်ပြီးတော့လည်း ခေတ်မီနည်းပညာတွေ၊ ကျွမ်းကျင်တဲ့ ဝန်ဆောင်မှုတွေနဲ့အတူ အိမ်မက်တွေကို ဆက်လက် အကောင်အထည်ဖော်ပေးသွားမှာပါ။"

သမီးလေးရေဒီနေ့က Origin Fertility Center ရဲ့ ပထမဆုံး IVF Baby အဖြစ်လောကကို လှပစွာရောက်လာခဲ့တဲ့ သမီးလေးရဲ့ ၂ နှစ်ပြည့် မွေ...
19/12/2025

သမီးလေးရေ
ဒီနေ့က Origin Fertility Center ရဲ့ ပထမဆုံး IVF Baby အဖြစ်လောကကို လှပစွာရောက်လာခဲ့တဲ့ သမီးလေးရဲ့ ၂ နှစ်ပြည့် မွေးနေ့အထူးနေ့လေးပါ 🎉🤍

အခက်အခဲတွေကို ကျော်လွှားပြီး မေတ္တာ၊မျှော်လင့်ချက်နဲ့ မွေးဖွားလာတဲ့
အဖိုးတန်သမီးလေးဖြစ်တဲ့အတွက်
ဘဝလမ်းခရီးတစ်လျှောက်လုံးမှာ
ကျန်းမာပျော်ရွှင်မှု၊ ကံကောင်းခြင်း၊ အောင်မြင်မှုတွေ အမြဲလိုက်ပါလာပါစေလို့ ဆုတောင်းပေးပါတယ် ✨

မိဘအတွက် ဂုဏ်ယူရတဲ့ သမီးလေး၊
လောကအတွက် အလင်းရောင်လေးဖြစ်တဲ့ သမီးလေးအဖြစ်အနာဂတ်မှာ ပိုပြီး ပွင့်လန်းတောက်ပပါစေနော် 💕

Happy 2nd Birthday ပါ
Origin Fertility Center ရဲ့ ပထမဆုံး အံ့ဖွယ်ကလေးလေး 🎂👶💗

ကလေးယူဖို့ စဉ်းစားထားတဲ့ ဇနီးမောင်နှံတိုင်း ဖတ်ပေးပါ…💖👤 လူတစ်ယောက်ရဲ့ နေထိုင်စားသောက်မှုပုံစံက ကျန်းမာရေးအပေါ် အများကြီး...
18/12/2025

ကလေးယူဖို့ စဉ်းစားထားတဲ့ ဇနီးမောင်နှံတိုင်း ဖတ်ပေးပါ…💖

👤 လူတစ်ယောက်ရဲ့ နေထိုင်စားသောက်မှုပုံစံက ကျန်းမာရေးအပေါ် အများကြီးသက်ရောက်မှုရှိနေပါတယ်။ အထူးသဖြင့် ကလေးယူဖို့ ဆုံးဖြတ်ထားပြီဆိုရင် မျိုးအောင်နိုင်စွမ်းကို မြှင့်တင်ဖို့အတွက် အနေအထိုင်၊ အစားအသောက်ကို သေချာဂရုစိုက်ပေးရပါမယ်။

👶 ကလေးယူတော့မယ်ဆိုရင် ဟင်းသီးဟင်းရွက်စိမ်းနဲ့ အသီးအနှံများ (ထောပတ်သီး) ကို ပုံမှန်စားပေးပါ။ အစေ့အဆန် (သစ်ကြားသီး၊ ဖရုံစေ့၊ Almond စေ့၊ သီဟိုဠ်စေ့) တွေ များများစားပါ။ ကြက်ဥ စားရပါမယ်။ အစားအစာတွေကနေ ဗီတာမင် C, D နဲ့ Zinc တို့ကို ရရှိနိုင်ပြီး အာဟာရပြည့်ဝစေလို့ မျိုးအောင်နိုင်စွမ်း မြင့်မားလာမှာပါ။

💧 ရေကိုလည်း များများသောက်ပေးပါ။ အချိုရည်တွေ၊ ကော်ဖီနဲ့ လက်ဖက်ရည်တွေ အသောက်များပြီး ရေသောက်ဖို့ကို မေ့မေ့လျော့လျော့ဖြစ်နေတတ်ပါတယ်။ ရေဓာတ်ပြည့်ဝမှ ကျန်းမာရေးကောင်းပြီး မျိုးအောင်နိုင်စွမ်းကို တစ်ဖက်တစ်လှမ်းက မြှင့်တင်နိုင်မှာပါ။

🌙 နောက်တော့ အိပ်ချိန်၊ စားချိန်ကို ပုံမှန်ဖြစ်အောင် အလေ့အကျင့်လုပ်ပါ။ ဒါကလည်း ကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်တစ်ခု ဖြစ်ပါတယ်။

🏋 ကျန်းမာတဲ့ နေထိုင်မှုပုံစံမှာ လေ့ကျင့်ခန်းလုပ်တာကလည်း မပါမဖြစ်ပါဘဲ။

ဒါကြောင့် ကလေးယူမယ့် ဇနီးမောင်နှံတွေအနေနဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့ “Origin” က တိုက်တွန်းလိုက်ပါတယ်ရှင်…🥰

ကျန်းမာရေးဂရုစိုက်တဲ့ကြားက ကလေးယူဖို့ အခက်အခဲဖြစ်နေသည့် ဇနီးမောင်နှံတွေရှိရင်လည်း ကျွမ်းကျင်ဆရာဝန်ကြီးများနဲ့ ဆွေးနွေးအဖြေရှာနိုင်ရန် “Origin” ကို လာခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်…🙏💫

📍 Moe Kaung Street, (15) Quarter, Yankin Township, Yangon, Myanmar.

☎ +95 9 346 156747

📩 fertilitycenterorigin@gmail.com

ကလေးယူဖို့ ကြိုးစားနေတဲ့ ဇနီးမောင်နှံတွေအတွက် စားသင့်တဲ့ အာဟာရဓာတ်လေးတွေကို ပြောပြပေးချင်ပါတယ်…🤗💖👉 အမျိုးသမီးတွေမှာဆိုရင...
15/12/2025

ကလေးယူဖို့ ကြိုးစားနေတဲ့ ဇနီးမောင်နှံတွေအတွက် စားသင့်တဲ့ အာဟာရဓာတ်လေးတွေကို ပြောပြပေးချင်ပါတယ်…🤗💖

👉 အမျိုးသမီးတွေမှာဆိုရင် မမျိုးဥအိမ်၊ သားအိမ်နဲ့ မွေးလမ်းကြောင်းကျန်းမာစေဖို့နဲ့ ဟော်မုန်းမညီမျှခြင်းများကို ထိန်းညှိပေးဖို့ အထူးဂရုစိုက်သင့်ပါတယ်။

👉 အမျိုးသားတွေမှာဆိုရင်တော့ သုတ်ပိုးကျန်းမာပြီး ကျားဟော်မုန်းအားကောင်းဖို့နဲ့ သုတ်ပိုးထုတ်လုပ်မှုအားကောင်းဖို့ကို သေချာဂရုစိုက်သင့်ပါတယ်။

ဒါဆို ဘယ်လိုအစားအစာတွေက အထောက်အကူပြုပေးနိုင်မလဲ❓

👩🏼 အမျိုးသမီးများအတွက်ဆိုရင်…

🔷 Folate (ဖောလိတ်) ကြွယ်ဝတဲ့ အစားအစာများ
(ဥပမာ - ဟင်းနုနွယ်၊ ပဲအမျိုးမျိုး၊ ထောပတ်သီး)

🔷 သံဓာတ်ကြွယ်ဝ​တဲ့ အစားအစာများ
(ဥပမာ - အနီရောင်အသားများ၊ ဖရုံစေ့၊ ပဲအမျိုးမျိုး၊ ဟင်းနုနွယ်)

🔷 Omega- 3 (အိုမီဂါသရီး) ကြွယ်ဝတဲ့ အစားအစာများ
(ဥပမာ - ပင်လယ်ငါးများ၊ အစေ့အဆံများ)

🔷 Calcium (ကယ်လ်ဆီယမ်) ကြွယ်ဝတဲ့ အစားအစာများ
(ဥပမာ - နို့ထွက်ပစ္စည်းများ)

🔷 Antioxidant (အင်တီအောက်ဆီးဒင့်) ကြွယ်ဝတဲ့ အစားအစာများ
(ဥပမာ - ဂျုံ၊ ပြောင်း၊ ဆန်ညို၊ ကောက်ပဲသီးနှံအမျိုးမျိုး)

စတာတွေကို နေ့စဉ်ပုံမှန် မျှတအောင် စားပေးသင့်ပါတယ်။

👨🏻 အမျိုးသားများအတွက်ဆိုရင်…

🔷 Zinc (ဇင့်) ကြွယ်ဝတဲ့ အစားအစာများ
(ဥပမာ - Oyster (ကမာ)၊ အမဲသား၊ ဖရုံစေ့၊ ပဲအမျိုးမျိုး)

🔷 Selenium (ဆီလီနီယမ်) ကြွယ်ဝတဲ့ အစားအစာများ
(ဥပမာ - တူနာငါး၊ ဥအမျိုးမျိုး)

🔷 ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာများ
(ဥပမာ - ဘယ်ရီသီးများ၊ ကီဝီသီး၊ လိမ္မော်သီး၊ ငရုတ်ပွသီး)

🔷 Omega- 3 (အိုမီဂါသရီး) ကြွယ်ဝတဲ့ အစားအစာများ
(ဥပမာ - ပင်လယ်ငါးများ၊ အစေ့အဆံများ)

🔷 CoQ10 (ကိုအင်ဇိုင်း Q10) ကြွယ်ဝတဲ့ အစားအစာများ
(ဥပမာ - ကြက်သား၊ မြေပဲ၊ ပန်းပွင့်စိမ်း)

🔷 ပရိုတင်းဓာတ်နှင့် အဆီဓာတ် (Healthy Fat) ကြွယ်ဝတဲ့ အစားအစာများ
(ဥပမာ - အနီရောင်အသားများ၊ ဥအမျိုးမျိုး၊ သံလွင်ဆီ၊ အစေ့အဆံများ)

စသဖြင့် မျှတအောင် စားပေးသင့်ပါတယ်။

ဒါ့အပြင် ကဖိန်းဓာတ်နှင့် သကြားဓာတ်များတဲ့ အစားအစာများ၊ အသင့်စား ရယ်ဒီမိတ်များ၊ အရက်၊ ဘီယာ၊ ဆီကြော်မုန့်များနဲ့ ဆေးလိပ်သောက်ခြင်းကိုပါ ရှောင်ကြဉ်သင့်ပါတယ်…❌❗

အားလုံးပဲ ကျန်းမာစွာနေထိုင်ပြီး သားသမီးရတနာလေးတွေ အမြန်ဆုံးပိုင်ဆိုင်နိုင်ကြစေဖို့ “Origin” မှ မေတ္တာရှေ့ထား မျှဝေပေးလိုက်ပါတယ်ရှင်…🙏💫

📍 Moe Kaung Street, (15) Quarter, Yankin Township, Yangon, Myanmar.

☎ +95 9 346 156747

📩 fertilitycenterorigin@gmail.com

ဆရာနဲ့ သူ့လူနာလေးတွေ ❤️🥰
07/12/2025

ဆရာနဲ့ သူ့လူနာလေးတွေ ❤️🥰

ဒီ ဇနီးမောင်နှံ ကလေးလိုချင်လို့ လာပြတာ ကြာလာတော့ IVF လုပ်ဖို့ ဖြစ်လာခဲ့တယ်

သ​န္ဓေသားလေးတွေ ကောင်းကောင်းရပေမယ့် မေမေက သားအိမ်နံရံ မထူတော့ သန္ဓသားလေးတွေ ပြန်ထည့်ဖို့က အချိန်ယူနေရတာပေါ့

တစ်နေ့ အမျိုးသားရဲ့ ဆံတော်က တော်တော်ရှည်နေတာကို သတိထားမိတော့ သွားပြီး စပ်စုမိတာပေါ့ 😏😏😏

ဆရာ ကျွန်တော် ကလေးမရမခြင်း ဆံပင် မညှပ်တော့ဘူး ဆိုဘဲ 😩😩😩

အဲမှာ စတာဘဲ 😅😅😅

သူဝင်လာတိုင်း အဲ ဆံပင်ရှည်ကြီးကို မကြည့်ဘဲနဲ့ကို မနေနိုင်တော့တာ 😏😅

ကိုယ်တောချောကလည်း မျိုးကြီးတို့ လေးဖြူတို့လို ဆံပင်ကို ခါလိုက်၊ ဖွလိုက်နဲ့ 🙄🙄😅 ဆံပင်ကို စီးလာလိုက်၊ ဘီးကုတ်တွေ တပ်လိုက်နဲ့ 🫢😅😅

ပထမဆုံးအကြိမ်မှာဘဲ ကိုယ်ဝန်ရသွားပေမယ့် ကံဆိုးပြီး ပျက်သွားတော့ ထပ်ပြီးစောင့်ရလေ သူ့ ဆံပင်ကရှည်လာလေဘဲ စိတ်တွေလည်း ညစ်ရပါတယ် 😏😏😩😅

ဒုတိယအကြိမ် သ​န္ဓေသားလေး ထည့်ပေးလို့ အောင်မြင့်တော့မှ ဖေဖေ ဖြစ်ပြီဆိုတာနဲ့ ဆံပင်လေးကို သပ်သပ်ရပ်ရပ် ညှပ်လာမှ ဆရာ့ မျက်နှာကြီးလည်း ပြုံးလို့ရွှင်လို့ပေါ့ 😁😁😁😁



Embryo Transfer လုပ်မယ့် မိခင်လောင်းများအတွက် သတိထားစရာများ...🤗IVF ကုထုံးခံယူနေချိန် သန္ဓေသားလွှဲပြောင်းတဲ့ကာလမှာ ကိုယ်ဝ...
27/11/2025

Embryo Transfer လုပ်မယ့် မိခင်လောင်းများအတွက် သတိထားစရာများ...🤗

IVF ကုထုံးခံယူနေချိန် သန္ဓေသားလွှဲပြောင်းတဲ့ကာလမှာ ကိုယ်ဝန်ရနိုင်ခြေမြင့်မားအောင် မိခင်လောင်းတွေအနေနဲ့ အစစအရာရာ ဂရုစိုက်နေထိုင်သင့်ပါတယ်...✋

ဒါဆို သန္ဓေသားလွှဲပြောင်းပြီးနောက်မှာ ဘာတွေသတိထားရမလဲ❓

🔹 သန္ဓေသားလွှဲပြောင်းပြီး ၄၈ နာရီအတွင်း ရေကူးခြင်း၊ ရေနွေးငွေ့ဖြင့်ရေချိုးခြင်းများကို ရှောင်ကြဉ်ပါ။

🔹 အာထရာဆောင်းမှတဆင့် ကိုယ်ဝန်အတည်ပြုနိုင်သည်အထိ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ပါ။

🔹 လမ်းလျှောက်ခြင်းမှလွဲပြီး ပြင်းထန်စွာလှုပ်ရှားရတဲ့၊ အလေးအပင်မရတဲ့ လေ့ကျင့်ခန်းများကို ရှောင်ကြဉ်ပါ။

🔹 ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာများ စားပေးပြီး အာဟာရပြည့်ဝမျှတအောင် စားပေးပါ။

🔹 ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာပြီး ဆေးဝါးများကို မှီဝဲပါ။

🔹 ဆေးလိပ်နဲ့ ကဖိန်းဓာတ်ကို ရှောင်ကြဉ်ပါ။

ဒီလိုမျိုး ဂရုတစိုက်နဲ့ နေထိုင်ပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာမယ်ဆိုရင်တော့ ကိုယ်ဝန်ရနိုင်ခြေမြင့်မားပြီး သားသမီးရတနာလေးတွေရရှိလာမှာပဲ ဖြစ်ပါတယ်...💖

ဒါဆို မကြာခင်မှာ မေမေဖြစ်လာတော့မှာမို့ ရှောင်သင့်တာလေးတွေ ရှောင်၊ ဆောင်သင့်တာလေးတွေဆောင်နိုင်ကြစေဖို့ Origin Fertility Center မှ အခုလို စေတနာရှေ့ထား အသိပေးလိုက်ပါရစေရှင်...🥰

သားသမီးရတနာလေးတွေလည်း အမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေ...🙏

ဖန်ပြွန်သန္ဓေသားကုထုံး (IVF) အပြင် နောက်ထပ်ရွေးချယ်နိုင်မှာကတော့ IUI ပါ...✌🔹 IUI (Intrauteribe Insemination) ကတော့ ကလေးရ...
24/11/2025

ဖန်ပြွန်သန္ဓေသားကုထုံး (IVF) အပြင် နောက်ထပ်ရွေးချယ်နိုင်မှာကတော့ IUI ပါ...✌

🔹 IUI (Intrauteribe Insemination) ကတော့ ကလေးရဖို့ ခက်ခဲနေတဲ့ အိမ်ထောင်သည်များအတွက် Assisted Reproductive Techniques များနဲ့ ကုသပေးမဲ့ ကုထုံးတစ်ခုဖြစ်ပါတယ်...

ကလေးမရနိုင်တဲ့ အကြောင်းအရင်းအမျိုးမျိုးရှိနိုင်ပြီး အမျိုးသားကြောင့်ရော အမျိုးသမီးကြောင့်ပါ ဖြစ်နိုင်ပါတယ်...

👨🏻 အမျိုးသားတွေမှာဆိုရင် သုတ်ပိုးများ အရည်အသွေး မကောင်းမွန်ခြင်း၊ အမျိုးသား Y Chromosome မကောင်းခြင်း၊ ကပ်ပယ်အိတ်အတွင်းတွင် သွေးကြောထုံးခြင်း (Varicocele)၊ကျား​ဟော်မုန်းနည်းခြင်းနဲ့ အချို့သောဆေးဝါးများ ရေရှည်သောက်သုံးနေရခြင်း...

👩🏼 အမျိုးသမီးတွေမှာဆိုရင်တော့ သားဥအိမ်၊ မမျိုးအိမ်ပုံမှန်အလုပ်မလုပ်ခြင်း၊ သားအိမ်ပုံမှန်အလုပ် မလုပ်ခြင်း စတာတွေကြောင့် ဖြစ်လေ့ရှိတယ်ဆိုတာကို ယခင် IVF ပို့စ်မှာလည်း ဖော်ပြဖူးပါတယ်…

✅ IUI ကုသနည်းပြုလုပ်နိုင်ဖို့ အမျိုးသမီးရဲ့ သားဥပြွန်ကျန်းမာနေဖို့လည်း လိုအပ်ပါတယ်။

✅ IUI ကုသနည်းကတော့ အမျိုးသမီးသားအိမ်အတွင်းသို့ သားဥကြွေချိန်တွင် သန့်စင်ပြီး အမျိုးသားသုတ်ပိုးကို တိုက်ရိုက်ထည့်သွင်းစေခြင်းဖြင့် သားသမီးရတနာများ ရရှိစေနိုင်မှာဖြစ်ပါတယ်၊၊

✅ IUI နည်းပညာသည် သားဥကြွေမှု မမှန်တဲ့ အမျိုးသမီးများ နှင့် သုတ်ပိုးအနည်းငယ်နည်းတဲ့အမျိုးသားတွေအတွက် သင့်လျော်တဲ့ ကုထုံးနည်းလမ်း တစ်ခုပါ။

ဒါဆို ကျွမ်းကျင် OG ဆရာဝန်ကြီးတွေနဲ့ တိုင်ပင် ကိုယ့်အတွက် ဘယ်ကုထုံးက သင့်တော်မလဲဆိုတာ သိနိုင်အောင် Origin Fertility Center မှာ စစ်ဆေးမှု​တွေ​ပြုလုပ်​ပြီး အကောင်းဆုံး​ရွေးချယ်နိုင်​ကြစေဖို့ ဗဟုသုတများကို မျှဝေပေးလိုက်ပါတယ်ရှင်...🥰💖

ကိုယ့်ကလေးရဲ့ ကျန်းမာရေးကို မမွေးဖွားလာခင်ကတည်းက ကြိုတင်စစ်ဆေးနိုင်မဲ့ PGTA စစ်ဆေးမှု... ✌Preimplantation Genetic Testin...
21/11/2025

ကိုယ့်ကလေးရဲ့ ကျန်းမာရေးကို မမွေးဖွားလာခင်ကတည်းက ကြိုတင်စစ်ဆေးနိုင်မဲ့ PGTA စစ်ဆေးမှု... ✌

Preimplantation Genetic Testing for Aneuploidy (PGT-A) ဆိုတာကတော့ မိဘတွေအနေနဲ့ ကိုယ့်ကလေး ကျန်းကျန်းမာမာနဲ့ ပြီးပြည့်စုံစွာမွေးဖွားလာနိုင်အောင် မျိုးရိုးဗီဇ ပျက်ယွင်းမှုရှိ/မရှိ သိနိုင်ဖို့ ဆေးပညာကျင့်ဝတ်များနဲ့ အညီ စစ်ဆေးသိရှိနိုင်တာမျိုးပါ...✌

ဒီတော့ PGTA ကို ဘယ်လိုစစ်​​ဆေးနိုင်မလဲ❓

🤰 ကိုယ်ဝန်စရှိပြီး ၅ ရက်သား သန္ဓေသားရဲ့ အချင်းဖြစ်လာမယ့် အပြင်ဘက်က အသားစကို ထုတ်ယူပြီး PGTA ပြုလုပ်နိုင်ပါတယ်...

ဒါဆို ဘယ်သူတွေက PGT လုပ်ဖို့လိုအပ်လဲ❓

▶ အသက်၃၅ နှစ်နှင့် အထက် မိခင်လောင်းများ

▶ သားပျက်/ သားလျှော ၂ ကြိမ်နှင့်အထက် ဖြစ်ခဲ့ဖူးသူများ

▶ မျိုးရိုးဗီဇရောဂါ ဥပမာ Down Syndrome က လေးငယ်များ မွေးဖွားခြင်းမှ ရှောင်ရှားလိုသူများ

▶ မွေးရာပါ သွေးနီဥပျက်စီးခြင်းရောဂါ (သာလက်ဆီးမီးယား) စတဲ့ ရောဂါတွေကို ရှောင်ရှားလိုသူများ

▶ ကင်ဆာရောဂါ မျိုးရိုးရှိ၍ ကလေးငယ်အတွက် ကြိုတင်ကာကွယ်လိုသူများ

ဒီ PGTA စစ်ဆေးမှုကို ပြုလုပ်သင့်ပါတယ်…

သားသားလေးလား မီးမီးလေးလားဆိုတာကိုလည်း ဒီစစ်ဆေးမှုကနေ သိနိုင်ပါသေးတယ်…✅

စစ်ဆေးသိရှိလိုတယ်ဆိုရင် ကျွမ်းကျင်ဆရာဝန်ကြီးများကိုယ်တိုင် အဆင့်မြင့်နည်းပညာများနဲ့ စစ်ဆေးပေးနေတဲ့ Origin Fertility Center ကိုသာ အရောက်လှမ်းခဲ့လိုက်ပါနော်...💖

ကျန်းမာတဲ့ ကလေးလေးတွေ မွေးဖွားပြီး ပျော်ရွှင်စရာမိသားစုဘဝလေး ပိုင်ဆိုင်နိုင်ကြပါစေရှင်...🙏

သားသမီးရတနာလေး လိုချင်ရက်နဲ့ မရလို့ အခက်တွေ့နေသူတွေ IVF ကို သိထားဖို့တော့ လိုပါမယ်...✋IVF လို့ပြောရင်သာ မသိကြမယ် ဖန်ပြွန...
18/11/2025

သားသမီးရတနာလေး လိုချင်ရက်နဲ့ မရလို့ အခက်တွေ့နေသူတွေ IVF ကို သိထားဖို့တော့ လိုပါမယ်...✋

IVF လို့ပြောရင်သာ မသိကြမယ် ဖန်ပြွန်သန္ဓေသားကုထုံးဆိုရင်တော့ အတော်များများနဲ့ ရင်းနှီးပြီး၊ ကြားဖူးပြီးသားဖြစ်မယ်ထင်ပါတယ်...🤗

👉 In-Vitro Fertilization (IVF) ဆိုတာကတော့ ကလေးယူဖို့ အကြိမ်ကြိမ်ကြိုးစားပေမဲ့ အခက်အခဲဖြစ်နေတဲ့ ဇနီးမောင်နှံတွေအတွက် အရမ်းကို လိုအပ်တဲ့ ကုထုံးတစ်ခုပါ...

အရင်ဆုံး ဘာကြောင့်သားသမီးရဖို့ ခက်ခဲနေရသလဲဆိုတာကို ပြောပြချင်ပါတယ်။ အကြောင်းအရင်းတွေကတော့...

👨🏻 အမျိုးသားတွေမှာဆိုရင် သုတ်ပိုးများ အရည်အသွေး မကောင်းမွန်ခြင်း၊ အမျိုးသား Y Chromosome မကောင်းခြင်း၊ ကပ်ပယ်အိတ်အတွင်းတွင် သွေးကြောထုံးခြင်း (Varicocele)၊ကျား​ဟော်မုန်းနည်းခြင်းနဲ့ အချို့သောဆေးဝါးများ ရေရှည်သောက်သုံးနေရခြင်း...

👩🏼 အမျိုးသမီးတွေမှာဆိုရင်တော့ သားဥအိမ်၊ မမျိုးဥအိမ်ပုံမှန်အလုပ်မလုပ်ခြင်း၊ သားဥအိမ်မှ သားအိမ်သို့ လမ်းကြောင်း (သားဥပြွန်မကောင်းခြင်း)၊ သားအိမ်ပုံမှန်အလုပ် မလုပ် ခြင်း စတာတွေကြောင့် ဖြစ်လေ့ရှိပါတယ်။

IVF ကုထုံးရဲ့ ကုသမှုပုံစံကတော့ အမျိုးသမီးအား နေ့စဉ်နီးပါး သားဥအိမ်ကြီးထွားစေရန် ဟော်မုန်းဆေးများကို အချိန်နှစ်ပတ်ခန့် ထိုးရန်လိုအပ်ပါတယ်။

သတ်မှတ်ထားတဲ့ မျိုးဥအရေအတွက်နှင့် ကြီးထွားမှုရှိလာပါက သားဥအိမ်ကို Ultrasound Guided ဖြင့် စုပ်ယူပြီး IVF Lab (Clean Room) အတွင်း ပေါင်းစပ်ပြီး သန္ဓေသားဖြစ်လာစေမှာပါ။

IVF ကုထုံးသည် သားဥပြွန် ကောင်းစွာအလုပ်မလုပ်တဲ့ အမျိုးသမီးများ၊ အမျိုးသားသုတ်ပိုးအား အလွန်နည်းတဲ့ အမျိုးသားများနှင့် အကြောင်းအရင်းရှာမရဘဲ သားသမီးမရတဲ့ ဇနီးမောင်နှံတွေအတွက် အထူး သင့်တော်ပါသည်၊၊

သားသမီးရဖို့ အခက်အခဲဖြစ်နေတဲ့ ဇနီးမောင်နှံများအားလုံး အဆင်ပြေကြစေဖို့ Origin Fertility Center မှ အခုလို သိရှိသင့်တာလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်...🥰

🎊Origin Fertility Center ကို အားကိုးနေတဲ့ လူနာလေးတွေအတွက် နိုင်ငံတကာအဆင့်မှီ ကုသမှု ဝန်ဆောင်မှုလေးတွေပေးဖို့ Origin team...
16/11/2025

🎊Origin Fertility Center ကို အားကိုးနေတဲ့ လူနာလေးတွေအတွက် နိုင်ငံတကာအဆင့်မှီ ကုသမှု ဝန်ဆောင်မှုလေးတွေပေးဖို့ Origin team ကအမြဲကြိုးစားလျက်ရှိပါတယ် # # #။

Baby လေးတွေလိုချင်တဲ့အခါ ရဖို့ကြန့်ကြာနေတဲ့အခါ လူအများစုက အမျိုးသမီးတွေကိုပဲ ဆေးခန်းသွားပြပါလား ။ သားအိမ်ကောင်းရဲ့လား ။ အိုဂျီပြကြည့်ပါလားဆိုပြီးပြောတတ်ကြတယ်။ တကယ်တော့ ကလေးတယောက်ရဖို့ဆိုတာ အမျိုးသမီးအပြင် အမျိုးသားကျန်းမာရေးလဲ စစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်။ နိုင်ငံတကာသုတေသနစာတန်းတွေအရ ကလေးရဖို့ကြန်ကြာနေတဲ့စုံတွဲတွေကို စစ်ဆေးကြည့်တဲ့အခါ အမျိုးသားဘက်ကကျန်းမာရေးလိုအပ်ချက်က ၄၀ရာခိုင်နှုန်းထိရှိနေတာတွေ့ရပါတယ်။ဒါကြောင့် ကလေးရဖို့ကြိုးစားတဲ့အခါမှာ အမျိုးသားကျန်းမာရေးစစ်ဆေးခြင်း လိုအပ်တဲ့ကုသမှုလေးတွေပြုလုပ်ခြင်းဖြင့် အမြန်ဆုံး ပြည်စုံတဲ့မိသားစုလေးဖြစ်အောင်ဖန်တီးနိုင်ကြမှာပါ။

တကယ်တန်းလက်တွေ့မှာတော့ baby လေးတွေလိုချင်တဲ့ အိမ်ထောင်သည်အများစုမှာ အမျိုးသားကို ကျန်းမာရေးစစ်ဆေးဖို့အတွက် ဘယ်ဆေးခန်းကိုခေါ်ရမှာလဲ ။ ဘယ်ဆရာဝန်နဲ့ပြရမှာလဲ ။ စစ်ဆေးလိုက်လို့ သုတ်ပိုးအားနည်းတာ သုတ်ပိုးမရှိတာတွေအတွက် ဘယ်သူနဲ့ပြရမှာလဲ။ အမျိုးသားအားဆေးပဲသောက်နေတာကြာနေပြီသုတ်ပိုးအခြေနေလဲမတိုးတက်သေးဘူးဆိုတဲ့မေးခွန်းပေါင်းများစွာအတွက် Origin မှာသတင်းကောင်းလေးရှိနေပါပြီ ။

ကျွန်မတို့ Origin ဌာနမှ သားဖွားမီးယပ်ပါရဂူ ဒေါက်တာဇေယျာလင်းမှာ India နိုင်ငံ Kolkata မြို့မှ Genome fertility Center မှာ (Assisted Reproductive Technology and male Infertility Course) အမျိုးသားမျိုးပွါးမှုဆိုင်ရာကျန်းမာရေးနှင့်ဖန်ပြွန်သန္ဓေသားဆိုင်ရာပညာရပ်ကို အောင်မြင်စွာတတ်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။

Origin Fertility Center ကိုလာပြတဲ့လူနာလေးတွေအတွက် နိုင်ငံတကာအဆင်မှီကုသမှုများဖြစ်တဲ့
1-ယောက်ျားလေးတွေမှာ ဖြစ်တတ်တဲ့ မျိုးအောင်နိုင်စွမ်းကျတဲ့ ပြဿနာတွေကို ခေတ်မီစက်ကိရိယာတွေနဲ့ စနစ်တကျ စစ်ဆေးပေးခြင်း။
2-ရှာဖွေတွေ့ရှိချက်အပေါ် အခြေခံပြီး ထိရောက်တဲ့ ကုသမှုနည်းလမ်းတွေ ညွှန်ကြားပေးခြင်း။
3- သုတ်ပိုးအားနည်းမှု များအတွက် လိုအပ်သော ဟော်မုန်းဆေးထိုးကုသနည်းများ
4 -သုတ်ပိုးမရှိသော အမျိုးသားများအတွက် ကပ်အိတ်မှသုတ်ပိုးစုပ်ထုတ် ဖန်ပြွန်သန္ဓေသားပြုလုပ်နည်းများ
5- စုံတွဲနှစ်ယောက်လုံးအတွက် နားလည်မှု၊ အားပေးမှုနဲ့အတူ အကောင်းဆုံး ဖြေရှင်းနည်းကို အကြံပေးခြင်း စတဲ့ လိုအပ်သောကုသမှုများကို ပိုမိုပြည့်စုံစွာ ဝန်ဆောင်မှုများပေးနိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါအပ်ပါတယ် ။

တကယ်တော့အမျိုးသားတွေဟာ ဆေးခန်းပြဖို့ ကျန်းမာရေးစစ်ဆေးဖို့ဟာ အမျိုးသမီးတွေထက်ပိုပြီး စိုးရိမ်စိတ် ရှက်ရွံစိတ်ပိုကြီးတတ်ပါတယ် ။ အမျိုးသားများကို စစ်ဆေးဖို့ ဆေးခန်းခေါ်ဖို့ကုသခိုင်းဖို့ ခက်နေတဲ့အမျိုးသမီး မမများလဲ ကိုကိုတွေမောင်မောင်တွေကို ဒီဆောင်းပါးလေး mention ခေါ် “ ရှင်နဲ့လဲဆိုင်တယ် “ လို့ share ရင်း လိုအပ်နေတဲ့ကွက်လပ်လေးကိုဖြည့် ပျော်စရာမိသားစုလေးဖန်တီးနိုင်ကြပါစေလို့ Origin မိသားစုမှ သတင်းကောင်းပါးအပ်လိုက်ပါတယ် 🥰


Address

Moe Kaung Street, (15) Quarter, Yankin Township
Yangon
11081

Telephone

+959346156747

Website

Alerts

Be the first to know and let us send you an email when Origin Fertility Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Origin Fertility Center:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category