Hanuman Foot Patch Yangon

Hanuman Foot Patch Yangon ကျီးပေါင်းဝေဒနာအမျိုးမျိုးအတွက်Hanumanသဘာဝတိုင်းရင်းဆေး🍀🍀🍀🍀

 #ပဋ္ဌာန်းအကျိုးပေး 🙏🙏🙏🙏🙏🙏🙏တစ်ချို့ က ပဋ္ဌာန်း ရွတ်တယ်။သိပ် မကြာဘူး ထူးခြား လာတယ်။တစ်ချို့က နှစ်ပေါက်အောင်ရွတ်တယ်။ ထူးခြ...
25/10/2025

#ပဋ္ဌာန်းအကျိုးပေး
🙏🙏🙏🙏🙏🙏🙏

တစ်ချို့ က ပဋ္ဌာန်း ရွတ်တယ်။
သိပ် မကြာဘူး ထူးခြား လာတယ်။

တစ်ချို့က နှစ်ပေါက်အောင်ရွတ်တယ်။
ထူးခြားမှု မရှိဘူး။

ဘာကွာလည်းမေးရင်
အထုံကွာတယ်ပဲ ဖြေကြတယ်။

ဒါပေမယ့် တကယ်လုပ်ရင်
တကယ်ဖြစ်ပါတယ်။

ပဋ္ဌာန်းရွတ်ရင် ဘာအရေးကြီးဆုံးလဲ။

အချိန်မှန်ဖို့၊ နေရာမှန်ဖို့ ၊
အသံမှန်ဖို့ က နောက်မှ
အရင်ဆုံး မှန်ရမှာ သီလပါ။

ငါးပါးသီလ အကုန်လုံရင်
ပဋ္ဌာန်းကို သဒ္ဓါလေးနဲ့ ရွတ်ကြည့်
နေ့ချင်းထူးခြားတယ်။

ရေချိုးနံ့သာလိမ်း ရွတ်လည်း ...
သီလ မစင်ရင် ပုပ်စော်နံမှာပဲ။

ကိုယ်မသိပေမယ့် တရားလာနာတဲ့
သူတော်ကောင်းတွေ သိတယ်။

နောက်တစ်ခု ပဋ္ဌာန်းရွတ်တာ
အထုံယူတာပဲ။

ပဋ္ဌာန်း အနက်ဖတ်ကြည့်...
ဘေးကင်းဖို့၊ ပွားများနေဖို့၊
စီးဖြန်းနေဖို့
မရေးထားဘူး။

အာရုံ ၆ ပါးနဲ့ ဆိုင်တဲ့
အကြောင်း အကျိုးတရားပဲ။

ဒါကို သူတော်ကောင်းတွေက နာလိုတယ်။
ရွတ်ရင် တရားကို လာနာကြတယ်။

သူရင်ထဲက လိုချင်တဲ့ သဒ္ဓါပြည့်လို့
သြော် .....ဒီလူ့ကိုလည်း လိုနေတာ
ဖြည့်ပေးမှပဲဆိုမှ ဆန္ဒပြည့်တာ။

သိပ်သေချာတာက ပဋ္ဌာန်းရွတ်ရင်
လိုချင်စိတ်နည်းနည်း
ပေးလိုစိတ်များများ
ပြည့်ဝတဲ့ သီလနဲ့ ရွတ်ကြည့်ပါ။

တစ်ပတ်မကြာဘူး။
ကိုယ့်ဘုရားခန်း နံ့သာ မထွန်းဘဲ
မွှေးလာလိမ့်မယ်။

နောက်တစ်ဆင့်လုပ်ရမှာက
ပဋ္ဌာန်း အနက်သိအောင်လုပ် .....
ရသလောက် သတိကပ်ပြီးနေ .....

ဘဝတစ်ခုအတွက်
နေတတ်သွားသလို...
သေတတ်သွားလိမ့်မယ်။

လေးစားစွာ #𝐂𝐫𝐞𝐝𝐢𝐭 ပေးပါသည်

ခါးခွဲစိတ်ထားတဲ့ သူ ညအိပ်ရင် နာတတ်လွန်းလို့ Hanuman ဆေးကပ်ခွာနဲ့ သက်သာမှုယူလိုက်တာ ကောင်းကောင်းအိပ်ပျော်ပြီး နောက်ရက်မနာ...
24/10/2025

ခါးခွဲစိတ်ထားတဲ့ သူ

ညအိပ်ရင် နာတတ်လွန်းလို့

Hanuman ဆေးကပ်ခွာနဲ့ သက်သာမှုယူလိုက်တာ

ကောင်းကောင်းအိပ်ပျော်ပြီး

နောက်ရက်မနာတော့ဘူးဆိုပဲ.

အားလုံးကြိုက်ကြတဲ့ တိုင်းရင်းဆေးလေး
၁၀ခုပါတစ်ဘူး 23500 ks

☎09797751544
Crd U Pyae Phyo Aung

 #ခါးနာခြင်းအကြောင်းသိထားဖို့➡ရိုးရိုးခါးနာတာလား❓➡စိုးရိမ်ရမယ့် အနေအထားလား❓⏩ခါးနာတယ်ဆိုတာက လူတိုင်းနီးပါး ခံစားရနိုင်တဲ့...
24/10/2025

#ခါးနာခြင်းအကြောင်းသိထားဖို့

➡ရိုးရိုးခါးနာတာလား❓
➡စိုးရိမ်ရမယ့် အနေအထားလား❓

⏩ခါးနာတယ်ဆိုတာက လူတိုင်းနီးပါး ခံစားရနိုင်တဲ့ နာကျင်မှု ပြဿနာတစ်မျိုးပါ။ လူလတ်ပိုင်းအရွယ် ၈၀ ရာခိုင်နှုန်းလောက်ဟာ သူတို့ တစ်သက်တာမှာ ခါးနာမှုကို တစ်ကြိမ်တော့ ခံစားဖူးကြပါတယ်။

⏩ခါးနာတယ်ဆိုတာက ဆယ်ကျော်သက်အရွယ်ကစလို့ ဘိုးဘိုးဘွားဘွားအရွယ်အထိ အားလုံး ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ နေ့စဉ် လှုပ်ရှား သွားလာမှုတွေ လုပ်ရင်းနဲ့ကို ခါးနာတာကအမှတ်မထင် ခံစားရနိုင်ပါတယ်။

➡ဘာတွေကများ ခါးနာစေတာလဲ………..❓

⏩ခါးနာစေနိုင်တဲ့ အကြောင်းအရင်းကတော့ အများကြီးပါ။

➡အလေးအပင်မတာ
➡ရုတ်တရက် အထိုင်အထ လုပ်မိတာ
➡ကိုယ်နေဟန်ထား မမှန်တာ
➡ပြုတ်ကျတာ
➡ချော်လဲတာ
➡လေ့ကျင့်ခန်း အပြင်းအထန် လုပ်တာ
➡မတော်တဆ ထိခိုက်မိတာ
➡အဆစ်ရောင်နာ
➡အရိုးပြတာ
➡အာရုံကြောညပ်တာ
➡ကြွက်သားရောင်တာ
➡ကျောက်ကပ် ရောဂါ စတဲ့ ပြဿနာ အမျိုးမျိုးကြောင့် ခါးနာတာကို ခံစားရနိုင်ပါတယ်။

⏩ရိုးရိုး ခါးနာတာလား……..❓

⏩ခါးနာတာက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ ခါးနာတဲ့အခါ

➡ရေသောက်တာ
➡ရေနွေးအိတ်ကပ်တာ
➡ရေခဲဝတ် ကပ်တာ
➡နှိပ်နယ်ပေးတာ
➡ဆေးလိမ်းတာ
➡လေ့ကျင့်ခန်းလုပ်တာ
➡အနားယူတာမျိုးတွေ လုပ်ပေးရပါမယ်။ ဒီလို လုပ်ဆောင်ပေးမှုနဲ့အတူ ၃ ရက် အကြာမှာ ခါးနာတာက သက်သာသွားမယ်ဆိုရင် ဒါက ရိုးရိုး ခါးနာတာပါ။

⏩ဘယ်လို အခြေအနေဆို စိုးရိမ်ရမလဲ……….❓

➡တကယ်လို့ အပေါ်မှာပြောသလိုတွေ လုပ်ဆောင်တယ်။ ဒါပေမယ့် ၃ ရက်ကျော်တဲ့အထိ ခါးနာတာက မသက်သာဘူး။ ခါးနာတာ မသက်သာတာနဲ့အတူ အခုလိုတွေပါခံစားရမယ်ဆိုရင် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုနေပါပြီ။

👉 ခါးထဲက စူးခနဲနာကျင်မယ်
ဒါက ကြွက်သား ဒါမှမဟုတ် အရွတ် စုတ်ပြဲတာဖြစ်နိုင်ပါတယ်။ နောက်ထပ် ဖြစ်နိုင်တာကတော့ ကိုယ်တွင်းအင်္ဂါတစ်ခုခုမှာ ရောဂါ ခံစားနေရတာပါ။

👉 ခါးထဲနေရာ အနှံမှာ တဆစ်ဆစ် နာမယ်
နာကျင်မှုက နေရာစုံကို ရွေ့နေမယ်။ ခြေ၊လက်တွေထဲအထိ နာကျင်မယ်ဆိုရင်တော့ အာရုံကြော ညပ်နေတာဖြစ်နိုင်ပါတယ်။

👉 ခါးနာရင်းက ခြေထောက်တွေထဲ အားမရှိသလို ခံစားရမယ်
ခါးထဲက နာတဲ့အခါ ခြေထောက်တွေပါ နာလာတာ၊ ခြေထောက်တွေထဲ အားမရှိသလို ခံစားရတာက အာရုံကြော ဖိမိနေတာ တင်ပဆုံက အာရုံကြောတွေ ညပ်နေတာမျိုး ဖြစ်နိုင်ပါတယ်။

👉 ဆီး၊ ဝမ်းမနိုင်တာမျိုး ဖြစ်မယ်
ခါးနာတာက ခါးတင် နာတာ မဟုတ်ဘဲ ဆီးတွေ၊ ဝမ်းတွေကို မထိန်းနိုင်တဲ့အထိ ဖြစ်နေတာဆိုရင် အာရုံကြော ပျက်စီးနေတာ၊ ကျောရိုးမကြီး ပိုးဝင်နေတာ၊ ဦးနှောက် အမြှေးရောင်နေတာတွေ ဖြစ်နိုင်ပါတယ်။

👉 ပေါင်ရင်းက ထုံနေတာ (သို့မဟုတ်) တစ်ဆစ်ဆစ်စူးပြီး နာမယ်
ခါးနာတာက ပေါင်ခြံ ဒါမှမဟုတ် ပေါင်ရင်းက ထုံနေမယ် ဒါမှမဟုတ် တဆစ်ဆစ် စူးပြီး နာနေမယ်ဆိုရင် အာရုံကြော ပြင်းပြင်းထန်ထန် ထိခိုက်တာ ဖြစ်နိုင်သလို ကျောရိုးမကြီး ထိခိုက်တာမျိုး ဖြစ်နိုင်ပါတယ်။

➡ခါးနာက အဆိုးရွားဆုံးအနေနဲ့ အောက်ပိုင်းသေသွားတာမျိုးအထိ ဖြစ်စေနိုင်တာကြောင့် သေချာလေး ဂရုစိုက်စေချင်ပါတယ်။

ကျောက်ကပ်မှာ တစ်ခုခုဖြစ်နေပြီဆိုရင် သိနိုင်တဲ့ လက္ခဏာ (၉) မျိုး===================ကျောက်ကပ်ရောဂါဟာ ထူးခြားတဲ့ရောဂါ လက္ခဏ...
24/10/2025

ကျောက်ကပ်မှာ တစ်ခုခုဖြစ်နေပြီဆိုရင် သိနိုင်တဲ့
လက္ခဏာ (၉) မျိုး
===================

ကျောက်ကပ်ရောဂါဟာ ထူးခြားတဲ့ရောဂါ လက္ခဏာမပြတဲ့အတွက် ရောဂါကျွမ်းတဲ့ အခြေအနေရောက်မှသာ သိကြတာမို့ ကျောက်ကပ်ရောဂါနဲ့ပတ်သက်ပြီး သတိထားမိအောင် ဖော်ပြပေးလိုက်ပါတယ်။

၁. အချိန်တိုင်းလိုလိုမောပန်းနေခြင်း

ကျောက်ကပ်မကောင်းဘူးဆိုတာနဲ့ ခန္ဓာကိုယ်တွင်းမှာ အဆိပ် အတောက်တွေ များလာစေသလို သွေးမသန့်တော့တာကြောင့် မောပန်းပြီး လေးလံ ထိုင်းမှိုင်းလာတတ်ပါတယ်။

အာရုံစူးစိုက်နိုင်စွမ်း လျော့ကျလာကာ မူးဝေခြင်း၊ အားနည်းခြင်းတွေ ဖြစ်လာပြီဆို ရင် သတိထားဖို့လိုပါတယ်။

၂. ခံတွင်းပျက်ခြင်း

ကျောက်ကပ်ထဲမှာ အဆိပ်အတောက်တွေ များလာတဲ့အတွက် ခံတွင်းပျက် တာဖြစ်နိုင်သလို လျှာက ကောင်း ကောင်းအရသာ မခံနိုင်တဲ့အတွက် အလိုလို အစားနည်းပြီး ကိုယ်အလေးချိန်ပါ လျော့ကျစေပါတယ်။

၃. မျက်လုံးတစ်ဝိုက် မို့နေခြင်း

ကျောက်ကပ်ပျက်စီးနေတဲ့အခါ အဆိပ်အတောက်တွေ စစ်ထုတ် နိုင်စွမ်း လျော့နည်းလာတဲ့အတွက် ပြတဲ့လက္ခဏာ တစ်ခုလို့ဆို ရမှာပါ။

၄. အိပ်မပျော်ခြင်း

ကျောက်ကပ် လုပ်ငန်းစဉ်တွေ ပုံမှန်မဟုတ် တော့ရင် ဆီးကနေတစ်ဆင့် အဆိပ်အတောက်တွေ စွန့်ထုတ်ပစ် တဲ့အစား သွေးထဲကို အဆိပ်အတောက်ဝင်သွားတာကြောင့်ပါ။

၅. ဆီးနဲ့ပတ်သက်ပြီး ထူးခြားမှုများ ကြုံခြင်း

ဆီးမကြာခဏသွားချင်တာတို့၊ ဆီးအမြှုပ်ထတာတို့၊ သွေးပါလာတာတို့ဆို မပေါ့ဆသင့်ပါဘူး။

၆. ခြေဆစ်လက်ဆစ်များ ရောင်ရမ်းခြင်း

ဒီလက္ခဏာကတော့ ကျောက်ကပ်ရောဂါသာမက နှလုံးနဲ့အသည်း ရောဂါရှိနေရင်လည်း ပြတတ်ပါတယ်။

၇. အသားအရေခြောက်ပြီးယားယံခြင်း

ကျောက်ကပ်ပြဿနာရှိနေတဲ့အခါမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရနဲ့ သတ္တုဓာတ်တွေ မမျှတတော့ဘဲ ကိုယ်တွင်းအဆိပ်အတောက်တွေက အရေပြားဆီကို ရောက်သွားတဲ့အတွက်ပါ။

၈. မူးဝေအော့အန်ခြင်း

ကိုယ်တွင်း အဆိပ်အတောက်တွေကို အော့အန်ခြင်းဖြင့် ထုတ်ပစ်တတ်တဲ့အတွက် သတိပြုစရာအချက်ပါ။

၉. ဟီမိုဂလိုဘင်လျော့ကျခြင်း

ကျောက်ကပ်ပျက်စီးတဲ့အခါ လုံလောက်တဲ့ သွေးနီဥတွေထုတ်ပေး နိုင်ခြင်းမရှိတော့တဲ့အတွက် သွေး အားနည်းရောဂါ ဖြစ်လာစေပါတယ်။

(ကျန်းမာသောဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။)
#မေတ္တာဖြင့်
Crd >>> အကျိုးရှိစေမဲ့စာစုများမှ

✴️အဆစ်အမြစ်ကိုက်တတ်သူတွေ✴️ခါးနာ၊ ဒူးနာ၊ ခန္ဓာကိုယ်ထိုင်းမှိုင်း လေးလံ ပေါ့ပါးမှုမရှိ သက်ကြီးပိုင်းအများစုကြုံရတဲ့ ဝေဒနာတ...
17/10/2025

✴️အဆစ်အမြစ်ကိုက်တတ်သူတွေ
✴️ခါးနာ၊ ဒူးနာ၊ ခန္ဓာကိုယ်ထိုင်းမှိုင်း လေးလံ ပေါ့ပါးမှုမရှိ သက်ကြီးပိုင်းအများစုကြုံရတဲ့ ဝေဒနာတွေအတွက်

✴️သုံးတိုင်းသိသာမယ့် ပစ္စည်းလေး လိုက်ရှာနေတယ်ဆို Aroma Massage Oilကို စမ်းသုံးကြည့်ဖို့ ညွှန်းမယ်နော်

မူးခြင်း၊ ခေါင်းကိုက်ခြင်းအတွက်စတဲ့ ဝေဒနာအားလုံးအတွက် ရှုဆေး /လိမ်းဆေး အနေနဲ့သုံးလို့ရပါတယ်ရှင့်❣❣❣




☎09797751544 or cb

ဒီဆုတောင်းလေး ကြိုက်လို့. အမြဲဆုတောင်းဖြစ်တယ်ကျွန်ုပ်ပြုရ.ကုသလကြောင့်လောကအလယ် မျက်နှာငယ်နှင့်တောင်းယူရသူ မဖြစ်လိုကြည်နူး...
15/10/2025

ဒီဆုတောင်းလေး ကြိုက်လို့. အမြဲဆုတောင်းဖြစ်တယ်

ကျွန်ုပ်ပြုရ.ကုသလကြောင့်
လောကအလယ် မျက်နှာငယ်နှင့်
တောင်းယူရသူ မဖြစ်လို
ကြည်နူး မေတ္တာ စေတနာနှင့်
မျှဝေသူသာ ကိုယ် ဖြစ်လို၏...🙏🙏🙏

သစ္စာယွင်းကွက် ချစ်ခြင်းပျက်၍
မေတ္တာကင်းသူ မဖြစ်လို
သစ္စာမြဲမြံ ချစ်ခြင်းခံ၍
မေတ္တာကြီးသူ ကိုယ် ဖြစ်လို၏🙏🙏🙏

ဆဲနည်းမျိုးစုံဆဲကာ
နှုတ်မစောင့်သူ မဖြစ်လို
ဗုဒ္ဓအလိုကျ နည်းကိုရကာ
နှုတ်စောင့်စည်းသူ ကိုယ် ဖြစ်လို၏🙏🙏🙏

လိုချင်တပ်မက် လောဘတက်ပြီး
အကျင့်တန်သူ မဖြစ်လို
တပ်မက်ကင်းကွာ လူလိမ္မာပြီး
အကျင့်ဖြူသူ ကိုယ်ဖြစ်လို၏🙏🙏🙏

သူကရန်ကြွ ကိုယ့်ကို စ လည်း
သည်းမခံသူ မဖြစ်လို
စောင်းမြောင်းပြောဆို ရန်ကိုလိုလည်း
သည်းခံတတ်သူ ကိုယ်ဖြစ်လို၏🙏🙏🙏

ဖြစ်လေရာရာ ဘဝါ ဘဝ တစ်ခဏ၌
ဗုဒ္ဓထံပါး ညွှတ်ခတွားသည့်
မျိုးနွယ်စစ်မှန် ဖိုးထိုက်တန်သည့်
ဘဝထိုထို ရလိုချင်၏🙏🙏🙏

ထိုထိုဆုတို့ ပြည့်စေလို၏
ကြှည်နူးအတူ ရလိုသူတို့
ရကြပါစေ တောင်းဆုခြွေ၏🙏🙏🙏

မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
ကျန်းမာကြပါ​စေ🍀🙏🙏🙏🍀

Cervical Spondylosis (လည်ပင်းကျီးပေါင်း)💁‍♀️ Cervical Spondylosis (လည်ပင်းကျီးပေါင်း) ကဘာလဲ⁉️- ဇက်ကျောရိုးမကြီးမှာရှိတဲ့...
13/10/2025

Cervical Spondylosis (လည်ပင်းကျီးပေါင်း)

💁‍♀️ Cervical Spondylosis (လည်ပင်းကျီးပေါင်း) ကဘာလဲ⁉️

- ဇက်ကျောရိုးမကြီးမှာရှိတဲ့ အရွတ်နဲ့ အရိုးတွေထိခိုက်ခြင်းကြောင့်ဖြစ်ရတယ်။
- အသက်အရွယ်အလိုက်ဖြစ်ပေမယ့် တချို့သော ရောဂါဖြစ်ခြင်းကို အားပေးတဲ့အချက်တွေကြောင့်လည်း ဖြစ်နိုင်ချေများနိုင်ပါတယ်။
- နာတာရှည်ပြင်းထန်စွာ ဇက်တောင့်ခြင်း၊ နာခြင်း၊ ကိုက်ခဲခြင်းများဖြစ်နိုင်ပြီး အများစုကတော့ ပုံမှန်နေ့စဉ်အလုပ်တွေကို အနှောင့်အယှက်မရှိ လုပ်နိုင်ပါတယ်။

⁉️ဘယ်လောက်အဖြစ်များသလဲ

အသက် ၆၀ ကျော်လူတွေရဲ့ ၈၅ ရာခိုင်နှုန်းလောက်မှာ ဖြစ်တတ်ပြီး တချို့ကတော့ လုံးဝလက္ခဏာမခံစားရပါဘူး။

🤷‍♀️ Cervical Spondylosis (လည်ပင်းကြီးပေါင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ⁉️

-ပုခုံးရိုးတလျှောက်နာကျင်ခြင်းဖြစ်တယ် -လက်မောင်းနဲ့ လက်ချောင်းတွေထိ နာကျင်နိုင်ပါတယ်
-မတ်တပ်ရပ်လိုက်ခြင်း၊ထိုင်လိုက်ခြင်း၊နှာချေခြင်း၊ချောင်းဆိုးခြင်း၊ခေါင်းမော့ခြင်း တွေကြောင့် နာကျင်မှုပိုဆိုးနိုင်တယ်။

တခြားလက္ခဏာတွေကတော့ –

#ကြွက်သားများအားနည်းခြင်းဖြစ်တယ်။ ကြွက်သားများအားနည်းခြင်းကြောင့် လက်မြှောက်ခြင်း၊ အရာဝတ္ထုများကိုခိုင်မြဲစွာဆုပ်ကိုင်ရာမှာ အခက်အခဲဖြစ်ခြင်း စသည်တို့ဖြစ်နိုင်ပါတယ်။

ဇက်တောင့်ခြင်း – တဖြေးဖြေးပိုဆိုးလာတတ်တယ်။

ခေါင်းကိုက်ခြင်း – များသောအားဖြင့် ခေါင်းနောက်ပိုင်းမှာဖြစ်တတတ်တယ်။

ပုခုံး၊ လက်မောင်းတို့မှာထုံခြင်း၊ ကျဉ်ခြင်း၊ – ခြေထောက်မှာလည်းဖြစ်နိုင်ပါတယ်။

#လူတိုင်းခန္ဓါကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် ဆရာဝန်နဲ့ဆွေးနွေးကြည့်တာအကောင်းဆုံးဖြစ်နိုင်ပါတယ်။

🤷‍♀️Cervical Spondylosis (လည်ပင်းကြီးပေါင်း) ကိုဘာတွေကဖြစ်စေသလဲ⁉️

လည်ပင်းမှာရှိတဲ့ အရိုးနဲ့အရွတ်တွေ ထိခိုက်ပွန်းမိတဲ့အခါ ထိုရောဂါဖြစ်ပါတယ်။ အကြောင်းအရာတွေကတော့-

(၁) အရိုးအတက်ထွက်ခြင်း

ကျောရိုးမကြီးကိုထောက်ပံ့ဖို့ ခန္ဓါကိုယ်ကနေ အရိုးအပိုများထွက်စေခြင်းဖြစ်တယ်။ ဒါပေမယ့် ထိုအရိုးအပိုပိုင်းက အာရုံကြောမကြီး၊ အာရုံကြောများကို သွားပိမိပြီး နာကျင်စေနိုင်ပါတယ်။

(၂) ကျောရိုးဆစ်ကြားရှိ အရိုးပြားများ အရည်ခမ်းခြင်း

ကျောရိုးဆစ်တစ်ခုနဲ့တစ်ခုကြားမှာ အရိုးပြားလေးတွေရှိပြီး ထိုအရိုးပြားလေးတွေက ထူထဲကာ အလေးမခြင်း၊ လိမ်ခြင်း နဲ့ တခြားလှုပ်ရှားမှုတွေကြောင့်ဖြစ်လာတဲ့ အားကို စုပ်ယူပေး၊ ခံထားပေးပါတယ်။ ထိုအရိုးပြားများအတွင်းရှိ ဂျယ်လ်ပုံစံ ပစ္စည်းတစ်မျိုးဟာ အချိန်ကြာလာတဲ့အခါ ခမ်းခြောက်သွားတယ်။ ထိုအခါ ကျောရိုးဆစ်များ တစ်ခုနဲ့တစ်ခု ပွတ်တိုက်မိပြီး နာကျင်ခြင်းဖြစ်စေပါတယ်။

(၃) အရိုးပြားကျွံခြင်း

အရိုးပြားများကွဲအက်သွားပြီး အတွင်းရှိပစည်းများ ထွက်လာကာ အာရုံကြောမကြီးနဲ့ တခြားအာရုံကြောငယ်လေးတွေကို ဖိမိခြင်းကြောင့် ထုံခြင်း၊ ကျဉ်ခြင်းများဖြစ်လာစေပါတယ်။

(၄) ထိခိုက်မှု

ယာဉ်မတော်တဆ သို့ အမြင့်မှပြုတ်ကျခြင်းကြောင့် လည်ပင်းထိခိုက်မှုတစ်ခုခုဖြစ်သွားပါက ရောဂါရနိုင်ချေများပါတယ်။

(၅) အရွတ်များတောင့်တင်းမှု

ကျောရိုးမကြီးမှ အရိုးဆစ်များ တစ်ခုနဲ့တစ်ခုဆက်ထားသော အရွတ်တွေက အသက်ကြီးလာတာနဲ့အမျှ တောင့်တင်းလာပြီး လည်ပင်းလှုပ်ရှားမှုအပေါ်သက်ရောက်ကာ ဇက်တောင့်စေတတ်ပါတယ်။.

အသုံးများခြင်း

အလေးပင်မခြင်းကဲ့သို့ အလုပ်များ၊ ဒါမှမဟုတ် တချို့သော ဝါသနာပါကအလုပ်များကြောင့် ထပ်ကာထပ်ကာလှုပ်ရှားနေရပါက ကျောရိုးမပေါ်တွင် ဖိအားများစေပြီး စောစီးစွာထိခိုက်ပျက်စီးစေပါတယ်။

💁‍♀️Cervical Spondylosis (လည်ပင်းကြီးပေါင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ⁉️

➡️ အဓိကအချက်ကတော့ အသက်ကြီးလာခြင်းဖြစ်တယ်။ အသက်ကြီးလာတာနဲ့အမျှ လည်ပင်းရိုးအဆစ်တွေ ပြောင်းလဲလာပြီး cervical spondylosis ဖြစ်လာရပါတယ်။

အဆစ်ကြားအရိုးပြားထိခိုက်ခြင်း၊ ကျွံခြင်း၊ အရည်ခမ်းခြင်း၊ အရိုးအတက်ထွက်ခြင်းတွေကြောင့်လည်း ဖြစ်တတ်ပြီး အောက်ပါအချက်တွေကြောင့်လည်း ရောဂါရနိုင်ချေများပါတယ် –

♻️လည်ပင်ထိခိုက်ခြင်း
♻️အလေးပင်မရသောအလုပ်များ
♻️ပုံစံမမှန်သောအနေအထားတွင် အချိန်ကြာရှိခြင်း သို့ လည်ပင်းလှုပ်ရှားမှုထပ်ကာထပ်ကာလုပ်ရခြင်း
♻️မျိုးရိုးဗီဇ
♻️ဆေးလိပ်သောက်ခြင်း
♻️ကိုယ်အလေးချိန်များခြင်း၊ လှုပ်ရှားမှုနည်းခြင်း

💁‍♀️Cervical Spondylosis (လည်ပင်းကြီးပေါင်း) ကို ဘယ်လိုကုသပါသလဲ⁉️

ကုသမှုကတော့ နာကျင်ခြင်းသက်သာစေရန်၊ ထာဝရမပျက်စီးသွားဘဲ ပုံမှန်ဘဝကိုပြန်ရောက်နိုင်ရန် ရည်ရွယ်ပါတယ်။ ခွဲစိတ်စရာမလိုဘဲ အာနိသင်ရှိတဲ့ နည်းတွေအမျိုးမျိုးရှိပါတယ်။

(၁) လေ့ကျင့်ခန်းလုပ်ခြင်း –

လည်ပင်းကြွက်သားများ၊ ပုခုံးကြွက်သားများဆန့်ခြင်းကုထုံးဟာ ကြွက်သားများသန်မာစေပြီး နာကျင်မှုသက်သာစေတယ်။ အလေးတုံးများသုံးကာ လည်ပင်းဆွဲခြင်းဖြင့် လည်ပင်းအရိုးဆစ်များတစ်ခုနဲ့တစ်ခုကြားနေရာရပြီး အရိုးပြားနဲ့ အာရုံကြောအမြစ်ပေါ်ဖိအားသက်ရောက်ခြင်းကို သက်သာစေပါတယ်။

(၂) ဆေးဝါးကုသမှု –

သာမန်ဝယ်ယူရသောဆေးများဖြင့် အဆင်မပြေပါက အောက်ပါဆေးများညွှန်းပါလိမ့်မယ် –
ကြွက်သားများဖြေလျော့ဆေး၊ နာကျင်မှုသက်သာစေသောဆေးများ၊ တစ်သျှူးများရောင်ရမ်းခြင်းကိုသက်သာပြီး နာကျင်မှုလျော့စေသောစတီးရွိုက်ထိုးဆေး

❣️ကိုက်ခဲပျောက်ဆေးများကို #အစာအိမ်ရောဂါ_အသည်းရောဂါစတဲ့ ရောဂါအခံတွေ ကိုယ့်မှာ ရှိနေရင်

❗သောက်ဆေးတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ သိထားသင့်တာကြောင့်

👩‍⚕️ဆရာဝန်နဲ့ ပြပြီးမှ ဆေးညွှန်းအတိုင်း သောက်စေချင်ပါတယ်

ရောဂါပြင်းထန်ပြီး တခြားကုသမှုများအဆင်မပြေပါက ခွဲစိတ်ရန်လိုနိုင်ပါတယ်။ အရိုးအတက်ထွက်ခြင်း၊ အရိုးပြားကျွံခြင်းတို့မှာခွဲစိတ်ရနိုင်တယ်။ ဒါပေမယ့် များသောအားဖြင့် ခွဲဖို့မလိုတာများပါတယ်။ အရမ်းနာကျင်နေရင်၊ လက်လှုပ်ရှားမှုတွေပါထိခိုက်လာရင် ထိုအချိန်တွေမှ ခွဲဖို့အကြံပြုတတ်ပါတယ်။

(၃) နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

#ရောင်ရမ်းနေသောကြွက်သားများ နာကျင်မှုသက်သာစေရန်

ရေနွေးအိတ် သို့ ရေခဲအိတ်ကပ်နိုင်သလို

💁‍♀️ သောက်ဆေးတွေ သောက်ရလို့ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုး စိုးရိမ်နေသူများအတွက်

⚜️ ထိုင်းနိုင်ငံမှ ထုတ်လုပ်သော ိုင်းရင်းဆေးကပ်ခွာ_လိမ်းဆေးဆီကို သုံးစွဲလို့ရပါတယ်

ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် အမြန်သက်သာစေနိုင်တယ်။

ယာယီသက်သာဖို့အတွက် လည်ပင်းအပတ် ပတ်ထားနိုင်ပေမယ့် အချိန်ကြာပတ်ထားပါက ကြွက်သားများအားနည်းသွားစေနိုင်ပါတယ်။

Order to cb သို့ ☎09797751544ကိုဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်

👨‍👩‍👦‍👦 စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ🙏🙏🙏


#ဒူးနာခါးနာကျီးပေါင်း
#ဟာနုမာန်တိုင်းရင်းဆေကပ်ခွာ
#ဟာနုမာန်လိမ်းဆေးဆီ

ဇက်ကြောတက်တတ်သူများအတွက် ငွေမကုန်ပဲပျောက်မယ့် အိမ်တွင်းနည်းလမ်း_၅_နည်း ‼️ ==============================================...
13/10/2025

ဇက်ကြောတက်တတ်သူများအတွက် ငွေမကုန်ပဲပျောက်မယ့် အိမ်တွင်းနည်းလမ်း_၅_နည်း ‼️
====================================================================

စစ်တမ်းများအရ လူတွေရဲ့၁၀ရာခိုင်နှုန်းမှာ ဇက်ကြောတက်ခြင်းဖြစ်ပေါ်နေတတ်ပြီး ၆၅ရာခိုင်နှုန်းကျော်လောက်က ဘဝမှာတစ်ခါတော့ခံစားဖူးကြတယ်လို့ဆိုပါတယ်။ဇက်ကြောတက်ခြင်းဖြစ်စေသော အခြေခံအကြောင်းရင်းတွေကတော့ လေ့ကျင့်ခန်းအလုပ်များခြင်း၊အိပ်စက်ပုံ ထိုင်ပုံ မမှန်ခြင်း၊ပုံစံတစ်ခုတည်းတွင်အထိုင်များခြင်း၊စိတ်ဖိစီးမှုများခြင်းတို့ ဖြစ်ပါတယ်။ဇက်ကြောတက်ခြင်းကိုသက်သာစေမယ့် အိမ်တွင်းနည်းလမ်းများကတော့ –

(၁)ရေခဲကပ်ခြင်း(လတ်တလောနာကျင်ခြင်းအတွက်)
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

ရေခဲအိတ်ကို ဇက်ကြောပေါ်တွင် ၂၅မိနစ်ခန့်ကပ်ပေးပါ။လောလောလတ်လတ်နာကျင်ခြင်းကိုသက်သာစေတဲ့အပြင် သွေးကြောတွေကိုကျဉ်းစေတဲ့အတွက် အယောင်ကျစေပါတယ်။ဒါပေမယ့် ရေခဲကို တိုက်ရိုက်မကပ်ပဲ အိတ်တစ်ခုထဲထည့်ပြိးမှ ကပ်ဖို့မမေ့ပါနဲ့။

(၂)အပူကပ်ပါ (နာတာရှည်နာကျင်ခြင်းအတွက်)
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

ဆန် သို့ ဂျုံကို အိတ်အသေးထဲတွင်ထည့်ပြီးအပူပေးပါ။ရေနွေးအိတ်ကိုလဲသုံးနိုင်ပါတယ်။ထိုအိတ်ကိုဇက်ပေါ်သို့ ၁၅မိနစ်ကပ်ပေးပါ။မနက်အိပ်ရာထနဲ့ လေ့ကျင့်ခန်းမပြုလုပ်ခင်ကပ်ပေးပါက ပိုထိရောက်ပါတယ်။ရေနွေးနဲ့ရေချိူးခြင်းကိုလဲ ပြုလုပ်နိုင်ပါတယ်။ရေချိူးတဲ့အခါ ဆားခါးထည့်ချိူးပါ။ဆားခါးတွင်ပါသော မက်နီဆီယမ်က ကြွက်သားတွေကို ပြေလျော့စေပါတယ်။

(၃)ဗီတာမင် ဘီ၁၂ပါသောအစာများစားပါ
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

သင့်အာရုံကြောတွေကို ကာကွယ်ထားသော အလွှာကိုအားကောင်းစေပြီး နာကျင်ခြင်းကိုသက်သာစေပါတယ်

(၄)နနွင်းစားပါ
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

ဟင်းထဲ နနွင်းထည့်ချက်ခြင်း၊ ရေနွေးထဲနနွင်းနဲ့ပျားရည်ခပ်သောက်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

(၅)လည်ပင်းလေ့ကျင့်ခန်း
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

ဇက်ကြောနာကျင်ခြင်းကိုသက်သာစေတဲ့အပြင် လည်ပင်းကြွက်သားများကိုသန်မာစေပါတယ်လည်ပင်းကိုစက်ဝိုင်းပုံလှည့်ပါ။၃ကြိမ်ပြုလုပ်ပါ။လည်ပင်းကို ဘယ်ဘက်သို့တတ်န်ုင်သမျှလှည့်ပါ။ထို့နောက်ညာဘက်ကိုလှည့်ပါ။၃ကြိမ်စီပြုလုပ်ပါလည်ပင်းကို အပေါ် အောက် ၃ကြိမ်စီ လှည့်ပါ။




လက်ညောင်းလာရင် ဒီလိုလုပ်==================အလုပ်တွေလုပ်နေရ၊ စာတွေရေး၊ ကွန်ပျူတာတွေသုံးရတာကြာလာလို့ရှိရင် လက်တွေညောင်းလာတတ...
11/10/2025

လက်ညောင်းလာရင် ဒီလိုလုပ်
==================
အလုပ်တွေလုပ်နေရ၊ စာတွေရေး၊ ကွန်ပျူတာတွေသုံးရတာကြာလာလို့ရှိရင် လက်တွေညောင်းလာတတ်ပါတယ်။ လက်ညောင်းလာရင်တော့ အခုဖော်ပြမဲ့ လေ့ကျင့်ခန်းတွေကို လုပ်ကြည့်လိုက်ပါ။

🔸လေ့ကျင့်ခန်းတစ်ခုကို (၁၀)ကြိမ်ပြုလုပ်ပါ

🔸အစမှအဆုံးအထိ (၃) ကြိမ် ပြုလုပ်ပါ
Credit

🍃 ပူစီနံအစွမ်း အံံ့မခမ်း 🍃😴😴ပူစီနံအရည်ကို သောက်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသလို အဆီလည်း ကျစေပါတယ်။ အိန္ဒိယ အ...
11/10/2025

🍃 ပူစီနံအစွမ်း အံံ့မခမ်း 🍃

😴😴ပူစီနံအရည်ကို သောက်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသလို အဆီလည်း ကျစေပါတယ်။

အိန္ဒိယ အစားအစာတွေထဲမှာရော အတို့အမြုပ် အနေနဲ့ပါ စားနိုင်တဲ့ ပူစီနံ စားရုံနဲ့ လေ့ကျင့်ခန်းတွေ ထူးထူး ထွေထွေ သိပ်လုပ်စရာ မလိုပဲ ကိုယ်အလေးချိန် ကောင်းကောင်း လျော့ချနိုင်ပါတယ်။

👉👉 ပူစီနံက သင့်ကို ဘယ်လို ကျန်းမာရေး ကောင်းကျိုးတွေ ဖြစ်စေပါသလဲ။

(၁) အစာခြေစနစ်ကို အထောက်အကူပြုတယ်။ အစာကြေစေတယ်

👉 ခံတွင်းကိုလည်း ရှင်းစေတယ်၊ အစာကိုလည်း ကြေစေတယ်၊ အစာမာ စားတာ များရင်၊ ဒါမှမဟုတ် အစာမကြေ ဖြစ်နေရင် ပူစီနံရွက် နည်းနည်းလောက် စားပေးရုံနဲ့ အစာကြေ အဆင်ပြေစေပါလိမ့်မယ်။

(၂) အာရုံကြော အားကောင်းစေပြီးမအီမသာဖြစ်ခြင်းနဲ့ခေါင်းကိုက်ခြင်းကိုလည်း သက်သာပျောက်ကင်းစေတယ်။

👉 ပူစီနံကို ပုံမှန် စားသုံးပေးခြင်းက အာရုံကြော အားကောင်းစေတာတွေ့ရသလို မအီမသာဖြစ်ပြီး ခေါင်းကိုက်နေချိန်မှာလည်း စားသုံးပေးမယ် ဆိုရင် ပူစီနံရဲ့ အနံ့ကြောင့် ခေါင်းကိုက်ပျေက်ကင်းစေတာ တွေ့ရပါတယ်။

(၃) ချွဲကျစေတယ်၊ ချောင်းဆိုးပျောက်စေတယ်

👉 ချောင်းဆိုးပျောက်ဆေး အများစုမှာ ပူစီနံရဲ့ဓာတ်ကို ထည့်သွင်း ထုတ်လုပ်ထားတာ တွေ့နိုင်သလို အနည်းငယ် ပူရှိန်တဲ့ ဓာတ်ကြောင့် ချွဲကျစေသလို ချောင်းဆိုးလည်း ပျောက်ကင်းစေတာ တွေ့ရပါတယ်။

(၄)အသက်ရှုလမ်းကြောင်းနဲ့ဆိုင်သောရောဂါနဲ့ ပန်းနာရင်ကျပ်ကို သက်သာစေနိုင်တယ်

👉 အများဆုံးသော ပန်းနာရင်ကျပ် သမားတွေရဲ့ လက်စွဲတော် အစားအစာလည်းဖြစ်၊ အကောင်းဆုံး စားသုံးသင့်တဲ့ အရွက်က ပူစီနံပါ၊ လည်ချောင်းရှင်းပြီး အသက်ရှုလမ်းကြောင်း ကောင်းမွန်စေတာ တွေ့ရပါတယ်။

(၅) မိခင်များ နို့ထွက်ကောင်းစေတယ်

👉 နို့တိုက်မိခင်တွေ နို့ထွက်ကောင်းစေချင်တယ် ဆိုရင်လည်း ပူစီနံ အနည်းငယ် ပုံမှန် စားသုံးပေးသင့်ပါတယ်။ နို့ထွက်အားကောင်းလာစေနိုင်ပါတယ်။

(၆) အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်တယ်

👉 ပူစီနံရွက်ထဲမှာ ပါရှိတဲ့ ပူရှိန်တဲ့ ဓာတ်ဟာ သွေးထဲက အဆီခဲတွေကို ဖယ်ရှားပေးနိုင်ပြီး အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။

(၇) အသားရေစိုပြေစေတယ်

👉 အရွက်ကို ပုံမှန် စားသုံးပေးခြင်းက အရေပြားကို စိုစွတ် အေးမြစေတယ်၊ စိုပြေစေတယ်၊ နေပူဒဏ် ခံနိုင်စေတယ်၊ ပူစီနံနဲ့ ဖော်စပ်ထားတဲ့ အရေပြား လိမ်းဆေးတွေအရေပြား ကူးစက်ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။

(၈) မှတ်ဥာဏ်ကိုလည်း ပိုမိုကောင်းမွန်စေပြီး သတိမေ့ခြင်းကို သက်သာစေနိုင်တယ်

💑- အသက်အရွယ်ကြီးမားလာခြင်း အတွက်ရော စိတ်ဖိစီးမှု များခြင်းကြောင့် သတိမေ့ခြင်းကို ပူစီနံက ကာကွယ်ပေးနိုင်တာ၊ သက်သာစေနိုင်တာ တွေ့ရပါတယ်။

(၉) ဝိတ်ကျစေဖို့အတွက်လည်းအထောက်အကူပြုတယ်။ ကိုယ်အလေးချိန် မှန်စေတယ်။

🐷 အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်သလို ကိုယ်အလေးချိန် များနေသူတွေ၊ အ၀လွန်နေသူတွေကိုလည်း သွေးထဲက အဆီတွေဖယ်ပေးနိုင်တာကြောင့် ကိုယ်အလေးချိန် မှန်ပြီး ပိန်စေနိုင်တာလည်း တွေ့ရပါတယ်။

(၁၀) ကင်ဆာရောဂါဖြစ်ခြင်းကိုလည်း ကာကွယ်ပေးတယ်။

🌞 အထိရောက်ဆုံး ကာကွယ်မှု ပေးနိုင်တာ မဟုတ်ပေမယ့် နောက်ဆုံး လေ့လာတွေ့ရှိချက်တွေ အရတော့ ကင်ဆာဖြစ်စေမယ့် ဆဲလ်တွေ ဖြစ်တည်မှုနဲ့ ကင်ဆာဆဲလ်တွေ သေစေနိုင်မှုကို ပူစီနံဓာတ်က ကူညီ တိုက်ဖျက်ပေးနိုင်တာ တွေ့ရပါတယ်။

(၁၁) စိတ်ဓာတ်ကျခြင်းနဲ့ပင်ပန်းနွမ်းလျမှုကိုလည်း တိုက်ထုတ်ပေးနိုင်ပြီး ဓာတ်မတည့်ခြင်းနဲ့ဖျားနာခြင်းကိုလည်း သက်သာစေတယ်။

photo,စာ

💢 အကြောညပ်သူများအတွက် ရောဂါသက်သာပျောက်ကင်းစေဖို့ နည်းလမ်းကောင်း 💢 အကြောညပ်ရောဂါသည် ကိုယ်ခန္ဓာ၏ အောက်ပိုင်း ခါး၊ပေါင် နှင...
10/10/2025

💢 အကြောညပ်သူများအတွက် ရောဂါသက်သာပျောက်ကင်းစေဖို့ နည်းလမ်းကောင်း 💢

အကြောညပ်ရောဂါသည် ကိုယ်ခန္ဓာ၏ အောက်ပိုင်း ခါး၊ပေါင် နှင့် ခြေသလုံးတို့တွင် ခံစားရလေ့ရှိပါသည်။ အကြောညပ်ရောဂါသည် အလွန်ခံရခက်သည်။
၂၄နာရီပါတ်လုံး ခံစားနေရသည်တော့ မဟုတ်ပါ။ အကြောက အညပ်ခံရလိုက် ပြန်လွတ်သွားလိုက် ဖြစ်ဟန်ရှိပါသည်။
အကြောညပ်ဝေဒနာ ခံစားနေရချိန်တွင် အနေခံခက်လှသဖြင့် စိတ်ဓာတ်ပင် ကျချင်လာတတ်သည်။

အကြောညပ်ဝေဒနာ မသက်မသာ ဒုက္ခခံစားနေရရာက အကြောညပ်ခြင်းမှ ပြန်လွတ်သွားသောအခါ ခံစားရသောသုခသည် အလွန်ပင်တန်ဘိုးရှိကြောင်း ခံစားသိရှိမိတော့သည်။ (ဒါ့ကြောင့်ပင် ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟု ဆိုကြရပါသည်)

ယခုဆက်လက်၍ ကျွန်တော်ကိုယ်တိုင် ခံစားခဲ့ရသော အကြောညပ်ဝေဒနာ သက်သာပျောက်ကင်းခဲ့ရပုံကို ကုသိုလ်ပြုပါမည်။
တစ်ခုတော့ပြောလိုသည် လွယ်လွန်းပြီး ငွေမကုန်ရသဖြင့် တန်ဘိုးမရှိထင်ကာ တန်ဘိုးမသိဖြစ်မှာတော့ စိုးရိမ်မိသည်။♨️

လက်တွေ့ပျောက်ကင်းခဲ့သော
လေ့ကျင့်နည်း♨️

လိုအပ်သောပစ္စည်းမှာ
တစ်ကိုက်( ၂ တောင်)ခန့်ရှိသော
ကြိုးတစ်ချောင်းမျှသာဖြစ်ပါသည်
ပီနံကြိုး(ပလပ်စတစ်ကြိုး)
ဖြင့်လည်း ရပါသည်။

🍁၁။ ၄င်းကြိုးကို ပုံတွင်ပြထားသည့်အတိုင်း အဖြားနှစ်ဖက်ဆက်ချည်၍ ကြိုးကွင်းလုပ်လိုက်ပါ။
🍁 ၂။ မွှေ့ယာအထူအခင်းမပါသော ခုတင်ပေါ်တွင် ပက်လက်အိပ် ပါ။
🍁၃။ ခြေနှက်ဖက်ကို ပုံတွင်ပြထားသည့်အတိုင်းကားထားပါ
(ခြေဖဝါးအဖျားပိုင်းသည် အပြင်ဘက်ကိုလဲ၍နေတတ်ပါသည်)။
🍁၄။ ထိုသို့မဖြစ်စေရန် ပုံတွင်ပြထားသည့်အတိုင်း ခြေဖျားပိုင်းနှစ်ဖက်ကို ကြိုးကွင်းဖြင့်သိုင်းထားရပါသည်
(ခြေရင်းဘက်မှကြည့်လျှင် ပုံပြပါအပါအတိုင်း ခြေဖဝါးနှစ်ဖက် မတ်မတ်ထောင်နေပါစေ)။
🍁၅။ ဘေးဘက်မှကြည့်လျှင်လည်း ပုံပြပါအတိုင်း ခြေဖဝါးနှစ်ဖက် မတ်မတ်ထောင်နေပါစေ။
🍁၆။ ထိုသို့နေရသည်မှာ အလေ့အကျင့်မရသေးက အနည်းငယ်အခံခက်ပါသည်(ကြိုးစား၍လေ့ကျင့်ပါ)။
🍁၇။ ထိုအနေအထားအတိုင်း ၂ နာရီခန့်နေလိုက်ပါက ညပ်နေသော ခါးကြော ပေါင်ကြောများ အညပ်လွတ်ခါ အကြောညပ်ဝေဒနာ သက်သာလာသည်ကို
လက်တွေ့ခံစားရပါသည်။
🍁၈။ ထိုအနေအထားအတိုင်း အိပ်ပျော်သွားပြီး ၂ နာရီထက် ပိုကြာလျှင် ပိုကောင်းပါသည်
(အိပ်ယာမှနိုးလျှင် ခန္ဓာကိုယ် အပေါ်ပိုင်းမှစ၍ ဘေးဘက်သို့ စောင်းငဲ့ကာ လှုပ်ရှားလိုက်လျှင် တောင့်တင်းနေသော ခြေနှစ်ဖက်လည်း အဆင်ပြေသွားပါသည်။
🍁 ၉။ ဤကဲ့သို့ တစ်ကြိမ်တစ်ခါ အောင်မြင်အောင် လုပ်ကြည့်ပြီးလျှင် ဤလေ့ကျင့်ခန်း၏ တန်ဘိုးသိရပါလိမ့်မည်။
🍁၁၀။ အခါအားလျှော်စွာ ဆက်လက်လေ့ကျင့်ပါက အကြောညပ်ဝေဒနာ လုံးဝပျောက်ကင်းနိုင်ပါသည်။

#မှတ်ချက်
ဤနည်းကို ခါးညပ်ဝေဒနာ ကိုယ်တိုင်ခံစားခဲ့ရစဉ်က ကျွန်တော်၏ တပည့်(လုပ်ငန်းမန်နေဂျာ) ကိုဖိုးဇော်ခေါ် ကိုအောင်ဇော်မင်းက ပေးပါသည်။
ကိုဖိုးဇော် ကို ဒေါက်တာသန်းစိုးနိုင်(ယခုအထိလူပျိုကြီး)က ပေးသည်ဟု ပြောပြသိရှိရပါသည်။
သူတို့ပြောစကားမှ ကိုယ်တိုင်လက်တွေ့ လေ့ကျင့် ပျောက်ကင်းခဲ့ပါသဖြင့် ကြိုးစား၍ ရေးသားကုသိုလ်ပြုပါသည်။
💗ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ
ကြပါစေ။💗

အဆင်ပြေသက်သာပြီး.အာရုံကြောညှပ်ဝေဒနါမှအမြန်ဆုံးသက်သာပျောက်ကင်းကြပါစေရှင့်

ထပ်ဆင့်မျှဝေပါသည်

အမေအမြဲကြက်သွန်နီစားတယ်သူက ပိုတက်ဆီယမ်ကျရင် တက်တာတကယ်မြန်တယ်လူကြီးဆိုတော့ ကျန်းမာရေးကတစ်နေ့ငွေတစ်နေ့ရွှေလိုဘဲဂရုစိုက်နေရ...
10/10/2025

အမေအမြဲကြက်သွန်နီစားတယ်
သူက ပိုတက်ဆီယမ်ကျရင် တက်တာတကယ်မြန်တယ်
လူကြီးဆိုတော့ ကျန်းမာရေးကတစ်နေ့ငွေတစ်နေ့ရွှေလိုဘဲဂရုစိုက်နေရတာ
သွားတွေမရှိတော့အစာမကြေမှာလဲစိတ်ပူရသေးတယ်

ကြက်သွန်နီ အရသာက အရည်ရွှမ်း၊ ချိုမြမြ၊ စပ်ရှရှ၊
အငွေ့က မျက်ရည်ကျစေပါတယ်။

• ကြက်သွန်နီရည် + ဆား နဲ့ သောက်ရင်
- အစာအဆိပ်၊ မြွေအဆိပ် ပြေတယ်။
လည်ချောင်းနာ၊ ချောင်းဆိုး ပျောက်တယ်။

• ကြက်သွန်နီရည် + ဆား နဲ့ လိမ်းရင်
- ကင်းဆိပ်၊ ပျားဆိပ်၊ အဆိပ် အမျိုးမျိုး၊
မိတ်၊ အင်ပြင်၊ ပျောက်တယ်။

• ကြက်သွန်နီရည် + သကြား သောက်ရင်
- ဆီးကျောက်တည်၊ ဆီးကျင်တာ ပျောက်တယ်။

• ကြက်သွန်နီရည် + သကြား လိမ်းရင်
- အသားအရေ စိုပြေတယ်။

• ကြက်သွန်နီအငွေ့
- မျက်စိနာ ပျောက်စေတယ်၊
- အသက်ရူလမ်းကြောင်း ရှင်းစေတယ်၊

• ကြက်သွန်နီအရည်လိမ်းရင်
- ဗောက် ဆံပင်ကျွတ် ကာကွယ်ပေးတယ်၊
- နားကိုက်ပျောက်တယ်၊

• ကြက်သွန်နီစားရင်
- အအေးမိ တုတ်ကွေး ပျောက်စေတယ်၊
- ကင်ဆာ ကာကွယ်၊
- သွေးချို ဆီးချို ကာကွယ်၊
- သွေးတိုး ကာကွယ်၊
- အစာအိမ် အူလမ်းကြောင်း သန့်စေတယ်၊

- အစာအိမ်နာတာ သက်သာစေတယ်၊
- သွေးအား ကောင်းစေတယ်၊
- ကိုယ်ခံအား ကောင်းစေတယ်၊
- ဆီးလမ်းကြောင်းရောဂါ ကင်းစေတယ်၊
- ပါးစပ်နာ သွားဆွေးတာကို ကာကွယ်ပေးတယ်၊
- မှတ်ဥာဏ် ကောင်းစေတယ်၊

• ကြက်သွန်နီ အစိမ်းစားရင်
- ကြွက်တက် ကြွက်သားရောင်ရမ်းနာကျဉ်တာကို
သက်သာစေတယ်။
- အဝ လွန်ခြင်းကို လျော့ချပေးတယ်။

• ပါးစပ်မှာကြက်သွန်နီနံ့ နံရင်
- မြေပဲဆံဝါးပြီး ရေနွေးကြမ်းနဲ့ အာလုပ်ကျင်းပါ၊
• ကြွက်ပေါရင်
- ကြွက်လမ်းမှာ ကြက်သွန်နီချမ်းတွေ ချထားပါ။🥰

#ကျန်းမာရေး

Address

Yangon

Telephone

+959797751544

Website

Alerts

Be the first to know and let us send you an email when Hanuman Foot Patch Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Hanuman Foot Patch Yangon:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram