ရာပြည့် ဆေးဆိုင် - Yar Pyae Pharmacy

  • Home
  • Myanmar
  • Yangon
  • ရာပြည့် ဆေးဆိုင် - Yar Pyae Pharmacy

ရာပြည့် ဆေးဆိုင် - Yar Pyae Pharmacy ဆေးမျိုးစုံဈေးနှုန်းချိုသာစွာရရှိ?

31/08/2024

ရာပြည့်ဆေးဆိုင်အား ခတ္တပိတ်ထားပါကြောင်း တောင်းပန် အကြောင်းကြားအပ်ပါသည်။

နေရာအသစ်တွင် ပြန်လည်ဖွင့်လှစ်ပါက ဤ Page တွင် အကြောင်းကြားပါမည်။

ဝယ်ယူအားပေးခဲ့ကြသော မိတ်ဆွေများအား အထူးကျေးဇူးတင်ပါသည် ။

🙏🙏🙏

အရိုးအဆစ်၊ အကြော၊ ညောင်းညာကိုက်ခဲ သိသိသာသာ သက်သာလို့ ဆိုပြီး ဝယ်သူတွေရဲ့ Feedback ကောင်းကိုရနေတဲ့ စိမ်ဧကရာဇ် လိမ်းဆေးပါ။...
09/04/2023

အရိုးအဆစ်၊ အကြော၊ ညောင်းညာကိုက်ခဲ သိသိသာသာ သက်သာလို့ ဆိုပြီး ဝယ်သူတွေရဲ့ Feedback ကောင်းကိုရနေတဲ့ စိမ်ဧကရာဇ် လိမ်းဆေးပါ။
တိုင်းရင်းဆေး လိမ်းဆေး အနှစ်ဆိုရင် ဆိုင်မှာ ညွှန်းပြီးရောင်းပေးနေတဲ့ဆေးပါ။

ရွှေပြည်သာ၊ ပတ္တမြာဈေး က
ရာပြည့်ဆေးဆိုင် မှာရပါတယ်နော်။
https://www.facebook.com/105659474534005/posts/728617695571510/?mibextid=ZbWKwL

Paracetamol (ပါရာစီတမော) -------------------------------------------အကိုက်အခဲသက်သာစေပြီး အဖျားကျစေသော အာနိသင်ရှိသည်။ 🤒 အ...
15/01/2023

Paracetamol (ပါရာစီတမော)
-------------------------------------------
အကိုက်အခဲသက်သာစေပြီး အဖျားကျစေသော အာနိသင်ရှိသည်။ 🤒 အရောင်လျော့စေသော အာနိသင်မရှိပါ။ အခြားအနာသက်သာသော ဆေးများထက် အစာအိမ်ကို ထိခိုက်စေခြင်း အလွန်နည်းပါးပါသည်။

ဆေးအသုံးဝင်ပုံ-
ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အရိုးအဆစ်နာခြင်း၊ နှင့်ဖျားနာခြင်းတို့တွင် အသုံးပြုလေ့ရှိသည်။ မည်သည့်ကိုက်ခဲခြင်းကိုမဆို ပါရာစီတမောဖြင့်သာ အရင်စပြီး အနာမသက်သာပါက အခြားအနာသက်သာဆေးများ (ဥပမာ -NSAID အုပ်စုဝင်ဆေးများ၊ Opioid အုပ်စုဝင်ဆေးများ) ပေါင်းထည့်လေ့ရှိသည်။ အင်္ဂလန်တွင်လည်း ဘယ်နားနာနာ ဘယ်ဆရာဝန်ဆီသွားသွား ပါရာစီတမောသာ အရင်ပေးလေ့ရှိသည်။ ပါရာစီတမော နှင့်မသင့်လျော်သည့်သူများ (ဥပမာ- အသဲမကောင်းသည့်သူများနှင့် ပါရာစီတမော ဓါတ်မတည့်သည့်ရာဇဝင်ရှိသူများ) ကိုသာ အခြားအနာသက်သာသည့်ဆေးများ ပြောင်းပေးပါသည်။

ဆေးပုံစံနှင့် အချိန်အဆ- 💊
စားဆေး၊ စအိုထဲထည့်သော ဒုံးကြည်နှင့် ထိုးဆေးဟူ၍ ရှိပါသည်။
စားဆေး (၅၀၀) မီလီဂရမ်မှ (၁,၀၀၀) မီလီဂရမ်တစ်နေ့ လေးကြိမ် စုစုပေါင်း တစ်နေ့ (၅၀၀) မီလီဂရမ် ဆေးလုံး (၈)လုံးကို ခွဲ သောက်နိုင်သည်ဟု အနောက်တိုင်းစာများက ရေးသော်လည်း အနောက်တိုင်း ခန္ဓာကိုယ်ဖွဲ့စည်းပုံ အရွယ်အစားနှင့် မြန်မာလူမျိုးများ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံအရွယ်အစား မတူသည့်အတွက် ဆရာဝန်နှင့်တိုင်ပင်ခြင်းမရှိဘဲ တစ်နေ့ကို (၅၀၀) မီလီဂရမ် (၄) ကြိမ်၊ စုစုပေါင်း (၂၀၀၀) မီလီဂရမ်ထက်ပို မသောက်သင့်ပါ။ ❗
ကလေးများအတွက် အကြမ်းဖျင်း ကိုယ်အလေးချိန် တစ်ကီလိုလျှင် (၁၀) မီလီဂရမ်နှုန်း တစ်နေ့လေးကြိမ် ပေးနိုင်သည်။ ၆ နှစ်အောက်ကလေးများ ကျွမ်းကျင်သောဆရာဝန်နှင့်တိုင်ပင်ပါ။ ၆ နှစ်နှင့် ၁၂ နှစ်ကြား - တနေ့ ၁၅၀၀ မီလီဂရမ်၊ ၅ ရက်ထပ်ပိုသုံးပါက ဆရာဝန်ညွှန်ကြားချက်လို။ အသက် ၁၂ နှစ်အထက် - တနေ့ကို (၂၀၀၀) မီလီဂရမ်ထပ်ပိုသုံးပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

သတိထားရမည့်အချက်များ- ‼️
အသည်းကို ထိခိုက်စေနိုင်သဖြင့် အသည်းရောဂါရှိသူများ သတိထားသင့်သည်။ အသည်းရောဂါရှိသူများတွင် တနေ့ကို အများဆုံး (၂၀၀၀) မီလီဂရမ် ....(၅၀၀) မီလီဂရမ် (၄)လုံး.... သောက်နိုင်သည်ဟု သုတေသန စာတမ်းများက ဆိုသော်လည်း အသည်းဆရာဝန်များကတော့ အသည်းရောဂါရှိသူများတွင် ပါရာစီတမော သောက်ခြင်းအား လုံးဝ အားမပေးပါ။
*** အသည်းသမားများ ပါရာစီတမောနှင့် မတည့်၍ အခြားအနာသက်သာဆေးများ (ဥပမာ - NSAID အုပ်စုဝင်ဆေးများ) ပြောင်းသုံးပါက အန္တရာယ်ပိုရှိနိုင် သောကြောင့် အနာသက်သာသည့်ဆေးများ သုံးပါက ကျွမ်းကျင်သောဆရာဝန်နှင့် တိုင်ပင်ပြီးမှ သောက်ပါ။ 🩺

ဘေးထွက်ဆိုးကျိုးများ- 🚨🚨🚨
ဘေးထွက်ဆိုးကျိုး တွေ့ရတာရှားပါသည်။ အရေပြားအကွက်ထွက်ခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ သွေးရောဂါဖြစ်ခြင်း တို့တွေ့ရနိုင်ပါသည်။ အများကြီး (သို့မဟုတ်) ရေရှည်ဆွဲသောက်လျှင် အသည်း ပျက်စီးနိုင်ပါသည်။ ကျောက်ကပ်အားနည်းတာနဲ့ အဆုတ်ယောင်တာ ဖြစ်တတ်တယ်လို့လဲ မှတ်တမ်းရှိပါတယ်။ ဆေးမတည့်တာလည်း ဖြစ်တတ်ပါတယ်။

လက်ရှိစျေးကွက်မှာ ပါရာစီတမော ပါဝင်တဲ့ အနာသက်သာဆေးများကို အများဆုံး တွေ့ရတဲ့ အပြင်၊ အခြား NSAID အုပ်စုဝင် အနာသက်သာဆေးများနဲ့လည်း တွဲပြီး တစ်လုံးတည်းဖြစ်အောင်လုပ်ထားတဲ့ ဆေးတွေလည်း ရှိပါတယ်။
အချို့ဆေးကဒ်တွေမှာ Paracetamol (ပါရာစီတမော) လို့ မရေးဘဲ Acetaminophen လို့ရေးပါတယ်။ တူတူပါပဲ။

အောက်မှာကတော့ စျေးကွက်ထဲမှာတွေ့ရတဲ့ ပါရာစီတမော ပါဝင်တဲ့ အနာသက်သာဆေးတွေပါ။ ထုတ်တဲ့နိုင်ငံ၊ ထုတ်တဲ့ ကုမ္ပဏီတွေ ပေါ်မူတည်ပြီး အမည်တွေ၊ ပုံစံတွေ ပြောင်းသွားပင်မယ့် ပါရာစီတမောကတော့ တူတူပါပဲ။

(ပါတာချင်း တူတယ်ဆိုပင်မယ့်လည်း အချို့ ဆရာဝန်တွေနဲ့ ဆေးပညာရှင်တွေကတော့ ထုတ်တဲ့နိုင်ငံနဲ့ ကုမ္ပဏီကွာရင် အာနိသင် အနည်းငယ်တော့ကွာတတ်တယ်၊ ဘေးထွက်ဆိုးကျိုး ဖြစ်တတ်တာလည်း ကွာတတ်တယ်လို့ ယူဆတာတော့ ရှိပါတယ် 😅- ကျွန်တော်လည်း အဲဒီထဲက တယောက်ပါပဲ)

Ace, Actodis, Beramol, Biogesic, Calpol, Coritab, Datalgon, Dhamol, Exidol, Febridol, Feveret, Gracephen, Kamolas, Lansen, Nasa, Napa, Nerupol, Newemol, Norgesic ,Pacemol, Paracap, Paracemol, Para Denk, Parafil, Para-G, Paramid, Parmol, Pritamol, Prprexine, Prumicol, Pyracon, Panadok, Paracetamol, Parafil, Pyrigesic, Sara, Setamole, Servigesic, Spictol, Tylenol, Unimol, Xebramol, Zerogin-P

ကောမတ်မှာလာမေးတဲ့ ဆေးတော်တော်များများက ပါရာစီတမောနဲ့ NSAID အုပ်စုဝင်အနာသက်သာတဲ့ ဆေးတမျိုးမျိုးနဲ့ တွဲပေးတဲ့ ဆေးတွေများပါတယ်။ ရှင်းပြရမယ်ဆိုရင် ပါရာစီတမောနဲ့ အရင်စရှင်းရမှာမလို့ ပါရာစီတမော အကြောင်းကို အရင်‌ရေးလိုက်ပါတယ်။ NSAID အုပ်စုဝင်ဆေးများအကြောင်း ဆက်ရှင်းပါအုန်းမယ်။
Credit :
Dr. Kevin
M.B.,B.S, MRCP (UK)




ဖတ်ရတာအဆင်ပြေမပြေ ကို Page Review မှာဝင်ရေးသွားလို့ရပါတယ်၊ 🥰

ရှေးဦးသူနာပြုအတွက် ဘာပစ္စည်း/ဘာဆေးတွေ ဆောင်ထားသင့်လဲ? 🧑‍⚕️--------------------------------အဲမေးခွန်းကို ပြန်ဖြေရရင် Fir...
15/01/2023

ရှေးဦးသူနာပြုအတွက် ဘာပစ္စည်း/ဘာဆေးတွေ ဆောင်ထားသင့်လဲ? 🧑‍⚕️
--------------------------------
အဲမေးခွန်းကို ပြန်ဖြေရရင် First Aid Box 🧰 (ရှေးဦးသူနာပြုသေတ္တာ) ထဲမှာဘာတွေ ပါသင့်လဲ ဆိုတာကို ပြောပြရမှာပါ။
ရှေးဦးသူနာပြုသေတ္တာ တစ်လုံးမှာ အခြေခံပါဝင်သင့်တဲ့ ပစ္စည်းလေးတွေကတော့

1. နှာခေါင်းစည်း
(ခေတ်နဲ့လိုက်လျောညီထွေအောင် ပါလာရတာပါ)

2. ရာဘာလက်အိတ်
(၃ စုံလောက်ကို ဇစ်ပါ/ပလတ်စတစ်အိတ်လေးထဲ ထည့်ထားပါ)

3. ပတ်တီးလိပ်
(အရွယ်အစားရွေးဝယ်လို့ရပါတယ်)

4. ဂွမ်း
(ပိုးသတ်ထားတဲ့ တစ်ခါသုံး ဂွမ်းထုပ်လေးများလည်း ရှိပါတယ်)

5. အနာစည်းတဲ့ ကော်တိပ်/ ပလာစတာ
(ယာယီစည်းတဲ့ စက္ကူတိပ်လိုဟာမျိုးရှိသလို၊ တစ်ခါစည်းရင် တစ်နေကုန်ခံတဲ့ ကော်တိပ်တွေလည်း ရှိပါတယ်)

6. ဆွဲဆန့်လို့ရတဲ့ပတ်တီး
(Elastic Bandage)

7. ကတ်ကြေးအကွေး
(ရှာရတာ မလွယ်ရင် အဖြောင့် သုံးလည်းရပါတယ်)

8. ဇာဂနာ
(တစ်ခါသုံး ကော်ဇာဂနာလေးတွေဆို ပိုကောင်းပါတယ်)

9. 20 မီလီလီတာ ဆေးထိုးအပ်
(ဆေးထိုးဖို့မဟုတ်ဘဲ ပိုးသတ်ထားတဲ့ရေ/ဆေလိုင်း နဲ့ အနာကို ဆေးဖို့ပါ)

10. ဆေးလိုင်းလို့ အများခေါ်တဲ့ NS ပုလင်း -
အနာဆေးကြောတဲ့ နေရာမှာ သုံးတာပါ။ (ဗူးကြီးက တစ်ခါသုံးပြီးရင် သိမ်းထားလို့မကောင်းပါဘူး၊ ဗူးသေးလေးတွေလည်းရှိပါတယ်၊ နောက်ဆုံး ဘာမှမရှိရင် ရေနဲ့ပဲ အနာကို ဆေးရပါတယ်)

11. ဘီတာဒိုင်း/ အရက်ပြန်
(တစ်ခါသုံးဂွမ်းလေးတွေနဲ့ရှိပါတယ်၊ အနာကြီးရင်တော့ ဗူးကြီးတွေက အဆင်ပြေပါတယ်)

12. ဆပ်ပြာ
(အခဲသေး/ အရည်) - လိုအပ်ရင်အနာကို ရေနဲ့ဆပ်ပြာ သုံးပြီးဆေးဖို့နဲ့၊ ရှေးဦးသူနာပြုပေးတဲ့သူဆေးဖို့လည်း လိုပါတယ်။

13. အပူလောင်နာအတွက် လိမ်းဆေး (ဥပမာ - SilverDerm)

14. တြိဂံပုံစံပတ်တီးလိပ်
(လက်ကျိုးရင် လက်ကိုသိုင်းတဲ့နေရာမှာသုံးတာပါ)

15. အပူအိတ်/ အအေးအိတ် (အပူအိတ်ကတော့ ရေနွေးထည့်လို့ရတဲ့ အိတ်ဆိုရပါပြီ၊ နိုင်ငံခြားမှာတော့ အထုပ်ကလေးတွေက ဖွင့်လိုက်ရင် ပူတာရှိသလို၊ အေးတာလည်းရှိပါတယ်၊ ဒီမှာက လိုအပ်ရင် ရာဘာလက်အိတ်ထဲ ရေနွေး/ ဒါမှမဟုတ် ရေခဲရေထည့် ချည်ပြီးသုံးလည်းရပါတယ်၊ မြန်မာ့နည်း မြန်မာ့ဟန်ပါ)

16. သာမိုမီတာတစ်ချောင်း
(အခုကတော့ တစ်ခါသုံးပဲ သုံးပါ)

ဆေးတွေပါ ဆောင်ထားချင်တယ်ဆိုရင်တော့ -

17. အနာသက်သာတဲ့ လိမ်းဆေး/ ပလာစတာ (Voltex gel, TigerBalm plaster- ခါးနာရင် ကပ်တဲ့ ဟာမျိုးပါ)

18. ပါရာစီတမော (အနာသက်သာဆေး)

19. Activated Charcoal (အထူးစီမံထားတဲ့ မီးသွေးခဲပါပဲ၊ အစာအဆိပ်ထင်ရင်/ အော့အန်/ ဝမ်းလျှော တဲ့နေရာမှာသုံးတာပါ၊ လိုတာတော့ရှားပါတယ်၊ ရှိရင်တော့ပိုကောင်းပါတယ်)

20. ဓါတ်ဆားထုပ်
(သီးစုံက ချွေးထွက်ရုံလောက်ဆိုအဆင်ပြေပါတယ်၊ တအားဝမ်းလျှောရင်တော့ BPI ဓါတ်ဆားထုပ်က ပိုကောင်းပါတယ်) *** ဝမ်းပိတ်ဆေးတွေ မဆောင်ထားသင့်ပါ။

21. Calamine lotion
(ပိုးသတ်ဆေး နဲ့ စတီးရွိက်လိုဟာမျိုးတွေ မပါတဲ့အတွက် အရေပြားယားယံတဲ့ နေရာတွေမှာ မိမိဖာသာ လိမ်းထားလို့ ရပါတယ်)

22. မျက်စိကာကွယ်တဲ့ မျက်မှန် (ရှေးဦးသူနာပြုတဲ့သူ တပ်ဖို့ပါ၊ သွေးစသွေးနလေးတွေ မျက်စိထဲစင်တတ်လို့ပါ)

23. တော်နီကေးလို့ လူတွေခေါ်တဲ့ Tourniquet
(လက်/ခြေထောက်ကို ခဏသွေးကြောပိတ်အောင်လုပ်တဲ့ ခါးပတ်လို အစည်းတစ်ခုပါ၊ မရှိလည်း ပတ်တီးနဲ့ပတ်လိုက်လဲ ရပါတယ်)

24. မူးတဲ့သူတွေအတွက် ရှူဆေး

25. လေထိုးလေအောင့်အတွက် (ဂျယ်လမတ်၊ ဆီလိုဆိုဂျင်းလို ဆေးများ)

26. ဓါတ်မတည့်၊ အ‌ရေပြားယားယံလျှင် (ဘာမီတွန်၊ ဆီထရင်ဇင်း၊ အလာဒေး နဲ့ ဒက်စ်လော လိုဆေးတွေလည်း အရင်သောက်ပြီး နီးစပ်ရာဆေးခန်း ပြေးလည်းရပါတယ်)

(အခြားဆေးတွေနဲ့ ပစ္စည်းတွေကတော့ သုံးတဲ့သူ၊ သုံးမယ့်နေရာ၊ သုံးမယ့်ပမာဏ ပေါ်မူတည်ပြီး ထပ်ထည့်လို့ ရပါသေးတယ်၊ ကုမ္ပဏီတွေနဲ့ အလုပ်ရုံတွေမှာ ကြိုတင်လေ့ကျင့်သင်ကြားထားတဲ့ သူတွေ၊ သူနာပြုတွေ၊ ဆရာဝန်တွေ ပဲသုံးဖို့သင့်လျော်ပါတယ်၊ first aid box ဆိုတာထက် ဆေးသေတ္တာ ပိုဆန်တယ်ပဲ ပြောရမယ်)

ဥပမာ -

27. သွေးပေါင်တိုင်းစက်
28. ဆီးချိုဖောက်စက်
29. အောက်ဆီဂျင်တိုင်းသောစက်
30. နှာခေါင်းကိုအုပ်ပြီးလေညှစ်တဲ့ ပစ္စည်းတွေ
31. ဓါတ်မီးအသေး (ဖုန်းမီးရှိလည်း ရပါတယ်)
32. အနာချုပ်တဲ့ အပ်တွေ
33. အမူးပျောက်ဆေး (ထိုးဆေး၊ သောက်ဆေး)
34. ဆီးဆေး (ထိုးဆေး)
35. အစာအိမ်အတွက် (ထိုးဆေး)
36. ဗိုက်အောင့်တာအတွက် (ထိုးဆေး)
37. မေးခိုင်ကာကွယ်ဆေး (ထိုးဆေး)
38. အနာသက်သာဆေး (ထိုးဆေး)
39. ဇောက်ထိုးပုလင်းချိတ်ရန် ပစ္စည်းများ (ဆေးထိုးအပ်၊ ပိုက်အစုံ)
40. ရှော့ခ်ရရင်သုံးသော ထိုးဆေးများ (ဘာမီတွန်၊ စတီးရွိုက်ထိုးဆေးများ) *** အက်ဒရီနင်လင်းကတော့ အတွေ့အကြုံရှိတဲ့သူတွေပဲ သုံးသင့်ပါတယ်။
41. AED လို့ခေါ်တဲ့ နှလုံးကို လျှပ်စစ်နဲ့ လျှော့ရိုက်တဲ့စက်ကလေးပါ။ (ဆရာဝန်မဟုတ်တဲ့ လေ့ကျင့်ထားတဲ့ သာမာန်သူတွေ သုံးဖို့အဆင်ပြေ‌အောင် လုပ်ထားတဲ့စက်ကလေးပါ။ အခြားတိုင်းပြည်တွေမှာဆိုရင် စျေးဝယ်စင်တာနဲ့ လူစည်ကားတဲ့ နေရာတွေမှာ မီးသတ်ဆေးဗူးလိုမျိုး အရေးပေါ်သုံးနိုင်အောင် ထားထားပေးပါတယ်)
42. မျက်စဉ်း

ရှေးဦးသူနာပြု သေတ္တာ First Aid Box လေးတွေ အတွဲလိုက်ရောင်းတာလည်း ရှိပါတယ်၊ စျေးကြီးတာရယ်၊ ကိုယ်လိုချင်တာနဲ့ မကိုက်တာတွေရယ်ကြောင့် ကိုယ့်ဖာသာ စိတ်ကြိုက်ဖန်တီးလည်း ရပါတယ်။

ဆေးအိတ်ထဲမှာပါတဲ့ ပစ္စည်းစာရင်းအပြင် ဆေးတွေရဲ့ ကုန်ဆုံးရက် နဲ့ အရေအတွက် ဇယားကွက်ကို ဆေးအိတ်မှာ ကပ်ထားရင် ပိုကောင်းပါတယ်။

Credit :
Dr. Kevin
M.B.,B.S, MRCP (UK)





ဖတ်ရတာအဆင်ပြေမပြေ ကို Page Review မှာ Rating ပေးရင်း ဝင်ရေးသွားလို့ရပါတယ်၊ 🥰

အားဆေးတွေကို ဘယ်လို‌ရွေးချယ် သောက်သုံးမလဲ (၁) 💪💪💪----------------------------------အမေးများတဲ့ မေးခွန်းပါ။အရင်ဆုံး မှတ်ရ...
15/01/2023

အားဆေးတွေကို ဘယ်လို‌ရွေးချယ် သောက်သုံးမလဲ (၁) 💪💪💪
----------------------------------
အမေးများတဲ့ မေးခွန်းပါ။
အရင်ဆုံး မှတ်ရမှာက အားဆေးတိုင်းမှာ ဘုံတူတာတွေ ရှိပါတယ်။

ဘယ်အားဆေးကြည့်ကြည့်

(၁) ဗိုက်တာမင် (Vitamins)
(၂) သတ္တုဓါတ် (Minerals)
(၃) ဓါတ်တိုးဆန့်ကျင်ပစ္စည်း (Anti-oxidants)
(၄) ဖြည့်စွက်စာ (Supplements)
(၅) အသားဓါတ် (Proteins and amino acids)

အများဆုံး ဒါတွေပဲ လှည့်ပတ်ပြီး ထည့်ထားတာပါ။ ပါဝင်တဲ့ မီလီဂရမ်တွေပဲ ကွဲပါတယ်။

ဘာအတွက် ကောင်းတာလဲ လာမေးရင်
အကုန်လုံးက ကောင်းအောင်လုပ်တာမဟုတ်ဘဲ မကောင်းတာမဖြစ်အောင် တားဆီးတာလို့ ပဲ ဖြေပါရစေ။

အားဆေး သောက်ရင် အားရှိမယ်လို့ ပြောတာထက် အားမယုတ်အောင် ထိန်းထားနိုင်ချေရှိတယ်လို့ မှတ်ရပါမယ်။
ဘာလို့ဆိုတော့ အားဆေး သောက်ပြီး အရင်တုန်းက (၅) ပေါင်လောက်ပဲ မ နိုင်တဲ့သူက (၁၀) ပေါင်လောက်ကို ချက်ချင်း မ နိုင်လာတယ် ဆိုပြီး ရှိမှမရှိတာ။

ဇင့် ဓါတ်က အသားအရည်ကောင်းစေတယ်လို့ ပြောရင်၊ ဇင့် သောက်ပြီး ဖြူဝင်းလာတာမဟုတ်ပါဘူး၊
ဇင့် ချို့တဲ့ရင် ဖြစ်တတ်တဲ့ အရေပြား အနာတွေကို မဖြစ်အောင် ကာကွယ်ပေးတာပါ။
ဖြူဝင်းတာကတော့ အမေမွေးသလောက်ပဲ ရမှာပါ။

ဒီနေရာမှာ အသားဖြူဆေး ဆိုတာတွေက သပ်သပ်တစ်လိုင်းပါ။ သူက အားဆေးသဘော မဟုတ်တော့ဘဲ ဆေး အနေနဲ့ ဖြစ်လာပါပြီ။ အသားကြည်အောင် ဗိုက်တာမင် စီ တွေ ထိုးထည့်တာမျိုးပါ။ (နောက်မှ အသားအရည်ဆိုင်ရာ အခန်းရောက်မှ ရှင်းပါမယ်)
------
ထမင်းစား ရင်အားရှိတယ်ပြောပီးစားလိုက်တာ စားတာများတော့ အ ဝ လွန်လာပြီး ဆီးချိုဖြစ်ပါလေရော။ 😵‍💫
အားရှိဖို့ မဆိုထားနဲ့ လှုပ်တာတောင် မနည်းလှုပ်ရတယ် ဖြစ်လာရော။ 😩 ခန္ဓာကိုယ်က သူလိုသလောက်ပဲ သုံးပြီး ပိုလျှံသမျှကို မစွန့်ပစ်ဘဲ အဆီပုံစံနဲ့ သိမ်းထားတော့ လူက ဝ လာတာပါပဲ။
အားဆေးတွေကိုလဲ ဒီသဘော မှတ်ရပါမယ်။

နေ့စဥ်လိုအပ်တဲ့ ထမင်းကိုတောင် လူတွေခမျာ ကယ်လိုရီ ချိန်ပြီး စားရတာတောင် ခက်ပါတယ်။ ပိန်ရင်တိုးစား၊ ဝ ရင်လျှော့စား ဒီလောက်ထိပဲ ရတယ်။ စားတာများရင် ဒုက္ခရောက်။

အား‌ဆေးကျတော့ ဘယ်လိုချိန်မလဲ???
ဗိုက်တာမင် က စ ပြောပါမယ်။ အချို့ ဗိုက်တာမင်တွေက ဆီးထဲက စွန့်ပစ်တာမလို့ အန္တရာယ် အကင်းဆုံးပါ။ (ဗိုက်တာမင် ဘီ အုပ်စုဝင်၊ နဲ့ ဗိုက်တာမင် စီ) Vitamin B & C
အဲဒါကြောင့် အားဆေးအများစုမှာ ဘီ နဲ့ စီ က မပါမဖြစ်ပါ။ ဆေးရောင်းတဲ့သူလည်း သိပ်တာဝန်မကြီးပါဘူး။
ပိုရင် ဆီးထဲက ပါတာမလို့
သောက်တဲ့သူလည်း စိတ်ချလက်ချ သောက်လို့ ရပါတယ်။

ဗိုက်တာမင် ဘီ မှာတော့ (၁) ကနေ (၁၂) လောက်ထိ ရှိပြီး။ (၁) (၆) နဲ့ (၁၂) က နာမည်အကြီးဆုံး နဲ့ ပါတာအများဆုံးပါပဲ။
ဘီ က အာရုံကြောလုပ်ငန်းဆောင်တာ အများစုမှာပါလို့ သူချို့တဲ့ရင် အာရုံကြောတွေ အားနည်းပြီး၊ ထုံတာကျဥ်တာတွေ ဖြစ်ပါတယ်။ အဲဒါကြောင့် ခြေလက်ထုံကျဥ်တယ်လို့ ပြောရင် ဗိုက်တာမင် ဘီ ပါတာတွေ ကို မပါမဖြစ် ပေးလိုက်ပါတယ်။ ဒီနေရာမှာ ဗိုက်တာမင် ကို ဆေးအနေနဲ့ သုံးတာပါ။

အဲဒါနဲ့ ပဲ လူတွေက အာရုံကြောအားဆေး ရယ်လို့ အလွယ်မှတ်လိုက်တာပါ။ ဘီ လုံလောက်နေတဲ့သူတွေမှာ သောက်ရင် အာရုံကြောတွေ ပိုအားကောင်းလာပြီး ဆဌမအာရုံတွေပါ ပွင့်လာမယ် လို့ ဆိုလိုတာ မဟုတ်မှန်းတော့ အရင်သဘောပေါက်ရပါမယ်။ 😅

ဒါပေမယ့် ပုံမှန်လူတွေသောက်လို့ ရလားဆိုတော့... ရပါတယ်။ သောက်ပါ။ လိုရမယ်ရ ဆိုပြီး သောက်လဲ ကိစ္စမရှိပါ။ ဆီးသွားလို့ ဝါတာမြင်ရင်... ပိုလို့ အပြင်ထွက်သွားတာဖြစ်လို့ ကောင်းပါတယ်။
(ဗိုက်တာမင် ဘီ တအားများရင်တော့ ခေါင်းကိုက်တာ ဖြစ်ပြီး၊ ဒီထက်များရင်တော့ အာရုံကြောတွေ ပျက်ဆီးပြီး ထုံတာကျဥ်တာဖြစ်တတ်ပြန်ပါတယ်၊ ဒါပေမယ့် ပုံမှန်အားဆေးကတော့ တစ်နေ့ တစ်လုံး ပုံမှန် သောက်ရင် ရပါတယ်)

ဆေးဗူးကြည့်လိုက်ရင် အချို့က ဗိုက်တာမင် B1, B2 ဆိုပြီးမရေးဘဲ အရှည်ကောက်ရေးပါတယ်။ ကိုယ်သောက်တဲ့ ဆေးနဲ့ ကိုက်ကြည့်ပါ။ B တွေမှာ သူ့အမည်နဲ့သူရှိပါတယ်။ အောက်က ဇယားကွက်မှာ အကျဥ်းချုံးပြထားပါတယ်။ B4, B8, B10, B11 တွေက ဗိုက်တာမင် စာရင်းမဝင်တော့တဲ့ အတွက် ဇယားကွက်ထဲမှာ မပါတော့ပါ။

ဗိုက်တာမင်တွေဟာ နေ့တိုင်းလိုတာမဟုတ်ဘဲ အချို့ကို ယာယီသိမ်းထားပြီးမှ ခန္ဓာကိုယ်က ပြန်သုံးနိုင်တာမလို့ ဆေး မသောက်လိုက်တာနဲ့ အားပြတ်သွားမှာကိုတော့ စိတ်မပူပါနဲ့

(ဗိုက်တာမင်တွေကို အားဆေး ရှုထောင့်ကနေ ရေးသလို၊ တစ်ခုချင်းဆီ အကြောင်းလည်း သီးသန့်ရေးပါမယ်၊ အားဆေး ရှုထောင့်က အရင်ရေးရတဲ့ အကြောင်းက ဗိုက်တာမင် ဖက်က တစ်ခုရေးလိုက်တိုင်း သူ့ရဲ့ကောင်းကျိုးနဲ့ လုပ်ငန်းဆောင်တာတွေ ဖတ်ပြီး ပုံမှန်ထက် ပိုပြီး အားတွေ ရှိလာမယ်၊ အာရုံကြောတွေပိုအားကောင်းလာမယ် ထင်မှာစိုးလို့ပါ၊

ဆေးပြပီး ဘာအတွက် ကောင်းတာလဲ လာလာမေးကြတယ်၊ 😅
အားဆေး တွေရဲ့ သဘောတရား နားမလည်ဘဲ ကောင်းတာလေးပဲ ကွက်မေးရင်တော့ အကုန်ကောင်းတာကြီးပဲ ဖြစ်နေပါလိမ့်မယ်။
အချို့ဟာတွေက လိုတာထက်ပိုရင် ခန္ဓာကိုယ်က မစွန့်ထုတ်နိုင်ဘဲ အသဲ၊ ကျောက်ကပ်တွေကို ဒုက္ခပြန်ပေးပါတယ်။

လိုချင်တာက (၅) ကျပ်ဖိုး၊ ဆုံးရှုံးသွားတာက (၁၀၀) ဖိုးလည်း ဖြစ်နိုင်ပါတယ်။

ခန္ဓာကိုယ်က လုံလောက်နေပြီလား
လိုအပ်လား၊ ပိုလျှံနေလားဆိုတာက ပြောရခက်ပါတယ်။ ကိုယ် ဘာတွေစားလဲ၊ ဘာရောဂါရှိလဲ၊ အစာအိမ်နဲ့ အူလမ်းကြောင်း ကောင်းလား အစရှိတာတွေပါ ထည့်သွင်းစဉ်းစားရမှာပါ။

ဗိုက်တာမင် ချို့တဲ့ရင် ပြတဲ့ လက္ခဏာတွေလည်း ရေးပေးပါအုန်းမယ်။

ပို့စ်တင်တိုင်း မျက်ချည်မပြတ်အောင် Like & Share လေး လုပ်ထားလို့ရပါတယ် 🥰

------ ဆက်ရန်-------
Credit :
Dr. Kevin
M.B.,B.S, MRCP (UK)

သွေးပေါင်ကျဆေး အုပ်စုကြီး (၄) ခု 🏥--------------------------------------သွေးပေါင်ကျဆေး ဘယ်တစ်ခု သောက်သောက် သွေးပေါင်ကျရင...
15/01/2023

သွေးပေါင်ကျဆေး အုပ်စုကြီး (၄) ခု 🏥
--------------------------------------
သွေးပေါင်ကျဆေး ဘယ်တစ်ခု သောက်သောက် သွေးပေါင်ကျရင် ပြီးတာပဲလို့ ယူဆရင် အကြီးအကျယ်မှားပါလိမ့်မယ်။ ‼️
သွေးပေါင်ကျဆေးတွေက တံဆိပ်အစုံပဲ ဘာတွေမှန်း မသိတော့ဘူးဆိုရင် ဒီစာကို အကြမ်းဖျင်းဖတ်လိုက်ပါ။

အများဆုံး ပေးတတ်တဲ့ သွေးပေါင်ကျဆေးက A,B,C,D ဆိုပြီး အုပ်စုကြီး (၄) ခုထဲက ပေးတာများပါတယ်။
အုပ်စု (A) -
-‌သွေးထဲမှာရှိတဲ့ သွေးတိုးစေတဲ့ဓါတ်ကို သွားထိန်းပါတယ်။
- (A) အုပ်စုဝင်ဆေးများ - ACEi, ARB တွေ ဖြစ်တဲ့ Captopril, Enalapril, Lisinopril, Ramipril, Telmisartan, Losartan, Valsartan

အုပ်စု (B)
- နှလုံးခုန်နှေးစေပြီး သွေးတိုးကျစေပါတယ်။
- (B) အုပ်စုဝင်ဆေးများ - Atenolol, Metoprolol, Bisoprolol, Labetolol, Propanolol

အုပ်စု (C)
- သွေးကြောများကို ကျယ်စေ၍ သွေးပေါင်ထိန်းညှိပေးပါတယ်။
- (C) အုပ်စုဝင်ဆေးများ - Amlodipine, Nifedipine, Verapamil, Diltiazem
(အချို့ဆေးများက နှလုံးခုန်ပါနှေးစေပါတယ်)

အုပ်စု (D)
- ဆီးသွားစေ၍ သွေးပေါင်ကျစေပါတယ်။
- (D) အုပ်စုဝင်ဆေးများ - Hydrochlorothiazide, Chlorthalidone, Spironolactone, Furosemide

ဘယ် ဆေး အရင်ရွေးပေးမလဲ ဆိုတာက လူနာရဲ့ အသက်အရွယ် နဲ့ ရောဂါအခံရှိတာတွေအပေါ်မူတည်ပါတယ်။

ဥပမာ - (A) အုပ်စုဝင် ဆေးတွေက ဆီးချိုသမား တွေမှာ ကျောက်ကပ်ထိတာကို ကာကွယ်ပေးပြီး၊ နှလုံးထိထားတဲ့သူတွေမှာ အမောဖောက်တဲ့ အကြိမ်ရေကို လျှော့ချပေးနိုင်ပါတယ်။
အုပ်စုဝင် (D) တွေက တော့ လေဖြတ်ထားတဲ့လူနာတွေနဲ့ နှလုံးအားနည်းတဲ့သူတွေမှာ ပိုအသုံးဝင်ပါတယ်။

ဆိုလိုတာက အချို့ဆေးတွေက သွေးတိုးလည်းကျစေတဲ့ အပြင် အခြား အာနိသင်ပါတွဲရှိနေတာပါ။ 👍👍
အဲဒါအပြင် အုပ်စု တစ်ခုထဲမှာတောင် ဘယ်ဟာက ဘယ်ရောဂါအတွက် ပိုကောင်းတယ်ဆိုတာ ရှိပြန်ပါတယ်။

(C) အုပ်စုဝင်ဆေးတူတူပဲ ဖြစ်တဲ့ Amlodipine နဲ့ Nifedipine မှာတောင် Nifedipine က ကျောက်ကပ်သမားတွေ အတွက် ပိုကောင်းတယ် ဆိုတာမျိုးပါ။............................
သွေးတိုးကျဆေး တွေမှာ Mortality Benefit (အသက်ရှည်တဲ့အကျိုး) ဆိုတာလည်း အရေးကြီးပါတယ်။

ဆိုလိုတာက ဆေး ၂ မျိုး သွေးပေါင်ကျ‌ စေတာချင်း တူနေရင်တောင်မှ ဆေးတစ်မျိုးက ပိုအသက်ရှည်စေတာပါ။

ဆေးပေးတဲ့ ဆရာဝန်က ထွက်သမျှ သုတေသန စာတမ်းတွေကို မျက်ချည်မပြတ် ဖတ်ထားဖို့လိုပါတယ်။

သွေးပေါင်ကျရုံ ဆေးပေးတာကတော့ လမ်းထိပ်က ကွမ်းရာသည်လည်း ပေးတတ်သလို ဆေးအကြောင်းနားမလည်တဲ့ အမျိုးတွေအချင်းချင်းလည်း ညွှန်းတတ်ပါတယ်။
သွေးပေါင်ကျရုံလေးပဲဆို ဆရာဝန်မလိုပါဘူး။ 😅
(*** သွေးတိုးကုတယ်ဆိုတာ ကိန်းဂဏန်းကို ကုတာမဟုတ်ဘဲ အသက်ရှည်အောင်နဲ့ အနာရောဂါကင်းရှင်းအောင် ကုရတာပါ).............................
အခြား အုပ်စုဝင် အသေးလေးတွေမှာတော့ အခြေအနေပေါ်မူတည်ပြီး သုံးတဲ့ ဆေးတွေ ရှိပါတယ်။

Prazosin, Terazosin, Doxazosin တွေက သွေးတိုးတာနဲ့ ဆီးကျိတ်ကြီးတာတွဲရင် သုံးပါတယ်။

နောက်အုပ်စုဝင်တွေကတော့ ဆေးရုံတွေ ပေါ်မှာပဲ အရေးပေါ် သွေးတိုးကျရန် ပေးတာများပါတယ်။..............................
ဆေး တစ်ခုနဲ့ မရရင် အခြားအုပ်စုဝင်တွေနဲ့ တွဲပေးပါတယ်။ အတွဲအများဆုံးက
A+C
C+D
A+D
A+C+D တွေ ဖြစ်ပါတယ်။

အုပ်စုတစ်ခုထဲက ဆေးအတူတူ နှစ်ခု ပေးတာ အလွန်တရာမှ ရှားပါတယ်။

👍အုပ်စုပေါင်းပေးတာက တစ်ခုထဲ ပမာဏများများ သောက်တာထက် ဘေးထွက်ဆိုးကျိုးနည်းပြီး အကျိုးရလာဒ်များလို့ သွေးပေါင်ပေါ်မူတည်ပြီး သောက်သင့်ပါတယ်။

*** အချို့ တွဲမသောက်သင့်သည့် ဆေးများရှိသည့်အတွက် သွေးပေါင်ကျဆေးလည်း ဆရာဝန် နဲ့ ပုံမှန်ပြပြီး သောက်သင့်ပါတယ်။‼️‼️

(တစ်ခုချင်းဆီရဲ့ ဘေးထွက်ဆိုးကျိုး နဲ့ အသုံးကတော့ နောက်မှ အသေးစိတ်ရှင်းပါမယ်၊ စိတ်ဝင်စားရင်ပဲဖြစ်ဖြစ် ကိုယ့်မိဘ၊ ဆွေမျိုး၊ ချစ်ခင်ရသူတွေအတွက် သိထားချင်တယ်ဆိုရင်ပဲ ဖြစ်ဖြစ် Like & Share လုပ်ထားလို့ ရပါတယ်) 🥰

Credit :
Dr. Kevin
M.B.,B.S, MRCP (UK)

#သွေးတိုး
#သွေးတိုးကျဆေး
#သွေးထိန်းဆေး
#သွေးပေါင်ကျဆေး

သွေးကျဆေးအုပ်စု (C) 🏥--------------------------အသုံးအများဆုံး အုပ်စုဖြစ်ပါတယ်၊ သွေးမစစ်ရသေး၊ ဘာကြောင့် သွေးတိုးမှန်း မသိ...
15/01/2023

သွေးကျဆေးအုပ်စု (C) 🏥
--------------------------
အသုံးအများဆုံး အုပ်စုဖြစ်ပါတယ်၊
သွေးမစစ်ရသေး၊ ဘာကြောင့် သွေးတိုးမှန်း မသိသေးခင် အရင် စ ပေးလေ့ရှိတဲ့ အုပ်စုဖြစ်ပါတယ်။

ဘေးထွက်ဆိုးကျိုး က အခြား သွေးပေါင်ကျဆေး အုပ်စုတွေထက် နည်းပြီး အလွန်အမင်း သွေးပေါင်ကျတယ် ဆိုတာမျိုး သိပ်မရှိတဲ့ အတွက် ဆရာဝန်တော်တော်များများ သုံးပါတယ်။

အုပ်စု (A) နဲ့ (D) က ပုံမှန် သွေးပြန်စစ်ရလေ့ ရှိပြီး၊ အုပ်စု (B) က သီးသန့်ရောဂါများမှာသာ အသုံးပြုတာမလို့၊ ခု လက်ရှိ အုပ်စု (C) ကိုအသုံးများတာပါ။

စျေးကွက်ထဲမှာ အသုံးအများဆုံးက Amlodipine နဲ့ Nifedipine ပါ။

Amlodipine 💊 က တစ်နေ့ တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်လောက် သောက်ရပါတယ်၊ သွေးထဲ အကြာကြီးခံတာမလို့ အမြင့်ဆုံး (၁၀) မီလီဂရမ် တ‌စ်နေ့ တစ်ကြိမ်လည်း ပေးလေ့ ရှိပါတယ်။

Nifedipine ဆိုရင်တော့ ရိုးရိုးမဟုတ်ဘဲ Nifedipine Re**rd ဒါမှမဟုတ် Nifedipine Extended Release ကို တစ်နေ့ တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်သောက်ရပါမယ်။

ရိုးရိုး Nifedipine က သွေးတိုးအတွက် မဟုတ်ဘဲ အခြားနေရာတွေမှာ သုံးတာပါ။

ရိုးရိုးက သွေးတိုးမှာ သောက်ရင် တစ်နေ့ (၃) ကြိမ်လောက် သောက်ရပြီး သွေးပေါင်အတက် အကျ မြန်လွန်းတဲ့ အတွက် အန္တရာယ်များပါတယ်။ ‼️

(*လျှာအောက်ငုံဆေးများ သုံးရင် လေဖြတ်တတ်လို့ ဆေးရုံပေါ်က ဆရာဝန် ညွှန်ကြားတာမဟုတ်ရင် လုံးဝ မသုံးသင့်ပါ) 🚧

ဘေးထွက်ဆိုးကျိုး- 💢

10% - 30%
ခြေထောက်ရောင်တတ်ပါတယ်၊ ဆေးဖြတ်လိုက်ရင် သူ့ဖာသာ ပြန်ကျသွားတတ်ပါတယ်။

>10%
ခေါင်းကိုက်၊ မူး၊ ပျို့အန်၊ ရင်ပူ၊ မျက်နှာအမ်း၊

သွေးကျဆေး အုပ်စု (B)  🏥  [ဖတ်ရန်ကြာချိန် (၁) မိနစ်]-----------------------------နှလုံးခုန်နှုန်းနှေးအောင်လုပ်ပြီး သွေးပေ...
15/01/2023

သွေးကျဆေး အုပ်စု (B) 🏥

[ဖတ်ရန်ကြာချိန် (၁) မိနစ်]
-----------------------------
နှလုံးခုန်နှုန်းနှေးအောင်လုပ်ပြီး သွေးပေါင်ကျစေတဲ့ အုပ်စုပါ။

သွေးကျဆေးအနေနဲ့ သုံးတာထက် အခြားရောဂါတွေမှာ သုံးတာပိုများပါတယ်။

ဥပမာ - နှလုံးခုန် ရင်တုန်တတ်တဲ့သူတွေ၊ နှလုံးသွေးကြောကျဥ်းလို့ ရင်ဘတ်အောင့်တတ်တဲ့သူတွေ၊ နှလုံးသွေးကြောပိတ်ဘူးတဲ့သူတွေ၊ နှလုံးညှစ်အား မကောင်းတဲ့သူတွေ (သတိထားသုံးရ)၊ နဲ့ ရေတိမ်ရှိတဲ့သူတွေ မှာ သုံးပါတယ်။ လက်တုန်တဲ့သူတွေနဲ့ သိုင်းရွိုက်ရောဂါမှာလည်း ပေးလေ့ရှိပါတယ်။

ခေါင်းတခြမ်းကိုက်ရောဂါ မှာတော့ ကုသရန်မဟုတ်ဘဲ နောက်တကြိမ်ထပ်ဖြစ်မှာကို ကာကွယ်ဖို့ သုံးပါတယ်။

အုပ်စု B ထဲမှာ အသုံးများတဲ့ဆေးတွေကတော့

Atenolol
Bisoprolol
Metoprolol
Propranolol
Carvedilol ဆိုပြီးရှိပါတယ်။

ပန်းနာရင်ကျပ်သမားတွေ အထူးသတိထားရမှာက Propranolol ပါ။ (ဆရာဝန်မညွှန်ကြားဘဲ မသောက်ရပါ)**

ဘေးထွက်ဆိုးကျိုးများ - ‼️
နှလုံးခုန်နှုန်းနှေး၊ သွေးပေါင်ကျ၊ ခြေဖျားလက်ဖျားအေး၊ မော၊ နုံး၊ အားနည်း၊ ခေါင်းမူး၊ ဝမ်းချုပ်၊ ဗိုက်မအီမသာ၊ ညအိပ်မပျော်၊
အမျိုးသားများ လိင်တံတောင့်တင်းမှုအားနည်းတတ် **၊ မှတ်ဉာဏ်ချို့ယွင်း၊ ခေါင်းရှုပ် အစရှိသည်များ ဖြစ်တတ်ပါတယ်။ (အကုန်လုံးဖြစ်မယ် ပြောတာမဟုတ်ဘဲ အကြာကြီးဆွဲသောက်မှ အချို့လူတွေမှာပဲ ဖြစ်တတ်တာပါ)

သတိထားရန် - ဆီးချိုသမားတွေမှာ သွေးတွင်းအချိုဓါတ် ကျတတ်ရင် ဒီဆေးကို သတိထားပါ။ ဆေးကြောင့် အချိုဓါတ်ကျလို့ ကျမှန်း မသိဖြစ်တတ်ပါတယ်။

ရေရှည်ဆွဲသောက်တဲ့သူတွေမှာ ဆီးချိုပိုဖြစ်တတ်လို့ သွေးပေါင်တက်တဲ့သူတွေမှာ ကနဦး စ မပေးပါ။ ‼️

(အဲဒါကြောင့် သူငယ်ချင်း၊ အသိတွေကညွှန်းတဲ့ သွေးကျဆေးလေးပဲ သောက်လိုက်တယ်၊ သွေးပေါင်တိုင်းကြည့်လို့ ကောင်းနေတာပဲ၊ ဒီ‌ဆေးနဲ့ အဆင်ပြေတယ်မထင်ပါနဲ့... အုပ်စု (B) ဟုတ်မဟုတ် ပြန်ကြည့်ပါ၊ ဟုတ်တယ်ဆိုရင်တော့ ဆရာဝန်တစ်ယောက်နဲ့ ဆေးပြောင်းဖို့ လိုကောင်းလိုနေပါပြီ) 🩺

တစ်နေ့ကို တစ်မိနစ်လောက် အချိန်ပေး ဖတ်ထားရုံနဲ့ အမျိုးတွေနဲ့ သူငယ်ချင်းတွေကြားထဲ ဆရာကြီး လုပ်လို့ ရပါတယ်။ 😅 (အသိပညာ မျှဝေဖို့ ပြောတာပါ) 🥰

Credit :
Dr. Kevin
M.B.,B.S, MRCP (UK)

#သွေးတိုး
#သွေးတိုးကျဆေး
#သွေးထိန်းဆေး
#သွေးပေါင်ကျဆေး

သွေးကျ‌ဆေး အုပ်စု (A) 🏥-----------------------------------သွေးကျဆေး အုပ်စုကြီး (A)(B)(C)(D) အကြမ်းဖျင်း အကြောင်းက အောက်က...
15/01/2023

သွေးကျ‌ဆေး အုပ်စု (A) 🏥
-----------------------------------
သွေးကျဆေး အုပ်စုကြီး (A)(B)(C)(D) အကြမ်းဖျင်း အကြောင်းက အောက်က လင့်ခ်မှာ ရေးပေးထားပါတယ်။
(မဖတ်ရသေးတဲ့သူတွေ အတွက်ပါ)

https://www.facebook.com/104994811757744/posts/120081900249035/

Group (A) က လက်ရှိသောက်နေတဲ့သူတွေ တော်တော်များပါတယ်။
Group (A) မှာ – ACEi, ARB ဆိုပြီး ထပ်ခွဲပါတယ်။

ACEi မှာပါတဲ့‌ဆေးတွေက Enalapril, Captopril, Lisinopril, Ramipril, Perindopril
(အမည်မှာ .... pril နဲ့ ဆုံးတာများပါတယ်)

ARB မှာကတော့ Irbesartan, Losartan, Valsartan, Telmisartan
(အမည်မှာ .... sartan နဲ့ ဆုံးတာများပါတယ်)

အသုံး
---------
သွေးပေါင်ထိန်းညှိတဲ့ အပြင် အခြားသုံးတဲ့နေရာတွေက နှလုံးညှစ်အား နည်းတဲ့သူတွေ၊ နှလုံးထိထားလို့ အမောဖောက်ဖို့ အလားအလာများတဲ့သူတွေ၊ နဲ့ ဆီးမှာ အသားဓါတ်ပါတဲ့သူ‌ တွေမှာ ပေးပါတယ်။
သူ့ရဲ့ လုပ်ငန်းဆောင်တာကတော့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးတိုးစေတဲ့ ဓါတ်တစ်မျိုးကို သွားထိန်းပါတယ်။

အသက် (၅၅) နှစ်အောက်သွေးတိုးတဲ့သူတွေမှာ သုံးလို့ပိုကောင်းပါတယ်။

ဆီးချိုနဲ့ သွေးတိုး တွဲနေရင် မဖြစ်မနေသုံးရမယ့် ဆေး ပါ။ ‼️ အုပ်စု (A) နဲ့မတည့်မှသာ အခြားအုပ်စုစဥ်းစား သင့်ပါတယ်။
(ဒီနေရာမှာ နိုင်ငံခြားက ခွဲစိတ်ဆရာဝန်တွေကိုယ်တိုင်က သွေးပေါင်ကျအောင် လုပ်တဲ့နေရာမှာ အုပ်စု သိပ်မ‌ရွေးပဲ အဆင်ပြေတာ ပေးလိုက်တာ များပါတယ်၊ အဲဒါကြောင့် နိုင်ငံခြားဆရာဝန်နဲ့ ကုနေတယ်ဆိုပင်မယ့် ကိုယ့်ကို ကုပေးတာ ဆေးပညာသမားတော်လား၊ ဆီးချိုအထူးကုလား၊ ခွဲစိတ်ဆရာဝန်လား သေချာသိဖို့လိုပါတယ်၊ မဟုတ်ရင် ပိုက်ဆံကုန်ပြီး အကောင်းဆုံး ကုသမှု မရဘဲ ဖြစ်နေတတ်ပါတယ်)

ဥပမာ - သူဌေးကြီးတစ်ယောက် နိုင်ငံခြားမှာ သွားကုထားတာ နှလုံး သွေးကြောကျဥ်းလို့ နှလုံးမှာလဲ ပိုက်ကလေးတွေ ထည့်ထားတယ်၊ ဆီးချိုလည်း ရှိတယ်၊ ကျောက်ကပ်ဓါတ်က ကောင်းပင်မယ့် သွေးတိုးအတွက် သောက်တဲ့ဆေးက အုပ်စု (C) ထဲက Amlodipine ပဲ ဖြစ်နေတယ်၊ ပေးတဲ့ဆရာဝန်ကို မေးလိုက်တော့ အဲဒီနိုင်ငံခြား ခွဲစိတ် ဆရာဝန်ကပဲ ပေးထားတာ ဖြစ်နေပါတယ်။ သူ့မှာ အုပ်စု (A) ကို မဖြစ်မနေသုံးရမယ့် အချက်တွေ အများကြီးတွေ့ထားတာကြောင့် ဆေးပညာသမားတော်ဖြစ်ဖြစ်၊ ဆီးချိုဆရာဝန်ဖြစ်ဖြစ်နဲ့ ဆေးညှိပါလို့ပဲ အကြံဉာဏ်ပေးလိုက်ပါတယ်။

ထူးခြားချက်
------------------
သူ့ရဲ့ အထူးခြားဆုံး အချက်က ကျောက်ကပ်ကို အားနည်းစေသလို၊ ကျောက်ကပ်ပျက်ဆီးမှာလည်း ကာကွယ်ပေးပါတယ်။ သွေးတိုး၊ ဆီးချိုကြောင့် ကျောက်ကပ်ပျက်မှာကို ကာကွယ်ဖို့ အတွက် သုံးနေစဥ်မှာပဲ သွေးထဲက ကျောက်ကပ်ဓါတ်လေးတွေ (Creatinine) စစ်ပေးရပါတယ်။ ဆေးမသောက်ခင်နဲ့ ဆေးသောက်ပြီး တိုင်းထားတဲ့ ကျောက်ကပ်ဓါတ်တွေက အပြောင်းအလဲ သိပ်မရှိရင်တော့ ရေရှည်ဆွဲသောက်လို့ ရပါပြီ။

ဆရာဝန် က လူနာအခြေအနေပေါ်မူတည်ပြီး (၃) လ (၆) လ တစ်ခါလောက် သွေးတွင်း ကျောက်ကပ်ဓါတ် ပြန်စစ်ချင် စစ်ပါလိမ့်မယ်။

ရှောင်ရန်
-------------
ကိုယ်ဝန်ဆောင်တွေနဲ့ ကျောက်ကပ်ရောဂါအခံ ရှိတဲ့သူတွေက လုံးဝ ရှောင်ရမှာပါ။

ဘေးထွက်ဆိုးကျိုးများ
----------------------------------
ACEi တွေက ချောင်းခြောက်ဆိုးစေတတ်ပါတယ်။ အဲဒါဆိုရင်တော့ ARB အုပ်စုပြောင်းပေးရပါတယ်။

ဆေး စ ပေးစမှာ သွေးပေါင်ကျတတ်လို့ ညဖက်ပဲ အရင်ပေးပြီး နောက်မှ နေ့ဖက်ပြောင်းပါတယ်။

အခြားဖြစ်တတ်တာတွေက ဖောရောင်တာ၊ နုံးတာ၊ အရသာပျက်တာ၊ ခေါင်းကိုက်တာ၊ မူးတာနဲ့ သွေးတွင်း ပိုတက်ဆီယမ် ဓါတ်တက်တာတွေ ဖြစ်တတ်ပါတယ်။
အရေပြား အကွက်ထွက်နဲ့ ယားတာလည်း ဖြစ်တတ်ပါတယ်။

သတိထားရန် ‼️
-------------------
NSAID အကိုက်အခဲပျောက်ဆေးနဲ့ Lithium (စိတ်ကြွရောဂါရှိတဲ့သူတွေမှာ အသုံးများတဲ့ဆေး) အစရှိတဲ့ဆေးတွေနဲ့ တွဲသောက်ရင် တအား သတိထားရပါတယ်။
Credit :
Dr. Kevin
M.B.,B.S, MRCP (UK)

#သွေးတိုး
#သွေးတိုးကျဆေး
#သွေးထိန်းဆေး
#သွေးပေါင်ကျဆေး

ကိုဗစ် BA5 ရဲ့ လက္ခဏာတွေ လေ့လာမိသလောက် လူနာဟာ....⚠️ ရင်ခေါင်းရောင် ခြင်း⚠️ အပူနာဖြစ်၍⚠️ ညပိုင်းမှာ ဗိုက်အောင့်ဗိုက်ရစ်ဖြ...
14/09/2022

ကိုဗစ် BA5 ရဲ့ လက္ခဏာတွေ လေ့လာမိသလောက် လူနာဟာ....
⚠️ ရင်ခေါင်းရောင် ခြင်း
⚠️ အပူနာဖြစ်၍
⚠️ ညပိုင်းမှာ ဗိုက်အောင့်ဗိုက်ရစ်ဖြစ်ပြီး ဝမ်းစသွားပါ့မယ်
⚠️ သိုင်းရွိုက်ရောင်မယ်..
⚠️ လည်ပင်းစနာလာတယ်၊ ရင်ခေါင်းထဲမှာ တစ်ဆို့ကြီး ဖြစ်နေမယ်၊ အဓိက ချွဲတွေစပိတ်လာမယ်၊

အဲဒီအချိန် တချို့မှာ အသက်ရှူကြပ်တဲ့ လက္ခဏာတွေ စပြလာမယ်

⚠️SpO2 တိုင်းပြီး အောက်စီဂျင် သွေးတွင်းပမာဏကို စောင့်ကြည့်နေရမယ်

⚠️ ထိုင်းမှိုင်းနေမယ်၊ အစာမဝင်တော့ဘူး၊ ညဖက်တွေ အိပ်မပျော်တော့ဘူး၊ လည်ပင်းထဲ နေလို့မကောင်းတော့ဘူးတွေ စဖြစ်လာပါမယ်

⚠️ ငယ်ထိပ်ခဲ လာပြီး ဦးဏှောက်အမြှေးပါးရောင်ခြင်း
- နှာခေါင်းထဲ အနံ့အာရုံ၊ ပါးစပ်ထဲက အရသာတွေ ပျောက်သွားမယ်၊ ခါးသက်သက်နဲ့ အစပ်အရသာတွေလောက်ပဲ အီလည်လည်ရမယ်၊ အစာလုံးဝမစားချင်ဘူး၊ မစားရင်လည်း အားပြတ်မယ်၊ ကြိတ်မှိတ်ပြီးစားရသလို အအေးမမိအောင်လည်း နေရတယ်၊ ညပိုင်းမှာ နှာခေါင်းထဲ မီးခိုး‌နံ့ကြီးပဲ ကျန်ခဲ့မယ်၊ ဆား‌ရည်နဲ့ နှာခေါင်းတွင်းကို ဆေးပေးရမယ်
တင်ပါး ခဲမယ်

⚠️ ဦး​​ခေါင်း နာဗ်ကြောများ ရောင်ခြင်း
ချမ်းစိမ့်ပြီး ကိုယ်လက်တွေ မအီမသာစဖြစ်မယ်၊ ခေါင်းတွေ အုံလာမယ်၊ သိသိသာသာကြီးအားနည်းလာမယ်
တစ်ဝက်လောက်က စဖျားမယ်၊ ချမ်းတုန်နေမယ်၊ အများစုက မခံနိုင်လောက်အောင် ခေါင်းစကိုက်မယ်၊ ကိုယ်တွေလက်တွေ ရိုက်ထားသလိုနာမယ်၊

⚠️ ဂုတ်ဆက် ခဲခြင်း
- နှာစစီးလာမယ်၊ နှာရည်ယိုမယ်၊ နှာခေါင်းပိတ်မယ်၊ ခေါင်းပြင်းထန်စွာကိုက်တာနဲ့ ရင်ဘတ်ထဲ နေမသိထိုင်မသာဖြစ်တာနဲ့ တွဲမယ်၊

⚠️ လက်ပြင်ရောင်ခြင်း
တချို့လူတွေမှာ chest painလို့ ခေါ်တဲ့ ရင်ဘတ်အောင့်တာပါဖြစ်မယ်၊ ချွဲတွေ ပိုပျစ်ပြီး အရောင်ပြောင်းလာမယ်၊ ညဖက်တွေမှာ ချွေးတွေနစ်နေအောင် ထွက်တတ်တယ်၊ အဆုတ်ကို အအေးထပ်မမိအောင် သတိထားပါ

အာရုံကြောတော်တော်များများ အကုန်နီးပါးကို ဖျက်ဆီး ပစ်လိုက်တာပါပဲ... Omicron အစနဲ့ BA.2ထက် သုံးလေးဆပိုထိတယ်၊ အဓိကအ‌နေနဲ့ တစ်ယောက်ကနေ တစ်ယောက်ကူးစက်တာ အရမ်းမြန်တယ်၊ အခုစကားလေးငါးခွန်းပြောလိုက်၊ ချက်ချင်းကူးသွားနိုင်ပြီး နောက်ရက် လက္ခဏာ စပြတော့တာပဲ၊ ပြဿနာက ကလေးတွေကိုပါ ကူးစက်ပြီး ကိုဗစ်လက္ခဏာတွေ ခံစားရတာပဲ

ုပ်ပြီးအိမ်မှာပဲနေမည့်လူအများစု
လိုအပ်မည့်ဆေးတွေကတော့
👉 Paracetamol/ Ibuprofen လိုမျိုးအဖျားကျဆေး အကိုက်အခဲပျောက်ဆေး
👉 Acetylcysteine - ACC ကဲ့သို့ ချွဲပျော်ဆေး၊
👉 ဝမ်းလျောဝမ်းပျက်တာနဲ့ စသောက်ဖို့ Probiotics၊
တို့ဆောင်ထားသင့်ပါသည်..

Crd/Naing Nyi

အခုအချိန်အထိ မြင်ဖူးသမျှထဲမှာ ကိုဗစ် ၁၉ မျိုးကွဲသစ် ဘီအေ ၅ က အဆိုးဆုံးမျိုးကွဲအဖြစ် အမေရိကန်ဆေးပညာရှင် သတ်မှတ်
အမေရိကန်ဆေးပညာရှင် ဒေါက်တာ အဲရစ် တိုပေါလ်က ကိုဗစ် ၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး ဘီအေ ၅ ဟာ အရင်မျိုးကွဲတွေထက် လူတွေကို ပိုမိုကြာရှည်စွာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ဖျားနာစေနိုင်တယ်လို့ ယူဆထားပါတယ်။

အဲဒီမျိုးကွဲသစ်ကို အခုအချိန်အထိတွေ့မြင်ခဲ့သမျှထဲမှာ အဆိုးရွားဆုံးမျိုးကွဲအဖြစ် ဒေါက်တာ အဲရစ်က အမည်တပ်ထားပါတယ်။

သူ့ကို ဒီမျိုးကွဲသစ်ရဲ့ပြင်းထန်တဲ့ ခုခံအားနဲ့ ကူးစက်နိုင်မှုတွေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာစေခဲ့ပါတယ်။ ဘီအေ ၅ မျိုးကွဲက ဆဲလ်အတွင်းထဲ ပိုမိုကောင်းမွန်စွာ ဝင်ရောက်နိုင်စွမ်းရှိပြီး ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်စေတဲ့၊

ဆေးရုံတက်ရောက်မှုနှုန်းများစေတဲ့ ကိုဗစ် ၁၉ ဒယ်တာမျိုးကွဲနဲ့ ဆင်တူတယ်လို့ ဒေါက်တာအဲရစ်ရဲ့သုတေသနပြုချက်တွေက ဆိုပါတယ်။

ဒေါက်တာ အဲရစ်က ဘီအေ ၅ မျိုးကွဲဟာ ဒယ်တာမျိုးကွဲနဲ့ ဆင်တူတဲ့အပေါ် စိုးရိမ်နေပေမဲ့ ဘီအေ ၅ မျိုးကွဲက ပိုမိုပြင်းထန်စေတဲ့ ရောဂါမျိုးကို ဖြစ်စေနိုင်မလားဆိုတာ ပြောပြဖို့ စောလွန်းသေးတယ်လို့ ဆိုပါတယ်။

သေသေချာချာရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ ဒယ်တာလို ဆဲလ်ကူးစက်မှုလက္ခဏာရပ်တွေတော့ သေချာပေါက်ဖြစ်လိမ့်မယ်လို့ ဒေါက်တာ အဲရစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်နှစ်ပတ်အတွင်း နိုင်ငံတကာမှာ ကိုဗစ်ရောဂါကူးစက်ခံရသူ ၃၀ ရာခိုင်နှုန်း ခုန်တက်သွားခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ သိရပါတယ်။

Ref: Ladbible " Doctor Says Latest Covid-19 Strain BA.5 Is The 'Worst Variant We Have Seen So Far' "

Credit to Original Uploader

  ဖြစ်ပွားနေသော ကာလအတွင်း အိမ်မှာ ဆောင်ထားသင့်သော ဆေးများ#########################################################  19 ရ...
10/02/2022

ဖြစ်ပွားနေသော ကာလအတွင်း အိမ်မှာ ဆောင်ထားသင့်သော ဆေးများ
#########################################################

19 ရဲ့ မျိုးဆက်သစ် Omicron မြန်မာနိုင်ငံမှာ ပြန်ဖြစ်နေပါပြီ။ သတိပြုကြပါ။ မပေါ့ဆကြပါနဲ့။ Omicronသည် ဘယ်လောက် ထိခိုက်နိုင်သလဲ ဆိုတာကို သေချာစွာ မသိကြသေးပါ။ လူများစုဝေးရာမှာ တဆထက်တဆ ကူးစက်လာပါတယ်။ Peak ကို မကြာခင် လအနည်းငယ်မှာ ရောက်နိုင်ပါတယ်။ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ စတဲ့ ရောဂါအခံရှိသူများ ပိုပြီးသတိထားရမှာ ဖြစ်ပါတယ်။

ဖြစ်နေပြီဆိုတာကို ဘယ်လိုသိနိုင်သလဲ။.........................................................................................
လက်ရှိအသုံးပြုနေကြတဲ့ Covid 19 Antibody test kit များသည် coivd 19 ရောဂါပိုး ရှိမရှ ိဆိုတာကို ပဲသိနိုင်ပါတယ်။ ရောဂါပိုးအမျိုးအစားကို မခွဲခြားနိုင်ပါ။ ရောဂါပိုးအမျိုးအစားကို သေချာသိဖို့ NHL (National Health Laboratory) အမျိုးသားဓာတ်ခွဲခန်း(ရန်ကုန်) ကိုပို့ပြီးမှာ သာစစ်ဆေး ခွဲခြားနိုင်ပါတယ်။ ဒီတော့ အလွယ်နည်းဖြင့် Omicron ရဲ့ လက္ခဏာများကို ကြည့်ပြီးခန့်မှန်းရပါတယ်။

Omicron ရဲ့ အဓိက လက္ခဏာ (၅) ချက် က ဘာတွေလဲ...............................................................................................
(၁) နှာရည်ယိုမယ်၊ နှာစေးမယ်
(၂) ခေါင်းကိုက်မယ်
(၃)နှံးမယ်
(၄) လည်ပင်းနာမယ်
(၅) ချောင်းဆိုးမယ်

Third wave ကဖြစ်ခဲ့တဲ့ Delta လို အနံပျောက်တာ၊ အရသာပျောက်တာတော့ မရှိသလောက်ရှားတယ်။ လက္ခဏာတွေရှိနေပြီဆိုရင် ဘာလုပ်ရမလဲ။ အနာရှိရင် ဆေးရှိပါတယ်။

(၁) နာရည်ယိုနေရင်၊နှာစေးနေရင် ဘာဆေးသောက်ရမလဲ...................................................................................................
ပါတဲ့ဆေးတွေ သောက်လို့ရတယ်။ အသုံးများတဲ့ ဆေးတွေကတော့ , , , ဆေးတွေဖြစ်တယ်။ တနေ့ ၁ ကြိမ် သို့မဟုတ် ၂ ကြိမ်သောက်နိုင်တယ်။ လူကြီးသောက်ရမဲ့ဆေးပမာဏနဲ့ကလေးသောက်ရမဲ့ဆေးပမာဏ မတူတာကို သတိပြုစေချင်ပါတယ်။ ကလေးမှာဖြစ်ရင် ဆေးပမာဏကို အကြမ်းဖျင်း လူကြီးဆေးပမာရဲ့ တဝက် သို့မဟုတ် သုံးပုံတစ်ပုံ ပေးလို့ရပါတယ်။ လည်းပေးနိုင်ပါတယ်။ Burmeton ကအိပ်ငိုက်တတ်လို့ ညအိပ်ခါနီးသောက်မှဘဲ အဆင်ပြေမယ်။ နှာခေါင်းဖြန်းဆေးများကို တော့မသုံးစေချင်ပါဘူး။ နှာခေါင်းပိတ်နေရင် နှာခေါင်းတွင်းဖြန်းဆေးကို ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရတယ်။ ဖြန်းပြီးသိပ်မကြာခင်မှာ နှာခေါင်းပြန်ပွင့်သွားသလို ရှိပေမဲ့ သိပ်မကြာခင် နှာခေါင်းပြန်ပိတ်သွားတတ်ပါတယ်။ ၃ ရက်ထက် ပိုဖြန်းမိရင် နှာခေါင်းပိတ်တာ ပိုဆိုးသွားနိုင်ပါတယ်။ ဉပမာ Afrin, Dristan, Vicks Sinex (oxymetazoline), Sudafed PE, Suphedrin PE (phenylephrine)Silfedrine, Sudafed, Suphedrin (pseudoephedrine) စတဲ့ နှာခေါင်းဖြန်းဆေးများ ဖြစ်ပါတယ်။

(၂) ခေါင်းကိုက်နေရင် ဘာဆေးသောက်ရမလဲ။ ..............................................................................
ခေါင်းကိုက်တာဖြစ်တတ်တယ်။ NSAID အကိုက်အခဲပျောက်ဆေးတစ်မျိုးမျိုး သောက်လို့ရတယ်။ , , acid, စတာတွေဖြစ်တယ်။ တနေ့ကို ၂ ကြိမ်သို့မဟုတ် ၃ ကြိမ်အထိသောက်နိုင်တယ်။ အကိုက်အခဲပျောက်ဆေးတွေက အစာအိမ်ကို ထိခိုက်စေတတ်လို့ အစာအိမ်ရောင်နေသူတွေကတော့ သတိထားသင့်တယ်။ သွေးတိုး၊ ကျောက်ကပ်ရောဂါရှိနေသူများ သတိထားသင့်တယ်။

(၃) နုံးတာကရောဘာလုပ်ရမလဲ။ .......................................................
ရောဂါပိုးဝင်ပြီး ခုခံအားနည်းသွားလို့ဖြစ်တယ်။ အားဆေးတစ်မျိုးမျိုးသောက်လို့ရတယ်။ မြန်မာနိင်ငံမှာ ရနိုင်တဲ့ အားဆေးတွေများစွာ ရှိပါတယ်။ ကြိုက်တဲ့အားဆေးကို ဝယ်သောက်လို့ရတယ်။ Oramin G, Oramin F, Vitacap, Revital စသည်ဖြင့် များစွာ ရှိတယ်။ Immunor, Immuneacitve , Becozinc စတဲ့ ခုခံအားကို ကောင်းစေတဲ့ ဆေးတွေကိုလည်း သောက်လို့ရပါတယ်။ အားဆေးသောက်တာထက်စာရင် ကောင်းကောင်းအိပ်၊ ကောင်းကောင်းစား၊ အနားယူတာကို အားပေးပါတယ်။

(၄) လည်ပင်းနာတာ ဘာလုပ်ရမလဲ။ ............................................................
အားသီးရောင်တာ၊ လည်ပင်းအတွင်းရောင်တာ တစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။ သုံးနိုင်တဲ့ ဆေးတွေကတော့ ရောင်ရမ်းခြင်းဆိုတဲ့ inflammation ကိုချဖို့ အပေါ်က သုံးခဲ့တဲ့ဆေးတွေ ဖြစ်တဲ့ Loratidine, Deslortidine, Ibuprofen, Celecoxib လိုဆေးမျိုးကို ပြန်သုံးရပါတယ်။ လည်ချောင်းတလျောက် ချောမွေ့ပြေပြစ်စေဖို့ ငုံဆေး Lozengenes တွေဖြစ်တဲ့ , Strepsile စတာတွေ ငုံလို့ရပါတယ်။ Antibiotics ပိုးသတ်ဆေးများ လိုမလို ဆိုတာကိုတော့ ဆရာဝန်နဲ့ပြသပြီး မှပဲ သုံးစေချင်ပါတယ်။ ရေနွေးငွေးရှူပါ။ အရည်များများသောက်ပါ။ ဆားရေပလုပ်ကျင်းပါ။ လည်ချောင်းတလျောက်စိုစွတ်နေအောင်ထားပေးပါ။

(၅) ချောင်းဆိုးရင် ဘာလုပ်ရမလဲ.......................................................
ချောင်းဆိုးပျောက်ဆေးများစွာ ရှိပါတယ်။ Chericof syrup, Ascoril syrup, Attusin syrup, Wood syrup,Sedicough စတဲ့ ဆေးများဖြစ်ပါတယ်။ တစ်ခုသတိထားရမှာက ချောင်းဆိုးပျောက်ဆေးတွေမှာ အပေါ်မှာ ပြောထားတဲ့ Antihistamines တွေထည့်ထားလို ဆေးနှစ်မျိုးသောက်စရာမလိုပါဘူး။ ဆေးပမဏများသွား ရင်မကောင်းပါ။
ဒီအချက်တွေကို လိုက်နာမယ် ဆိုရင်တော့ Omicron ကြောင့် ဖြစ်တဲ့ သာမန်လက္ခဏာများအတွက် ဆေးရုံဆေးခန်းမသွားနိုင်ဘူးဆိုရင် ဒါလေးတွေက အထောက်အကူဖြစ်ပါလိမ့်မယ်။ ရောဂါကို သက်သာစေပါလိမ့်မယ်။ ပိုပြီးပြင်ထန်တဲ့ အခြေအနေမျိုး ဖြစ်တဲ့ အမောလွန်တာမျိုး၊ အသက်ရူရခက်ခဲတာမျိုး၊ အောက်ဆီဂျင်ကျတာမျိုး ရှိခဲ့မယ်ဆိုရင်တော့ ဆေးရုံသို့ဆေးခန်းကို အမြန်သွားပြဖို့ လိုအပ်ပါတယ်။

သာမန်ရောဂါလက္ခဏာများကို OTC ဆေးများနဲ့ ကုသရသလို လိုအပ်ပါက ဗိုင်းရပ်သတ်တဲ့ဆေးကို ပေးပြီးလည်း ကုသရပါတယ်။ အထူးသဖြင့် ဗိုင်းရပ်ကူးစက်ခံရတဲ့အခါ စိုးရိမ်ရနိုင်ခြေမြင့်မားသူများဖြစ်တဲ့ ရောဂါအခံ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ အဝလွန်သူများ မှာ Antiviral ဆေးတစ်မျိုးကို ပေးရပါတယ်။ အခုတော့ လို့ခေါ်တဲ့ ဆေးကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ထောက်ခံထားလို့ နိုင်ငံတကာမှာ သုံးနေကြပါတယ်။ မြန်မာနိုင်ငံမှာ လည်း ဝယ်လို့ရနေပါပြီ။ ဆေးတစ်ဗူးမှာ အလုံး (၄၀) ပါဝင်ပြီး ၅ ရက် သောက်ရမှာ ဖြစ်ပါတယ်။ ဆေးမသောက်ခင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဆရာဝန်လမ်းညွန်ချက်နဲ့သာ သောက်သုံးသင့်တယ်။

ကိုဘယ်အချိန်မှာ သောက်ရမလဲ..................................................................................
Covid 19 လက္ခဏာတွေဖြစ်တဲ့ နှာရည်ယို၊နှာပိတ်၊လည်ပင်းနာ၊ခေါင်းကိုက်၊ဖျားနာ စတဲ့လက္ခဏာတွေ စပြပြီး (၅)ရက်အတွင်း သောက်ရမှာဖြစ်တယ်။

ဆေးကို ဘယ်လိုသောက်ရမလဲ....................................................
ဆေးတစ်လုံးမှာ 200mg ပါတယ်။ 800 mg တနေ့ ကို ၂ ကြိမ် သောက်ရမယ် မနက် 800mg ( မနက် ၄ လုံး) ည (800mg ည ၄ လုံး) သောက်ရမှာ ဖြစ်တယ်။ ၅ ရက်သောက်ရမှာ ဖြစ်တယ်။

ဘာအကျိုးရှိလဲ.........................
ပြင်းထန်လက္ခဏတွေကို လျော့ကျစေတယ်။ ဆေးရုံတက်ရနှုန်း၊ သေဆုံးနှုန်းတွေကို လျော့ကျစေတယ်။

ဘယ်သူတွေက သတိထားရမလဲ.....................................................
ကျောက်ကပ်ရောဂါရှိသူ၊အသည်းရောဂါရှိသူများကတော့ ဆေးမသောက်ခင် သွေးစစ်ဆေးဖို့လိုအပ်ပြီး သွေးအဖြေများကောင်းမှ ဆရာဝန်ဝန်ညွန်ကြားချက်နဲ့သောက်ရမယ်။

Credit :

#ဒေါက်တာထွန်းမြတ်ဝင်း(ဆေးဝါးပညာ)

Address

ပတ္တမြားဈေး၊ ထန်းခြောက်ပင်၊ ရွှေပြည်သာမြို့နယ်၊
Yangon
11411

Opening Hours

Monday 06:00 - 18:00
Tuesday 06:00 - 18:00
Wednesday 06:00 - 18:00
Thursday 06:00 - 18:00
Friday 06:00 - 18:00
Saturday 06:00 - 18:00
Sunday 06:00 - 18:00

Telephone

+959784888849

Website

Alerts

Be the first to know and let us send you an email when ရာပြည့် ဆေးဆိုင် - Yar Pyae Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ရာပြည့် ဆေးဆိုင် - Yar Pyae Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram