Atussin Kids Myanmar

Atussin Kids Myanmar This page will share essential child health care knowledge and information under guidance of health

09/03/2025

ဖေဖေ မေမေတို့ရေ….

ကလေးတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး သိချင်တာတွေ၊ မေးချင်တာတွေ ရှိနေရင် အခုကစပြီး ၁၅.၃.၂၀၂၅ အထိ ဒီ Post အောက်မှာ မေးခွန်းလေးတွေ မေးမြန်းလို့ရပါတယ်…ကလေးအထူးကုဆရာဝန်ကြီး Dr. ဖြူဖြူဝင်းက ဖေဖေ မေမေတို့ မေးထားတဲ့ မေးခွန်းတွေအောက်မှာ ပြန်လည်ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်နော်…

ဒီအစီအစဉ်လေးကို Atussin Kid မှ ကူညီအားဖြည့်ပေးထားတာ ဖြစ်ပါတယ်။


Atussin ကလေးချောင်းဆိုးပျောက်ဆေးလေးကို အမြဲအားပေးသုံးစွဲကြ‌တဲ့ ဖေဖေ၊မေမေ တို့ အမေးများတဲ့ မေးခွန်းလေးတွေကို အဖြေလေးတွေနဲ...
25/02/2025

Atussin ကလေးချောင်းဆိုးပျောက်ဆေးလေးကို အမြဲအားပေးသုံးစွဲကြ‌တဲ့ ဖေဖေ၊မေမေ တို့ အမေးများတဲ့ မေးခွန်းလေးတွေကို အဖြေလေးတွေနဲ့ မျှဝေပေးလိုက်ပါတယ်။

စဉ်ဆက်မပျက် အားပေးကြတဲ့ ဖေဖေ၊မေမေ နဲ့ သားသားမီးမီးတို့ အားလုံး ကျန်းမာပျော်ရွှင်ကြပါစေလို့လည်း Atussin Kids Myanmar page ကနေ ဆုမွန်ကောင်းတောင်း ‌ပေးလိုက်ပါတယ်။

#ချောင်းအမျိုးမျိုးကင်းစင်အတူစင်

ဝါဆို၊ ဝါခေါင် ရေဖောင်ဖောင် ဆိုတဲ့ မြန်မာ ဆိုရိုးနှင့် အညီ မိုးတွေ အတော်များများ ရွာပြီးတဲ့နောက် တော်သလင်းမှာလည်း မိုးမျ...
19/09/2024

ဝါဆို၊ ဝါခေါင် ရေဖောင်ဖောင် ဆိုတဲ့ မြန်မာ ဆိုရိုးနှင့် အညီ မိုးတွေ အတော်များများ ရွာပြီးတဲ့နောက် တော်သလင်းမှာလည်း မိုးများက သည်းထန်စွာရွာသလို မိုးမရွာတဲ့ နေ့များမှာဆို နေကလည်း အတော်ပူတဲ့ လဖြင့်သည့် အတွက် ရာသီဥတု အပြောင်းအလဲများတဲ့ အတွက် သားသားမီးမီး တွေကော ဖေဖေမေမေ ဖိုးဖိုးဘွားဘွားတွေလည်း နေထိုင်မကောင်းဖြစ်ကြတာတွေ့ရပါတယ်။ အများစုက ဒီလို မိုးရာသီ တုပ်ကွေးတွေက နှာစေးချောင်းဆိုး နှင့် ဖျားနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းများဖြစ်တတ်ကြပါတယ်။
ယခုလို မိုးရာသီမှာ ဆိုးတဲ့ ချောင်းဆိုးခြင်းတွေက ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားများကြောင့် အဖြစ်များတာမို့ ချွှဲသလိပ်ထတာနဲ့ ဖြစ်တာများပါတယ်။ Atussin ချောင်းဆိုးပျောက်ဆေးများက ချွှဲသလိပ်တွေကို ပျော်စေသည့် အာနိသင်ရှိသော ပါဝင်ပစ္စည်း သုံးမျိုး ပါဝင်တာမို့ ချွှဲများကို အလျင်အမြန်ပျော်စေပြီး လည်ချောင်းအတွင်းမှာ ကပ်နေတဲ့ သလိပ်များကို အလွယ်တကူ ခပ်ထုတ် ဖယ်ရှားပေးနိုင်ပါတယ်။
သုံးရက်အတွင်း အဖျားမကျတာ၊ ကိုယ်အပူချိန် ၁၀၃’ ဖာရင်ဟိုက်ထက်များတာ၊ ချောင်းဆိုးလျှင် အသက်ရှုကျပ်တာ၊ တရွှီရွှီမြည်တာ၊ ကလေးက မောနေတာ၊ ဒါအပြင် သွေးလွန်တုပ်ကွေး အန္တရာယ်လက္ခဏာများ တွေ့ပါက နီးစပ်ရာဆေးရုံဆေးခန်းမှာ သွားရောက်ပြသသင့်ပါတယ်။

#ချောင်းဆိုးအမျိုးမျိုးကင်းစင် အတူစင်

17/07/2024

ချောင်းဆိုးရင် ဆေးဆိုင်ပဲသွားသွား ဆေးခန်းပဲပြပြ “ချောင်းစိုလား။ ချောင်းခြောက်လား။” “ချွဲပါလား။ ချွဲမပါဘူးလား။” ဆိုပြီး အမြဲမေးလေ့ရှိပါတယ်။ ချောင်းဆိုးပျောက်ဆေး ထဲ ပါဝင်တဲ့ ပါဝင်ပစ္စည်းတွေက ကွဲပြားတဲ့ အတွက် လက္ခဏာသက်သာစေရန် သင့်လျော်တဲ့ အမျိုးအစား ပေးဖို့မေးရခြင်းဖြစ်ပါတယ်။ လူကြီးတွေက ခွဲခြားတတ်ပေမယ့် ကလေးငယ်တွေကျ တော့ ချွဲမခပ်ထုတ်တတ်ကြသလို အကြမ်းဖျင်း ချွဲပါတဲ့ချောင်းအသံ နှင့် ချောင်းခြောက် အသံ ကို နားထောင်ကြည့်ပြီး ခွဲခြားနိုင်ပေမယ့် မေမေ၊ဖေဖေတွေကလည်း ကလေးနေမကောင်းတာကို စိတ်ပူပြီး ခွဲခြားဖို့ ခက်ခဲကြပါတယ်။ ဒါကြောင့် ချောင်းစို၊ ချောင်းခြောက် ခွဲခြားသိစရာမလိုပဲ ချွဲပျော်စေသည့် compound ၃ မျိုးထိပါဝင်သလို၊ ချောင်းဆိုးသည့် အကြိမ်အရေအတွက်ကို လျော့ချပေးသည့် Dextromethorphan အပြင် လည်ချောင်းယားပြီးဆိုးတဲ့ ချောင်းအမျိုးအစားအတွက်ပါ Chlorpheniramine ပါဝင်သည့်အတွက် အာနိသင် ၃ မျိုးရရှိပြီး ချောင်းအမျိုးအစား အကုန်လုံးကို သက်သာစေနိုင်သည့် အာနိသင်ရှိပါသည်။

မီးပျက်တဲ့အချိန် မီးလာတဲ့ အချိန် အပူဒဏ်ကာကွယ်ရင်း သိထားသင့်သည့်အချက်များကို ပြန်လည်မျှဝေပေးပါတယ် ဖေဖေမေမေတို့ရေ
19/05/2024

မီးပျက်တဲ့အချိန် မီးလာတဲ့ အချိန် အပူဒဏ်ကာကွယ်ရင်း သိထားသင့်သည့်အချက်များကို ပြန်လည်မျှဝေပေးပါတယ် ဖေဖေမေမေတို့ရေ

“အဲယားကွန်း (Air Con)၊ ပန်ကာ(Fan) နှင့်ကလေးကျန်းမာရေး”
ဖေဖေ၊မေမေ တို့ရေ .........
💚လက်ရှိ ကာလက ဆောင်းအကုန် 🌨️ နွေအကူး ☀️🌞အချိန် ဖြစ်သဖြင့် ရာသီဥတုက ပူလိုက်အေးလိုက် ကာလ အတွင်း ကလေးတွေ နေမကောင်းဖြစ်ကြ အအေးမိ နှာစေးချောင်းဆိုးတွေ 😷🤧 ဖြစ်လာကြတယ်။ အဲယားကွန်းတွေ ပန်ကာတွေ လည်း သိပ်မကြာခင် ဖွင့်ကြ အသုံးပြုကြတော့မယ်။ အဲ့တော့ အဲယားကွန်း၊ ပန်ကာတွေက အပူဒဏ်ကို လျော့ချ ပေးနိုင်ပေးမယ့် ဂရုစိုက် ပြုကျင့်ရမယ့် အလေ့အထ လေးတွေကို ပြောပြပေးသွားပါမယ်။
(၁) သားသားမီးမီးများကို အဲယားကွန်းလေ၊ ပန်ကာလေအောက် ❌❌ တိုက်ရိုက် မထိုင်သင့်၊ မအိပ်သင့်၊ မသိပ်သင့်ပါ။ ပန်ကာ သို့ မဟုတ် အဲယားကွန်းကို အကွာအ‌ဝေးတစ်ခုမှ နေ၍ ကလေးငယ်၏ ခြေထောက်အောက်ဘက် အနည်းဆုံး သုံးပေခန့် 3️⃣ကို ဦးတည်ပြီး ထားပါ။
(၂) အဲယားကွန်း အခန်း ထဲကနေ အပြင်ပူတဲ့ ပတ်၀န်းကျင်ကို ချက်ချင်း အ၀င်အထွက် ပြုလုပ်တာမျိုး အတတ်နိုင်ဆုံး ရှောင်ရှားပါ။ ❌❌
(၃) အဲယားကွန်းကော ပန်ကာ နှစ်မျိုး လုံးရဲ့ လေဒယက် ကြား filter လေစစ် တွေကြားက ဖုန်တွေ အညစ်အကြေးတွေကို ပုံမှန်ဆေးကြောပါ။ 🧼
(၄) တစ်နေကုန် အလုံပိတ် အဲယားကွန်းလည်း မဖွင့်ထားပါနှင့်။ အနည်းဆုံး ၁ ရက်ကို ၂ ကြိမ်၊ ၁ ကြိမ်ကို အနည်းဆုံး ၁ နာရီခန့် ပြတင်းပေါက် တံခါးမကြီးတွေ ဖွင့်ပြီး လေ၀င်လေထွက် ရှိအောင်ထားပါ။ 🚪🏘️
(၅) အဲယားကွန်း အပူချိန်ကို ပူလို့ဆိုပြီး 16⁰C 18⁰C ကဲ့သို့ အရမ်းအေးအောင် 🥶 မထားထားပဲ သာမာန်အခန်းအပူချိန် Normal Room Temperature ဖြစ်တဲ့ 25-28⁰C ၀န်းကျင် ပဲထားပါ။ 😇

*ဖေဖေ၊မေမေတို့ အနေနဲ့ သားသားမီးမီးတွေဆီက အကြားရဆုံးစကားက "ဘာလို့လဲ?? ဘာကြီးလဲ??" ဆိုတဲ့ စကားနှစ်ခွန်းပဲဖြစ်မယ်ထင်တယ်။🤔💭 ကလေးတွေဂျီကျရင် ဖြေရှင်းနိုင်ဖို့ ရှင်းပြတတ်ဖို့ ဘာကြောင့် အပေါ်က ငါးချက်ကို သတိရမလဲဆိုတာလေးကို ပြောပေးသွားပါမယ်။

* အဲယားကွန်းကော ပန်ကာ နှစ်မျိုး လုံးရဲ့ လေဒယပ်ကြား filter လေစစ် တွေကြားက ဖုန်တွေ အညစ်အကြေးတွေက ဘက်တီးရီးယားတွေ (Bacteria) ဗိုင်းရပ်စ်တွေ (Virus) 🦠🦟ခိုအောင်းရာ နေရာ ဖြစ်တတ်အတွက်ကြောင့် ဖြစ်ပါတယ်။

*တစ်နေကုန် အလုံပိတ် အဲယားကွန်းလည်း မဖွင့်ထားဖို့ နှင့် အနည်းဆုံး ၁ ရက်ကို ၂ ကြိမ်၊ ၁ ကြိမ်ကို အနည်းဆုံး ၁ နာရီခန့် ပြတင်းပေါက် တံခါးမကြီးတွေ ဖွင့်ပြီး လေ၀င်လေထွက် ရှိအောင် ပြုလုပ်ထားသင့်တဲ့ အကြောင်းကတော့ အခန်းထဲမှာ ပြင်ပလေ၀င် လေထွက် မရှိတော့ ပိုးမွှားတွေ🦠 အခန်းထဲ ရှိနေရင် အပြင်မထွက်နိုင်တော့ပဲ ရောဂါပိုဖြစ်နိုင်ပါတယ်။ တတ်နိုင်လျှင် လေလှည့်စက် (ventilation fan) လို ပန်ကာများလည်း တပ်ထားနိုင်ပါတယ်။

*အဲယားကွန်း အပူချိန်ကို ပူလို့ဆိုပြီး 16⁰C 18⁰C ကဲ့သို့ အရမ်းအေးအောင် မထားထားပဲ သာမာန်အခန်းအပူချိန် Normal Room Temperature ဖြစ်တဲ့ 25-28⁰C ၀န်းကျင် ပဲထားဖို့ တိုက်တွန်းရတဲ့ အကြောင်းရင်းကတော့ အဲယားကွန်းနဲ့ ပန်ကာလေး တွေက ပတ်၀န်းကျင် စိုထိုင်းဆ ကို ကျဆေးပြီး ပိုအေးလေ ပိုမို ခြောက်သွေ့တဲ့ လေ ထွက်လေ ဖြစ်တာကြောင့် အပူချိန်ကို အရမ်းမချထားသင့်ပါဘူး။ ဖြစ်နိုင်လျှင် ရေငွေ့ထုတ်စက်လေးများ အခန်းထဲတွင် ဆောင်ထားလျှင် ပိုကောင်းပါတယ်။ ပြင်ပ အပူချိန်နှင့် အခန်းတွင်းအပူချိန် 10⁰C ထက် ပိုများလျှင် Heat stroke လို့ ခေါ်တဲ့ အပူချိန်ရှပ်ထိ အခြေအနေဖြစ်နိုင်ပါသေးတယ်။

*အေးမြပြီး ခြောက်သွေ့တဲ့ လေတွေက ကလေးငယ်တွေမှာ နှာစေးချောင်းဆိုး ပိုဖြစ်စေပြီး အဆုတ်ရောင် လေပြွန်ရောင်ခြင်းကို ပို ပြင်းထန်စေပါတယ်။ 🤒ကလေးငယ်တွေကို အာခေါင်ခြောက်ခြင်း၊ နှာရည်ခြောက်ခြင်း၊ အသားအရေ ခြောက်ခြင်းတို့ ဖြစ်စေနိုင်တဲ့ အတွက်ကြောင့် ရေများများသောက် ပေးဖို့လည်း မှာစေခြင်းပါတယ်။ တန်ဆေးလွန်ဘေး ဆိုသလို ရေငွေ့ပါတဲ့ ပန်ကာ ကို တစ်နေကုန် သုံးမယ်ဆိုလျှင်လည်း စိုထိုင်းဆ များလွန်းသွားပါက မှို နှင့် တခြားပိုးမွှားတွေ ပေါက်ဖွားနိုင်ပသေးတယ်။ ဒါကြောင့် ပန်ကာ သို့ မဟုတ် အဲယားကွန်းကို အကွာအ‌ေ၀း တစ်ခုမှ နေ၍ ကလေးငယ်၏ ခြေထောက်အောက်ဘက် အနည်းဆုံး သုံးပေခန့် ကို ဦးတည်ပြီး တစ်နေကုန် အကြာကြီးမဖွင့်ပဲ အသုံးပြုသင့်ပါတယ်။
ဖေဖေ၊ မေမေတို့လည်း မိမိကလေးငယ်လေးတွေ အပူဒဏ်ကာကွယ်ဖို့ အာရုံများရင် သတိမထားမိတဲ့ အမှားလေးတွေ ပြုလုပ်မိတတ်ပါတယ်။ ယခုဆို လာမယ့် နွေရာသီမှာ အပူဒဏ် ကို အံတုကြရင်း သားသားမီးမီးတို့ နေမကောင်းမဖြစ်အောင် ဂရုစိုက်နိုင်ကြပါစေ။

ဒေါက်တာဖြိုးသက်အောင်
M.B.,B.S(Ygn)



#ချောင်းဆိုးအမျိုးမျိုးကင်းစင်အတူစင်

နွေရာသီ ပူပြင်းတဲ့ ရာသီ ရောက်လာတာနှင့် အမျှ ကလေးကော လူကြီးတွေမှာပါ အာခေါင်နာ အာသီးရောင်တာလေးတွေ ဖြစ်တတ်ကြပါတယ်။  များသော...
26/04/2024

နွေရာသီ ပူပြင်းတဲ့ ရာသီ ရောက်လာတာနှင့် အမျှ ကလေးကော လူကြီးတွေမှာပါ အာခေါင်နာ အာသီးရောင်တာလေးတွေ ဖြစ်တတ်ကြပါတယ်။

များသောအားဖြင့် ၃/၄ ရက်ခန့်ကြာလျှင် သက်သာသွားတတ်ပါတယ်။ မိမိ အိမ်တွင် မြန်မြန်သက်သာစေရန် ပြုစုနိုင်သည့် နည်းလမ်းများကတော့
*ရေနွေးနွေးသောက်ခြင်း၊
*ရေဓာတ်မဆုံးရှုံးစေရန် ရေများများသောက်ခြင်း
*ဆားရည်ငုံထွေးလုပ်ခြင်း၊
*အစာပျော့ပျော့စားခြင်း
*လည်ချောင်းယားယံပါက ငုံဆေးများငုံခြင်း၊ ပျားရည်ပျစ်ပျစ်လေးသောက်ခြင်း များပြုလုပ်နိုင်ပါတယ်။ မသက်သာပဲ ပိုနာလာပါက နာကျင်မှု လျော့နည်းစေရန် ပါရာစီမော တိုက်ခြင်း ပြုလုပ်နိုင်ပါတယ်။

အကယ်၍ ရေသောက်လျှင် ပင် အလွန်နာပြီး မသောက်နိုင်ခြင်း၊ အရည်နှင့် အစာ မျိုချရန်ခက်ခဲခြင်း၊ အာခေါင်တွင် ပြည်တည်ခြင်း၊ ပြည် ကဲ့သို့ အဖြူရောင်အဖက်များတွေ့ခြင်း၊ မသက်သာပဲ ရက်အတော်ကြာ နာခြင်း များဖြစ်ပါက နီးစပ်ရာ ဆေးရုံ၊ဆေးခန်းတွင် ပြသပြီး ကုသမှုခံယူသင့်ပါတယ်။

Atussin ကိုသောက်နေကြသူတွေ ဆေးဆိုင်မှာ မြှားသုံးချောင်းဆေးဆိုပြီးပါ ဝယ်ကြလေ့ရှိတာကို ကြုံဖူးကြမှာပါ။ ဖေဖေ မေမေတို့ကော ချေ...
19/03/2024

Atussin ကိုသောက်နေကြသူတွေ ဆေးဆိုင်မှာ မြှားသုံးချောင်းဆေးဆိုပြီးပါ ဝယ်ကြလေ့ရှိတာကို ကြုံဖူးကြမှာပါ။ ဖေဖေ မေမေတို့ကော ချောင်းဆိုးပျောက်ဆေး Atussin ဆေးဘူးမှာ ပါတဲ့ မြှား သုံးချောင်းရဲ့ အဓိပ္ပါယ်ကို သိကြလားမသိဘူး။
ကျွန်တော်တို့ Atussin က အာနိသင် သုံးမျိုးနှင့် ချွှဲပါတဲ့ချောင်း (ချောင်းစို)၊ ချွှဲမပါတဲ့ ချောင်းခြောက်၊ ဓာတ်မတည့်လို့ လည်ချောင်းယားပြီးဆိုးတဲ့ချောင်း အစရှိတဲ့ ချောင်းဆိုးခြင်း ၃ မျိုးကို သက်သာစေနိုင်ပါသည်။ ဒါအပြင် ကလေးငယ်အများစုက ချွှဲကို ခပ်ထုတ်တတ်လေ့ မရှိတဲ့ အတွက် ချွှဲရဲ့ ပျစ်ခဲမှုကို လျော့ချပေးပြီး အလွယ်တကူ တံတွေးနှင့် အတူတကွ ထွေးရလွယ်အောင် တခြား ချောင်းဆိုးပျောက်ဆေးများနှင့် မတူပဲ ချွှဲပျော်စေသည့် compound သုံးမျိုးအထိ ထည့်သွင်းပေးထားပါသည်။ ထို့ကြောင့် အာနိသင် ၃ မျိုး နှင့် ချောင်းအမျိုးအစား ၃ ခု ကိုသက်သာစေပြီး ချွှဲပျော်စေသည့် Expectorant compound ၃ မျိုး တို့ကို ကလေးငယ်များ ကြိုက်နှစ်သက်သည့် အရသာနှင့် ထုတ်လုပ်ထားသည့် ချောင်းဆိုးပျောက်ဆေးရည် ဖြစ်ပါတယ်။
မေးနေကြ မေးခွန်းတစ်ခုကိုပါ ဖြေကြားရမယ်ဆိုလျှင် လသား ကလေးတွေကိုလည်း ဆရာဝန်ညွန်ကြားချက် နှင့် အညီ သို့မဟုတ် ဆေးဘူးမှာ ပါတဲ့ အညွန်းပမာဏ အတိုင်း တိုက်ကျွေးနိုင်ပါတယ်။ အရင် ပို့စ်တွေမှာ ဖော်ပြထားတဲ့ အန္တရာယ်ရှိတဲ့ လက္ခဏာများ ဖြစ်ပွားလာပါက နီးစပ်ရာ ဆေးရုံ၊ဆေးခန်းကို သွားရောက်ဖို့ အကြံပြုလုပ်ပါတယ်။

G6PD deficiency (Glucose 6 Phosphate Dehydrogenase enzyme နည်းပါးခြင်း)G6PD သည် အဖြစ်များသော မျိုးရိုးလိုက်သည့် ရောဂါတစ်...
23/02/2024

G6PD deficiency (Glucose 6 Phosphate Dehydrogenase enzyme နည်းပါးခြင်း)
G6PD သည် အဖြစ်များသော မျိုးရိုးလိုက်သည့် ရောဂါတစ်မျိုးဖြစ်သည်။ အတော်များများသည် ရှောင်ရမည့် အစားအသောက်၊ ပစ္စည်းများ၊ ဆေး၀ါးများကို သိရှိမှတ်သားထားကြပါတယ်။ ပေ့ချ် တွင် အမေးအများဆုံးမေးခွန်း တစ်ခု ဖြစ်တဲ့ Atussin ကို G6PD ကလေးတွေမှာ သောက်လို့ရလားကို ပြန်ဖြေရမယ်ဆိုရင် ကျွန်တော်တို့ Atussin သည် တခြားချောင်းဆိုးပျောက်ဆေးတွေမှာ ပါလေ့ရှိသည့် menthol မပါဝင်သောကြောင့် G6PD deficiency ကလေးငယ်များ စိတ်ချလက်ချ သောက်သုံးနိုင်ပါတယ်။
ဒီပို့စ်လေးမှာတော့ သိပ်မသိသေးကြတဲ့ G6PD deficiency က ဘယ်လိုမျိုး မျိုးရိုးလိုက်လဲဆိုတာလေး ဗဟုသုတအနေ့ နဲ့ရှင်းပြမှာဖြစ်ပါတယ်။

နာတာရှည်ဆိုးတဲ့ ချောင်းကလေးတွေမှာ ၂ ပတ် ကနေ ၄ ပတ် အထက် ချောင်းဆိုးပြီ ဆိုရင် နာတာရှည်ချောင်းလို့ စတင်သတ်မှတ်လေ့ရှိပါတယ်။...
24/01/2024

နာတာရှည်ဆိုးတဲ့ ချောင်း

ကလေးတွေမှာ ၂ ပတ် ကနေ ၄ ပတ် အထက် ချောင်းဆိုးပြီ ဆိုရင် နာတာရှည်ချောင်းလို့ စတင်သတ်မှတ်လေ့ရှိပါတယ်။ များသောအားဖြင့် နာတာရှည် ချောင်းဆိုးလျှင် မိဘ တွေက TB များ ဖြစ်ပြီလားဆိုပြီး စိတ်ပူပန်လေ့ရှိကြပါတယ်။ အဆုတ် TB ဆိုလျှင် များသောအားဖြင့် ကိုယ်အလေးချိန်ကျခြင်း၊ အစားအသောက်ပျက်ခြင်း၊ လန်းဆန်းစွာ ဆော့ကစားမှု နည်းလာခြင်း၊ မောပန်းလွယ်ခြင်း၊ လည်ပင်းနဲ့ ချိုင်းအကျိတ်များကြီးခြင်း၊ ညနေ သို့ ည ဘက် ကိုယ်ပူချိန်တက်ခြင်း၊ ညဘက် ချွေးစေးထွက်ခြင်း အစရှိသည်တို့နဲ့ တွဲလေ့ရှိပြီး ရင်ဘက်ဓာတ်မှန် ရိုက်ကြည့်ပါကလည်း TB လက္ခဏာများတွေ့ရှိနိုင်ပါတယ်။ လိုအပ်ပါက သွေးစစ်ခြင်း နဲ့ အရေပြား TB test စစ်ဆေးခြင်းများကလည်း TB ဟုတ်မဟုတ် သိရှိနိုင်ရန် အထောက်အကူပြုနိုင်ပါတယ်။

မြန်မာပြည်မှာ TB က အဖြစ်များတယ်ဆိုပေမယ့် TB ရောဂါမဟုတ်ပဲ တခြားအကြောင်းရင်းများကြောင့်လည်း ကြာရှည်ချောင်းဆိုးခြင်းကို ဖြစ်စေနိုင်ပါသေးတယ်။ အဲ့ဒါတွေကတော့
၁. ရင်ကျပ်ရောဂါ
၂. ဓာတ်မတည့်ခြင်းနှင့် ဆက်စပ်ပြီးဖြစ်တဲ့ နှာရည်ယို၊ နှာစေး၊ နှာပိတ်ဖြစ်ခြင်း
၃. နှာခေါင်းဘေးရှိ လေအိတ်လေးများရောင်ရမ်းခြင်း (Sinusitis)
၄. Virus သို့ Bacteria တစ်ခုခုကြောင့် လေပြွန်များရောင်ခြင်း
၅. နှာခေါင်းအနောက်ရှိ အကျိတ်လေး(Adenoid) ရောင်ခြင်း နှင့် တခြား အကြောင်းရင်းများကြောင့် လည်းဖြစ်တတ်ပါတယ်။

14/12/2023

အခုချိန်ခါဟာ ဆောင်းရာသီဆိုပေမယ့် ပူလိုက်၊ အေးလိုက်၊ မိုးရွာလိုက်နဲ့ ရာသီဥတုက တစ်ချိန်လုံး ပြောင်းလဲနေပါတယ်။ ဒီလိုအပူအအေးမမျှတတဲ့ ရာသီဥတုမှာ ကလေးတွေအနေနဲ့ ဖျားနာလွယ်ကြတာကြောင့် မိဘတွေ စိတ်ပူတဲ့ကာလဆိုလည်း မမှားပါဘူး။

ဒါကြောင့် မေမေတို့ စိတ်ပူနေတဲ့ အကြောင်းအရာတွေကို ကလေးဆရာဝန် Dr.ငြိမ်းယုဇော်မိုး (Dr.ငြိမ်း) ကို ၁၄.၁.၂၀၂ ကနေ ၂၀.၁၂.၂၀၂၃ အထိ ဒီ post အောက်မှာ မေးမြန်းလို့ရပါပြီ။

အဖြေတွေကိုတော့ ဆရာမကနေ မေမေတို့ရဲ့မေးခွန်းအောက်မှာပဲ ပြန်လည်ဖြေကြားပေးသွားမှာပါ။


ဆောင်းရာသီ မှာ ဆိုးတဲ့ချောင်းဆောင်းရာသီရောက်ရင် ကလေးငယ်တွေ မှာ ချောင်း ပိုဆိုးတတ် အအေး ပိုမိတတ်ကြတာ ထုံးစံ တစ်ခုလိုပါပဲ။...
09/11/2023

ဆောင်းရာသီ မှာ ဆိုးတဲ့ချောင်း

ဆောင်းရာသီရောက်ရင် ကလေးငယ်တွေ မှာ ချောင်း ပိုဆိုးတတ် အအေး ပိုမိတတ်ကြတာ ထုံးစံ တစ်ခုလိုပါပဲ။ အအေးမိ၊ တုပ်ကွေး ဗိုင်းရပ်စ်ပိုးတွေ က ဆောင်းရာသီအချိန်၏ အေးမြခြောက်သွေ့သော လေထုထဲတွင် ပိုကြာကြာအသက်ရှင်နိုင်ပါတယ်။ ဒါအပြင်ချမ်းလို့ဆိုပြီး အပြင်မထွက် အခန်းတံခါးတွေပိတ်ပြီး အနေများတဲ့ အတွက် စာသင်ခန်းထဲ ကျူရှင်ခန်းထဲမှာ အချင်းချင်း ကူးစက်လွယ်တဲ့ အခြေအနေတစ်ခုကို ဖန်တီးသလိုဖြစ်သွားပါတယ်။ သို့ပေမယ့် အအေးမိ၊ တုပ်ကွေး ဗိုင်းရပ်စ်ပိုးတွေ ပိုပြင်းထန်လာတယ်၊ များပြားလာတယ်ဆိုတာထက် ပတ်၀န်းကျင်လေထုက ခြောက်သွေ့ပြီး အေးမြတဲ့ အချိန်ဖြစ်တာကြောင့် လည်ချောင်းယားပြီး ဆိုးတဲ့ချောင်း၊ ချောင်းခြောက် က ပိုများပါတယ်။ ဒါကြောင့် ရေများများသောက်ပြီး ရေငွေ့ထုတ်စက်လေး ထားရှိခြင်းဖြင့် အဆိုပါချောင်းကို သက်သာစေမှာဖြစ်ပါတယ်။

ချောင်းခြောက်ပဲ ဆိုးဆိုး၊ လည်ချောင်း ယားပြီးပဲ ဆိုးဆိုး၊ ချွှဲထွက်တဲ့ ချောင်းပဲဆိုးဆိုး ဘယ်ကြောင့် ဆိုးဆိုး ချောင်းအမျိုးမျိုးကင်းစင် (Atussin)အတူစင် ကလေးချောင်းဆိုးပျောက်ဆေးရည် ကို သောက်သုံးနိုင်ပါတယ်။

တရွှီရွှီမြည်ခြင်း (Wheezing)တရွှီရွှီမြည်ခြင်းသည် တစ်နှစ်အောက် ကလေးများတွင် ၂၅-၃၀% ခန့် ကြုံတွေ့ရဖူးပြီး အသက်ခြောက်နှစ်...
20/10/2023

တရွှီရွှီမြည်ခြင်း (Wheezing)
တရွှီရွှီမြည်ခြင်းသည် တစ်နှစ်အောက် ကလေးများတွင် ၂၅-၃၀% ခန့် ကြုံတွေ့ရဖူးပြီး အသက်ခြောက်နှစ် အရွယ် ကလေး တစ်၀က်သည် အနည်းဆုံး တစ်ကြိမ်ခန့် ကြုံတွေ့ကြရသည့် အဖြစ်များသော ဖြစ်စဥ်တစ်ခုဖြစ်ပါတယ်။ ရေနွေးအိုးက တရွှီရွှီမြည်ရင် ရေနွေးဆူတဲ့ လက္ခဏာပြသလို ကလေးငယ်လေးတွေမှာ တရွှီရွှီ မြည်ခြင်းသည် အသက်ရှူလမ်းကြောင်း တစ်နေရာရာတွင် ကျဥ်းနေပြီဆိုတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ အသက်ရှူထုတ်သည့် အချိန်တွင် ပိုမို အသံကြားရလေ့ရှိသည်။
အဖြစ်အများဆုံး အကြောင်းရင်း နှင့် ရောဂါတွေကတော့ ဓာတ်မတည့်ခြင်း(Allergy)၊ ရင်ကျပ်ရောဂါ၊ လေပြွန်ရောင်ခြင်း၊ အဆုတ် ရောင်ခြင်း၊ ပြင်ပ အရာဝတ္ထု တစ်ခု ပိတ်စို့ခြင်း တို့ဖြစ်ပြီး တခြားအဖြစ်နည်းသော ရောဂါများလည်း ရှိပါသေးတယ်။
အိမ်တွင်းပြုစုနည်းနှင့် ကာကွယ်နည်းများမှာ မတည့်သည့် အရာများ၊ လူစုလူ‌ဝေးများ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးမွှားများ ကူးစက်ခံရနေသူများ ကို အတတ်နိုင်ဆုံး ရှောင်ကြဥ်ခြင်း၊ ရင်ကျပ်ရောဂါအခံရှိသူများ သည် မကြာခဏ ဖြစ်ပွားမှုကို ကာကွယ်‌ရန် ရှူဆေးနှင့် သောက်ဆေးများ ဆရာ၀န်ညွန်ကြားချက်နှင့် အညီ သုံးစွဲခြင်း၊ ကိုယ်ခံအားကောင်းစေသည့် အစားအစာများ စုံလင်အောင်စားသုံးခြင်း၊ လေထု ညစ်ညမ်းစေသည့် မီးခိုးများ၊ဆေးလိပ်ငွေ့များ အနီးတွင် ကလေးများမနေစေခြင်း၊ အသက်ရှူလေ့ကျင့်များ လေ့ကျင့်ခြင်း၊ ရေနွေးသောက်ခြင်း၊ ‌ရေနွေးငွေ့ရှူခြင်း များ ဖြစ်သည်။
ပထမဆုံး အကြိမ်ဖြစ်ခြင်း၊ ဆေး တစ်ခုခု သောက်ပြီး ရုတ်တရက်ထဖြစ်ခြင်း၊ အသက်ရှူလမ်းကြောင်းအတွင်း ပိတ်စို့စေသည့် အရာဝတ္ထုတစ်ခု မျိုချမိခြင်း၊ အသက်ရှူကျပ်ခြင်း၊ ပြာနှမ်းလာခြင်း၊ သတိလစ်ခြင်း အစရှိသည်တို့ ဖြစ်ပါက ဆရာ၀န်နှင့် ဆေးရုံ၊ဆေးခန်း အမြန်ဆုံး သွားသင့်ပါသည်။

Address

12/A , Kabar Aye Pagoda Road (Near Marina Residence)Mayangone Township
Yangon

Telephone

+951657033

Website

Alerts

Be the first to know and let us send you an email when Atussin Kids Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Atussin Kids Myanmar:

Share