Kaung Kyaw clinic

Kaung Kyaw clinic medical and health

ဆီးချို သွေးချို လူနာများနှင့် မိမိ၌ ရောဂါရှိမရှိ စစ်ဆေးလိုသော သူများအတွက် သတင်းကောင်းကောင်းကျော် ဆေးခန်းတွင်25.5.2023နံ...
24/05/2023

ဆီးချို သွေးချို လူနာများနှင့် မိမိ၌ ရောဂါရှိမရှိ စစ်ဆေးလိုသော သူများအတွက် သတင်းကောင်း

ကောင်းကျော် ဆေးခန်းတွင်
25.5.2023
နံနက် ၉:၀၀ မှ ၁၀:၃၀ အတွင်း အခမဲ့ စစ်ဆေးပေးပါမည်

 #မျောက်ကျောက်ရောဂါလက္ခဏာများမျောက်ကျောက်ရောဂါကူးစက်ပြန့်ပွားချိန်က (၆) ရက်မှ (၁၃) ရက်ဖြစ်ပြီး (၂၁) ရက်ထိအောင် ကြာမြင့်န...
21/05/2022

#မျောက်ကျောက်ရောဂါလက္ခဏာများ

မျောက်ကျောက်ရောဂါကူးစက်ပြန့်ပွားချိန်က (၆) ရက်မှ (၁၃) ရက်ဖြစ်ပြီး (၂၁) ရက်ထိအောင် ကြာမြင့်နိုင်ပါတယ်။

ရောဂါကူးစက်ချိန်ကို အချိန်ကာလာနှစ်ခု ပိုင်းခြားထားနိုင်ပါတယ်။

#ပထမဆုံး (၅) ရက်အတွင်းမှာ
• ဖျားခြင်း၊
• ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊
• ပြန်ရည်အိတ် (lymph nodes)များ ရောင်ရမ်းခြင်း၊
• ခါးနာခြင်း၊
• ကြွက်သားများနာကျင်ကိုက်ခဲခြင်းနှင့် အားအင်ချိနဲ့ခြင်း
စသည်တို့ ခံစားရနိုင်ပါတယ်။
ပြန်ရည်အိတ် (lymph nodes) များ ရောင်ရမ်းလာခြင်းက အခြားသော ရေကျောက်၊ ဝက်သက်စသည့်ရောဂါများနှင့်
မတူ ကွဲပြားသည့် အချက်ဖြစ်ပါတယ်။

#ဖျားပြီး (၁) ရက်ကနေ (၃) ရက်အတွင်းမှာ
• အရေပြားပေါ်မှာ အဖုတွေ စတင်ပေါ်ပေါက်လာပါတယ်။
• အနီစက်များဟာ ခန္ဓာကိုယ်ပေါ်ထက် မျက်နှာနှင့် ခြေလက်
များပေါ်မှာ ပိုပေါက်လာပါတယ်။
• အနီစက်များဟာ အရည်ကြည်များ၊ ပြည်များပါဝင်ပါတယ်။
• အနာတွေက အရေအတွက် အနည်းငယ်ကနေ
ထောင်ပေါင်းများစွာအထိ ဖြစ်နိုင်ပါတယ်။ အနာများဟာ
တစ်ခုနှင့်တစ်ခုပေါင်းစပ်သွားပြီးနောက် အရေပြားတွေဟာ
ကွာကျလာနိုင်ပါတယ်။

မျောက်ကျောက်ရောဂါဟာ ကိုယ်ခံအားကျဆင်းသူတွေမှာ ဆိုးရွားတဲ့ ရလဒ်တွေ ဖြစ်လာနိုင်ပါတယ်။
ကျောက်ကြီးရောဂါကာကွယ်ဆေးများဟာ ယခင်က ကာကွယ်ပေးနိုင်သော်လည်း ယခုအခါမှာတော့ အသက် (၄၀) နှင့် (၅၀) နှစ်အောက် ငယ်ရွယ်သူများမှာ ပိုအဖြစ်များပါတယ်။

#မျောက်ကျောက်ရောဂါနောက်ဆက်တွဲအနေဖြင့်
• အဆုတ်ရောင်ရောဂါ၊
• ပိုးဝင်ခြင်း၊
• ဦးနှောက်ရောင်ရောဂါ၊
• မျက်ကြည်လွှာပိုးဝင်ခြင်း စသည်တို့ ဖြစ်လာနိုင်ပါတယ်။

ရောဂါလက္ခဏာမပေါ်သည့် ပိုးဝင်ခြင်းများ ရှိလားဆိုတာကိုတော့ မသိရသေးပါဘူး။မျောက်ကျောက်ရောဂါကြောင့် သေဆုံးနှုန်းဟာ ကလေးငယ်တွေကြားမှာ ပိုမြင့်မားပါတယ်။ မကြာသေးခင်ကအထိတော့ (၃) ရာခိုင်နှုန်းကနေ (၆) ရာခိုင်နှုန်းအထိ ရှိပါတယ်။

ကျောက်ကြီးရောဂါကာကွယ်ဆေးဟာ မျောက်ကျောက်ရောဂါကို (၈၅) ရာခိုင်နှုန်း အထိ ကာကွယ်နိုင်ပါတယ်။ ယခင် ကာကွယ်ဆေးထိုးနှံထားသည့် အမှတ်အသားကတော့ လက်မောင်းပေါ်မှာ အမာရွတ်သေးသေးလေးကို တွေ့နိုင်ပါတယ်။ လက်ရှိမှာတော့ မူလကျောက်ကြီးကာကွယ်ဆေးများဟာ နောက်ထပ်မရနိုင်တော့ပါဘူး။ ကျောက်ကြီးရောဂါနှင့် မျောက်ကျောက်ရောဂါ ကာကွယ်ဆေးများကိုတော့ ဆက်လက်လုပ်ဆောင်နေပါတယ်။

#ကြိုတင်ကာကွယ်ခြင်း
မျောက်ကျောက်ရောဂါနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုများ၊ ကြိုတင်ကာကွယ်ဖို့ ကာကွယ်ဆေးများ စသည့် လေ့လာမှုများကို ပြုလုပ်နေပါပြီ။ တစ်ချို့သော နိုင်ငံများမှာ ကျန်းမာရေးဝန်ထမ်းများ၊ ဓာတ်ခွဲခန်းဝန်ထမ်းများ၊ ကယ်ဆယ်ရေးဝန်ထမ်းများကဲ့သို့ ကူးစက်မှုအန္တရာယ်များတဲ့သူတွေကို ကာကွယ်ဆေးများ ထိုးနှံပေးနေပါပြီ။

#လူအချင်းချင်းကူးစက်မှုကို လျှော့ချနိုင်စေရန်
• မျောက်ကျောက်ရောဂါဖြစ်ပွားလာလျှင် ရောဂါပိုးရှိသူနှင့်
အနီးကပ်မနေပါနှင့်။

• ကျန်းမာရေးဝန်ထမ်းများဟာ ကူးစက်ခံရနိုင်ချေ ပိုများပါတယ်။

ယခင်က ကျောက်ကြီးရောဂါ ကာကွယ်ဆေးထိုးနှံသူများသာလျှင် လူနာကို စောင့်ရှောက်သင့်ပါတယ်။

ကူးစက်မှု ဖြစ်နိုင်ချေရှိသည့် အရာအားလုံးကို သေချာစောင့်ကြည့်နေဖို့ အရေးကြီးပါတယ်။

#တိရစ္ဆာန်မှတဆင့် လူကို ကူးစက်နိုင်ချေ လျှော့ချခြင်း
• တောရိုင်းတိရစ္ဆာန်များနှင့် ထိတွေ့ခြင်းကို ရှောင်ကြဉ်ရန်။

• ဖျားနာနေသော သို့မဟုတ် သေဆုံးပြီးသော အကောင်များ
ကို ကိုင်တွယ်ခြင်း ကို ရှောင်ကြဉ်ရန်။

• အသားများအားလုံး မကျက်တကျက် စားသုံးခြင်းကို
ရှောင်ကြဉ်ရပါမယ်။

• အသားတွေကို အစာမစားခင်မှာ သေချာကျက်အောင် ချက်ပြုတ်ပါ။

မျောက်ကျောက်ရောဂါနှင့် ကျောက်ကြီးရောဂါအကြား ဆက်စပ်မှုများကျောက်ကြီးရောဂါဟာ အလွယ်တကူကူးစက်နိုင်ပြီး လူနာသေဆုံးနှုန်းက (၃၀) ရာခိုင်နှုန်းထိ ရှိပါတယ်။ (၁၉၈၀) မှာ ကျောက်ကြီးရောဂါကို အမြစ်ဖျက်ချေမှုန်း နိုင်ပြီဟု ကြေညာထားပါတယ်။ ယခုအခါမှာ ကျောက်ကြီးရောဂါကာကွယ်ဆေး မထိုးထားသည့်နေရာများမှာ မျောက်ကျောက်ရောဂါပိုး ကူးစက်မှု ဖြစ်နိုင်ချေ ပိုများပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်အနေဖြင့် မျောက်ကျောက်ရောဂါဖြစ်ပွားနိုင်သည့် နိုင်ငံများမှာ ကြိုတင်ပြင်ဆင်မှုများနှင့် တုံ့ပြန်မှုများနှင့် စောင့်ကြည့်နေမှုများကို ကူညီဆောင်ရွက်ပေးနေပါတယ်။ နောက်ထပ် အကြောင်းအရာများကိုလည်း ဆက်လက်ဖော်ပြပေးသွားပါမယ်။

!!!OSC Hospital အား Credit ပေး၍ လွတ်လပ်စွာ Share နိုင်ပါသည်.....




08/04/2022

💉2022 ရာသီတုပ်ကွေးကာကွယ်ဆေး Vaxigrip Tetra 2022 (Myanmar Register)

ကောင်းကျော်ဆေးကုခန်းတွင် လာရောက် ထိုးနိုင်ပါသည်။

Price - 28000

အိမ်အရောက်ဆေးထိုးခြင်း - 30000

👩‍⚕️ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုကောင်းမွန်သည်ဆိုသည့်အတိုင်း မိုးရာသီ မရောက်မီ ရာသီတုပ်ကွေးရောဂါများ ကူးစက်ခြင်းမှကာကွယ်ရန် ကာကွယ်ဆေးကြိုတင်ထိုးနှံထားခြင်းကလည်း အကောင်းဆုံး နည်းလမ်းဖြစ်ပါသည်။

💊💊ရာသီတုပ်ကွေး ကာကွယ်ဆေးဖြစ်သောကြောင့် တစ်နှစ်တစ်ကြိမ်ထိုးရန်လိုအပ်ပြီး၊ ဆေးထိုးပြီး အကျိုးသက်ရောက်မှုရရှိရန်မှာ (၂)ပတ်မှ (၃) ပတ်အထိ ကြာတတ်ပါသည်။

⏰⏰Flu Vaccine ကို အသက် (၆)လ မှစတင်၍ထိုးနှံနိုင်ပြီး၊ အသက်(၉)နှစ်အောက် တစ်ခါမှမထိုးဖူးသော ကလေးများဖြစ်လျှင်တော့ ပထမ တစ်ကြိမ်တစ်လုံးထိုးပြီး နောက်(၄)ပတ်နေလျှင်တစ်ကြိမ်ထပ်မံထိုးနှံရပါမည်။

🤰👩‍👦ကိုယ်ဝန်ဆောင်၊ နိုတိုက်မိခင်များလည်း ကာကွယ် ဆေးထိုးလို့ရပြီး ဆေးထိုးမည့် အချိန်တွင် ဖျားနာနေခြင်း (သိုမဟုတ်) ဆေးမတည့်ခြင်းများရှိပါက ဆေးမထိုးခင် ကြိုတင်ပြောပြထားသင့်ပါသည်။ ဖျားနာနေလျှင် အဖျားပျောက်သွားမှသာ ကာကွယ်ဆေးထိုးရပါမည်။

☔⛈တုပ်ကွေးရာသီကို အများအားဖြင့် မိုးရာသီနှင့်ဆောင်းရာသီဟု သတ်မှတ်ကြသော်လည်း ရောဂါပြင်းပြင်းထန်ထန် ကူးစက်တတ်သော အချိန်မှာ တစ်နှစ်နှင့်တစ်နှစ် မတူညီတတ်ပါ။

🛡🛡ကာကွယ်ဆေးထိုးခြင်းသည် ရောဂါကူးစက်မှုနှင့် တုပ်ကွေးကြောင့်ဖြစ်တတ်သော ပြင်းထန်သည့် အခြေအနေများမှကာကွယ်ရန် ထိရောက်သည့် နည်းလမ်း ဖြစ်ပြီး၊ တုပ်ကွေးဗိုင်းရပ်စ်၏ နောက်ဆက်တွဲ အကျိုးဆက်များကိုလည်း လျှော့ချပေးနိုင်ပါသည်။


👨‍⚕️ရာသီတုပ်ကွေးကာကွယ်ဆေးများထိုးနှံလိုပါက အောက်ပါဖုန်းနံပတ်များသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

095190373,09799629537

အစိုးရဆေးရုံ ပြန်ပြရန်ရက်ချိန်းစာအုပ် ပါလာသူအားလုံးကို ၃.၂.၂၀၂၁ ကစပြီး ကောင်းကျော်ဆေးခန်းမှာ ဆွေးနွေးတိုင်ပင်ခ အခမဲ့၊ စမ...
03/02/2021

အစိုးရဆေးရုံ ပြန်ပြရန်ရက်ချိန်းစာအုပ် ပါလာသူအားလုံးကို ၃.၂.၂၀၂၁ ကစပြီး ကောင်းကျော်ဆေးခန်းမှာ ဆွေးနွေးတိုင်ပင်ခ အခမဲ့၊ စမ်းသပ်ခအခမဲ့နှင့် ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။

၃.၂.၂၀၂၁ နေ့မှာ အစိုးရဆေးရုံ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းများ အကြမ်းမဖက်သောနည်းဖြင့် စတင်ဆန္ဒပြပါပြီ။ အစိုးရဆေးရုံများမှာ လူနာအသစ်လက်ခံကုသပေးရန် နှင့် ပြင်ပလူနာဌာနတွင် ကြည့်ရှုပေးမည့် ကျန်းမာရေး ဝန်ထမ်းအင်အား လျော့ကျနေနိုင်သည့်အတွက် လူနာများအနေနဲ့ စစ်ဆေးရုံတွေမှာပဲပြရမှာပါ။ အပြင်ဆေးခန်းတွေကလည်း လူနာကိုဆေးရုံလွှဲဖို့လိုလျှင် စစ်ဆေးရုံသို့သာ လွှဲပေးနိုင်တော့မှာဖြစ်ပါတယ်။

ထို့ကြောင့် ကျွန်မတို့ ကောင်းကျော်ဆေးခန်းကလည်း အစိုးရကျန်းမာရေးဝန်ထမ်းများရဲ့ လှုပ်ရှားမှုကို ထောက်ခံတဲ့အနေနဲ့ ၃.၂.၂၀၂၁ ကစပြီး အစိုးရဆေးရုံရက်ချိန်းပြန်ပြရန် စာအုပ်ပါလာသူတိုင်းကို ဆရာဝန်တိုင်ပင်ဆွေးနွေးခြင်း၊ စမ်းသပ်ခြင်း အခမဲ့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

ကောင်းကျော်ဆေးခန်း
အမှတ် (၈၈)၊ မယ်ဇီကုန်းလမ်း၊ (၇) ရပ်ကွက်၊ လှိုင်မြို့နယ်။
☎️ 09799629537

18/12/2020

ကိုယ်ဝန်ဆောင် ဒုတိယ သုံးလပါတ်တွင် ကိုယ်ဝန်ဆောင်မိခင်သည် ကျန်းမာစွာ …

လှိုင်မြို့နယ်အတွင်း ကလေး ကာကွယ်ဆေး ထိုးချင်သူများ အတွက်ပါ
25/11/2020

လှိုင်မြို့နယ်အတွင်း ကလေး ကာကွယ်ဆေး ထိုးချင်သူများ အတွက်ပါ

02/11/2020

SLE ရောဂါအကြောင်းသိကောင်းစရာ

မေး။ ။ SLE ဆိုတာဘာလဲ။

ဖြေ။ ။ SLE ဆိုတာ Systemic Lupus Erythematosus လို့ခေါ်ပါတယ်။ မြန်မာတွေနဲ့မရင်းနှီးတဲ့နာမည်ပေမယ့် စိမ်းတဲ့ရောဂါ မဟုတ်ပါဘူး။ ကိုယ့်ခန္ဓာကိုယ်ထဲက ခုခံအားစံနစ်က အလုပ်လုပ်ပုံလွဲမှားပြီး ကိုယ့်ခန္ဓာကိုယ်ကို ပြန်ဒုက္ခပေးတဲ့ ရောဂါမျိုးပါ။

မေး။ ။ ရောဂါဖြစ်ပုံကို နည်းနည်းရှင်းပြပါလား။

ဖြေ။ ။ လူတိုင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ခုခံအားစံနစ်ရှိပါတယ်။ ဒီခုခံအားစံနစ်ဟာ ကိုယ့်ကိုယ်ထဲကို ဝင်လာတဲ့ရောဂါပိုးတွေကို တိုက်ဖျက်ဖို့ပါ။ ဒီခုခံအားစံနစ်ယန္တယားကြီးထဲမှာ တပ်သားတွေနဲ့တူတဲ့ ဆဲလ်တွေအမျိုးမျိုးပါဝင်ပါတယ်။ ဒီဆဲလ်တွေဟာ တပ်ဖွဲ့များလိုပဲ သူ့အစုနဲ့သူရှိကြပါတယ်။ ဒီအုပ်စုတွေဟာ တစ်စုနဲ့တစ်စု အပြန်အလှန်ဆက်သွယ် အမိန့်နာခံကြတာဟာ တပ်ဖွဲ့တွေလိုပါပဲ။ ဒီအထဲက အချို့တပ်ဖွဲ့တွေဟာ ဗဟိုက အမိန့်ကို မနာခံတော့ဘဲ ကိုယ့်ခန္ဓာကိုယ်ထဲက ပစ်မှတ်တွေကို ပြန်လည်တိုက်ခိုက်တဲ့အခါ ခန္ဓာကိုယ်က ဒုက္ခတွေ့ရပါတော့တယ်။

မေး။ ။ ဒါဆို ဘယ်နေရာတွေကို ထိခိုက်တတ်ပြီး ဘယ်လို လက္ခဏာတွေ လာတတ်ပါသလဲ။

ဖြေ။ ။ SLE မှာ ယေဘုယျအားဖြင့်င်္ပြောရရင် ခေါင်းစခြေဆုံးထိခိုက်တတ်ပါတယ်။ သို့သော် အများဆုံးထိခိုက်တဲ့နေရာတွေကတော့ အရေပြား၊အဆုတ် နဲ့ ကျောက်ကပ်တို့ဖြစ်ပါတယ်။ မိန်းကလေးတွေမှာ အဖြစ်များပါတယ်။ လာတဲ့ လက္ခဏာတွေကတော့စုံပါတယ်။ အကြမ်းဖျင်းအားဖြင့်ပြောရရင် ယေဘုယျ လက္ခဏာတွေနဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုခုကို ထိခိုက်လို့လာတဲ့ လက္ခဏာတွေလို့ ခွဲပြောလို့ရပါတယ်။

-ယဘုယျလက္ခဏာများ တွေကတော့ တစ်ကိုယ်လုံးနုန်းခွေပြီးအားမရှိခြင်း၊ မကြာခဏ ကိုယ်အပူချိန်တက်ပြီးဖျားခြင်း၊ တစ်ကိုယ်လုံးရှိကြွက်သားများ နာကျင်ကိုက်ခဲနေခြင်း အစရှိတာတွေဟာ SLE ရှိတဲ့ ဝေဒနာရှင်တွေမှာ မကြာခဏဖြစ်လေ့ရှိတဲ့ ဝေဒနာတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ အရိုးအဆစ်တွေ ဥပမာ ပခုံးဆစ်၊ တံတောင်ဆစ်၊ဒူးဆစ်၊ခါး၊ ခြေကျင်းဝတ် အစရှိတဲ့နေရာတွေပါ အလွန်နာကျင်ကိုက်ခဲနေတတ်ပါတယ်။

-ဒါ့အပြင် Organ specific symptoms လို့ခေါ်တဲ့ အင်္ဂါတစ်ခုခုကို ထိခိုက်မိတဲ့ လက္ခဏာတွေလဲရှိပါတယ်။ အများဆုံးက အရေပြားပါ။

-SLE ဝေဒနာသည်တွေဟာ တိုက်ရိုက်နေရောင်ထိလို့မရပါဘူး။ တိုက်ရိုက်နေရောင်ထိတာနဲ့ ခန္ဓာကိုယ်က ခုခံအားစံနစ်ထဲက ပုန်ကန်ထကြွနေတဲ့ တပ်ဖွဲ့တွေဟာ ဒေါသတကြီးနဲ့ တုန့်ပြန်ပါတယ်။ အဲ့ဒီအခါမှာ မျက်နှာပေါ်မှာ လိပ်ပြာသဖွယ်ပုံရှိတဲ့ အနီကွက်ပေါ်လာတတ်ပါတယ်။ ဆံပင်တွေအရမ်းယားပါတယ်။ အရေပြားတွေတင်းပြီးနီရဲပြီးယောင်ရမ်းပါတယ်။ နေရသိပ်ခက်ပါတယ်။ တချို့တွေမှာဆိုရင် အကွက်လိုက်တွေ ဖြစ်ပြီးဆံပင်တွေကျွတ်ကျပါတယ်။

-နောက်တစ်ခုက ကျောက်ကပ်ပါ။ SLE ဝေဒနာသည်တွေမှာ အဲ့ဒီ ခုခံအားစံနစ်က ထုတ်လိုက်တဲ့ဓာတ်ပစ္စည်းတွေက ကျောက်ကပ်ကို သွားထိခိုက်စေပါတယ်။ အဲ့ဒီမှာတင် ကျောက်ကပ်ထိခိုက်ပျက်စီးပြီးလာပါတယ်။ ကျောက်ကပ်ထိခိုက်ပျက်စီးတာကို သိသာစေတဲ့အရာတွေက မျက်နှာတစ်ခုလုံး အမ်းပြီးအစ်လာတာမျိုး၊ ဆီးတွေနီရဲလာတာမျိုး စတဲ့အရာတွေဖြစ်ပါတယ်။ SLE ဝေဒနာသည်တွေဟာ ကျောက်ကပ်ကို သေချာစစ်ဆေးဖို့လိုအပ်ပါတယ်။ ဒီအတွက်စစ်ဆေးဖို့ အခြေခံအနေနဲ့သွေးစစ်ရပါတယ်။ ဒီထက် လိုအပ်ရင် ကျောက်ကပ်ထဲက အသားစကို ထုတ်ယူပြီး စစ်ဆေးရပါတယ်။ ဒီလိုစစ်ဆေးမှ တိကျထိရောက်သောကုထုံးကိုပေးနိုင်တာမို့ဖြစ်ပါတယ်။

-ဒီဟာ အပြင်ထိခိုက်တတ်တာက အဆုတ်ပါ။ အဆုတ်ကို ဝန်းရံပတ်ကာထားတဲ့ အဆုတ်အမြှေးပါးလေးဟာ ယောင်ရမ်းလာတတ်ပါတယ်။ အကျိုးဆက်အားဖြင့် အဆုတ်ထဲရေဝင်တာမျိုးဖြစ်တတ်ပါတယ်။ ဒါတင်မက ရေမြုပ်ကလေးတွေနဲ့အတူတဲ့ အဆုတ်ထဲက လေအိတ်ကလေးတွေ ယောင်ရမ်းလာတတ်ပါတယ်။

-ဒါတင်မက အသည်းယောင်တတ်ပါတယ်။ အစာအိမ်လေနာရောဂါလိုမျိုးဖြစ်တတ်သလို ဝမ်းပျက်ဝမ်းလျှောတွေလဲဖြစ်တတ်ပါတယ်။ ပန်ကရိယလို့ခေါ်တဲ့ မုန့်ချိုအိတ်လဲယောင်တတ်ပါတယ်။

-ဒါ့အပြင် နှလုံးကိုလဲ ထိခိုက်တတ်ပါတယ်။ နှလုံးအမြှေးပါးယောင်ရမ်း တာတွေဖြစ်တတ်သလို၊ နှလုံးခုန် မမှန်တာတွေလဲဖြစ်တတ်ပါတယ်။
သွေးအားနည်းတာတွေလဲဖြစ်တတ်ပါတယ်။

-ထူးခြားတာတစ်ခုက ခုခံအားစံနစ်က အလွန်တက်ကြွနေပေမယ့် တကယ့်ကို စံနစ်ကျတဲ့ တပ်ဖွဲ့တွေမဟုတ်ဘဲ ဗဟိုသြဇာမသက်ရောက်တဲ့ တပ်ဖွဲ့တွေလို ဖြစ်နေတော့ အခြားကူးစက်ရောဂါတွေ အလွယ်ရတတ်တာပါပဲ။

မေး။ ။ ဒါဖြင့်ဒီရောဂါက စိုးရိမ်ရတာပေါ့။

ဖြေ။ ။ ဒီရောဂါက အဆင့်အမျိုးမျိုးရှိပါတယ်။ တချို့လူနာတွေမှာ အပျော့စားဖြစ်ပြီးတချို့လူနာတွေမှာ အပြင်းစားအထိဖြစ်တတ်ပါတယ်။ ဘယ်လောက်အထိ ဖြစ်မလဲ ဆိုတာက လူနာရဲ့ ကံတရားအပေါ်ပဲမူတည်တယ်လို့ပြောရမှာပါပဲ။ ဒါပေမယ့် အပျော့စားကနေ အပြင်းစားအထိ ကျနော်တို့မှာ ကုသမှုပေးဖို့ ဆေးဝါးတွေ အသင့်ရှိနေပါတယ်။ အပျော့စားအဆင့် တွေက သာမန်အဆင့်ဆေးလောက်နဲ့ ထိန်းသိမ်းပြီး အပြင်းစားတွေကတော့ ခုခံအားစံနစ်တွေကို ထိန်းချုပ်ပစ်ဖို့အထိ ပြင်းတဲ့ဆေးတွေကို သုံးရတတ်ပါတယ်။

မေး။ ။ ကုထုံးတွေကို အကြမ်းဖျင်းရှင်းပြပါလား။

ဖြေ။ ။ ကျနော်တို့က ငှက်ဖျားရောဂါမှာသုံးတဲ့ဆေးတွေကို ဒီရောဂါအတွက်သုံးရပါတယ်။ ဒါ..ငှက်ဖျားဖြစ်လို့ မဟုတ်ဘူးနော်။ ငှက်ဖျားမှာသုံးတဲ့ဆေးတွေရဲ့ အခြားအာနိသင်တွေက ဒီရောဂါအတွက် အရမ်းအသုံးတည့်နေလို့ပါ။ အခု ငှက်ဖျားအတွက်သိပ်မသုံးကြတော့တဲ့ ကလိုရိုကွင်းဆိုတဲ့ ဆေးရဲ့ နောက်ထပ်မျိုးဆက်သစ်ဖြစ်တဲ့ Hydroxychloroquine ဆိုတဲ့ဆေးကို SLE လူနာအများစုမှာကျနော်တို့ပေးပါတယ်။ အဲ့ဒီဆေးက အချိန် ခြောက်ပတ်ကနေ သုံးလအထိ အစွမ်းပြဖို့ စောင့်ရတတ်ပါတယ်။ ဒါကြောင့် SLE စစချင်းမှာ ရောဂါ လက္ခဏာတွေကို ထိန်းဖို့ စတီးရွိုက်လို့ ခေါ်တဲ့ဆေးတွေကို သုံးရပါတယ်။ အပျော့စားအဆင့်တွေမှာ Prednisolone (ပရက်နီဆိုလုန်း)အပျော့စားပေးပြီး အလတ်စားနဲ့အပြင်းစားတွေမှာ ပရက်နီဆိုလုန်းကို ထိုးဆေးအနေနဲ့ပေးပါတယ်။ ဒါနဲ့အရင်ဆုံး ငြိမ်ကျသွားအောင် ထိန်းထားပြီးမှ Hydroxychloroquine ဆေးနဲ့ ဖြည်းဖြည်းချင်း ထိန်းယူသွားပေးရတာပါ။ ဒီထက် ပိုပြင်းတဲ့ အဆင့်တွေကိုတော့ Immunosupressives တွေလို့ခေါ်တဲ့ ခုခံအားစံနစ်ကို ထိန်းချုပ်ပစ်တဲ့ဆေးတွေနဲ့ပေးရပါတယ်။

မေး။ ။ SLE ဖြစ်တဲ့လူနာတွေအတွက် ဆောင်ရန် ရှောင်ရန်တွေကို ပြောပြပေးပါလား။

ဖြေ။ ။ အရေးအကြီးဆုံးက နေရောင်နဲ့တိုက်ရိုက်မထိဖြစ်ဖို့ပါပဲ။ တချို့နေရာတွေ ဥပမာ ပင်လယ်ကမ်းခြေလိုနေရာတွေဆိုရင် နေရောင်မထွက်တော့တဲ့ ညနေခင်းအချိန်တွေမှာတောင်မှ နေရောင်ရဲ့ခရမ်းလွန်ရောင်ခြည်ကိုစုပ်ယူထားတတ်တဲ့အတွက် SLEအတွက်စိတ်မချရဘူးလို့ဆိုနိုင်ပါတယ်။ ဒါတွေကို သတိထားရပါမယ်။ အပြင်ထွက်ရင် ထီး၊ နေရောင်ကာအဝတ်တွေ ဝတ်ဖို့လိုပါတယ်။ နေရောင်ကာ Sun Screen တွေလိမ်းပေးဖို့လိုပါတယ်။ SLE ဝေဒနာသည်တွေဟာ ရောဂါပြန်ထချိန်မှာ အလွယ်တကူ မောပန်းဖျားနာတတ်တဲ့အတွက် မိသားစုဝင်တွေက ဒါကို အလွယ်အပြစ်မတင်ဖို့ သိပ်အရေးကြီးပါတယ်။ ကြာရင် ဒီလို နာတာရှည်အနေအထားနဲ့နေရတဲ့လူတွေဟာ စိတ်ဓာတ်ကျလာတတ်ပါတယ်။ ဒါကို သဘောပေါက်နားလည်ထားဖို့လိုအပ်ပါတယ်။

နောက်အရေးကြီးတာက SLE လူနာတွေအတွက် အထူးကုတွေသည် Rheumatologists တွေလို့ခေါ်တဲ့ အထူးကုတွေပါပဲ။ သူတို့တွေက ဒီလိုဝေဒနာတွေအတွက် သီးသန့်အထူးကျွမ်းကျင်သူတွေပါ။ သူတို့နဲ့ ပုံမှန်ပြသကုသမှုခံယူတာက လူနာအတွက် ဘေးအကင်းဆုံးဖြစ်ပါတယ်။

 #သားဥအိမ်တွင် ရေအိတ်တည်ခြင်း၊ သွေးအိတ်တည်ခြင်းသားဥအိမ်မှာ ရေအိတ်ဖြစ်ရတဲ့အ ကြောင်းတွေက မျိုးစုံဖြစ်နိုင်တယ်။ ဘာ ဆိုဘာမှ ...
24/10/2020

#သားဥအိမ်တွင် ရေအိတ်တည်ခြင်း၊ သွေးအိတ်တည်ခြင်း
သားဥအိမ်မှာ ရေအိတ်ဖြစ်ရတဲ့အ ကြောင်းတွေက မျိုးစုံဖြစ်နိုင်တယ်။ ဘာ ဆိုဘာမှ အန္တရာယ်မပေးတတ်တဲ့ သူ့အ လိုလို ပျောက်ကင်းသွားနိုင်တဲ့ ရေအိတ် လေးတွေကစပြီး အသက်အန္တရာယ်နဲ့ ကြုံရပြီး ကိုယ့်ကို သေမင်းခေါ်ရာနောက် ကောက်ကောက်ပါအောင် လိုက်သွားစေ မယ့် အလုံးအကျိတ်တွေလည်း ဖြစ်နိုင်ပါ တယ်။

♦ သားဥအိမ်တွင် အလုံးအကျိတ် တွေ့လျှင်

သားဥအိမ်မှာ တစ်ခုခု တွေ့ပြီပေါ့၊ အလုံးတွေ့ပြီ၊ ကြီးနေပြီဆိုရင် လူနာတစ် ယောက်ချင်းစီကို သေချာကြည့်ဖို့တော့ လိုပါတယ်။ အသက်အရွယ် ဘယ်လောက် လဲ၊ ရေအိတ်ရဲ့ အရွယ်အစားက ဘယ် လောက်လဲ၊ အကြည်လေးပဲလား။ အာထ ရာဆောင်းရိုက်ကြည့်လိုက်ရင် ရေအိတ်က အကြည်လေးပဲလား၊ အထဲမှာ အစိုင်အခဲ အဖုအကျိတ်တွေ ရှိနေလား၊ တချို့လည်း အမှုန်လေးတွေ တွေ့ရတဲ့ သွေးခဲတွေ ရှိ နေလား၊ ရေအိတ်ဖြစ်နိုင်သလို၊ သွေး အိတ်လည်း ဖြစ်နိုင်တယ်။ တချို့တွေမှာ ရိုးရိုးအကျိတ်ကနေ ကင်ဆာတွေအထိ လည်း ဖြစ်နိုင်တယ်။

♦ သားဥအိမ်တွင် ရိုးရိုးရေအိတ် တည်ခြင်း

ရိုးရိုးရေအိတ် သေးသေးလေးတွေ ကတော့ Functional Cyst လို့ခေါ် တယ်။ Reproductive Life လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက် ရာသီလာနေတဲ့ အချိန်မှာ တစ်လကို သားဥတစ်လုံးကြွေ သွားတဲ့အခါ ကျန်ခဲ့တဲ့ အခွံက အရည် အိတ် တည်တတ်တယ်။ အဲဒီအရည် အိတ်က ၅ စင်တီမီတာထက် မကြီးတတ် ဘူး။ အရည်ကြည်အိတ်လေးပဲ၊ ဘာမှ အစိုင်အခဲတွေ မပါဘူးဆိုရင် သူ့အလိုလိုဖြစ် တာပါ။ ဟော်မုန်းတွေ ထုတ်လုပ်ပေးတဲ့ သားဥအိမ်ကနေ သားဥတွေ ထုတ်လုပ် ရင်းက အရည်ကြည်အိတ်တည်တာဆို ရင် ဘာမှလုပ်စရာ မလိုဘူး။ ဒီတိုင်းပဲ စောင့်ကြည့်နေရင်းနဲ့ နှစ်လ၊ သုံးလနေရင် သူ့အလိုလို ပျောက်သွားပါတယ်။ အဲဒါ မျိုးကို တချို့က အရေးကြီးတယ်ထင်ပြီး ခွဲစိတ်တာတွေ လုပ်တဲ့သူတွေလည်း တွေ့ရပါတယ်။

♦ သားဥအိမ်တွင် သွေးအိတ်တည်ခြင်း

တချို့တွေမှာတော့ သွေးအိတ်တွေ ဖြစ်တတ်ပါတယ်။ အဲဒါကို နေရာလွဲမှား သားအိမ်အတွင်းသားလို့ ခေါ်တယ်။ ရာသီ လာတဲ့ သားအိမ်အတွင်းမြှေးဆဲလ်လေး တွေက တခြားနေရာကို ရောက်နေတာ ပါ။ ဥပမာ – သားအိမ်အတွင်းမြှေးဆဲလ် တွေက သားဥအိမ်ထဲ ရောက်နေတာပါ။ အဲဒီအခါ လစဉ် ရာသီလာရင် အဲဒီနေရာ မှာပါ ရာသီလာပြီး ရာသီသွေးတွေစုကာ သွေးလုံး၊ သွေးအိတ်ဖြစ်လာတာပါ။ အဲဒီ လူနာတွေမှာ ရာသီလာတဲ့အခါ အရမ်းကို နာကျင်ကိုက်ခဲတယ်။ ကင်ဆာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ဆေးကုဖို့ လိုလိမ့် မယ်။ အရွယ်အစားပေါ်မူတည်ပြီး ဟော် မုန်းဆေးတွေ ပေးကာ ကုသရပါတယ်။ ကြီးလာတယ်ဆိုရင်တော့ ခွဲစိတ်ဖယ်ရှား ပစ်ရတာတွေ ရှိပါတယ်။

♦ မျိုးရိုးရာဇဝင်ရှိနေခြင်း

ဆရာတို့ဆီ ရောက်လာတဲ့ လူနာ တစ်ယောက်ကို ရာဇဝင်မေးလိုက်တဲ့အခါ မိခင်မှာ၊ အဒေါ်မှာ စတဲ့ ဆွေမျိုးတွေထဲ မှာ သားဥအိမ်ကင်ဆာဖြစ်ဖူးတယ်ဆိုရင် သတိထားဖို့ လိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သားဥအိမ်ကင်ဆာက မျိုးရိုး လိုက်တတ်တာကြောင့်ပါ။ ပေါ့ဆလို့တော့ မရပါဘူး။

♦ ကင်ဆာရောဂါ သံသယရှိခြင်း

ရေအိတ်ရဲ့ အရွယ်အစား၊ အဖုအ ကျိတ်တွေ ရှိလား၊ CA125 (သွေးထဲမှာ တွေ့ရတတ်တဲ့ ကင်ဆာရှိတဲ့အခါ မြင့် တက်တတ်တဲ့ ဓာတ်တစ်မျိုး) ရှိ၊ မရှိ စစ် ဆေးရပါတယ်။ ရေအိတ်အရွယ်အစားက ကြီးနေမယ်၊ အဖုအကျိတ်တွေကလည်း ကင်ဆာလို့ မသင်္ကာဘူး၊ CA125 လည်း များနေမယ်ဆိုရင် အချိန်မဆွဲဘဲ မြန်မြန် ဆန်ဆန်ပဲ ခွဲစိတ်ဖယ်ရှားရတာမျိုးတွေ ရှိပါတယ်။

♦ ကင်ဆာဘက်သို့ ပြောင်းသွားခြင်း

တချို့တွေရဲ့ သားဥအိမ်မှာ အလုံး၊ အကျိတ် ဖြစ်လာတယ်၊ အဲဒီအလုံးထဲမှာ ဆံပင်မွေးတွေ၊ သွားတွေ၊ အရိုးတွေနဲ့ ပြည့်နေတယ်။ အဲဒီလို အဖုအကျိတ် မျိုးကို လူတချို့က အပင်းသွင်းထားတယ် လို့တောင် ထင်တတ်ကြပါတယ်။ တချို့ လည်း အရည်အိတ်ထဲမှာ ဘာမှ မရှိဘဲ အရည်ကြည်တွေပဲ ရှိနေတာ ဖြစ်နိုင်ပေ မယ့် တချို့မှာကျတော့ ချွဲချွဲ ချွဲချွဲတွေ ရှိနေနိုင်တယ်။ တစ်ခါတလေမှာ အဲဒီက နေ ကင်ဆာအဖြစ်လည်း ပြောင်းသွားနိုင် ပါတယ်။

♦ ပေါ့ဆမနေသင့်ပါ

ဒီလို အရည်အိတ်တွေ၊ အကျိတ် တွေ ဖြစ်လာပြီဆိုရင် ပေါ့ဆလို့ မရပါဘူး။ ဆရာဝန်နဲ့ သေချာစွာ ပြသသင့်ပါတယ်။ အန္တရာယ်မရှိတဲ့ အရည်အိတ်ဆိုရင် လည်း မရှိသလို ထားပြီး ကုသမယ်၊ အန္တရာယ်ရှိတာဆိုရင်လည်း ရှိနိုင်သလို ဆေး ပေးပြီး ကုသတာ၊ ခွဲစိတ်ကုသတာတွေကို ပြုလုပ်ရပါတယ်။

♦ အကြံပြုချက်

ရေအိတ်လေးတွေ့တယ်ဆိုရင် ဘာ မှ မဖြစ်နိုင်တာကနေ အသက်အန္တရာယ် ရှိနိုင်တဲ့ကင်ဆာအထိ ဖြစ်နိုင်တယ်ဆိုတာ ကို မမေ့မလျော့ဘဲ သတိထားပြီး တတ် ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ကုသဖို့ ပြောချင်ပါတယ်။

Credit ဒေါက်တာစိုးလွင် (သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး)

3M VFlex  9105 (USA made)N95 မှာ medical နဲ့ nonmedical ဆိုတာထက် surgical N95 နဲ့ standard N95 ဆိုပြီး ခွဲပါတယ်။Standard...
19/10/2020

3M VFlex 9105 (USA made)

N95 မှာ medical နဲ့ nonmedical ဆိုတာထက် surgical N95 နဲ့ standard N95 ဆိုပြီး ခွဲပါတယ်။

Standard N95 နှင့် Surgical N95 က အကုန်တူပါတယ်။ Fluid resistance ပဲကွာတာပါ။

3M Vflex 9105 က NOISH approved N95 ထဲပါတယ်။ 3M 1860 က surgical N95 respirator ထဲမှာပါတယ်။

WHO, ECDC အပြင် CDC ကပါ ပြောထားတာက N95 or FFP2 အဆင့် ရှိတဲ့ mask ကို သုံးလို့ရတယ်ပြောပါတယ်။ Surgical N95 mask သုံးရမယ်လို့ Specified မလုပ်ထားပါ။

3M 1860ကော 3M Vflex 9105 ကော နှစ်ခုလုံးစမ်းထားတဲ့ ထဲမှာ H5N1virus လဲပါတယ်။ ဒီနှစ်ခုလုံးရဲ့ Filtration capacity ကပုံမှာပြထားတဲ့အတိုင်း 95% နှင့် 100% ရှိသည်။

3M Vflex 9105 အကြောင်း ပြန်ဆက်ရလျင်......

3M VFlex ဟာ နာမည်ကြီး 3M company ရဲ့ ထုတ်ကုန်စစ်စစ် ဖြစ်ပါတယ်။

NIOSH approved N95 အဆင့်ရှိသဖြင့် fluid resistance မလိုသော အခြေအနေတွင် အသုံးပြုခွင့်ပေးထားပါတယ်။

N95 9105 VFlex ရဲ့ ထူးခြားတဲ့ design ကြောင့် အသက်ရှူရတာ ပိုလွယ်တယ်။
ဝတ်ရတာ အရမ်းသက်တောင့်သက်သာရှိတာ။
စကားပြောရတာ ပိုအဆင်ပြေတယ်
စျေးသက်သာပါတယ်။ သူရဲ့ ထူးခြားတဲ့ design ကြောင့် မျက်နှာ တော်တော်များများနဲ့အဆင်ပြေတယ်။

မှတ်ချက်
VFlex ကို ခွဲစိတ်ခန်း၊ နဲ့ အရည်ပေကျံ နိုင်တဲ့ ကိစ္စတွေမှာ သုံးလို့မရဘူး။

N95 VFlex 9105 က 3M 1860 ရဲ့ နေရာကို အစားထိုးလို့မရပါ။ သူ့နေရာနဲသူအသုံးဝင်ပါတယ်။

နှစ်ခုလုံးက 100% safe မဖြစ်ပါ။ 100% ဖြစ်တဲ့ mask ဆိုရင်တောင်မှ တပ်ချိန်ကြာလာရင် လှုပ်ရှားမူများလျင် မျက်နှာနဲ့ fit ဖြစ်တာ လျော့လာနိုင်တယ်။ ဒါကြောင့် faceshield နဲ့ တွဲသုံးသင့်တယ်။ မျက်လုံးကနေလဲရောဂါကူးနိုင်ပါတယ်။ ဒါကြောင့် goggle ပါ အမြဲဝတ်ဆင်သင့်ပါတယ်။

credit

 #ကျီးပေါင်းကျီးပေါင်း တက်တာ ဘယ်လိုလုပ်ကြမလဲ။အသက်ကြီးလာတာနဲ့အမျှ ကျောရိုးမှာ ရှိတဲ့ အဆစ်လေးတွေ ပါးပြီး ပျက်စီးလာပါတယ်။ ဒ...
25/09/2020

#ကျီးပေါင်း

ကျီးပေါင်း တက်တာ ဘယ်လိုလုပ်ကြမလဲ။
အသက်ကြီးလာတာနဲ့အမျှ ကျောရိုးမှာ ရှိတဲ့ အဆစ်လေးတွေ ပါးပြီး ပျက်စီးလာပါတယ်။ ဒါကြောင့် ဇက်ကြောတွေ တက်တာ၊ ခေါင်းကိုက်တာ၊ လက်ပြင်ကိုက်တာတွေ ဖြစ်လာလပါတယ်။ ဒါကို ကျီးပေါင်း တက်တယ်လို့ ခေါ်ပါတယ်။ အသက် “ ကြီး” မှ ဖြစ်လို့ “ ကျီး” ပေါင်းလို့ ခေါ်တာပေါ့။

အသက်ကြီးတဲ့ သူတွေမှာ အဖြစ်များပြီး အသက်ကြီးလာလေလေ ပိုဆိုးလေပါ။ လေ့လာချက်တွေအရ အသက်၆၀ကျော်တွေရဲ့ ၈၅ရာခိုင်နှုန်းက ဇက်ကျီးပေါင်း ဖြစ်တတ်ပါတယ်။ ဒါဖြစ်လာရင် လူက နေလို့မကောင်းဘူး။ ခေါင်းကြီးလေးနေတဲ့အတွက် လေဖြတ်တော့မှာလား ဆိုပြီး စိုးရိမ်တတ်ပါတယ်။ ဒါကြောင့် ဇက်ကျီးပေါင်းဆိုတာ စိုးရိမ်ရလား။ ဘယ်လိုနည်းလမ်းတွေနဲ့ သက်သာအောင် လုပ်ကြမလဲ ဆိုတာ ဆက်ကြည့်ရအောင်။

ဘာလို့ ဇက် ကျီးပေါင်း တက်ရတာလဲ။
အသက်ကြီးလာတာနဲ့အမျှ တစ်သက်လုံးသုံးလာခဲ့တဲ့ လည်ပင်းဆစ်မှာ ရှိတဲ့ အရိုးတွေ၊ အရိုးနုတွေက ပွန်းပြီး ပါးလာပါတယ်။ ပျက်စီးတဲ့ ပုံတွေကတော့

လည်ပင်းဆစ်ကြားရိုးတွေ ပြားလာတာ
ဒီဆစ်ကြားရိုးတွေက လည်ပင်းဆစ် တစ်ခုနဲ့ တစ်ခုကြားမှာ ကူရှင်လိုမျိုး ခံထားပေးပါတယ်၊။ အသက်၄၀လောက်က စပြီး ဒီဆစ်ကြားရိုးတွေက တဖြည်းဖြည်းပိပြီး ပြားလာပါတယ်။ ဒါကြောင့် ကြာလာတဲ့အခါ လည်ပင်းဆစ်တစ်ခုနဲ့ တစ်ခု ပွတ်တိုက်မှုတွေ ဖြစ်လာပါတယ်။

လည်ပင်းဆစ်ကြားရိုးတွေ ကျွံတာ
အသက်ကြီးလာတာနဲ့ အမျှ ဆစ်ကြားရိုးတွေက အက်ကွဲပြီး အပြင်ကို ကျွံထွက်လာပါတယ်။ ဒါကြောင့် အာရုံကြောမကြီးနဲ့ အာရုံကြောကို ဖိတတ်ပါတယ်။

အရိုးအတက်ထွက်တာ
ဒီလို လည်ပင်းဆစ်ကြားရိုးတွေ ပျက်စီးလာတာကြောင့် ကျောရိုးမကြီးကို ထောက်ပံ့ဖို့အတွက် အရိုးအတက်တွေ ထွက်လာပါတယ်။ ဒီအရိုးအတက်ထွက်တာကလည်း အာရုံကြောမကြီးနဲ့ အာရုံကြောတွေကို ဖိတတ်ပါတယ်။

အရွတ်တွေ တောင့်တာ
အသက်ကြီးလာတော့ အရွတ်တွေ တောင့်ပြီး လည်ပင်းက လှုပ်ရှားရခက်လာပါတယ်။

ထိခိုက်ဒဏ်ရာရတာ
ကားအက်စီးဒင့်ကြောင့် ဖြစ်ဖြစ်၊ ချော်လဲလို့ဖြစ်ဖြစ် လည်ပင်းကို ထိခိုက်မိမယ်ဆိုရင် အရိုးတွေ၊ အရွတ်တွေ ပျက်စီးတဲ့အတွက် ကျီးပေါင်းမြန်မြန်ဖြစ်တတ်ပါတယ်။

အသုံးများခြင်း
တချို့သော အလုပ်တွေက ခေါင်းကို ခဏခဏ လှုပ်ရတာ ဒါမှမဟုတ် အလေးအပင်တွေ မ ရတာ များရင်လည်း ကျောရိုးကို ဖိအားပေးသလို ဖြစ်တဲ့အတွက် အရိုးတွေ အရွတ်တွေကို စောစောပျက်စီးစေပါတယ်။

ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။
အသက်ကြီးလာလေလေ ကျီးပေါင်းဖြစ်နိုင်ချေ များလေလေပါပဲ။
ခေါင်းခဏခဏ လှုပ်ရတဲ့သူတွေ၊ ဇက်ပေါ်မှာ ဝန်ပိစေတဲ့ အလုပ်တွေ အကြာကြီး လုပ်ရသူတွေမှာ ပိုဖြစ်တတ်ပါတယ်။
ဇက်ကို ထိခိုက်ဒဏ်ရာရဖူး သူတွေက စောစောဖြစ်နိုင်ပါတယ်။
မိသားစုထဲမှာ ကျီးပေါင်းတက်ဖူးတဲ့သူ ရှိရင်လည်း ဖြစ်နိုင်ချေများပါတယ်။
ဆေးလိပ်သောက်တာကလည်း ကျီးပေါင်းနဲ့ ဆက်စပ်နေပါတယ်တဲ့။
အဝလွန်တဲ့ သူတွေ၊ လှုပ်ရှားမှုနည်းတဲ့ သူတွေက ပိုဖြစ်တတ်ပါတယ်။
ကျီးပေါင်း ရဲ့လက္ခဏာတွေက ဘာလဲ။
ကျီးပေါင်းဖြစ်တဲ့ သူတော်တော်များများက ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ပြခဲ့ရင်တောင် ဇက်ကြောတက်တာ၊ နာတာပဲ ရှိတာပါ။ ဒါက ဖြည်းဖြည်းချင်း ဖြစ်မှာလား၊ ရုတ်တရက် ဖြစ်မှာလား၊ ဆိုးဆိုးဝါးဝါးဖြစ်မှာလား၊ သာမန်ပဲလားဆိုပြီး ရှိပါသေးတယ်။

နောက်ထပ် လက္ခဏာ တစ်ခုကတော့ လက်ပြင်နာတာပဲ ဖြစ်ပါတယ်။ တချို့တွေကျတော့လည်း လက်မောင်းတစ်လျှောက် လက်ချောင်းအထိ နာတတ်ပါတယ်။ နာတာကို ပိုဆိုးစေတဲ့ အခြေအနေကတော့

အထိုင်အထမှာ
နှာချေတာ
ချောင်းဆိုးတာ
ဇက်ကို နောက်လှန်လိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ ကြွက်သားတွေ မသန်တော့တာပါ။ ဒါကြောင့် လက်မြှောက်ဖို့၊ ပစ္စည်းကို မြဲအောင်ကိုင်ဖို့ ခက်ခဲ လာပါတယ်။

တခြားလက္ခဏာတွေကတော့

အရင်ကလည်း ဇက်ကြောတက်တတ်ပေမယ့် ခုက ပိုဆိုးလာတာ
ခေါင်းကိုက်တာ (အထူးသဖြင့် ခေါင်းနောက်ဖက်ကနေ)
အာရုံကြောတွေ ဖိမိတဲ့အတွက် ခြေထောက်အပါအဝင် လက်မောင်းနဲ့ ပုခုံးတွေမှာ ထုံတာ ကျဉ်တာ ဖြစ်တာ
ရှားရှားပါးပါး ဟန်ချက်မထိန်းနိုင်ဘဲ ယိုင်တိုင်တိုင်ဖြစ်တာ၊ ဆီးမထိန်း၊ ဝမ်းမထိန်းနိုင်တာတွေလည်း ဖြစ်တတ်ပါတယ်။ ဒါမျိုး ဆိုရင်တော့ ချက်ခင်းကုသမှုခံယူတာက ပိုကောင်းပါတယ်။
နောက်ဆက်တွဲ ဘာဖြစ်နိုင်လဲ။
ကျီးပေါင်းကြောင့် အာရုံကြောတွေ ပိမယ်ဆိုရင် ပိတဲ့ အာရုံကြောပေါ်လိုက်ပြီး လက္ခဏာတွေ ခံစားရမှာပါ။

ကုသလို့ရလား။
အသက်ကြီးလို့ ဖြစ်တာကြောင့် အပြီးပျောက်အောင် ကုသလို့ မရပါဘူး။ ကုသနည်းတွေက အနာသက်သာအောင်၊ နောက်ဆက်တွဲတွေ မဖြစ်အောင်၊ ကျီးပေါင်းရဲ့ လက္ခဏာတွေကြောင့် စိတ်အနှောင့်အယှက် မဖြစ်ရအောင်၊ နေ့စဥ်အလုပ်တွေ မထိခိုက်အောင်အတွက် ရည်ရွယ်ပြီး ကုသပေးတာပါ။

လေ့ကျင့်ခန်းများ
ကိုယ်လက်အင်္ဂါပြန်လည် သန်စွမ်းရေး ဆရာဝန်က သင့်လည်ပင်းက ကြွက်သားတွေနဲ့ အရွတ်တွေ ပြန်လည် သန်မာလာအောင်၊ ပျော့ပျောင်းလာအောင် လေ့ကျင့်ခန်းတွေ လုပ်လို့ရပါတယ်။ နောက် အလေးဆွဲပြီး အဆစ်ရိုးတွေ ပိမနေအောင်၊ ပိနေတဲ့ အာရုံကြောတွေ လွတ်သွားအောင် လေ့ကျင့်ရပါမယ်။

ဆေးဝါးများ
-ကြွက်သားတွေ ပြေလျော့အောင် အကြောပြေဆေးတွေ

-အနာသက်သာအောင် အကိုက်အခဲ ပျောက်ဆေးတွေ

-အကြောညပ်လို့ နာတာတွေအတွက် အာရုံကြောဆေးတွေ

-အရောင်သက်သာအောင် စတီးရွိုက်တွေ ပေးလို့ရပါတယ်။

ခွဲစိတ်နည်းများ
ဘယ်လိုမှ မသက်သာဘူးဆိုရင်တော့ ခွဲစိတ်မှု လုပ်ရမှာပါ။ နည်းလမ်းတွေကတော့ အရိုးအတက်ဖယ်တာ၊ ပျက်စီးနေတဲ့ အဆစ်ကို ဖယ်တာ၊ ကျွံနေတဲ့ ဆစ်ကြားရိုးကို ဖယ်ထုတ်တာတွေ လုပ်ရမှာပါ။ ဒါပေမယ့် တော်တော်များများက ခွဲစိတ်တဲ့ အခြေအနေအထိ ရောက်ခဲပါတယ်။ ဆေးဝါးတွေ၊ လေ့ကျင့်ခန်းတွေ၊ အိမ်တွင်းကုထုံးတွေနဲ့ သက်သာသွားတာ များပါတယ်။

အိမ်တွင်းကုထုံးများ
အိမ်မှာ ကိုယ့်ဟာကိုယ် လုပ်နိုင်တဲ့ နည်းတွေကတော့

-လေ့ကျင့်ခန်း လုပ်ပါ။

လည်ပင်းလေ့ကျင့်ခန်း ပုံမှန်လုပ်တဲ့သူတွေက ပိုပြီး မြန်မြန်သက်သာပါတယ်။ လေ့ကျင့်ခန်း မလုပ်နိုင်ရင်တောင် လမ်းတော့လျှောက်ပေးပါ။ လမ်းပုံမှန်လျှောက်တဲ့ သူတွေက ဇက်ကြောတက်တာ၊ ခါးနာတာတွေ သက်သာပါတယ်။

-ရေနွေးအိတ် ကပ်တာ၊ ရေခဲအုံတာမျိုးတွေလည်း လုပ်လို့ ရပါတယ်။

-ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရတဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်နိုင်ပါတယ်။ ဒါပေမယ့် တချို့သော ဆေးတွေက အစာအိမ်ထိတာ၊ ကျောက်ကပ်ထိတာ ဖြစ်နိုင်တဲ့ အတွက် ရေရှည် စွဲသောက်လို့ မရပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။

-လည်ပင်းထောက်ဝတ်ပါ။

လည်ပင်းထောက်ဝတ်တာက လည်ပင်းမှာ ရှိတဲ့ အရိုးနဲ့ ကြွက်သားတွေကို အနားရစေပါတယ်။ ဒါပေမယ့် အကြာကြီးဝတ်မယ်ဆိုရင်တော့ လည်ပင်းကြွက်သားတွေ အားပျော့တာမျိုး ဖြစ်လာနိုင်ပါတယ်။

အသက်ကြီးရင် ကျီးပေါင်းဖြစ်တာ သဘာဝပါ။ တော်တော်များများ ဖြစ်တတ်ပါတယ်။ ခုခေတ်မှာ နည်းပညာတွေ တိုးတက်လာတဲ့ အတွက် ကျီးပေါင်းကို အရှင်းမဟုတ်တောင် ခံစားရတဲ့ လက္ခဏာတွေ သက်သာအောင် ကုသနိုင်နေပါပြီ။ ဒါကြောင့် ကျီးပေါင်းတက်လို့ စိတ်ညစ်စရာ မလိုတော့ပါဘူး။ လေ့ကျင့်ခန်းတွေ လုပ်ပေးမယ်။ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေ သောက်မယ်ဆိုရင် သက်သာလာနိုင်ပါတယ်။

Credit Dr. Htet Htet Zaw Win via hellosayawon

ဆေးခန်းဖွင့်ပါတယ်နော်
01/09/2020

ဆေးခန်းဖွင့်ပါတယ်နော်

စစ်တွေ
21/08/2020

စစ်တွေ

ဗိုက်လား စောစောအပ်ကြပါစို့အရေးကြီးတာကတော့ ကိုယ်ဝန်ရှိတာကို သိလျင်သိချင်း တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ဗိုက်အပ်ဖို့ပါပဲ။ ...
07/06/2020

ဗိုက်လား စောစောအပ်ကြပါစို့

အရေးကြီးတာကတော့ ကိုယ်ဝန်ရှိတာကို သိလျင်သိချင်း တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ဗိုက်အပ်ဖို့ပါပဲ။ နိုင်ငံတကာမှာတော့ ကိုယ်ဝန်မဆောင်ခင် ကလေးယူဖို့ ဆုံးဖြတ်လိုက်ပြီ ၊ ကိုယ်ဝန်‌‌တားဆေးဖြတ်လိုက်ပြီ ဆိုတာနဲ့ ဗိုက်အတွက် ဆွေးနွေးတိုင်ပင်ဖို့ လုပ်ကြပါပြီ။ ဒီမှာတော့ ဗိုက်လေးငါးခြောက်လရတာတောင် ကိုယ်ဝန်‌မအပ်ရသေးတာတွေဟာ စိတ်မကောင်းစရာပါပဲ။

ရာသီလာခဲ့တဲ့ နောက်ဆူံနေ့ရက်ကို မှတ်မိလား။
ကိုယ်ဝန်ရှိပြီဆိုရင် ဗိုက်ထဲက ကလေးလေးရဲ့ အသက်ကို တွက်ချက်ရပါတယ်။ နောက်ဆုံးရာသီလာခဲ့တဲ့ ရက်ကနေ ပြန်တွက်ရပါတယ်။ ကလေးလေးရဲ့ အသက်ကို သိရှိခြင်းဟာ ကလေးစောမွေးတာ နောက်ကျမွေးတာတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။မိမိဟာ နောက်ဆုံးရာသီလာခဲ့တဲ့ရက်ကို အတိအကျမမှတ်မိဘူး ဆိုရင်တော့ တယ်လီဗေးရှင်း ဓါတ်မှန်ရိုက်ပြီး ကလေးရဲ့ အသက်ကို ရှာရပါတယ်။ တယ်လီဗေးရှင်းဓါတ်မှန်ကလည်း ခပ်စောစောလေး ရိုက်မှ မှန်ကန်တဲ့ ကလေးအသက်ကို သိနိုင်ပါတယ်။ ဒ့ါကြောင့် ဗိုက်စောစော အပ်ဖို့ လိုအပ်တယ်လို့ အပေါ်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။

နောက်တစ်ခု အရေးကြီးတာက ဖောလစ်အက်စစ်။

ဖောလစ်အက်စစ်ဟာ ကိုယ်ဝန်ဆောင် ဖြည့်စွက်အားဆေး တစ်မျိုးဖြစ်ပါတယ်။ အိုဂျီဆေးစာအုပ်တွေမှာ ဖောလစ်အက်စစ်ကို ကလေးယူမယ်လို့ ဆုံးဖြတ်ချိန်ကတည်းက မိခင်လောင်းကို ညွှန်ကြားဖို့ ညွှန်းပါတယ်။ ဖောလစ်အက်စစ်ကို နေ့စဉ်သောက်ပေးခြင်းဖြင့် မွေးဖွားလာမယ့် ကလေးလေးမှာ ကျောရိုးမကြီးတစ်လျောက်ရှနေတဲ့ အာရုံကြောထုံး အလုံးဖြစ်တဲ့ ရောဂါမဖြစ်အောင် ကာကွယ်ပါတယ်။ အင်မတန်မှ အရေးကြီးတဲ့ ကိုယ်ဝန်ဆောင် ဖြည့်စွက်အားဆေးပါ။ ဆရာဝန်က ဖောလစ်အက်စစ်ကို ညွှန်ကြားပေးမှာ ဖြစ်တာကြောင့် ကိုယ်ဝန်ရှိတာကို သိသိချင်း ဗိုက်အပ်ဖို့ အရေးကြီးလွန်းပါတယ်။

ဆွေမျိုးတွေထဲမှာ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ ရှိနေရင် စောစော ဗိုက်အပ်ဖို့ လက်တို့ လိုက်ကြပါဦးဗျိုး။

ဒေါက်တာ သော်ဇင်ညိမ်း
မိသားစုကျန်းမာရေး စောင့်ရှောက်မှုဆရာဝန်
M,B,B,S . Dip. Med. Sc Family Medicine

24/05/2020

COVID 19 ကာလအတွင်း

⚕️ လူစုလူဝေး မဖြစ်ပေါ်စေရန် ကြိုတင်စာရင်းပေးပါ။
⚕️ ဆေးခန်းအတွင်းသို့ Mask တပ်ထားသူများသာ ဝင်ရပါမည်။ မပါလျှင် ဆေးခန်းမှာ လိုသလောက် ဝယ်နိုင်ပါသည်။
⚕️လူနာတဦးလျှင် အများဆုံး လူနာစောင့် တဦးသာဝင်ပါ။
⚕️ ဆေးခန်းမဝင်ခင် လက်ဆေးရမည်။
⚕️ သတ်မှတ်ပေးထားသော နေရာများတွေသာ ထိုင်ပေးပါ။
⚕️အားလုံး ရောဂါမကူးစက်အောင် အတတ်နိုင်ဆုံး လုပ်ဆောင်ထားပါသဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကူညီပါ။
⚕️အခြေခံအကာအကွယ်များ ပြင်ဆင်ပြီးပါပြီ။
⚕️ သံသယ လူနာ လက်မခံပါ။
⚕️ကျေးဇူးတင်ပါသည်။

24/05/2020

ကောင်းကျော်ဆေးခန်းတွင် အောက်ပါဝန်ဆောင်မှုများကို ဆောင်ရွက်နိုင်ပါသည်။

⚕️ECG ဆွဲပေးခြင်း၊
⚕️သွေးအမျိုးမျိုး
-သွေး အုပ်စု ၊
-အသည်းရောင်ဘီ ၊
-အသည်းရောင် စီ ၊
-HIV နှင့်
-ဆရာဝန်မှစစ်ခိုင်းသောရောဂါအမျိုးမျိုး)၊
⚕️ကာကွယ်ဆေးအမျိုးမျိုး
-အသည်းရောင် ဘီ ၊
-မေးခိုင်ရောဂါ၊
-ခွေးရူးပြန်ရောဂါ၊
-ရာသီတုပ်ကွေး၊
-သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးပေးခြင်း၊
⚕️ သားဖွါး မီးယပ် အထူးကုဆရာဝန်နှင့် ပြသနိုင်ခြင်း၊
⚕️ လက်မောင်းတွင်းထည့် သန္ဓေတားခြင်း၊
⚕️ သားအိမ်တွင်းထည့် သန္ဓေတားခြင်း၊

အမှတ် ၈၈ ၊မယ်စီကုန်းလမ်း၊ (၇ )ရပ်ကွက်၊ လှိုင်မြို့နယ် ၊ ရန်ကုန်
095190373,09799629537

24/05/2020

30.5.2020 (စနေနေ့) ဆေးခန်းပြန်ဖွင့်ပါပြီ

20/05/2020

ရာသီတုပ်ကွေး ကာကွယ်ဆေး ရပါပြီ။

(25000)ကျပ်

ကာကွယ်ဆေးထိုးသင့်သူများ
- သက်ကြီးရွယ်အိုများ
- ဆီးချို သွေးတိုးရောဂါရှိသူများ
- နာတာရှည် ရောဂါရှိသူများ
- ကလေးသူငယ်များ
- ကိုယ်ဝန်ဆောင် မိခင်များ
- ရင်ကြပ် နာတာရှည်အဆုပ်ရောဂါရှိသူများ

ကာကွယ်ဆေးအား တစ်နှစ်တစ်ကြိမ် ထိုးသင့်ပါသည်။

ဆေးထိုးလိုသူများ ကြိုတင် စာရင်းပေးပြီး လာထိုးနိုင်ပါသည်
၀၉၅၁၉၀၃၇၃

Address

Malzegone
Yangon

Opening Hours

09:00 - 17:00

Telephone

+959983678354

Website

Alerts

Be the first to know and let us send you an email when Kaung Kyaw clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram