Burma Beauty Rehabilitation Center

Burma Beauty Rehabilitation Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Burma Beauty Rehabilitation Center, Medical and health, No. 35H, Thiri Yeikthar Street, Mayangone, Yangon.

29/11/2025

Shan United FC နောက်တန်းကစားသမား Ko Zwe Htet Min ရဲ့ကုသမူအတွေ့အကြုံ🥰
🏡 35 H, Thiri Yeikthar Street, 7 Miles, Pyay Road, Mayangone Tsp, Yangon.
📲 09-953930007, 09-953940007, 09-953950007, 09-405056052, 09-454051377, 09-408600022

❄️𝐂𝐫𝐲𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲 (အအေးလှိုင်းကုထုံး) က နာကျင်မှုတွေကို ဘယ်လိုနည်းနဲ့ သက်သာစေတာလဲ?❄️𝐂𝐫𝐲𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲 ဆိုတာ ဒဏ်ရာ၊ ထိခိုက်နာကျင်မှ...
28/11/2025

❄️𝐂𝐫𝐲𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲 (အအေးလှိုင်းကုထုံး) က နာကျင်မှုတွေကို ဘယ်လိုနည်းနဲ့ သက်သာစေတာလဲ?

❄️𝐂𝐫𝐲𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲 ဆိုတာ ဒဏ်ရာ၊ ထိခိုက်နာကျင်မှုဖြစ်တဲ့နေရာမှာ သွေးကြောလေးတွေကို ကျဉ်းစေပြီး အာရုံကြောတွေကို ခဏထုံသွားစေတဲ့ နည်းနဲ့ နာကျင်မှုတွေ၊ ရောင်ရမ်းမှုတွေကို သက်သာစေတဲ့ကုထုံးဖြစ်ပါတယ်။

▪️Acute Pain (ရုတ်တရက်ဖြစ်တတ်တဲ့ စူးရှပြင်းထန်တဲ့ နာကျင်မှု) တွေအပါအဝင်
▪️ကြွက်သားနဲ့ အရွတ်မှာ ဖြစ်တဲ့ ထိခိုက်နာကျင်မှုတွေ
▪️အဆစ်မှာဖြစ်တတ်တဲ့ ထိခိုက်နာကျင်မှုတွေနဲ့
▪️ခွဲစိတ်ပြီးစလူနာတွေ အမြန်သက်သာလာစေဖို့ ခံယူလေ့ရှိတဲ့ကုသမှုတွေအတွက် Cryotherapy ကုထုံးက အတော်လေးထိရောက်ပြီး အချိန်တိုအတွင်းသက်သာစေတဲ့ ကုထုံးဖြစ်ပါတယ်။

👉𝐂𝐫𝐲𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲 ကုထုံးမှာ ရေခဲအိတ်ကပ်တာ၊ ရေခဲရေစိမ်တာလိုမျိုးတွေလည်းပါဝင်သလို
Rehabilitation Clinic တွေမှာ အသုံးပြုတဲ့ နိုင်ငံတကာအဆင့်မီ အဆင့်မြင့်စက်ကိရိယာတွေနဲ့ကုသခြင်းတွေလည်း ပါဝင်ပါတယ်။

📌𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫 မှာတော့
✅𝐙𝐢𝐦𝐦𝐞𝐫 𝐌𝐞𝐝𝐢𝐳𝐢𝐧 𝐒𝐲𝐬𝐭𝐞𝐦𝐞 စက်တွေနဲ့ ထိရောက်မြန်ဆန်တဲ့ Cryotherapy ကုထုံးတွေကို ဝန်ဆောင်မှုပေးနေလျက်ရှိပါတယ်။
✅ထိခိုက်ဒဏ်ရာရထားတဲ့ နေရာကိုပဲ လိုအပ်သလို အအေးဓာတ်ပေးပြီး ကုသပေးတာဖြစ်လို့ ကုသမှုခံယူနေစဉ်အချိန်အတွင်းမှာ နာကျင်တာ၊ ခံစားရခက်တာမျိုး လုံးဝမဖြစ်စေပါဘူးခင်ဗျာ။

📌𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫 မှာ နာကျင်မှုကင်းပြီး နိုင်ငံတကာအဆင့်မီတဲ့ ပြန်လည်သန်စွမ်းရေးကုထုံးတွေနဲ့ ကျန်းမာသွက်လက်တဲ့လှုပ်ရှားမှုတွေကို ပြန်လည်ပိုင်ဆိုင်နိုင်ပါပြီ။
𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫
Where Recovery Meets Performance
🏡 35 H, Thiri Yeikthar Street, 7 Miles, Pyay Road, Mayangone Tsp, Yangon.
📲 09-953930007, 09-953940007, 09-953950007, 09-405056052, 09-454051377, 09-408600022

👉ကိုယ့်အိမ်က လူကြီးတွေ အထိုင်အထ၊ အသွားအလာလုပ်တိုင်း နာကျင်မှုကိုခံစားနေကြရတဲ့ ဒူးနာဝေဒနာကို ဘယ်လိုကုသပေးကြမလဲ။💁‍♂️👴အသက်က...
25/11/2025

👉ကိုယ့်အိမ်က လူကြီးတွေ အထိုင်အထ၊ အသွားအလာလုပ်တိုင်း နာကျင်မှုကိုခံစားနေကြရတဲ့ ဒူးနာဝေဒနာကို ဘယ်လိုကုသပေးကြမလဲ။💁‍♂️

👴အသက်ကြီးလာတဲ့အခါ
အရိုး၊ အဆစ်နဲ့ အရွတ်တွေအားနည်းလာပြီဖြစ်တဲ့အပြင် အဆစ်တွင်းမှာရှိတဲ့ ချောဆီတွေ လျော့နည်းလာပြီဖြစ်လို့ ဒူးနာဝေဒနာကို ခံစားလာကြရတတ်ပါတယ်။💁‍♂️

👉လေ့ကျင့်ခန်းလုပ်ပြီး သက်သာအောင်ကြိုးစားကြဖို့လည်းမလွယ်သလို
👉အကိုက်အခဲပျောက်ဆေးတွေ မကြာခဏသောက်သုံးနေဖို့လည်း အဆင်မပြေတာကြောင့်
လူကြီးတွေ ဒူးနာဝေဒနာခံစားရပြီဆိုရင်
✅နာကျင်မှုကင်းပြီး ထိရောက်မြန်ဆန်တဲ့ကုထုံးတွေနဲ့ကုသပေးတာ အကောင်းဆုံးဖြစ်ပါတယ်။

📌𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫 မှာကတော့
👉အနာသက်သာစေဖို့၊ အဆစ်တွင်းချောဆီပြန်လည်ဖြည့်တင်းဖို့၊ ထိခိုက်ဒဏ်ရာတွေအမြန်ဆုံးသက်သာလာဖို့အတွက်
✅Corticosteroid, Botulinum Toxin, Prolotherapy ထိုးဆေး
✅Viscosupplementation - Hyaluronic Acid ထိုးဆေး
✅Platelet-Rich Plasma (PRP) ထိုးဆေး တွေနဲ့ ဆေးထိုးကုသမှုခံယူနိုင်ပါတယ်။

📌ဒါ့အပြင်
👨‍⚕️အရိုး၊ အကြော၊ အဆစ် အထူးကုဆရာဝန်ကြီးတွေရဲ့ လမ်းညွှန်ကုသမှုနဲ့အတူ
✅နိုင်ငံတကာအဆင့်မီ BTL စက်ကြီးတွေကို အသုံးပြုပြီး Focused Shockwave Therapy နဲ့ High Intensity Laser Therapy ကုထုံးတွေနဲ့ ကုသမှုခံယူနိုင်ပါတယ်ခင်ဗျာ။

📌𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫 မှာ နာကျင်မှုကင်းပြီး နိုင်ငံတကာအဆင့်မီတဲ့ ပြန်လည်သန်စွမ်းရေးကုထုံးတွေနဲ့ ကျန်းမာသွက်လက်တဲ့လှုပ်ရှားမှုတွေကို ပြန်လည်ပိုင်ဆိုင်နိုင်ပါပြီ။
𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫
Where Recovery Meets Performance
🏡 35 H, Thiri Yeikthar Street, 7 Miles, Pyay Road, Mayangone Tsp, Yangon.
📲 09-953930007, 09-953940007, 09-953950007, 09-405056052, 09-454051377, 09-408600022

📌ရာသီဥတုအေးစပြုလာပြီဖြစ်လို့ ဆောင်းရာသီမှာပိုဆိုးလာတတ်တဲ့ အရိုး၊ အဆစ်၊ ကြွက်သားနာကျင်မှုတွေ သက်သာဖို့ ဘယ်လိုနေထိုင်ကြမလဲ...
24/11/2025

📌ရာသီဥတုအေးစပြုလာပြီဖြစ်လို့ ဆောင်းရာသီမှာပိုဆိုးလာတတ်တဲ့
အရိုး၊ အဆစ်၊ ကြွက်သားနာကျင်မှုတွေ သက်သာဖို့ ဘယ်လိုနေထိုင်ကြမလဲဆိုတဲ့အကြောင်းအရာတွေကိုမျှဝေပေးပါရစေ။💁‍♂️

⚠️ရာသီဥတုအေးလာတဲ့အခါ ကြွက်သားတွေ တောင့်တင်းနေတာမျိုးဖြစ်တတ်ပြီး၊ သွေးလှည့်ပတ်စီးဆင်းမှုမကောင်းတာမျိုးဖြစ်တတ်တဲ့အတွက် ကြွက်သားနဲ့ အရိုး၊ အဆစ်၊ အကြောတွေမှာ နာကျင်မှုတွေကို ခံစားရတတ်ပါတယ်။

ဒီလိုနာကျင်မှုတွေကို ကာကွယ်နိုင်ဖို့၊ သက်သာစေနိုင်ဖို့အတွက် နည်းလမ်းတွေကတော့
✅နွေးနွေးထွေးထွေးနေပါ။
ခန္ဓာကိုယ်တစ်ခုလုံးနွေးထွေးအောင်နေသင့်သလို အထူးအနေနဲ့ အဆစ်နေရာတွေဖြစ်တဲ့ ဒူးဆစ်၊ ခါးဆစ်နဲ့ လက်ကောက်ဝတ်၊ တံတောင်ဆစ်တွေကို နွေးနွေးထွေးထွေးရှိအောင် ဝတ်ဆင်သင့်ပါတယ်

✅လှုပ်လှုပ်ရှားရှားနေပါ။
အိမ်တွင်းလေ့ကျင့်ခန်းလေးတွေလုပ်ပေးပြီး အချိန်ကြာကြာ ထိုင်နေတာ၊ လှဲလျောင်းနေတာမျိုးမလုပ်ဘဲ မကြာခဏလမ်းထလျှောက်ပေးတာ၊ လှုပ်ရှားပေးတာမျိုးလုပ်ပေးသင့်ပါတယ်

✅ကောင်းကောင်းအနားယူပါ။
တစ်သျှူးနဲ့ ဆဲလ်တွေ ပြုပြင်ဖို့၊ ဖွဲ့စည်းတည်ဆောက်နိုင်ဖို့အတွက် အိပ်စက်အနားယူချိန်က အရေးကြီးတာဖြစ်လို့ အိပ်ချိန်လုံလုံလောက်လောက်ထားရှိသင့်ပါတယ်

✅ရေများများသောက်ပါ။
ခန္ဓာကိုယ်မှာ ရေဓာတ်နည်းပါးနေရင် နာကျင်မှုကို ပိုခံစားရနိုင်ပြီး အဆစ်လှုပ်ရှားမှုတွေမှာ နာကျင်မှုကိုသိသိသာသာခံစားရနိုင်ပါတယ်။ ဒါကြောင့် ရေဓာတ်ပြည့်ဝနေအောင် ရေများများသောက်ပေးသင့်ပါတယ်။

👉တကယ်လို့ နာကျင်မှုက ပြင်းထန်လာတာ၊ အချိန်ကြာတဲ့အထိမသက်သာတာတွေဖြစ်လာပြီး နာနေတဲ့နေရာမှာ နီမြန်းရောင်ရမ်းတာတွေကိုခံစားနေရတယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ ဆွေးနွေးကုသမှုခံယူသင့်ပါတယ်။💁‍♂️

𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫 အနေနဲ့
✅အရိုး၊ အကြော၊ အဆစ် အထူးကုဆရာဝန်ကြီးတွေရဲ့ ဆွေးနွေးတိုင်ပင်ကုသမှုတွေအပြင်
✅နိုင်ငံတကာအဆင့်မီ FDA အသိအမှတ်ပြု BTL စက်ကြီးတွေနဲ့ ကုသပေးလျက်ရှိပြီး
✅ထိခိုက်နာကျင်မှုတွေကို အချိန်တိုအတွင်း သက်သာပျောက်ကင်းစေဖို့အတွက် အကောင်းဆုံး ပြန်လည်သန်စွမ်းရေးစောင့်ရှောက်မှုတွေကို ဝန်ဆောင်ပေးလျက်ရှိပါတယ်။

📌𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫 မှာ နာကျင်မှုကင်းပြီး နိုင်ငံတကာအဆင့်မီတဲ့ ပြန်လည်သန်စွမ်းရေးကုထုံးတွေနဲ့ ကျန်းမာသွက်လက်တဲ့လှုပ်ရှားမှုတွေကို ပြန်လည်ပိုင်ဆိုင်နိုင်ပါပြီ။
𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫
Where Recovery Meets Performance
🏡 35 H, Thiri Yeikthar Street, 7 Miles, Pyay Road, Mayangone Tsp, Yangon.
📲 09-953930007, 09-953940007, 09-953950007, 09-405056052, 09-454051377, 09-408600022

🏃 မာရသွန်ပြေးပွဲမတိုင်ခင်နဲ့ ပွဲအပြီးမှာ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ကာ အသင့်ဖြစ်အောင် ပြင်ဆင်နိုင်မယ့် ကုထုံးများ အခုလို ...
18/11/2025

🏃 မာရသွန်ပြေးပွဲမတိုင်ခင်နဲ့ ပွဲအပြီးမှာ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ကာ အသင့်ဖြစ်အောင် ပြင်ဆင်နိုင်မယ့် ကုထုံးများ

အခုလို မာရသွန်အပြေးပြိုင်ပွဲရာသီမှာ မာရသွန်ဝါသနာအိုးတွေအနေနဲ့
Training တွေလိုအပ်သလို ထိရောက်တဲ့အဆင့်မြင့်ကုထုံးတွေနဲ့လည်း ခန္ဓာကိုယ်ကို အသင့်ဖြစ်စေဖို့ ဆောင်ရွက်သင့်ပါတယ် 💯

ဒီလို မာရသွန်ပြေးပွဲလမ်းမထက်မှာ ကြံ့ခိုင်မှု၊ ခံနိုင်ရည်အပြည့်နဲ့ ပါဝင်ဆင်နွှဲနိုင်ပြီး
ပြိုင်ပွဲအပြီး ကိုယ်ခန္ဓာကြွက်သား ထိခိုက်နာကျင်မှုတွေကို ကျော်လွှားကာ…
နောက်ထပ်ပွဲတွေမှာ ထပ်မံပါဝင်နိုင်ဖို့အတွက် နောက်ဆုံးပေါ် အဆင့်မြင့်ကုထုံးတွေ
𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫 မှာ ရှိနေပါပြီ

🏃 မာရသွန်ပြေးပွဲမတိုင်မီ ခံယူသင့်တဲ့ ကုထုံးတွေကတော့ -

𝐁𝐓𝐋-𝟔𝟎𝟎𝟎 𝐇𝐢𝐠𝐡 𝐈𝐧𝐭𝐞𝐧𝐬𝐢𝐭𝐲 𝐋𝐚𝐬𝐞𝐫 𝐓𝐡𝐞𝐫𝐚𝐩𝐲
✅ ကြွက်သားများကို လှုံ့ဆော်ပြီး ခွန်အားမြှင့်တင်ပေးတယ်
✅ ပျော့ပြောင်းမှုနဲ့ လှုပ်ရှားနိုင်စွမ်းကို တိုးမြှင့်ပေးတယ်
✅ ပြေးပွဲမတိုင်မီ ကြွက်သားတင်းမာမှုကို လျှော့ချပေးတယ်
✅ အကွာအဝေးရှည် ပြေးရာကဖြစ်တဲ့ ထိခိုက်လာနိုင်မှုတွေအတွက် ခန္ဓာကိုယ်ကို ပြင်ဆင်ပေးတယ်

𝐒𝐩𝐨𝐫𝐭 𝐄𝐧𝐝𝐮𝐫𝐚𝐧𝐜𝐞 & 𝐑𝐞𝐜𝐨𝐯𝐞𝐫𝐲 𝐃𝐫𝐢𝐩
✅ အားအင်အပြည့်နဲ့ စတင်နိုင်ပြီး ပွဲတစ်လျှောက်လုံး သက်လုံကောင်းစေတယ်
✅ ကြွက်သားပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးတယ်
✅ ကိုယ်တွင်းအောက်ဆီဂျင်ကို ထိန်းညှိပေးတယ်
✅ ခံနိုင်ရည်အားကောင်းစေတယ်

🏃 မာရသွန်ပြေးပွဲအပြီး ခံယူသင့်တဲ့ ကုထုံးတွေကတော့ -

𝐁𝐓𝐋-𝟔𝟎𝟎𝟎 𝐅𝐨𝐜𝐮𝐬𝐞𝐝 𝐒𝐡𝐨𝐜𝐤𝐖𝐚𝐯𝐞 𝐓𝐡𝐞𝐫𝐚𝐩𝐲
✅ ပွဲအပြီး ပြန်လည်နာလန်ထူနိုင်စေတယ်
✅ ရောင်ရမ်းမှုတွေကို လျှော့ချပေးတယ်
✅ ကြွက်သား ပြုပြင်မှုကို အရှိန်မြှင့်ပေးတယ်
✅ အရွတ်၊ အဆစ်နာကျင်မှုတွေကို သက်သာစေတယ်

𝐉𝐞𝐭 𝐋𝐚𝐠 𝐑𝐞𝐦𝐞𝐝𝐲 𝐃𝐫𝐢𝐩
✅ ခန္ဓာကိုယ်ကို ရေဓာတ်ပြန်လည် ဖြည့်တင်းပေးတယ်
✅ ပင်ပန်းနွမ်းနယ်မှုနဲ့ ကြွက်သားအားနည်းမှုကို တိုက်ထုတ်ပေးတယ်
✅ အားအင်ကို ပြန်လည်ဖြည့်တင်းပေးတယ်
✅ ခုခံအားနဲ့ အမြန်နာလန်ထူနိုင်မှုကို ထောက်ပံ့ပေးတယ်

အခုလိုထိရောက်တဲ့ ကုထုံးတွေ ခံယူပြီး မာရသွန်အပြေးပြိုင်ပွဲတွေမှာ ယုံကြည်မှုရှိရှိနဲ့ ပါဝင်ဆင်နွှဲနိုင်ဖို့
ဝါရင့် အရိုး၊ အကြော၊ အဆစ် အထူးကုဆရာဝန်ကြီးများနဲ့အတူ တိုင်ပင်ဆွေးနွေးကာ ကုသမှုခံယူနိုင်တဲ့ 𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫 ကို လှမ်းလာခဲ့လိုက်ပါ

𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫
Where Recovery Meets Performance

🏡 35 H, Thiri Yeikthar Street, 7 Miles, Pyay Road, Mayangone Tsp, Yangon.
📲 09-953930007, 09-953940007, 09-953950007, 09-405056052, 09-454051377, 09-408600022

🏆 အားကစားသမားတိုင်း လျစ်လျူမရှုသင့်တဲ့ဒဏ်ရာများနဲ့ ခံယူသင့်တဲ့ အဆင့်မြင့်ကုထုံးအားကစားသမားတစ်ဦးရဲ့ ခန္ဓာကိုယ်မှာ ပြင်းထ...
13/11/2025

🏆 အားကစားသမားတိုင်း လျစ်လျူမရှုသင့်တဲ့ဒဏ်ရာများနဲ့ ခံယူသင့်တဲ့ အဆင့်မြင့်ကုထုံး

အားကစားသမားတစ်ဦးရဲ့ ခန္ဓာကိုယ်မှာ ပြင်းထန်တဲ့လေ့ကျင့်ရေးတွေ၊ ထပ်တလဲလဲလှုပ်ရှားမှုတွေကြောင့် ခန္ဓာကိုယ်မှာရလာတဲ့ ဒဏ်ရာတွေရှိသလို…
အဲ့ဒီဒဏ်ရာတွေကို လျစ်လျူရှုထားမိလို့ ရေရှည်မှာပြင်းထန်တဲ့ဒဏ် (𝐂𝐡𝐫𝐨𝐧𝐢𝐜 𝐈𝐧𝐣𝐮𝐫𝐢𝐞𝐬) ဖြစ်လာနိုင်တာမျိုးတွေလည်းရှိပါတယ်

❌ ကြွက်သား၊ အရွတ်ဒဏ်ရာများ
❌ အဆစ်လွဲခြင်း၊ နာကျင်ကိုက်ခဲခြင်း (ဒူး၊ ခါး၊ ပခုံး)
❌ ရောင်ရမ်းမှုနဲ့ ပြန်လည်နာလန်ထူနိုင်မှု နှေးကွေးခြင်း …စတဲ့ ပြဿနာတွေ ဖြစ်လာပြီဆိုရင် အားကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်နိုင်ပြီး…
ဒီပြဿနာတွေက အစပျိုးကာ ခန္ဓာကိုယ်မှာ ဒဏ်ဖြစ်သွားတဲ့အထိမဖြစ်အောင် ထိရောက်တဲ့ကုသမှုခံယူဖို့ အရမ်းကို အရေးကြီးပါတယ်။

ဒါကြောင့် ထိရောက်တဲ့ ကုသမှုခံယူပြီး ကစားကွင်းထက်မှာ ယုံကြည်မှုတွေ ပြန်လည်ပြည့်ဝနေဖို့အတွက် 𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫 မှာ 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐃𝐀 ရထားတဲ့ နောက်ဆုံးပေါ် အဆင့်မြင့်ကုထုံးတွေ ရှိနေပါပြီ။

▪️ 𝐁𝐓𝐋-𝟔𝟎𝟎𝟎 𝐇𝐢𝐠𝐡 𝐈𝐧𝐭𝐞𝐧𝐬𝐢𝐭𝐲 𝐋𝐚𝐬𝐞𝐫 𝐓𝐡𝐞𝐫𝐚𝐩𝐲
𝐍𝐨𝐧-𝐈𝐧𝐯𝐚𝐬𝐢𝐯𝐞, 𝐏𝐚𝐢𝐧-𝐅𝐫𝐞𝐞 နဲ့ ဒဏ်ရာကို နက်ရှိုင်းစွာကုသပေးပြီး ဆဲလ်များ ပြန်လည်ဖြစ်ပေါ်မှုကို လှုံ့ဆော်ပေးကာ နာကျင်မှုကို လျင်မြန်စွာ သက်သာစေတဲ့ ကုသမှုပါ။

▪️ 𝐁𝐓𝐋-𝟔𝟎𝟎𝟎 𝐅𝐨𝐜𝐮𝐬𝐞𝐝 𝐒𝐡𝐨𝐜𝐤𝐖𝐚𝐯𝐞 𝐓𝐡𝐞𝐫𝐚𝐩𝐲
𝐍𝐨𝐧-𝐈𝐧𝐯𝐚𝐬𝐢𝐯𝐞, 𝐏𝐚𝐢𝐧-𝐅𝐫𝐞𝐞 နဲ့ နာတာရှည်ဒဏ်ရာကုသရာမှာ အထူးထိရောက်ပြီး အားကစားသမားတွေ အချိန်တိုအတွင်း လေ့ကျင့်ရေးပြန်ဝင်နိုင်ဖို့အတွက် ကုသပေးနိုင်ပါတယ်။

▪️ 𝐂𝐫𝐲𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲
ထိခိုက်ဒဏ်ရာကြောင့် ဖြစ်လာတဲ့ နာကျင်၊ကိုက်ခဲ၊ရောင်ရမ်းမှု၊ ကြွက်သားတင်းမာမှုတွေကို အအေးဓာတ်အသုံးပြုကုသကာ အမြန်ဆုံး သက်သာပျောက်ကင်းစေပြီး ပြန်လည်သန်စွမ်းကျန်းမာလာစေဖို့ ကူညီပေးပါတယ်။

ဒီလို 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 တွေ မခံယူခင်မှာဆိုရင်လည်း 𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫 ရဲ့ ဝါရင့် အရိုး၊ အကြော၊ အဆစ် အထူးကုဆရာဝန်ကြီးများနဲ့အတူ တိုင်ပင်ဆွေးနွေးကာ ကိုယ်နဲ့ ကိုက်ညီတဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐢𝐳𝐞𝐝 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 𝐏𝐥𝐚𝐧 ကို ခံယူနိုင်မှာပါ

ဒါကြောင့် အားကစားသမားတွေ အားကစားစွမ်းရည်ကို မြှင့်တင်နိုင်ဖို့နဲ့ နာကျင်ကိုက်ခဲမှုကင်းပြီး ပိုမိုကျန်းမာသွက်လက်စေဖို့အတွက်…
𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫 မှာ ကုသမှုခံယူဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ

𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫
Where Recovery Meets Performance

🏡 35 H, Thiri Yeikthar Street, 7 Miles, Pyay Road, Mayangone Tsp, Yangon.
📲 09-953930007, 09-953940007, 09-953950007, 09-405056052, 09-454051377, 09-408600022

🧑‍💼ရုံးဝန်ထမ်းတွေရဲ့ “𝐖𝐨𝐫𝐤-𝐇𝐞𝐚𝐥𝐭𝐡 𝐁𝐚𝐥𝐚𝐧𝐜𝐞” ကဏ္ဍမှာ အထိုင်များလို့ဖြစ်ရတဲ့ ခါးနာဝေဒနာ (𝐋𝐮𝐦𝐛𝐚𝐫 𝐏𝐚𝐢𝐧) ကိုလည်းမေ့ထားလို့မရပါ...
09/11/2025

🧑‍💼ရုံးဝန်ထမ်းတွေရဲ့ “𝐖𝐨𝐫𝐤-𝐇𝐞𝐚𝐥𝐭𝐡 𝐁𝐚𝐥𝐚𝐧𝐜𝐞” ကဏ္ဍမှာ
အထိုင်များလို့ဖြစ်ရတဲ့ ခါးနာဝေဒနာ (𝐋𝐮𝐦𝐛𝐚𝐫 𝐏𝐚𝐢𝐧) ကိုလည်းမေ့ထားလို့မရပါဘူး

👉ရုံးဝန်ထမ်းအများစုက
▪️အလုပ်များလို့ ထိုင်ရာကမထဖြစ်တဲ့ သူတွေ၊
▪️လှုပ်ရှားမှု နည်းတဲ့ သူတွေ၊
▪️ထိုင်ပုံထိုင်နည်းအနေအထား မှန်မမှန်ကို သတိမမူမိတဲ့ သူတွေဖြစ်ကြပြီး မကြာခဏဆိုသလို ခါးနာဝေဒနာကို ခံစားရတတ်ပါတယ်။

⚠️ခါးနာဝေဒနာ (𝐋𝐮𝐦𝐛𝐚𝐫 𝐏𝐚𝐢𝐧) က နေ့စဉ်သွားလာလှုပ်ရှားမှုကို ခက်ခဲစေတဲ့အပြင်
အလုပ်နဲ့ လူမှုဘဝတွေကိုပါ နှောင့်နှေးစေပါတယ်။

📌ဒါကြောင့် … ဒီတစ်ခေါက်မှာ … 𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫 က ရုံးဝန်ထမ်းတွေခံစားရတတ်တဲ့ ခါးနာဝေဒနာ (𝐋𝐮𝐦𝐛𝐚𝐫 𝐏𝐚𝐢𝐧) ကို ကာကွယ်၊ ကုသနိုင်မယ့် နည်းလမ်းလေးတွေ မျှဝေလိုက်ရပါတယ်ခင်ဗျာ။

𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫
Where Recovery Meets Performance

🏡 35 H, Thiri Yeikthar Street, 7 Miles, Pyay Road, Mayangone Tsp, Yangon.
📲 09-953930007, 09-953940007, 09-953950007, 09-405056052, 09-454051377, 09-408600022

𝐓𝐞𝐧𝐝𝐢𝐧𝐨𝐩𝐚𝐭𝐡𝐲 ဆိုတာ အရွတ်မှာဖြစ်တဲ့ ရောဂါ၊ ထိခိုက်နာကျင်မှုတွေကို ခြုံငုံပြီးခေါ်တဲ့ အခေါ်အဝေါ်တစ်ခုပါ။👉ကြွက်သားနဲ့ အရိုး...
06/11/2025

𝐓𝐞𝐧𝐝𝐢𝐧𝐨𝐩𝐚𝐭𝐡𝐲 ဆိုတာ အရွတ်မှာဖြစ်တဲ့ ရောဂါ၊ ထိခိုက်နာကျင်မှုတွေကို ခြုံငုံပြီးခေါ်တဲ့ အခေါ်အဝေါ်တစ်ခုပါ။

👉ကြွက်သားနဲ့ အရိုးကို ချိတ်ဆက်ထားတဲ့ အစိတ်အပိုင်းကို အရွတ် (tendon) လို့ခေါ်ပြီးတော့
အရွတ်ထိခိုက်ရောင်ရမ်းမှုတွေဖြစ်တဲ့ 𝐓𝐞𝐧𝐝𝐢𝐧𝐢𝐭𝐢𝐬 နဲ့ အရွတ်မှာယိုယွင်းပျက်စီးလို့ဖြစ်လာတဲ့ အရွတ်ရောဂါ 𝐓𝐞𝐧𝐝𝐢𝐧𝐨𝐬𝐢𝐬 အခြေအနေတွေက 𝐓𝐞𝐧𝐝𝐢𝐧𝐨𝐩𝐚𝐭𝐡𝐲 ဆိုတဲ့အခေါ်အဝေါ်ထဲမှာ အကြုံးဝင်ပါတယ်။
ကျွန်တော်တို့ ပတ်ဝန်းမှာတော့ .. အရွတ်ထိ တယ်၊ အရွတ်ပြဲသွားတယ် ဆိုပြီး ကြားဖူးနေကြဖြစ်ပါလိမ့်မယ်။

📌အဖြစ်များတဲ့ အရွတ်ဒဏ်ရာ၊ ရောဂါတွေကတော့ -
Achilles Tendinopathy ဆိုတဲ့ ခြေကျင်းဝတ်အရွတ်ထိခိုက်တာ
Patellar Tendinopathy ဆိုတဲ့ ဒူးခေါင်းအရွတ်ထိခိုက်၊ ရောဂါဖြစ်တာ
Lateral & Medial Epicondylitis ဆိုတဲ့ တံတောင်ဆစ်အရွတ်မှာဖြစ်တဲ့ ထိခိုက်ရောင်ရမ်းမှုတွေနဲ့
Rotator Cuff Tendinopathy ဆိုတဲ့ ပုခုံးဆစ်မှာဖြစ်တဲ့ ထိခိုက်မှုနဲ့ ရောဂါတွေပဲဖြစ်ပါတယ်။
💁‍♂️𝐓𝐞𝐧𝐝𝐢𝐧𝐨𝐩𝐚𝐭𝐡𝐲 ကို တကယ်ပျောက်ကင်းချင်တယ်ဆိုရင် ဆေးလိမ်းတာ၊ အကိုက်အခဲပျောက်ဆေးတွေသောက်တာထက် ရောဂါကိုတိတိကျကျစမ်းသပ်ရှာဖွေပြီး ကုသဖို့လိုပါတယ်။

📌𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫 မှာ
✅အရိုး၊ အကြော၊ အဆစ် အထူးကုဆရာဝန်ကြီးတွေနဲ့ စမ်းသပ်ကုသနိုင်သလို
✅လိုအပ်ရင် လိုအပ်သလို ဆေးထိုး၊ ဆေးသောက်နည်းနဲ့ ကုသနိုင်ပါတယ်။
✅ဒါ့အပြင် ခွဲစိတ်စရာမလို၊ နာကျင်မှုခံစားစရာမလိုဘဲ နိုင်ငံတကာအဆင့်မီစက်ကိရိယာတွေဖြစ်တဲ့ BTL Focused Shockwave Therapy, BTL High Intensity Laser Therapy စက်ကြီးတွေနဲ့လည်း ထိထိရောက်ရောက် ကုသမှုခံယူနိုင်ပါတယ်။

🌟𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫 မှာ ကျွမ်းကျင်ပညာရှင်တွေရဲ့ ကျန်းမာရေးဝန်ဆောင်မှု၊ နိုင်ငံတကာအဆင့်မီတဲ့ ပြန်လည်သန်စွမ်းရေးကုထုံးတွေနဲ့ ကျန်းမာသွက်လက်တဲ့လှုပ်ရှားမှုတွေကို ပြန်လည်ပိုင်ဆိုင်နိုင်ပါပြီ။🌟

𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫
Where Recovery Meets Performance

🏡 35 H, Thiri Yeikthar Street, 7 Miles, Pyay Road, Mayangone Tsp, Yangon.
📲 09-953930007, 09-953940007, 09-953950007, 09-405056052, 09-454051377, 09-408600022

⚽️ဘောလုံးကစားသမားတွေခံစားရနိုင်တဲ့ ဒူးဆစ်အရွတ်ထိခိုက်မှုကို အချိန်တိုအတွင်း ပြန်သက်သာအောင် ဘယ်လိုကုသနိုင်သလဲ။𝐀𝐂𝐋 𝐈𝐧𝐣𝐮𝐫𝐢𝐞...
05/11/2025

⚽️ဘောလုံးကစားသမားတွေခံစားရနိုင်တဲ့ ဒူးဆစ်အရွတ်ထိခိုက်မှုကို အချိန်တိုအတွင်း ပြန်သက်သာအောင် ဘယ်လိုကုသနိုင်သလဲ။

𝐀𝐂𝐋 𝐈𝐧𝐣𝐮𝐫𝐢𝐞𝐬 (𝐀𝐧𝐭𝐞𝐫𝐢𝐨𝐫 𝐂𝐫𝐮𝐜𝐢𝐚𝐭𝐞 𝐋𝐢𝐠𝐚𝐦𝐞𝐧𝐭 𝐈𝐧𝐣𝐮𝐫𝐢𝐞𝐬) ဆိုတာက ဒူးဆစ်အရွတ်မှာဖြစ်တဲ့ ထိခိုက်ဒဏ်ရာဖြစ်ပါတယ်။

👉ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဘောလုံးပွဲတွေမှာ ကစားသမားတွေက အားသွန်ခွန်စိုက် ကြိုးစားယှဉ်ပြိုင်ရင်း
▪️ရုတ်တရက်လုပ်မိတဲ့ အလှည့်အပြောင်းလှုပ်ရှားမှုတွေ
▪️မတော်တဆထိခိုက်မှုတွေ
▪️အလွန်အကျွံ ပြေးလွှားလှုပ်ရှားမှုတွေကြောင့် ဒူးဆစ်အရွတ်ကို ထိခိုက်စေနိုင်ပါတယ်။

⚠️ဒူးဆစ်အရွတ်ထိခိုက်ဒဏ်ရာရတဲ့အခါ ပြင်းထန်တဲ့နာကျင်မှုကိုခံစားရနိုင်တဲ့အပြင် လနဲ့ချီပြီးအနားယူလိုက်ရမျိုးလည်းရှိနိုင်တာပါတယ်။

✅အချိန်တိုအတွင်းမှာ ဒဏ်ရာနဲ့ နာကျင်မှုတွေသက်သာပြီး အကောင်းဆုံးအားကစားစွမ်းရည်ကို ပြန်လည်ပြသနိုင်ဖို့အတွက်
𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫 မှာ
▪️BTL High Intensity Laser Therapy
▪️BTL Focused Shockwave Therapy စတဲ့ကုထုံးတွေနဲ့
ရောင်ရမ်းနာကျင်တာ၊ အတွင်းဒဏ်ရာ၊ အရွတ်တစ်သျှူးတွေပျက်စီးတာတွေကို အချိန်တိုအတွင်းသက်သာပျောက်ကင်းအောင် ကုသပေးလျက်ရှိပါတယ်။

👉ဒဏ်ရာကြောင့်ပွဲပယ်ခံရပြီး လနဲ့ချီနားလိုက်ရတယ်ဆိုတာ ကစားသမားတစ်ယောက်အတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ။
📌𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫 မှာ နာကျင်မှုကင်းပြီး နိုင်ငံတကာအဆင့်မီတဲ့ ပြန်လည်သန်စွမ်းရေးကုထုံးတွေနဲ့ အကောင်းဆုံးအားကစားစွမ်းရည်ကို အမြန်ဆုံးပြန်လည်ရယူလိုက်ပါ။

𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫
Where Recovery Meets Performance

🏡 35 H, Thiri Yeikthar Street, 7 Miles, Pyay Road, Mayangone Tsp, Yangon.
📲 09-953930007, 09-953940007, 09-953950007, 09-405056052, 09-454051377, 09-408600022

✨မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) မှာ𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐂𝐥𝐢𝐧𝐢𝐜 ရဲ့  မိသားစုဝင်တွ...
04/11/2025

✨မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) မှာ
𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐂𝐥𝐢𝐧𝐢𝐜 ရဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေအားလုံး
စိတ်ရောကိုယ်ပါ ကြည်လင်အေးချမ်းပြီး၊ ကျန်းမာချမ်းသာကြပါစေလို့ တောင်းဆုပြုလိုက်ပါတယ်ဗျ။🙏

ကထိန်သင်္ကန်းကပ်လှူပြီး ကုသိုလ်ယူရင်း ကြည်နူးစရာ ပွဲတော်အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေဗျာ။🙏🙏

👉နာကျင်မှုတွေက ဖြစ်တဲ့နေရာနဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ပုံစံတွေမတူညီကြပါဘူး။‌📌Muscle Pain, Joint Pain နဲ့ Nerve Pain တွ...
30/10/2025

👉နာကျင်မှုတွေက ဖြစ်တဲ့နေရာနဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ပုံစံတွေမတူညီကြပါဘူး။

‌📌Muscle Pain, Joint Pain နဲ့ Nerve Pain တွေရဲ့ နာကျင်မှုပုံစံကွာခြားချက်တွေကို နားလည်သိရှိထားခြင်းက နာကျင်မှုအကြောင်းရင်းနဲ့ ကုထုံးရွေးချယ်ခြင်းတွေအတွက် အထောက်အကူဖြစ်စေပါတယ်။

▪️ကြွက်သားနာကျင်မှု (Muscle Pain) က ညောင်းညာလေးလံခြင်း၊ ကိုက်ခဲနာကျင်ခြင်း၊ ကြွက်သားများတောင့်တင်းနေခြင်း၊ ရံဖန်ရံခါ အောင့်ပြီးနာကျင်ခြင်း စတဲ့ နာကျင်မှုပုံစံကို ခံစားရစေတယ်။

▪️အဆစ်နာကျင်မှု (Joint Pain) က အဆစ်တွင်းမှာ သိသိသာသာ ပြင်းပြင်းထန်ထန် ကိုက်ခဲနာကျင်တာ၊ လှုပ်ရှားသွားလာရခက်ခဲတာ၊ ရာသီဥတုအေးလာရင် ပိုပြီးနာကျင်လာတာလိုမျိုး နာကျင်မှုတွေကို ခံစားရစေတယ်။

▪️အာရုံကြောနာကျင်မှု (Nerve Pain) ကတော့ အာရုံကြောကွန်ယက်တလျှောက်မှာ စူးပြီးနာကျင်တဲ့ နာကျင်မှုပုံစံကို ခံစားရစေတယ်။

👉ဒီလိုကွာခြားမှုတွေကို သတိပြုမိတော့မှ နာကျင်မှုရဲ့ အကြောင်းရင်းကို တိတိကျကျဖော်ထုတ်နိုင်ပြီး ထိရောက်တဲ့ကုထုံးကို ရွေးချယ်နိုင်မှာပါ။

𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫 မှာ ကြွက်သားနာကျင်မှုတွေ၊ အဆစ်မြစ်နာကျင်မှုတွေနဲ့ အာရုံကြောနာကျင်မှုတွေကို အချိန်တိုအတွင်း သက်သာပျောက်ကင်းစေဖို့အတွက်
✅အရိုး၊ အကြော၊ အဆစ် အထူးကုဆရာဝန်ကြီးတွေနဲ့ စမ်းသပ်ကုသနိုင်တယ်။
✅လိုအပ်ရင် လိုအပ်သလို ဆေးထိုး၊ ဆေးသောက်နည်းနဲ့ ကုသနိုင်ပါတယ်။
✅ခွဲစိတ်စရာမလို၊ နာကျင်မှုခံစားစရာမလိုဘဲ နိုင်ငံတကာအဆင့်မီစက်ကိရိယာတွေဖြစ်တဲ့ BTL Focused Shockwave Therapy, BTL High Intensity Laser Therapy စက်ကြီးတွေနဲ့လည်း ထိထိရောက်ရောက် ကုသမှုခံယူနိုင်ပါတယ်။

🌟𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫 မှာ ကျွမ်းကျင်ပညာရှင်တွေရဲ့ ကျန်းမာရေးဝန်ဆောင်မှု၊ နိုင်ငံတကာအဆင့်မီတဲ့ ပြန်လည်သန်စွမ်းရေးကုထုံးတွေနဲ့ ကျန်းမာသွက်လက်တဲ့လှုပ်ရှားမှုတွေကို ပြန်လည်ပိုင်ဆိုင်နိုင်ပါပြီ။🌟

𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫
Where Recovery Meets Performance

🏡 35 H, Thiri Yeikthar Street, 7 Miles, Pyay Road, Mayangone Tsp, Yangon.
📲 09-953930007, 09-953940007, 09-953950007, 09-405056052, 09-454051377, 09-408600022

24/10/2025

0ct 25 မှာ ကျရောက်မဲ့ Pan Hlaing Golf Club 25 th Anniversity Tournament မှာ Burma Beauty Wellness Clinic နှင့်အတူ ပျော်ရွှင်စွာပါဝင်ဆင်နွဲဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင့်❤️❤️❤️Burma Beauty Aesthetic, Anti-Aging & Beauty Medical Center

"Burma Beauty" Wellness Clinic
"Timeless Beauty, Ageless Confidence"

🏡No.35H, Thiri Yeikthar Street, 7miles, Mayangone Tsp, Yangon.
📲09-405056052, 09-953930007, 09-953940007, 09-953950007

Address

No. 35H, Thiri Yeikthar Street, Mayangone
Yangon
11201

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959405056052

Website

Alerts

Be the first to know and let us send you an email when Burma Beauty Rehabilitation Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Burma Beauty Rehabilitation Center:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram