Latha Nine Nine Specialist Clinic & Diagnostic Center

Latha Nine Nine Specialist Clinic & Diagnostic Center We provide comprehensive healthcare for patients who come for diagnosis, treatment or follow up care.

ကျန်းမာရေးဗဟုသုတမျှဝေပေးဖြစ်တာလေးတွေပါရှင် ❣️ဖိတ်ခေါ်‌ပေးတဲ့ Excellent Fortune General Insurance ကိုလည်း အထူးကျေးဇူးတင်ပ...
03/11/2025

ကျန်းမာရေးဗဟုသုတမျှဝေပေးဖြစ်တာလေးတွေပါရှင် ❣️

ဖိတ်ခေါ်‌ပေးတဲ့ Excellent Fortune General Insurance ကိုလည်း အထူးကျေးဇူးတင်ပါတယ်ရှင့် 💖

📢We are hiring!!!1. Pharmacist (1) post2. Pharmacist assist (2) post3. Nursing (1) post (Nursing License update)4. Nurse...
22/09/2025

📢We are hiring!!!
1. Pharmacist (1) post
2. Pharmacist assist (2) post
3. Nursing (1) post (Nursing License update)
4. Nurse Aide (3) post
5. Front Office officer (1) post
6. Front Office assist (1) post

အလုပ်လျောက်ထားလိုသူများအနေဖြင့် Viber 09 942 420 000 သို့ CV Form များ ပေးပို့လျောက်ထားနိုင်ပါတယ်ရှင်❣

📭 အမှတ်(၉၉)၊ လသာလမ်း(အပေါ်ဘလောက်)၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

☎ 09 408 992 244 // 09 408 992 255

📞 09 942 420 000 (Hotline)

⚕ သင့်ကျောက်ကပ်ကျန်းမာဖို့အတွက် သင်ဘာလုပ်နိုင်သလဲ❓ကျောက်ကပ်ရောဂါအများစုဟာ အသံတိတ်လူသတ်သမားများဖြစ်ပြီး သင်၏ဘဝကို အကြီးအက...
23/08/2025

⚕ သင့်ကျောက်ကပ်ကျန်းမာဖို့အတွက် သင်ဘာလုပ်နိုင်သလဲ❓

ကျောက်ကပ်ရောဂါအများစုဟာ အသံတိတ်လူသတ်သမားများဖြစ်ပြီး သင်၏ဘဝကို အကြီးအကျယ်ထိခိုက်စေနိုင်ပါတယ်။ ကျောက်ကပ်ရောဂါဖြစ်နိုင်ချေကို လျှော့ချရန် နည်းလမ်းများစွာရှိတာကို လေ့လာကြည့်ကြရအောင်❣

🚶‍♂️🚶‍♀️တက်ကြွပြီး ကြံ့ခိုင် နေပါစေ။
လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဖြင့် ကြံ့ခိုင်တက်ကြွပြီး နာတာရှည်ကျောက်ကပ်ရောဂါဖြစ်နိုင်ချေကို လျော့ချပေးပါတယ်။ သင်၏သွေးပေါင်ချိန်ကို လျော့ကျစေပြီး နှလုံးကျန်းမာရေးကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း နှင့် ကခြင်းတို့သည် သင့်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ လေ့ကျင့်ခန်းတွေပါ။

🩸သွေးတွင်းသကြားဓာတ်ကို စစ်ဆေးပြီး ထိန်းချုပ်ပါ။
ဆီးချိုရောဂါရှိသူအများစုဟာ ၎င်းတို့တွင် ဆီးချိုရှိနေသည်ကို မသိကြပေ။ ဆီးချိုရောဂါရှိသူများ၏ ထက်ဝက်ခန့်သည် ကျောက်ကပ်ပျက်စီးကာ အသက်အန္တရယ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သင်၏သွေးတွင်းသကြားဓာတ်ကို စစ်ဆေးရန်အထူးအရေးကြီးပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းထားနိုင်ရင် ကျောက်ကပ်ပျက်စီးနိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ထို့အပြင် ထိခိုက်ပျက်စီးမှုကို စောစီးစွာသိရှိနိုင်လျှင် နောက်ထပ်ပျက်စီးမှုကို လျှော့ချရန် သို့မဟုတ် ကာကွယ်ရန် အဆင့်များလုပ်ဆောင်နိုင်သေးတာမို့ သွေးနှင့် ဆီးစစ်ခြင်းဖြင့် သင့်ကျောက်ကပ်၏လုပ်ဆောင်ချက်ကို ပုံမှန်စစ်ဆေးပါ။

🥦🥑ကိုယ်အလေးချိန်ကို စောင့်ကြည့်ပြီး မျှတတဲ့ အစားအသောက်ကို စားပါ။
အဝလွန်သူများသည်လည်း ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါ တို့အတွက် သတိထားရမဲ့ အခြေအနေ ရှိနေနိုင်ပါတယ်။ ဆိုဒီယမ်နည်းသော အစားအစာများ၊ လတ်ဆတ်သောပါဝင်ပစ္စည်းများဖြင့် ကိုယ်တိုင်ပြင်ဆင်ထားသော အသားငါးများ၊ လတ်ဆတ်သောဟင်းသီးဟင်းရွက်များနှင့် အစေ့အဆန်များကို စားသုံးပါ။

🩺သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးပြီး ထိန်းချုပ်ပါ။
သွေးတိုးရောဂါသည်လည်း ကျောက်ကပ်ကို ပျက်စီးစေနိုင်ပါတယ်။ သင့်သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးခြင်းဖြင့် ရောဂါဖြစ်နိုင်ချေကို လျော့ကျစေနိုင်ပါတယ်။

🥛အရည်များများသောက်ပါ။
တစ်နေ့ကို ရေဘယ်လောက်လိုအပ်သလဲဆိုတာကတော့ လေ့ကျင့်ခန်း၊ ရာသီဥတု၊ ကျန်းမာရေးအခြေအနေ၊ ကိုယ်ဝန်နှင့် နို့တိုက်ခြင်းအပါအဝင် အကြောင်းရင်းများစွာပေါ်တွင် မူတည်နေနိုင်ပါတယ်။ ပုံမှန်အားဖြင့် ကျန်းမာသောလူတစ်ဦးအတွက် တစ်နေ့လျှင် ရေ ၈ ခွက်၊ ခန့်မှန်းခြေအားဖြင့် ၂ လီတာ ခန့် သောက်သုံးရန်လိုအပ်ပါတယ်။ သင့်တွင် အရည်သောက်သုံးမှုကို ချိန်ညှိရန် လိုအပ်သောကျန်းမာရေးအခြေအနေဖြစ်ပါက သင့်ဆရာဝန်နှင့် သေချာစွာ တိုင်ပင်ပြီးမှ သောက်သုံးဖို့လည်း အကြံပြုလိုပါတယ်။

🚭ဆေးလိပ်မသောက်ပါနဲ့။
ဆေးလိပ်သောက်ခြင်းသည် သင့်ကျောက်ကပ်များသို့ သွေးစီးဆင်းမှု နှေးကွေးသွားစေပါတယ်။ ကျောက်ကပ်သို့ သွေးနည်းသွားသောအခါတွင် ၎င်းတို့၏ ပုံမှန်လုပ်ဆောင်နိုင်စွမ်းကို ကျဆင်းစေနိုင်ပါတယ်။ ခန္ဓာကိုယ်၏ သွေးကြောများကို ပျက်စီးစေပြီး ကျောက်ကပ်ကင်ဆာဖြစ်နိုင်ချေပိုများစေပါတယ်။

💊⚠အကိုက်အခဲပျောက်ဆေးများ သောက်သုံးခြင်းကို သတိထားပါ။
စတီးရွိုက်မဟုတ်သော ရောင်ရမ်းမှုသက်သာစေသောဆေးများ (NSAIDS)/ အကိုက်အခဲပျောက်ဆေးများ (ဥပမာ Ibuprofen ကဲ့သို့ ဆေးများ) သည် ပုံမှန်သောက်သုံးပါက ကျောက်ကပ်ကို ဒုက္ခပေးနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးခြင်းကသာ အကောင်းဆုံးပါ။

👉သင့်တွင် အောက်ပါအန္တရာယ်အကြောင်းရင်းများထဲမှ တစ်ခုခုရှိနေပါက သင့်ကျောက်ကပ်လုပ်ဆောင်ချက်ကို စစ်ဆေးပါ။
- ဆီးချိုရောဂါရှိနေခြင်း၊
- သွေးတိုးရောဂါရှိနေခြင်း၊
- အဝလွန်နေခြင်း၊
- မိသားစုတွင် ကျောက်ကပ်ရောဂါရာဇဝင်ရှိနေခြင်း၊

ပုံမှန်ကျောက်ကပ်စစ်ဆေးမှုသည် သင့်ကျောက်ကပ်ကျန်းမာရေးကို သိရှိရန်နှင့် ဖြစ်နိုင်ခြေရှိသော ပြောင်းလဲမှုများကို စစ်ဆေးရန် နည်းလမ်းကောင်းတစ်ခုဖြစ်တာကြောင့် ကြိုတင်ကာကွယ်နိုင်စေဖို့ ဗဟုသုတအဖြစ် မျှဝေလိုက်ရပါတယ်ရှင်💝🤞



#ကျောက်ကပ်ကျန်းမာရေး

‘အစားအသောက်မှတဆင့် ရောဂါကူးစက်နိုင်လား?’🍱 သင်နေ့တိုင်း စားဖြစ်နေတဲ့ အစားအသောက်ထဲမှာ မမြင်နိုင်တဲ့ ရောဂါပိုးတွေ ရှိနေနိုင...
22/08/2025

‘အစားအသောက်မှတဆင့် ရောဂါကူးစက်နိုင်လား?’

🍱 သင်နေ့တိုင်း စားဖြစ်နေတဲ့ အစားအသောက်ထဲမှာ မမြင်နိုင်တဲ့ ရောဂါပိုးတွေ ရှိနေနိုင်ပါတယ်။ အစားအသောက်မှာ ပါဝင်တဲ့ 🦠 ဘက်တီးရီးယား ၊ ဗိုင်းရပ်စ်နဲ့ ကပ်ပါးပိုးတွေကြောင့် ဖြစ်စေတဲ့ ရောဂါပေါင်း ၂၀၀ ကျော် ရှိပါတယ်။

အဖြစ်များတဲ့ ရောဂါပိုးတွေအနေနဲ့ တိုက်ဖွိုက်ရောဂါပိုး၊ E. coli ပိုးနဲ့ Cholera ကာလဝမ်းရောဂါပိုးတွေဟာ အဖြစ်များသလို နောက်ဆက်တွဲ အခြေအနေတွေလည်း ခံစားရနိုင်ပါတယ်။ အထူးသဖြင့် အစားအစာကို ပြင်ဆင်ချက်ပြုတ်တဲ့အခါမှာ ရောဂါပိုးတွေ ပါလာနိုင်သလို မသန့်ရှင်းတဲ့ လက်နဲ့ အစားအစာကို ကိုင်တွယ်မိတဲ့အခါမှာ ရောဂါပိုးကို ကူးစက်စေနိုင်ပါတယ်။

အစားအသောက်ကနေ ရောဂါပိုးကူးစက်ရာကနေ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်း၊ မူးဝေခြင်း၊ ကိုယ်အပူချိန်တက်ခြင်းအပြင် မောပန်းနွမ်းနယ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ရောဂါပိုးကူးစက်ရာကနေ လက္ခဏာစပြချိန်က နာရီပိုင်းကနေ ရက်သတ္တပတ်အထိ ကြာတတ်ပါတယ်။

အစားအသောက်ကနေ ဘယ်အချိန်မှာ ရောဂါပိုးကူးနိုင်တာလဲ?

🍱 အသားစိမ်း၊ ငါးစိမ်းတွေ၊ ဥ အမျိုးမျိုး၊ မကျိုချက်ရသေးတဲ့ နွားနို့နဲ့ ပင်လယ်စာတွေဟာ ရောဂါပိုး ကူးစက်နိုင်ချေ အလွန်များပါတယ်။

🥦🥬🌶 အသီးအရွက်တွေကို သန့်စင်အောင် ဆေးကြောမှု မရှိတဲ့အခါ ရောဂါပိုးတွေ ကပ်တွယ်နိုင်ပြီး ကူးစက်နိုင်ပါတယ်

💧 မသန့်ရှင်းတဲ့ ရေဟာလည်း ရောဂါပိုးကူးစက်နိုင်ချေ အများဆုံး ဖြစ်ပါတယ်

🍱 ရက်လွန်နေတဲ့ အစားအစာတွေမှာ ပိုးမွှားတွေ ပေါက်ဖွားနေနိုင်ပြီး ရောဂါပိုးကူးစက်နိုင်ပါတယ်

🤝ရောဂါပိုးရှိနေသူရဲ့ လက်နဲ့ ထိတွေ့မိရာကနေ ရောဂါပိုး အဆင့်ဆင့် ကူးစက်နိုင်ပါတယ်

ဒါ့ကြောင့် အစားအသောက်က ကူးစက်တဲ့ ရောဂါပိုးကို ကာကွယ်ဖို့အတွက် အစားအစာကို သေချာစွာ သန့်စင်ပြီးမှ ပြင်ဆင်ချက်ပြုတ်ဖို့ လိုသလို လက်ကို သန့်စင်စွာ ဆေးကြောပြီးမှပဲ အစားအစာကိုင်တွယ်သင့်ပါတယ်။ ရက်လွန်၊ ဒိတ်လွန်တဲ့ အစားအစာ၊ အမှည့်လွန်တဲ့ အသီးတွေကိုလည်း ရှောင်သင့်ပါတယ်။

🍱🍱 အစားအသောက်ကနေ ကူးစက်တဲ့ ရောဂါပိုးဟာ မထင်မှတ်ထားတဲ့ ရောဂါလက္ခဏာတွေကို ဖြစ်စေနိုင်ပြီး တခါတရံမှာ နောက်ဆက်တွဲ ပြဿနာတွေ တွဲဖြစ်တတ်သလို ဆေးရုံ ဆေးခန်းမှာ ကုသဖို့အထိ လိုအပ်လာနိုင်တာကြောင့် ကြိုတင် ကာကွယ်နိုင်ဖို့ ဗဟုသုတ အနေနဲ့ မျှဝေလိုက်ရပါတယ်ရှင်🤞

သင့်ရဲ့ ကျန်းမာရေး ပြဿနာမှန်သမျှကို အတူတကွ အဖြေရှာ ကုသပေးနိုင်ဖို့ ‘Latha Nine Nine Specialist Clinic & Diagnostic Center’ ကိုသာ ဆက်သွယ်လိုက်ပါနော်🤞❣

📅 ကြိုတင်ရက်ချိန်းရယူရန်

📭 အမှတ်(၉၉)၊ လသာလမ်း(အပေါ်ဘလောက်)၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

☎ 09 408 992 244 // 09 408 992 255

📞 09 942 420 000 (Hotline)

‘ဗီတာမင်ဆိုတိုင်း နေ့စဉ် သောက်ဖို့ လိုသလား?’ဗီတာမင်တွေဟာ ခန္ဓာကိုယ်အတွက် နည်းလမ်းမျိုးစုံနဲ့ အကျိုးပြုနေပါတယ်။ ဗီတာမင်တွ...
21/08/2025

‘ဗီတာမင်ဆိုတိုင်း နေ့စဉ် သောက်ဖို့ လိုသလား?’

ဗီတာမင်တွေဟာ ခန္ဓာကိုယ်အတွက် နည်းလမ်းမျိုးစုံနဲ့ အကျိုးပြုနေပါတယ်။ ဗီတာမင်တွေကို နေ့စဉ်စားတဲ့ 🍱 အစားအစာက ရရှိကြသလို ဖြည့်စွက်အနေနဲ့ 💊 ဆေးဝါး၊ ဖြည့်စွက်စာ အနေနဲ့ မှီဝဲလေ့ရှိကြပါတယ်။ ဒါဆိုရင် ဗီတာမင်တွေကို နေ့စဉ် သောက်ဖို့ လိုအပ်သလား??

👉👉 အဖြေကတော့ လူတစ်ဦးနဲ့ တစ်ဦး ဗီတာမင် လိုအပ်တဲ့ ပမာဏချင်း မတူညီနိုင်ပါဘူး။ တချို့က ပုံမှန် ကျန်းမာဖို့ အတွက်ပဲ ဗီတာမင်ကို ဖြည့်စွက်လိုတဲ့အချိန် တချို့ကတော့ ဗီတာမင် ဓာတ် ပိုမိုလိုအပ်တာ ရှိနိုင်ပါတယ်။ ဥပမာအားဖြင့် အစားရှောင်တဲ့သူ၊ အသားစားတာ နည်းတဲ့သူ၊ အသီးအရွက် စားတာ နည်းတဲ့သူ တွေမှာ ပြင်ပကနေ ဗီတာမင်နဲ့ ဖြည့်စွက်စာတွေ ပိုလိုအပ်နိုင်ပါတယ်။

အထူးသဖြင့် ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဗီတာမင် A, B, C, D, E အပါအဝင် Iron, Zinc, Magnesium, Calcium စတဲ့ သတ္ထုဓာတ် တွေကို သင့်တင့်တဲ့ ပမာဏအဖြစ် နေ့စဉ် ခန္ဓာကိုယ်က ရရှိနေဖို့ လိုပါတယ်။ ဒါတွေကို သင်နေ့စဉ် စားသောက်နေတဲ့ အစားအသောက်တွေမှာ ပါဝင်အောင် စားဖြစ်တယ်ဆိုရင်တော့ သီးသန့် ဖြည့်စွက်ဖို့ မလိုပါဘူး။

ဒီတော့ ဗီတာမင် တွေကို ဘယ်လို ရွေးချယ် သောက်သုံးသင့်လဲ? 🤔

(၁) အစားအသောက်နဲ့ ဆေးဝါးဆိုင်ရာ ခွင့်ပြုချက်ရရှိထားတဲ့ ဗီတာမင် အားဆေးတွေကိုပဲ ရွေးချယ် သောက်သုံးပါ။

(၂) တစ်နေ့တာ လိုအပ်တဲ့ ပမာဏထက် ကျော်လွန်ပြီး မသောက်သုံးပါနဲ့။ ဥပမာ - ပုံမှန်လူအတွက် ဗီတာမင် D ဆိုရင် တစ်နေ့ကို 600 IU ပဲ လိုအပ်ပါတယ်။ ဗီတာမင် D ချို့တဲ့သူမှာတော့ ဆရာဝန်ညွှန်ကြားချက် အရ တိုးပြီး သောက်ရမှာ ဖြစ်ပါတယ်။

(၃) ပမာဏ များများ သောက်သုံးလိုတယ်ဆိုရင် ဗီတာမင် ချို့တဲ့မှု ရှိမရှိ စစ်ဆေးပြီးမှပဲ သောက်သုံးရင် အကောင်းဆုံးပါပဲ။

(၄) အစားအသောက်ကို စုံလင်မျှတစွာ စားသုံးပါ။

🧑‍⚕️ တန်ဆေးလွန်ဘေးဆိုသလို ဗီတာမင်တွေဟာ နေ့စဉ်အတွက် မရှိမဖြစ် လိုအပ်သလို လိုတာထက် များများသုံးမိရင်လည်း အန္တရာယ် ရှိနိုင်တာကြောင့် သတိပြုဆင်ခြင်နိုင်ဖို့ မျှဝေလိုက်ရပါတယ်ရှင်





ဘာကြောင့် သင့် ကျောက်ကပ်ကျန်းမာရေးကို အထူးဂရုစိုက်ဖို့လိုအပ်တာလဲ?“ကျောက်ကပ်” ဆိုတာဟာ ခန္ဓာကိုယ်အတွင်းရှိ မလိုအပ်တဲ့ အညစ်...
20/08/2025

ဘာကြောင့် သင့် ကျောက်ကပ်ကျန်းမာရေးကို အထူးဂရုစိုက်ဖို့လိုအပ်တာလဲ?

“ကျောက်ကပ်” ဆိုတာဟာ ခန္ဓာကိုယ်အတွင်းရှိ မလိုအပ်တဲ့ အညစ်အကြေးတွေကို အဓိက စွန့်ထုတ်ပေးပြီး ခန္ဓာကိုယ်အတွက် အကျိုးပြုစေတဲ့အရာများကို ပြန်လည် စုပ်ယူပေးတာကြောင့် သင့် ကျောက်ကပ် ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ကျောက်ကပ်ရောဂါရဲ့ လက္ခဏာတွေကို များသောအားဖြင့် အသက်အရွယ်ကြီးမြင့်သူနဲ့ ဆီးချို၊ သွေးတိုး ရှိသူတို့မှာ အများဆုံးတွေ့ရတတ်ပါတယ်။

ဒါဆို ကျောက်ကပ် ရောဂါမဖြစ်အောင် ဘယ်လို နေထိုင်စားသောက်ကြမလဲ?

-ရေများများသောက်ပါ။
-နှစ်စဉ် medical checkup လုပ်ပါ။
-ဆေးလိပ်နဲ့ အရက်​သေစာ သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။
-ဆားလျှော့စားပါ။
-သွေးပေါင်ချိန်ကို ပုံမှန်တိုင်းပါ။
-ကျောက်ကပ် ကို ထိခိုက်စေနိုင်သော ဆေးများအား ဆရာဝန်ညွှန်ကြားချက်မပါဘဲ သောက်သုံးခြင်းအား ရှောင်ကြဥ်ပါ။ ( ဥပမာ - အကိုက်အခဲပျောက်ဆေးကို အလွန်အကျွံ သောက်ခြင်း)
- ဒညင်းသီးများကဲ့သို့သော ကျောက်ကပ်ရောဂါဖြစ်စေနိုင်သည့် အစားအစာများကို အလွန်အကျွံ စားသောက်ခြင်းကို ရှောင်ကြဉ်ပါ။

သင့်မှာ ကျောက်ကပ်ရောဂါရှိလာပြီဖြစ်စေ၊ ကျောက်ကပ်ရောဂါ ရှိမရှိ စစ်ဆေးလိုသည်ဖြစ်စေ Latha Nine Nine Clinic မှာ-

(1) အတွေ့အကြုံရှိပြီး ယုံကြည်စိတ်ချရတဲ့ ဆရာဝန်များ
(2) ခေတ်မီ စက်ပစ္စည်းများ
(3) နွေးထွေးပျူငှါသော ဂရုစိုက်မှုများ စသော ဝန်ဆောင်မှုတွေနဲ့အတူ ကျောက်ကပ်ရောဂါရှိမရှိစစ်ဆေးပေးခြင်းနဲ့ ကျောက်ကပ်သွေးသန့်စင်ခြင်း ဝန်ဆောင်မှုကို ရယူနိုင်ပါပြီ။

📞 ကြိုတင်ရက်ချိန်းရယူရန် Latha Nine Nine Clinic Messenger မှာ လာရောက်မေးမြန်းနိုင်သလို ဖုန်းနံပါတ် 09 942 420 000၊ 09 408 992 255 သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

📭 အမှတ်(၉၉)၊ လသာလမ်း(အပေါ်ဘလောက်)၊ လသာမြို့နယ်၊ ရန်ကုန်မြို့။



နှာခေါင်းသွေးလျှံခြင်း မဖြစ်ရလေအောင်…. 👃 🩸 နှာခေါင်းသွေးလျှံခြင်းကို လူတိုင်း ကြုံတွေ့နိုင်ပြီး အထူးသဖြင့် ဆောင်းတွင်း န...
19/08/2025

နှာခေါင်းသွေးလျှံခြင်း မဖြစ်ရလေအောင်….

👃 🩸 နှာခေါင်းသွေးလျှံခြင်းကို လူတိုင်း ကြုံတွေ့နိုင်ပြီး အထူးသဖြင့် ဆောင်းတွင်း နဲ့ အေးမြခြောက်သွေ့တဲ့ ရာသီဥတုတွေမှာ နှာခေါင်းသွေး လျှံတာ အဖြစ်များပါတယ်၊

ဘာကြောင့် နှာခေါင်းသွေး လျှံတာလဲ?

💁‍♀️နှာခေါင်းအတွင်းမှာ ရှိတဲ့ သွေးကြောလေးတွေ ပေါက်ထွက်သွားတဲ့အခါမှာ နှာခေါင်းသွေးလျှံတာ တွေ့ရပါတယ်။ အသက်အရွယ် မရွေး ဖြစ်နိုင်ပေမယ့် အသက် (၂) နှစ် မှ (၁၀) နှစ် အတွင်း ကလေးငယ်တွေနဲ့ အသက် (၅၀) မှ (၈၀) အတွင်း လူကြီးတွေမှာ အဖြစ်များပါတယ်။

နှာခေါင်းသွေးလျှံစေတဲ့အကြောင်းအရင်းတွေကတော့

📌နေပူထဲမှာ အကြာကြီး နေမိတာ

📌တစ်ခုခုနဲ့ ထိခိုက်မိတာ

📌ပြင်ပ ပစ္စည်းတစ်ခုခု နှာခေါင်းအတွင်း ဝင်သွားတာ

📌နှာခေါင်းထဲ ရောဂါပိုး ဝင်တာ

📌ဓာတ်မတည့်တာ

📌အရက် အလွန်အကျွံ သောက်တာ နဲ့

📌နှာခေါင်းအတွင်းသားကို ခဏခဏ ကလော်မိတဲ့ အခြေအနေတွေမှာ နှာခေါင်းသွေး လျှံတာတွေ ဖြစ်တတ်ပါတယ်။

ဒါ့အပြင် နှာစေးနှာပိတ်တဲ့အခါ အသုံးပြုတဲ့ ဆေးဝါးတွေ၊ သွေးကျဲဆေးတွေ၊ အရောင်ကျဆေးတွေ နဲ့ သွေးတိုးရောဂါ၊ သွေးကင်ဆာ၊ အသည်းရောဂါ၊ သွေးမတိတ်ရောဂါ ရှိတဲ့သူတွေမှာ နှာခေါင်းသွေး လျှံတတ်ပါတယ်။

နှာခေါင်းသွေး လျှံတာကို ဘယ်လို ကာကွယ်ရမလဲ??

👉နှာခေါင်းထဲကို လက်နဲ့ မကြာခဏ နှိုက်တာ၊ အခြား ပစ္စည်းတွေ ထိုးထည့်တာတွေ မလုပ်သင့်ပါဘူး

👉ဆေးလိပ်သောက်တာက နှာခေါင်းအတွင်းသားကို ခြောက်သွေ့စေတဲ့ အတွက် ရှောင်ကြဉ်သင့်ပါတယ်

👉နှာချေတဲ့အခါ ပါးစပ်ကို ဟထားပြီး ချေတာက နှာခေါင်းသွေး လျှံတာကို လျော့ကျစေပါတယ်

👉သွေးကျဲဆေးတွေ၊ အရောင်ကျဆေးတွေကို ဆရာဝန် ညွှန်ကြားချက်နဲ့ ပဲ အသုံးပြုသင့်ပါတယ်

👃 🩸 နှာခေါင်းသွေး လျှံတာက များသောအားဖြင့် ရာသီဥတုအခြေအနေတွေ၊ ပတ်ဝန်းကျင်တွေကြောင့် ဖြစ်ပေမယ့် မကြာခဏ နှာခေါင်းသွေး လျှံနေမယ်၊ တစ်ပတ်ကို (၃) ကြိမ်၊ (၄) ကြိမ်ထက် ပိုဖြစ်နေမယ် ဆိုရင် သတိထားသင့်ပါတယ်။ တခါတရံမှာ နား၊ နှာခေါင်း၊ လည်ချောင်းတွေမှာ အခြား ကျန်းမာရေး ပြဿနာတွေလည်း ရှိနိုင်တဲ့အတွက် မပေါ့ဆမိဖို့ မျှဝေပေးလိုက်ရပါတယ်ရှင် 💖

⚕ အူအတက်ရောင်ခြင်းအကြောင်း သိကောင်းစရာ‼အူအတက်ဆိုတာ ---- ဝမ်းဗိုက်ရဲ့ညာဘက်ခြမ်းအောက်ပိုင်းမှာရှိပြီးအူမကြီးနဲ့ချိတ်ဆက်နေတ...
18/08/2025

⚕ အူအတက်ရောင်ခြင်းအကြောင်း သိကောင်းစရာ‼

အူအတက်ဆိုတာ ---- ဝမ်းဗိုက်ရဲ့ညာဘက်ခြမ်းအောက်ပိုင်းမှာရှိပြီးအူမကြီးနဲ့ချိတ်ဆက်နေတဲ့ အင်္ဂါအစိတ်အပိုင်းလေးဖြစ်ပါတယ်။ ၅ မှ ၁၀ စင်တီမီတာခန့် ရှည်သော သေးငယ်ပါးလွှာသော အိတ်ငယ်တစ်ခုဖြစ်ပါတယ်။

အူအတက်ဘာလို့ရောင်သလဲ? --- အကြောင်းရင်းတွေကို ခုထိ သေချာမပြောနိုင်သေးသော်လည်း အများစုက အူအတက်ရဲ့ အတွင်းပိုင်းပိတ်ခြင်းကြောင့် ရောင်ရခြင်းဖြစ်နိုင်ပါတယ်။ အစာဟောင်းအညစ်အကြေးများကြောင့် ပိတ်ခြင်း၊ ပိုးဝင်ခြင်းကြောင့်ပိတ်ခြင်းများလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုကြောင့်ပိတ်ပိတ် အူအတက်ဟာ ရောင်လာပါတယ်။ အူအတက်ပေါက်သွားခဲ့ရင်တော့ ဝမ်းဗိုက်ထဲကို ပိတ်နေတဲ့အညစ်အကြေးတွေ လွင့်စင်သွားပြီး အခြားအစိတ်အပိုင်းတွေကြားရောက်သွားကာ အသက်ဆုံးရှုံးနိုင်တဲ့အထိ အန္တရယ်ရှိပါတယ်။

အူအတက်ရောင် လက္ခဏာများကတော့ --- ဝမ်းဗိုက်ညာဘက်အောက်ခြမ်း နာခြင်း၊ လှုပ်ရှားလျှင် ပို၍နာကျင်လာခြင်း (နှိပ်ခြင်း၊ ချောင်းဆိုးခြင်း၊ လမ်းလျှောက်ခြင်း)၊ အစာစားလိုစိတ်မရှိခြင်း၊ ဖျားနာခြင်း၊ ဝမ်းချုပ်ခြင်း (သို့) ဝမ်းလျှောခြင်း။

အူအတက်ရောင်တာကို ဘယ်လိုကုသမလဲ? ---- ပိုးသတ်ဆေးသောက်ရုံနဲ့မသက်သာတဲ့အတွက် ခွဲစိတ်ကုသတာဟာ အသုံးအများဆုံးကုသနည်းဖြစ်ပါတယ်။

အူအတက်ရောင်တာကို ကာကွယ်လို့ရလား? ---- ဖြစ်ရတဲ့အကြောင်းရင်းတွေ မသေချာတဲ့အတွက် ကာကွယ်ဖို့နည်းလမ်းတော့ မရှိသေးပါဘူး။

⚠ ဖြစ်လာရင် အန္တရယ်များတဲ့ ရောဂါတစ်မျိုးဖြစ်တာကြောင့် မိမိခန္ဓာကိုယ်ကို သေချာဂရုစိုက်စောင့်ကြည့်ရင်း ကာကွယ်နိုင်ကြစေဖို့ တိုက်တွန်းနိုးဆော်လိုက်ပါရစေလားရှင်❣

အထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ပြသလိုပါက Latha Nine Nine အထူးကုဆေးခန်းကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်❣


📅 ကြိုတင်ရက်ချိန်းရယူရန်

📭 အမှတ်(၉၉)၊ လသာလမ်း(အပေါ်ဘလောက်)၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

☎ 09 408 992 244 // 09 408 992 255

📞 09 942 420 000 (Hotline)





#အူအတက်

🫀 ရင်ဘတ်ထဲ နှလုံးနေရာက အောင့်နေတာ ပူပြီး တင်းကြပ်ကြပ်ကြီး ဖြစ်နေတယ် အသက်ရှုမဝဘူး ၊ ဆေးခန်းပြတာလဲ နှလုံးရောဂါ မဟုတ်ဘူးလို...
17/08/2025

🫀 ရင်ဘတ်ထဲ နှလုံးနေရာက အောင့်နေတာ ပူပြီး တင်းကြပ်ကြပ်ကြီး ဖြစ်နေတယ် အသက်ရှုမဝဘူး ၊ ဆေးခန်းပြတာလဲ နှလုံးရောဂါ မဟုတ်ဘူးလို့ ပြောတယ် ၊ မသက်သာလို့ပါဆိုတဲ့ မေးခွန်းတွေ အများကြီးတွေ့ရပါတယ်။

ဆေးပညာမှာ နှလုံးသွေးကြောကျဉ်းလို့ ရင်ဘတ်အောင့်တာနဲ့ Gastroesophageal Reflux Disease (GERD) လို့ ခေါ်တဲ့ အစာအိမ် Acid ဓာတ် များလို့ အပေါ်ဘက် အစာမြိုပြွန်ထဲကို ပြန်ကန်တတ်ပြီး ရင်တွေပူပြီး ရင်ဘတ်အောင့်တာဟာ မကြာခဏ ဆင်တူရိုးမှား ဖြစ်တတ်ကြပါတယ်။

နှစ်ခုလုံးကတော့ ရောဂါဆိုပေမဲ့ အသက်အန္တရာယ်နဲ့ ပိုပြီးနီးစပ်တဲ့ နှလုံးသွေးကြောကျဉ်းတဲ့ အခြေအနေမျိုးကို မလွတ်သွားစေဖို့အတွက် စမ်းသပ်စစ်ဆေးမှုအချို့ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

ယေဘုယျအားဖြင့်တော့ ရင်ဘတ်အောင့်ပြီဆို နှလုံးရောဂါလက္ခဏာ ဖြစ်‌နိုင်ချေများပြီး မပေါ့ဆသင့်တဲ့သူတွေကတော့
- အသက် ၄၀ အထက် ရှိသူများ
- ရုတ်တရက် ရင်ဘတ်ထဲ ဆွဲညှစ်ထားသလိုဖြစ်ပြီး အသက်ရှုမဝဖြစ်ခြင်းကို ခံစားရသူများ
- မိသားစုထဲတွင် နှလုံးရောဂါမျိုးရိုးရှိသူများ
- ဆေးလိပ်သောက်သုံးသူများ
- ဆီးချို သွေးတိုး သွေးတွင်း cholesterol များသူများ

GERD လက္ခဏာ ခံစားရသူများဟာ များသောအားဖြင့်
- အစာစားပြီးပြီးချင်း (အထူးသဖြင့် အပူ ၊ အစပ်) လက္ခဏာများ ခံစားရခြင်း
- တစ်ခါတည်း အစာကို အများကြီး စားသုံးလိုက်ခြင်း
- အစာမျိုချရခက်ခဲခြင်း ၊ အစာမျိုချရင် တစ်စို့စို့ ဖြစ်နေခြင်း
- ရင်ဘတ်ထဲ တင်းကြပ်ပြီး ရင်ဘတ်အောင့်ကာ အသက်ရှုမဝခြင်း

ဘာကြောင့်ပဲ အောင့်အောင့် ရင်ဘတ်အောင့်တာမျိုး အသက်ရှုမဝတာမျိုး ဖြစ်ပြီဆိုရင်တော့ အပေါ်က ကျန်းမာရေး ဗဟုသုတအချက်လေးတွေ သိထားခြင်းအားဖြင့် နီးစပ်ရာ ဆရာဝန်နဲ့ ပြသပြီး ရောဂါရှာဖွေနိုင်ဖို့ အရေးကြီးကြောင်း မျှဝေပေးလိုက်ရပါရှင်❣

Latha Nine Nine Specialist Clinic မှာ နှလုံးအထူးကုဆရာဝန်ကြီးများနှင့်တိုင်ပင်ဆွေးနွေးပြသလိုပါက ကြိုတင် ရက်ချိန်းရယူနိုင်ပါပြီရှင်❣

📅 ကြိုတင်ရက်ချိန်းရယူရန်

📭 အမှတ်(၉၉)၊ လသာလမ်း(အပေါ်ဘလောက်)၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

☎ 09 408 992 244 // 09 408 992 255

📞 09 942 420 000 (Hotline)

🤞 သင့်အသည်းလေးကို ဂရုစိုက်မယ် ❣   #အသည်းရောဂါအထူးကုဆရာဝန်ကြီးများ
16/08/2025

🤞 သင့်အသည်းလေးကို ဂရုစိုက်မယ် ❣



#အသည်းရောဂါအထူးကုဆရာဝန်ကြီးများ

‘ရောင်ရမ်းတာ သက်သာစေမယ့် အစားအစာများ’😖 မတော်တဆ ထိခိုက်ဒဏ်ရာရတဲ့အခါ ခန္ဓာကိုယ်မှာ ရောင်ရမ်းတာတွေ ဖြစ်ဖူးကြမှာပါ။ ရောင်ရမ်...
15/08/2025

‘ရောင်ရမ်းတာ သက်သာစေမယ့် အစားအစာများ’

😖 မတော်တဆ ထိခိုက်ဒဏ်ရာရတဲ့အခါ ခန္ဓာကိုယ်မှာ ရောင်ရမ်းတာတွေ ဖြစ်ဖူးကြမှာပါ။ ရောင်ရမ်းတာက ခဏတာအတွင်း သက်သာတာတွေရှိသလို သေသေချာချာ မကုသရင် နာတာရှည်ရောင်ရမ်းခြင်းဝေဒနာကို ခံစားရနိုင်လို့ မပေါ့ဆသင့်ပါဘူး။

👉 ရောင်ရမ်းတာတွေ ဘာကြောင့်ဖြစ်ရတာလဲ??

ပြင်ပက မလိုလားအပ်တဲ့ ဖုန်မှုန့်တွေ၊ ပိုးမွှားတွေနဲ့ ဓာတုပစ္စည်းတွေ ဝင်လာတဲ့အခါ ခန္ဓာကိုယ်မှာရှိတဲ့ ခုခံအားစနစ်က ခုခံတဲ့အနေနဲ့ တိုက်ခိုက်ပါတယ်။ ဒီအချိန်မှာ ရောင်ရမ်းမှုတွေ ဖြစ်ပေါ်လာပါတယ်။

ဒီလို ရောင်ရမ်းမှုတွေ ဖြစ်လာတဲ့အခါ “အစာလည်းဆေး၊ ဆေးလည်း အစာ” ဆိုတဲ့ အတိုင်း အရောင်ကျစေဖို့ ဖော်စပ်ထားတဲ့ ဆေးဝါးတွေကို သုံးစွဲနိုင်သလို အစားအစာတွေကိုလည်း ရွေးချယ်စားသုံးဖို့ လိုပါတယ်။

ရောင်ရမ်းတာကို သက်သာစေမယ့် အစားအစာတွေကတော့👇👇👇

🍎 အသီးအမျိုးမျိုး
ခရမ်းချဉ်သီး၊ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီသီး၊ ချယ်ရီသီး၊ လိမ္မော်သီးတွေမှာ ဗီတာမင် စီ၊ ဗီတာမင် E စတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တဲ့အပြင် ရောင်ရမ်းတာကိုလည်း သက်သာစေပါတယ်။

🫒 သံလွင်ဆီ
သံလွင်ဆီမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတွေက အရောင်ကျစေတဲ့ အာနိသင် ရှိပါတယ်။

🥬 အစိမ်းရောင် အသီးအရွက်
ကန်စွန်းရွက်၊ ကညွတ် စတဲ့ အစိမ်းရောင် ရှိတဲ့ အသီးအရွက်တွေမှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ၊ အရောင်ကျစေတဲ့ အာနိသင်တွေပါ ရှိတဲ့အပြင် အခြား သတ္တုဓာတ်တွေလည်း ပေါကြွယ်ဝပါတယ်။

🥜 အစေ့အဆံ
ဗန်ဒါစေ့၊ သစ်ကြားစေ့ တွေမှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ၊ အရောင်ကျစေတဲ့ အာနိသင်တွေ ရှိတဲ့ အပြင် နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ၊ ဆီးချို ရောဂါတွေ ဖြစ်နိုင်ချေ လျော့ကျစေပါတယ်။

🐠 ငါးအမျိုးမျိုး
အဆီပါဝင်တဲ့ ဆော်လမွန်ငါး၊ တူနာငါး၊ မက်ကရယ် ငါးတွေမှာ အိုမီဂါ ပေါကြွယ်ဝတဲ့အတွက် ရောင်ရမ်းမှုတွေ လျော့ချပေးသလို နှလုံးကျန်းမာရေး၊ မျက်လုံးကျန်းမာရေးအတွက်လည်း အထောက်အကူ ဖြစ်စေပါတယ်။

👩‍⚕️ အခုပြောခဲ့တဲ့ အစားအစာတွေက ဒဏ်ရာတွေကို အရောင်ကျစေဖို့ ကူညီပေးသလို စိတ်ဖိစီးမှုနဲ့ သွေးလည်ပတ်မှုလည်း ကောင်းမွန်စေတဲ့အတွက်ကြောင့် နေ့စဉ် သင့်တင့်တဲ့ ပမာဏ စားသုံးပေးရင် အကျိုးကျေးဇူး ရရှိနိုင်ကြောင်း မျှဝေပေးလိုက်ရပါတယ်။

Photo credit - Harvard Health

❓ ခွဲစိတ်ကုသမလား❓စောင့်ကြည့်မလား❓👉 နေရာတိုင်း အချိန်တိုင်းမှာ ရွေးချယ်မှုဆိုတာ ရှိစမြဲပါ။ ဒီလိုပဲ ဆေးကုသမှုမှာလည်း 🔪 ခွဲ...
14/08/2025

❓ ခွဲစိတ်ကုသမလား❓စောင့်ကြည့်မလား❓

👉 နေရာတိုင်း အချိန်တိုင်းမှာ ရွေးချယ်မှုဆိုတာ ရှိစမြဲပါ။ ဒီလိုပဲ ဆေးကုသမှုမှာလည်း 🔪 ခွဲစိတ်ကုသမလား?? ဒါမှမဟုတ် စောင့်ကြည့်တဲ့ အခြေအနေနဲ့ပဲ ထိန်းထားမလား?? ဒီလို ရွေးချယ်ဖို့ ဖြစ်လာခဲ့ရင် သင်ဘာကို စဉ်းစားပြီး ရွေးချယ်မလဲ??

❇️ ရောဂါရဲ့အခြေအနေ
ခွဲစိတ်ကုသဖို့ လို/မလိုဆိုတာ လက်ရှိ ရောဂါရဲ့ အခြေအနေပေါ်မှာ မူတည်ပါတယ်။ တခါတရံ မဖြစ်မနေ ခွဲစိတ်မှ လူနာအတွက် အကျိုးရှိနိုင်တဲ့ အခြေအနေမျိုး ရှိနိုင်ပါတယ်။ ဥပမာ - နှလုံးသွေးကြောပိတ်လို့ stent ထည့်ဖို့ လိုတဲ့အခါ ခွဲစိတ်ဖို့ကို ရွေးချယ်ရပါတယ်။ တချို့ အခြေအနေမှာတော့ စောင့်ကြည့်ကုသခြင်းက ပိုအလေးသာတာလည်း ရှိနိုင်ပါတယ်။

❇️ လူနာရဲ့ ခံနိုင်ရည် ရှိမှု
ခွဲစိတ်ကုသမှုတွေဟာ အမျိုးမျိုး ရှိနိုင်သလို မေ့ဆေး၊ ထုံဆေးတွေ သုံးရတဲ့အခါ လူနာအနေနဲ့ ခံနိုင်ရည် ရှိ/မရှိ သတိထားရမှာပါ။ အထူးသဖြင့် အသက်ကြီးသူတွေ၊ ရောဂါအခံရှိသူတွေ၊ အားနည်းသူတွေနဲ့ တချို့အခြေအနေတွေမှာ ခွဲစိတ်ဖို့ မဖြစ်နိုင်တာလည်း ရှိနိုင်ပါတယ်။ ဒီလိုအချိန်မှာတော့ စောင့်ကြည့်ပြီး လက္ခဏာသက်သာဖို့အတွက်ပဲ ကုသရနိုင်ပါတယ်။

❇️ Timing ( အချိန်)
အချိန်ဟာ နေရာတိုင်းမှာ တန်ဖိုးမဖြတ်နိုင်တဲ့အရာ ဖြစ်သလို ဆေးကုသမှုမှာလည်း အချိန်ကို မေ့ထားလို့မရပါဘူး။ လက်တလော အချိန်မှာ ချက်ချင်း ခွဲစိတ်တာနဲ့ အချိန်တစ်ခု စောင့်ကြည့်ပြီးမှ ခွဲစိတ်တာဟာ ရနိုင်တဲ့ ကောင်းကျိုး ဆိုးကျိုး ကွဲပြားသွားနိုင်သလို မမျှော်လင့်ဘဲ အချိန်နောက်ကျသွားတာလည်း ဖြစ်နိုင်ပါတယ်။

❇️ ငွေကြေး ကုန်ကျမှု
ပုံမှန်အားဖြင့် ခွဲစိတ်ကုသတာဟာ ငွေကုန်ကြေးကျ များသလို လူနာနဲ့ မိသားစုဝင်တွေအတွက်လည်း အချိန်ခဏလေးအတွင်းမှာ ငွေကြေးနဲ့ ပတ်သက်ပြီး ဝန်ပိစေပါတယ်။ ဒီအချက်ကလည်း ထည့်စဉ်းစားဖို့ လိုအပ်ပါတယ်၊

❇️ ရေရှည် အကျိုးသက်ရောက်မှု
အခြေအနေအရ ခွဲစိတ်ကုသတာက အလေးသာနိုင်လား?? ရေရှည်မှာရော ဘယ်လို ထူးခြားနိုင်မလဲ?? စောင့်ကြည့်ရုံနဲ့ပဲလုံလောက်လား? ဒါတွေကို ထည့်စဉ်းစားဖို့ လိုပါတယ်။ တခါတရံ ခွဲစိတ်တာနဲ့ စောင့်ကြည့်တာက ရေတိုမှာ မသိသာပေမယ့် ရေရှည်မှာ သိသိသာသာ ကွာခြားသွားတာ ရှိနိုင်ပါတယ်။

👩‍⚕️ ကုသမှုတိုင်းမှာ ကောင်းကျိုးဆိုးကျိုးအမြဲဒွန်တွဲပြီး ရှိနိုင်သလို လူနာတစ်ဦးချင်းစီရဲ့ လိုအပ်ချက်ပေါ်မှာလည်း မူတည်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ဆရာဝန်ကို အချက်အလက် စုံစုံလင်လင် သေချာမေးမြန်းပြီး အကောင်းဆုံး ဆုံးဖြတ်နိုင်ဖို့လိုကြောင်း မျှဝေလိုက်ရပါတယ်ရှင်။

** အထူးကုဆရာဝန်ကြီးများနှင့် ဆေးခန်းပြသလိုပါက ကျေးဇူးပြု၍ တစ်ရက်ကြိုတင်ရက်ချိန်းရယူပေးပါရှင်**

📅 ကြိုတင်ရက်ချိန်းရယူရန်

📭 အမှတ်(၉၉)၊ လသာလမ်း(အပေါ်ဘလောက်)၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

☎ 09 408 992 244 // 09 408 992 255

📞 09 942 420 000 (Hotline)





Address

No. 99, Latha Street (Upper Block), Latha Township//အမှတ်(၉၉)၊ လသာလမ်း(အပေါ်ဘလောက်)၊ လသာမြို့နယ်၊ ရန်ကုန်မြို့
Yangon
11141

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+959942420000

Website

Alerts

Be the first to know and let us send you an email when Latha Nine Nine Specialist Clinic & Diagnostic Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Latha Nine Nine Specialist Clinic & Diagnostic Center:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram