03/11/2023
အသက် ၆လကနေ ၃နှစ်အတွင်း
ကလေးငယ်တွေကို ဘာနို့မှုန့်တိုက်သင့်လဲ❓
ကလေးအသက် ၆လအထိကတော့
ရင်သွေးငယ်တွေကို
မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးရတာ
မေမေတို့အားလုံးသိပြီးကြမှာပါ။
အသက် ၆လပြည့်တာနဲ့အမျှ
ကလေးကြီးထွားဖွံ့ဖြိုးမှု
ပိုမိုထိရောက်စေဖို့အတွက် မေမေတို့က
မိခင်နို့အပြင် နို့မှုန့် (သို့ )ဖြည့်စွက်စာလေးတွေကိုပါ
စပြီးကျွေးလာကြပါတယ်။
၆လပြည့်ပြီးကလေးတွေအတွက်
ဘယ်နို့မှုန့်တိုက်သင့်လဲ ဆိုတာ မေမေတို့
အများစုမေးလေ့ရှိတဲ့မေးခွန်းပါ။
စျေးကွက်ထဲမှာတော့ Pediasure, Dupro,
Kendamil, Similac စသဖြင့်
နို့မှုန့်ဖြည့်စွက်စာ brand မျိုးစုံရှိပါတယ်။
နို့မှုန့်တံဆိပ်တော်တော်များများကတော့
ကလေးရဲ့အသက်အရွယ်ပေါ်မူတည်ပြီး
ခွဲခြားထုတ်ထားပေးလေ့ရှိပါတယ်။
ကလေးနို့မှုန့်တိုက်တဲ့အခါ
စိတ်ချရတဲ့အမျိုးအစားဖြစ်ဖို့
အရေးကြီးပါတယ်။
ဘယ်အမျိုးအစားတိုက်သင့်သလဲဆိုတာက
တော့ စျေးနှုန်းနဲ့
ကလေးရဲ့နှစ်သက်မှုပေါ်မူတည်ပြီးမေမေ
တို့ ရွေးချယ်ပေးနိုင်ပါတယ်။
ကိုယ်ရွေးချယ်ထားတဲ့ နို့မှုန့်ဟာ
ကလေးအတွက် ကောင်း၊ မကောင်းကို
ဆရာဝန်နဲ့ တိုင်ပင်တာကတော့
အကောင်းဆုံးဖြစ်ပါတယ်။
နို့မှုန့်ဝယ်ယူတဲ့အခါ Expire date
ကိုပါသေချာကြည့်ပေးဖို့လိုပါတယ်။
သက်တမ်းလွန်နေတဲ့ နို့မှုန့်ဟာ
အာနိသင်လျော့ကျနိုင်သလို တစ်ခါတရံ
ကလေးအတွက် အန္တရာယ်လည်း
ရှိစေနိုင်ပါတယ်။
ဒါ့အပြင် နို့မှုန့်ရဲ့ ပါဝင်ပစ္စည်းတွေကိုပါ
လေ့လာသင့်ပါတယ်။ အထူးသဖြင့် သံဓါတ်၊
သတ္တုဓါတ်နဲ့ ဗီတာမင်အစုံအလင်
ဖြည့်စွက်ထည့်သွင်းပေးထားတဲ့ နို့မှုန့်မျိုးဆိုရင် ပိုကောင်းပါတယ်။
နို့မှုန့်အသစ်တစ်မျိုးစတိုက်ပြီဆိုတာနဲ့
ကလေးမှာ ဝမ်းလျှောတာ၊
အဖုလေးတွေပေါက်လာတာ
စသဖြင့်ဓါတ်မတည့်တဲ့လက္ခဏာတွေ ရှိ၊မရှိ
သတိထားစောင့်ကြည့်သင့်ပါတယ်။
ဘယ်နို့မှုန့်မျိုးမဆို
ကလေးတော်တော်များများနဲ့
အဆင်ပြေပေမယ့် ကိုယ့်ကလေးကျမှ
ဓါတ်မတည့်တာမျိုးလည်း
ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ
မေမေတို့အနေနဲ့ နို့မှုန့်ဘူးပေါ်မှာ
ရေးထားတဲ့ ပါဝင်ပစ္စည်းတွေထဲက
ဘယ်ပစ္စည်းကြောင့်
ကလေးဓါတ်မတည့်ရသလဲဆိုတာကို
ဆရာဝန်နဲ့တိုင်ပင်ပြီး
မှတ်သားထားသင့်ပါတယ်။