Pharmacy by m metta

Pharmacy by m metta For Wellness and Daily Needs

24/03/2023
20/03/2023

Omeprazole အကြောင်း သိကောင်းစရာ

Omeprazole ကို အစာအိမ်အနာကုဆေး အဖြစ် အသုံးပြုကြပါတယ်။ Proton Pump Inhibitors အုပ်စုထဲမှာပါပြီး အစာအိမ်မှ အက်စစ်တွေထွက်မလာအောင် တားဆီးပေးနိုင်ပါတယ်။ Omeprazole ကို အစာအိမ်အက်စစ် လွန်ကဲမှုကြောင့်ဖြစ်တဲ့ အစာအိမ်နှင့် အစာရေမြို ပြဿနာများအတွက် အသုံးပြုနိုင်ပါတယ်။ အစာအိမ်ကထုတ်တဲ့ အက်စစ်ကို လျော့နည်းစေတဲ့ အာနိသင်ရှိပါတယ်။ ဒီဆေးကို စားချဉ့်ပြန်ခြင်းကြောင့်ဖြစ်တဲ့ ရင်ပူခြင်း၊ ရင်ဘတ်ထဲ တစ်စို့စို့ဖြစ်ခြင်း၊ အစာအိမ်အက်စစ် ဆန်တက်ခြင်းကြောင့် ချောင်းဆိုးခြင်း၊ အစာအိမ်အက်စစ် လွန်ကဲခြင်းကြောင့် ဖြစ်တဲ့ အစာအိမ်အနာဖြစ်ခြင်း စတဲ့ ရောဂါတွေကို ကုသရာမှာ အသုံးပြုကြပါတယ်။
Omeprazole ဆိုတာ အစာအိမ်အက်စစ် ဆန့်ကျင်ဆေး (Antacids) မဟုတ်ပါဘူး။ Omeprazole ကို မသောက် ခင်မှာ ဆေးညွှန်းအား သေချာဖတ်ပါ။ တိတိကျကျ သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင်ပါ။ ဆရာဝန်ညွှန်ကြားချက် အတိုင်း သောက်သုံးသင့်ပါတယ်။ အစာမစားခင် သောက်ပေးရပါမယ်။ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ဆေးပမာဏ တိုးခြင်း၊ မကြာခဏ သောက်ခြင်းများ မပြုလုပ်ပါနဲ့။ ဆေးကို ဝါးစားတာ၊ ကြိတ်ခြေတာမျိုး မလုပ်ဘဲ ရေနဲ့ အလုံးလိုက် မျိုချပြီး သောက်သုံးပေးပါ။ ဆေးကို အာနိသင်ကောင်းကောင်း ရစေဖို့ မှန်မှန်သောက်သုံးဖို့လဲ လိုပါတယ်။ ဆရာဝန်ညွှန်ကြားချက်မပါဘဲ သောက်သုံးပါက ၁၄ ရက်ထက် ကျော်၍ မသောက်သင့်ပါ။ ဤဆေးကို ရေရှည်စွဲသောက်ပါက နှလုံးရောဂါဖြစ်နိုင်ချေကို မြင့်တက်စေပါတယ်။
ကိုယ်ဝန်ဆေါင်မိခင် (သို့) နို့တိုက်မိခင်များ၊ အရိုးပွ (အရိုးရောဂါ)၊ အတက်ရောဂါ၊ အသည်း‌ရောဂါရှိ သူများ၊ သွေးတွင်း မဂ္ဂနီဆီယမ်ဓါတ်နည်းသူများ သောက်သုံးမယ်ဆိုရင်တော့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ရန် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ Omeprazole မှာလဲ ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ များသောအားဖြင့် အဖျားတက်၊ တုပ်ကွေးလက္ခဏာ ကဲ့သို့ နှာစေး၊ နှာချေ၊ လည်ချောင်းနာ၊ ဗိုက်အောင့်၊ မအီမသာ၊ အော့အန်၊ ဝမ်းပျက် ဝမ်းလျှော၊ ခေါင်းကိုက် တာမျိုးတွေ ခံစားရနိုင်ပါတယ်။



ဒီဆေးလေးကို ကျွန်မတို့ M Metta Essential Mart မှာ ဝယ်ယူရရှိနိုင်ပါတယ်ရှင်။
📞09-883361116/ 01-7507528 သို့ဆက်သွယ်မှာယူနိုင်သလို အမှတ် ၁၃၁၊ အင်းယားလမ်း၊ ၁၀ ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန် သို့လည်းလာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်

Glucernaဆီးချိုနို့မှုန့်👉🏻ဆီးချိုသွေးချိုရောဂါရှိသူများအတွက် သိပ္ပံနည်းကျ ဖော်စပ်ထားသည့် 🥛💪🏻ပြည့်စုံမျှတသောအာဟာရကိုပေးစ...
13/03/2023

Glucernaဆီးချိုနို့မှုန့်

👉🏻ဆီးချိုသွေးချိုရောဂါရှိသူများအတွက် သိပ္ပံနည်းကျ ဖော်စပ်ထားသည့် 🥛💪🏻ပြည့်စုံမျှတသောအာဟာရကိုပေးစွမ်းနိုင်ပြီး၊ ⭐️သွေးတွင်းသကြားဓာတ်ထိန်းညှိပေးသည့် Glucerna နှင့် အာဟာရမှုန့်များကို M Metta ဆိုင်တွင်ဝယ်ယူရရှိနိုင်ပါပြီနော်....

"သွေးတွင်းသကြားဓာတ်တည်ငြိမ်ဖို့
နေ့စဥ်ပုံမှန်🥛မနက်၁ကြိမ်၊ 🥛ည ၁ကြိမ် Glucerna ကို သောက်ကြပါစို့"

Glucerna 850g (vanilla) [exp: 8/12/2024] -Ks 91,600
Glucerna 400g (vanilla) [exp: 4/12/2023] -Ks 44,800

(Cash,K pay,AYA pay,MPU,Visa,Master card)နဲ့ စိတ်တိုင်းကျငွေချေလို့ရနေပါပြီနော်

ဆိုင်မှာလာရောက်အားပေးလိုတဲ့ Customer များအတွက် …

🛒 M Mettā Essential Mart
အမှတ် ၁၃၁၊ အင်းယားလမ်း၊ ၁၀ ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်

📞09-88336116
01-7507528

Metta

အောက်ဖော်ပြပါ Expiry Date နီးဆေးလေးများကို ဈေးချပြီး ကျွန်မတို့ M Metta Essential Mart မှာ ရောင်းချပေးနေပါတယ်ရှင့်။ လတ်တ...
10/03/2023

အောက်ဖော်ပြပါ Expiry Date နီးဆေးလေးများကို ဈေးချပြီး ကျွန်မတို့ M Metta Essential Mart မှာ ရောင်းချပေးနေပါတယ်ရှင့်။ လတ်တလော နေ့စဉ်မပြတ် သုံးစွဲနေရသူများ ဝယ်ယူ သောက်သုံးနိုင်ပါတယ်ရှင့်။ Expiry Date နှင့် တကွ ဈေးနှုန်း၊ ပစ္စည်းအရေအတွက်လေးပါ ဖော်ပြပေးထားပါတယ်နော်။
(1) Duzela 20 (Exp:31-03-2023)= Ks4,650/box (Stock- 1 box)
(2) ENAM 5 mg (Exp:31-03-2023)=Ks555/card (Stock-10 cards)
(3) LSP CLOXATIN DRY SYRUP 125MG 60ML (Exp:24-03-2023)=Ks925/bot (Stock-3 bots)
(4) SPORIDEX SUSPENSION 60ML (Exp:31-03-2023)=Ks1,125/bot (Stock-3 bots)
(5) STAMLO 5MG TAB (Exp:31-03-2023)=Ks605/card (Stock-14 cards)
(6) MEGA NAT B CAPSULE (Exp:20-Mar-2023)=Ks1,392/card (Stock-4 cards)
(7) Duzela 30 (Exp:29-Apr-2023)=Ks11,690/box (Stock-1 box)
(8) Febo-G 80mg (Exp:30-Apr-2023)=Ks9,450/box (Stock-3 boxes)
(9) MINIDIAB 5 MG TAB (Exp:28-Apr-2023)=Ks9,100/box (Stock-1 box)
(10) NORVASC 5MG AMLODIPINE TAB (Exp:29-Apr-2023)=Ks20,300/box (Stock-1 box)
(11) Ranferon-12 Cap (Exp:29-Apr-2023)=Ks2,240/box (Stock-2 boxes)
(12) Dicorate ER 250 Divalproex 250mg (Exp:31-May-2023)=Ks7,880/box (Stock-1 box)
(13) GLYCOMET 1000 SR TABS (Exp:31-May-2023)=Ks6,800/box (Stock-1 box)
(14) Ketasma 1mg (Exp:31-May-2023)=Ks736/card (Stock-9 cards)
(15) Aroflo - 250 Inhaler (Exp:31-May-2023)=Ks12,000/bot (Stock-1 bot)
(16) Noklot 75mg 3*10 (Exp:31-May-2023)=Ks2,800/card (Stock- 1 card)
(17) Pantocid 40mg (Exp:28-May-2023)=Ks2,272/card (Stock-5 cards)
(18) Pioglit 15 (Exp:31-May-2023)=Ks5,440/box (Stock-2 boxes)
(19) Telma 40mg (Exp:31-May-2023)=Ks3,347/card (Stock-2 cards)
(20) UDIHEP FORTE TABLETS (Exp:31-May-2023)=Ks34,160/box (Stock-2 boxes)
(21) Flexofytol Joints Muscles &Tendons 42mg (Exp:31-May-2023)=Ks21,600/box (Stock-1 box)
(22) AIR X DROP 15ML (Exp:13-May-2023)=Ks2,040/bot (Stock-12-bots)
(23) Clarityn loratadine 10mg Tablet (Exp:5-May-2023)=Ks4,200/box (Stock-1 box)
(24) MEGA NORMAGUT SACCHAROMYCES 250mg (Exp:28-May-2023)=Ks14,960/box (Stock-1 box)
(25) GETZ TREVIAMET 50MG+500MG (Exp:31-May-2023)=Ks12,800/box (Stock-1 box)
(26) Supirocin Cream 5g (Exp:31-May-2023)=Ks2,840/bot (Stock-3 bots)
(27) CYPROCAL SYRUP 120ML (Exp:31-May-2023)=Ks2,160/bot (Stock-2 bots)

(Cash, K pay, AYA pay, MPU, Visa, Master card)နဲ့ ငွေချေလို့ရပါတယ်ရှင့်❤️❤️
🛒 M Mettā Essential Mart
အမှတ် ၁၃၁၊ အင်းယားလမ်း၊ ၁၀ ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။
📞09-883361116
01-7507528

💥USA made ဖြစ်တဲ့ Red Yeast Rice  လေးဈေးကျသွားပြီနော်🥰Red Yeast Rice❤️Red Yeast Rice အနီရောင်ဆန်ကို သောက်သုံးြခင်းဖြင့် ...
16/02/2023

💥USA made ဖြစ်တဲ့ Red Yeast Rice လေးဈေးကျသွားပြီနော်🥰

Red Yeast Rice❤️

Red Yeast Rice အနီရောင်ဆန်ကို သောက်သုံးြခင်းဖြင့် သွေးတွင်းအဆီနှင့် သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်ခြင်း၊ အသည်း၏လုပ်ဆောင်ချက်ကို အားကောင်းစေခြင်း၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးကာ ကိုလက်စထရောကို လျှော့ချခြင်း၊ သွေးတိုးခြင်းကိုလည်းကာကွယ်ပေးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာ ဖြစ်ပါတယ်ရှင့်။

💥USA mdae Red Yeast Rice ကို M Metta ဆိုင်မှာဝယ်ယူရရှိနိူင်ပါပီရှင့်😍😍

ယခင်ဈေး=Ks 63,000/bot
ယခုဈေး = Ks 45,000/bot

(Cash,K pay,AYA pay,MPU,Visa,Master card)နဲ့ စိတ်တိုင်းကျငွေချေလို့ရနေပါပြီနော်❤️❤️

🛒 M Mettā Essential Mart
အမှတ် ၁၃၁၊ အင်းယားလမ်း၊ ၁၀ ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။

📞09-883361116
01-7507528

💥USA made ဖြစ်တဲ့ Fish Oilလေးဈေးကျသွားပီနော်🥰Fish Oil❤️(Fish Oil) နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း ၊ ရောင်ရမ်းမှုကိ...
16/02/2023

💥USA made ဖြစ်တဲ့ Fish Oilလေးဈေးကျသွားပီနော်🥰

Fish Oil❤️

(Fish Oil) နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း ၊ ရောင်ရမ်းမှုကို လျှော့ချပေးခြင်း ၊ နှလုံးသွေးကြောကျဥ် ရောဂါဖြစ်စေတတ်သော သွေးတွင်းရှိ မကောင်းသော ကိုလက်စရောလျှော့ချပေးခြင်း ၊ အသက်အရွယ် ရလာတဲ့အခါ အမြင်အာရုံ အားကောင်းစေခြင်း ၊ အာရုံကြော အားကောင်းစေခြင်း ။

USA made Fish Oil ကို M Metta ဆိုင်မှာဝယ်ယူရရှိနိူင်ပါပီရှင့်😍😍

ယခင်ဈေး =Ks 35,000/bot
ယခုဈေး =Ks 32,000/bot

(Cash,K pay,AYA pay,MPU,Visa,Master card)နဲ့ စိတ်တိုင်းကျငွေချေလို့ရနေပါပြီနော်❤️❤️

🛒 M Mettā Essential Mart
အမှတ် ၁၃၁၊ အင်းယားလမ်း၊ ၁၀ ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။

📞09-883361116
01-7507528

VISTRA Acerola Cherry 1000mgလေးဈေးကျသွားပီနော်😍အရင်ဈေး=ks 24,500/botယခုဈေး =ks 21,500/bot
09/02/2023

VISTRA Acerola Cherry 1000mgလေးဈေးကျသွားပီနော်😍
အရင်ဈေး=ks 24,500/bot
ယခုဈေး =ks 21,500/bot

VISTRA ကထုတ်လုပ်ထားတဲ့ 🍒🍒Acerola Cherry လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ရှင့်

🍒 Acerola Cherry(ချယ်ရီသီး)

Acerola Cherry သီးဟာ အသီးအနှံတွေထဲမှာမှ Vitamin C အကြွယ်ဝဆုံးအသီးတစ်မျိုးဖြစ်ပါတယ်။

🍒Acerola Cherry တစ်လုံးမှာပါဝင်တဲ့ Vitamin C ပမာဏက လိမ္မော်သီးတစ်လုံးမှာပါဝင်တဲ့ ပမာဏထက် ၉ ဆတောင်ပိုများပါတယ်။

ဒါ့ကြောင့် Vitamin C ကိုကျန်းမာရေးအတွက်ဖြစ်စေ၊ အသားအရေကြည်လင်စိုပြေစေဖို့ဖြစ်စေ နေ့စဉ်ဖြည့်စွက်စာအနေနဲ့ ရွေးချယ်တော့မယ်ဆိုရင် Acerola Cherry ကနေထုတ်လုပ်ထားတဲ့ Vit-C က ရွေးချယ်ဖို့ဦးစားအပေးသင့်ဆုံးပါပဲရှင်😘😍

Acerola Cherry (14/6/23)=ks 24,500/bot

(Cash,K pay,AYA pay,MPU,Visa,Master card)နဲ့ စိတ်တိုင်းကျငွေချေလို့ရနေပါပြီနော်❤️❤️

🛒 M Mettā Essential Mart
အမှတ် ၁၃၁၊ အင်းယားလမ်း၊ ၁၀ ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။

📞09-883361116
01-7507528

ဆီးချိုသမားတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Diabetasol နို့မှုန့်နဲ့ ရိုးရိုးသာမန်နို့မှုန့်နဲ့ ဘာကွာလဲဆိုတဲ့ အကြောင်းလေးက...
06/02/2023

ဆီးချိုသမားတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Diabetasol နို့မှုန့်နဲ့ ရိုးရိုးသာမန်နို့မှုန့်နဲ့ ဘာကွာလဲဆိုတဲ့ အကြောင်းလေးကို ပြောပြပေးပါ့မယ်ရှင့်
❌ ဆီးချိုရောဂါရှိတဲ့လူတယောက်က ရိုးရိုးသာမန်နို့မှုန့်တွေ သောက်ဖို့မသင့်ဘူးဆိုတာကို သိထားရပါမယ်။
👉 ဆီးချိုရောဂါဆိုတာ ခန္ဓာကိုယ်ကသွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင်လုပ်ပေးတဲ့ Insulin ဟော်မုန်းက အလုပ်မလုပ်တော့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှိတဲ့လူတယောက်က ကိုယ်စားလိုက်တဲ့ အစားအစာထဲမှာ သကြားဓာတ်ပမာဏကို သေချာလေးထိန်းချုပ်ပြီးတော့ စားဖို့လိုအပ်ပါတယ်။
👉 ဒါ့အပြင် ဆီးချိုသမားတယောက်ရဲ့ သွေးထဲမှာ မကောင်းတဲ့အဆီဓာတ်တွေ Cholesterol တွေက မြင့်မားနေတတ်ပါတယ်။ ဒါကြောင့်လည်း သကြားဓာတ်တွေအပြင် စားတဲ့အစားအစာထဲမှာ Cholesterol ကိုမြင့်မားစေတဲ့ မကောင်းတဲ့ အဆီဓာတ်တွေ မပါဖို့ရာ လိုအပ်ပါတယ်။
👉 ရိုးရိုးသာမန်နို့မှုန့်တွေမှာဆိုရင် သကြားပါဝင်မှုတွေ အဆီပါဝင်မှုတွေ မြင့်မားရုံမကပါဘူး Carbohydrate ပါဝင်မှုတွေကလည်း မြင့်မားတတ်ပါတယ်။ ဆီးချိုသမားတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Diabetasol နို့မှုန့်မှာဆိုရင် သကြားပါဝင်မှု၊ မကောင်းတဲ့အဆီပါဝင်မှုတွေ မရှိစေဖို့ရာနဲ့ သွေးတွင်းသကြားဓာတ်တက်နှုန်းကို နှေးစေပြီးတော့ သွေးတွင်းအချိုဓာတ်ကို ထိန်းညှိပေးနိုင်တဲ့ အာဟာရဓာတ်တွေ ပြည့်စုံမျှတစွာ ပါဝင်ပါတယ်။
👉 Vita Digest Formula နဲ့ ထုတ်လုပ်ထားတဲ့ အတွက် သွေးတွင်းသကြားဓာတ်တက်နှုန်းကို နှေးစေပြီး သွေးတွင်းအချိုဓာတ်ကို ထိန်းညှိပေးနိုင်ခြင်းကြောင့် တက်ကြွလန်းဆန်းမှုနှင့် ဆာလောင်မှုဒဏ်ကို ခံနိုင်ရည်ရှိကာ အားအင်ပြည့်ဝစေပါတယ်။
👉 Diabetasol ကို ထမင်းအစားထိုးသောက်မယ်ဆိုရင် Diabetasol (၄) ဇွန်းကို ရေ (200ml) နဲ့ဖျော်ပြီး သောက်သုံးနိုင်ပြီး အဆာပြေအနေနဲ့ သောက်မယ်ဆိုရင် Diabetasol (၂) ဇွန်းကို ရေ (100ml) နဲ့ဖျော်ပြီး သောက်သုံးနိုင်ပါတယ်။
👉 Diabetasol ကို မနက်၊ ည သောက်သုံးနိုင်ပြီး မနက်ပိုင်း (၁)ခွက် သောက်သုံးမယ်ဆိုပါက ဆီးချိုသမားတယောက်အတွက် တနေ့တာလိုအပ်တဲ့ စွမ်းအင်ကို ရရှိနိုင်မှာဖြစ်သလို ညအိပ်ယာဝင်မှာ (၁)ခွက် သောက်တာကလည်း ဆီးချိုသမားတွေ ဖြစ်လေ့ရှိတဲ့ Hypoglycemia လို့ခေါ်တဲ့ သွေးတွင်းသကြားဓာတ် လျော့နည်းလွန်ပြီး ချွေးစီးပြန်တာမျိုး၊ မူးဝေတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
👉 Diabetasol မှာ သွေးတိုးစေတဲ့ Sodium ပါဝင်မှုနည်းတဲ့အတွက် သွေးတိုးရောဂါရှိတဲ့သူတွေလည်း သောက်သုံးလို့ရနိုင်ပါတယ်။
ဒါ့အပြင် ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေလည်း သောက်သုံးလို့ရပါတယ်။

Diabetasol နို့မှုန့်လေးကို ကျွန်မတို့ M Metta Essential Mart မှာ ဝယ်ယူ
ရရှိနိုင်ပါပီရှင့်❤️

Diabetasol powder chocolate 180g(07-07-2023)=Ks 20,700/bot

Diabetasol powder vanilla 180g(21-07-2023)=Ks 20,700/bot

(Cash,K pay,AYA pay,MPU,Visa,Master card)တို့နဲ့ငွေချေလို့ရနေပါပြီရှင့်❤️❤️

🛒 M Mettā Essential Mart
အမှတ် ၁၃၁၊ အင်းယားလမ်း၊ ၁၀ ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။

📞09-883361116
01-7507528

Vitamin CVitamin C ဟာ ရေမှာ ပျော်ဝင်နိုင်တဲ့ အမျိုးအစားဖြစ်ပြီး  ချဉ်တဲ့ အသီးအရွက်တွေကနေ အများဆုံးရပါတယ်။ (ဥပမာ ရှောက်သီ...
03/02/2023

Vitamin C

Vitamin C ဟာ ရေမှာ ပျော်ဝင်နိုင်တဲ့ အမျိုးအစားဖြစ်ပြီး ချဉ်တဲ့ အသီးအရွက်တွေကနေ အများဆုံးရပါတယ်။ (ဥပမာ ရှောက်သီး၊ သံပုရာသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီ)။ Vitamin C ကို ခန္ဓာကိုယ်က မထုတ်လုပ်နိုင်တဲ့အတွက် ပြင်ပက အစားအစာတွေမှ တဆင့် ရယူရခြင်း ဖြစ်ပါတယ်။ တစ်နေ့တာအတွက် Vitamin C လိုအပ်ချက်ကတော့ အရွယ်ရောက် ပြီးသား အမျိုးသမီး တစ်ယောက်အတွက် 75 mg နဲ့ အမျိုးသားအတွက်ကတော့ 90 mg ပဲ ဖြစ်ပါတယ်။
Vitamin C ကို သောက်သုံးခြင်းဖြင့် နာတာရှည် ရောဂါများ ဖြစ်ပွားမှုကို လျှော့ချပေးခြင်း၊ သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း၊ နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချပေးခြင်း၊ Uric Acid ကို နည်းစေခြင်း၊ သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းခြင်း မဖြစ်အောင် ကာကွယ်ပေးခြင်း၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း၊ မှတ်ဉာဏ်ချို့ယွင်းမှုကို ကာကွယ်ပေးခြင်း စတဲ့ ကောင်း ကျိုးတွေ ရရှိမှာ ဖြစ်ပါတယ်။
Vitamin C ကို တစ်နေ့ အများဆုံး 2000 mg ထက် ပိုမသောက်သင့်ပါဘူးနော်။ Vitamin C က ရေမှာ ပျော်ဝင်တဲ့ Vitamin ဖြစ်တဲ့အတွက် သွေးထဲမှာ များလာရင် ဆီးထဲကနေတစ်ဆင့် စွန့်ထုတ်လို့ရပါတယ်။ Vitamin C ကို လိုအပ်တာထက် ပိုမိုသောက်သုံးပါက အသက်အန္တရာယ် ဖြစ်စေနိုင်လောက်အောင်ထိ မပြင်းထန်ပေမယ့် ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ရင်ပူခြင်း၊ ဗိုက်ရစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း စတဲ့ လက္ခဏာတွေအပြင် သံဓာတ်စုပ်ယူမှုကို အားပေးတဲ့အတွက် ခန္ဓာကိုယ်တွင် သံဓာတ်ပုံလာခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ “တန်ဆေး၊ လွန်ဘေး” ဆိုသည့် စကားအတိုင်း မည်သည့်အရာမဆို ချင့်ချင့်ချိန်ချိန် ဖြင့် လုပ်ဆောင်သင့်ပါတယ်နော်။
Vitamin C မျိုးစုံကိုတော့ ကျွန်မတို့ M💕Metta Essential Mart (အင်းလျားလမ်း) မှာ ဝယ်ယူရရှိနိုင်ပါပီရှင့်။

🛒 M💕Mettā Essential Mart
အမှတ် ၁၃၁၊ အင်းယားလမ်း၊ ၁၀ ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။

📞09-883361116
01-7507528

Address

131, Inya Road
Yangon
11041

Opening Hours

Monday 08:30 - 18:30
Tuesday 08:30 - 18:30
Wednesday 08:30 - 18:30
Thursday 08:30 - 18:30
Friday 08:30 - 18:30
Saturday 08:30 - 18:30
Sunday 08:30 - 18:30

Telephone

+959883361116

Website

Alerts

Be the first to know and let us send you an email when Pharmacy by m metta posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Pharmacy by m metta:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram