AUNG

AUNG ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းပါသည်။

🌟 အဲကွန်း မရှိဘဲ နွေရာသီကို ဘယ်လိုဖြတ်ကျော်မလဲ။နွေရာသီရောက်လာပြီဆိုကတည်းက အိမ်တိုင်းမှာ အဲကွန်း တွေ၊ ပန်ကာတွေကို ပြန်ပြီ...
28/03/2022

🌟 အဲကွန်း မရှိဘဲ နွေရာသီကို ဘယ်လိုဖြတ်ကျော်မလဲ။

နွေရာသီရောက်လာပြီဆိုကတည်းက အိမ်တိုင်းမှာ အဲကွန်း တွေ၊ ပန်ကာတွေကို ပြန်ပြီး အသုံးပြုလာရပါပြီ။ အထူးသဖြင့် အဲကွန်းက ထွက်တဲ့ လေအေးအေးက နေလို့ကောင်းပြီး အင်မတန်မှ သက်သောင့်သက်သာရှိလှပါတယ်။ ဒါပေမယ့် မီတာငွေ ပိုမိုကုန်ကျမှာ စိုးရိမ်တာကြောင့်ပဲဖြစ်ဖြစ်၊ ကိုယ့်ကျန်းမာရေးကြောင့်ပဲဖြစ်ဖြစ် အဲကွန်းကို ဆက်တိုက် မဖွင့်ချင်တဲ့အခါ အောက်ပါနည်းလမ်းတွေကို အသုံးပြုလို့ရပါတယ်။ အိမ်မှာ အဲကွန်းမရှိဘူးဆိုရင်လည်း ခုပြောမယ့် နည်းလမ်းတွေက အသုံးဝင်နေဦးမှာပါပဲ။

အဲကွန်း မရှိဘဲ နွေရာသီကို ဖြတ်ကျော်နိုင်စေဖို့
အပူချိန်များတာက အပူလျှပ်တာလိုမျိုး ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်တာကြောင့် တတ်နိုင်သမျှ ကိုယ်တွင်းကိုယ်ပ အပူချိန်ကို လွန်ကဲမလာအောင် ထိန်းဖို့ လိုပါတယ်။ စရိတ်နည်းနည်းနဲ့ အပူဒဏ်ကို အံတုဖို့ဆိုရင်

👉 နေ့ဘက်မှာ လိုက်ကာတွေကို ပိတ်ထားပါ

အေးချင်ပါတယ်ဆိုမှ လိုက်ကာတွေလာပိတ်နေခိုင်းရသလားလို့ အပြောမစောပါနဲ့ဦး။ နွေရာသီမှာ လိုက်ကာတွေဖွင့်ထားတာက နေရောင်ခြည်ကို အိမ်ထဲတိုက်ရိုက်ကျစေပြီး အိမ်တွင်းအပူချိန်ကို တက်စေပါတယ်။ ရုတ်တရက်ဆို မှန်လုံအိမ်နဲ့ တူနေပါတယ်။
ဒါကြောင့် နေ့ဘက်မှာ လိုက်ကာတွေကို ပိတ်ထားပါ။ ဒါပေမယ့် ပြတင်းပေါက်တွေကို ဖွင့်ထားပါ။ ဒါဆိုရင် လေပဲဝင်ပြီး နေထိုးတော့မှာ မဟုတ်ပါဘူး။ လိုက်ကာတွေကို အပူစုပ်တဲ့ ခပ်မှိုင်းမှိုင်းအရောင်တွေ သုံးနိုင်ပါတယ်။

👉 မီးတွေကို မလိုရင် ပိတ်ထားပါ။

မီးလုံး၊ မီးချောင်းတွေက အလင်းရောင်တင် ပေးတာမဟုတ်ပါဘူး။ ကြာလာရင် အပူချိန်ပါတက်ပြီး အိမ်ခန်းတွင်းမှာ ပူအိုက်လာပါတယ်။ ဒါကြောင့် မီးလုံး၊ မီးချောင်းတွေကို မလိုရင် ပိတ်ထားလိုက်ပါ။
ပွပွချောင်ချောင် အဝတ်တွေကို ဝတ်ဆင်ပါ။
ပွပွချောင်ချောင်နဲ့ ချွေးစုပ်တဲ့ ချည်သားအဝတ်အထည်တွေကို ဝတ်ဆင်ပါ။ အမျိုးသမီးတွေအနေနဲ့ အိမ်မှာနေရင် တတ်နိုင်သမျှ အတွင်းခံဝတ်တာကို လျှော့ပါ။

👉 ရေသောက်ပါ။

ဒါကတော့ ဆာဆာမဆာဆာ သောက်ရပါမယ်။ ချွေးထွက်တာကြောင့် ရေဓာတ်ဆုံးရှုံးမှုက သာမန်အချိန်ထက် ပိုများပါတယ်။ အချိုရည်တွေထက်စာရင် ရေ၊ ဓာတ်ဆားရည်၊ အချိုလျှော့ထားတဲ့ သဘာဝသစ်သီးဖျော်ရည်တွေကို သောက်ပေးပါ။ သာမန်ရေထက် ခပ်အေးအေး ရေကို သောက်ပေးနိုင်ပါတယ်။
ရေသောက်တာအပြင် သစ်သီးတွေကို ရေခဲသေတ္တာထဲမှာ ထည့်ပြီး စားတာ၊ ဖျော်ရည်တွေကို ရေခဲတုံးလေးတွေ ခဲပြီး စားတာ စတာကလည်း ရေဓာတ်ဖြည့်ဖို့ အထောက်အကူ ဖြစ်ပါတယ်။

👉 ကိုယ်တွင်းအပူချိန်ကို လျှော့ချပါ။

ဒါက အပူလျှပ်တဲ့ လူနာတွေမှာ သုံးတဲ့နည်းလမ်းပါ။ ကိုယ်တွင်းအပူချိန်ကို အမြန်ချနိုင်မယ့် နည်းလမ်းတစ်ခုပါ။ ပဝါအသေး ၆ခုကို ရှာပြီး ရေထဲ နှစ်ထားပါ။ ရေညှစ်ပြီး လည်ပင်း မေးရိုးအောက် ဘယ်ညာ၊ ချိုင်းကြား ဘယ်ညာ၊ ပေါင်ခြံ ဘယ်ညာမှာ ကပ်ထားပါ။ ရေခြောက်သွားရင် ထပ်ကပ်နိုင်ပါတယ်။
သက်သောင့်သက်သာလေး လှဲပြီး ရေဝတ်လေးတွေ ကပ်နေတာကလည်း ကိုယ်တွင်းအပူချိန်ကို ကျစေပါတယ်။

👉 ရေချိုးပါ။

အများစုက အရင်လို မြစ်စပ်ကမ်းစပ်မှာ မဟုတ်ဘဲ အိမ်မှာပဲ ချိုးကြတာဆိုတော့ ဘယ်အချိန်ချိုးချိုး ရပါတယ်။ နေပူထဲက ပြန်လာလာချင်းသာ မချိုးပါနဲ့။ ရေချိုးတဲ့အခါ ရေပန်း ဒါမှမဟုတ် ခွက်နဲ့ ဖြည်းဖြည်းလောင်းချပြီး အေးဆေးချိုးပါ။ ရိုးရိုးရေ သုံးရင် ရပါပြီ။ ရေခဲရေ မသုံးရပါ။
ညအိပ်ခါနီးရင်လည်း အေးအေးလေး အိပ်ရအောင် ချိုးနိုင်ပါတယ်။ လူကြီးတွေက ရေချိုးရမှာ ကြောက်ရင် ရေပတ်ဝတ် ရွှဲရွှဲသုတ်ပေးပါ။

👉 ဆံပင်စည်းထားပါ။

အထူးသဖြင့် အမျိုးသမီးတွေပါ။ ဆံပင်ကို ခပ်ပွပွနဲ့ ဂုတ်မှာ ရှုပ်မနေအောင် စည်ထားပါ။ မဟုတ်ရင် ဂုတ်နဲ့ လည်ပင်းမှာ အပူအောင်းပြီး ချွေးထွက်တတ်လို့ပါ။ ဒီကနေမှတဆင့် မိတ်ဖုတွေ ပေါက်လာနိုင်ပါတယ်။ ညအိပ်ရင်လည်း ဆံပင်ကို ခပ်ဖွဖွ ထုံးပြီး ဂုတ်မှာ ရှင်းနေအောင် ထားပြီး အိပ်ပါ။

👉 ညဘက်မှာ ပြတင်းပေါက်တွေ ဖွင့်ထားပါ။

ဒီတစ်ခါတော့ ပြတင်းပေါက်ရော၊ လိုက်ကာရော ဖွင့်ထားလို့ ရပါပြီ။ နေဝင်ပြီး ညနေပိုင်းလောက်ကစပြီး ဖွင့်ထားနိုင်ပါတယ်။ တစ်နေ့တာ အိမ်ထဲက အပူတွေကို ညလေအေးလေးက ရှင်းထုတ်ပေးမှာပါ။
ခေါင်းအုံစွပ်ကို ရေခဲသေတ္တာထဲမှာ အအေးခံထားပါ။
ခေါင်းချလိုက်တာနဲ့ ပူတဲ့ ခံစားချက်မျိုး မခံစားချင်ဘူးဆိုရင် ခေါင်းအုံးစွပ်ကို အိတ်သန့်သန့်လေးနဲ့ ထည့်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားပါ။ နေ့ပိုင်းမှာ ထည့်ထားပြီး အိပ်ခါနီးကျ ပြန်ထုတ်၊ စွပ်လိုက်ရင် အေးအေးလူလူ အိပ်နိုင်ပါပြီ။ အခန်းအပူချိန်ကြောင့် အများစိုးရိမ်နေသလို ဦးနှောက်သွေးကြောပြတ်လောက်အောင် အေးခဲနေမှာ မဟုတ်လို့ စိတ်ပူစရာ မရှိပါဘူး။

👉 ပန်ကာလေကို အေးအောင် လုပ်ပါ။

ဒါက အဲကွန်း အစားထိုး နည်းလမ်းတစ်ခုပါ။ ရေခဲဇလုံ ဒါမှမဟုတ် ရေဇလုံ ဒါမှမဟုတ် ရေစိုထားတဲ့ အဝတ်ပါးပဲဖြစ်ဖြစ် ပန်ကာရှေ့မှာ ချထားပြီး လေမှုတ်ထားပါ။ ဒါဆို ပန်ကာက လာတဲ့လေက အနည်းနဲ့ အများတော့ အေးနေမှာပါ။ အဲကွန်းက ထွက်တဲ့ လေလောက် မအေးပေမယ့် သက်သောင့်သက်သာတော့ ဖြစ်မှာပါ။

👉 အီဂျစ်တွေရဲ့ နည်းလမ်းဟောင်း

ဒါက ကိုယ်အိပ်မယ့် အိပ်ရာခင်း ဒါမှမဟုတ် စောင်ကို ရေစွတ်ပြီး အေးအောင် လုပ်တာပါ။ ဒီက လူတွေလည်း သိပ်ပူတဲ့ နွေညမျိုးဆို လုပ်တတ်ကြပါတယ်။ ဒါပေမယ့် ရေစိုအဝတ်နဲ့ အိပ်တာက မနက်ကျရင် ကိုယ်လက်ကိုက်ပြီး နေမကောင်းဖြစ်တယ်လို့ ပြောကြပါတယ်။ ဒီလိုမဖြစ်အောင် နည်းလမ်းအမှန်ကို ပြောပြပေးပါ့မယ်။
ကိုယ်အိပ်မယ့် အိပ်ရာခင်း ဒါမှမဟုတ် စောင်အပါးကို ရေစိုရုံ ဖြန်းပြီး စိုထိုင်းထိုင်းဖြစ်သည်အထိ အခြောက်ခံပါ။ ဖျာဆိုရင်လည်း ရေဖြန်းပြီး ပြန်သုတ်ပါ။ သိပ်စိုလွန်း သိပ်ခြောက်လွန်း အစွန်းနှစ်ဖက်ကို ရှောင်ရပါမယ်။ ပြီးမှ ဒါကို ခင်းအိပ်တာ၊ ခြုံအိပ်တာ လုပ်ရပါမယ်။ ရေစွတ်ထားတဲ့ အိပ်ရာမှာ အိပ်မယ်ဆို ပန်ကာကို လျှော့ရပါမယ်။ ကိုယ်တွင်းအပူချိန်ကြောင့် မကြာခင်မှာ ခြောက်သွားမှာပါ။ ဒီမတိုင်ခင်တော့ အေးအေးလေး အိပ်ရတာပေါ့။
ဒီလိုဆို အေးအေးလေး အိပ်ရပြီး မနက်ကျရင် နေမကောင်းဖြစ်မှာလည်း မဟုတ်တော့ပါဘူး။

Crd - Hello ဆရာဝန်

Pregnancy & Ultrasound ကိုယ်ဝန်နှင့် အာထရာဆောင်း 🔹🔹🔹🔹🔹🔹🔹🔹🔹✅အာထရာဆောင်းဆိုသည်မှာအာထရာဆောင်းသည် စက်မှအသံလှိုင်း ကို ခန္ဓာက...
27/03/2022

Pregnancy & Ultrasound
ကိုယ်ဝန်နှင့် အာထရာဆောင်း
🔹🔹🔹🔹🔹🔹🔹🔹🔹

✅အာထရာဆောင်းဆိုသည်မှာ

အာထရာဆောင်းသည် စက်မှအသံလှိုင်း ကို ခန္ဓာကိုယ်ထဲသို့ စေလွှတ်ပြီး ပြန်လာသော ပဲ့တင်သံကိုသုံး၍ ပုံဖော်ကြည့်ခြင်းဖြစ်ပါသည်။ ဓာတ်မှန်နှင့်မတူသည်က ဓာတ်ရောင်ခြည်သုံး၍ ရိုက်ခြင်းမဟုတ်ပါ။

✅အာထရာဆောင်းက တိကျသောအဖြေပေးနိုင်သလား။

အာထရာဆောင်းကပေးသော အဖြေက ရိုက်ထားသော ပုံရိပ်/ဓာတ်ပုံပေါ်မူတည်သည်။ အာထရာဆောင်းကပေးသော ပုံရိပ်/ဓာတ်ပုံသည် စက်ကိုင်သူ၏ လက်အနေအထား၊ ကျွမ်းကျင်မှု၊ အတွေ့အကြုံတို့အပေါ်မူတည်ပါသည်။

✅အာထရာဆောင်းရိုက်ဖို့ ပြင်ဆင်ခြင်း

အာထရာဆောင်း၏ အသံလှိုင်းက ရေဓာတ်ကို ပို ဖြတ်သန်းနိုင်၍ ဆီးအိမ်ပြည့်နေဖို့လိုသည်။ မရိုက်ခင် တစ်နာရီ ရေများများ သောက်ထားရသည်။ ရိုက်သူက ဗိုက်ပေါ် ဂျယ်တစ်မျိုးသုတ်၍ လက်ကိုင်စက်လေးသုံးပြီး ရိုက်မည်။ နာရီဝက်လောက်ကြာနိုင်သည်။

တခါတရံ ဗိုက်ပေါ်မှရိုက်၍ ပုံရိပ်ဖမ်းယူဖို့ အဆင်မပြေလျှင် (ဥပမာ အူထဲတွင် လေများနေလျှင်) မိန်းမကိုယ်ထဲသို့ သေးသွယ်သော ကိရိယာထည့်၍ ရိုက်ရသည်။

✅ကိုယ်ဝန်မှာ အသုံးဝင်ပုံ

ပထမ ၁၃ ပတ်တွင် အာထရာဆောင်း၏ အရေးကြီးဆုံး အသုံးဝင်ပုံများမှာ ကိုယ်ဝန်သက်တမ်းကို အပတ်နှင့် တိကျစွာ တွက်ချက်နိုင်ခြင်း၊ မွေးမည့်နေ့တွက်ချက်နိုင်ခြင်းနှင့် သန္ဓေသားက သားအိမ်တွင်းရှိမရှိ စစ်ဆေးနိုင်ခြင်းတို့ဖြစ်သည်။ အမွှာဆိုလျှင် သိရပါသည်။
🔹🔹🔹

ကိုယ်ဝန်သက်တမ်း ၁၈ ပတ်မှ အပတ် ၂၀ အတွင်းရိုက်လျှင် သန္ဓေသား၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ပုံမှန်ဟုတ်မဟုတ် စစ်နိုင်သည်။ ဤအချိန်တွင် သားသားလေးလား၊ မီးမီးလေးလား ခွဲခြားပြသည်။🔹🔹🔹

ကိုယ်ဝန်အပတ် ၃၀ ကျော်လျှင် ကလေးကြီးထွားမှုနှင့် အနေအထား၊ အချင်း၏တည်နေရာ၊ ရေမွှာအနည်းအများစစ်ဆေးဖို့ အာထရာဆောင်းက အသုံးတည့်သည်။
🔹🔹🔹

✅အာထရာဆောင်းက အန္တရာယ်ရှိလား။

အာထရာဆောင်းရိုက်ခြင်းက မနာကျင်ပါ။ မိခင်နှင့်ကလေးကျန်းမာရေးကို မထိခိုက်ပါ။

Crd : နေနေမိုးဆွေ (Child Health Myanmar)

သတိပြုရမည့်အပူဒဏ် ကြောင့်ဖြစ်သော ပြဿနာများ၁။ Heat Stroke ( အပူဒဏ်ကြောင့် သတိလစ်ခြင်း)Body အပူချိန်သည် အလွန်အကျွံ မြင့်မာ...
21/03/2022

သတိပြုရမည့်အပူဒဏ် ကြောင့်ဖြစ်သော ပြဿနာများ

၁။ Heat Stroke ( အပူဒဏ်ကြောင့် သတိလစ်ခြင်း)
Body အပူချိန်သည် အလွန်အကျွံ မြင့်မား သည်။ 103F နှင့် အထက်တွင် ရှိနေမည်။ အရေပြားသည် ပူ ပြီး ခြောက်သွေ့ နေမည်။ ပျို့ခြင်း ၊ ခေါင်းမူး ၊ ခေါင်းကိုက် ခြင်းများလည်း ရှိသည် ။
သတိလစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း များရှိနေမည်။
အသက်သေဆုံးသည် အထိ ဖြစ်နိုင်ပါသည်။

၂။ Heat Exhausion ( အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း)
ချွေးထွက်များပြီး Body အပူချိန် မြင့်မားခြင်း ၊ ဂနာ မငြိမ် ဖြစ်ခြင်း၊ ကြွက်တက်ခြင်း နှင့် နုံး ခြင်း၊ ရေ အလွန်အမင်း ဆာခြင်း။

၃။ Heat Cramps ( အပူဒဏ်ကြောင့် ကြွက်တက်ခြင်း)
အထူးသဖြင့် နေပူထဲတွင် ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သူများတွင် တွေ့နိုင်ပါသည်။

၄။ Sun burn (နေလောင်ခြင်း)
နီပြီးရဲသော အရေပြား ရှိခြင်း၊ အရေပြားပေါ်တွင် အရေကြည်ဖု များ ရှိခြင်း။

၅။ Heat Rash ( အပူနာ)
အနီရောင် အရေကြည် အဖုလေးများ ( အထူးသဖြင့် လည်ပင်း၊ ရင်ဘတ်၊ ပေါင်ခြံ နှင့် တံတောင်ဆစ် ) တွေ့နိုင်ပါသည်။

🧑‍⚕️အရေးပေါ် ရှေးဦး ပြုစုခြင်း🧑‍⚕️

- လူနာကို အရိပ် အေးမြသော နေရာသို့ ရွေ့ထားပါ။
- လူနာ၏ ခြေရင်းဘက်ကို မြင့်ထားပေးရျ် ပက်လက်
အနေအထားဖြင့်ထားပါ။
- လူနာ၏ အဝတ်အစားများကို ချွတ်ပါ။
- လူနာ၏ လည်ပင်း၊ ချိုင်း နှစ်ဘက်၊ ပေါင်ခြံ နှစ်ဘက် တို့ကိုရေပတ်တိုက်ပါ။
- သတိကောင်းစွာရပါက ရေအေးအေး (သို့) ဓါတ်ဆားရည် တိုက်ပါ။

👉 ဆောင်ရန်

၁။ အရိပ်ရပြီး အေးမြသော နေရာတွင် သာ နေပါ။

၂။ အရောင်ဖျော့ဖျော့ ပွပွ ချောင်ချောင် ချည်ထည် များကိုသာ ဝတ်ဆင်ပါ။

၃။ ထီး၊ ဦးထုပ်၊ နေကာမျက်မှန် တို့ကို နေပူထဲသွားတိုင်း ဆောင်ပါ။

၄။ ရေများများသောက်ပါ။

👉 ရှောင်ရန်

၁။ နံနက် ၁၀နာရီမှ ညနေ ၄နာရီ အတွင်း နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းမှရှောင်ပါ။

၂။ ပူပြင်းသောနေရောင်အောက်တွင် အလုပ်လုပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းတို့ကို တတ်နိုင်သမျှ ရှောင်ပါ။

၃။ နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်း၊‌ ရေခဲရည်သောက်ခြင်းတို့မှ ရှောင်ပါ။

၄။ ပူပြင်းသော နေရာမှ အေးသောနေရာ၊‌ အေးသောနေရာမှ ပူပြင်းသောနေရာ သို့ ချက်ချင်း ဝင်ထွက်ခြင်းမှ ရှောင်ပါ။

Ref :CDC ; warning signs and symptoms of heat related illnesses
MOHS : Prevention of heat stroke ,April 2020

to original post

🤔 တုပ်ကွေးရောဂါဆိုတာဘာလဲ ?တုပ်ကွေးရောဂါဆိုတာ Influenza လို့ခေါ်တဲ့ ဗိုင်းရစ်ပိုးကူစက်မှုကြောင့်ဖြစ်ရတဲ့ အသက်ရှူလမ်းကြောင...
21/03/2022

🤔 တုပ်ကွေးရောဂါဆိုတာဘာလဲ ?

တုပ်ကွေးရောဂါဆိုတာ Influenza လို့ခေါ်တဲ့ ဗိုင်းရစ်ပိုးကူစက်မှုကြောင့်ဖြစ်ရတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါပဲဖြစ်ပါတယ်။

🤔 တုပ်ကွေးရောဂါ ဘယ်လိုကူစက်လဲ ?

တုပ်ကွေးရောဂါဖြစ်နေတဲ့သူမှတဆင့် (ချောင်းဆိုး၊နှာစေး) တိုက်ရိုက်ကူးစက်နိုင်သလို၊ ဗိုင်းရပ်ပိုးကပ်တွယ်‌ နေတဲ့အရာဝတ္ထုတွေကိုကိုင်တွယ်ပြီး ပါးစပ်၊နှာခေါင်းတို့ကိုကိုင်တွယ်မိရင်လည်း ကူစက်နိုင်ပါတယ်။

🌡️ရောဂါလက္ခဏာတွေကဘာတွေလဲ ?

လူတစ်ဦးနဲ့တစ်ဦးအပေါ်မူတည်ပြီး သာမန်တုပ်ကွေးရောဂါမှ အပြင်းစားတုပ်ကွေးရောဂါအထိဖြစ်နိုင်ပြီးအသက်ဆုံးရှုံးတဲ့အထိဖြစ်နိုင်ပါတယ်။
ရောဂါလက္ခဏာတွေအနေနဲ့ကတော့
• ဖျားခြင်း
• ချောင်းဆိုးခြင်း
• လည်ချောင်းနာခြင်း
• နှာရည်ယိုခြင်း
• ကိုယ်လက်ကိုက်ခဲခြင်း
• ခေါင်းကိုက်ခြင်း
• ပင်ပန်းနွမ်းနယ်ခြင်း တို့ဖြစ်ပြီး

နောက်ဆက်တွဲဆိုးကျိုးများအနေနဲ့
• အဆုတ်ခဲခြင်း (နမိုးနီးယား)
• နှလုံးကြွက်သားရောင်ခြင်း
• ဦးနှောက်ရောင်ခြင်း တို့ဖြစ်နိုင်ပါတယ်။

🛑 တစ်ဦးနဲ့တစ်ဦးမတူပဲတုပ်‌ကွေးရောဂါဖြစ်ရင်ဘယ်သူတွေကပိုပြီးရောဂါပြင်းထန်နိုင်သလဲ ??

• အသက် ၆၅ နှစ် နှင့် အထက် လူကြီးများ
• သွေးတိုး ၊ ဆီးချို ၊ နှလုံး ၊ ကျောက်ကပ် စသော နာတာရှည် ရောဂါဝေဒနာရှင်များ
• အဆုတ်နှင့်ပတ်သက်သောရောဂါ ရှိသူများ
• ကိုယ်ဝန်ဆောင်မိခင်များ
• အသက် ၆ လ မှ ၅ နှစ် အရွယ် ကလေးငယ်များ
• လေဖြတ်/လေဖြန်းထားသူများ
• ကင်ဆာ ဝေဒနာရှင်များ
• ခုခံအားကျဆင်းမှု ရောဂါဝေဒနာ ရှိသူများ တို့ပဲဖြစ်ပါတယ်။

💉 ဘယ်လိုကာကွယ်ကုသကြမလဲ ?

ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းသည် ဆိုတဲ့စကားအတိုင်း တုပ်ကွေးရောဂါကာကွယ်ဆေးထိုးနှံခြင်းပဲဖြစ်ပါတယ်။

***** ဆက်ရန် *****

Address

Yangon

Telephone

+959441934022

Website

Alerts

Be the first to know and let us send you an email when AUNG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to AUNG:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram