Just Tarot Things

Just Tarot Things ✨🖤Keep Calm & Have A Tarot Reading 🖤✨

✨🎊"စုံ/မReading"🎊✨For New Year 2026Pick A Card reading မဟုတ်ပဲကွဲထွက်တဲ့ readingဖြစ်လို့ ပုံမြင်တာနဲ့ဇွတ်မရွေးပဲအောက်က ရ...
29/12/2025

✨🎊"စုံ/မReading"🎊✨
For New Year 2026
Pick A Card reading မဟုတ်ပဲကွဲထွက်တဲ့ readingဖြစ်လို့ ပုံမြင်တာနဲ့ဇွတ်မရွေးပဲအောက်က ရိုးရှင်း guideline လေးအတိုင်းလိုက်လုပ်ပေးပါ။

-ပထမဆုံးအနေနဲ့ မိမိဒီကာလအတွင်းအခြေနေဆိုတဲ့ခေါင်းစဉ်လေးကို ခေါင်းအေးအေးထားပြီးတွေနေပါ။
-ထို့နောက် ခေါင်းထဲမှာ အရမ်းမစဉ်းစားရပဲ ပထမဆုံးပေါ်လာတဲ့ 3 Digits (ဂဏန်း၃လုံး)ကို 1 digit (ဂဏန်း၁လုံး) ထဲရတဲ့အထိပေါင်းလိုက်ပါ။
ဥပမာ- ၁၅၂ပဲဆိုပါစို့။
၁+၅+၂=၈ (စုံဂဏန်း)
၁+၅+၁=၇ (မဂဏန်း)
-ပေါင်းခြင်းရပြီးနောက် မိမိရဲ့ ဂဏန်း (စုံ/မ) အလိုက်အောက်ပါပုံကိုရွေးပြီး မိမိအတွက် ကိုက်ညီမယ့် readingကိုရွေးဖတ်နိုင်ပါပြီခင်ဗျာ။

Sebastian ဒီ reading လေးကို မြန်မာလို "စုံ/မ" readingလို့ပေးထားပါတယ်ခင်ဗျာ့။
နောက်ပိုင်းလဲ Seb JTT Pageမှာ Pick A Pile အပြင် အခုလို "စုံ/မ" reading လေးတွေပိုတင်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။

Enjoy The Reading🖤✨

❄️Random Msg❄️Water Signs, Earth Signs နှစ်ခုက  ဒီလာမယ့် New Moon ဝန်းကျင် Dec 20 မှာ ကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိ...
26/11/2025

❄️Random Msg❄️
Water Signs, Earth Signs နှစ်ခုက ဒီလာမယ့် New Moon ဝန်းကျင် Dec 20 မှာ ကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နှစ်ဘက်လုံးမှာ compatible ဖြစ်တဲ့သူနဲ့ တွေ့ဆုံရနိုင်ပါတယ်။

တစ်နည်းအားဖြင့် ဒီကာလမှာတွေ့တဲ့သူက ကိုယ့်အတွက် Right person or Soulmate ဖြစ်ပါလိမ့်မယ်။
တချို့အတွက်က ရည်းစားဖြစ်ပေမယ့်၊ တချို့အတွက်က Soul connection အရမ်းကိုကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုလဲဖြစ်နိုင်ပါတယ်။

ကိုယ့်ဆုတောင်းစကားတွေလဲ ဒီနှစ်မကုန်ခင်မှာ ပြည့်ဝဖို့ရှိပါတယ်။
ကိုယ့်အစောင့်အရှောက်တွေဆီကနေ လိုအပ်ပါက အိပ်မက်တွေကနေတဆင့် Msgတောင်းခံတာတွေ၊ သူတို့ဘက်ကနေလဲ အိပ်မက်ကတဆင့် msg လာပေးတာတွေရှိပါလိမ့်မယ်။

အကယ်၍ ဆောင်းညအိပ်မက်၊ အိပ်မက်ဆိုးတွေလဲ မက်တတ်တာမလို့ Dream catcherဆောင်ထားတာတွေ၊ နိုးလာရင် ညောင်ပင်မှာ အိပ်မက်ဆိုးတွေကိုအကုန်ဖယ်ပေးပါဆိုပြီး ရေလောင်းတာလေးတွေဆောင်ရွက်နိုင်ပါတယ်ခင်ဗျာ။

မကြာခင်မှာ ကျွန်တော်တို့ KHB မှာ Tarot Class Batch-3 ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ပြီး Zeroကနေလုံးဝတတ်မြောက်ချင်သူများ လာရောက်တတ်မြောက်နိုင်ပါတယ်ခဗျာ။

https://www.facebook.com/share/p/1BdtjDUdY9/?

အချိန်သေချာမပေးနိုင်သေးတာမလို့ Pageမှာ Personal Readingလေးတွေနားထားပါသေးတာမလို့ ဘယ်သူ့ကိုမှ စာမပြန်ထားသေးပါဘူးခင်ဗျာ။🙏🏻🖤

🎃Random Msg🎃Queen of Cups, The Fool, King of Cups တဲ့၊ အစဉ်လိုက်ကျလာတာလေးက အရမ်းလှလို့ သဘောကျလို့လေ။အရင်က ကိုယ်က ပေးကမ်း...
26/09/2025

🎃Random Msg🎃
Queen of Cups, The Fool, King of Cups တဲ့၊ အစဉ်လိုက်ကျလာတာလေးက အရမ်းလှလို့ သဘောကျလို့လေ။

အရင်က ကိုယ်က ပေးကမ်းစွန့်ကြဲ၊ လိုလားမလိုလားမသိပဲ တစ်ဖက်က မတောင်းဆိုပဲပေးနေမိတဲ့ မိမိရဲ့ energy တွေကို ပြန်ရုပ်သိမ်းရပါလိမ့်မယ်။

အားလုံးအတွက် ဒီ Oct က တံခါးပေါက်တစ်ခုလို တစ်နေရာကနေ တစ်နေရာ အပြောင်းအလဲ Major changes and transition တွေလိုဖြစ်လာစေမယ့် ကာလပဲဖြစ်တာမလို့ ပြောင်းဖို့ ချိန်တန်တဲ့သူတွေက သူ့နည်းသူ့ဟန်နဲ့ New version တွေဖြစ်လာပါလိမ့်မယ်။

ယေဘုယျအားဖြင့် အရင်ကလို အရိပ်တကြည့်ကြည့်
ဖြစ်နေတော့တာမဟုတ်ပဲ "နင်လိုရင် နင်ကိုယ်တိုင်လာ
ပြော၊ ငါကတော့ လာမမေးဘူး၊ သို့သော် လိုလို့ လာအကူညီတောင်းတိုင်းတော့ရှိပေးမယ်။" ဆိုတဲ့ပုံစံမျိုးဖြစ်လာပါလိမ့်မယ်။
Detachment and Unconditional Love ပုံစံလိုဖြစ်လာတာမျိုးလဲပြောလို့ရပါလိမ့်မယ်။
🖤🎃

✨Random Msg✨ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲ၊အတက်အကျ ရှိနိုင်ပါတယ်။ခဏတာ အပြောင်းအလဲမဟုတ်ပဲ အခုကနေ ပြောင်...
23/09/2025

✨Random Msg✨
ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲ၊အတက်အကျ ရှိနိုင်ပါတယ်။
ခဏတာ အပြောင်းအလဲမဟုတ်ပဲ အခုကနေ ပြောင်းလဲနေတဲ့အရာက ရေရှည်ဖြစ်မှာမလို့ ကောင်းတဲ့ပြောင်းလဲခြင်းဖြစ်ဖို့ကြိုးစားပါနော်။

ဒီရက်ပိုင်း ခါတိုင်းထက်လဲ Creative ဖြစ်နေတာလေးတွေ၊ အလှအပကြိုက်လာတာလေးတွေ၊ ဂရုစိုက်ပေးချင်တယ်၊ တချို့ကြတော့လဲ ဇီဇာကြောင်တာလေးတွေရှိလာတတ်ပါတယ်ခင်ဗျာ။
ကောင်းတဲ့ဘက်ကိုပဲဆွဲခေါ်နော်။

ထူးဆန်းတဲ့ Msg ဆန်ဆန် အိပ်မက်တွေလဲမက်တတ်ပါတယ်။

အားလုံးပဲ ကိုယ်စိတ်နှလုံး ချမ်းသာအေးမျှပါစေခင်ဗျာ။🖤✨

Tdy's Rune Msg (18.9.2025)Raidho-Progress, Journey, MovementIngwaz-Seed, Potential, New Beginning, FertilityWunjo-Joy, C...
18/09/2025

Tdy's Rune Msg (18.9.2025)
Raidho-Progress, Journey, Movement
Ingwaz-Seed, Potential, New Beginning, Fertility
Wunjo-Joy, Celebration, Success

You are on your processing journey and move forward. You will see the flag waving at you for your fruitful success.

ကိုယ်လျှောက်နေတဲ့ခရီးလမ်းက တဝက်ကျိုးနေပါပြီ။
ဆက်လျှောက်ပါ။ ဆက်သွားပါ။
အထပ်မြင့်လေလေ လေပိုတိုက်လေလေဆိုတဲ့ awareness တစ်ခုကို အမြဲ remindလုပ်ပါ။

ကိုယ်ကိုယ်တိုင်ရဲ့ကြိုးစားအားထုတ်မှုလဲလိုပါတယ်။
ကိုယ့်ကြိုးစားအားထုတ်မှုပေါ်မူတည်ပြီး အကျိုးမြတ်ရရှိမှုအနဲအများကွာခြားပါလိမ့်မယ်။

ဇွဲမလျှော့ပဲ ကြိုးစားနေတို့အဖို့ ဒီ Oct လထဲမှာ အောင်မြင်မှုအလံလေးလွင့်နေတာမြင်ရပါလိမ့်မယ်ခင်ဗျာ။

အားလုံးပဲကျန်းမာ ချမ်းသာပြီး၊ စိတ်​၏ဆင်းရဲခြင်း၊ ကိုယ်​၏ ဆင်းရဲခြင်းမှ ကင်းဝေးကြပါစေခင်ဗျာ။
🙏🏻🖤

🥳🥳🥳🖤🖤🖤
16/09/2025

🥳🥳🥳🖤🖤🖤

Persephone's RuneGood morning ပါခဗျာ။အားလုံးကိုကျွန်တော် ကိုယ်တိုင် calling အရ သေချာ ဖန်တီးဖြစ်တဲ့ Divination tools တစ်ခ...
16/09/2025

Persephone's Rune
Good morning ပါခဗျာ။
အားလုံးကိုကျွန်တော် ကိုယ်တိုင် calling အရ သေချာ ဖန်တီးဖြစ်တဲ့ Divination tools တစ်ခုနဲ့ မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။

ဆရာArthur ကြောင့်သိလာတဲ့ Witches Rune တွေကနေ inspiration စရပြီး Persephone ကနေမှတဆင့် ကိုယ်ပိုင် Rune တစ်ခုအနေနဲ့ ဖန်တီးပေးဖို့ Msgရလာခဲ့ပါတယ်။ တကယ်ကို ဘဝမှာ တခါမစဉ်းစားမိဖူးသလို၊ ကိုယ့်ရဲ့ ဘာမှ မဟုတ်နေ၊ မသိနေ၊မတတ်နေတဲ့ အနေအထားလောက်နဲ့ အခုလို Divination tools တစ်ခုကို စတင် ဖန်တီးဖြစ်ဖို့ဆိုတာ မတွေးရဲခဲ့မိပါဘူး။

Calling တကယ်ရလာတဲ့အခါမှာလဲ ဝုန်းဒိုင်း ဆိုပြီး 1ပတ်တောင်မကြာပဲ အပြီးသတ်လိုက်နိုင်ခဲ့တယ်။

Design တွေကိုလဲ ကိုယ်တိုင်သေချာဖန်တီးထားတာပဲဖြစ်ပါတယ်ခဗျာ။
အခုလောလောဆယ်ကတော့ လက်နဲ့ဆွဲထားရတာမလို့ မသေမသပ်ဖြစ်နေပေမယ့်လဲ သဘောကျမိပါတယ်ခဗျာ။

Symbol တွေကိုစဉ်းစားတဲ့အခါမှာ အထင်ကရဖြစ်တဲ့ Persephone, Hades, Demeter, Cerberus တို့က Symbol တွေရှိကြပေမယ့် သူရဲ့ သားသမီးတွေဖြစ်တဲ့ တခြား Godsတွေမှာက လူသိနည်းကြပြီး Symbol တွေမရှိတဲ့နောက် ကိုယ်တိုင်စဉ်းစားရတော့တာပါပဲ။

စဉ်းစားတဲ့အခါလဲ အရမ်းစဉ်းစားစရာမလိုပဲ ချက်ချင်း auto ခေါင်းထဲကနေ ထွက်လာရော။
Calling အရနဲ့ဘယ်လောက်တောင် လုပ်စေချင်လဲဆိုတာ ဒါကသက်သေပါပဲ။

ထူးဆန်းတိုက်ဆိုင်စွာနဲ့ပဲ မနေ့ညက Luna Eclipse မှာRune တစ်ခုချင်းစီနဲ့ Symbol အဓိပ္ပာယ်တွေကိုတစ်ခုချင်းစီ activateဖြစ်ပြီး စတင်အသုံးပြုခဲ့ပါတယ်ခဗျာ။
ကိုယ်တိုင်လက်နဲ့ရေးဆွဲထားတဲ့ Very First Original Set ကတော့ 4 setပဲ ရှိပြီး အားလုံးအသုံးပြုနိုင်ဖို့ကGuidebookနဲ့တကွ မကြာခင် ထုတ်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။

မကြာခင် Persephone Runeတွေကို "Spiritual Arts Paradise" မှာသွားရောက်မှာယူနိုင်တော့မှာမလို့ အခုထဲက Admin အမကြီးကို ကြိုတင် ပူဆာထားလို့ရပါပြီခဗျာ။

🌺Purpose of Inventing "Persephone's Rune"
သေသွားပြီးနောက် soul အတော်အများက လမ်းပျောက်နေတတ်ကြပါတယ်။
ကိုယ်ကိုယ်တိုင်လဲ မကြာခဏ မြင်ရ၊ကြားရလေ့ရှိသူအလျောက် သနားမိတာတော့အမှန်ပဲ၊ စိတ်လဲမချမ်းသာရဘူး။
အဲ့အပြင် မွေးကတည်းကသရဲကြောက်တဲ့သူမလို့ ကြောက်ကလဲကြောက် ကူကလဲကူချင်ပေါ့။🤣

တကယ့်တကယ် ကူရပီဆိုရင်တော့ မကြောက်တော့ပဲ တစ်ဖက်သူအဆင်ပြေစေချင်ဇောနဲ့ ကြောက်စိတ်ပါမဲ့သွားလေ့ရှိပါတယ်။

သေသူသည် ကောင်းတဲ့နေရာရောက်နေလား၊ အပယ်ကျနေလား၊ သေလို့သေမှန်းမသိပဲ လမ်းပျောက်နေတာလား၊ တစ်စုံတစ်ရာကို စွဲလမ်းပြီး မကျွတ်ပဲဖြစ်နေတာလား စတာတွေကို တိကျပြတ်သားစွာပေးနိုင်မှာပဲဖြစ်ပါတယ်ခဗျာ။

နောက်တစ်ခု Safeဖြစ်စေတာက သေသူတွေနဲ့တိုက်ရိုက်မဟုတ်ပဲ အခုလို သက်ဆိုင်တဲ့ Deity ဖြစ်တဲ့ Godsတွေကနေမှ တဆင့် Msg ပေးသွားမှာပဲဖြစ်တာမလို့ ကြောက်စရာမလိုပါဘူးခဗျာ။

အခုလို Runeတွေကို တခြား rune တွေလိုပဲ Manifest and spellတွေမှာပါအသုံးပြုနိုင်ပါတယ်။
ထူးခြားချက်တစ်ခုကတော့ အသားပေါ်၊ ပစ္စည်းပေါ်မှာ ရေးဆွဲတာမဟုတ်ပဲ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုနဲ့ဆိုင်တဲ့ Rune တစ်ခုကို သဘာဝကလာတဲ့ပစ္စည်းတွေဖြစ်တဲ့ သစ်သားပြား၊ စက္ကူ စတာတွေပေါ်ရေးဆွဲပြီး သစ်ပင်အောက်၊ မြေထဲမြှုတ်ရမှာပဲဖြစ်ပါတယ်။

ယခု ကျွန်တော့်ကို ဖန်တီးစေခဲ့တဲ့ "Persephone's Rune" ကို ထိုက်တန်သူတို့အားလုံး လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်ခဗျာ။

အရေးကြီးဆုံးက ဒီRune သုံးခါနီးတိုင်း Persephone and Hades အပြင် Underworld က beingတွေအကုန် မေတ္တာကိုပို့ပေးဖို့ပါပဲခဗျာ။

Thank you🌺🖤🙏🏻

ဒီစာလေး အတော်သဘောကျ။🤭🖤ကိုယ်အရမ်းသဘောကျတဲ့ Pop Mart ပုံစံလေးကို ကိုယ့်ရဲ့ spiritual & magical products လေးတွေကို အဲ့လိုပု...
11/09/2025

ဒီစာလေး အတော်သဘောကျ။🤭🖤
ကိုယ်အရမ်းသဘောကျတဲ့ Pop Mart ပုံစံလေးကို ကိုယ့်ရဲ့ spiritual & magical products လေးတွေကို အဲ့လိုပုံလေးနဲ့ တွဲသူံးတော့ ဝယ်ရသူတွေလဲ ပိုရင်ခုန်ရ၊ ကိုယ်လဲသူတို့ဘယ်သူ ဘာရမလဲရင်လိုက်ခုန်ရနဲ့ ပျော်စရာလေး။🥳🖤

"Aurora in the Jars"အခု Collection ကို ဆရာ Arthur အကြံပေးမှုနဲ့ ဖန်တီးဖြစ်တဲ့ "Aurora in the Jars" Collection ပဲဖြစ်ပါတယ...
11/09/2025

"Aurora in the Jars"
အခု Collection ကို ဆရာ Arthur အကြံပေးမှုနဲ့ ဖန်တီးဖြစ်တဲ့ "Aurora in the Jars" Collection ပဲဖြစ်ပါတယ်။
(ခါတိုင်းလိုပဲ Blind Box အနေနဲ့ ကိုယ်နဲ့ထိုက်တာလေးကိုယ်ပေါက်ပါလိမ့်မယ်။ ရွေးဝယ်လို့မရပါခဗျာ။)

ဒီ Collection မှာ Spell Jar (5) ပုလင်းနဲ့ အမျိုးအစား (5)မျိုးပါဝင်ပါတယ်ခဗျာ။

ဘယ်ဘက်ကနေစပြီးအစဉ်လိုက်ပြောပေးပါမယ်ခင်ဗျာ။

✅Price - 48,500 Ks

1.Shadow Dancer - To embrace and integrate your shadow self without fear.
ကိုယ့်ရဲ့ better version တွေကို upgrade လုပ်ဖို့အတွက် ကိုယ့်ရဲ့ Light and dark side (2)မျိုးလုံးကို balance လုပ်ပြီး embrace လုပ်တတ်ဖို့လိုပါတယ်။
ကိုယ့်မှာရှိနေတဲ့ မကောင်းတဲ့ Negative side လေးကိုလဲ ပိုနေရင် လိုသလောက်လေးပဲပြန်လျှော့ပေးပြီး၊ Light side ကိုလဲ များနေရင် ရှိသင့်သလောက်လေးပဲ ပြန်​ adjust လုပ်ပေးမယ့်နေရာမှာ အထောက်အကူပြုပါလိမ့်မယ်။
Charmလေးမှာကိုက ကနေတဲ့ပုံလေးထားပေးထားတာ၊ ကိုယ့် Light & Dark side (၂)ခုလုံး နိုင်နင်းပြီးနောက် အမြဲပျော်ရွှင်စွာ ကခုန်နေတဲ့အတိတ် နိမိတ်လေးနဲ့ ထည့်ပေးထားတာပဲဖြစ်ပါတယ်။

ဒီ Spell Jar ပေါက်တဲ့ ထိုက်တန်သူက ရတာနဲ့ စာအုပ်လေးအသစ်တစ်အုပ်ဝယ်ပြီး Journaling လုပ်ပေးပါက ပိုမို ထူးခြားသိသာပါလိမ့်မယ်ခင်ဗျာ။

2.Dream Weaver - To invite surreal, prophetic, and creative dreams.
ကိုယ့်ရဲ့ အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့၊ Creative thinking တွေ ထွက်ဖို့၊ တစ်ခုခု ဖြစ်ခါနီး အိပ်မက်ကနေကြိုတင်နိမိတ်ပြဖို့အတွက် အထောက်အကူပြုမယ့် spell jarပဲဖြစ်ပါတယ်ခင်ဗျာ။
Reader တွေအတွက်ဆို ပိုမိုသင့်တော်ပါလိမ့်မယ်။

3.Liminal Door - To help you connect with thresholds, portals, and transitions (dawn/dusk, life/death, endings/beginnings).
အခုလို Retro တွေ Overlapဖြစ်နေတဲ့အပြင် Pluto Retro ထဲရောက်နေတဲ့အလျောက် transformation တွေက တစ်ခုမဟုတ် တစ်ခုဖြစ်လေ့ရှိပါတယ်။
အကောင်းဆုံးဖြစ်လိုက်၊ အဆိုးဆုံးဖြစ်လိုက်နဲ့ Rollercoaster စီးနေရသလိုပါပဲ။
အဲ့ဒီလို ရုတ်တရက်အပြောင်းအလဲတွေထဲမှာ ကိုယ်က အနာသက်သာစွာနဲ့ လိုက်ပါနိုင်ဖို့အတွက်၊ Balance ဖြစ်နေဖို့အတွက် ဒီ spell jarက အထောက်ကူပြုပါလိမ့်မယ်ခဗျာ။

Light & Dark energyကို အဓိက အခြေခံထားတာမလို့ portalတွေ၊ realm အမျိုးစုံတွေနဲ့ ချိတ်ဆက် အလုပ်လုပ်တဲ့သူတွေအတွက်လဲ တစ်ထောင့်တစ်နေရာကနေကူညီပါလိမ့်မယ်။

Astral project လုပ်တတ်တဲ့သူဆို အရမ်းအဆင်ပြေပါလိမ့်မယ်ခဗျာ။

4.Eternal Youth of Spirit - Not literal immortality, but to keep your curiosity, creativity, and playfulness alive.
ဒါလေးက Aphrodite ရဲ့ Essence လေးနဲ့ဖန်တီးထားတာပဲဖြစ်ပါတယ်ခဗျာ။
ရုပ်ပိုင်းဆိုင်ရာသာမကပဲ စိတ်ပိုင်းဆိုင်ရာကိုပါ အမြဲ ငယ်ရွယ်နုပျိုပြီး တက်ကြွစေမယ်၊ ပညာရပ်အသစ်သစ်တွေသင်ကြားတဲ့အခါမှာလဲ သင်ယူလွယ်အောင် အထောက်အကူဖြစ်စေလိမ့်မယ်။
ကိုယ့်ကိုကြည့်လိုက်တာနဲ့ အမြဲ တက်ကြွ လန်းဆန်းစေမယ့် Aura ကိုပေးစွမ်းပါလိမ့်မယ်ခင်ဗျာ။

5.Cosmic Trickster - To invite playful chaos that breaks stagnation and sparks innovation.
အလုပ်တစ်ခုခုလုပ်ဖို့ဆို လေးပင်ထိုင်းမှိုင်းနေတတ်တဲ့သူဆိုဒါကအတော်သင့်တော်ပါလိမ့်မယ်။
တချို့ကြတော့လဲ အရမ်းတွေးပြီး လိုရင်းမရောက်ပဲ ကိစ္စတွေ နှောင့်နှေးတတ်သူတွေ၊ ကိုယ့်ဘဝထဲမှာ မည်သို့သော delayတွေဖြစ်နေပါစေ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့ အထောက်အကူပြုပါလိမ့်မယ်။
ချူလုံးလေးထည့်ပေးထားတာက ဒီ Spell Jar လေးရဲ့ သူမတူတဲ့ အားသာချက်လေးပဲဖြစ်ပါတယ်။
တစ်ခုခု နှောင့်နှေးနေပြီးဆိုရင် spell jar လေးကို shake ပြီး ချူသံလေးကနေ အဘက်ဘက်ကို ဖြန့်ကြက်သွားပြီးတော့ blockageလေးတွေကို ဖယ်ရှားပေးနေတယ်ဆိုပြီး visualize လုပ်ပြီးအသုံးပြုပေးပါခင်ဗျာ။

ကိုယ့် willpower strongဖြစ်ရင် ဖြစ်သလို စွမ်းပါလိမ့်မယ်။

(OS လုပ်နေသူတွေ ပစ္စည်းလမ်းမှာကြာနေရင် ဒီ spell jar လေး ထိုင်ခေါက်ပြီးဆုတောင်း🤣)

နောက်တစ်ခု ဂုဏ်သတ္တိလေးက ကိုယ့်ကိုယ်ကိုလဲ ပိုတောက်ပလာမယ်၊ creative တွေလဲပိုထွက်လာစေမယ်။
အလုပ်တစ်ခုခုလုပ်နေရင်း စဉ်းစားမရရင် Spell Jar လေးကိုင်ပြီး ထိုင် shake ရင်း new idea လေးတွေပေါ်လာစေပါလိမ့်မယ်ခင်ဗျာ။

🌺Tdy's Msg🌺Heaven or Hell လေးမှာ Heaven လေးပေးလာတော့ ဒီနေ့အဖို့ရာမှာ အတော်ကောင်းတဲ့ Energy လေးတွေ ဝန်းရံနေတယ်ဆိုတဲ့အဓိပ္...
10/09/2025

🌺Tdy's Msg🌺
Heaven or Hell လေးမှာ Heaven လေးပေးလာတော့ ဒီနေ့အဖို့ရာမှာ အတော်ကောင်းတဲ့ Energy လေးတွေ ဝန်းရံနေတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။

တိုက်ဆိုင်စွာနဲ့ပဲ မနေ့ကMsgမှာ မကျွတ်လွတ်သေးသူတွေအတွက် ရည်စူးပြီး ကုသိုလ်လုပ်အမျှဝေခိုင်းတယ်၊ ဒီနေ့ကြတော့ Heaven ပေးတာလေးက တကယ်ကို ရင်ထဲ ကြည်နူးဝမ်းသာစရာလေးနော်။
အဓိပ္ပာယ်ကမနေ့က ကျွန်တော့် Msg ကိုကြည့်ပြီး သူတို့အတွက် ကုသိုလ်လုပ်ပေး အမျှဝေပေးထားတဲ့သူတွေရှိရင် အဲ့သူတွေ ကောင်းရာဘုံဘဝတစ်ခုကို ရောက်သွားကြပြီဆိုတဲ့အဓိပ္ပာယ်ပါပဲ။

ပိုပြီး တိုက်ဆိုင်တာက ကျွန်တော် အတော်မအားတာနဲ့ ပုတီးမစိပ်ဖြစ်တာကြာပြီ အခုမှ ကားပေါ်မှာ ပုတီးလေးစိပ်ပြီး အရပ်ဆယ်မျက်နှာက ၃၁ဘုံသားကို မေတ္တာပို့အမျှဝေပြီးပြီးချင်း အခု Msg လေးကိုကောက်ဖတ်ပေးတဲ့ချိန် Heaven လေးပေးတာလဲ ကြည်နူးစရာအခိုက်အတန့်လေးပဲ။

မကျွတ်လွတ်ဘုံဆိုတာ ကြောက်ရမယ့်သူတွေမဟုတ်ပဲ သနားစရာကောင်းကြတဲ့ဘုံသူဘုံသားတွေလို့ ပိုမြင်ပြီး သူတို့ဘက်က အခုလို Msg လေးပြန်ပေးလာတာကိုလဲ သူတို့ဘက်က ကိုယ်တွေကို Gratitude လေးပြန်ပေးလာတယ်ဆိုတဲ့ Gut feelingလေးပါရတယ်။🥰🙏🏻🖤🌺

Thank You🌺🙏🏻🖤

999MsgLost ဖြစ်နေတဲ့အရာတွေပြန်ရှာတွေ့မယ်၊ လမ်းပျောက်နေတဲ့သူတွေ လမ်းကြောင်းပေါ်လာလိမ့်မယ်။ကိုယ်တိုင်ကလဲ အားစိုက်ထုတ်မှုလိ...
09/09/2025

999Msg
Lost ဖြစ်နေတဲ့အရာတွေပြန်ရှာတွေ့မယ်၊ လမ်းပျောက်နေတဲ့သူတွေ လမ်းကြောင်းပေါ်လာလိမ့်မယ်။
ကိုယ်တိုင်ကလဲ အားစိုက်ထုတ်မှုလိုပါတယ်။
ဗေဒင်ဆရာတွေဘယ်လောက်ကောင်းတယ်ပြောပြော ကိုယ်တိုင်က အိပ်ရာထဲက မထပဲတနေကုန် လူးလှိမ့်နေရင်တော့ ဘဝပါပျောက်သွားပါလိမ့်မယ်။

Feminine energy များတဲ့သူတွေအဖို့ ဒီနေ့မှာ လှလှပပနဲ့ မွှေးမွှေးကြိုင်ကြိုက်လေးနေကြပါ။
လာဘ်ပိုပွင့်လာပါလိမ့်မယ်။

အကယ်၍ဒီနေ့မှာ Mood swingတာပဲဖြစ်ဖြစ်၊ စိတ်တိုစရာတွေပဲဖြစ်ဖြစ် တစ်စုံတစ်ရာပေါ်ခဲ့ပါက ချက်ချင်းမတုံ့ပြန်ပဲ trigger ဖြစ်စေတဲ့ root cause ကို သေချာရှာပါ၊ အဲ့ကနေမှ တစ်ဆင့် မြင်တတ်သူဆို ဉာဏ်အလင်းတစ်ခုပွင့်ကာ ​Next Level ကို Upgrade ဖြစ်လာစေပါလိမ့်မယ်။

ဒီနေ့မှာ အရေးကြီးဆုံးက ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ် တစ်မျိုးမျိုး ပြုလုပ်ပြီးနောက် ကိုယ့်အနီနားမှာ ရှိကြတဲ့ အရပ်ဆယ်မျက်နှာက သုံးဆယ့်တစ်ဘုံသားတွေ ကို မေတ္တာပို့အမျှဝေပေးပါ။
မကျွတ်လွတ်သေးသူတွေနဲ့အတူ ငရဲဘုံမှာ ခံစားနေကြရတဲ့ သူတွေအဖို့ အဓိက intention setup လုပ်ပါခဗျာ။

ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကာ လာဘ်လာဘတွေပေါကြွယ်ဝပါစေခဗျာ။🖤🙏🏻

Address

Yangon

Alerts

Be the first to know and let us send you an email when Just Tarot Things posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Just Tarot Things:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram