MyanCare

MyanCare MyanCare ဆိုတာ online ပေါ်ကနေ ဆရာဝန်နဲ့ တိုက်ရိုက် တိုင်ပင်ဆွေးနွေးနိုင်တဲ့ Healthcare Application
(2)

MyanCare ဆိုတာ ကျန်းမာရေး ပြဿနာအမျိုးမျိုးတို့အတွက် online ပေါ်ကနေ ဆရာဝန်နဲ့ တိုက်ရိုက် တိုင်ပင်ဆွေးနွေးနိုင်တဲ့ Healthcare Application တစ်ခုပါ။

MyanCare မှာ အထွေထွေရောဂါကုဆရာဝန်များအပြင် ဝါရင့်အထူးကုဆရာဝန်များ၊ ပါမောက္ခများနှင့်လည်း မိမိအိမ်မှာနေပြီး တိုင်ပင်ဆွေးနွေးလို့ ရနေပြီ ဖြစ်ပါတယ်။ မိမိအဆင်ပြေတဲ့ အချိန်ကို ရွေးချယ်ပြီး ဆရာဝန်များနဲ့ Video Call, Voice Call, Chatting များနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

ဘယ်နေရာမှာပဲ ရောက်နေသည်ဖြစ်စေ အင်တာနက်ရှိရုံနဲ့ ဘယ်လိုကျန်းမာရေးပြဿနာမျိုးကို မဆို အပြင်ထွက်စရာမလိုပဲ ဆရာဝန်များနဲ့ သက်တောင့်သက်သာ တိုင်ပင်ဆွေးနွေးမှုကို ရရှိနိုင်ပါပြီ။

တိုင်ပင်ဆွေးနွေးခများကိုလည်း Mobile Banking, Mobile Payment များနဲ့ အလွယ်တကူ ပေးချေနိုင်ပါတယ်။

English Version

MyanCare is a digital healthcare mobile application and online virtual clinic for everyone. You can consult virtually with the professional doctors and specialists from the comfort of your home through MyanCare platform. You can meet the doctor anywhere and anytime and save time, energy and transportation costs. You can choose a doctor and book an appointment at your convenience. And talk to the doctor about your health problems with video call, audio call or chatting. The doctor can provide you medical advices and give you e-prescriptions via online consultation.

တုပ်ကွေးကြောင့် အိပ်ရာထဲက မထနိုင်ရင် ဘယ်လိုဆေးခန်းပြကြမလဲ⁉️အခုရက်ပိုင်းမှာ ရာသီဥတုအပြောင်းအလဲကြောင့်ရော၊ ဆောင်းဝင်စပြုလာ...
04/12/2025

တုပ်ကွေးကြောင့် အိပ်ရာထဲက မထနိုင်ရင် ဘယ်လိုဆေးခန်းပြကြမလဲ⁉️

အခုရက်ပိုင်းမှာ ရာသီဥတုအပြောင်းအလဲကြောင့်ရော၊ ဆောင်းဝင်စပြုလာတဲ့အတွက်‌ အရမ်းအေးလာတာကြောင့်ပါ ရာသီတုပ်ကွေးဝေဒနာကို လူတော်တော်များများခံစားနေရပါတယ်။🤒

နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ကိုယ်ပူခြင်း၊ ချမ်းတုန်ဖျားခြင်းတို့ကြောင့် အားနည်းပြီး ကိုယ်ခန္ဓာနလန်မထူနိုင်တော့အခါ ‌ဆေးရုံ၊ ဆေးခန်းအထိ သွားရောက်ပြသဖို့ ခက်ခဲလာပါတော့တယ်။

အခုလိုအခက်အခဲမျိုးအတွက် အချိန်ကုန်၊ လူပင်ပန်းခံစရာမလိုဘဲ ဆရာဝန်နဲ့ အလွယ်တကူတိုက်ရိုက်ဆွေးနွေးပြသနိုင်ဖို့ 🩺MyanCare❤️ ရှိနေပါပြီ။

MyanCare ရဲ့ General Practitioner တို့၊ Family Doctor တို့ဆီမှာ ဖုန်းနဲ့ အင်တာနက်လိုင်းရှိရုံနဲ့ Appointment အလွယ်တကူယူပြီး ကျန်းမာရေးဆွေးနွေးချက်တွေကိုရယူနိုင်ပါတယ်။

တုပ်ကွေးကြောင့်အိပ်ရာထဲက မထနိုင်လည်း ✨MyanCare✨ ရှိနေပြီမို့ အခုပဲ ဆေးခန်းလာပြသင့်ပါပြီနော်။

We're Hiring !!Customer Service Representative (Female – 7 Posts)𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐲• Customer service ၀န်ဆောင်မှု သဘောသဘာ၀မျ...
03/12/2025

We're Hiring !!
Customer Service Representative (Female – 7 Posts)

𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐲

• Customer service ၀န်ဆောင်မှု သဘောသဘာ၀များကို ကောင်းစွာ သိရှိနားလည်နိုင်ရမည် ။

• Problem solving skill ဖြင့် ၀န်ဆောင်မှုဆိုင်ရာ ပြဿနာများကို တည်ငြိမ်အေးဆေးစွာ ဖြေရှင်းနိုင် ရမည်။

• လုပ်ငန်းလည်ပတ်မှုဆိုင်ရာ Standard operation procedures and guidelines များကို ကောင်းစွာ နားလည်လိုက်နာနိုင်ရမည်။

• Team နှင့် လိုက်လျောညီထွေစွာ Teamwork ကောင်းကောင်းဖြင့် ပူးပေါင်းလုပ်ဆောင်နိုင်ရမည်။

𝐐𝐮𝐚𝐥𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧𝐬

• စကားအပြောအဆို ပြေပြစ်ချိုသာ ရမည်။

• Microsoft office (Excel, Word, Power Point) ကျွမ်းကျင်စွာ အသုံးပြုတတ်ရမည်။

• Facebook, Youtube, Viber, Telegram စသည့် Social media and messaging app များကို ကျွမ်းကျင်စွာ အသုံးပြုတတ်ရမည်။

• အင်္ဂလိပ်စာ အခြေခံနားလည်တတ်ကျွမ်းရန် လိုအပ်ပါသည်။

• ကျန်းမာရေးနယ်ပယ်အတွေ့အကြုံရှိသူများ ဦးစားပေးမည်။

• အလုပ်အတွက် လိုအပ်သော Training များကို အစမ်းခန့်ကာလအတွင်း လေ့ကျင်သင်ကြားပေးပါမည်။

• Medical knowledge training
• Customer service training
• Operation work flows and SOP training
• Data analysis training
• Facebook Tools Training

• ရုံးလိပ်စာ - ကမ္ဘာအေးဘုရားလမ်း၊ Inya Lake ဟော်တယ်အနီး၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။

စိတ်ပါ၀င်စားသူများ အောက်ပါ email address များသို့ မျှော်မှန်းလစာနှင့်တကွ CV ပေးပို့လျှောက်ထားနိုင်ပါသည်။

info@myancare.org
dr.kaung.mon@myancare.org

မသန်ပေမဲ့ စွမ်းသူများကိုလေးစားခြင်းဖြင့် ပိုလှတဲ့ကမ္ဘာတစ်ခုတည်ဆောက်ကြရအောင်🩺❤️(International Day Of Person With Disabili...
03/12/2025

မသန်ပေမဲ့ စွမ်းသူများကိုလေးစားခြင်းဖြင့် ပိုလှတဲ့ကမ္ဘာတစ်ခုတည်ဆောက်ကြရအောင်🩺❤️(International Day Of Person With Disabilities)

ယနေ့ဒီဇင်ဘာလ (၃) ရက်နေ့ဟာ ကိုယ်ပိုင်စွမ်းရည်အမျိုးမျိုးနဲ့ ကမ္ဘာကြီးမှာ ကောင်းမွန်စွာနေထိုင်ကြတဲ့ မသန်စွမ်းသူတွေကို အသိအမှတ်ပြုဂုဏ်ယူဖို့ သတ်မှတ်ထားတဲ့ "အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့" ဖြစ်ပါတယ်။

မသန်စွမ်းသူဆိုတာဟာ ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ၊အာရုံခံစားမှုပိုင်းဆိုင်ရာမှာ ကန့်သတ်ချက်၊လိုအပ်ချက် ရှိနေကြသူများဖြစ်ပါတယ်။

ကန့်သတ်ချက်တွေ ဘယ်လောက်များများ စိတ်ဓာတ်ခွန်အား၊ ကြိုးစားမှုနဲ့ တီထွင်ဖန်တီးနိုင်စွမ်းရှိသူများဟာ မသန်ပေမဲ့စွမ်းသူများဖြစ်ကြပါတယ်။

မသန်‌ပေမဲ့ စွမ်းသူများဟာ ဘဝရဲ့အခက်အခဲတွေကိုရင်ဆိုင်ကျော်လွှားပြီး ပညာရေး၊အနုပညာ၊နည်းပညာနဲ့ နယ်ပယ်အသီးသီးမှာ အံ့မခန်းတဲ့ စွမ်းဆောင်ရည်တွေရှိကြသူများလည်းဖြစ်ပါတယ်။

ကမ္ဘာကြီးဟာ ထူးချွန်ထက်မြက်တဲ့လူတော်တွေကို ပံ့ပိုးပေးတဲ့နေရာမှာ မသန်ပေမဲ့စွမ်းသူများကိုလည်း မေ့မထားသင့်ပါဘူး။ သူတို့အားလုံးရဲ့ ကိုယ်ပိုင်စွမ်းရည်နဲ့ လုပ်နိုင်စွမ်းကို အားပေးကူညီခြင်းဖြင့် ကမ္ဘာကြီးဟာ ပိုမိုလှပနိုင်မှာပါ။

❗️မသန်ပေမဲ့စွမ်းသူများကို သနားမှု‌မ‌ပေးပါနဲ့။ တန်းတူညီမျှတဲ့ လေးစားမှုပေးခြင်းကသာ မှန်ကန်ကြောင်း✨ MyanCare✨ မှ လေးစားစွာတိုက်တွန်းအပ်ပါတယ်။

✨Fostering disability inclusive societies for advancing social progress✨



#အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့

01/12/2025

တိတ်တဆိတ်တိုင်ပင်ဆွေးနွေးလိုတဲ့ ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုများရှိနေလား

MyanCare မှာ စိတ်ချယုံကြည်စွာ ဆွေးနွေးတိုင်ပင်လို့ရတဲ့ STDs Specialist များရှိနေပါပြီ ။

ကျွမ်းကျင် ကျန်းမာရေးပညာရှင်များနဲ့ အင်တာနက်ကနေတဆင့် လုံခြုံစိတ်ချစွာ ဆွေးနွေးတိုင်ပင်နိုင်အောင် စီစဉ်ထားတာမို့

ကိုယ်ရေးကိုယ်တာ လုံခြုံမှုအပြည့်ဖြင့် တိုင်ပင်ဆွေးနွေးလိုတဲ့အခါ MyanCare ကိုသာ သတိရလိုက်ပါနော် ။

စာနာမှုနဲ့ အသိပညာမျှဝေကာ AIDS ကို ကာကွယ်ပါ ( World AIDS Day )🩺❤️ယနေ့ ဒီဇင်ဘာလ (၁) ရက်နေ့ဟာ ကမ္ဘာတဝှမ်းလုံး ခုခံအားကျဆင်း...
01/12/2025

စာနာမှုနဲ့ အသိပညာမျှဝေကာ AIDS ကို ကာကွယ်ပါ ( World AIDS Day )🩺❤️

ယနေ့ ဒီဇင်ဘာလ (၁) ရက်နေ့ဟာ ကမ္ဘာတဝှမ်းလုံး ခုခံအားကျဆင်းမှုရောဂါကို သိရှိအောင် အသိပညာမျှဝေရင်း စာနာဖေးမကြတဲ့ (World AIDS day ) ဖြစ်ပါတယ်။

ခုခံအားကျဆင်းမှုရောဂါဟာ အတူအလုပ်လုပ်ခြင်း၊မုန့်အတူ စားခြင်း ၊အတူသွားလာခြင်းတွေကနေ မကူးစက်နိုင်တာမို့ သာမန်အတိုင်းသွားလာနေထိုင်လို့ရပါတယ်။

တိုးတက်လာတဲ့ ကျန်းမာရေးစနစ်တွေကြောင့် သက်တမ်းစေ့နေနိုင်တဲ့အထိလည်း ကုသမှုကိုခံယူလာနိုင်ပြီဖြစ်ပါတယ်။

ဒါကြောင့် ဒီရောဂါကို ခံစားရတဲ့အခါ စိတ်ဓာတ်မကျဘဲ အကောင်းဆုံးကြိုးစားရှင်သန်ပါ၊ ပတ်ဝန်းကျင်မှလည်း စာနာဖေးမပြီး ကြင်နာမှုနဲ့ ခွန်အားပေးပါလို့ 🩺MyanCare ❤️မှ တိုက်တွန်းအပ်ပါတယ်။


ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခ✨ Dr Aye Aye Khine ✨နှင့် MyanCare မှာ ပြသနိုင်ပါပြီ 🩺📣အလွန်အေးလာတဲ့ ဒီလိုအချိန်အခါမှာ မေမေ...
30/11/2025

ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခ✨ Dr Aye Aye Khine ✨နှင့် MyanCare မှာ ပြသနိုင်ပါပြီ 🩺📣

အလွန်အေးလာတဲ့ ဒီလိုအချိန်အခါမှာ မေမေတွေအနေနဲ့ ကလေးငယ်ရဲ့ ကျန်းမာရေးအတွက် အိမ်ထဲကနေ အိမ်အပြင် ထွက်စရာမလိုဘဲ ကျန်းမာရေးဆွေးနွေးချင်ကြမှာပါ ။

ကလေးငယ်ရဲ့

▪️အထွေထွေကျန်းမာရေး

▪️ကလေးသွေးရောဂါဆိုင်ရာ

အစရှိတဲ့ ကလေးငယ်ရဲ့ ကျန်းမာရေးအတွက် ဆရာမကြီးမှ မေတ္တာစေတနာအပြည့်နဲ့ ဆွေးနွေးပေးနေတာပဲဖြစ်ပါတယ်။

ဆွေးနွေးတဲ့နေရာမှာလည်း အင်တာနက်ရှိရုံနဲ့ အသံ၊ဗီဒီယို၊ဓာတ်ပုံတို့နဲ့ ပွင့်လင်းစွာဆွေးနွေးနိုင်အောင် စီစဉ်ပေးထားပါတယ်။

ကလေးငယ်ရဲ့ကျန်းမာရေးအတွက် ဆရာမကြီးနဲ့ ဆွေးနွေးနိုင်ဖို့ MyanCare App မှာ Booking တင်လိုက်ရုံနဲ့ နေအိမ်ကနေပဲ နွေးထွေးစွာကျန်းမာရေးအကြံပြုချက်တွေ ရယူနိုင်မှာမို့ လိုအပ်လာရင် MyanCare ကိုသာ သတိရလိုက်ပါနော် ။🩺❤️

App link ကို ကောမန့်မှာ ရယူနိုင်ပါတယ်ရှင်


#ကလေးကျန်းမာရေး
#ကလေးအထူးကု
#ပါမောက္ခအေးအေးခိုင်

29/11/2025

💜 နိုဝင်ဘာ ၁၇ – လမစေ့မွေးကလေးများနေ့ 🌙 💜
💜 နိုဝင်ဘာ ၁၇ – လမစေ့မွေးကလေးများနေ့ 🌙 💜
💜 နိုဝင်ဘာ ၁၇ – လမစေ့မွေးကလေးများနေ့ 🌙 💜

ဒီနေ့ကို အမှတ်ရပြီး
🌟 လမစေ့ကလေးတိုင်းအနာဂတ်တောက်ပဖို့
💜 စောစီးထိရောက်စွာ ပြုစုစောင့်ရှောက်နိုင်အောင်
အားလုံးအတူတကွ 🤝 လက်တွဲကူညီကြစို့!
မိသားစုဝင်၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ရပ်ရွာ လူမှုအသိုင်းအဝိုင်းအားလုံးရဲ့ ကူညီဖေးမမှုက

💜 💫 လမစေ့ကလေးတိုင်းအတွက် အလင်းတန်းလေးပါပဲ 🌱 💜

#လမစေ့မွေးကလေးငယ်များအနာဂတ်တောက်ပရေးစောစီးထိရောက်စွာစောင့်ရှောက်ပေး
#လမစေ့မွေး ကလေးငယ်များနေ့










ဒေါသစိတ်ကြောင့် ကျန်းမာရေးမထိခိုက်အောင် ဘယ်လိုလုပ်ရမလဲ 💬⁉️ဒေါသစိတ်ဟာ သာမန်ထက်ပိုတဲ့ စိတ်ခံစားမှုတစ်ခုဖြစ်ပေမဲ့ ထိန်းချုပ...
26/11/2025

ဒေါသစိတ်ကြောင့် ကျန်းမာရေးမထိခိုက်အောင် ဘယ်လိုလုပ်ရမလဲ 💬⁉️

ဒေါသစိတ်ဟာ သာမန်ထက်ပိုတဲ့ စိတ်ခံစားမှုတစ်ခုဖြစ်ပေမဲ့ ထိန်းချုပ်မှုမရှိဘဲ မကြာခဏ ဖြစ်ပေါ်နေမယ်ဆိုရင်တော့ ရုပ်ပိုင်း‌ဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်တဲ့ အရာဖြစ်လာစေမှာပါ။

ဒေါသထွက်လိုက်တာလို့ စိတ်ခံစားချက် ဖြစ်ပေါ်လာတာနဲ့တပြိုင်နက် သွေးတိုးခြင်း၊ နှလုံးရောဂါ၊ခေါင်းကိုက်ခြင်းနဲ့ စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။

ဒါကြောင့် ဒေါသကိုထိန်းချုပ်နိုင်ပြီး သက်သာစေမဲ့နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

💬အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ

စိတ်ထဲမှာ တအားရှုပ်ထွေးပြီး ဒေါသကိုခံစားလာရတာနဲ့ အသက်ပြင်းပြင်းရှူသွင်းလိုက်ပါ။ ဒီလိုလုပ်ခြင်းက နှလုံးခုန်နှုန်းကို အထောက်အကူပေးနိုင်ပါတယ်။

💬တိတ်ဆိတ်တဲ့နေရာကိုသွားပါ

စိတ်အလိုမကျမှုဖြစ်နေသမျှ အရာအားလုံးကို လွှတ်ချပြီး တိတ်ဆိတ်တဲ့နေရာမှာ လေကောင်းလေသန့်
ရှူရင်း စိတ်ငြိမ်အောင်နေသင့်ပါတယ်။

💬စိတ်လေ့ကျင့်ခန်းများလုပ်ပေးပါ

တရားထိုင်ခြင်း၊ယောဂကျင့်ခြင်းလို စိတ်တည်ငြိမ်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးလို့ရသလို ငြိမ့်ညောင်းတဲ့ ဂီတသံစဉ်တွေကို နားစဉ်ပေးရင်း စိတ်ကိုဖြေလျော့လို့ရပါတယ်။

💬ကျန်းမာအောင်နေပါ

ကျန်းမာရေးမှာ အိပ်ရေးမဝတာ၊အစာအာဟာရမလုံလောက်တာ၊စိတ်ဖိစီးမှု တအားများတာတွေက အလိုလိုနေရင်း ဒေါသစိတ်တွေဖြစ်လာအောင် လှုံ့ဆော်တတ်တာမို့ ကျန်းမာအောင်နေရပါမယ်။

ကိုယ်ဟာ ဒေါသစိတ် မကြာခဏဖြစ်ပြီး ထိန်းချုပ်ရခက်ကာ နေ့စဉ်ဘဝကို ထိခိုက်လာတယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပြီး အကြံပြုချက်တွေအတိုင်းလိုက်နာဖို့လိုအပ်ပါတယ်။

ဒေါသကိုကောင်းမွန်စွာ ထိန်းချုပ်နိုင်မှသာ ကျန်းမာပျော်ရွှင်တဲ့ဘဝကို ရနိုင်မှာမို့ ဒီနေ့ကစပြီး အတတ်နိုင်ဆုံးဂရုစိုက်ဖို့ 🩺MyanCare ❤️ က အကြံပြုမျှဝေလိုက်ပါတယ်။

မိတ်ဆွေတို့ရော ဒေါသဖြစ်လာတဲ့အခါ ဘယ်လိုထိန်းချုပ်ကြလဲ ပြောပြပေးခဲ့ပါအုံးနော်။ 🩺❤️


#ဒေါသစိတ်ကိုထိန်းချုပ်နည်း

26/11/2025

လမစေ့ကလေးများကို ဘယ်လိုမှန်ကန်စွာ ပြုစုသင့်လဲ? 👶💜

လမစေ့ဘဲ ကလေးမွေးလာတဲ့အခါ ဘာတွေသတိထားဖို့, ဘယ်လိုပြုစုပေးရဖို့ လိုအပ်သလဲ?
✨ အခြေခံကလေးပြုစုစောင့်ရှောက်မှု ဆိုတာဘာလဲ?
✨ ဘယ်လိုအခြေအနေတွေမှာ လုပ်ဆောင်သင့်လဲ?
✨ သားပိုက်ကောင်မိခင်ပြုစုစောင့်ရှောက်မှု (KMC) ဆိုတာဘာ လဲ?
✨ ဘယ်သူတွေ၊ ဘယ်အချိန်မှာ ပြုလုပ်ပေးသင့်သလဲ?

“လမစေ့ကလေးများနေ့” အထိမ်းအမှတ်
ကျွန်ုပ်တို့ ပြုလုပ်ခဲ့သော ပညာပေးဇာတ်လမ်းကနေ ဒီအကြောင်းများကို အသေးစိတ်လေး လေ့လာကြည့်ပါဦး… 💜👶

#လမစေ့မွေးကလေးငယ်များ အနာဂတ်တောက်ပရေး စောစီးထိရောက်စွာ စောင့်ရှောက်ပေး
#လမစေ့မွေး ကလေးငယ်များနေ့










ကျန်းမာရေးကိစ္စတွေကို မျှဝေဆွေးနွေးဖို့ MyanCare ရဲ့ စကားဝိုင်းလေးရှိနေပါပြီ 💁‍♀MyanCare ဆိုတာ အင်တာနက်ရှိရုံနဲ့ အွန်လို...
24/11/2025

ကျန်းမာရေးကိစ္စတွေကို မျှဝေဆွေးနွေးဖို့ MyanCare ရဲ့ စကားဝိုင်းလေးရှိနေပါပြီ 💁‍♀

MyanCare ဆိုတာ အင်တာနက်ရှိရုံနဲ့ အွန်လိုင်းကနေ ကျန်းမာရေးဆွေးနွေးနိုင်တဲ့ အွန်လိုင်းဆေးခန်းလေးဆိုတာ မိတ်ဆွေတို့အသိဆုံးပါ။

ဆွေးနွေးချင်တဲ့ ဆရာဝန်ကိုလည်း Category အလိုက်ရွေးချယ်နိုင်အောင် MyanCare App ကို အသုံးပြုကြရပါတယ်။

အခုဆိုရင် MyanCare App မှာ ကိုယ်သိထားသမျှ ကျန်းမာရေးအကြောင်းအရာတွေကို‌
ဝေမျှဖို့ ၊ ကိုယ်ဝေခွဲမရဖြစ်နေတဲ့ကျန်းမာ‌ရေးအကြောင်းတွေကို မေးမြန်းနိုင်ဖို့ ကျန်းမာရေးစကားဝိုင်းလေးရှိနေပြီပဲဖြစ်ပါတယ်။

ကိုယ်နဲ့ခံစားရတဲ့ဝေဒနာတူ၊ရောဂါတူ မိတ်ဆွေတွေရဲ့ လက်တွေ့ကျင့်သုံးနေတဲ့ ကျန်းမာရေးအလေ့အကျင့်လေးတွေကို ဒီစကားဝိုင်းလေးထဲမှာ အချိန်မရွေးဝင်ကြည့်နိုင်မှာပါ။

ကျန်းမာရေးအတွက် မျှဝေခြင်းဟာ အမွန်မြတ်ဆုံးအရာဖြစ်တာမို့ ကိုယ်သိထားတဲ့ကျန်းမာရေးအကြောင်းလေးတွေကိုမျှဝေချင်တာပဲဖြစ်ဖြစ်၊မေးမြန်းချင်တာပဲဖြစ်ဖြစ်ကျန်းမာရေးစကားဝိုင်းလေးကို အသုံးပြနိုင်ပါတယ်။

အသုံးပြုဖို့က MyanCare App ရှိမှဖြစ်မှာမို့ ကောမန့်မှာချထားတဲ့ link က တဆင့် download လုပ်ပေးပါနော်။ 🩺❤️


#ကျန်းမာရေးစကားဝိုင်း

အဆုတ်ကျန်းမာရေးအတွက်လိုအပ်နေတဲ့အခါ MyanCare ကို သာ အားကိုးပါ 🩺❤️အဆုတ်ကျန်းမာရေးဆိုတာ မပေါ့ဆသင့်တဲ့ရောဂါတစ်ခုပါ။ လူတစ်ယော...
22/11/2025

အဆုတ်ကျန်းမာရေးအတွက်လိုအပ်နေတဲ့အခါ MyanCare ကို သာ အားကိုးပါ 🩺❤️

အဆုတ်ကျန်းမာရေးဆိုတာ မပေါ့ဆသင့်တဲ့ရောဂါတစ်ခုပါ။ လူတစ်ယောက်အသက်ရှင်သန်ရေးအတွက် ကောင်းမွန်စွာ အသက်ရှူနိုင်ဖို့ လိုအပ်တာမို့ အဆုတ်ဟာ အရေးပါဆုံးဆိုတာထက် ပိုစေပါတယ်။

အဆုတ်ကျန်းမာရေးအတွက် တစ်ခုခုလိုအပ်လာပြီလို့ခံစားရမယ်၊ ဆရာဝန်နဲ့ပြသဆွေးနွေးဖို့ အချိန်ပေးရမှာလည်း အဆင်‌မပြေဖြစ်နေတယ်ဆိုရင် ✨MyanCare✨ ရှိပါတယ်။

MyanCare ရဲ့ ကျွမ်းကျင် အဆုတ်နှင့်ရင်ခေါင်းအထူးကုဆရာဝန်ကြီးများက ဖုန်းထဲကနေ အကောင်းဆုံးဆွေးနွေးပြောပြတိုင်ပင်ပေးသွားမှာမို့💁

ခံစားနေရသမျှအတွက် အဖြေကောင်းတစ်ခုကို သေချာရှာတွေ့ပြီး လမ်းညွှန်ချက်တွေအတိုင်း အဆုတ်ကို စောင့်ရှောက်နိုင်မှာပါ။

အချိန်အများကြီး ပေးစရာမလိုဘဲ ဆေးခန်းပြဖို့က MyanCare ရှိနေတာမို့ လိုအပ်လာတဲ့အခါ အားကိုးဖို့ သတိရလိုက်ပါနော်။ 🩺❤️

#အဆုတ်

22/11/2025

🧼 မိသားစုကို အချစ်ဆုံးနဲ့ အထိရောက်ဆုံး ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းက ဘာလဲ? 🤔

အဖြေကတော့ အလွယ်ဆုံး၊ အစွမ်းအထက်ဆုံး နည်းလမ်းဖြစ်တဲ့ ဆပ်ပြာနှင့် သန့်ရှင်းသောရေဖြင့် လက်ဆေးခြင်း ပါပဲ! ✅

နှစ်စဉ် အောက်တိုဘာလ (၁၅) ရက်နေ့ ကို ကမ္ဘာ့လက်ဆေးခြင်းနေ့အဖြစ် သတ်မှတ်ထားပေမယ့်၊ ဒီအလေ့အကျင့်ကောင်းဟာ တစ်ရက်တည်းအတွက် မဟုတ်ပါဘူး။ ဒါဟာ မိသားစုကိုချစ်တဲ့၊ ကာကွယ်ပေးတဲ့ နေ့စဉ်အလေ့အကျင့် ဖြစ်တယ်ဆိုတာ အရေးကြီးဆုံး မက်ဆေ့ချ်ပါပဲ။
ဒီနှစ် ကမ္ဘာ့လက်ဆေးခြင်းနေ့ကို ပုံမှန်အတိုင်းမဟုတ်ဘဲ "လက်ဆေးခြင်း Short-Form ဗီဒီယိုပြိုင်ပွဲ" လေးနဲ့ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲခဲ့ပါတယ်။

ဒီရိုးရှင်းတဲ့ အပြုအမူရဲ့ အရေးပါတဲ့ သတင်းစကားကို လူတိုင်းဆီ ဖြန့်ဝေပေးနိုင်ဖို့ ကမ္ဘာ့လက်ဆေးခြင်းနေ့အထိမ်းအမှတ်နဲ့ ပြိုင်ပွဲဝင်များရဲ့ စိတ်ဝင်စားစရာ အမှတ်တရ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

ကျန်းမာတဲ့မိသားစုဘဝအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်မျှဝေပေးဖို့ ဖိတ်ခေါ်ပါတယ်။ ➡️

#သန့်ရှင်းကျန်းမာလက်ဆေးဖို့_သူရဲကောင်းအဖြစ်ပါဝင်စို့

Address

No-60, G-1, New Parami Road, Mayangone
Yangon
11081

Opening Hours

Monday 08:00 - 00:00
Tuesday 08:00 - 00:00
Wednesday 08:00 - 00:00
Thursday 08:00 - 00:00
Friday 08:00 - 00:00
Saturday 08:00 - 00:00
Sunday 08:00 - 00:00

Telephone

+959774778000

Alerts

Be the first to know and let us send you an email when MyanCare posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to MyanCare:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

MyanCare ဆိုသည္မွာ

MyanCare ဆိုတာ မြန်မာနိုင်ငံမှာ ပထမဦးဆုံး အွန်လိုင်းပေါ်မှာ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ကျန်းမာရေးဝန်ဆောင်မှု့ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုပဲဖြစ်ပြီး ကျန်းမာရေးနယ်ပယ်မှ ဝါရင့်ဆရာဝန်ကြီးများ၊ ပရော်ဖက်ဆာကြီးများ၊ နည်းပညာရှင်များဖြင့်ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်ပါတယ်။ MyanCare Application ဆိုတာ ဖုန်းတစ်လုံးရှိရုံ နဲ့ မည်သည့် နေရာ (အိမ်မှာပဲဖြစ်စေ၊ နယ်ဒေသများမှဖြစ်စေ) ၊ မည်သည့်အချိန်မဆို ဆေးရုံ၊ဆေးခန်းသွားစရာ မလိုအပ်ပဲ အထူးကုဆရာဝန်တွေ အထွေထွေရောဂါကု ဆရာဝန်များဖြင့် ကြိုတင်ချိန်းဆိုမှုပြုလုပ်နိုင်ပြီး တိုင်ပင် ဆွေးနွေးလို့ရတဲ့ကျန်းမာရေး ဝန်ဆောင်မှု ပေးနေတဲ့ Application တစ်ခုဖြစ်ပါတယ်။

MyanCare Application ထဲမှာ ဆရာဝန်တွေနဲ့ရက်ချိန်းရယူပြီး Facebook Messenger ထဲမှာလို

• Voice Call (အသံဖြင့်ဖုန်းခေါ်ခြင်း)

• Video Call - (ဗွီဒီယိုဖြင့်ဖုန်းခေါ်ခြင်း)