MyanCare

MyanCare MyanCare ဆိုတာ online ပေါ်ကနေ ဆရာဝန်နဲ့ တိုက်ရိုက် တိုင်ပင်ဆွေးနွေးနိုင်တဲ့ Healthcare Application
(2)

MyanCare ဆိုတာ ကျန်းမာရေး ပြဿနာအမျိုးမျိုးတို့အတွက် online ပေါ်ကနေ ဆရာဝန်နဲ့ တိုက်ရိုက် တိုင်ပင်ဆွေးနွေးနိုင်တဲ့ Healthcare Application တစ်ခုပါ။

MyanCare မှာ အထွေထွေရောဂါကုဆရာဝန်များအပြင် ဝါရင့်အထူးကုဆရာဝန်များ၊ ပါမောက္ခများနှင့်လည်း မိမိအိမ်မှာနေပြီး တိုင်ပင်ဆွေးနွေးလို့ ရနေပြီ ဖြစ်ပါတယ်။ မိမိအဆင်ပြေတဲ့ အချိန်ကို ရွေးချယ်ပြီး ဆရာဝန်များနဲ့ Video Call, Voice Call, Chatting များနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

ဘယ်နေရာမှာပဲ ရောက်နေသည်ဖြစ်စေ အင်တာနက်ရှိရုံနဲ့ ဘယ်လိုကျန်းမာရေးပြဿနာမျိုးကို မဆို အပြင်ထွက်စရာမလိုပဲ ဆရာဝန်များနဲ့ သက်တောင့်သက်သာ တိုင်ပင်ဆွေးနွေးမှုကို ရရှိနိုင်ပါပြီ။

တိုင်ပင်ဆွေးနွေးခများကိုလည်း Mobile Banking, Mobile Payment များနဲ့ အလွယ်တကူ ပေးချေနိုင်ပါတယ်။

English Version

MyanCare is a digital healthcare mobile application and online virtual clinic for everyone. You can consult virtually with the professional doctors and specialists from the comfort of your home through MyanCare platform. You can meet the doctor anywhere and anytime and save time, energy and transportation costs. You can choose a doctor and book an appointment at your convenience. And talk to the doctor about your health problems with video call, audio call or chatting. The doctor can provide you medical advices and give you e-prescriptions via online consultation.

5 မိနစ်အချိန်ပေးရုံနဲ့ CME Case တွေလေ့လာနိုင်မယ့် Platform တစ်ခု💡အချိန်မရွေး၊ နေရာမရွေး၊ ဖုန်းတစ်လုံးရှိရုံနဲ့ ခေတ်မီဆေး...
02/03/2026

5 မိနစ်အချိန်ပေးရုံနဲ့ CME Case တွေလေ့လာနိုင်မယ့် Platform တစ်ခု💡

အချိန်မရွေး၊ နေရာမရွေး၊ ဖုန်းတစ်လုံးရှိရုံနဲ့ ခေတ်မီဆေးပညာမှန်သမျှကို လေ့လာနိုင်မယ့် Platform တစ်ခုက ဆရာဝန်တိုင်းရဲ့လက်တကမ်းမှာပါ။

CME Case တွေကို ကိုယ်တိုင်လည်းမျှဝေနိုင်မယ့် အခြားဆရာဝန်‌ကြီးတွေ မျှဝေထားသမျှကိုလည်းဖတ်ရှုနိုင်မယ့် Platform ကတော့ 🩺MyanCare Doctor App❤️ ပဲဖြစ်ပါတယ်။

Doctor App ဖြစ်တာမို့ ဆရာဝန်တွေပဲ သီးသန့်စုဝေးရာရပ်ဝန်းမှာ (၅) မိနစ်လောက်အချိန်ပေးရုံနဲ့ ကိုယ်မသိသေးတဲ့ CME case တွေကို ဝင်ရောက်ဖတ်ရှုနိုင်စေဖို့ အခုပဲ Register လုပ်ထားလိုက်တော့နော်။

သတိတရ မမေ့အပ်ဖွယ်ရာ တောင်သူလယ်သမားများရဲ့ ကျေးဇူးများစွာ 🌾♥️ယနေ့မတ်လ(၂) ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍမှာ န...
02/03/2026

သတိတရ မမေ့အပ်ဖွယ်ရာ တောင်သူလယ်သမားများရဲ့ ကျေးဇူးများစွာ 🌾♥️

ယနေ့မတ်လ(၂) ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍမှာ နဖူးကချွေးခြေမကျသည့်တိုင် အပင်ပန်းခံစိုက်ပျိုးကြတဲ့ တောင်သူလယ်သမားများကို ကျေးဇူးတင်ဂုဏ်ပြုကြသော တောင်သူလယ်သမားနေ့ဖြစ်ပါတယ်။

ကျန်းမာရေးကောင်းမွန်မှသာ စိုက်ပျိုးသီးနှံများဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ကြမှာဖြစ်တာမို့ ယနေ့ကျရောက်သော တောင်သူလယ်သမားနေ့ကစ ကျေးဇူးရှင်တောင်သူလယ်သမားများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ၍ စိုက်ပျိုးနည်းစနစ်များတိုးတက်ကာ သာယာပျော်ရွှင်ကြပါစေကြောင်း " MyanCare " မှ ကျေးဇူးတင်ဂုဏ်ပြုရင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ ♥️🌾

#တောင်သူလယ်သမားနေ့

We are Hiring Junior  QA Tester – 1 Post ( M/F )( Fulltime/ onsite) We're looking for a Junior QA Tester to join our tea...
28/02/2026

We are Hiring
Junior QA Tester – 1 Post ( M/F )( Fulltime/ onsite)

We're looking for a Junior QA Tester to join our team and help ensure the quality and reliability of our software products. In this role, you'll play a critical part in our development process by executing tests, identifying bugs, and collaborating with our development team to resolve the issues. If you have a keen eye for detail and are passionate about delivering a seamless user experience, we'd love to hear from you.

Key Responsibilities

• Work closely with developers, product managers, and other stakeholders to understand project requirements and ensure quality standards are met.
• Execute detailed test cases for new features and existing functionalities.
• Identify, document, and track software defects and inconsistencies
• Conduct UAT and Performance testing and report bugs to the development team.
• Provide comprehensive documentation of test plans, test cases, and test results.

Job Requirements

• Prior experiences in a software QA or testing role is required.
• Strong analytical and problem-solving skills with a meticulous attention to detail.
• Excellent written and verbal communication skills.
• Good Interpersonal Skills
• Agile Familiarity is an advantage.

Interested Candidates can submit CV with expected salary to info@myancare.org

26/02/2026

လေထုညစ်ညမ်းခြင်းက ကျန်းမာရေးကို တကယ်ထိခိုက်စေနိုင်လား 💬⁉️

လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံရဲ့ ရန်ကုန်မြို့လေထုဟာ ကျန်းမာရေးပြဿနာတွေကို သယ်ဆောင်လာတဲ့ လေထုအခြေအနေကို ရောက်ရှိနေပါတယ်။

အခု Video လေးထဲမှာ လေထုညစ်ညမ်းမှုနဲ့ ကျန်းမာရေးအကြောင်းကို အတတ်နိုင်ဆုံးပြည့်စုံအောင် MyanCare မှ မျှဝေထားတာဖြစ်လို့ ကိုယ်တိုင်အတွက်အကျိုးရှိတယ်ဆိုရင် ပြန်လည်မျှဝေပေးကြဖို့လည်း တိုက်တွန်းအပ်ပါတယ်ရှင်။ 🫶🩺



#လေထုညစ်ညမ်းမှု

ကိုယ့်ရဲ့ကျန်းမာရေးကိစ္စတွေကို ဘယ်သူ့ကိုအရင်ဆုံးပြောပြဖြစ်လဲ⁉️ကိုယ်တိုင်ကြုံတွေ့ခံစားနေရတဲ့ ရောဂါဝေဒနာတွေကို ကိုယ့်ရဲ့ မ...
25/02/2026

ကိုယ့်ရဲ့ကျန်းမာရေးကိစ္စတွေကို ဘယ်သူ့ကိုအရင်ဆုံးပြောပြဖြစ်လဲ⁉️

ကိုယ်တိုင်ကြုံတွေ့ခံစားနေရတဲ့ ရောဂါဝေဒနာတွေကို ကိုယ့်ရဲ့ မိဘ၊ ကိုယ့်ရဲ့မိသားစု၊ ကိုယ့်ရဲ့သူငယ်ချင်း စသဖြင့် ကိုယ့်ပတ်ဝန်းကျင်အနီးအနားကလူတွေကို ရင်ဖွင့်ပြောပြတတ်ကြတာ ပုံမှန်ဖြစ်စဉ်တစ်ခုပါ။

အခုလိုပြောပြလိုက်မှ စိတ်သက်သာရာရပြီး ရောဂါတစ်ဝက်ပျောက်ကင်းသွားသလိုခံစားရတာမို့ လူတိုင်းက အမြဲလိုလိုပြောပြဖြစ်ကြပါတယ်။🗣️

သင်ကိုယ်တိုင်ရော ကျန်းမာရေးကိစ္စအခက်အခဲတစ်ခုခုကြုံလာရင် ဘယ်သူ့ကိုအရင်ဆုံးပြောပြဖြစ်လဲ၊ ဘယ်သူ့ကိုအရင်ဆုံး အကူအညီတောင်းဖြစ်လဲ ဆိုတာ Comment မှာ ရေးခဲ့ပေးပါဦးနော်။✍️

နှလုံးအဆို့ရှင်ရောဂါဆိုတာဘာလဲ⁉️နှလုံးအဆို့ရှင်ရောဂါဆိုတာ နှလုံးထဲမှာရှိတဲ့ အဆို့ရှင် (၄) ခုထဲက အဆို့ရှင်တစ်ခု ဒါမှမဟုတ် ...
24/02/2026

နှလုံးအဆို့ရှင်ရောဂါဆိုတာဘာလဲ⁉️

နှလုံးအဆို့ရှင်ရောဂါဆိုတာ နှလုံးထဲမှာရှိတဲ့ အဆို့ရှင် (၄) ခုထဲက အဆို့ရှင်တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုပြီး ကောင်းကောင်း အလုပ်မလုပ်တော့တဲ့ အခြေအနေပဲဖြစ်ပါတယ်။

နှလုံးအဆို့ရှင်တွေရဲ့ အဓိကလုပ်ငန်းတာဝန်က သွေးတွေကို လမ်းကြောင်းမှန်အတိုင်း စီးဆင်းစေဖို့နဲ့ နောက်ပြန်မစီးအောင် တားဆီးပေးဖို့ ဖြစ်ပါတယ်။ ဒီအဆို့ရှင်တွေ ချို့ယွင်းလာရင် သွေးလည်ပတ်မှုစနစ်ကို ထိခိုက်စေပါတယ်။

နှလုံးအဆို့ရှင်ရဲ့ အဓိက ရောဂါအမျိုးအစား (၂) မျိုးက‌တော့ -
▪️နှလုံးအဆို့ရှင်က အကြောင်းတစ်ခုခုကြောင့် ကျဉ်းသွားတာကြောင့် သွေးတွေ လုံလုံလောက်လောက် မဖြတ်သန်းနိုင်တော့တဲ့ အဆို့ရှင်ကျဉ်းသောရောဂါနဲ့

▪️အဆို့ရှင်က သေချာလုံအောင်မပိတ်တဲ့အတွက် သွေးတွေက နောက်ပြန်စီးသွားတဲ့ အဆို့ရှင်မလုံသောရောဂါတို့ပဲဖြစ်ပါတယ်။

နှလုံးအဆို့ရှင်ရောဂါက အစပိုင်းမှာ လက္ခဏာမပြတတ်ပေမဲ့ ရောဂါတ‌ဖြေးဖြေးရင့်လာရင်-
▪️အနည်းငယ် လှုပ်ရှားရုံနဲ့ မောပန်းခြင်း၊
▪️အသက်ရှူရ ခက်ခဲခြင်း၊
▪️နှလုံးခုန် မမှန်ခြင်း၊
▪️ရင်ဘတ်ထဲက ဖိထားသလို အောင့်ခြင်း၊
▪️ခြေချင်းဝတ်နဲ့ ခြေဖဝါးများ ရောင်ရမ်းလာခြင်း၊
▪️လှဲအိပ်ပါက မောလာခြင်း
▪️ခေါင်းထဲ မူးခနဲဖြစ်ခြင်း၊
▪️သတိလစ်ချင်သလို ဖြစ်ခြင်း တို့ ကြုံလာရနိုင်ပါတယ်။

နှလုံးအဆို့ရှင်ရောဂါဖြစ်ပွားရတဲ့အကြောင်းအရင်းတွေကတော့
▪️မွေးရာပါ နှလုံးအဆို့ရှင် မမှန်ကန်ခြင်း၊
▪️အသက်ကြီးလာကြောင့် အဆို့ရှင်တွေမာလာခြင်း၊
▪️ပိုးလေးဖက်နာရောဂါကြောင့် အဆို့ရှင် ပျက်စီးခြင်း၊
▪️နှလုံးပိုးဝင်ခြင်းတို့ပဲဖြစ်ပါတယ်။

နှလုံးအဆို့ရှင်ရောဂါက ကုသလို့ရတဲ့ ရောဂါဖြစ်ပါတဲ့အပြင် ရောဂါအခြေအနေပေါ် မူတည်ပြီး ဆေးဝါးနဲ့ကုသတာ ဒါမှမဟုတ် အဆို့ရှင် ပြန်လည်ပြုပြင်ခြင်း၊ အစားထိုးလဲလှယ်ခြင်းတို့တွေ ပြုလုပ်နိုင်တာမို့ နှလုံးအဆို့ရှင်ရောဂါခံစားနေရရင် စိတ်ဓာတ်မကျသွားစေဖို့ 🩺MyanCare❤️ မှ မျှဝေပြောပြပေးလိုက်ပါတယ်ရှင်။

နှလုံးအဆို့ရှင်ရောဂါဝေဒနာရှင်များ MyanCare မှာ ဆွေးနွေးတိုင်ပင်နိုင်ပါပြီ။နှလုံးအဆို့ရှင်ဆိုတာက သွေးလည်ပတ်မှု၊ သွေးစီးဆင...
23/02/2026

နှလုံးအဆို့ရှင်ရောဂါဝေဒနာရှင်များ MyanCare မှာ ဆွေးနွေးတိုင်ပင်နိုင်ပါပြီ။

နှလုံးအဆို့ရှင်ဆိုတာက သွေးလည်ပတ်မှု၊ သွေးစီးဆင်းမှု မှန်ကန်အောင် ပြုလုပ်ပေးနေတဲ့ နှလုံးထဲက အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။🫀

ဒါကြောင့်မို့ အ‌ရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်တဲ့ နှလုံးအဆို့ရှင်က အမြဲကျန်းမာနေဖို့လိုအပ်ပါတယ်။

▪️နှလုံးအဆို့ရှင်နဲ့ဆိုင်တဲ့ပြဿနာများ၊

▪️နှလုံးနဲ့ဆိုင်တဲ့ ရောဂါအမျိုးမျိုး

▪️နှလုံးခုန်နှုန်းမမှန်ခြင်း၊

▪️မွေးရာပါ နှလုံးရောဂါများ စသဖြင့် နှလုံးနဲ့သက်ဆိုင်တဲ့ရောဂါမှန်သမျှကို

MyanCare မှာ ရောဂါဝေဒနာတွေကိုရင်ဖွင့်ပြောပြပြီး ဆရာဝန်ကြီးတွေ၊ ‌ပါမောက္ခကြီးတွေရဲ့ ကျန်းမာရေးအကြံပြုချက်တွေကို ရယူနိုင်ပါပြီရှင်။

အသက်ရှူတိုင်းအသုံးပြုနေရတဲ့ နှလုံးအဆို့ရှင်ကို အထိအခိုက်မရှိရလေအောင် လက္ခဏာတစ်ခုခုစပေါ်လာတာနဲ့ 🩺MyanCare❤️ က ဆရာဝန်ကြီးဆီအရင်ဆုံးပြောပြပြီး တိုင်ပင်ဆွေးနွေးဖို့ မမေ့ပါနဲ့နော်။

ဆေးပညာဗဟုသုတတွေ လေ့လာချင်သူတိုင်းအတွက် သီးသန့်နေရာတစ်ခု✨အချိန်ကုန်၊ လူပင်ပန်းခံစရာမလိုဘဲ ဖုန်းတစ်လုံးရှိရုံနဲ့ ဆေးပညာဆို...
20/02/2026

ဆေးပညာဗဟုသုတတွေ လေ့လာချင်သူတိုင်းအတွက် သီးသန့်နေရာတစ်ခု✨

အချိန်ကုန်၊ လူပင်ပန်းခံစရာမလိုဘဲ ဖုန်းတစ်လုံးရှိရုံနဲ့ ဆေးပညာဆိုင်ရာ နောက်ဆုံးပေါ်ခေတ်မီဗဟုသုတအကုန်လုံးကို တစ်နေရာတည်းမှာ လေ့လာနိုင်တဲ့နေရာတစ်ခုက MyanCare Doctor App မှာ ဝင်ရောက်ဖတ်ရှုလို့ရပါပြီ။

🧑‍⚕️ဆရာဝန်တွေချည်းပဲ Register ပြုလုပ်၊ Account ဖွင့်ထားကြတာဖြစ်လို့ ဆရာဝန်တွေကိုယ်တိုင် Sharing လုပ်ပြီး ဆရာဝန်တွေကိုယ်တိုင် ဝင်ရောက်ဆွေးနွေးနိုင်တဲ့ CME သီးသန့်နေရာတစ်ခုလည်းဖြစ်ပါတယ်။

ဒါကြောင့်မို့ Update ဖြစ်ပြီး မှန်ကန်တဲ့အပြင် ဆရာဝန်အချင်းချင်းပြန်လည်မျှဝေလေ့ရှိတဲ့ CME case တွေကို လက်မလွတ်ချင်ရင် MyanCare Doctor App မှာ အခုပဲ Register မြန်မြန်လုပ်ထားလိုက်တော့နော်။🩺❤️

ဦးနှောက်နဲ့ အာရုံကြောပြဿနာ MyanCare က အထူးကုဆရာဝန်ကြီးတွေနဲ့‌တိုင်ပင်ပါ 🧠🩺ဦးနှောက်နဲ့အာရုံကြောပြဿနာခံစားနေရတဲ့သူတွေက သာမ...
18/02/2026

ဦးနှောက်နဲ့ အာရုံကြောပြဿနာ MyanCare က အထူးကုဆရာဝန်ကြီးတွေနဲ့‌တိုင်ပင်ပါ 🧠🩺

ဦးနှောက်နဲ့အာရုံကြောပြဿနာခံစားနေရတဲ့သူတွေက သာမန်လူတွေထက် နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာပိုခက်ခဲပြီး အခြားရောဂါတွေထက် ပိုခံစားရခက်လေ့ရှိပါတယ်။

ဦးနှောက်နဲ့ အာရုံကြောရောဂါ ပြဿနာအ‌‌သေးအမွှားလေးတွေဖြစ်တဲ့-

▪️ခေါင်းမူးခြင်း၊
▪️ခေါင်းကိုက်ခြင်း၊
▪️အာရုံကြောအားနည်းခြင်း၊
▪️မှတ်ဉာဏ်အားနည်းခြင်း စသဖြင့် ပြဿနာတွေအပြင်....

▪️လေဖြတ်လေဖျန်းခြင်း၊
▪️အာရုံကြောများပျက်စီးခြင်း၊
▪️အတက်ရောဂါများ၊
▪️မှတ်ဉာဏ်ချို့ယွင်းခြင်း၊
▪️ပါကင်ဆန်ရောဂါတို့လို ကြီးမားတဲ့ရောဂါတွေကိုဆိုရင်လည်း "MyanCare" ရဲ့ ဦးနှောက်နဲ့ အာရုံကြောအထူးကုတွေဆီမှာ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

Professors တွေကိုယ်တိုင် အချိန်ပေးပြီး စိတ်ရှည်လက်ရှည်နဲ့တိုင်ပင်ဆွေးနွေးပေးမှာဖြစ်လို့ ဦးနှောက်နဲ့အာရုံကြော အထူးကုတွေဆီမှာ သီးသန့်ဆွေးနွေးတိုင်ပင်ဖို့လိုရင် 🩺MyanCare❤️ မှာ တိုင်ပင်လို့ရတဲ့အကြောင်း အကြံပေးပြောပြလိုက်ပါတယ်ရှင်။

🏮Happy Chinese New Year🧧ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူး အခါသမယမှာ လူသားများအားလုံး ဘေးဘယာဝေးကွာပြီး ကိုယ်၏ကျန်းမာခြင်း၊ စိ...
17/02/2026

🏮Happy Chinese New Year🧧

ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူး အခါသမယမှာ လူသားများအားလုံး ဘေးဘယာဝေးကွာပြီး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။

လာမယ့်နှစ်သစ်ကစလို့ မိသားစုတိုင်း စိုပြေပျော်ရွှင်ပြီး လိုအင်ဆန္ဒများအားလုံး တထပ်တည်း၊ တသားတည်း ပြည့်ဝကြပါစေ‌နော်။

ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်တာမို့ ကိုယ့်ရဲ့ နေ့စဉ်နေထိုင်မှုဘဝမှာ ဂရုတစိုက်နဲ့ ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း 🩺MyanCare❤️ မှ နှစ်သစ်ဆုမွန်ကောင်းပို့သအပ်ပါတယ်ရှင်။


#တရုတ်နှစ်သစ်ကူး

ချစ်ခြင်းမေတ္တာထက်ပိုတဲ့ ကျန်းမာရေးလက်ဆောင်ဆိုတာ....🌹🍫ဒီနေ့ ချစ်သူများနေ့မှာ ချစ်ရသူကို နှင်းဆီပန်းလေးတွေနဲ့ ချောကလက်လေး...
14/02/2026

ချစ်ခြင်းမေတ္တာထက်ပိုတဲ့ ကျန်းမာရေးလက်ဆောင်ဆိုတာ....🌹🍫

ဒီနေ့ ချစ်သူများနေ့မှာ ချစ်ရသူကို နှင်းဆီပန်းလေးတွေနဲ့ ချောကလက်လေးတွေ ပေးကြတာဟာ "Romantic" ဆန်ရုံတင်မကဘဲ တကယ်တော့ ကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ❤️

🌹 နှင်းဆီပန်းလက်ဆောင်ရဲ့ အကျိုးကျေးဇူးများ
နှင်းဆီပန်းရဲ့ သဘာဝရနံ့ဟာ ဦးနှောက်ကို အပန်းပြေစေပြီး စိတ်ဖိစီးမှု (Stress) ကို လျှော့ချပေးနိုင်ပါတယ်။ ရနံ့ကုထုံး (Aromatherapy) အနေနဲ့တောင် အသုံးပြုကြတာမို့ ချစ်ရသူကို စိတ်အေးချမ်းစေချင်ရင် နှင်းဆီပန်းလက်ဆောင်ပေးတာ အကောင်းဆုံးပါပဲနော်။

🍫 Chocolate လက်ဆောင်ရဲ့ အကျိုးကျေးဇူးများ
ချောကလက်မှာ Antioxidants တွေ ကြွယ်ဝစွာပါဝင်လို့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး နှလုံးကျန်းမာရေးကို အထောက်အကူပြုတဲ့အပြင် စိတ်ကိုပျော်ရွှင်စေတဲ့ Endorphin ဟော်မုန်းကိုလည်း ထွက်စေပါတယ်။

ဒါ‌ကြောင့်မို့ နှင်းဆီပန်းနဲ့ ချောကလက်လက်‌ဆောင်ပေးတယ်ဆိုတာ Romantic ဆန်တာထက် ချစ်ရသူကို "စိတ်ရောကိုယ်ပါ ကျန်းမာစေချင်တယ်" ဆိုတဲ့ အဓိပ္ပာယ်လေး သက်ရောက်ပါတယ်‌နော်။

ချစ်ခြင်းမေတ္တာတွေနဲ့အတူ လူသားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေကြောင်း 🩺MyanCare❤️မှ ဆုမွန်ကောင်းတောင်းပေးရင်း Valentine Day မှမဟုတ်ဘဲ အခြားသောနေ့တွေမှာလည်း ကိုယ်ချစ်ရတဲ့သူတွေကို အခုလိုစိတ်ရောကိုယ်ပါ ကျန်းမာစေတဲ့လက်ဆောင်လေးပေးဖို့မမေ့ပါနဲ့နော်။✨

မွေးကင်းစကလေးငယ်တွေရဲ့ အထွေထွေရောဂါတွေကို အိမ်ကနေပဲ လွယ်ကူမြန်ဆန်စွာ တိုင်ပင်လို့ရမယ့်နေရာက ဘယ်နေရာလဲ⁉️မွေးကင်းစကလေးငယ်ရ...
12/02/2026

မွေးကင်းစကလေးငယ်တွေရဲ့ အထွေထွေရောဂါတွေကို အိမ်ကနေပဲ လွယ်ကူမြန်ဆန်စွာ တိုင်ပင်လို့ရမယ့်နေရာက ဘယ်နေရာလဲ⁉️

မွေးကင်းစကလေးငယ်ရဲ့ အ‌ထွေထွေရောဂါမှန်သမျှတို့ကို အထူးကုသ‌ပေးနေတဲ့ စီနီယာတိုင်ပင်ခံ မွေးကင်းစအထူးကု ဆရာဝန်ကြီး "‌ပါ‌မောက္ခ ဇော်ဝင်းမိုး" နဲ့အတူ 🩺MyanCare❤️ မှာ ဆေးခန်းပြလို့ရပါပြီ။

က‌လေးငယ်‌တို့ရဲ့အထွေထွေရောဂါပြဿနာတို့ကို ရောဂါလက္ခဏာစပြတာနဲ့ နေ့ချင်းပြသနိုင်အောင် MyanCare မှာ Booking ယူပြီး ဆရာဝန်ကြီးနဲ့အတူ ‌တိုင်ပင်လို့ရပါပြီရှင်။

ကလေးငယ်ရဲ့ အစာအိမ်နဲ့အူလမ်းကြောင်းပိုင်းဆိုင်ရာရောဂါတွေက ခံစားရတာနဲ့ အမြန်ဆုံးပြသသင့်တာကြောင့် 🩺MyanCare❤️ မှာ အခုပဲ အလွယ်တကူ Booking ယူပြီး ဆွေးနွေးတိုင်ပင်ကြဖို့ သတိပေးပါရစေနော်။✨

Address

No-60, G-1, New Parami Road, Mayangone
Yangon
11081

Opening Hours

Monday 08:00 - 00:00
Tuesday 08:00 - 00:00
Wednesday 08:00 - 00:00
Thursday 08:00 - 00:00
Friday 08:00 - 00:00
Saturday 08:00 - 00:00
Sunday 08:00 - 00:00

Telephone

+959774778000

Alerts

Be the first to know and let us send you an email when MyanCare posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to MyanCare:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

MyanCare ဆိုသည္မွာ

MyanCare ဆိုတာ မြန်မာနိုင်ငံမှာ ပထမဦးဆုံး အွန်လိုင်းပေါ်မှာ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ကျန်းမာရေးဝန်ဆောင်မှု့ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုပဲဖြစ်ပြီး ကျန်းမာရေးနယ်ပယ်မှ ဝါရင့်ဆရာဝန်ကြီးများ၊ ပရော်ဖက်ဆာကြီးများ၊ နည်းပညာရှင်များဖြင့်ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်ပါတယ်။ MyanCare Application ဆိုတာ ဖုန်းတစ်လုံးရှိရုံ နဲ့ မည်သည့် နေရာ (အိမ်မှာပဲဖြစ်စေ၊ နယ်ဒေသများမှဖြစ်စေ) ၊ မည်သည့်အချိန်မဆို ဆေးရုံ၊ဆေးခန်းသွားစရာ မလိုအပ်ပဲ အထူးကုဆရာဝန်တွေ အထွေထွေရောဂါကု ဆရာဝန်များဖြင့် ကြိုတင်ချိန်းဆိုမှုပြုလုပ်နိုင်ပြီး တိုင်ပင် ဆွေးနွေးလို့ရတဲ့ကျန်းမာရေး ဝန်ဆောင်မှု ပေးနေတဲ့ Application တစ်ခုဖြစ်ပါတယ်။

MyanCare Application ထဲမှာ ဆရာဝန်တွေနဲ့ရက်ချိန်းရယူပြီး Facebook Messenger ထဲမှာလို

• Voice Call (အသံဖြင့်ဖုန်းခေါ်ခြင်း)

• Video Call - (ဗွီဒီယိုဖြင့်ဖုန်းခေါ်ခြင်း)