25/04/2026
၁) ဆီးချိုရောဂါ ဆိုတာ ဘာလဲ?
ဆီးချိုရောဂါ ဆိုတာ သွေးထဲ ဂလူးကို့ ရှေရည် မြင့်
တက် နေတာကိုပြောတာပါ
ဒါက မြင်ရတဲ့ လက္ခဏာ တမျိုးဖြစ်ပြီး တကယ် ဖြစ်နေ
တာက အင်ဆူလင်တွန်းကန်ခြင်း (insulin resistance)
သို့မဟုတ် ရေရှည် အင်ဆူလင် မြင့်တက်နေခြင်း
(Hyperinsulenemia) ဖြစ်ပြီး မိုင် ၆၀၀၀၀ ကျော်
ရှည်တဲ့ (ကမ္ဘာ ၂ပတ် ပတ်လို့ရတဲ့ အလျား) သွေးကြော
တလျှောက် အတွင်းနံရံတွေ ပျက်စီး
နေတာပါ အစားအသောက် အနေအထိုင် မပြင်ရင်
သွေးကြောတွေ ပိတ်/ပျက် လာပြီး ကျောက်ကပ် ပျက်
ခြေလက်ကျင် လေဖြတ် ဦးနှောက် သွေးကြောပေါက်
Heart attack နဲ့ ကင်ဆာ ပါ ဖြစ်လာ နိုင်ပါတယ်
#ဆီးချိုဆိုတာ
၂) ဆီးချိုရောဂါ ဘယ်နှစ်မျိုးရှိပါသလဲ?
Type 1 Diabetes ဆိုတာကတော့ autoimmune ရောဂါ
ကြောင့် ပန်ကရိယ က အင်ဆူလင် မထုတ်တော့လို့ မ
ဖြစ် မနေ အင်ဆူလင် မထိုးရင် မရတဲ့ရောဂါပါ
Type 2 Diabetes Mellitus (T2DM) ကတော့ အရင်က
adult on-set diabetes (အသက်ကြီးမှ ဖြစ်တဲ့ ဆီးချို
ရောဂါ လို့ခေါ်လေ့ရှိတဲ့ လူသိများတဲ့ ရောဂါပါ) အခုချိန်
မှာ ကလေး လူကြီး မကျန် ကမ္ဘာ့လူဦးရေ ရဲ့ တဝက်
ကျော် ဟာ ဆီးချို ရောဂါ သို့ ဆီးချို အကြိုရောဂါ ဖြစ်
နေပါပြီ ဒါက တရားဝင် သတ်မှတ်ချက်အရ လျော့
နည်း ပြီး ခန့်မှန်းတာ တကယ်က လူဦးရေ ၉၀% ကျော်
အထိ ရှိနိုင်တယိလို့ ဆိုပါတယ် (အသေးစိတိ ကို နောက်
ပို့စ် သတ်သတ် ရေးပြီး ရှင်းပြပေးပါ့မယ်)
အခုနောက်ပိုင်း အလ်ဇိုင်းမား ရောဂါ ကိုလဲ type 3
Diabetes လို့စတင် ခေါ်နေကြပါပြီ ဦးနှောက် က
Insulin resistance ဖြစ်နေတာ လို့ပါ
ဖြစ်ရအကြောင်းရင်းက type 2 နဲ့ အတူတူ ပါ ပဲလို့
၃) T2DM ဆီးချို ရောဂါ အသက်ကြီးမှ ဖြစ်တာလား ?
မဟုတ်ပါဘူး ဆီးချို ရောဂါ ရဲ့ အစ က ငယ်စဉ်က
တည်း က စလာတာပါ တဖြေးဖြေးချင်း ပိုပိုဆိုးလာပြီး
အသက်ကြီးမှ ရောဂါ လက္ခဏာ တွေ ပြလာပြီး ဆရာဝန်
သွားပြမိမှ ဆီးချို ဖြစ်နေတာကို သိရတာပါ
ကလေးတွေ မှာ ဆယ်ကျော်သက်တွေ မှာ လဲ ဖြစ်နေနိုင်
ပြီး ဆရာဝန်တွေ က စစ်လေ့ မရှိတာရယ် ဆီးချို ရောဂါ
တဲ့ တကယ့်ဖြစ်စဉ် နဲ့ အကြောင်းရင်း မှန် ကို ဆေး
ကျောင်း မှာ မသင်ယူခဲ့ ရတာ ရယ် ဆီးချို ရှိမရှိ စစ်တဲ့
criteria တွေ ကလဲ ခေါတ်နောက်ကျနေတာရယ် ဆီးချို
ရောဂါ ဆိုတာ သွေးထဲ သကြားများတာ သွေးတိုးတယ်
ဆိုတာ သွေးပေါင်များတာ ဒီလောက်ပဲ သိပြီး
နောက်ဆက်တွဲ ဆိုးကျိုး တွေ နားမလည်လို့ မသိလို့
လူတွေ အသိ နောက်ကျပြီး မလိုအပ်တဲ့ ငွေကုန်ကျေးကျ
မှုတွေ ရောဂါ တွေ အဆင့်ဆင့်ရလာကြတာပါ တကမ္ဘာ
လုံး အတိုင်းအတာ နဲ့ ဖြစ်နေတာပါ
၄) ဆီးချို ရောဂါ အကြောင်း ဘာဖြစ်လို့ သိဖို့လိုတာလဲ?
ကမ္ဘာ့လူဦးရေ ရဲ့ ၈၀% ဟာ နှလုံးရောဂါ သို့မဟုတ်
ကင်ဆာနဲ့ အသက်သေဆုံးရမှာပါ
၄၀% ခန့်က ကင်ဆာ ရောဂါနဲ့ သေဆုံးပါမယ်
ကျန် ၄၀% (အမျိုးသားတွေ ရဲ့ ၅၀% အမျိုးသမီး
တွေရဲ့ ၁/၃ ပုံ) က နှလုံးရောဂါနဲ့ သေဆုံးရမှာပါ
နှလုံးရောဂါဟာ ရောဂါ သပ်သပ် တခု မဟုတ်ပါဘူး
ဆီးချို ပဲ ဖြစ်ဖြစ် သွေးတိုးပဲ ဖြစ်ဖြစ် အဝလွန်နေတာပဲ
ဖြစ်ဖြစ် တကယ်တော့ ဖြစ်ရတဲ့ အကြောင်းရင်းခံ
တခု ထဲပဲ ဖြစ်ပြီး မဖြစ်အောင် ကြိုတာ ကာကွယ်
လိုက်ရင် နှလုံးရောဂါ ဆိုတာ ဖြစ်လာစရာ မလိုတော့လို့
ဆီးချို အကြောင်း ရှိရှိ မရှိရှိ လေ့လာ သင့်ပြီး
ရှောင်သင့်တာ ရှောင်ရင် နာတာရှည် ရောဂါ တွေမ
ဖြစ်တော့ ပါဘူး
ကင်ဆာ ရောဂါ ဆိုတာလဲ တကယ်တော့ ဆဲလ် အထဲ က
အင်ဂျင်လေးတွေ (အစားအသောက်ကနေ ခွန်အား
ပြောင်း ပေးတဲ့) mitochondria တွေ ကနေစတာပါ
အစားအသောက် အမှားတွေ (အထူးသဖြင့် ချက်ဆီ )
ကနေ ပဲ mitochondria တွေ ပျက်စီး ရတာမို့
ကြိုတင် ကာကွယ် နိုင်တာ တွေ နောက်ပိုင်း
ဆက် ရှယ်ပေးသွားပါမယ်
ပြီးတော့ ဆီးချို ရောဂါ နဲ့ နောက်ဆက်တွဲ ဆိုးကျိုး တွေ
ကလဲ အများကြီး (heart attack, လေဖြတ်, ကျောက်
ကပ်ပျက်, ခြေလက် က အာရုံကျောတွေ သေဆုံး ကုန်
လို့ ခြေလက်ကျဉ် တဲ့ရောဂါ, အနာဖြစ်လာရင် မကျက်
တော့လို့ ခြေ လက်တွေ ဖြတ် ထုတ်ရတာ, ဆီးချို
မျက်စီ ကွယ်တာ) အပြင် ကင်ဆာ ဖြစ်နှုန်းလဲ အဆ
ပေါင်းများစွာ တိုးလာပါတယ်
၅) ဆီးချို ရောဂါ ကို ကြို တင် ကာကွယ်လို့ ရပါသလား?
၁၀၀% ကာကွယ်လို့ ရပါတယ် ဆီးချို ပြန် ကောင်း
အောင် လုပ်နည်းနဲ့ အတူတူ ပါပဲ အသေးစိတ် ပို့စ် သတ်
သတ် ရေထားပါတယ် တကယ်တော့ ဘာကြောင့် ဖြစ်
သလဲ ဆိုတာ နားလည်ရင် ကာကွယ်ရေး က လွယ်
လွယ်လေးဖြစ်သွားပါတယ် (သီအိုရီ အရ)
၆) ဆီးချို ရောဂါ ပြန်ကောင်း နိုင်လား ?
လက်ရှိ အနောက်တိုင်းဆေးပညာသင်ထားတဲ့ ဆရာဝန်
တွေရဲ့ ဆေးကျောင်းက သင်ပေးလိုက်တာ စာအုပ်အရ
ဆီးချိုရောဂါ ဆိုတာ ဖြစ်ပြီး ဘယ်တော့မှ ပြန်မကောင်း
တဲ့ နာတာရှည် ရောဂါ တမျိုးဖြစ်ပြီး ဆေးဝါးနဲ့ သာ
ထိန်း သိမ်းရတဲ့ ရောဂါ တမျိုးလို့ဆိုပါတယ် ဆရာဝန်က
ဆီးချို ရှိပြီလို့ diagnosed လုပ်ပြီးတာနဲ့ မက်ဖော်မင်
စပေးပါမယ် နောက် ၃-၄နှစ်ကြာတော့ ဆေးတမျိုး နဲ့
မလောက်တော့လို့ ၂မျိုး နောက်ထပ်ကြာလာတော့ ၃-၄
မျိုး နောက်ဆုံး အင်ဆူလင် ထိုးရတဲ့ အဆင့် ရောက်ပါ
တယ် ဆီးချို ပြန်ကောင်းလား ဆိုတော့ မကောင်းတဲ့ အ
ပြင် ဆီးချိုရောဂါ ရဲ့ နောက်ဆက်တွဲ ဆိုးကျိုး တွေ တခု
ပြီး တခု တမျိုးပြီး တမျိုး ဖြစ်လာပါတယ် နောက်ဆုံး
ဆီးချို ရောဂါနဲ့ မသေရင် နှလုံးရောဂါ သို့ ကင်ဆာ နဲ့
သေဆုံး ရတာပါ
ဒါဟာ လုံးဝလွဲမှားနေတဲ့ ကုထုံး ဖြစ်ပြီး ကျနော် ကိုယ်
တိုင် နဲ့ သိန်း နဲ့ သန်းနဲ့ ချီပြီး ဘာဆေး မှ မပါပဲ ပြန်
ကောင်း နေတဲ့ လူတွေ ကို မသိကျိုးကျွန် လုပ်ပြီး လူ
တွေ မလိုအပ်တဲ့ဆေးဝါး နဲ့ ခံစားမှု အရပ်ရပ် ငွေကုန်
ကြေးကျမှုတွေ ဖြစ်စေပါတယ်
ကျနော့်အမြင် ဆီးချို ပြန်ကောင်းမကောင်းဆိုတာ
လူနာ ပေါ်မူတည်ပါတယ် ပန်ကရိက အင်ဆူလင် ထုတ်
သေးတယိ (ဆီးချို ဖြစ်တာ အရမ်းကြာသွားလို့ type 1
diabetes ဖြစ်သွားတဲ့ လူတွေက တော့ ပန်ကရိယ ပျက်
သွားပြီးလို့ ပြန်မကောင်း နိုင်ပါ) လူနာက လုပ်သင့်
လုပ်ထိုက်တာ မစားသင့် မစားထိုက်တာ ကို
ကို အတိအကျ ရှောင်နိုင်ရင် ပြန်ပြီး တိုးတက် မလာဘူး
ဆိုတာ မဖြစ်နိုင်ပါဘူး
ရာခိုင်နှုန်း အများစု က သေချာပေါက် ပြန်ကောင်းမယ်
လို့ ယုံကြည်ပါတယ်
အနဲဆုံး ဆီးချိုကြောင့် ဖြစ်မဲ့ နောက် ဆက်တွဲ ရောဂါ
ကို ကာကွယ် ပေးသွားပါလိမ့်မယ်
၇) ဆီးချို ဘာကြောင့် ဖြစ်တာလဲ?
ဆရာဝန်တွေ သင်ထားတာက အစာစားတာ များလို့
အားကစား မလုပ်လို့ နှစ်ကြာလာတဲ့ ပခါ ပန်ကရိက က
အင်ဆူလင် ထုတ်နှုန်း ကျလာပြီး သွေးထဲ သကြားဓါတ်
များလာတာလို့ ဆိုပါတယ် ဒါကြောင့် ဆရာဝန်ဆီ သွား
ရင် အစာလျှော့စား အားကစားလုပ်လို့ ပြောပါလိမ့်မယ်
လိုအပ်ရင် ဆေးပေးပါလိမ့်မယ်
နောက်တခါ ဆရာဝန် နဲ့တွေ့ရင် ကျနော့် အင်ဆူလင်
ဘယ်လောက်ရှိလဲ မေးကြည့်ပါ
မသိဘူး/မလိုဘူး ဖြေပါလိမ့်မယ် ဒါဆို အင်ဆူလင် နည်း
တယ် ဆိုတာ သူတို့ ဘယ်လို သိမလဲ မစစ်ကြည့်ပဲနဲ့?
ဟုတ်ပါတယ် ရမ်းတုတ်နေတာပါ ဘယ်တော့မှ အင်ဆူ
လင်စစ်လေ့ မရှိပါဘူး type 1 ဆီးချိုသမားတွေ အင်ဆူ
လင် မရှိတာကို အခြေခံပြီး type 2 လဲ ဒီလိုပဲနေမှာ ဆို
ပြီး ရမ်းတုတ်တာပါ
တကယ်ဖြစ်ရတဲ့ အကြောင်းရင်းက လူအနေနဲ့ အများ
ကြီး မစား သင့်တဲ့ အစားအစာ ကို နှစ်ရှည်လများ
ဆယ်စုနှစ်နဲ့ ချီ စားလာ လို့ နောက်ဆက်တွဲ ဆိုးကျိုး
အနေနဲ့ insulin resistance ဖြစ်လာပြီး အင်ဆူလင်
တဖြေးဖြေးချင်း တက်လာလိုက်တာ နောက်ဆုံး ပန်ကရိ
က သူထုတ်နိုင်တဲ့ ပမာဏ ဂိတ်ဆုံး ရောက်တဲ့ အချိန် မှာ
သွေးထဲ က သကြားက ဖြေးဖြေးချင်း စတက်လာတာပါ
အဲလို မတက်ခငိ ဆယ်စုနှစ်နဲ့ ချီ စုလာတာပါ
သွေးထဲ သကြား စတက် တာနဲ့ ဆရာဝန် သတ်မှတ်ချက်
အရ ဆီးချို ဖြစ်တဲ့ အထိ ၄-၅ နှစ် ၁၀နှစ် ထပ်ကြာနိုင်ပါ
သေးတယ် အဲဒီ အချိန် တွေ မှာကိုပဲ သွေးကြော နံရံ တွေ
နေ့စဉ် ပျက်စီးလိုက် ပြင်လိုက် ဖြစ်နေတော့ သွေးကြော
ကျဉ်းတာတွေ စနေပါပြီ
ဆီးချိုဖြစ်နေပြီ ဆိုတဲ့ အချိန်မှာ မမြင်ရတဲ့ အပျက်အစီး
မျိုးစုံ ဖြစ်နေပါပြီ
ဆရာဝန် ဆေး သောက်နေလို့ သွေးထဲ သကြားဓါတ် နဲနဲ
ကျပေမဲ့လဲ သွေးကြော ပျက်စီးတာ ဆက်လက်ပြီး ဖြစ်
နေအုံးမှာပါ နောက်ဆုံး နှလုံး ရောဂါ နဲ့ ကင်ဆာ ဖြစ်လာ
ပါလိမ့်မယ်
များများ မစားသင့်တဲ့ အစားအသောက် ကတော့
သကြား အချို ကစီဓါတ် မျိုးစုံ (ထမင်း ပေါင်မုန့်
ဂျုံ ပြောင်း အာလူး စသည်) တွေပါပဲ။
Regard to original uploader
pharmacy