Happy Kidz Health & Wellness

Happy Kidz Health & Wellness ကလေးကျန်းမာရေး ဗဟုသုတများ မျှဝေပေးသော Page ဖြစ်ပါသည်။ Consultation with Doctor

အိပ်ရေးဝဝလေးကို မအိပ်ရတော့ပါဘူးနော် 😄
14/10/2025

အိပ်ရေးဝဝလေးကို မအိပ်ရတော့ပါဘူးနော် 😄

13/10/2025

မီးပိုးကောင် အဆိပ်သင့်ရင် လူကြီးနဲ့ ကလေးမှာ လက္ခဏာတွေက ဘာကွာလဲ❓
ကလေးတွေမှာ ပိုပြင်းထန်ရတဲ့ အကြောင်းရင်း (၃) ချက်❗


&Wellness



ကလေးငယ်လေးတွေမှာ တွေ့ရတတ်တဲ့ မွေးရာပါသွား (Natal Teeth) နဲ့ မွေးပြီးခါစသွား (Neonatal Teeth) အကြောင်း🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈👉မွေး...
12/10/2025

ကလေးငယ်လေးတွေမှာ တွေ့ရတတ်တဲ့ မွေးရာပါသွား (Natal Teeth) နဲ့ မွေးပြီးခါစသွား (Neonatal Teeth) အကြောင်း

🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈

👉မွေးရာပါသွား (Natal Teeth) ဆိုတာ ကလေးမွေးဖွားလာကတည်းက ပါလာတဲ့သွားကို ခေါ်ပါတယ်။ မွေးပြီးစသွား (Neonatal Teeth) ကတော့ မွေးပြီး ၃၀ ရက်အတွင်း ပေါက်တဲ့သွားဖြစ်ပါတယ်။ ဒီသွားတွေဟာ အောက်ခြေရှေ့သွားတွေမှာ အဖြစ်များပြီး ပုံမှန်သွားတွေထက် ပိုပါးလွှာကာ အမြစ်မပြည့်ဝတာကြောင့် လှုပ်နေတတ်ပါတယ်။

👉သွားဆရာဝန်နဲ့ ပြသသင့်တဲ့ အကြောင်းရင်းတွေက
-သွားလှုပ်နေခြင်း - ကလေးမြိုချမိပြီး သီးနိုင်တဲ့အန္တရာယ်ရှိပါတယ်
-ပါးစပ်အတွင်း ထိခိုက်ဒဏ်ရာဖြစ်နိုင်ခြင်း - သွားချွန်တာကြောင့် လျှာ၊ ပါးစောင်တွေ ထိခိုက်နိုင်ပါတယ်
-နို့စို့ခြင်းကို အနှောင့်အယှက်ဖြစ်စေခြင်း - ကလေးနဲ့မိခင်နှစ်ဦးစလုံး နို့တိုက်ရာမှာ နာကျင်မှုဖြစ်စေနိုင်ပါတယ်
-အခြားကျန်းမာရေးပြဿနာများ - မျိုးရိုးဗီဇဆိုင်ရာရောဂါတွေ ရှိမရှိ စစ်ဆေးဖို့လိုပါတယ်

👉သွားဆရာဝန်က ဘာလုပ်ပေးနိုင်မလဲ
-သွားရဲ့ ခိုင်မာမှု၊ အနေအထားနဲ့ ကလေးအတွက် အန္တရာယ်ရှိမရှိ စစ်ဆေးပေးနိုင်ပါတယ်
-လိုအပ်ရင် ဓာတ်မှန်ရိုက်ပြီး သွားအမြစ်ဖွဲ့စည်းပုံကို ကြည့်ရှုနိုင်ပါတယ်
-သွားဖယ်ရှားဖို့လိုရင် ထုံဆေးနဲ့ စနစ်တကျ ဖယ်ရှားပေးနိုင်ပါတယ်
-သွားမဖယ်ရှားရသေးရင် ကလေးရဲ့သွားနဲ့ခံတွင်း သန့်ရှင်းရေးအတွက် လမ်းညွှန်ချက်တွေ ပေးနိုင်ပါတယ်

👉အိမ်တွင်းဂရုစိုက်နည်းတွေက
-သန့်ရှင်းတဲ့အဝတ်စ ဒါမှမဟုတ် ပတ်တီးစသန့်သန့်နဲ့ သွားကို ညင်ညင်သာသာ သန့်ရှင်းပေးပါ
-ကလေးနို့စို့ပြီးတိုင်း ရေသန့်နဲ့ ပါးစပ်သန့်ရှင်းပေးပါ
-သွားကြောင့် မိခင်နို့သီးခေါင်း ထိခိုက်ရင် နို့ညှစ်ပြီး ဇွန်းနဲ့တိုက်တာမျိုး လုပ်ပေးပါ

👉မွေးရာပါသွားနဲ့ မွေးပြီးစသွားတွေဟာ ကလေးငယ်တွေမှာ တွေ့ရတတ်တဲ့ ထူးခြားတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ ဒီလိုသွားတွေကို ပုံမှန်လို့ထင်ပြီး လျစ်လျူရှုထားရင် နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်တာမို့ သွားဆရာဝန်နဲ့ ပြသကြည့်ဖို့ အရေးကြီးပါတယ်။

Ref: AAP, Mayo Clinic, National Institutes of Health, WHO, Johns Hopkins Medicine

🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻

(တခြား ကလေးမိဘများအတွက်လည်း ဗဟုသုတ တိုးပွားအောင် share ပေးခြင်းဖြင့် ကူညီနိုင်ပါတယ်။ တဆင့် ပြန်လည် ကူးယူရေးသားခြင်း ခွင့်မပြုပါဘူး။)


&Wellness

11/10/2025

ကလေးလေးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်ရင် ဘယ်လိုသိနိုင်မလဲ ❗




ကိုယ်ဝန်ဆောင်တုန်းက ဘေဘီလေးတွေအကျင့် 😄တစ်ယောက်တည်းရှိပြီဆို ဟိုကန်ဒီကန်နဲ့ ဆေးခန်းသွားပြရင် သူတို့မဟုတ်သလို 😄
11/10/2025

ကိုယ်ဝန်ဆောင်တုန်းက ဘေဘီလေးတွေအကျင့် 😄
တစ်ယောက်တည်းရှိပြီဆို ဟိုကန်ဒီကန်နဲ့ ဆေးခန်းသွားပြရင် သူတို့မဟုတ်သလို 😄


ကလေးငယ်လေးတွေရဲ့ ဦးခေါင်း မတော်တဆ ထိခိုက်မိလျှင် မိဘတွေအနေနဲ့ ဘာတွေပြုလုပ်ပေးရမလဲ👩‍⚕️👩‍⚕️👩‍⚕️👩‍⚕️👩‍⚕️👩‍⚕️👩‍⚕️👩‍⚕️👩‍⚕️👩‍⚕...
10/10/2025

ကလေးငယ်လေးတွေရဲ့ ဦးခေါင်း မတော်တဆ ထိခိုက်မိလျှင် မိဘတွေအနေနဲ့ ဘာတွေပြုလုပ်ပေးရမလဲ

👩‍⚕️👩‍⚕️👩‍⚕️👩‍⚕️👩‍⚕️👩‍⚕️👩‍⚕️👩‍⚕️👩‍⚕️👩‍⚕️👩‍⚕️👩‍⚕️👩‍⚕️👩‍⚕️

⚠️ကလေးတွေရဲ့ ဦးခေါင်းထိခိုက်မှုဟာ ရိုးရိုး ဦးရေပြား ပွန်းပဲ့မှုကနေ ဦးနှောက်အတွင်းပိုင်း ထိခိုက်တဲ့အထိ အမျိုးမျိုးဖြစ်နိုင်ပါတယ်။

⚠️ဦးခေါင်းထိခိုက်နိုင်တဲ့ အဖြစ်များသော အခြေအနေတွေက
-မြင့်တဲ့နေရာကပြုတ်ကျတာ (ပုခက်၊ ကုတင်)
-ဦးခေါင်းကို ပစ္စည်းတစ်ခုခုနဲ့ ရိုက်မိတာ
-ယာဉ်မတော်တဆမှုဖြစ်တာ
-ကလေးခေါင်းကို ပြင်းပြင်းထန်ထန် ယမ်းခါမိတာ

⚠️ဆေးရုံအမြန်သွားရမယ့် ပြင်းထန်လက္ခဏာတွေက
-မိနစ်ပိုင်းလောက်ကြာအောင် သတိလစ်သွားတာ
-မှိန်းနေပြီး အသံကို မတုံ့ပြန်နိုင်တာ
-မူးဝေပြီး သတိမကောင်းတာ
-တက်တာ
-တစ်ကြိမ်ထက်ပိုအန်တာ
-ဦးခေါင်းကနေ သွေးအများကြီးထွက်တာ
-မျက်လုံးဖူးရောင်ပြီး မျက်ကွင်းညိုတာ
-နားနဲ့ နှာခေါင်းကနေ သွေးထွက်တာ

⚠️အိမ်မှာပြုစုပေးနိုင်တဲ့ သာမန်ထိခိုက်မှုတွေက
-ခိုက်မိတဲ့အခါ အနည်းငယ်မူးဝေတာ လောက်ပဲရှိပြီး ကောင်းကောင်း သတိပြန်ရတာ
-ဦးရေပြားပွန်းပဲ့တာ၊ ခြစ်ရာ၊ ဖူးရောင် ဒဏ်ရာသေးသေးလေး တွေပဲရှိတာ
-အပေါ်ယံ ဦးရေပြား Abrasion စုတ်ပြဲသွားတဲ့အတွက် သွေးအနည်းငယ် ထွက်နိုင်တာ
-တစ်ကြိမ်လောက်မျှ အန်တတ်တာ
စသဖြင့် ဒီလို ဒဏ်ရာ အနည်းအကျဉ်းလောက်ပဲ ရှိတတ်ပါတယ်။ ဒါပေမယ့် မသေချာပါက၊ သံသယရှိပါက ချက်ချင်း နီးစပ်ရာ ဆေးရုံဆေးခန်းကို သွားပြသင့်ပါတယ်။

⚠️သာမန်ထိခိုက်မှုအတွက် အိမ်မှာပြုစုနည်းတွေကတော့
ခေါင်းကိုက်နာကျင်တာသက်သာစေဖို့ ပါရာစီတမောကို ၆ နာရီခြားတစ်ကြိမ်တိုက်ပေးနိုင်ပါတယ်။ ပွန်းပဲ့ဒဏ်ရာရှိရင် ရေနဲ့ဆေးကြောပြီး ဘီတာဒင်း (Betadine) ဆေးရည်လိမ်းပေးပါ။ သွေးအနည်းငယ်ထွက်ရင် ပတ်တီးနဲ့ pressure ပေး၍ ဖိပြီး သွေးတိတ်အောင် လုပ်ပေးပါ။ ဖူးရောင်ဒဏ်ရာရှိရင် ရေခဲကပ်ပေးပါ။ ထိခိုက်ပြီး ပထမ ၂ နာရီအတွင်း ကလေးကို အနီးကပ် သေချာ စောင့်ကြည့်ရပါမယ်။ အဲ့ဒီအချိန်မှာ ကလေးကို အနားယူခိုင်းထားပြီး ၂ နာရီပြည့်ရင် ကလေးကို ခေါ်နှိုးကြည့်ပြီး သတိရမရ စစ်ဆေးရပါမယ်။ ပြီးလျှင် ၂၄ နာရီမှ ၄၈ နာရီအတွင်း ၄ နာရီခြားတစ်ကြိမ် စောင့်ကြည့်ပါ။ အကယ်၍ အန္တရာယ်ရှိတဲ့ လက္ခဏာတွေ ပေါ်လာပါက နီးစပ်ရာဆေးရုံသို့ ချက်ချင်း သွားပြသင့်ပါတယ်။ ကလေးအန်ရင် ရိုးရိုးရေသာ အရင်ဆုံး ပေးသောက်သင့်ပါတယ်။ နို့စို့အရွယ်ကလေးဆိုလျှင် နို့တိုက်လို့ ရပါတယ်။ ကလေးမအန်တော့လျှင် စားနေကျ အစားအသောက်ကို ပုံမှန်အတိုင်း ကျွေးလို့ရပါတယ်။ ဦးခေါင်း ထိခိုက်မိတဲ့နေ့မှာလည်း ကလေးနဲ့တစ်ခန်းတည်းအိပ်ဖို့ လိုအပ်ပါတယ်။

⚠️ကလေးဦးခေါင်းထိခိုက်မိပြီး အထက်ပါ ပြင်းထန်လက္ခဏာတွေ ပေါ်လာရင် ဆေးရုံအမြန်သွားရပါမယ်။ သာမန်ထိခိုက်မှုဆိုရင်တောင် ၄၈ နာရီအတွင်း ကလေးကို သေချာစောင့်ကြည့်ဖို့ အရေးကြီးပါတယ်။

Ref: AAP, Mayo Clinic, NHS (UK)

🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻

(တခြား ကလေးမိဘများအတွက်လည်း ဗဟုသုတ တိုးပွားအောင် share ပေးခြင်းဖြင့် ကူညီနိုင်ပါတယ်။ တဆင့် ပြန်လည် ကူးယူရေးသားခြင်း ခွင့်မပြုပါဘူး။)


&Wellness


09/10/2025

"ကလေးလေးတွေရဲ့ အရေပြားပေါ်က အနီကွက်လေးတွေဟာ နို့ပွေးလား? နှင်းခူလား? ဘာကွာလဲ? ကလေးကြီးလာရင်ကော ပျောက်သွားမှာလား?" ❓❓


&Wellness


08/10/2025

ကလေးချောင်းဆိုးခြင်းနဲ့ Pneumonia အဆုတ်ရောင်ရောဂါ ❗မိဘတိုင်း သိထားသင့်တဲ့ အခြေခံအချက်များ ⚠️

(Fungal cause in Pneumonia is very rare.)


&Wellness


ခုမှလာမကျွေးနဲ့ မစားဘူး 😄
08/10/2025

ခုမှလာမကျွေးနဲ့ မစားဘူး 😄

07/10/2025

ကလေးလေးတွေရဲ့ အရေပြားမှာ ပွေးပေါက်ရင် ဘာလုပ်ရမလဲ 🤔

ဘေဘီလေးတို့လည်း အိမ်အလုပ် ကူလုပ်ပေးတတ်ပါတယ် 😄
07/10/2025

ဘေဘီလေးတို့လည်း အိမ်အလုပ် ကူလုပ်ပေးတတ်ပါတယ် 😄

ကလေးလေးတွေရဲ့ လည်ပင်းမှာ အဖုအကျိတ်တွေစမ်းမိတဲ့အခါ🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈👉ကလေးရဲ့လည်ပင်းမှာ အဖုသေးသေးလေးတွေကို စမ်းမိပြီဆိုရင် မိဘ...
06/10/2025

ကလေးလေးတွေရဲ့ လည်ပင်းမှာ အဖုအကျိတ်တွေစမ်းမိတဲ့အခါ

🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈

👉ကလေးရဲ့လည်ပင်းမှာ အဖုသေးသေးလေးတွေကို စမ်းမိပြီဆိုရင် မိဘတိုင်း စိုးရိမ်တတ်ကြပါတယ်။ ဒါပေမယ့် ဒီလိုအဖုတွေဟာ ကလေးတွေမှာ အလွန်အဖြစ်များပြီး အများစုက စိုးရိမ်ရတဲ့အရာမဟုတ်ပါဘူး။ ဒီအဖုလေးတွေဟာ ခန္ဓာကိုယ်ခုခံအားစနစ်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ (Lymph Nodes) ပြန်ရည်ကျိတ်တွေပဲ ဖြစ်ပါတယ်။

👉ပြန်ရည်ကျိတ် ဆိုတာဘာလဲ
ပြန်ရည်ကျိတ်တွေဟာ ခန္ဓာကိုယ်တွင်းကို ဝင်လာတဲ့ ရောဂါပိုးမွှားတွေကို တိုက်ထုတ်တဲ့ နေရာလေးတွေပါ။ ဒါကြောင့် ခန္ဓာကိုယ်တစ်နေရာရာမှာ ပိုးဝင်တဲ့အခါ အနီးအနားက ပြန်ရည်ကျိတ်တွေက ရောင်လာပြီး ကြီးလာတတ်ပါတယ်။ လည်ပင်းမှာဆိုရင် အာသီးရောင်တာ၊ လည်ချောင်းနာတာ၊ သွားပိုးစားတာ၊ နားပိုးဝင်တာ၊ အအေးမိတုပ်ကွေးဖြစ်တာ စတဲ့ ရောဂါပိုးဝင်မှုတွေကြောင့် လည်ပင်းကပြန်ရည်ကျိတ်တွေ ရောင်ရမ်းပြီး ကြီးလာတာဖြစ်ပါတယ်။

👉ဘယ်လိုအခြေအနေတွေက ပုံမှန်လဲ?
အကျိတ်တစ်ခုဟာ ပဲစေ့ခန့်၊ ပဲကြီးစေ့ခန့်ရှိပြီး နှိပ်ကြည့်လိုက်ရင် ရွေ့နိုင်တယ်၊ နာကျင်မှုမရှိဘူး၊ ကလေးကလည်း ပြေးလွှားဆော့ကစားပြီး တခြား အပြုအမူတွေဟာ ပုံမှန်ပဲဆိုရင် ဒါဟာ စိုးရိမ်စရာမရှိပါဘူး။ ဒီလိုအကျိတ်တွေဟာ ရောဂါပိုး ဝင်ပြီးသွားတဲ့အခါမှာတောင် လနဲ့ချီပြီး ဆက်ရှိနေတတ်ပါတယ်။

👉ဘယ်လိုအခြေအနေတွေမှာ ပိုဂရုစိုက်သင့်သလဲ?
အဖုအကျိတ် အများစုဟာ ရောဂါပိုး၀င်ရောက်ပြီး ပျောက်သွားရင် သူ့အလိုလို သေးသွားတတ်ပါတယ်။ ဒါပေမယ့် အောက်ပါလက္ခဏာတွေရှိရင်တော့ ဆရာဝန်နဲ့ ပြသပြီး အကြံဉာဏ်ယူသင့်ပါတယ်။
-အဖုအကျိတ်ဟာ ရက်သတ္တပတ်ပေါင်းများစွာ မပျောက်ဘဲ ဆက်ရှိနေရင်
-အကျိတ်ဟာ နှစ်ပတ်ထက်ကြာပြီး ဆက်ကြီးလာရင်
-ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေမှာပါ အကျိတ်တွေစမ်းမိနေရင်
-အကျိတ်ကို လက်နဲ့ထိလိုက်ရင် မလှုပ်ရှားဘဲ ကပ်နေသလိုခံစားရရင်
-အကျိတ်အရွယ်အစားက ၂.၅ စင်တီမီတာ (၁ လက်မခန့်) ထက်ကြီးနေပါက
-ကလေးက ကိုယ်အလေးချိန်ကျဆင်းတာ၊ ညဘက်ချွေးထွက်များတာ၊ အဖျားကြာရှည်တာ၊ အရေပြားမှာ အနီစက်တွေထွက်တာ စတဲ့ တခြားသောလက္ခဏာတွေပါ တွဲဖြစ်နေပါက
-အကျိတ်ဟာ နာကျင်မှုမရှိဘဲ မာကျောနေပါက ဆရာ၀န်နဲ့ ပြသသင့်ပါတယ်။

👉ဘယ်လိုကုသမှု ခံယူရမလဲ?
ကုသမှုကတော့ အကျိတ်ဖြစ်ရတဲ့ အကြောင်းရင်းပေါ်မူတည်ပါတယ်။ ပိုးဝင်တာကြောင့်ဆိုရင် ပိုးသတ်ဆေး သောက်ရနိုင်ပါတယ်။ တကယ်လို့ ဆရာဝန်က စိုးရိမ်စရာ အခြေအနေမို့လို့ သံသယရှိရင် သွေးစစ်ခိုင်းတာ၊ (Ultrasound) အာထရာဆောင်းရိုက်တာ၊ အဖုထဲကအရည်ကို အပ်နဲ့စုပ်ယူစစ်ဆေးတာ (Fine Needle Aspiration) စတဲ့ စစ်ဆေးမှုတွေ ပြုလုပ်နိုင်ပါတယ်။ (excisional lymph node biopsy) ခွဲစိတ်ပြီး အကျိတ်တစ်ခုလုံးကို ထုတ်ယူစစ်ဆေးရတာမျိုးလည်း ရှိနိုင်ပါတယ်။

👉အိမ်တွင်းဂရုစိုက်နည်းများ
-ကလေးကို အနားယူခိုင်းပါ။
-ရေများများတိုက်ပါ။
-ဆရာဝန်ညွှန်ကြားချက်နဲ့အညီ အကိုက်အခဲပျောက်ဆေး (Paracetamol) သောက်သုံးရနိုင်ပြီး နာကျင်မှုနဲ့ အဖျားကို သက်သာအောင် ပြုလုပ်ပေးနိုင်ပါတယ်။
-အဖုအကျိတ်ကို အားရပါးရ ညှစ်ခြင်း၊ နှိပ်နယ်ခြင်းမပြုလုပ်သင့်ပါဘူး။ ဒါဟာ ပိုဆိုးစေနိုင်ပါတယ်။

👉ကလေးတွေမှာ လည်ပင်းအကျိတ်တွေ ကြီးနေတာဟာ မကြာခဏတွေ့ရတတ်တဲ့ ပြဿနာတစ်ရပ်ဖြစ်ပြီးတော့ အများအားဖြင့် ကုသမှုမလိုဘဲ သူ့အလိုလို ပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမယ့် စိုးရိမ်စရာလက္ခဏာတွေ ရှိမရှိကိုတော့ သတိထားကြည့်ရှုပြီး သံသယရှိပါက ဆရာဝန်နဲ့ အမြဲတမ်းတိုင်ပင်သင့်ပါတယ်။

References
AAP, Mayo Clinic, NHS (UK), Stanford Children's Health

🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻

(တခြား ကလေးမိဘများအတွက်လည်း ဗဟုသုတ တိုးပွားအောင် share ပေးခြင်းဖြင့် ကူညီနိုင်ပါတယ်။ တဆင့် ပြန်လည် ကူးယူရေးသားခြင်း ခွင့်မပြုပါဘူး။)


&Wellness

Address

Jasola, Pocket 1
Delhi
110025

Alerts

Be the first to know and let us send you an email when Happy Kidz Health & Wellness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram