FloraGuard Myanmar

FloraGuard Myanmar ဗိုက်ပြဿနာအတွက် Floral Guard

🤔ကိုယ်အလေးချိန် မတက်ပဲ ဗိုက်ပဲကွက်ပူနေရတာ ဘာကြောင့်လဲ? အစားအသောက်လည်း ထိန်းတယ်၊ ကိုယ်အလေးချိန်လည်း မတက်ဘူး…ဒါပေမယ့် မှန်...
11/03/2026

🤔ကိုယ်အလေးချိန် မတက်ပဲ ဗိုက်ပဲကွက်ပူနေရတာ ဘာကြောင့်လဲ?

အစားအသောက်လည်း ထိန်းတယ်၊ ကိုယ်အလေးချိန်လည်း မတက်ဘူး…
ဒါပေမယ့် မှန်ထဲကြည့်လိုက်တိုင်း ဗိုက်လေးပဲ ကွက်ပူနေတာမျိုး ကြုံဖူးလား။

ဒါဟာ သာမန်အဆီပိုတွေ ထွက်လာတာထက် တခြားအကြောင်းအရင်းတွေ ရှိနေလို့ ဖြစ်နိုင်ပါတယ်။

၁။ လေပွခြင်း 💨
အစားအစာကို မြန်မြန်စားတတ်တာ၊ ဂတ်စ်ပါတဲ့ အချိုရည်တွေ သောက်တာ၊ ဒါမှမဟုတ် အစာခြေစနစ် အားနည်းတာတွေကြောင့် ဗိုက်ထဲမှာ လေတွေ ပြည့်လာပြီး ဗိုက်လေးပဲ ကွက်ပူလာတတ်ပါတယ်။
ဒါကတော့ အဆီကြောင့် မဟုတ်ဘဲ ယာယီဖြစ်တတ်တဲ့ အခြေအနေ ဖြစ်ပါတယ်။

၂။ အထိုင်များလွန်းခြင်း 🪑
တစ်နေ့လုံး ထိုင်ပြီး အလုပ်လုပ်ရသူတွေမှာ ဝမ်းဗိုက်ကြွက်သားတွေ ပျော့ခွေလာပြီး အတွင်းအင်္ဂါတွေကို ကောင်းကောင်း မထိန်းထားနိုင်တော့ပါဘူး။
အဲ့ဒီအခါမှာ ဗိုက်က ရှေ့ကို ဖောင်းထွက်လာတတ်ပါတယ်။

၃။ စိတ်ဖိစီးမှုများခြင်း 😣
စိတ်ဖိစီးမှုများတဲ့အခါ ခန္ဓာကိုယ်က Cortisol လို့ခေါ်တဲ့ ဟော်မုန်းကို ထုတ်ပေးပါတယ်။
ဒီဟော်မုန်းက အဆီတွေကို ဝမ်းဗိုက်နေရာမှာပဲ စုဝေးစေတဲ့အတွက် ဗိုက်ပဲ ကွက်ပူလာတာမျိုး ဖြစ်စေပါတယ်။

၄။ အစာမကြေခြင်း နှင့် ဝမ်းချုပ်ခြင်း 🚫
အမျှင်ဓာတ် စားသုံးမှု နည်းတာ၊ အစာခြေစနစ် အားနည်းတာတွေကြောင့် ဝမ်းမမှန်တဲ့အခါ အူလမ်းကြောင်းထဲမှာ အညစ်အကြေးတွေ စုပုံပြီး ဗိုက်ကို ဖောင်းကြွစေပါတယ်။

အကြောင်းအရင်း သိပြီဆိုတော့ ဗိုက်မပူအောင် ဘယ်လို ထိန်းမလဲ? 💡

💧 ရေများများ သောက်ပါ

🍽️ အစားကို နည်းနည်းနဲ့ ခဏခဏ စားပေးပါ

🚶‍♂️ တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်ခန့် လမ်းလျှောက်ပါ

🧘‍♀️ စိတ်ဖိစီးမှုကို လျှော့ချပါ

တကယ်တော့ ဗိုက်ပူတာက အစားအသောက်တစ်ခုတည်းကြောင့် မဟုတ်ဘဲ လူနေမှုပုံစံ (Lifestyle) ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

✨ကိုယ်မှာ ဘယ်လိုအလေ့အကျင့်တွေ ရှိနေလဲဆိုတာ အပေါ်က အချက်တွေကို တိုက်စစ်ပြီး ပြုပြင်ထိန်းသိမ်းမယ်ဆိုရင် အချိန်ကာလတစ်ခုအကြာမှာ အချိုးအစားကျတဲ့ ခန္ဓာကိုယ်ကို ပြန်လည်ပိုင်ဆိုင်နိုင်မှာပါ✨

#ဗိုက်ပြသနာ

🌀 ဝမ်းချုပ်ပြီး ဗိုက်မအီမသာဖြစ်ရခြင်းရဲ့  အကြောင်းအရင်းအမှန်ပုံမှန်အားဖြင့် ဝမ်းချုပ်ခြင်းဟာ 💧 ရေမလုံလောက်တာ၊ 🌿 အမျှင်ဓာ...
09/03/2026

🌀 ဝမ်းချုပ်ပြီး ဗိုက်မအီမသာဖြစ်ရခြင်းရဲ့ အကြောင်းအရင်းအမှန်

ပုံမှန်အားဖြင့် ဝမ်းချုပ်ခြင်းဟာ 💧 ရေမလုံလောက်တာ၊ 🌿 အမျှင်ဓာတ်နည်းတာကြောင့် ဖြစ်တတ်ပါတယ်။
ဒါပေမယ့် အများစု သတိမထားမိတဲ့ ဝမ်းချုပ်ခြင်းရဲ့ နောက်ကွယ်က အကြောင်းအရင်းတစ်ခုက
🦠 အူလမ်းကြောင်းထဲက အကျိုးပြု ဘက်တီးရီးယားတွေ မညီမျှလို့ ဖြစ်ပါတယ်။

အူလမ်းကြောင်းကျန်းမာရေးဟာ အစာခြေစနစ်တစ်ခုလုံးနဲ့ တိုက်ရိုက်ဆက်နွယ်နေတာပါ။
အကျိုးပြု ဘက်တီးရီးယားတွေ နည်းပါးလာတဲ့အခါ
👉 အစာခြေစနစ်နှေးကွေးလာပြီး
👉 ဝမ်းချုပ်ခြင်း၊ လေပွခြင်း၊ ဗိုက်အောင့်ခြင်းတို့ကို ဖြစ်စေပါတယ်။

အူလမ်းကြောင်း ကျန်းမာစေဖို့ဆိုရင်
💧 ရေလုံလောက်စွာသောက်ခြင်း၊ 🌿 အစားအစာရွေးချယ်မှုမှန်ကန်ခြင်းအပြင်
Probiotic လို အာဟာရထောက်ပံ့မှုတွေကလည်း အရေးကြီးပါတယ်။

FloraGuard မှာပါတဲ့ Probiotic က
🦠 အူလမ်းကြောင်းထဲက အကျိုးပြု ဘက်တီးရီးယားတွေကို ပြန်လည်ထိန်းညှိပေးပြီး
အစာခြေစနစ်ကို ပုံမှန်ပြန်ဖြစ်အောင် ကူညီပေးနိုင်ပါတယ်။
အူလမ်းကြောင်းကျန်းမာနေမှ နေ့စဉ် ကိုယ့်ရဲ့ lifestyle ကို ပေါ့ပေါ့ပါးပါး နဲ့ စိတ်အနှောင့်အယှက်ကင်းကင်း ဖြတ်သန်းနိုင်မှာပါ..
💚 ဗိုက်မအီမသာ ဖြစ်နေတာကို မပေါ့ဆဘဲ အူလမ်းကြောင်း ကျန်းမာရေးကို ဂရုစိုက်ပေးဖို့ မမေ့ပါနဲ့နော်

#ဗိုက်ပြသနာ #ဝမ်းပျက်ဝမ်းလျှော

🌕မင်္ဂလာရှိသော တပေါင်းလပြည့် အခါသမယ မှာ မိသားစုနှင့်အတူ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်နိ...
02/03/2026

🌕မင်္ဂလာရှိသော တပေါင်းလပြည့် အခါသမယ မှာ မိသားစုနှင့်အတူ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်နိုင်ပြီး စိတ်နှလုံးအေးချမ်းခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေကြောင်း FloraGuard Myanmar မှ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။

🙏 ပျော်ရွှင်ချမ်းမြေ့သော တပေါင်းလပြည့်နေ့ ဖြစ်ပါစေ ✨

#တပေါင်းလပြည့်

ဝမ်းလျှောနေလည်း ဆေးသောက်ထားတာပဲဆိုပြီး စားချင်တာစားလို့မရဘူးနော်..❌ဝမ်းလျှောနေရင် 🌶အချဉ်အစပ် နဲ့ 🍺အရက် ဘီယာတွေကို လုံးဝ ...
28/02/2026

ဝမ်းလျှောနေလည်း ဆေးသောက်ထားတာပဲဆိုပြီး စားချင်တာစားလို့မရဘူးနော်..❌

ဝမ်းလျှောနေရင် 🌶အချဉ်အစပ် နဲ့ 🍺အရက် ဘီယာတွေကို လုံးဝ ရှောင်သင့်ပါတယ်နော်။ဝမ်းလျှောတာပျောက်သွားမှ စားချင်စားပေါ့

💯ဆေးသောက်ထားတယ်ဆိုပြီး ခပ်ပေါ့ပေါ့မနေဘဲ ကိုယ့်ဝမ်းဗိုက်ကလေး ကျန်းမားဖို့ ခဏလောက် သည်းခံပေးလိုက်ပါ..

✅အစာကြေလွယ်တာလေးတွေပဲစား…ဆေးလည်းပုံမှန်သောက်မှသာ ဝမ်းလျှောတာကို အချိန်တိုအတွင်း အထိရောက်ဆုံး ကုသနိုင်မှာပါ..

#ဗိုက်ပြသနာ #ဝမ်းပျက်ဝမ်းလျှော

🫵 ဝမ်းခဏခဏလျှောနေတာကို တစ်ပွဲတိုးဆေးတွေနဲ့ ဖြေရှင်းနေတုန်းလား? ❌အဲ့လိုမလုပ်ပါနဲ့နော်…ဝမ်းလျှောတယ်ဆိုတာ အူလမ်းကြောင်းထဲက ...
25/02/2026

🫵 ဝမ်းခဏခဏလျှောနေတာကို တစ်ပွဲတိုးဆေးတွေနဲ့ ဖြေရှင်းနေတုန်းလား? ❌

အဲ့လိုမလုပ်ပါနဲ့နော်…ဝမ်းလျှောတယ်ဆိုတာ အူလမ်းကြောင်းထဲက မကောင်းတဲ့ 🐛ပိုးမွှားတွေကို ဝမ်းကနေတဆင့် အမြန်ဆုံးနည်းနဲ့ စွန့်ထုတ်နေတာပါ။

☝🏽အဲ့အချိန်မှာ ဝမ်းပိတ်ဆေးလိုမျိုး တစ်ပွဲတိုးဆေးတွေကို သောက်လိုက်တဲ့အခါ ပိုးတွေကို အူထဲမှာ ပိတ်ထားလိုက်သလို ဖြစ်ပြီး ရောဂါကို မွေးထားသလို ဖြစ်နေတတ်ပါတယ်။

✅ တကယ်က အူလမ်းကြောင်းကျန်းမားရေးကိုပဲ ဂရုစိုက်ပေးရမှာပါ..

✴️ အူလမ်းကြောင်းကျန်းမာနေဖို့ဆိုရင် သူ့ထဲက အကျိုးပြုဘက်တီးရီးယားလေးတွေကို ပုံမှန်လေး ဖြည့်ပေးဖို့လိုမယ်နော်…

♻️ FloraGuard မှာတော့ probiotic (250 mg) ထိပါဝင်တာမို့ နေ့စဉ်ပုံမှန်သောက်ပေးရုံ နဲ့ သင့်ဗိုက်ကလေး အမြဲကျန်းမာနေဖို့ တာဝန်ယူပေးနိုင်ပါတယ်။

📍ခဏတာအတွက်ပဲ မကြည့်ပါနဲ့…ဝမ်းခဏခဏ လျှောနေရင် ရေရှည်ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို စဉ်းစားသင့်ပါပြီ..📍

🙋‍♀️စားချင်တာစား ဗိုက်မနာဖို့က 𝐅𝐥𝐨𝐫𝐚𝐆𝐮𝐚𝐫𝐝 တာဝန်ထား😞အပြင်သွားရင်း လမ်းမှာ ကိုယ်ကြိုက်တဲ့ မုန့်လေးတွေ မြင်လို့ ဝယ်စားမယ် က...
23/02/2026

🙋‍♀️စားချင်တာစား ဗိုက်မနာဖို့က 𝐅𝐥𝐨𝐫𝐚𝐆𝐮𝐚𝐫𝐝 တာဝန်ထား

😞အပြင်သွားရင်း လမ်းမှာ ကိုယ်ကြိုက်တဲ့ မုန့်လေးတွေ မြင်လို့ ဝယ်စားမယ် ကြံလိုက်တိုင်း “ငါဒါစားလိုက်ရင် ဝမ်းလျှောမလား”ဆိုပြီး တွေးပူနေရလား?

စားချင်တာတွေကို မြင်နေရက် နဲ့ ဗိုက်နာမှာစိုးလို့ လက်တွန့်နေရတဲ့ ခံစားချက်က အတော် ဆိုးပါတယ်နော်.😢😢

🫸ဒီ ပူပန်မှုတွေကို 𝐅𝐥𝐨𝐫𝐚𝐆𝐮𝐚𝐫𝐝 နဲ့ အမြန်ဆုံး အဆုံးသတ်လိုက်ရအောင်..

🛡️𝗙𝗹𝗼𝗿𝗮𝗚𝘂𝗮𝗿𝗱 မှာ 𝗡𝗼𝗿𝗺𝗮𝗹 𝗠𝗶𝗰𝗿𝗼𝗳𝗹𝗼𝗿𝗮(probiotic) ပါဝင်လို့ အူလမ်းကြောင်းကို အထောက်အကူပြုတာကြောင့် ဝမ်းပျက်၊ ဝမ်းလျှော၊ ဗိုက်အောင့်၊ ဗိုက်နာပြဿနာတွေကို ကာကွယ်ပေးပါတယ်။🛡️

☝️တစ်နေ့တစ်ထုပ်ပုံမှန်သောက်သုံးပေးရုံနဲ့ ဝမ်းဗိုက်ပြဿနာတွေကို ဖြေရှင်းပြီးသား ဖြစ်မှာပါ။

🫰ဗိုက်ပြဿနာအတွက်ဆို…𝐅𝐥𝐨𝐫𝐚𝐆𝐮𝐚𝐫𝐝 ကို လုံးဝမမေ့နဲ့နော်🫰

#ဝမ်းပျက်ဝမ်းလျှော #ဗိုက်ပြသနာ

🚽ဝမ်းလျှောရင် ဘာမှမစားရဘူး ဆိုတာ တကယ်လား❌အရပ်ထဲမှာ ပြောနေကြတဲ့ ဝမ်းလျှောရင် “ဘာမှမစားရဘူး၊ပိုဆိုးတတ်တယ်” ဆိုတဲ့စကားတွေကိ...
20/02/2026

🚽ဝမ်းလျှောရင် ဘာမှမစားရဘူး ဆိုတာ တကယ်လား❌

အရပ်ထဲမှာ ပြောနေကြတဲ့ ဝမ်းလျှောရင် “ဘာမှမစားရဘူး၊ပိုဆိုးတတ်တယ်” ဆိုတဲ့စကားတွေကို ကြာဖူးကြမယ် ထင်ပါတယ်။ဒါဟာ တကယ့်ကို အန္တရာယ်ကြီးမားတဲ့ အယူအဆ အမှားကြီးပါ။

ဝမ်းလျှောနေချိန်မှာ ခန္ဓာကိုယ်က ရေဓာတ်တွေရော အာဟာရဓာတ်တွေရော အဆမတန် ဆုံးရှုံးနေတာပါ။အဲ့ဒီအချိန်မှာ အစားမစားပဲနေလိုက်ရင် လူက ပိုအားပြတ်၊ပိုနုံးလာပြီး နလန်မထူနိုင် ဖြစ်သွားပါလိမ့်မယ်။

ဒါဆို ဘာတွေစားလို့ရလဲ❓

✅မျိုချရ လွယ်ကူပြီး အစာကြေလွယ်တဲ့ အစားအစာတွေကို စားပေးနိုင်ပါတယ်။ဥပမာ - ငှက်ပျော်သီး၊ထမင်းဖြူပျော့ပျော့(ဆန်ပြုတ်)၊ပေါင်မုန့်ကင်တို့လို့ အစာခြေရ လွယ်ကူတာတွေကို စားလို့ရပါတယ်။

❎အပူအစပ်တွေ၊ နို့ထွက်ပစ္စည်း၊ကော်ဖီ နဲ့ အရက်သေစာ တွေကို လုံးဝ ရှောင်ရှားရပါမယ်။❎

🚨အရေးကြီးဆုံးက ဓာတ်ဆားရည်ပါပဲ။ဝမ်းတစ်ခါသွားပြီးတိုင်း ဓာတ်ဆားရည် 0.5 လီတာခန့်ကို ပြန်သောက်ပေးပါ။🚨

‼️ဝမ်းလျှောတာဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ အဆိပ်အတောက်တွေကို စွန့်ထုတ်နေတာဖြစ်လို့ “ဝမ်းပိတ်ဆေး”တွေကိုလည်း ဆရာဝန်ခွင့်ပြုချက် မရှိဘဲ မသောက်သင့်ပါဘူးနော်..‼️

📣ဝမ်းလျှောတာနဲ့ပတ်သတ်ပြီး အယူအဆအမှားတွေ ရှိနေတဲ့ သူငယ်ချင်းတွေကိုလည်း ဒီ Post လေးကို Mention ပြီး မျှဝေပေးလိုက်ကြပါဦး

#ဗိုက်ပြသနာ #ဝမ်းပျက်ဝမ်းလျှော

🏮𝐇𝐚𝐩𝐩𝐲 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐍𝐞𝐰 𝐘𝐞𝐚𝐫🏮ယနေ့ကျရောက်သော နှစ်သစ်ကူးနေ့မှစ၍ လူသားအားလုံး ဘေးအန္တရာယ် ကပ်ကြီး ၃ ပါးမှ ကင်းစင်ပြီး စီးပွားလာဘ...
16/02/2026

🏮𝐇𝐚𝐩𝐩𝐲 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐍𝐞𝐰 𝐘𝐞𝐚𝐫🏮

ယနေ့ကျရောက်သော နှစ်သစ်ကူးနေ့မှစ၍ လူသားအားလုံး ဘေးအန္တရာယ် ကပ်ကြီး ၃ ပါးမှ ကင်းစင်ပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကြပါစေကြောင်း 𝐅𝐥𝐨𝐫𝐚𝐆𝐮𝐚𝐫𝐝 မိသားစုမှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် ခင်ဗျာ..🙏🙏

🇲🇲 ပြည်ထောင်စုနေ့ တို့မမေ့ 🇲🇲၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်သော (၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့အား Flora...
12/02/2026

🇲🇲 ပြည်ထောင်စုနေ့ တို့မမေ့ 🇲🇲

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်သော (၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့အား FloraGuard Myanmar မိသားစုမှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

အပြင်စာတွေ စားပြီးတိုင်း ဗိုက်အောင့်မလားလို့ စိုးရိမ်နေရပြီလား❓🙅‍♀️ဗိုက်အောင့်၊ ဗိုက်နာမှာ စိုးရိမ်နေရတာကြောင့် စားချင်တ...
11/02/2026

အပြင်စာတွေ စားပြီးတိုင်း ဗိုက်အောင့်မလားလို့ စိုးရိမ်နေရပြီလား❓

🙅‍♀️ဗိုက်အောင့်၊ ဗိုက်နာမှာ စိုးရိမ်နေရတာကြောင့် စားချင်တာတွေကို မျက်နှာလွှဲလိုက်ရတာမျိုး အဖြစ်မခံပါနဲ့..

👍🏻စိတ်ကြိုက်သာစားပါ။ အစားအသောက်ကြောင့် ဖြစ်လာနိုင်တဲ့ ဝမ်းဗိုက်ဝေဒနာတွေအတွက် 𝐅𝐥𝐨𝐫𝐚𝐆𝐮𝐚𝐫𝐝 က အမြဲ Ready ပါပဲ။

ဗိုက်အောင့်နေလား… လေပွနေလား…?
👉 𝐅𝐥𝐨𝐫𝐚𝐆𝐮𝐚𝐫𝐝 နဲ့ဆို အေးဆေး။
အစာမကြေဘူးလား…?
👉 𝐅𝐥𝐨𝐫𝐚𝐆𝐮𝐚𝐫𝐝 ရှိတာပေါ့။
Probiotic လျော့နည်းနေလား…?
👉 𝐅𝐥𝐨𝐫𝐚𝐆𝐮𝐚𝐫𝐝 နဲ့ ပြန်လည်ဖြည့်တင်းလိုက်ပါ။

“စားချင်တာကို နောင်တကင်းကင်း စားနိုင်ဖို့… 𝐅𝐥𝐨𝐫𝐚𝐆𝐮𝐚𝐫𝐝 ကိုသာ ဆောင်ထားလိုက်ပါ။”

#ဗိုက်ပြသနာ

ဗိုက်ခဏခဏအောင့်တာကို ဘာလို့မပေါ့ဆသင့်တာလဲ❓ 🚨ဗိုက်အောင့်တာက ဆေးသောက်လိုက်ရင် ပျောက်သွားတာ မှန်ပေမယ့် ခဏ ခဏ ထပ်ဖြစ်နေပြီဆိ...
06/02/2026

ဗိုက်ခဏခဏအောင့်တာကို ဘာလို့မပေါ့ဆသင့်တာလဲ❓

🚨ဗိုက်အောင့်တာက ဆေးသောက်လိုက်ရင် ပျောက်သွားတာ မှန်ပေမယ့် ခဏ ခဏ ထပ်ဖြစ်နေပြီဆိုရင်တော့ သတိထားစရာလေးတွေ ရှိလာပါပြီ။🚨

🙅‍♀️အထူးသဖြင့် အကိုက်အခဲပျောက်ဆေးတွေ၊အစာကြေဆေးတွေက ဗိုက်အောင့်တာကို အချိန်တိုအတွင်း သက်သာစေနိုင်ပေမယ့် အထဲမှာ အစာအိမ်အနာ နဲ့ အသည်းကျောက်တည်တာမျိုးတွေဖြစ်နေရင် အနာနဲ့ ဆေးမတည့်ပဲ ရောဂါကို မွေးထားသလို ဖြစ်နေနိုင်ပါတယ်။🙅‍♀️

😥အသိမိတ်ဆွေတစ်ယောက်ဆိုရင် အူအတက်ရောင်တဲ့ ရောဂါကို သာမန်ဗိုက်အောင့်တာလို့သာ ထင်ပြီး သတိမထားမိခဲ့ရာကနေ နောက်ဆုံးမှာ အရေးပေါ် ခွဲစိတ်ရတဲ့ အခြေအနေထိ ရောက်သွားခဲ့ရပါတယ်။

‼️ဒီတော့ တစ်ပတ်မှာ ၂ ကြိမ်ထက်ပိုပြီး ဗိုက်ခဏ ခဏ အောင့်နေရင် ဒါမှမဟုတ် အောင့်တဲ့ဒဏ်က ပိုပိုပြင်းထန်လာရင် ဆရာဝန်နဲ့ပြပြီး စစ်ဆေးကြည့်တာ အကောင်းဆုံးပါပဲ။‼️

✅စစ်ဆေးကြည့်လို့ ရောဂါကြီးကြီးမားမား မရှိပဲ အစာခြေစနစ်နဲ့ အူလမ်းကြောင်း ပြဿနာကြောင့်ပဲဆိုရင်တော့ FloraGuard ကို စိတ်ချယုံကြည်စွာ သောက်သုံးနိုင်ပါတယ်။

❇️သူ့မှာပါတဲ့ Saccharomyces Probiotic က အစာခြေစနစ် နဲ့ အူလမ်းကြောင်းကျန်းမာရေးကို အထူးကောင်းမွန်စေပြီး အစားကြောင့်ဖြစ်တဲ့ ဗိုက်အောင့်၊ဗိုက်နာ နဲ့ ဝမ်းပျက်ဝမ်းလျှောတာတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။

🛑ဒါကြောင့် အရင်ဆုံး ရောဂါရဲ့ဇစ်မြစ်ကို သိအောင် လုပ်ပါ။အကြောင်းအရင်းမသိပဲ ကြုံရာဆေးမြီးတို နဲ့ ကုသနေမယ်ဆိုရင် ရောဂါအခြေအနေပိုဆိုးလာပြီး အသက်အန္တရာယ်အတွက်ပါ စိုးရိမ်ရနိုင်တာကြောင့် မပေါ့ဆကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

🍝စားချင်တာစားပြီးရင် 𝐅𝐥𝐨𝐫𝐚𝐆𝐮𝐚𝐫𝐝လေးတော့ ဆောင်ထားနော်..💥တစ်နေကုန် မြို့ပတ်..အစားတွေသောင်းကျန်းပြီး ညဘက်ရောက်တော့ ဗိုက်ထဲမအ...
23/01/2026

🍝စားချင်တာစားပြီးရင် 𝐅𝐥𝐨𝐫𝐚𝐆𝐮𝐚𝐫𝐝လေးတော့ ဆောင်ထားနော်..

💥တစ်နေကုန် မြို့ပတ်..အစားတွေသောင်းကျန်းပြီး ညဘက်ရောက်တော့ ဗိုက်ထဲမအီမသာနဲ့ တစ်ယောက်တည်း စစ်ခင်းနေရပြီ မဟုတ်လား?

🤦‍♀️အိမ်သာသွားလည်း ဗိုက်အောင့်တာက မပျောက်၊အိမ်တွင်းကုထုံးတွေ နဲ့ သက်သာမလား စမ်းသပ်ကြည့်ပြန်တော့လည်း ဘာမှမထူးခြား..ဒီလိုနဲ့ ခံစားရတဲ့ ဝေဒနာ က ပိုပိုဆိုးလာပြီး ညတွင်းချင်းပဲ ဆေးခန်းထပြေးရတော့မလို၊ဆရာဝန်ပဲ အိမ်ခေါ်ရတော့မလို နဲ့ တော်တော်ဒုက္ခများလှပါတယ်။

‼️ 𝐅𝐥𝐨𝐫𝐚𝐆𝐮𝐚𝐫𝐝ကိုသာ နေ့စဉ်ပုံမှန်သောက်ပေးခဲ့မယ်ဆိုရင် အခုလိုတွေ မဖြစ်အောင် အစောတည်းက ကြိုတင်ကာကွယ်ထားနိုင်မှာပါ..‼️

💁‍♀️အစားစားပြီးတိုင်း 𝐅𝐥𝐨𝐫𝐚𝐆𝐮𝐚𝐫𝐝 ကို ပုံမှန်သောက်သုံးပေးမယ်ဆိုရင်..
❌ဗိုက်အောင့်၊ဗိုက်နာ
❌ဝမ်းပျက်၊ဝမ်းလျော နဲ့
❌အူလမ်းကြောင်း ပြဿနာတွေကို အထိရောက်ဆုံးတားဆီးပေးနိုင်ပါတယ်။

✅𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜 က အူလမ်းကြောင်းထဲက အကျိုးပြဘက်တီးရီးယားလေးတွေ ပြန်ဖြည့်ပေးလို့ အစာခြေစနစ်ကောင်းမွန်စေပြီး ဝမ်းမှန်စေပါတယ်။

💯စားသမျှ အာဟာရဖြစ်ပြီး ကျန်းမာတဲ့ ဝမ်းဗိုက်ပိုင်ရှင်ဖြစ်ဖို့ ခရီးသွားရင်ပဲဖြစ်ဖြစ်၊အပြင်စာတွေ စားတော့မယ်ဆိုရင်ပဲဖြစ်ဖြစ် 𝐅𝐥𝐨𝐫𝐚𝐆𝐮𝐚𝐫𝐝 ကို အိတ်ထဲမှာ အမြဲဆောင်ထားလိုက်ပါ..💯

#ဗိုက်ပြသနာ

Address

No. 313/B, Mya Nandar Street, Bauk Htaw, Yankin Tsp, Yangon. Yangon
Yangon
11181

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 12:30

Telephone

+9513500861

Alerts

Be the first to know and let us send you an email when FloraGuard Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share