02/08/2021
Date - 1-8-21
Prof Daw Than Than Aye
အပိုင်း (၄)
COVID ကိုဘယ်လို ကုသပေးရင် ကောင်းမလဲ?
===============================
ဝန်ခံချက်။ ။This is just the ideas based on my understanding, based on some scientific literatures and my experience... ပြောခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် Standard Covid management guideline များရှိလျှင် ၎င်းအတိုင်း လိုက်နာကြပါလို့ သတိပေးပြောကြားလိုပါတယ်။
ကိုဗစ်လူနာအားလုံးကို ဆေးကုထုံး (regimen) တစ်မျိုးထဲ ပုံသေနည်းအတိုင်း ပေးလို့မရပါဘူး။
အရှေ့မှာ ရှင်းပြပြီး ဖြစ်တဲ့ ရောဂါဖြစ်စဉ် stages တွေကို နားလည်ပြီး ကုမှ အဓိပ္ပါယ်ရှိမယ်။ ထိရောက်ပါမယ်။
အောက်ပါအချက်တွေကို စဉ်းစားရမယ်။
၁။ ကိုဗစ်က ရောဂါရဲ့သက်တမ်းကာလအလိုက် Phases အလိုက်စဉ်းစားပြီး ကုရပါမယ်။
၂။ High risk for severe covid ရှိမရှိ ထည့်စဉ်းစားပြီး ဆုံးဖြတ်ရပါမယ်။
၃။ ရောဂါ severity (Stage) အလိုက် ကုသမှု ပေးရပါမယ်။
၄။ ရှိတဲ့ Resources (ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ အလိုက်စဉ်းစား ကုသရပါမယ်။)
Poor resource countries can't follow the guideline of well developed countries.
But poor country has rich people. So, we can go individualized approach.
Early Antiviral agent during Viral phase
================
Viral replication အများဆုံးကာလ မှာAntivirus ပေးသင့်ပါတယ်။ ပုံ (၁) ကိုကြည့်မယ်ဆိုရင် ကိုဗစ် ဗိုင်းရပ်ပိုးဟာ ရောဂါလက္ခဏာ စပြတဲ့ရက်မတိုင်ခင် တစ်ရက်ကစပြီး ၄၈ နာရီ(၂ရက်) အတွင်းမှာ လေရှူလမ်းကြောင်း Respiratory tract မှာပိုးကောင်ရေအများဆုံး ဖြစ်ပြီး နောက် ၅ ရက်လောက်မှာ ခုခံအားစနစ်ကြောင့် ပိုးတွေအလိုအလျောက် လျော့သွား ပါတယ်။ ၇ ရက်ကျော်ရင် ပိုးကမရှိတော့သလောက် ဖြစ်သွားပါတယ်။ ဒါလူတိုင်း နီးပါး ဖြစ်ပါတယ်။
ဒါကြောင့် ဗိုင်းရပ်သတ်တဲ့ Remdesivir ဆေးကို ရောဂါစဖြစ်ပြီး ၇ရက် အတွင်း ပိုးများနေစဉ် ပေးမှ ထိရောက်ပါမယ်။ ၃ ရက်အတွင်း ပေးနိုင်ရင် အကောင်းဆုံး ဖြစ်ပါမယ်။
Viral load ဗိုင်းရပ်အကောင်ရေ လျော့နည်းသွားအောင် လုပ်ပေးခြင်းဖြင့် ခုခံအားစနစ် Immune system မှ cytokines ထွက်အောင်လှုံ့ဆော်တာ
နည်းသွားစေပြီး hyper inflammation နဲ့ cytokine storm ကို လျော့စေပါမယ်။
ယခုလက်ရှိ ကျင့်သုံးကြရတဲ့ guidelines က အောက်စီဂျင် ၉၄% ထက်ကျမှ (moderate severity) ရောက်မှ ဆေးရုံတင်ပြီး Remdesivir ကိုစထိုးဖို့ ညွှန်ထားသလို ဖြစ်နေတယ်။ (သူခိုးပြေးမှ ထိုးကွင်းထရသလိုဖြစ်နေပါတယ်။ )
သူတို့နိုင်ငံတကာရဲ့ Standard Guideline တွေမှာ Early Remdesivir ထိုးချင်ထိုးလို့ရကြောင်းသာ ဖော်ပြပါတယ်။ ထိုးပါလို့ မပြောထားပါဘူး။
ဘာကြောင့်လဲဆိုတော့...
၁။ လေ့လာချက်က strong evidence မရသေး။
၂။ Diagnosis အစောဆုံးမသိနိုင်။ လူတိုင်းအတွက် မစစ်ပေးနိုင်။
၃။ ဆေးက ထိုးဆေးဖြစ်နေလို့ ဆေးရုံခေါ်ထိုးဖို့ မဖြစ်နိုင်ဘူး။ အိမ်မှာလာထိုးဖို့ မဖြစ်နိုင် ။ (Health care problem with the risk of transmission)
ဒါကြောင့် သူတို့ရဲ့ guideline က အောက်စီဂျင် မကျရင် အိမ်မှာနေ၊ အောက်စီဂျင် ကျလာရင် ဆေးရုံတင်ပေးမည်။ waiting list ရှည်ရင် အိမ်မှာသေမည်။ "Stay home; wait for blue" .
မြန်မာနိုင်ငံလက်ရှိအဖြစ်က အောက်စီဂျင်မလုံလောက်၊ ဆေးရုံ တက်ရန် အခွင့်အလမ်းဝေးနေကြတာ ဆိုတော့ ဘယ်လို လုပ်ရင် ပိုကောင်းမလဲ။ အကြံပြုခြင်းသာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေ အတွက် private health care မှာ ရတဲ့အခွင့်အရေး နဲ့ ဖြစ်နိုင်တဲ့ နည်းလမ်းတွေကို စဉ်းစားကြည့်ပါမယ်။ ဒီ idea က individualized approach ဖြစ်ပါတယ်။ အားလုံးအတွက်တော့ မဆိုလိုပါဘူး။
viral phase မှာ ဘယ်လိုကုရင်ကောင်းမလဲ?
==================================
(၁) ပထမအုပ်စု...
အသက်ငယ်သူ၊ high risk မရှိသူတွေ ၊ အဝမလွန် သူတွေ ကိုတော့ Viremic phase မှာSymptomatic treatment ပဲပေးမယ်။ မော/မမော၊ အောက်စီဂျင် ကျ/မကျ စောင့်ကြည့်ရန်သာ ရှိပါတယ် ။
Remdesivir သွင်းရန် မလိုပါဘူး။
Antibiotics are also not required.
(၂) ဒုတိယအုပ္စု...
ပထမ ၇ ရက် အတွင်း...
High risk အုပ်စု Viremic phase ဘာလုပ်သင့်သလဲ?
Early Remdesivir ထိုးပေးဖို့စဉ်းစားပါ။ အဖျားမကြီးလည်း စဉ်းစားပါ။ မဖျားလည်း စဉ်းစားပါ။
RDT test ကို အစောဆုံးစစ်ပြီး အစောဆုံးသိတာနဲ့ Remdesivirကို အစောဆုံးပေးလိုက်နိုင်ရင် နောင်ဖြစ်လာမယ့် ဒုတိယအဆင့် Pulmonary inflammatory phase, အဆုတ်ရောင်ခြင်း၊ အောက်စီဂျင်ကျခြင်း၊ ဆေးရုံတက်ရခြင်း၊ အထူးကြပ်မတ်ကုသရခြင်းနှင့် အသက်ဆုံရှုံးရခြင်း တွေကို မရှောင်ရှားနိုင်ရင်တောင် လျော့နည်းစေနိုင်မယ်လို့ ယူဆရပါတယ်။
ဒီလို ကုသထားလို့ အောင်မြင်ခြင်းကို case report and smaller studies များမှာ ဖော်ပြထားတာ ရှိပါတယ်။ မိမိရဲ့ case တွေမှာ တော်တော်ကောင်းတာ တွေ့ရပါတယ်။ (case များစုပေါင်းပြီး study တစ်ခုလုပ်ပါမယ်။)
ဒါက လက်တွေ့လုပ်နိုင်ရင် မြန်မာနိုင်ငံအတွက် cost benefit အကျိုးရှိနိုင်ပါတယ်။ လူအများသိရှိမယ်၊ idea ရှိမယ်ဆိုရင် လုပ်ကြည့်သင့်ပါတယ်။ နောက်ပိုင်းဖြစ်လာမယ့် ဆိုးကျိုးတွေရလာရင် အလွန်အကုန်အကျများပြီး ၊ စိတ်အဆင်းရဲရဆုံး အခြေအနေနဲ့ ရင်ဆိုင်နိုင်ရဖွယ် ရှိပါတယ်။
ဒါပေမဲ့ ယခု အများဖြစ်နေကြတာက ရောဂါမပြင်းလို့ စောစော မစစ်ကြဘူး။ စစ်လို့သိရင်လဲ အဖျားအတွက် ချောင်းဆိုးအတွက်၊ ဝမ်းလျှောအတွက်ပဲ အာရုံစိုက်ကြတယ်။ ဆေးမြီးတိုတွေ၊ ဆေးပေါင်းစုံတွေ သောက်နေကြတယ်။ အဖျားကျသွားရင်လည်း ဆေးထိုးဖို့ တိုက်တွန်းရင်တောင် မလိုက်နာချင်ကြပါဘူး။ အရေးကြီးတဲ့ အခွင့်အရေးဖြစ်တဲ့ Remdesivir သွင်းရမည့် ပထမအချိန် ကုန်သွားခဲ့ကြပါတယ်။ ဒုတိယအပတ် အောက်စီဂျင်ကျလာမှ ဆရာဝန်၊ ဆေးရုံလိုက်ရှာကြတယ်။ အများအားဖြင့် "Therapeutic window for Antivirus" အချိန်ကျော်သွားခဲ့ပါပြီ။
အကြံပြုချင်တာက
ယခုမြန်မာနိုင်ငံ အတွက် အိမ်တွေမှာ RDT test strip ဝယ်ထားကြတာ တွေ့ရတယ်။ မိမိဘာသာ စစ်နေကြတာ တွေ့ရတယ်။ ဒါကလည်း အစောဆုံးသိရနိုင်တဲ့ နည်းကောင်းတခုပါပဲ။ contact ထိတွေ့ပြီး ၃ ရက်အကြာမှာ စစ်ကြည့်ပါ။ မရှိရင် ၂ ရက်ခြား သို့မဟုတ် ကိုဗစ်လက္ခဏာ ပေါ်တာနဲ့စစ်လိုက်ပါ။ သို့မဟုတ် စောစော စစ်နိုင်ရန် နည်းလမ်းရှာပါ။ (...Home lab services ရှိပါတယ်)။
Positive ဖြစ်ပြီဆိုရင် ဆရာဝန်တွေ နဲ့ဆက်သွယ်ပါ။ Tele consultation များရှိပါတယ်။ GP or physicians မည်သူမဆို ကုပေးနိုင်ပါတယ်။
သွေးစစ်ပါ။ အသည်းကျောက်ကပ် ကောင်းရင်၊ ALT, AST ပုံမှန်ထက် 5 folds ပိုမများရင်၊ eGFR < 30 အောက်မကျရင် သွင်းနိုင်ပါတယ်။
တပြိုင်တည်း အခြားစစ်ဆေးချက်တွေလုပ်ရန် လိုပါတယ်။
CP, CRP, Ferritin, D-dimer, Creatinine, U&E, Blood Glucose ဒါတွေကို Home service with full PPE လုပ်ပေးသူရှိပါက အဆင်ပြေပါမယ်။ IV Remdesivir infusion ကို ဆရာဝန်၊ သူနာပြု တွေက home care service လုပ်ပေးနိုင်ပါက After allergy test လုပ်ပြီး ထိုးပေးနိုင်ပါတယ်။
- 2 vials of 100 mg infusion Day 1
- 1 vial for 4 days
စုစုပေါင်း ၆ လုံးသုံးရပါတယ်။
၂ ရက်ခြား Monitoring of LFT, CRP, CP, Ferritin ကျလာတာ တွေ့ရပါမယ်။ Lymphopenia (absolute lymphocyte count 1 အထက်ရှိသင့်ပါတယ်) ဆေးသွင်းပြီး ပြန်တက်လာ တတ်ပါတယ်။
အဖျားအမြန်သက်သာ၍၊ second phase ကို မကူးတော့ရင် အကျိုးများစွာ ရှိပါတယ်။
(ဆက်ပါမည်).