Hanuman foot patch by aye

Hanuman foot patch by aye ဒူးနာ ခါးနာ ကျီးပေါင်းတက်လို့စိတ်မ?

29/06/2022

ဟန်နုမာန် ဆေးကပ်ခွာ ရဲ့ ခန္ခာကိုယ်အတွက် ဘယ်လိုတွေအကျိုးထိရောက်သလဲဆိုတာပြောပြတဲ့ viedo လေးပါ🤗🤗🤗

ကြွက်တက်ခြင်းရခြင်းအကြောင်းအချက် (၅) ချက်✅✅             ကြွက်တက်ခြင်း ကခန္ခာကိုယ်တစ်ကိုယ်လုံးလဲဖြစ်တတ်သလို အထူးသဖြင့်ခြေ...
29/06/2022

ကြွက်တက်ခြင်းရခြင်းအကြောင်းအချက် (၅) ချက်✅✅

ကြွက်တက်ခြင်း ကခန္ခာကိုယ်တစ်ကိုယ်လုံးလဲဖြစ်တတ်သလို အထူးသဖြင့်ခြေသလုံးမှာအဓိကဖြစ်တတ်ပါတယ်

1️⃣ ညဘက်အိပ်နေတဲ့အချိန်ကြွက်တက်ခြင်း

2️⃣ ကိုယ်လက်အားကစားအပြင်းအထန်းကစားခြင်း

3️⃣ ချွေးထွက်များခြင်း (or) ရေဓာတ်ခန်းခြောက်ခြင်း

4️⃣ သောက်ဆေးတချို့ကြောင့်ကြွက်တက်ခြင်း

5️⃣ လည်ပင်ကြီးရောဂါကြောင့် ကြွက်တက်ရခြင်း ဖြစ်ပါတယ်

AT

Thet Hnin
#ကြွက်တက်ခြင်း

ဖုန်းဆက်အမှာလေး ဆေးကပ်ခွာ စုံတွဲလေးကိုအိမ်အထိလာယူပြီးအားပေးသွားတဲ့အတွက်ကျေးဇူးပါရှင့်🤗🤗🤗
29/06/2022

ဖုန်းဆက်အမှာလေး ဆေးကပ်ခွာ စုံတွဲလေးကိုအိမ်အထိလာယူပြီးအားပေးသွားတဲ့အတွက်ကျေးဇူးပါရှင့်🤗🤗🤗

 #ကြွက်တက်ခြင်းကြွက်တက်ခြင်း(Cramps)သည် လူ၏ခန္ဓာကိုယ်မှ ကြွက်သားများ ပင်ပန်းသွား၍ တင်းလွန်းကာ ဖြစ်ပေါ်လာသော ဝေဒနာဖြစ်သည်...
29/06/2022

#ကြွက်တက်ခြင်း

ကြွက်တက်ခြင်း(Cramps)သည် လူ၏ခန္ဓာကိုယ်မှ ကြွက်သားများ ပင်ပန်းသွား၍ တင်းလွန်းကာ ဖြစ်ပေါ်လာသော ဝေဒနာဖြစ်သည်။

အားကစားသမားများ အထူးသဖြင့် ဘောလုံးသမားများ ဖြစ်တတ်ပါသည်။

အိမ်မှာနေရင်း၊ ကြွက်တက်တာတွေလည်း အများကြီးရှိသည်။ ခြေသလုံးနှင့် ပေါင်က ကြွက်သား အဖြစ်များဆုံးဟု သိရသည်။ အလွန်မတန် နာလှသည်။

အိပ်နေရင်း နာတာမျိုးသည် ခြေ-လက်ကို အညောင်းဆန့်ရာမှ ကြွက်သားမျှဉ် နည်းနည်းမှာ နာလာခြင်းဖြစ်သည်။

အသက်ကြီးသူတွေ အဖြစ်များသည် ဆိုသော်လည်း ဆယ်ကျော်သက်တွေလည်း ဖြစ်တာပါသည်။ အေးသည့်အချိန် ပိုဖြစ်တတ်ပါသည်။

အဝလွန်ခြင်း၊ ရေနှင့် ဓာတ်ဆား နည်းသွားခြင်း၊ ရာသီ-သွေးဆုံး၊ ဟော်မုန်း နည်းသွားခြင်း၊ သွေးအလျှောက် နည်းခြင်း၊ အာရုံကြော-ကြွက်သား တခုခုဖြစ်ခြင်း၊ Statins (ကိုလက်စထော) ကျဆေး၊ ဆီးချိုကျဆေးနှင့် လည်ပင်းကြီးဟော်မုန်း နည်းသူ တွေမှာလည်း ဖြစ်တတ်ပါသေးသည်။

ကိုယ်ဝန်ဆောင်ချိန်၊ ဆား အစားနဲလျှင်၊ ချေွးထွက်များလျှင် ကြွက်သားများ နာတတ်ပါသည်။

#ကုသနည်း

ကြွက်တက်လျှင် ဖြစ်သည့်ကြွက်သားကို တအားတင်းအောင် လုပ်ပေးပါ။ ခြေသလုံးဖြစ်ရင် ခြေမကို အပေါ်ဆန့်ပေးသင့်သည်။

တအားနှိပ်တာမျိုး၊ ဆန့်ပေးတာမျိုး လုပ်ပေးပြီးလျှင် ကြွက်သားကို သူ့အကြောအတိုင်း ခပ်ဖော့ဖော့ဆက်နှိပ်ပေးပါ။ ဆရာဝန်များနှင့် ကူသောလူများထက် ခံရသောလူက ဘာလုပ်ပေးလျှင် ကောင်းမယ်ဆိုတာ ပိုသိသည်။ နာသည့်နေရာ နှိပ်ပြီးတာနှင့် အေးတာကပ်ပါ။ ရေ၊ ORS ဓာတ်ဆားရည် တိုက်ပါ။ ရေသောက် မနည်းပါနှင့်။

ဘယ်အားကစား လုပ်လုပ်၊ သွေးပူအောင် အရင်လုပ်ပါ။ ဘာဘဲလုပ်လုပ် ပြင်းပြင်းထန်ထန် မလုပ်ခင်၊ ဖြေးဖြေး-မှန်မှန် လုပ်ပါ။

Paracetamol, Ibuprofen, Diclofenic ဆေး။ ကြွက်တက်ခြင်းကို Quinine (ငှက်ဖျားဆေး) အပြင် Naftidrofuryl, Dihydropyridine, Phenylalkylamine ဆေးများနှင့်လည်း ကုနိုင်သည်။

#အစားအစာ

အုန်းရည် တလုံး-နှစ်လုံး သောက်လိုက်ပါ။ ရေနွေးကြမ်း အမြဲသောက်ပါ။ ရေနွေးနှင့် ရေချိုးသင့်သည်။ ဓာတ်ဆား ကြွယ်ဝသော အစာများ စားသုံးရမည်။

(ကယ်လ်စီယမ်) ကြွယ်သော ပင်လယ်ငါး၊ ဒိန်ခဲ၊ တို့ဖူး၊ မုံလာစိမ်း။

(ပိုတက်ဆီယမ်) ကြွယ်တာတွေက အုန်းရည်၊ ငှက်ပြောသီး၊ ဆီးသီး၊ လိမ်မော်သီး၊ စပျစ်သီး၊ ဖရုံ၊ ဟင်းနုနွယ်၊ ဒိန်ချဉ်၊ ကွမ်းသီးဂေါ်ဖီထုပ်၊ အာလူး၊ ပဲသီးတောင့်၊ မုံလာဥချို။

#ကာကွယ်နည်း

ကြွက်တက်တတ်သူများ အိပ်လျှင် ခြေထောက်အောက်က အခုအခံ ထားသင့်သည်။

အိပ်ပျော်နေတုံး ခြေမ-ခြေထောက် အောက်စိုက်နေရင် ဖြစ်တတ်သည်။ မအိပ်ခင် ဘယ်မှမရွေ့သော လေ့ကျင့်ခန်းလုပ်ပေးသင့်သည်။

အကောင်းဆုံးက ခြေသလုံးများကို ဆုပ်နယ်ခံပြီးမှ အိပ်လျှင် ဇိမ်လည်းကျပြီး ကြွက်လည်း မတက်နိုင်ပါ။

❗ကြက်သွန်ဖြူကို မီးဖုတ်စားသောအခါ ❗သင်လုံးဝထင်မထားတာတွေဖြစ်လာတာ သိပြီးပြီလား?===============================❗ကြက်သွန်ဖြူ ...
28/06/2022

❗ကြက်သွန်ဖြူကို မီးဖုတ်စားသောအခါ
❗သင်လုံးဝထင်မထားတာတွေ
ဖြစ်လာတာ သိပြီးပြီလား?
===============================

❗ကြက်သွန်ဖြူ မီးဖုတ် (သို့)
မီးကင်ပြီးစားသုံးပေးခြင်းရဲ့
အကျိုးကျေးဇူးများ

❗ကြက်သွန်ဖြူဟာ
ကျန်းမာရေးနဲ့ညီညွှတ်တဲ့
အစားအစာတစ်ခုပါ။
❗ကြက်သွန်ဖြူ မှာပါ၀င်တဲ့
သဘာ၀ ဂုဏ်သတ္တိတွေဟာ
ရောဂါများစွာကို ကုသပေးနိုင်ပြီး
❗ဆေးဝါးအဖြစ်လည်း ကမ္ဘာပေါ်မှာ
ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေကြပါတယ်။

❗ကိုလက္စထေရာပမာဏကို
လျှော့ချပေးပါတယ်။
❗မီးဖုတ်ထားတဲ့ (သို့) မီးကင်ထားတဲ့
❗ကြက်သွန်ဖြူ ၆ မွှာကို
နေ့စဉ်စားသုံးပေးတာဟာ
ကျန်းမာရေးကို များစွာ
အထောက်အကူပြုနေပါတယ်။

❗ကြက်သွန်ဖြူကို မီးကင်
(သို့မဟုတ်) မီးဖုတ်ပြီး စားလိုက်သောအခါ ၂နာရီမှ ၄ နာရီအတွင်း
❗ကင်ဆာဆဲလ်တွေကို
စတင်တိုက်ဖျက်ပေးပြီး
❗တခြားရောဂါတွေ
၀င်ရောက်ခြင်းကနေကာကွယ်ပေးပါတယ်။

❗၄ နာရီမှ ၆ နာရီအတွင်း
ခန္ဓာကိုယ်အတွင်းမှာ
မလိုအပ်တဲ့ အဆီပိုတွေကို
ဖယ်ရှားပေးပါတယ်။

❗ကြက်သွန်ဖြူကို မီးကင် (သို့မဟုတ်)
မီးဖုတ်ပြီး စားလိုက်သောအခါ
❗၆ နာရီမှ ၁၀ နာရီအတွင်း
ကြက်သွန်ဖြူ မှာ ပါ၀င်တဲ့
အာဟာရဓါတ်တွေဟာ
ဓါတ်တိုးမှုကိုကာကွယ်ပေးနိုင်ပြီး
အရွယ်တင်နုပျိုစေပါတယ်။

❗၁၀ နာရီမှ ၂၄ နာရီအတွင်း
❗ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်။
❗အရိုးတွေကို သန်မာစေပါတယ်။
❗သွေးပေါင်ချိန်မှန်စေပါတယ်။
❗အဆီတွေကို ဖယ်ရှားပေးပါတယ်။ကိုလက်စထရောပမာဏကို
ထိန်းချုပ်ပေးပါတယ်။
❗နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးပါတယ်။
❗ကြက်သွန်ဖြူကို မီးကင်
(သို့မဟုတ်) မီးဖုတ်ပြီး
စားလိုက်သောအခါ
❗ကိုယ်ခံအားစနစ်ကို
‌ကောင်းမွန်စေတာကြောင့်
❗အမောခံနိုင်ပြီး အားကစား
ပိုလုပ်နိုင်လာပါတယ်။

Credit #

ဇက်ကျီးပေါင်းအတွက်ဆေးကပ်ခွာလေး တစ်ထုပ်လောက်ပို့ပေးပါတဲ့ ဟုတ် အိမ်ရောက်ငွေချေရလားတဲ့ ရပါတယ်ရှင့် 😁😁😁   AT
28/06/2022

ဇက်ကျီးပေါင်းအတွက်ဆေးကပ်ခွာလေး တစ်ထုပ်လောက်ပို့ပေးပါတဲ့

ဟုတ် အိမ်ရောက်ငွေချေရလားတဲ့
ရပါတယ်ရှင့် 😁😁😁


AT

ဇက်ကျီးပေါင်းဖြစ်နေလို့ ဆေးကပ်ခွာ ကပ်တာ (5)ရက်ဘဲရှိသေးတယ်ခံစားနေရတဲ့ဝေသနာ တော်တော်သက်သာလာတယ်ဆိုတာကို လာပြောပြတဲ့ Cus Rev...
28/06/2022

ဇက်ကျီးပေါင်းဖြစ်နေလို့
ဆေးကပ်ခွာ ကပ်တာ (5)ရက်ဘဲရှိသေးတယ်

ခံစားနေရတဲ့ဝေသနာ တော်တော်သက်သာလာတယ်ဆိုတာကို လာပြောပြတဲ့ Cus Review လေးပါ

ဟန်နုမာန် ဆေးကပ်ခွာ လေးကိုသေချာသုံးကြည့်ချင်ဖြင့်
ခံစားနေရတဲ့ဝေသနာ သက်သာပျောက်ကင်းစေနိုင်ပါတယ်ရှင့်
AT

🥑🍏🍎 #သောက်ဆေးမပါဘဲ ၀မ်းမချုပ်အောင် ကာကွယ်ကုသခြင်း🍎🍏🥑🍎 #၀မ်းချုပ်ခြင်းဆိုသည်မှာ လူတိုင်းနီးပါး ကြုံတွေ့နိုင်တဲ့ ကျန်းမာရေ...
27/06/2022

🥑🍏🍎 #သောက်ဆေးမပါဘဲ ၀မ်းမချုပ်အောင် ကာကွယ်ကုသခြင်း🍎🍏🥑

🍎 #၀မ်းချုပ်ခြင်းဆိုသည်မှာ လူတိုင်းနီးပါး ကြုံတွေ့နိုင်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုပါ။ ရောဂါတစ်ခုမဟုတ်သော်လည်း ၀မ်းပုံမှန်မသွားပါက ခေါင်းနောက်ခြင်း ခေါင်းမကြည်မလင်ဖြစ်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ နှင့် ညောင်းညာခြင်းတို့ ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ လူတိုင်းလူတိုင်း မည်သည့် ၀မ်းချုပ်ဆေးမှ မသောက်ဘဲ တစ်နေ့ တစ်ကြိမ်တော့ သွားသင့်ပါသည်။ အောက်ပါ သဘာ၀နည်းလမ်းများနှင့် အချက်အလက်တို့ကို လိုက်နာခြင်းဖြင့် ၀မ်းချုပ်ခြင်းကို ကာကွယ်နိုင်ပါသည်။

#ရေသောက်ခြင်း

ရေသည် အစာအိမ်နှင့် အူလမ်းကြောင်းအတွက် မရှိမဖြစ် သော အရာတစ်ခုဖြစ်ပါသည်။ သဘာ၀ကပေးသော အကောင်းဆုံး ၀မ်းပျော့ဆေးဖြစ်ပြီး ၀မ်းမချုပ်အောင် ကာကွယ်ပေးနိုင်ပါသည်။ ထို့ကြောင့် ရေကို ခဏခဏသောက်ပေးခြင်းအားဖြင့် ကိုယ်စိတ်ကြည်လင်လန်းဆန်းသလို ၀မ်းမချုပ်အောင် ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မည်။ ပုံမှန်လူတစ်ယောက်အတွက် ၁ နေ့ကို အနည်းလုံး ရေသန့်ပုလင်း ၂ ပုလင်းစာမျှ သောက်သင့်ပါသည်။

#၀မ်းသွားချင်လျင် အောင့်မထားပါနှင့်

မိမိ၏ body မှ ၀မ်းသွားချင်ပြီးဆိုပါက သရိုးသရီ ဖြစ်သလိုလိုနှင့် လက္ခဏာများ ပြပါလိမ့်မည်။ အထူးသဖြင့် အိပ်ယာထထချင်းတွင် ပုံမှန်၀မ်းသွားအောင် အကျင့်လုပ်ထားပါက အချိန်မှန်လာလျှင် ဗိုက်က အလိုလိုနေရင်း အောင့်လာတတ်သည်။ ထိုအခါမျိုးတွင် မဖြစ်မနေ ၀မ်းသွားသင့်ပါသည်။ သို့မဟုတ်ပါက တနေ့လုံး ၀မ်းချုပ်သွားတတ်သည်။ ၀မ်းဆိုသည်ကား အကျင့်လုပ်ထားပါက အချိန်မှန်သွားအောင် ပြုလုပ်လို့ရသည်။ ထိုသို့အကျင့်ကောင်းလေးတွေ မွေးထားခြင်းအားဖြင့် ကျန်းမာရေးကို ကောင်းအောင် ပြုလုပ်၍ ရပါသည်။

#အမျှင်ဓာတ်ပါသော အစားအသောက်များကို စားပါ

အသီးအနှံများ၊ အရွက်များနှင့် အမြစ်အဖုတို့သည် အမျှင်ဓာတ်ကြွယ်ဝြကသည်။ ၀မ်းမှန်စေရုံသာမက အူလမ်းကြောင်းအတွင်းရှိ ကင်ဆာဖြစ်စေတတ်သော ဒြပ်ပေါင်းများကိုပါ တခါတည်း ဖယ်ရှာပေးတယ်။ ဒါကြောင့် သူ့လောက်ကောင်းတာ မရှိတော့ပေ။ သင်၀မ်းချုပ်နေပါက အကျင့်ပျက်ခံပြီး ၀မ်းနှုတ်ဆေးသောက်နေမည့်အစား ကန်စွန်းပလိန်းတစ်ပွဲလောက်မှာပြီး တစ်ယောက်တည်းကုန်အောင် စားပစ်လိုက်ပါ။ ဗိုက်ပြည့်သလို ၀မ်းချုပ်ခြင်းကိုသာ တစ်ခါတည်း ကုသပြီးသား ဖြစ်သွားလိမ့်မည်။

#ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်း

တခါတလေကျတော့ အရွက်လည်း စားတယ်။ အသားတွေလည်း အဲဒီလောက်မစားဘဲနဲ့ ၀မ်းချုပ်နေတတ်တယ်။ တရားခံရှာလိုက်တော့ အလုပ်တွေ ရက်ဆက်ပြီး ရုံးမှာပဲ ထိုင်နေမိတာမျိုး ဖြစ်နေတတ်တယ်။ တစ်နေ့ကို ၁၅ မိနစ်မျှ ချွေးထွက်လောက်အောင် လမ်းလျှောက်တာပဲဖြစ်ဖြစ် အားကစားတစ်ခုခုလောက်ပဲ လုပ်လုပ် ၀မ်းမချုပ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားဆိုလို့ အင်းယားကန်စောင်းကို ပြေးမြင်တာတို့၊ အားကစားရုံကို ပြေးမြင်တာတို့ ဖြစ်ပြီး ကိုယ် နဲ့ မနီးစပ်တဲ့အရာလို့ မတွေးလိုက်ပါနဲ့။ ရုံးအတွင်းမှာ လမ်းလျောက်တာကလည်း ကိုယ်လက်လှုပ်ရှားပဲ။ လှေကားအတက်၊ အဆင်း၊ ကလည်း ကိုယ်လက်လှုပ်ရှားပဲ။ မတ်တပ်ရပ်နေအုံးတော့ အကြောတွေ လျော့အောင် လေ့ကျင့်ခန်းလုပ်လို့ရတယ်။ ကြိုက်တာကိုလုပ်ပါ။ လုပ်ဖို့တော့လိုပါတယ်။ တတ်နိုင်သူတွေကတော့ ယောဂကျင့်ကြတယ်။

#အိမ်သာထိုင်ခြင်း

စောင့်ကြောင့်ထိုင်ပြီး အိမ်သာသွားခြင်းက ဗိုလ်ထိုင်ကြွေအိမ်သာတွင် သွားခြင်းထက် ၀မ်းသွားရတာ ပိုလွယ်တယ်လို့ ပြောကြတယ်။ သို့သော် အသက်ကြီးသူများအတွက် ဒူးခေါင်းနာကျင်ပြီး အထိုင်အထ ခက်ခဲနိုင်သောကြောင့် ဒီနည်းလမ်းကိုတော့ မညွှန်းတော့ပါ။

#အားလုံးကျန်းမာကြပါစေ။



ခါးနာခြင်း(Back Pain)ခါးနာခြင်း ဆိုတာဟာ ကျောနောက်ဖက်ကြွက်သား နာဗ်ကြော အရိုး အရိုးဆက်အကြား ကြားခံအရွတ်ကျောရိုးဆစ် စသဖြင့်...
27/06/2022

ခါးနာခြင်း(Back Pain)

ခါးနာခြင်း ဆိုတာဟာ ကျောနောက်ဖက်
ကြွက်သား နာဗ်ကြော အရိုး အရိုးဆက်အကြား ကြားခံအရွတ်
ကျောရိုးဆစ် စသဖြင့် နေရာတစ်ခုခုက
နာကျင်ခြင်းဖြစ်ပါတယ်။

ရုတ်တစ်ရက်အလေးအပင်မခြင်း
အထိုင်အထ မူမမှန်ခြင်း
အညောင်းကြာရှည်ထိုင်အလုပ်လုပ်ရသူများ
Highway ကားမောင်းသူများ
မီးအပူနှင့်နီးကပ်စွာအလုပ်လုပ်ရသူများ
အဖြစ်များတတ်ပါတယ်။

မခံမရပ်နိုင်အောင်နာကျင်မှုခံစားနေရပါက
နားလည်တတ်ကျွမ်းသောဆရာဝန်နဲ့
ပြသ တိုင်ပင်ကုသပါ။

#သတိချပ်ရန်မှာ
ကျောက်ကပ်ရောင်လျှင်လည်း ခါးနာတတ်ပါတယ်။ပေါ့ပေါ့စစ မနေကြပါနဲ့။

#ရောဂါကုထုံးများ

#ကုထုံး၁
ညအိပ်ယာဝင်တိုင်းဆေးလိမ်းပေးရန်
နာနေသည့် ကိုက်နေ
သည့်ခါးနေရာတွင် အသားထည်းစိမ့်ဝင်
နေအောင်လိမ်းပေးပါ။

ပြီးနောက် အဝတ်သန့်သန့်ကိုခါး၌ ပတ်တီးစည်းသလို တင်းကြပ်စွာစည်းထား
ပြီးမှ ညအိပ်ယာဝင်ပါ။

#ကုထုံး၂
(မနက်အိပ်ယာထ ပြုလုပ်ပေးရန်)

မချက်ရသေးသောဆန်စေ့တစ်ခွက်စာကို
အဝတ်ထူထူ ဖြင့်ထုတ်၍ ဒယ်အိုးပေါ်တွင်
မီးပျော့ပျော့ဖြင့်အပူပေးလိုက်ပြီး
ခါးနာနေသည့်နေရာကိုကြပ်ထုတ်ထိုးပေးပါ။

#ကုထုံး၃
(နေ့လည် ပြုလုပ်ပေးရန်)
ဂျင်းအမှုန့်ကိုရေဖြင့်ခပ်ပြစ်ပြစ်ဖျော်၍
ခါးနာနေသည့်နေရာကို အသားထည်းစိမ့်ဝင်
အောင်လိမ့်ပေးပါ။

#ရှောင်ရန်
(လုံးဝမစားပါနှင့်)
ဒညင်းသီး ဆူးပုပ် ဒံပေါက် မြှစ်အမျိုးမျိုး
မှို အမျိုးမျိုး ဝမ်းတွင်းကလီစာများ
ဝက်သား ငါးသလောက် အင်ဥ
နှင့်သွေးတက်စေသော အစာများ

#စားသုံးပေးရန်
(လိုက်နာပေးပါရန်)

အရိုးပါစားနိုင်သောငါးကလေးများ
လတ်ဆတ်ပြီးရေခဲမရိုက်ထားသော
ငါးကြင်းဖြူ ငါးတန် စတဲ့ငါးများ
နွားနို့ ဒိန်ချဉ် ခရမ်းချဉ်သီး
သံပုရာရည်(ဆားပါလေယုံ)
ကြက်သွန်ဖြူ ဆလပ်ရွက် မုန်ညင်းရွက်
ပန်းဂေါ်ဖီ ပန်းသီး လိမ္မောသီး ကျွဲကောသီး
သင်္ဘောသီး ပန်းသစ်တော် ဆီးဖြူသီး
စတဲ့လတ်ဆက်သောဟင်းသီးဟင်းရွက်များ
နဲ့သစ်သီးများ

#သတိထားရန်
ရေချိုးဆင်ခြင်ပေးပါ။


ဆေးကပ်ခွာနဲ့ လိမ်းဆီဗူးအတွဲလေး သုံးကြည့်ပါက သိသာသော
သင်သာမှု ခံစားရစေပါတယ်ရှင်

နေ့ဘက် နာကျင်ကိုက်ခဲသည့်နေရာသို့
Hanumanလိမ်းဆီ အသားထဲစိမ့်ဝင်အောင်လူးပေးပီး
ညအိပ်ခါနီး နာကျင်ကိုက်ခဲသောနေရာတွင် ဆေးကပ်ခွာကပ်ပေးပီး သက်သာမှုရယူနိုင်ပါတယ်ရှင်

AT

#ခါးနာ
☎️09775709273

ခါးနာခြင်း  အကြောင်းများ      _______________________ရိုးရိုးခါးနာတာလား  ……စိုးရိမ်ရမယ့်  အနေအထားလား  ……ခါးနာတယ်ဆိုတာက  ...
27/06/2022

ခါးနာခြင်း အကြောင်းများ
_______________________

ရိုးရိုးခါးနာတာလား ……
စိုးရိမ်ရမယ့် အနေအထားလား ……

ခါးနာတယ်ဆိုတာက လူတိုင်းနီးပါး
ခံစားရနိုင်တဲ့ နာကျင်မှု ပြဿန တစ်မျိုးပါ ။
လူလတ်ပိုင်းအရွယ် ၈၀ ရာခိုင်နှုန်းလောက်ဟာ
သူတို့ တစ်သက်တာမှာ ခါးနာမှုကို
တစ်ကြိမ်တော့ ခံစားဖူးကြပါတယ် ။

ခါးနာတယ်ဆိုတာက ဆယ်ကျော်သက်အရွယ်
ကစလို့ ဘိုးဘိုးဘွားဘွားအရွယ်အထိ
အားလုံး ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿန
တစ်ခုပါ။ နေ့စဉ် လှုပ်ရှား သွားလာမှုတွေ
လုပ်ရင်းနဲ့ကို ခါးနာတာကအမှတ်မထင်
ခံစားရနိုင်ပါတယ် ။

# ဘာတွေကများ ခါးနာစေတာလဲ ………
# ခါးနာစေနိုင်တဲ့ အကြောင်းအရင်းကတော့
အများကြီးပါ ။

# အလေးအပင်မတာ
# ရုတ်တရက် အထိုင်အထ လုပ်မိတာ
# ကိုယ်နေဟန်ထား မမှန်တာ
# ပြုတ်ကျတာ
# ချော်လဲတာ
# လေ့ကျင့်ခန်း အပြင်အထန် လုပ်တာ
# မတော်တဆ ထိခိုက်မိတာ
# အဆစ်ရောင်နာ
# အရိုးပြတာ
# အရုံကြောညပ်တာ
# ကြွက်သားရောင်တာ
# ကျောက်ကပ် ရောဂါ စတဲ့ ပြဿန အမျိုးမျိုးကြောင့်
ခါးနာတာကို ခံစားရနိုင်ပါတယ် ။

# ရိုးရိုး ခါးနာတာလာ …………

# ခါးနာတာက အဖြစ်များတဲ့ ကျန်းမာရေး
ပြဿန တစ်ခုပါ။ ခါးနာတဲ့ခါ

# ရေသောက်တာ
# ရေနွေးအိတ်ကပ်တာ
# ရေခဲဝတ် ကပ်တာ
# နှိပ်နယ်ပေးတာ
# ဆေးလိမ်းတာ
# လေ့ကျင့်ခန်း လုပ်တာ
# အနားယူတာမျိုးတွေ လုပ်ပေးရပါမယ် ။
ဒီလို လုပ်ဆောင်ပေးမှုနဲ့အတူ ၃ ရက် အကြာမှာ
ခါးနာတာက သက်သာသွားမယ်ဆိုရင်
ဒါက ရိုးရိုး ခါးနာတာပါ ။

# ဘယ်လို အခြေအနေဆို စိုးရိမ်းရမလဲ ………

တကယ်လို့ အပေါ်မှာပြောသလိုတွေ
လုပ်ဆောင်တယ်။ဒါပေမယ့် ၃ ရက်ကျော်တဲ့အထိ
ခါးနာတာက မသကျသာဘူး။ ခါးနာတာ
မသက်သာတာနဲ့အတူ အခုလိုတွေခံစားရမယ်
ဆိုရင် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုနေပါပြီ ။

# ခါးထဲက စူးခနဲနာကျင်မယ်
ဒါက ကြွက်သား ဒါမှမဟုတ် အရွတ်
စုတ်ပြဲတာဖြစ်နိုင်ပါတယ်။ နောက်ထပ်
ဖြစ်နိုင်တာကတော့ ကိုယ်တွင်းအင်္ဂါတစ်ခုခုမှာ
ရောဂါ ခံစားနေရတာပါ ။

# ခါးထဲနေရာ အနှံမှာ တဆစ်ဆစ် နာမယ် ……
နာကျင်မှုက နေရာစုံကို ရွေ့နေမယ်။
ခြေ လက်တွေထဲအထိ နာကျင်မယ်ဆိုရင်တော့
အာရုံကြော ညပ်နေတာဖြစ်နိုင်ပါတယ် ။

ခါးနာရင်းက ခြေထာက်တွေထဲ အားမရှိသလို
ခံစားရမယ် ခါးထဲက နာတဲ့အခါ ခြေတောက်တွေ
ပါ နာလာတာ ခြေထောက်တွေထဲ အားမရှိသလို
ခံစားရတာက အာရုံကြော ဖိမိနေတာ
တင်ပဆုံးက အာရုံကြောတွေ ညပ်နေတာမျိုး
ဖြစ်နိုင်ပါတယ် ။

# ဆီး ဝမ်းမနိုင်တာမျိုး ဖြစ်မယ် ……
ခါးနာတာက ခါးတင် နာတာ မဟုတ်ဘဲ
ဆီးတွေ ဝမ်းတွေကို မထိန်းနိုင်တဲ့အထိ
ဖြစ်နေတာဆိုရင် အာရုံကြောပျက်စီးနေတာ
ကျောရိုးမကြီး ပိုးဝင်နေတာ ဦးနှောက်အမြှေး
ရောင် နေတာတွေ ဖြစ်နိုင်ပါတယ် ။

# ပေါင်းရင်းက ထုံနေတာ ( သို့မဟုတ် )
တစ်ဆစ်ဆစ်စူးပြီး နာမယ် ခါးနာတာက
ပေါင်ခြံ ဒါမှမဟုတ် ပေါင်ရင်းက ထုံနေမယ်
ဒါမှမဟုတ် တစ်ဆစ်ဆစ် စူးပြီး နာနေမယ်ဆိုရင်
အာရုံကြော ပြင်းပြင်းထန်ထန် ထိခိုက်တာ
ဖြစ်နိုင်သလို ကျောရိုးမကြီး ထိခိုက်တာမျိုး
ဖြစ်နိုင်ပါတယ် ။

# ခါးနာက အဆိုးရွာဆုံးအနေနဲ့
အောက်ပိုင်းသေသွားတာမျိုးအထိ
ဖြစ်စေနိုင်တာကြောင့် သေချာလေး
ဂရုစိုက်စေချင်ပါတယ် ရှင် ။

_____________________

Dr THW …

 #ဆေးဘက်ဝင်မှန်းတော့သိတယ်_အကျိုးကျေးဇူးဒီလောက်များမှန်းမသိခဲ့တဲ့  #ကြောင်လျှာသီး_ကြောင်လျှာရွက်_ကြောင်လျှာပွင့် ......🍃🌵...
27/06/2022

#ဆေးဘက်ဝင်မှန်းတော့သိတယ်_အကျိုးကျေးဇူးဒီလောက်များမှန်းမသိခဲ့တဲ့
#ကြောင်လျှာသီး_ကြောင်လျှာရွက်_ကြောင်လျှာပွင့် ......🍃🌵🍀🌿🌵🍃🍀🌿🍃🌵☘️

(၁) ကြောင်လျှာအခေါက်အမှုန့်ပြု ၍ ချင်း(ဂျင်း)ရည် ၊ ပျားရည်တို့နှင့် ရောစပ်လျက်
သောက်သော် ပန်းနာ ချောင်းဆိုးရောဂါ ပျောက်၏

(၂) အခေါက်မှုန့်ကို ရေနွေးတွင် ၂ နာရီခန့်စိမ်၍ စစ်ပြီး နံနက် ည သောက်သော်
အစာမကြေရောဂါ ပျောက်၏

(၃) ကြောင်လျှာခေါက် ကို ရေစိမ်၍ ၎င်းရေနှင့် ပလုတ်ကျင်း ပေးသော် ခံတွင်း ခြောက်
ကွဲနာ ပျောက်ပါတယ်

(၄) သားဖွားပြီး နာကျင်ကိုက်ခဲသည့်ရောဂါ ၊ ခေါင်းတစ်ခြမ်း
ကိုက်ရောဂါများအတွက်လည်း ကြောင်လျှာခေါက်ကို သုံးနိုင်သေးသည်။

(၅) အမြစ်ခေါက်ကို အဆစ်အမျက်ရောဂါဖျားရောဂါ ၊ ၀မ်းဖော ၊ ၀မ်းရောင် ၊
၀မ်းကိုက်ရောဂါများအတွက် အသုံးပြု၏

(၆) ကြောင်လျှာရွက် ညှစ်ရေကို သောက်သော် ဘိန်းဆိပ်သင့် ခြင်း ပျောက်၏

(၇) ကြောင်လျှာရွက်ပြုတ်တို့စားက ၀မ်းမီးကောင်း၏။ နားအူ နားကိုက်ကောင်း၏

(၈) ကြောင်လျှာ အသီးကို ပြုတ်၍ လည်းကောင်း ၊ မီးဖုတ်၍ လည်းကောင်းစားခြင်းဖြင့်
အစာမကြေရောဂါ ၊ လည်ပင်းကြီးရောဂါ ၊ သရိုက်ရောဂါ ပျောက်၏။ သုပ်စားခြင်းဖြင့်
လည်ချောင်းတွင်း အပူဖုပေါက်သောရောဂါ ပျောက်သည်။

(၉) ကြောင်လျှာသီး နှင့် ကြက်သား ရော ချက်စားပါက ပန်းနာရင်ကြပ်ရောဂါ ပျောက်၏

(၁၀) ကြောင်လျှာသီး နှင့် ငါးရံ့ဖြင့်ချက်စားပါက ကာလ၀မ်းရောဂါပျောက်၏ ။ အားကို
ဖြစ်စေပြီး အစာမကြေရောဂါ ၀မ်းပျက်ရောဂါပျောက်၏။

(၁၁) ကြောင်လျှာသီး နှင့် ပုစွန် ချက်စားက နှလုံးလေရိုက်ရောဂါ ၊ နှလုံးတုန် ၊ ရင်တုန်ရောဂါ
ပျောက်၏။

(၁၂) ကြောင်လျှာသီး နှင့် ငါးသလောက် ချက်စားက အဖောရောဂါကို ကျစေ၍ လူကို
၀ဖြိုးစေပြီး နှလုံးအားနည်းခြင်း ကို ပျောက်စေသည်။

(၁၃) ကြောင်လျှာသီး နှင့် ငါးမြွေထိုး ချက်စားက ဒူလာသွေး၀မ်း မီးယပ်သွေး၀မ်း နှင့်
မြင်းသရိုက် ရောဂါတို့ကို ပျောက်ကင်းစေ၏။

(၁၄) ကြောင်လျှာ အမြစ်ကိုသွေး၍ လိမ်းပေးခြင်းဖြင့် အနာ၀င် မန်းလိုက်ခြင်း
ပျောက်ကင်းသည်

(၁၅) ကြောင်လျှာသီးကို (၇) ရက် နှစ်ခါ စားသော် သုတ်ခွန်အား တိုးပွားစေ၏၊
ဒေါသသုံးပါးကို ငြိမ်းစေ၏

(၁၆) ကြောင်လျှာ အခေါက်အမြစ် တို့ကို သွေးလိမ်းသော် လေဖြတ်လေငန်း တခြမ်းသေ၊
တပိုင်းသေ၊ သွေးမလျှောက် လေမလျှောက်၊ ထုံနာကျင်နာ၊ ချိနဲ့သောသူများ
သက်သာပျောက်ကင်း၏။

(၁၇) ကြောင်လျှာခေါက် ၆ ရွေးသား၊ ချင်းခြောက် ၆ ဆရွးသား၊ ထန်းလျက် ၁၂
ရွေးသားတို့ကိုရော၍ အလုံး သုံးလုံးရအောင် လုံး၍ နံနက် နေ့ ည ဒသမှုပြုတ်ရည်နှင့်
သောက်သော် သားဖွားမီးယပ်ရောဂါဖြစ်သည့် အမျိုး သမီးများသားဖွားပြီးနောက် ၄-၅-၆
ရက်တိုင်အောင် ကြောက်မက်ဖွယ်ကောင်းသည့် ကိုက်ခဲနာကျင်ခြင်းတို့ကို
အံ့သြဖွယ်ကောင်းအောင် ပျောက်ကင်းသည်။

(၁၈) ကြောင်လျှာခေါက်ကို အမှုန့်ပြု၍ ချင်း (ဂျင်း)သတ္ထုရည်နှင့်လည်းကောင်း၊ ပျားရည်နှင့်
လည်းကောင်း၊ ရောစပ်၍ လျက်စားသော် ပန်းနာချောင်းဆိုးရောဂါသည် ပျောက်ကင်း၏။

(၁၉) ကြောင်လျှာခေါက်ရေနှင့် စပ်၍ နွားနို့၊ ပဲစင်းငုံရွက် သတ္ထုရည်ရောပြီး ရှူပေးခဲ့သော်
ခေါင်းတစ်ခြမ်းကိုက်ရောဂါ ပျောက်ကင်း၏

(၂၀) ကြောင်လျှာ အခေါက်မှုန့်ကို ရေနွေးတွင် နှစ်နာရီကြာမျှ စိမ်၍စစ်ပြီးနောက်
တစ်ကြိမ်လျှင် ၁ ကျပ်သားမျှ နံနက်ည သောက်ခဲ့သော် ၀မ်းမီးနုံ့ခြင်းကြောင့်ဖြစ်သော
အစာမကြေရောဂါ ပျောက်ကင်း၏

(၂၁) ကြောင်လျှာရွက် သတ္ထုရည်ကို တိုက်သော်ဘိန်းဆိပ်သင့်သူများ
သက်သာပျောက်ကင်းသည်

(၂၂) ကြောင်လျှာရွက်ကို သို့မဟုတ် ကြောင်လျှာခေါက်ကို ရေနှင့်စိမ်၍ ၎င်းရေကို
ပလုတ်ကျင်းပေးခဲ့သော် ခံတွင်းခြောက်ကွဲနာ ပျောက်ကင်း၏။

(၂၃) ကြောင်လျှာပွင့်ကို သုတ်စားခြင်း၊ ရေနွေးဖျြော်ပီး တို့ပြုတ်စားခြင်း ဖြင့် နှုတ်မမြိန်နာ
အတွက် ပျောက်ကင်း ၏။

ကျန်းမာသုခ ပြည့်စုံကြပါစေ....။




#ဥာဏ်ကြွယ်

Address

Yangon

Telephone

+959775709273

Website

Alerts

Be the first to know and let us send you an email when Hanuman foot patch by aye posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Hanuman foot patch by aye:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram