ရွှေဆားHerbal Salt by Ma Gyi San

ရွှေဆားHerbal Salt by Ma Gyi San ရွှေဆားလက်လီ လက်ကားဝယ်လိုသူများ💖
ကိုယ်စားလှယ်ယူလိုသူများဆက်သွယ်နိုင်ပါသည်🤝⭐
☎️09 786227881

⚠️ဒီလို ကိုယ်လက်ထုံကျဉ်ပုံစံ (၇)မျိုးဆို ဆေးခန်းပြေးပါ ⚠️(လေဖြတ်ခါနီး လက္ခဏာ)🚩 ခန္ဓာကိုယ်မှာ  ထုံကျဉ်နေရင် ပေါ့ဆလို့မရပါ...
08/12/2025

⚠️ဒီလို ကိုယ်လက်ထုံကျဉ်ပုံစံ (၇)မျိုးဆို ဆေးခန်းပြေးပါ ⚠️

(လေဖြတ်ခါနီး လက္ခဏာ)

🚩 ခန္ဓာကိုယ်မှာ ထုံကျဉ်နေရင် ပေါ့ဆလို့မရပါဘူး
တစ်ချို့ထုံကျဉ်မှုတွေက လေဖြတ်ဖို့ ၅ မိနစ်အလိုမှာ ဦးနှောက်ကနေ ပေးတဲ့ အရေးကြီး သတင်းတွေပါ⚠️

𝟏. "မျက်နှာတစ်ခြမ်း + လက်တစ်ခြမ်း တစ်ပြိုင်နက်ထုံကျဉ်ခြင်း"

••> ဘာကြောင့်ဖြစ်ရတာလဲ....?

• ဦးနှောက်ရဲ့ Motor Cortex လို့ခေါ်တဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုထိန်းချုပ်တဲ့အပိုင်းကို သွေးမရောက်လို့ ဦးနှောက်အပြင်လွှာကို သွေးခဲပိတ်ဆို့နေတာကြောင့်

> ⚠️ ဘယ်လိုစစ်ဆေးမလဲ...? <

• လက်ချောင်းတွေကို ဆုပ်ညှစ်ကြည့်ပါ - ညှစ်လို့မရဘူးဆိုရင် ပြုံးကြည့်ပါ - ပါးစပ်တစ်ခြမ်းစောင်းနေရင် လက်မောင်းမြှောက်ကြည့်ပါ - တစ်ဖက်က ရုတ်တရက်ကျသွားရင်

𝟐. "ခြေထောက်တစ်ဖက်တည်း ရုတ်တရက်အားပျယ်ခြင်း"

> ဘာကြောင့်ဖြစ်ရတာလဲ...? <

• ဦးနှောက်ရဲ့ Internal Capsule လို့ခေါ်တဲ့ အာရုံကြောလမ်းကြောင်းအဓိကပိုင်းမှာ သွေးကြောပိတ်နေလို့ ဦးနှောက်ပင်မအစိတ်အပိုင်းကို သွေးမရောက်တော့တာ

> ⚠️ အရေးပေါ်လက္ခဏာ <

• ရုတ်တရက် ခြေထောက်ကျဲထွက်သွားတာ
မတ်တပ်ရပ်လို့မရတာ လမ်းလျှောက်ရင် ဒူးထစ်ကျိုးကျနေသလိုခံစားရမယ်

𝟑. "စကားပြောရခက်ခဲပြီး လက်ချောင်းထုံကျဉ်ခြင်း"

> ဘာကြောင့်ဖြစ်ရတာလဲ...? <

• ဦးနှောက်ရဲ့ Broca's Area လို့ခေါ်တဲ့ ဘာသာစကားဗဟိုဌာနကို သွေးမရောက်လို့
ဦးနှောက်ဘယ်ဘက်ခြမ်းက ဘာသာစကားဗဟိုဌာန ပျက်စီးနေလို့

>> စမ်းသပ်နည်း ဘာကြောင့်ဖြစ်ရတာလဲ...? <
• ဦးနှောက်ရဲ့ Occipital Lobe လို့ခေါ်တဲ့ အမြင်အာရုံဗဟိုဌာနထိခိုက်လို့ ဦးနှောက်နောက်ပိုင်းကို သွေးမရောက်တော့တာ

>> စစ်ဆေးနည်း ဘာကြောင့်ဖြစ်ရတာလဲ...? <

• ဦးနှောက်အတွင်းသွေးယိုတဲ့လက္ခဏာဖြစ်နေလို့
သွေးကြောပေါက်ပြီး ဦးနှောက်ထဲသွေးယိုနေတာ

> အရေးပေါ်လက္ခဏာ <

• တစ်သက်မှ ဒီလိုမျိုးခေါင်းမကိုက်ဖူးဘူး" ဆိုတဲ့ခံစားချက်ရှိမယ် အန်ချင်သလိုလို ခံစားရမယ်
အလင်းရောင်ဒဏ်မခံနိုင်တော့တာ

𝟔. "ခြေလက်တွေ ထုံကျဉ်ပြီး ဟန်ချက်မထိန်းနိုင်ခြင်း"

> ဘာကြောင့်ဖြစ်ရတာလဲ...? <

• ဦးနှောက်ရဲ့ Cerebellum လို့ခေါ်တဲ့ ဟန်ချက်ထိန်းစနစ် ထိခိုက်လို့ ဦးနှောက်နောက်ပိုင်းအစိတ်အပိုင်း ပျက်စီးနေလို့

>> စစ်ဆေးနည်း ဘာကြောင့်ဖြစ်ရတာလဲ...? <

• ဦးနှောက်ရဲ့ Spinal Cord နဲ့ Autonomic Nervous System ထိခိုက်လို့ ဆီးဝမ်းထိန်းတဲ့အာရုံကြောတွေ အလုပ်မလုပ်တော့တာ

> အရေးပေါ်လက္ခဏာ <
• ရုတ်တရက် ဆီးသွားချင်ပြီး မထိန်းနိုင်တော့တာ
ဆီးအိမ်ထိန်းချုပ်မှု ပျောက်ဆုံးသွားတာ

> ဘယ်လိုလူတွေ ပိုသတိထားသင့်လဲ...? <

🔸 သွေးတိုးရှိသူများ - သွေးကြောတွေကို ဖိအားများစေလို့

🔸 ဆီးချိုရောဂါရှိသူများ - သွေးကြောတွေမာပြီးကျဉ်းစေလို့

🔸 နှလုံးရောဂါရှိသူများ - နှလုံးခုန်မမှန်တာက သွေးခဲဖြစ်စေလို့

🔸 ဆေးလိပ်သောက်သူများ - ဆေးလိပ်က သွေးကြောတွေကိုကျဉ်းစေလို့

🔸 အသက် ၅၅ နှစ်အထက်များ - သက်ကြီးရွယ်အိုတွေမှာ သွေးကြောတွေပျက်စီးလာလို့

>> အရေးပေါ်ဘာလုပ်ရမလဲ...?

𝟏. ချက်ချင်းဆေးရုံသွားပါ - (၆ နာရီအတွင်း) မှာ ကုသနိုင်ရင် ပြန်ကောင်းနိုင်တယ်

𝟐. ဆေးရုံသွားရင်း ဒီအချက်တွေမှတ်ထားပါ

· လက္ခဏာစချိန်
· ဘယ်အစိတ်အပိုင်းတွေထုံနေလဲ
· ဆေးဝါးမှတ်တမ်း

𝟑. ဒီအမှားတွေမလုပ်ပါနဲ့

· "ဒါပဲထိုင်နေမယ်" ဆိုပြီးစောင့်မနေပါနဲ့
· ဆေးရွက်ကြီးတိုက်တာ၊ ဆေးဖက်ဝင်အပင်တွေနဲ့ မကုသပါနဲ့

> ကာကွယ်နည်း (၅) ချက️် <

𝟏. သွေးပေါင်ချိန်မှန်မှန်စစ်ပါ - 120/80 mmHg အောက်ထိန်းပါ

𝟐. ဆေးလိပ်ဖြတ်ပါ - ဆေးလိပ်က သွေးကြောတွေကိုကျဉ်းစေတယ်

𝟑. ဆားနဲ့အဆီလျှော့စားပါ - ဆားက သွေးတိုးစေ၊ အဆီက သွေးကြောပိတ်စေတယ်

𝟒. တစ်နေ့မိနစ် ၃၀ လမ်းလျှောက်ပါ - နှလုံးသွေးကြောကျန်းမာရေးကောင်းစေတယ်

𝟓. စိတ်ဖိစီးမှုလျှော့ချပါ - စိတ်ဖိစီးမှုက သွေးတိုးတက်စေတယ်

> သတိပေးချက် <

• "လေဖြတ်တာက ကြိုတင်အသိပေးလေ့ရှိပါတယ်...ဒီလက္ခဏာတွေကို ပေါ့ဆမနေပါနဲ့!
စောစောသိ၊ စောစောကုသ၊ အသက်ရှင်ပါ! "

ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ

သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ

#ကျန်းမာရေး #ဗဟုသုတ #စာပေ
#နွယ်မြက်သစ်ပင်ဆေးဖက်ဝင်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်

ခြေထောက်သည် ကျွန်ုပ်တို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်း နှင့် ဆက်စပ်နေပါသည် ခြေဖဝါးသည် "ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်း"နှင...
05/12/2025

ခြေထောက်သည် ကျွန်ုပ်တို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်း နှင့် ဆက်စပ်နေပါသည်
ခြေဖဝါးသည် "ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်း"နှင့်အ ပြန်လှန်သက်ရောက်သည့် နေရာများ (Reflexology Zones) အဖြစ် တည်ရှိနေကြောင်းပြသသည့်
ဘဝ၏ မြေပုံ တစ်ခုသဖွယ်ဖြစ်သည်

🧠 သမားတော်များ၏ ယုံကြည်ချက်

ရှေးဟောင်းတရုတ်သမားတော်များ၏ ယုံကြည်ချက်အရ ဤပြန်လှန်သက်ရောက်သည့် နေရာများကို နှိပ်နယ်ခြင်းဖြင့် "အတွင်းပိုင်း အင်္ဂါအစိတ်အပိုင်းများ၏ လုပ်ဆောင်ချက်ကို လှုံ့ဆော်ပေးနိုင်သည်" နှင့် "ခန္ဓာကိုယ် မျှတမှုကို ပြန်လည်ထိန်းညှိပေးနိုင်သည်" ဟူ၍ ဖြစ်သည်

ဤအကျိုးကျေးဇူးများကို အနောက်တိုင်း ဆေးပညာလောက၌လည်း သုတေသနပြုချက်များဖြင့် စတင် အတည်ပြု နေပြီဖြစ်သည်

🎯 နေ့စဉ်ပြုလုပ်နိုင်သည့် ရိုးရှင်းသော အနှိပ်နည်းလမ်း

🩸သွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေရန်အတွက် အိပ်ရာမဝင်မီ ခြေတစ်ဖက်စီကို ၅-၁၀ မိနစ်ခန့် အချိန်ပေးကာ ဤရိုးရှင်းသောနည်းလမ်းကို လိုက်နာနိုင်ပါသည်

1. ရေနွေးဖြင့်စိမ်ခြင်း ********************
နှိပ်နယ်ခြင်းမပြုမီ ကြွက်သားများ ပြေလျော့စေရန် ခြေထောက်ကို ရေနွေးနွေးဖြင့် ၁၀ မိနစ်ခန့် စိမ်ပေးပါ
2. နှိပ်နယ်ခြင်း
*****************
လက်မကို အသုံးပြု၍ ခြေဖျားမှစကာ ခြေဖနောင့်အထိ ဖြည်းညှင်းစွာ ဖိပြီး လှည့်၍ နှိပ်နယ်ပါ

3. အဓိက ဖိအားပေးရမည့် နေရာများ
***************************
• ဦးနှောက် (စိတ်ဖိစီးမှု လျှော့ချရန်) "ခြေချောင်းထိပ်"များ
• နှလုံး၊ အဆုတ် "ခြေမရင်း"
• အသည်း၊ အစာအိမ်၊ အူလမ်းကြောင်း "ခြေဖဝါးအလယ်"
• ကျောက်ကပ်၊ သားအိမ်၊ ဆီးအိမ် "ခြေဖနောင့်"

🦶 ခြေထောက် ပုံမှန်နှိပ်နယ်ခြင်း၏ အကျိုးကျေးဇူးများ

✅ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးလည်ပတ်မှုကို လှုံ့ဆော်ပေးခြင်း
✅ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်းနှင့် စိတ်ဖိစီးမှုတို့ကို လျှော့ချပေးခြင်း
✅ အစာခြေစနစ်၏ မျှတမှုကို ပြန်လည်ထိန်းညှိပေးခြင်း
✅ နှလုံး၊ ကျောက်ကပ်နှင့် မျိုးပွားစနစ်တို့ကို
အားကောင်းစေခြင်း
✅ ညဘက်တွင် ခန္ဓာကိုယ်က "ကိုယ့်ကိုယ်ကိုယ် ပြန်လည်အားဖြည့်ခြင်း" (Reset) ကို ပိုမိုကောင်းမွန်စွာ ပြုလုပ်နိုင်ရန် ကူညီပေးခြင်း

✨ "အိပ်ရာမဝင်မီ ခြေထောက် ၁၀ မိနစ် နှိပ်နယ်ခြင်း" သည် "ခန္ဓာကိုယ်တစ်ခုလုံးကို အနားယူစေရန် နှိပ်နယ်ပေးသလို" ထိရောက်မှုရှိပါသည်။


မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်။

ဆောင်းတွင်းမှာ ရေချိုးခြင်း နှင့် သွေးတိုး၊ နှလုံးနဲ့ ဆီးချိုရောဂါဆောင်းတွင်းမှာ ရေချိုးတာက သွေးတိုး၊ နှလုံးနဲ့ ဆီးချိုရ...
04/12/2025

ဆောင်းတွင်းမှာ ရေချိုးခြင်း နှင့် သွေးတိုး၊ နှလုံးနဲ့ ဆီးချိုရောဂါ

ဆောင်းတွင်းမှာ ရေချိုးတာက သွေးတိုး၊ နှလုံးနဲ့ ဆီးချိုရောဂါအခံရှိသူတွေအတွက် အထူးသတိထားရမယ့် ကိစ္စတစ်ခုပါ။

ရေအေးနဲ့ ရုတ်တရက် ထိတွေ့လိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတွေက ဒီရောဂါတွေကို ပိုဆိုးစေနိုင်ပါတယ်။

ဆောင်းတွင်းရေချိုးခြင်းနဲ့ ကျန်းမာရေးအန္တရာယ် ဆက်စပ်ပုံ
----------------------------------------
၁။ သွေးကြောများ ကျုံ့သွားခြင်း (Vasoconstriction)
👉ဆောင်းတွင်းမှာ ရေအေးနဲ့ ထိလိုက်တာနဲ့ ခန္ဓာကိုယ်အပူချိန် မဆုံးရှုံးအောင် အရေပြားအောက်က သွေးကြောတွေက ချက်ချင်း ကျုံ့သွားပါတယ်။

ဥပမာ - ရေပိုက်ခေါင်းကို လက်နဲ့ ဖိလိုက်ရင် ရေဖိအား တက်လာပြီး ပန်းထွက်သလိုမျိုး၊ သွေးကြောကျုံ့သွားတဲ့အခါ သွေးဖိအား (Blood Pressure) ရုတ်တရက် တက်လာပါတယ်။ သွေးတိုးသမားတွေအတွက် အန္တရာယ်ရှိပါတယ်။

၂။ နှလုံးအလုပ်ပိုလုပ်ရခြင်း (Increased Heart Workload)
👉 ကျုံ့သွားတဲ့ သွေးကြောတွေထဲကို သွေးရောက်အောင် နှလုံးက ပိုပြီး အားစိုက်ညှစ်ရပါတယ်။
ဥပမာ - နှလုံးက ဝန်ပိသွားလို့ နှလုံးရောဂါအခံရှိရင် နှလုံးမောတာ ဖြစ်နိုင်ပါတယ်။

၃။ သွေးပျစ်ခဲလွယ်ခြင်း
👉 အေးတဲ့ရာသီဥတုမှာ သွေးက ပုံမှန်ထက် ပိုပျစ်လာတတ်ပြီး သွေးခဲနိုင်ခြေ များပါတယ်။

ဥပမာ - ဆီအုန်းတွေ အေးရင် ခဲသွားသလိုမျိုး၊ သွေးကြောထဲမှာ သွေးခဲလေးတွေ ဖြစ်လာရင် ဦးနှောက်သွေးကြောပိတ်တာ (Stroke) သို့မဟုတ် နှလုံးသွေးကြောပိတ်တာတွေ ဖြစ်စေနိုင်ပါတယ်။

၄။ အပူချိန် ရုတ်တရက် ပြောင်းလဲခြင်း
👉 အိပ်ရာထကာစ ခန္ဓာကိုယ် နွေးနေချိန်မှာ ရေအေးနဲ့ ချက်ချင်း ထိတွေ့လိုက်ရင် ခန္ဓာကိုယ်က Shock ရတတ်ပါတယ်။ (Thermal Shock)

ဥပမာ - ပူနေတဲ့ ဖန်ခွက်ကို ရေအေးထဲ ရုတ်တရက် ထည့်လိုက်ရင် ကွဲသွားသလိုမျိုး၊ ခန္ဓာကိုယ်ရဲ့ အပူချိန်ထိန်းညှိမှုစနစ် ကမောက်ကမ ဖြစ်ပြီး မူးလဲတာတွေ ဖြစ်တတ်ပါတယ်။

၅။ မနက်ခင်း သွေးတိုးချိန် (Morning Surge)
👉 လူအများစုဟာ မနက် အိပ်ရာထချိန် (မနက် ၆ နာရီ - ၁၀ နာရီကြား) မှာ သွေးပေါင်ချိန် သဘာဝအလျောက် အမြင့်ဆုံး ဖြစ်နေတတ်ပါတယ်။

ဥပမာ - မီးအားတက်နေတဲ့အချိန်မှာ နောက်ထပ် မီးအားမြှင့်စက် (ရေအေးချိုးခြင်း) ကို ထပ်ဖွင့်လိုက်သလိုမျိုး ဖြစ်ပြီး သွေးပေါင် ထိန်းမနိုင်သိမ်းမရ တက်သွားတတ်ပါတယ်။

၆။ ဆီးချိုသမားများနှင့် အာရုံခံစားမှု (Neuropathy)
👉 ဆီးချိုရောဂါသည်တွေက ခြေလက် ထုံကျဉ်တာမျိုး (အာရုံခံစားမှု နည်းတာ) ရှိတတ်ပါတယ်။

ဥပမာ - ရေနွေးစပ်ချိုးတဲ့အခါ ရေက အရမ်းပူနေတာကို မသိဘဲ လောင်းချမိလို့ အရေပြား လောင်တာ၊ အနာဖြစ်တာမျိုး ကြုံရတတ်ပါတယ်။ အနာဖြစ်ရင် ဆီးချိုကြောင့် ပျောက်ကင်းဖို့ ခက်ခဲပါတယ်။

၇။ စိတ်ဖိစီးမှု ဟော်မုန်းများ (Stress Hormones)
👉ရေအေးနဲ့ ထိလိုက်ရင် ခန္ဓာကိုယ်က "Fight or Flight" (တုံ့ပြန်မှု) အနေနဲ့ Adrenaline လို ဟော်မုန်းတွေ ထွက်လာပါတယ်။

ဥပမာ - ရုတ်တရက် လန့်သွားတဲ့အခါ ရင်တုန်သလိုမျိုး၊ ဒီဟော်မုန်းတွေက နှလုံးခုန် မြန်စေပြီး ဆီးချိုသမားတွေမှာ သွေးတွင်းသကြားဓာတ်ကိုပါ ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။

၈။ ခေါင်းကနေ စလောင်းခြင်းရဲ့ အန္တရာယ်
👉ရေချိုးတဲ့အခါ ခေါင်းကနေ ရေအေး ချက်ချင်း လောင်းချတာက အန္တရာယ် အများဆုံးပါ။

ဥပမာ - အဆောက်အဦးတစ်ခုရဲ့ ပင်မမီးခလုတ်ကို ရုတ်တရက် ပိတ်လိုက်သလို၊ ဦးနှောက်ဆီသွားတဲ့ သွေးကြောတွေ ရုတ်တရက် ကျုံ့သွားပြီး လေဖြတ်နိုင်ခြေ (Stroke) အရမ်းများပါတယ်။ ခြေထောက်ကနေ စပြီး ရေလောင်းမှသာ ခန္ဓာကိုယ်က အပူချိန်ကို တဖြည်းဖြည်း ညှိယူနိုင်မှာပါ။

၉။ အဆုတ်ရောင်ခြင်း (Pneumonia)
👉အန္တရာယ် ဆီးချိုနဲ့ နှလုံးရောဂါရှိသူတွေက ကိုယ်ခံအား နည်းတတ်ပါတယ်။ အေးလွန်းတဲ့ရေနဲ့ ချိုးမိရင် အအေးပတ်ပြီး အဆုတ်ရောင်လွယ်ပါတယ်။

၁၀။ ရေချိုးခန်း အပူချိန်
👉ရေချိုးခန်းက လေဝင်လေထွက် အရမ်းကောင်းပြီး အေးစက်နေရင်လည်း အန္တရာယ်ရှိပါတယ်။

ဥပမာ - ရေနွေးနဲ့ ချိုးနေပေမယ့် ရေချိုးခန်းက ရေခဲတိုက်လို အေးနေရင် ရေချိုးပြီးတာနဲ့ အအေးဒဏ်ကို ချက်ချင်းခံရပြီး သွေးကြောတွေ ပြန်ကျုံ့သွားတတ်ပါတယ်။

အကြံပြုချက် -
ရေချိုးရင် ရေနွေးနွေးလေး (ခန္ဓာကိုယ် အပူချိန်နဲ့ နီးစပ်တာ) ကို အသုံးပြုပါ ခြေထောက်ကနေ စ-လောင်းပါ၊ မနက်စောလွန်းတဲ့ အချိန်ထက် နေပွင့်ချိန်မှ ချိုးတာ ပိုကောင်းပါတယ်။

✅ လုပ်သင့်သောအချက်များ (Do's)
-------------------------------
၁။ ရေနွေးနွေးလေး စပ်ချိုးပါ ရေအေးလွန်းတာ မဖြစ်စေရသလို၊ အရမ်းပူလွန်းတာမျိုးလည်း မဖြစ်သင့်ပါဘူး။

ခန္ဓာကိုယ်အပူချိန်နဲ့ နီးစပ်တဲ့ (Lukewarm water) က သွေးကြောတွေကို မကျုံ့စေသလို၊ အသားအရေ ခြောက်သွေ့ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

၂။ ခြေထောက်ကနေ စလောင်းပါ ရေစချိုးတဲ့အခါ ခန္ဓာကိုယ်က အပူချိန်အပြောင်းအလဲကို အသားကျသွားအောင် ခြေထောက်ကို အရင်လောင်းပါ၊ ပြီးမှ ဒူး၊ ပေါင်၊ ခါး၊ ကိုယ်လုံး စသဖြင့် အောက်ကနေ အပေါ်ကို တဖြည်းဖြည်းချင်း တက်ပြီး လောင်းပေးပါ။

၃။ နေ့လယ်ခင်းကို ရွေးချယ်ပါ မနက်စောစောနဲ့ ညပိုင်းတွေက အအေးဆုံးအချိန်တွေ ဖြစ်ပါတယ်။ နေပွင့်ပြီး အနွေးဆုံးအချိန်ဖြစ်တဲ့ နေ့လယ် ၁၂ နာရီ ကနေ ၂ နာရီဝန်းကျင်မှာ ရေချိုးတာ အကောင်းဆုံးပါ။

၄။ ရေမချိုးခင် ရေနွေးတစ်ခွက် သောက်ပါ ရေမချိုးခင် ရေနွေးနွေးလေး တစ်ခွက်သောက်တာက ခန္ဓာကိုယ်အပူချိန်ကို ညှိပေးပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ရေချိုးပြီးရင်လည်း ပြန်သောက်ပေးနိုင်ပါတယ်။

❌ ရှောင်ကြဉ်သင့်သောအချက်များ (Don'ts)
-------------------------------------
၁။ ခေါင်းကို တန်းမလောင်းပါနဲ့ ဒါက အရေးကြီးဆုံးပါ။ ခေါင်းကို ရေအရင်ဆုံး လောင်းချလိုက်ရင် ဦးနှောက်သွေးကြောတွေ ချက်ချင်း ကျုံ့သွားပြီး သွေးကြောပေါက်တာ၊ လေဖြတ်တာတွေ ဖြစ်နိုင်ပါတယ်။ ခေါင်းလျှော်ချင်ရင် နောက်ဆုံးမှ လျှော်ပါ။

၂။ အစားစားပြီးစ မချိုးပါနဲ့ ထမင်းစားပြီးစမှာ အစာချေဖို့အတွက် သွေးတွေက အစာအိမ်ကို သွားရောက်စုပုံနေရပါတယ်။ ဒီအချိန်မှာ ရေချိုးလိုက်ရင် သွေးလည်ပတ်မှု ကမောက်ကမဖြစ်ပြီး ရင်ဘတ်အောင့်တာ၊ မူးလဲတာတွေ ဖြစ်တတ်ပါတယ်။ (အစားစားပြီး ၁ နာရီခွဲ၊ ၂ နာရီလောက်မှ ချိုးသင့်ပါတယ်)။

၃။ ရေချိုးခန်း တံခါးကို Lock မချပါနဲ့ သက်ကြီးရွယ်အိုတွေ ရေချိုးတဲ့အခါ အထဲမှာ မူးလဲတာ၊ ချော်လဲတာတွေ ဖြစ်ခဲ့ရင် အပြင်ကလူ အလွယ်တကူ ဝင်ကယ်နိုင်အောင် တံခါးကို လော့ခ်မချဘဲ စေ့ထားရုံသာ စေ့ထားသင့်ပါတယ်။

၄။ ကြာကြာ မချိုးပါနဲ့ ရေချိုးချိန် ကြာလွန်းရင် ခန္ဓာကိုယ် အပူချိန် ကျဆင်းလွယ်ပြီး မောပန်းလွယ်ပါတယ်။ ၁၀ မိနစ်၊ ၁၅ မိနစ် အတွင်း အမြန်ချိုးတာ ပိုကောင်းပါတယ်။

၅။ ရေချိုးခန်း လေဝင်ပေါက် အလွန်အမင်း မဖွင့်ထားပါနဲ့ ရေချိုးခန်းထဲမှာ လေတိုးပြီး အေးစက်နေရင် ရေနွေးချိုးလည်း အဆင်မပြေပါဘူး။ လေဝင်ပေါက်တွေကို ခဏပိတ်ထားပြီး ရေချိုးခန်း အပူချိန်ကို ထိန်းထားသင့်ပါတယ်။

အထူးသတိပြုရန် အကယ်၍ ရေချိုးနေစဉ် ခေါင်းမူးလာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မျက်စိပြာခြင်း တစ်ခုခု ခံစားရရင် ရေချိုးတာကို ချက်ချင်းရပ်ပြီး အကူအညီတောင်းပါ။


မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်။

03/12/2025

သူငယ်ချင်းတို့‌ရေ
ဆောင်းဝင်‌နေပြီနော်
နေ့ခင်းဘက်မှာ
နေပူလိုက် မိုးအုံ့လိုက်နဲ့

ညဘက်ကျတော့ ညတာရှည်ပြီး အိပ်စက်ရတဲ့အချိန်များနေလို့ ခန္ဓာကိုယ်မှာရှိတဲ့အကြောတွေ ညောင်းညာ
တောင့်တင်းပြီး ကိုက်ခဲနေကြပြီမို့လား

ဆောင်တွင်းမှာအဖြစ်များတဲ့
ခြေဆီမထွက်လို့ ခြေဖနောင့်ကွဲတာ ခြေဖဝါးနာတာလေးတွေဖြစ်လာကြပြီမို့လား

တစ်ချို့အရမ်းအေးတဲ့ဒေသ တွေနဲ့ ခန္ဓာကိုယ်အပူကြီးသူ‌ တွေဆို ခြေဖနောင့်ကွဲတာသွေးစိမ်းရှင်ရှင်ထွက်တဲ့အထိပဲ

ပြောတော့သာ ခြေဖနောင့်ကွဲတာ အတော်နေရဆိုးတာပဲ
ဖနောင့်ကွဲတဲ့နေရာ တစ်ခုခုနဲ့ညှိလို့ကတော့မျက်ရည်ပါကျတယ် ကိုယ်တွေလည်းအရင်ကကြုံခဲ့ဖူးတယ်

ဒီလိုလူတွေအတွက် ရွှေဆားရှိတယ်နော်

ရွှေဆားကို ညဖက်အိပ်ယာဝင်ခါနီး (၁၅)မိနစ်လောက်အချိန်ပေးပြီး‌ ခြေဖဝါး👣ကိုရေနွေးစိမ်ပေးခြင်းဖြင့် ခြေဖနောင့်ကွဲတာ သက်သာပျောက်ကင်းစေပါတယ်

ညဖက်နှစ်ခြိုက်စွာအိပ်စက်ရ‌ စေတဲ့အပြင်ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့အဆိပ်တွေကိုဖယ်ရှားပေးပြီးသွေးကြောများပွင့်ကာ
သွေးလည်ပတ်မှု့အားကောင်းလို့ လေဖြတ်ခြင်းမှလည်း
ကာကွယ်ပေးပါတယ်

နေ့ဖက်မှာနေ့တာတိုတဲ့ဆောင်း အငွေ့အသက်ကိုခံစားနေရပြီမို့ အရမ်းပူလိုက်မိုးအုံ့လိုက်နဲ့ ခေါင်းအုံ ဇက် လေးပြီး ခေါင်းကိုက်တာ‌တွေဖြစ်နေပြီလား

ဒါဆိုရင်တော့
ရွှေဆားလေးကိုသာ သတိရလိုက်ပါနော်

ရွှေဆားကို ဖန်ခွက်တစ်ခွက်ထဲ
လ္ဘက်စားဇွန်း တစ်ဇွန်းထည့် ရေနွေးပွက်ပွက်ဆူလောင်းထည့်ပြီး လက်ဝါးလေးနဲ့အုပ် ခပ်ပြင်းပြင်းလေးရှူကြည့်လိုက်ပါ

ရနံ့ကုထုံးပါလို့ အကြောတွေပွင့်ပြီး ချက်ချင်းကို ခေါင်းကြည်သွားစေမယ်နော်
ကိုယ်တိုင်သုံးနေလို့ ရဲရဲအာမခံပါတယ်ရှင့်

ရွှေဆားလေးရဲ့အားသာချက်ကသဘာဝပစ္စည်းစစ်စစ်တွေဖြစ်တဲ့
🔹ပင်လယ်ဆား
🔹ဆားခါး
🔹ပန်းရောင်ဆား
🔹လာဗင်ဒါဆီ
🔹ပူစီနံ(ပူဒီနာ)
🔹စပါးလင်
🔹Vitamin E
🔹နနွင်း ရွှေမှုံတို့အပြင်
🔹တရုပ်နှင်းဆီပန်းခြောက်
🔹စံပယ်ပန်းခြောက်တို့ပါဝင်ပေါင်းစပ်ထုတ်လုပ်ထားလို့
ကျန်းမာရေးနဲ့အလှအပကိုတစ်ပြိုင်ထဲရရှိနိုင်တဲ့အပြင်

♦️ပရုပ် လုံးဝမပါတဲ့အတွက် ၂နှစ်အရွယ်က စ လို့အသက်ကြီးတဲ့အဖိုးအဘွားတွေအထိ စိတ်ချစွာသုံးလို့ရပါတယ်

ရွှေဆားတစ်ထုပ် 5000
ဆယ်ထုပ်40000ကျပ်

#အပူအဆိပ်ထုတ်ခြေရေစိမ်ဆား
#ရွှေဆားဆေးတိုက်ပင်ရင်းဈေးဖြင့်လက်လီလက္ကားဖြန့်ချီသည်
#လိုအပ်လျှင်ဆက်သွယ်ပါ
👇👇👇
☎️09-786227881

🇨🇭 ဆောင်းရာသီတွင် သတိထားရမည့် ကျန်းမာရေးပြဿနာများ  ======================🌀ဆောင်းရာသီရောက်ပြီဆိုတာနဲ့ အေးချမ်းတဲ့ရာသီဥတုက...
02/12/2025

🇨🇭 ဆောင်းရာသီတွင် သတိထားရမည့် ကျန်းမာရေးပြဿနာများ
======================
🌀ဆောင်းရာသီရောက်ပြီဆိုတာနဲ့ အေးချမ်းတဲ့ရာသီဥတုကို ခံစားရင်း ကျန်းမာရေးကိုလည်း မေ့ထားလို့ မဖြစ်ဘူးနော်

⚠️အထူးသဖြင့် ဆောင်းတွင်းမှာ ကိုယ်မထင်မှတ်ထားတဲ့ ကျန်းမာရေးပြဿနာလေးတွေ ဝင်လာတတ်ပါတယ် ဒါကြောင့် ဒီဆောင်းကာလမှာ မဖြစ်မနေ သတိထားရမယ့် ရောဂါ (၅) မျိုးနဲ့ ကာကွယ်နည်းလေးတွေကို မျှဝေပေးလိုက်ပါတယ် ⚠️ ⚠️

​🟤(၁) နှလုံးကျန်းမာရေးကို ပိုဂရုစိုက်ပါ

🔸အေးတဲ့အချိန်မှာ သွေးကြောတွေကျုံ့ပြီး နှလုံးက အလုပ် ပိုလုပ်ရပါတယ် ဒါကြောင့် - ​မနက်ခင်း စောလွန်းတဲ့အချိန်ထက် နေစထွက်ချိန်မှ လမ်းလျှောက်ထွက်ပါ🚶

❗မနက်စာနဲ့ ညစာကို အလွန်အကျွံ မစားဘဲ ဆင်ခြင်စားသုံးပါ❗❗

​🟤(၂) ရင်ကြပ်ရောဂါ သတိ ပြုပါ

🍃အေးပြီးခြောက်သွေ့တဲ့လေက အသက်ရှူလမ်းကြောင်းကို တင်းကြပ်စေပါတယ်

☁️​မီးခိုးငွေ့တွေကို ရှောင်ပါ ​အိပ်ရာခင်းတွေကို တစ်ပတ်တစ်ခါ ပုံမှန်လျှော်ဖွပ်လဲလှယ်ပေးပါ ✅ ✅

​🟤(၃) အရေပြား ယားယံခြင်းအတွက်

♦️ အသားပတ်ပြီး ယားယံတာမျိုး မဖြစ်ရအောင်
​ဆီများတဲ့ လမ်းဘေးစာတွေကို ရှောင်ပါ
ရေနွေးကြမ်းနဲ့ ထန်းလျက် တွဲဖက်စားသုံးပေးပါ
​သံလွင်ဆီ (သို့) အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးပါ ♦️♦️

​🟤(၄) အရိုးအဆစ် ကိုက်ခဲခြင်း

🔸 အေးလာရင်အဆစ်အမြစ် ကိုက်တတ်သူတွေအတွက် -​အဝတ်အစားကို နွေးနွေးထွေးထွေး ဝတ်ဆင်ပါ ​သွေးပူလေ့ကျင့်ခန်း လုပ်ပါ
🌅 ​နေပူစာလှုံပေးခြင်းက အကောင်းဆုံး ဆေးတစ်လက်ပါပဲ ✅ ✅

​🟤(၅) နှာပိတ်၊ အအေးမိခြင်း

🔸နှာပိတ်တာ၊ ချောင်းဆိုးတာတွေအတွက် ​လေဝင်လေထွက်ကောင်းအောင် နေပါ ရေများများသောက်ပြီး အာဟာရပြည့်အောင် စားပါ

🔸 ​ဂျင်းပြုတ်ရည် (သို့) သစ်ကြံပိုးခေါက်မှုန့်ထည့်ထားတဲ့ လက်ဖက်ရည် ပူပူလေး သောက်ပေးပါ

🍀 ​ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတဲ့အတိုင်း ဒီအချက်လေးတွေကို လိုက်နာပြီးပျော်ရွှင်စရာဆောင်းရာသီလေးကို ဖြတ်သန်းကြစို့နော် ❤️❤️

ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေ ❤️

သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ❤️❤️

#ကျန်းမာရေး #ဗဟုသုတ #စာပေ
#နွယ်မြက်သစ်ပင်ဆေးဖက်ဝင်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်

Burma Talk

ကျန်းမာ ပျော်ရွှင်ကြပါစေ❤

ကြော်ငြာအရမ်းမိုက်တယ်18th Century လောက်က modern design
02/12/2025

ကြော်ငြာအရမ်းမိုက်တယ်
18th Century လောက်က modern design

01/12/2025

" မွေးစားသားသမီး ၆၃ ယောက်ကို ဆရာဝန် ဖြစ်အောင် ပျိုးထောင်ပေးနိုင်ခဲ့တယ် "
ကျမဆို ငယ်ငယ်ကတည်း က ဆရာဝန်ဖြစ်ချင်တယ် မိဘတွေကလည်း ကျောင်းမထားပေးနိုင်တော့ " ဆယ်တန်းကို နှစ်ခါ ကျတယ် " တတိယမြောက်မှာမှ " ညကျောင်း " ကနေ ဂုဏ်ထူး ၃ ဘာသာနဲ့ အောင်တယ် ဆေးတက္ကသိုလ်လည်း ဝင်ခွင့်ရခဲ့တယ် ဒါပေမယ့် ကျောင်းထားပေးမယ့်သူ မရှိဘူး " ဆရာဝန် " အရမ်းဖြစ်ချင်လို့ ပထမနှစ်မှာ " ကုန်စိမ်းရောင်းတယ် " ဒုတိယနှစ်မှာ " မြေပဲယို နဲ့ နှမ်းရောင်းတယ် " နောက်ဆုံးမှာမှ " အထူးကု ဆရာဝန် " ကြီးက ကျောင်းထားပေးလို့ " ဆရာဝန် " ဖြစ်တယ် အဲ့တာကြောင့် ဘဝနာတယ် အဲ့ဒါကြောင့် ငါ့လို မဖြစ်စေရဘူး ဆိုပြီးတော့ ကိုယ့်မှာ ရှိတဲ့ "တိုက် ၊ ကား ၊ခြံ " အဲ့တာတွေ အကုန်ရောင်းပြီး စေတနာ ညကျောင်း ၆ နှစ်ဖွင့်ခဲ့တယ် အဲ့ဒီကနေမှ မပြေလည်တဲ့ ကလေးတွေကို တာဝန် ယူရင်း ဆရာမကြီး က " အပျိုကြီးပေမယ့် " ကလေး ၇၆ ယောက် ရှိပါတယ်လို့ ပြောလာတဲ့ ကုန်စိမ်းရောင်းပြီး ဆရာဝန် ဖြစ်လာသူ " ဒေါက်တာကျော့သာစိန် "

⚠️ ၁ပတ်လျှင်၂ကြိမ် ဆားဖြင့်ရေချိုးခြင်း ခြေဖဝါး ဆားပွတ်ပြီးအပူထုတ်ခြင်းက ဘာတွေ ကောင်းလဲ⚠️ ⚠️♨️ နေ့စဥ် အကြောင်းအမျိုးမျို...
01/12/2025

⚠️ ၁ပတ်လျှင်၂ကြိမ် ဆားဖြင့်ရေချိုးခြင်း ခြေဖဝါး ဆားပွတ်ပြီးအပူထုတ်ခြင်းက ဘာတွေ ကောင်းလဲ⚠️ ⚠️

♨️ နေ့စဥ် အကြောင်းအမျိုးမျိုးကြောင့် လူတွေရဲ့ ခန္ဓာကိုယ်မှာ အပူတွေ စုအောင်းနေတတ်ပါတယ်

🥭 အပူကန်စေတဲ့ အစားအသောက်တွေရှိတယ်

🛀 အပူငုပ်စေတဲ့ ရေချိုးမှားခြင်းနဲ့ အထိုင်များ နေပူ မီးပူ စသဖြင့် အပူအမျိုးမျိုးရှိတတ်ပါတယ် 🔥🔥

✅ ဒီအပူတွေကို မှန်မှန်ထုတ်ပေးရင် မိတ်ဆွေက ပိုကျန်းမာနိုင်ပါတယ် ✅ ✅

📌 ဆားကို ရေနဲ့ဖျော်ချိုးရင် အပူစင်ပြီး သွေးလေလည်ပတ်မှုကောင်းစေသလို မကောင်းတဲ့ အဆိုးအညံ့တွေလည်း ပျောက်စေပါတယ်

🚩 ခြေဖဝါးကို ဆားပွတ်တဲ့အခါ အာရုံကြောတွေ ပွင့်စေပြီး အပူကိုတငွေ့ငွေ့ထုတ်ပေး ပါတယ်

🔹ခန္ဓာနှင့်စိတ်ကို လန်းဆန်းစေတယ်
🔹မျက်စိကြည်လင်စေတယ်
🔹ခန္ဓာကိုယ်ပေါ့ပါးစေတယ်
🔹ကိုက်ခဲညောင်းညာလေးလံတာတွေ ပြေလျော့စေတယ်
🔹ကောင်းမွန်နှစ်ခြိုက်စွာအိပ်စက် အနားရစေတယ်

🎯 ဒါကြောင့် ရွှေဆားနဲ့ သဘာဝ အတိုင်း အိမ်မှာပဲ ငွေကုန်သက်သာစွာ အပူအဆိပ်ထုတ်နိုင်ပါပြီ 🎯🎯

#ရွှေဆား
#အပူအဆိပ်ထုတ်ခြေရေစိမ်ဆား
#ပြည်တွင်းပြည်ပလက်လီလက္ကားပို့ဆောင်ပေးသည်
☎️09-786227881

ဒီဇင်ဘာရောက်လို့အအေးပိုပြီး ပိုအေးလာပြီနော် ရှေ့ရှောက်ပိုပြီးအေးဖို့ပဲရှိတယ်🔸ဒီရာသီမှာလေးဖက်နာတွေပိုနာလာမယ်🔸ဂေါက်ရောဂါရှ...
01/12/2025

ဒီဇင်ဘာရောက်လို့အအေးပိုပြီး ပိုအေးလာပြီနော် ရှေ့ရှောက်ပိုပြီးအေးဖို့ပဲရှိတယ်

🔸ဒီရာသီမှာလေးဖက်နာတွေပိုနာလာမယ်

🔸ဂေါက်ရောဂါရှိတဲ့သူတွေကပိုပြီးကိုက်ခဲလာမယ်

🔸သွေးတိုးသမားတွေလည်းဂရုစိုက်ပေးပါ သွေးပျစ်ပြီး လေဖြတ် လေဖြန်း ဖြစ်နိုင်ချေပိုများပါတယ်
ရေများများ(တစ်နေ့-၂ လီတာအထက်)သောက်ပေးပါ 🎯

⚠️သက်ကြီးပိုင်းတွေ လူမမာသည်တွေရှိတဲ့အိမ်တိုင်းနဲ့ လူတိုင်းရေချိုးဆင်ခြင်သင့်ပါတယ် ⚠️ ⚠️

❗‌ဆောင်းတွင်းမို့ အေးတယ်ဆိုပြီး ရေမချိုးလို့လည်းမရပြန်ပါဘူး ဆောင်းက အေးပေမယ့် အပူခဲတာ အပူငုတ်တာပိုဖြစ်တတ်ပါတယ် 🎯 🎯

🚩ဒါကြောင့်ဝေဒနာလက်ခံရှိသူတွေ သက်ကြီးပိုင်းတွေနဲ့ကိုယ်ခံအားနည်းသူတွေစတဲ့ရေချိုးဖို့သိပ်အဆင်မပြေသူတွေအတွက်
📌တစ်ဆောင်းတွင်းလုံး စိတ်ချလက်ချ အန္တရာယ် ကင်းကင်း ရေချိုးနိုင်ဖို့ ရွှေဆားကိုမရှိမဖြစ်ဆောင်ထားသင့်ပါတယ် ✅ ✅

⚠️သွေးတိုးသမားတွေ သွေးပျစ်ခြင်းမှကာကွယ်ဖို့ ရွှေဆားကိုရက်ခြား ရေနွေးနွေးနဲ့ ခြေရေစိမ်ပေးဖို့ အထူးလိုအပ်ပါတယ်နော် မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်တာအကောင်းဆုံးနည်းလမ်းပါပဲ🎯

❤️ဆောင်းတွင်းမှာ ပေါ့ပေါ့ ပါးပါးနဲ့ ကျန်းမာလန်းဆန်းလိုသူတိုင်း**ရွှေဆား**မဖြစ်မနေသုံးသင့်ပါတယ်နော်❤️

#ဘာပဲလိုလိုHelloလိုက်ပါ
☎️09-786227881
#ချစ်ခြင်းမေတ္တာစေတနာဖြင့်
#မကြီးစန်း
#ရွှေဆားဆေးတိုက်ထုတ်ကုန်များတိုက်ရိုက်ကိုယ်စားလှယ်
#ထလ၃၇၅၅

🌼ရွှေဆားဆေးတိုက်မှအသစ်ထပ်မံထုတ်လုပ်လိုက်တဲ့ ပစ္စည်းသစ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်ဒီပစ္စည်းလေးကမိန်းကလေးတိုင်းသာမက ခုခေ...
26/11/2025

🌼ရွှေဆားဆေးတိုက်မှအသစ်ထပ်မံထုတ်လုပ်လိုက်တဲ့ ပစ္စည်းသစ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်

ဒီပစ္စည်းလေးကမိန်းကလေးတိုင်းသာမက ခုခေတ် ယောင်္ကျားလေးများပါအသုံးများလာကြတဲ့ မျက်နှာပေါင်းတင်တဲ့ Mask လေးပါပဲ

Maskတွေက ပုံစံအမျိုးမျိုးနဲ့သုံးစွဲလာကြရာမှာ
တချို့က ကပ်ခွါပုံစံဖြစ်သလို တချို့ Mask တွေက မျက်နှာမှာလိမ်းပြီး ရေပြန်ဆေးချရတာမျိုးရှိပါတယ်

ခု ပြောမယ့်သနပ်ခါး Mask လေးကတော့မျက်နှာမှာလိမ်းထားပြီးပြန်ဆေးချရတဲ့ပုံစံပါ

ညအိပ်ယာမဝင်မှီသနပ်ခါးMaskလေးကိုရေနဲ့ပျစ်ပျစ်ဖျော်ပြီးလိမ်းပေးနိုင်သလို သနပ်ခါးသွေးပြီးဆေးမှုန့်နဲ့ရောကာခပ်ပျစ်ပျစ်လိမ်းထားပေးလို့ရပါတယ်

နာရီဝက်လောက်လိမ်းပြီးရေဆေးချလို့ရသလိုညအိပ်ပြီးမနက်ကျမှမျက်နှာသစ်လည်းရပါတယ်

သနပ်ခါးMaskလေးက ဘာကောင်းလည်းဆိုရင်မျက်နှာအလှကိုဖျက်ဆီးနေတဲ့ ဝက်ခြံ တင်းတိပ် မှဲ့ခြောက်
နေလောင်ကွက်နဲ့အမာရွတ်အပြင်ချွေးပေါက်ကျယ်ခြင်းနဲ့ဆားဝက်ခြံထွက်တာတွေကိုပျောက်ကင်းစေပြီးအသားရေကို စိုပြေဝင်းပ လာစေပါတယ်

ပါဝင်ပစ္စည်းတွေကတော့
🔸မြန်မာ့သနပ်ခါးမှုန့်
🔸 ထောပတ်စေ့မှုန့်
🔸ရှားစောင်း
🔸Teatree (လ္ဘက်စိမ်း)
🔸Rice powder ‌(ဆန်မှုန့်)
တို့ပါဝင်ပါတယ်

📌သဘာဝစစ်စစ် ပစ္စည်းများနဲ့ထုတ်လုပ်ထားတဲ့ မြန်မာ့ဆေးဖက်ဝင်သနပ်ခါး Mask လေးကို ယုံကြည်စိတ်ချစွာအသုံးပြုပြီးအလှတိုးကြပါစေ🤗🤗🥰

✅ သူများထက် စောစောလှချင်သူများ
Pre order ကြိုတင်ထားလို့ရပါပြီရှင် ✅ ✅ ✅

သနပ်ခါးMaskလေးနဲ့ပတ်သက်ပြီး သိချင်တာရှိရင် comment မှာမေးမြန်းနိုင်ပါတယ်ရှင် ❤️❤️❤️

#ချစ်ခြင်းမေတ္တာဖြင့်
#မကြီးစန်း
#ရွှေဆားဆေးတိုက်ထုတ်ကုန်များကိုယ်စားလှယ်
#ထလ၃၇၅၅

18/11/2025

🎯 မ-ညာ-နဲ့ 🌼

အသက် ၄၀ ကျော်လာပြီဆို ဒူးတွေ ခါးတွေက အရင်လို မသန်တော့ဘူး
ဟုတ်တယ်မလား?

နေပူထဲသွားလိုက် အလုပ် တွေ လုပ်လိုက်နဲ့ ကိုက်ခဲညောင်းညာပြီး အထိုင်အထတွေ ခက်ခဲနေပြီမို့လား?

အခုခေတ်က အလုပ်တွေကလည်း တစ်နေကုန် ထိုင်နေရတာဆိုတော့ ညောင်းညာကိုက်ခဲတာက ပိုဆိုး

အကြောတွေ တက်လိုက်ရင်လည်း ဘယ်လိုနေရမှန်းတောင် မသိတော့ဘူး

ဒါဆိုရင်တော့ ရွှေရောင် Herbal Salt လေးနဲ့ အဖြေရှာလိုက်တော့
5000ကျပ်တည်းနဲ့ အပူအဆိပ်တွေလည်း ထုတ်ပေးနိုင်သလို ရနံ့ကုထုံးနဲ့ပါ ကုသပေးနိုင်တဲ့အပြင်

✅ နေပူ မီးပူဒါဏ်ခံရသူများ
✅ အညောင်းမိသူများ
✅ အထိုင်များသူများ
✅ အကြောတက်သူများ
✅ ဒူးနာ ခါးနာသူများအတွက် အထူးသင့်လျော်ပါတယ်

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ရနံ့ကုထုံးပါဝင်တဲ့ ခြေရေစိမ်ဆားလေးမို့ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်

အသုံးပြုပုံကလည်း လွယ်ကူပါတယ်
ရေနွေးထဲမှာ ဆားလေးထည့်ပြီး ခြေထောက်ကို ၁၅-မိနစ် ခန့် စိမ်ပေးရုံပါပဲ
ညောင်းညာကိုက်ခဲတာတွေ သက်သာသွားပြီး သက်တောင့်သက်သာဖြစ်စေမှာပါ

ဒါဆိုရင်တော့ အခုပဲ ရွှေရောင် Herbal Salt လေးကို မှာယူလိုက်တော့နော်

ဆက်သွယ်ရန် -
☎️ 09786227881

120gmပါ(1)ထုပ် 5000ကျပ်
(10)ထုပ်40000ကျပ်

#အပူအဆိပ်ထုတ်ခြေရေစိမ်ဆား #ရနံ့ကုထုံး #ဒူးနာ #ခါးနာ #အညောင်းအကိုက် #အကြောတက် #သက်သာပျောက်ကင်း #ထလ၃၇၅၅

ရာသီဥတုအေးလာလို့အသက်ကြီးပိုင်းတွေ လူမမာသည်တွေနဲ့ရေချိုးဖို့ အခက် အခဲဖြစ်နေသူ အားလုံးအတွက် ဆောင်းတတွင်းလုံးစိတ်ချလက်ချ ရေ...
18/11/2025

ရာသီဥတုအေးလာလို့
အသက်ကြီးပိုင်းတွေ လူမမာသည်တွေနဲ့ရေချိုးဖို့ အခက် အခဲဖြစ်နေသူ အားလုံးအတွက် ဆောင်းတတွင်းလုံးစိတ်ချလက်ချ ရေချိုးလို့ရတဲ့

🌼ရွှေဆားလေးရှိတယ်နော်💛

120gmပါ(1)ထုပ် 5000ကျပ်
(10)ထုပ် 40000ကျပ်

#ချစ်ခြင်း‌မေတ္တာဖြင့်
#မကြီးစန်း

Address

No, (9). Pho May Mingalar Taung Nyunt
Yangon

Website

Alerts

Be the first to know and let us send you an email when ရွှေဆားHerbal Salt by Ma Gyi San posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category