11/04/2026
မြန်မာတို့ရဲ့ အတာသင်္ကြန်ပွဲတော်မှာ ပျော်ပျော်ပါးပါး ရေကစားကြရင်း သူငယ်ချင်းတွေနဲ့ ဆုံတွေ့ပြီး 𝐀𝐥𝐜𝐨𝐡𝐨𝐥 (အရက်/ဘီယာ) လေးနဲ့ အပန်းဖြေကြတာဟာ ထုံးစံတစ်ခုလို ဖြစ်နေပါပြီ။💦🍻
ဒါပေမဲ့ သင်္ကြန်တွင်း ပျော်ရွှင်မှုတွေအပြီးမှာ ခန္ဓာကိုယ်က ပုံမှန်ထက် ဘာကြောင့် ပိုပြီး နုံးချိပင်ပန်းနေရတာလဲ❓
ဒါဟာ သင့်ခန္ဓာကိုယ်ထဲက အရေးကြီးတဲ့ ဗီတာမင်ဓာတ်တွေ အလျင်အမြန် ဆုံးရှုံးသွားတာကြောင့် ဖြစ်ပါတယ်။ 📉
ဘယ်လိုအကြောင်းရင်းတွေကြောင့် ဆုံးရှုံးရတာလဲဆိုတာကို လေ့လာကြည့်ရအောင်ပါ…👇
👉သင်္ကြန်တွင်း ခန္ဓာကိုယ်မှ ဗီတာမင်ဓာတ်ဆုံးရှုံးရခြင်းအကြောင်းရင်း (၃) ချက် 💦⚠️
၁။ 𝐀𝐥𝐜𝐨𝐡𝐨𝐥 ကြောင့် ဗီတာမင်ဓာတ်များ စုပ်ယူမှုအားနည်းခြင်းနှင့် စွန့်ထုတ်မှုမြန်ခြင်း 🍻🚫
𝐀𝐥𝐜𝐨𝐡𝐨𝐥 ဟာ ခန္ဓာကိုယ်ထဲကို ရောက်သွားတဲ့အခါ အစာခြေစနစ်ကနေ 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐁𝟏 (𝐓𝐡𝐢𝐚𝐦𝐢𝐧𝐞), 𝐁𝟔 နဲ့ 𝐁𝟏𝟐 တို့ကို စုပ်ယူမှုကို အဓိကနှောင့်ယှက်ပါတယ်။
ဒါ့အပြင် 𝐀𝐥𝐜𝐨𝐡𝐨𝐥 ရဲ့ သဘောသဘာဝအရ ဆီးခဏခဏသွားစေတာကြောင့် ခန္ဓာကိုယ်ထဲမှာ ရှိပြီးသား ရေတွင်ပျော်ဝင်လွယ်တဲ့ ဗီတာမင်ဓာတ်တွေကိုပါ ခန္ဓာကိုယ်ပြင်ပကို အတင်းအဓမ္မ မောင်းထုတ်ပစ်သလို ဖြစ်စေပါတယ်။
ဒါကြောင့်ပဲ သောက်ပွဲပြီးတဲ့နောက်မှာ ဗီတာမင်ဓာတ် ချို့တဲ့မှုချက်ချင်းဖြစ်ပေါပြီး မနက်ခင်းမှာ ခေါင်းမကြည်တာ၊ အားမရှိသလို ခံစားရတာတွေ ဖြစ်လာရတာပါ။
၂။ ပြင်းထန်သော နေပူရှိန်နှင့် ချွေးထွက်လွန်ကဲခြင်း ☀️🥵
ဧပြီလရဲ့ အပူဆုံးအချိန်မှာ ရေကစားတဲ့အခါ နေပူဒဏ်ကြောင့် ခန္ဓာကိုယ်က အပူချိန်ကို ထိန်းညှိဖို့အတွက် ချွေးတွေအများကြီး ထွက်ရပါတယ်။
အဲ့ဒီအခါမှာ ရေဓာတ်တင်မကဘဲ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တွေနဲ့ 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐁 𝐂𝐨𝐦𝐩𝐥𝐞𝐱 တို့ဟာ ချွေးနဲ့အတူ ပါသွားတတ်ပါတယ်။
ဒီလို ဗီတာမင်ဓာတ်တွေ ဆုံးရှုံးသွားတဲ့အခါ ခန္ဓာကိုယ်က စွမ်းအင် (𝐄𝐧𝐞𝐫𝐠𝐲) ထုတ်လုပ်မှု အားနည်းသွားပြီး သင်္ကြန်လည်နေရင်းနဲ့တင် လျှင်မြန်စွာ ပင်ပန်းနွမ်းနယ်မှုကို ခံစားရစေတာဖြစ်ပါတယ်။
၃။ အသည်းမှ 𝐀𝐥𝐜𝐨𝐡𝐨𝐥 ကို ချေဖျက်ရန် ဗီတာမင်များကို လောင်စာအဖြစ် အသုံးပြုရခြင်း 🧪🔬
ကျွန်တော်တို့ 𝐀𝐥𝐜𝐨𝐡𝐨𝐥 သောက်လိုက်တဲ့အခါ အသည်းက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့အတွက် ပုံမှန်ထက် အလုပ်ပိုလုပ်ရပါတယ်။
အဲ့ဒီလို 𝐀𝐥𝐜𝐨𝐡𝐨𝐥 𝐌𝐞𝐭𝐚𝐛𝐨𝐥𝐢𝐬𝐦 လုပ်ငန်းစဉ်မှာ 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐁 𝐂𝐨𝐦𝐩𝐥𝐞𝐱 ဟာ အဓိက "လောင်စာ" အဖြစ် ပါဝင်အသုံးပြုရပါတယ်။
ဆိုလိုတာက သင် 𝐀𝐥𝐜𝐨𝐡𝐨𝐥 ပိုသောက်လေလေ၊ သင့်အသည်းက 𝐀𝐥𝐜𝐨𝐡𝐨𝐥 ကို ချေဖျက်ဖို့အတွက် ခန္ဓာကိုယ်ထဲက ဗီတာမင်တွေကို ပိုပြီး အသုံးချပစ်လေလေပါပဲ။
ဗီတာမင်ဓာတ်တွေ ကုန်ခမ်းသွားတဲ့အခါ အသည်းက အဆိပ်အတောက်တွေကို အပြည့်အဝ မချေဖျက်နိုင်တော့ဘဲ ပြင်းထန်တဲ့ 𝐇𝐚𝐧𝐠𝐨𝐯𝐞𝐫 ဝေဒနာကို ကြာရှည်ခံစားရစေပါတယ်။
👉ဆုံးရှုံးသွားတဲ့ ဗီတာမင်ဓာတ်တွေကို ဘယ်လိုပြန်ဖြည့်မလဲ❓💊
ဒီလို ဗီတာမင်ဓာတ် ဆုံးရှုံးမှုတွေကြောင့် လူက နုံးချိမသွားစေဖို့အတွက် 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐁 𝐂𝐨𝐦𝐩𝐥𝐞𝐱 နဲ့ 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐂 𝟓𝟎𝟎𝐦𝐠 တို့ ပေါင်းစပ်ပါဝင်တဲ့ 𝐘-𝐒𝐢 𝐁𝐍𝐂 က သင့်ကို အကောင်းဆုံး ကူညီပေးနိုင်ပါတယ်။
ဆေးတစ်လုံးမှာ ပါဝင်တဲ့ 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐁 𝐂𝐨𝐦𝐩𝐥𝐞𝐱 ဟာ ခန္ဓာကိုယ်ထဲမှာ ဆုံးရှုံးသွားတဲ့ ဗီတာမင်ဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးရုံတင်မကဘဲ သင်စားလိုက်တဲ့ အစားအစာတွေကရတဲ့ အာဟာရတွေကို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင် (𝐄𝐧𝐞𝐫𝐠𝐲) အဖြစ် အလျင်အမြန် ပြောင်းလဲပေးတာကြောင့် တစ်နေကုန် တက်ကြွလန်းဆန်းနေစေမှာပါ။⚡️💪
ဒါ့အပြင် 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐂 𝟓𝟎𝟎𝐦𝐠 အချိုးအစားအတိအကျ ပါဝင်တာကြောင့် ပြင်းထန်တဲ့ နေပူရှိန်နဲ့ တစ်နေကုန် ရေစိုဒဏ်ကြောင့် ကိုယ်ခံအားကျပြီး ဖျားနာတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။✅
သင်္ကြန်တွင်း ပျော်သလောက်၊ နောက်တစ်နေ့မှာ မနွမ်းလျစေဖို့ မနေ့ညက ဘယ်လောက်ပဲ သောက်ပွဲနွှဲထားပါစေ ဒီနေ့မနက်မှာ အားအင်အပြည့်နဲ့ ပြန်လည်နိုးထနိုင်ဖို့ 𝐘-𝐒𝐢 𝐁𝐍𝐂 နဲ့ အားဖြည့်လိုက်ပါ။☀️✨
#ဘီအန်စီ #အားဆေး #ခွန်အားပြည့်ဝ #ကိုယ်ခံအားကောင်း #လန်းဆန်းတက်ကြွ #စိတ်ဖိစီးမှုကင်းဝေး