Floca's Quest Log

Floca's Quest Log Husband, Father, Doctor, Gamer

Persona 5 Royal (Personal Review)Personal 5 Royal ကို Rating တွေ အရမ်းကောင်းလို့ဆိုပြီး ကြားဖူးခဲ့တာ တော်‌တော်ကြာပါပြီ။ ...
06/04/2026

Persona 5 Royal
(Personal Review)

Personal 5 Royal ကို Rating တွေ အရမ်းကောင်းလို့ဆိုပြီး ကြားဖူးခဲ့တာ တော်‌တော်ကြာပါပြီ။ ပထမဆုံး စဆော့ဖို့ ကြိုးစားခဲ့တာ လွန်ခဲ့တဲ့ ၂ နှစ်‌လောက်ကထင်တယ်။ အဲဒီ့တုန်းက Nintendo Switch ပေါ်မှာပေ့ါလေ။ ၆ နာရီလောက်ပဲ ဆော့ဖြစ်ပြီး Intro တောင် သေချာမပြီးလောက်ပါဘူး။ တွေးတောင်တွေးမိလိုက်သေးတယ်။ ဘာတွေများနာမည်ကြီးနေတာလဲ ဆိုပြီး။ ခု ၂၀၂၆ ခုနှစ်ထဲရောက်မှပဲ သေချာဆော့ဖြစ်တော့တယ်။ ဒါတောင် Steam ပေါ်မှာ သွားကြည့်တော့ Over 95% good review ရထားလို့ အချဥ်တော့ မဟုတ်‌လောက်ဘူး။ သေချာဆော့ကြည့်ဦးမှပဲ ဆိုပြီး အာရုံစိုက်ဆော့ဖြစ်သွားတာ။ Tutorial ပထမ ၁၀ နာရီလောက်ပြီးတာနဲ့ ကောင်းလိုက်တဲ့ Story ဆိုတာ။ ရပ်တောင် မရပ်ချင်တော့အောင် ဆွဲခေါ်သွားပြီး နောက်ဆုံး New Game Plus မှာ 100% ရဖို့ ကြိုးစားမိတဲ့ အထိ နာရီ ၃၀၀ ကျော်သွားတယ်။ ‌‌နောက်ဆုံး Ending အပြီးမှာ ရတဲ့ ခံစားချက်က တော်တော်ကို မိုက်တာ။

ပထမဆုံး ဝန်ခံရမှာကတော့ ဒါက ကျွန်တော့်အတွက် ပထမဆုံး ဆော့ဖူးတဲ့ Persona, Shin Megami Tensei Entry ပါပဲ။ လုံးဝ ဘာမှ မသိပဲ စဆော့ဖြစ်တာပါ။ စဆော့တဲ့ အချိန်မှာ အခက်အခဲ ၂ ခုကို အရင်ကျော်ဖြတ်နိုင်အောင် ကြိုးစားရတယ်။ ပထမကတော့ တော်တော်ကို ရှည်တဲ့ Tutorial ပါပဲ။ ဒုတိယကတော့ ကျွန်တော့် စိတ်အခံကြောင့် ဖြစ်တဲ့ FOMO (Fear of Missing Out) ပါ။ ဂိမ်းက Time Management ပါတာကြောင့် တချို့ Event တွေကို အချိန်မှီ မလုပ်မိရင် လွတ်သွားမှာ စိုးလို့ Walkthrough တစ်ခုသုံးပြီး ဆော့မလား တွေးမိပါသေးတယ်။ ဒါပေမယ့် Reddit ပေါ်က သူတော်ကောင်း အပေါင်းတို့တဲ့ Review တွေကြောင့် အမြင်မှန်ရပြီး Blind playthrough ပဲ ဆော့ဖြစ်သွားပါတယ်။ တန်ပါတယ်။ Plot Twist တွေမှာ ဟင်ကနဲ ဟာကနဲပဲ။ 2nd playthrough ကျမှပဲ ကောက်သင်းလိုက်ကောက်လိုက်တော့တယ်။ ခုမှစဆော့ဖို့ စဥ်းစားတဲ့သူတွေ အတွက်ရေးတာ။ Story Discussion ကို Spoiler Warning ပေးရလွယ်အောင် အောက်ဆုံးမှာပဲ ရေးတော့မယ်။

အရင်ဆုံးပြောချင်တာက Game ရဲ့ Theme ပါပဲ။ JRPG တို့ရဲ့ ထုံးစံအတိုင်း Bully အလုပ်ခံရတဲ့ ကောင်လေးနေရာကနေ ဆော့ရင်းနဲ့ နောက်ဆုံးမှာ ကမ္ဘာကို ကယ်တင်တဲ့ အထာမျိုးတွေပဲပေါ့လေ။ ဒါပေမယ့် အရမ်းမိုက်တာက ဒီ Game မှာ ကိုယ်က အထက်တန်း ကျောင်းသားတစ်ယောက်နေရာကဆော့ရတာ။ (ကိုယ့်နိုင်ငံ အနေနဲ့ကျ သူပြထားတဲ့ Presentation ကို အထက်တန်းကျောင်းထက် တက္ကသိုလ်မှာ ရတဲ့ ခံစားချက်မျိုးနဲ့ တော်တော်တူတယ်။) မနက်ပိုင်း ကျောင်းတက်၊ နေ့လည် သူငယ်ချင်းတွေနဲ့ လျှောက်သွား၊ ညနေ တစ်ခုခုသွားတာစားဖြစ်ဖြစ်၊ တစ်နေရာရာ သွားလည်တာဖြစ်ဖြစ် လုပ်ရတဲ့ Feeling မျိုး။ အဲလိုမျိုး ကျောင်းတက်နေရင်း ပထမတော့ ကျောင်းသားတွေကို အနိုင်ကျင့်တတ်တဲ့ ကျောင်းဆရာတစ်ယောက်ကို သူငယ်ချင်း တစ်အုပ်စု ပေါင်းပြီး ပညာပေးရာကနေ တဖြည်းဖြည်း လက်လွန်ကြက်သွန်တွေ ဖြစ်လာပြီး နောက်ဆုံး Goverment နဲ့ ပါ ထိပ်တိုက်တွေ့ရတာမျိုး။

Game Play ကဝောာ့ Turn Based RPG ပဲဆိုပေမယ့် Combat System က တော်တော် ကောင်းတယ်လို့ ခံစားရတယ်။ အရမ်းကြီး မရှုပ်ထွေးသလို အရမ်းကြီးလည်း ရိုးရှင်းမနေဘူး။ Enemy ရဲ့ Weakness ကို ရှာတွေ့ရင် မပြီးနိုင် မစီးနိုင် တစ်ယောက် တစ်ချက် ရိုက်ရတဲ့ Baton Pass ကို သဘောအကျဆုံးပဲ။

အဲဒီ့ထဲမှာ Game ရဲ့ Tempo ကို တဖြည်းဖြည်းချင်း မြှင့်သွားတာက တော်တော်မိုက်တယ်။ ပထမ အပျော်သဘော လုပ်မိတဲ့ ကိစ္စလေးတွေကနေ တဖြည်းဖြည်း ကြီးသွားပြီး တစ်ကမ္ဘာလုံးကို Effect ဖြစ်နိုင်တဲ့ ကိစ္စကြီးတွေပါဖြစ်ကုန်တာ။ သူ့ရဲ့ Main Story က အချိန်အများကြီးယူထားတော့ World Setting ကို အေးဆေး တစ်ခုချင်းစီ ချပြသွားတာ။ နောက်တစ်ခု အရမ်းမိုက်တာက Side Character တွေ။ အယောက် ၂၀ လောက်ရှိမယ်ထင်တယ်။ ကိုယ်အားတဲ့ အချိန်မှာ သူတို့တွေနဲ့ စကားသွားပြော၊ အတူလျှောက်စား၊ လျှောက်သွား၊ ဖွန်ကြောင် အကုန်လုပ်လို့ရတယ်။ တစ်ယောက်ချင်းစီရဲ့ Character ကို ဖြည်းဖြည်းချင်း Build Up လုပ်သွားတာကတွေက တော်တော်ကို ကောင်းတာ။

နောက်ထပ်ပြောချင်တာတစ်ခုက Music။ စစချင်းတော့ သိပ်မသိသာပေမယ့် နာရီရာကျော်ဆော့ပြီး သွားတဲ့ အချိန်မှာ တချို့ Music တွေက နားထဲစွဲကျန်ခဲ့တာ။ ခုတောင် ရေးရင်း နားထဲကြားနေတုန်း။ Combat Music နဲ့ ယှဥ်ရင် မြို့ထဲမှာ လျှောက်သွားရင်း ကြားနေရတဲ့ Music တွေကို‌တော့ ပိုသဘောကျတယ်။

Okay. ဆိုတော့ ပြောချင်တာလေးတွေ အကြမ်းဖျင်းပြီးသွားပြီဆိုတော့ Ending နဲ့ ပတ်သက်တာလေးပြောချင်တယ်။ အောက်က ပုံလေးတွေကတော့ Romance နဲ့ ပတ်သက်တာလေးတွေတော့ပါတယ်။ အရမ်းကြီး Major Spoiler တော့မပါ။

____________
Spoiler Warning
____________

ဒီအပိုင်းက ‌ဆော့ပြီးတဲ့ သူတွေအတွက်။ တခြားသူတွေတော့ မသိ။ ကျွန်တော်တော့ ပြီးခါနီး Confidant တွေကို လိုက်နှုတ်ဆက်ရတဲ့ အချိန်ကတည်းက ဘာကို လွမ်းလို့ လွမ်းမှန်းမသိ လွမ်းနေပြီ။ Game ပြီးသွားတော့ အရမ်းသတိရမိတာ ကိုယ် Uni တက်ခဲ့တဲ့ အချိန်က Game အတူဆော့ခဲ့တဲ့ ဘော်ဒါတွေကို တော်တော်လွမ်းသွားတယ်။ ဆော့ပြီး တစ်နာရီလောက်ကို တစ်ငြိမ့်ငြိမ့်နဲ့ လွမ်းရတာ တော်တော် အရသာရှိတာ။ ငယ်ငယ်က အကြောင်းတွေတောင် တော်တော် သတိရသွားတယ်။

ကြားထဲက Story နဲ့ ပတ်သက်ရင် အရမ်းကြိုက်တဲ့ နေရာတွေထဲမှာ စစချင်း Komoshida Arc ပါတယ်။ Tutorial ပြီးတာနဲ့ လက်က မချချင်အောင် တောက်လျှောက်ကောင်းတာ။ နောက်တစ်ခုက Shido ရဲ့ Palace ကို Infiltrate လုပ်အပြီးမှာ Story ကို ပြီးပြီ ထင်တာ God of Control တွေ ဘာတွေပါပါလာတာက လုံးဝ Surprise ပဲ။ အဲလောက် Supernatural တွေသွားမယ် မထင်မိဘူး။ အရင် Persona တွေ မဆော့ဖူးလို့လားတော့ မသိ။ နောက်ဆုံးကတော့ Royal Edition ရဲ့ Plot Twist ၂ ခု။ Sumire ရဲ့ Identity Crisis ရယ်၊ Joker ရဲ့ Wish ရယ်။ ဘယ်လိုမှ မထင်ထားမိတာတွေ။ တော်တော်ကို ဆော့ရတာ အရသာတွေ့မိတဲ့ Game တစ်ခုပါပဲ။ ဒီ Character တွေကို ထပ်တွေ့ချင်လို့ Persona 5 Striker လည်း ဝယ်ထားပြီးပြီ။ အဲဒါလည်း ဆက်ဆော့လိုက်ဦးမယ်။

Persona 5 နဲ့ ပတ်သက်တာ ပြောချင်တာလေးတွေရှိရင်လည်း ပြောခဲ့ကြပါဦး။

ဒီရက်ပိုင်း Persona 5 Royal ဆော့နေတာနဲ့ ကျန်တာ ဘာမှ မလုပ်ဖြစ်ဘူးဖြစ်နေတယ်။  Total Playtime က Main Story တင် နာရီ ၁၀၀ ကျေ...
20/03/2026

ဒီရက်ပိုင်း Persona 5 Royal ဆော့နေတာနဲ့ ကျန်တာ ဘာမှ မလုပ်ဖြစ်ဘူးဖြစ်နေတယ်။ Total Playtime က Main Story တင် နာရီ ၁၀၀ ကျော်မယ်ဆိုတော့။ ထားပါတော့ အခုပြောချင်တာ Game နဲ့တော့ မဆိုင်ဘူး။

ကျွန်တော်က လူနာကြည့်ရင် များသောအားဖြင့် ရှေ့မှာ Laptop ဒါမှ မဟုတ် Handheld PC တစ်လုံးထားပြီး ကြည့်တာများတယ်။ အဓိကကတော့ လူနာမှတ်တမ်းကို Google Sheet နဲ့ သိမ်းတာကြောင့်။ ဖုန်းတွေ Tablet တွေကျတော့ Window လောက် ကိုင်ရတာ အဆင်မပြေဘူးခံစားရလို့ ပုံမှန်တော့ Window သုံးတဲ့ Device တစ်ခုခုနဲ့ပဲ လုပ်ဖြစ်တာများတယ်။ လူနာမှတ်တမ်းပြီးရင် နောက်တစ်ခုကတော့ ကျွန်တော်က သူများတွေလောက် မမှတ်နိုင်ဘူးလို့ ကိုယ့်ဘာသာကို ယူဆတယ်။ သာမန်လူနာတွေမှာ သိပ်ပြဿနာမရှိဘူး။ ဒါပေမယ့် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နဲ့ ကလေးတွေကို ဆေးပေးရင်တော့ များသောအားဖြင့် Google မှာ တစ်ချက်တော့ Category ပြန်ကြည့်ဖြစ်တာများတယ်။ မှားမှာစိုးလို့။ သုံးနေကျဆေးတွေကို မှတ်မိပေမယ့် တစ်ခါတစ်လေ စိတ်ထဲ ဒွိဟဖြစ်ရင် တစ်ခါတည်း ကြည့်လိုက်တာက ပိုအဆင်ပြေတယ်လို့ ခံစားရတယ်။ အဲလိုပဲ တစ်ခါတစ်လေ တချို့လူနာတွေမှာ သူတို့ ပုံမှန်သောက်နေတဲ့ ဆေးတွေထဲမှာ ကိုယ်မရင်းနှီးတဲ့ ဆေးတစ်ခုတစ်လေ ပါလာရင် တစ်ခါတည်း ရှာကြည့်လိုက်တယ်။

ဆိုတော့ မေးချင်တာက လူနာတစ်ယောက်အနေနဲ့ ကိုယ့်ရှေ့မှာ ဆရာဝန်က အဲလို ကွန်ပြူတာ တစ်လုံးနဲ့ ဟိုရိုက်ဒီရိုက်လုပ်နေတာက အနှောင့်အယှက် ဖြစ်လား။ တခြားဆရာဝန်တွေရော ဘယ်လို ဖြေရှင်းကြလဲပေ့ါနော်။ ရှိသမျှ အရာရာကိုတော့ မမှတ်မိနိုင်လောက်ဘူးလို့ ထင်လို့။ (မှတ်မိတဲ့ သူလဲ ရှိနိုင်တာပေ့ါလေ။)

Steam ကနေ Game တွေ ဘယ်လို Free ဆော့မလဲ(Steamtools Guide)ဘာမှ မပြောခင် ပထမဆုံးပြောချင်တာက Steamtools သည် 100% စိတ်ချလုံခြ...
14/03/2026

Steam ကနေ Game တွေ ဘယ်လို Free ဆော့မလဲ
(Steamtools Guide)

ဘာမှ မပြောခင် ပထမဆုံးပြောချင်တာက Steamtools သည် 100% စိတ်ချလုံခြုံသော အရာ မဟုတ်ဘူးဆိုတာ သိထားရပါမယ်။ Intellectual Properties တွေကို အလကားရအောင် သုံးလို့ရအောင် လုပ်ထားတဲ့ နည်းတွေ အားလုံးမှာ အန္တရာယ်ကတော့ အနည်းနဲ့ အများရှိနေမှာပါပဲ။ ဆိုတော့ Know your own risk ပါ။

Steamtools ဆိုတာဘာလဲ။

Steamtools ဆိုတာ လွန်ခဲ့သော ၂ နှစ်ကျော်လောက်က စပေါ်ခဲ့တဲ့ Steam က ဂိမ်းတွေကို ကျော်ခွပြီး Steam Client မှာပဲ Download ဆွဲပြီး ဆော့လို့ရအောင် လုပ်ထားတဲ့ Software တစ်ခုပါပဲ။ Open Source မဟုတ်တဲ့ အတွက် ဘယ်လောက်အထိ စိတ်ချရလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ Reddit ပေါ်က Discussion တွေ အရဆိုရင် Steamtools ကို Run လိုက်တဲ့ အခါ China က Server ၅ ခုလောက်နဲ့ သွားချိတ်ပြီး ကိုယ့် Computer ကို Access ယူသွားတယ်လို့ ပြောထားတာတွေတော့ ရှိပါတယ်။ ဒါပေမယ့် Account Ban ခံရတာတို့၊ Data တွေ ပျက်တာတို့၊ Bitcoin Mine တာတို့တော့ ခုထိ တွေ့မိတာ မရှိသေးပါဘူးလို့ ဆိုပါတယ်။ တချို့ဆို ၁ နှစ်ကျော်လောက်သုံးပြီးတဲ့ အထိ ဘာပြဿနာမှ မရှိဘူးလို့ ပြောထားကြတာတွေလည်း ရှိပါတယ်။ (လောလောဆယ် ဒီဖက်မှာ အသုံးများနေတဲ့ Access Key တွေလဲ ဒီ Pathway အတိုင်း လုပ်တာမျိုး ဖြစ်နိုင်ပါတယ်။ သေချာတော့ မသိပါ။ Access Key ရောင်းတဲ့ Bro တစ်ယောက်က သူ့ Post မှာ ရှင်းပြထားလို့ ဖတ်ရင်းနဲ့ Steamtools ကို စသတိထားမိတာပါ။ ဆိုတော့ ဒီနည်းကို Access Key ဝယ်ပြီးဆော့တဲ့သူတွေ သုံးလို့ မရလောက်ဘူးထင်တယ်။ သေချာချင်ရင် ပြန်မေးကြပါနော်။)

ဘယ်လို အလုပ်လုပ်လဲ။

ကျွန်တော် နားလည်သလောက်တော့ Steam က ပုံမှန်ဆို ဘယ်ဂိမ်းတွေကို Client က ဆော့ခွင့် ရှိတယ်ဆိုတာကို Steam က လှမ်းချက်တဲ့ File တွေကို သူက Local မှာ ပြင်လိုက်တာပါ။ ပုံမှန်ဆို Game ကို ဝယ်ပြီးမှရတဲ့ Lua ဆိုတဲ့ File တစ်ခုကိုလိုတာပါ။ သူတို့အဆိုအရ Local မှာပဲ ပြင်တဲ့ အတွက် Steam ဖက်က မသိဘူးလို့ပြောပါတယ်။ ခုထိလည်း Steam က ဒီကိစ္စကို ဘာမှ ထိထိရောက်ရောက် Action ယူတာမျိုး မရှိသေးပါဘူး။ နောက်တော့ မသိဘူးပေါ့လေ။ စိတ်ချရအောင်တော့ ကိုယ့်ရဲ့ Main Account ကိုတော့ မသုံးဖို့ အကြံပေးပါတယ်။ ပိုပြီး ဖြစ်နိုင်ရင် ကိုယ့်ရဲ့ အရေးကြီးတဲ့ Data တွေမပါတဲ့ Device ဆို ပိုစိတ်ချရပါတယ်။ ဥပမာ ဂိမ်းဆော့ဖို့ပဲ သီးသန့်သုံးတဲ့ Handheld လိုမျိုးပေါ့။

ဘယ်လို သုံးရမလဲ။

အရင်ဆုံး Steamtools ဆိုတဲ့ Software ကို Install လုပ်ရပါမယ်။ Steamtools လို့ Google လိုက်ရင် ထိပ်ဆုံးမှာပေါ်လာတဲ့ ဟာပါပဲ။ Window powershell ဖွင့်ပြီး “irm steam.run | iex” လို့ ရိုက်လိုက်ရင်လည်း တစ်ခါတည်း Install ပြီးသားဖြစ်ပါတယ်။ Steamtools ကို install လုပ်ပြီး run လိုက်ရင် Desktop ပေါ်မှာ Steam ပုံလေးနဲ့ Widget တစ်ခုပေါ်လာလိမ့်မယ်။ အဲဒီ့ Widget လေးကို Right click နှိပ်ပြီး Steam ကို Restart လုပ်လို့ရတယ်။ (Power Shell ကနေ Run ရင် Error ပိုနည်းတယ် ပြောကြတယ်။ ဒါပေမယ့် PowerShell ဖြစ်တဲ့ အတွက် တစ်ခုခုဆို Risk လည်း ပိုများပါတယ်)

နောက်တစ်ဆင့်ကတော့ ဆော့ချင်တဲ့ Game ရဲ့ Lua file ကို ရှာဖို့ပါပဲ။ ဘယ်လိုရှာရမလဲဆိုတော့ အရင်ဆုံး Steam မှာ ကိုယ်လိုချင်တဲ့ Game ကို အရင်ရှာပြီး သူ့ရဲ့ ID ကို အရင် ရှာရပါတယ်။ ပုံမှာ ပြထားသလိုပါပဲ။ ပြီးရင် သူ့ရဲ့ ID ကို ကြည့်ပြီး Lua File ထုတ်ပေးတဲ့ Website တွေ Discord Group တွေ အများကြီးရှိပါတယ်။ YouTube ကနေသွားရှာလို့ရတယ်။ ပြီးရင် သူတို့ပေးတဲ့ File ကို Download လုပ်လိုက်ရင် Zip File တစ်ခုရပါမယ်။ အဲ့ Zip file ကို decompress လုပ်ပါ။ ပြီးရင် ထွက်လာတဲ့ Lua file ကို Drag လုပ်ပြီး Steamtools ရဲ့ Floating widget ပေါ်ကို ဆွဲတင်လိုက်ပါ။ Compiled 1 lua script ဆိုပြီး စာပေါ်လာပါလိမ့်မယ်။ ပြီးရင် Steam ကို Restart လုပ်ပါ။ Restart လုပ်ပြီး Library ထဲ ဝင်ကြည့်လိုက်တာနဲ့ ကိုယ်လိုချင်တဲ့ Game က ပေါ်နေလိမ့်မယ်။ (တကယ်လို့ မပေါ်ခဲ့ရင် Setting > Download ကနေ Clear Cache လေးလုပ်လိုက်ပြီး ပြန် Log in လိုက်ပါ။ ပေါ်လာပါလိမ့်မယ်။ ဒီရက်ပိုင်း Steam က Update ထွက်ထားလို့ အဲလိုလုပ်မှ ပေါ်တယ်ဖြစ်နေတယ်။) အဲ့မှာ ပုံမှန်အတိုင်း Download ပြီး ဆော့ရုံပါပဲ။ Denovo ပါတဲ့ ဟာတွေတော့ အဲလို တန်းဆော့လို့ မရပါဘူး။ Denuvo အရင် Activate လုပ်ရပါတယ်။ အဲဒါကိုတော့ ဆိုင်ရာ ဆိုင်ရာ Discord Group တွေကနေ လုပ်ပေးကြပါတယ်။ (Denuvo ခံထားတာ free ဆော့ချင်ရင် Steam Tools မသုံးပဲ Anti-Denuvo Sanctuary ကသာ တန်းပြီး သွားဆော့တာ ပိုအဆင်ပြေပါတယ်။ ပို Trusted ဖြစ်တယ်လို့ ခံစားရလို့ပါ။ ထုံးစံအတိုင်း အရာအားလုံးကတော့ Grey Zone ပေါ့ဗျာ။ Denuvo အတွက် Safe အဖြစ်ဆုံးကတော့ Steam Offline ပဲ ဖြစ်မယ် ထင်ပါတယ်။ )

အောက်မှာလည်း ပုံလေးတွေ နမူနာ ပြပေးထားတယ်။ Lua file တွေ ပေးတဲ့ Discord Invitation တစ်ခုလည်း Comment မှာ နမူနာ ပြပေးထားမယ်။ နောက် ပေးထားတဲ့ Telegram Channel မှာ Dredge နဲ့ The Last of Us Part 1 အတွက် နမူနာ Lua file ၂ ခု Download ဆွဲလို့ရအောင် ထည့်ထားပေးမယ်။

ကဲ ကလိကြည့်လိုက်ကြပါဉီး။

မြန်မာနိုင်ငံမှာပဲနေတဲ့ Gamer တစ်ယောက်အနေနဲ့ Crack Games တွေဆိုတာ ရင်းနှီးနေပြီးသားဖြစ်မယ်လို့ပဲ ထင်ပါတယ်။ ငယ်ငယ်တုန်းကဆ...
10/03/2026

မြန်မာနိုင်ငံမှာပဲနေတဲ့ Gamer တစ်ယောက်အနေနဲ့ Crack Games တွေဆိုတာ ရင်းနှီးနေပြီးသားဖြစ်မယ်လို့ပဲ ထင်ပါတယ်။ ငယ်ငယ်တုန်းကဆို Game ဆိုတာ Official ဝယ်ဆော့ရကောင်းမှန်းတောင် သိခဲ့တာ မဟုတ်ဘူး။ အသက် ၃၀ နားရောက်တော့မှ ညီဝမ်းကွဲ တစ်ယောက်က သူ့ရဲ့ Xbox One ကို ပေးဆော့တာကနေ စပြီး Official ကို သေချာဆော့ဖူးတာ။ အဲဒီ့နောက်တော့ Nintendo Switch, ခုနောက်ဆုံး Steam ပေါ့လေ။ Achievement ပွင့်တဲ့ Feature မှာတော့ Xbox က Sound Effect နဲ့ Reward တွေက အမိုက်ဆုံးပဲ။ တော်တော်ကို မိုက်တာ။ Crack တွေဆိုတာ မဆော့ဖူးတော့တာ တော်တော်ကြာခဲ့ပါပြီ။ အဲလိုပြောလို့ Crack ဆော့တဲ့သူတွေကို ပြသနာရှာမလို့ မဟုတ်ဘူး။ ကိုယ်တိုင်လည်း ရာနဲ့ချီပြီး ဆော့ခဲ့တာပဲ။ ဒီရက်ပိုင်းတောင် Steamtools ဘာညာ ကလိကြည့်နေသေးတယ်။ စိတ်ဝင်စားလို့ဆိုပြီး။ ဒါပေမယ့် ဘာကွာလဲဆိုတော့ Crack ဆော့ပြီးသွားရင် ကိုယ့်လက်ထဲ ဘာမှ မကျန်ခဲ့သလို ခံစားရတယ်။ ငယ်ငယ်တုန်းက အချိန်တွေပဲ အားနေလို့လား မသိ။ ဆော့ရရင် ပြီးရော။ ခုနောက်ပိုင်း အသက်ရလာ၊ တာဝန်တွေက များလာတော့ အရင်လို Game ကို ထပ်ခါထပ်ခါတွေ မဆော့နိုင်တော့ဘူး။ တော်တော်ကြိုက်မှပဲ ဆော့ဖြစ်တော့တာ။ အထူးသဖြင့်အချိန် အရမ်းပေးရတဲ့ Open World တွေ RPG တွေဆို တစ်ခါပြီးရင် ထပ်မဆော့နိုင်တော့ဘူး။ အဒတော့ ဘာဖြစ်လာလဲဆိုတော့ ကိုယ်ဆော့ထားတာလေးကို မှတ်တမ်းလေ ကျန်စေချင်လာတယ်။ အဲ့မှာ Steam က ရတဲ့ Yearly report တွေ၊ Achievement တွေ၊ Trading Card တွေက တန်ဖိုးရှိလာတာပဲ။ ကိုယ်ကြိုက်တဲ့ဟာတွေဆို Trading Card တွေပါလိုက်ဝယ်ပြီး Badge တွေပါ Craft ဖြစ်တာ။ နောက်တစ်ခုက ငယ်ငယ်ကလို အရမ်းမဆော့နိုင်တော့တဲ့ အခါ ဆော့နိုင်တဲ့ Game က Limited ဖြစ်သွားတယ်။ ခု Steamtools စမ်းရင်နဲ့ Steam Library တစ်ခုလုံး ကြိုက်တာဆော့ဆိုတော့ ဘယ်ကစဆော့ရမှန်းတောင် မသိဘူး။ အသက်ကြီးမှ ပြောင်းလာတဲ့ ခံစားချက်လေးတွေပေါ့လေ။ အဲလိုနဲ့ပဲ Official ပဲ ပြန်ဆော့ဖြစ်မှာပါပဲ။ WW3 ဖြစ်သွားလို့ Steam လဲ လစ်သွားရင်တော့ မတတ်နိုင်ဘူးပေါ့လေ။ Steamtools အပြင် ပိုစိတ်ချရတဲ့ Open Source Tool တစ်ခုလည်း စမ်းဖို့ လုပ်နေသေးတယ်။ အဲဒါတွေကတော့ စိတ်ဝင်စားတဲ့သူရှိရင် Page မှာ ပြောပြပေးမယ်။ ခက်လဲ မခက်ပါဘူး။ Crack Down ရတာထက် အများကြီးပိုလွယ်တယ်။ Security Issue တစ်ခုပဲ ရှိတာ။ ဒါပါပဲ။ အဲဒါလေး ပြောချင်လို့ တင်လိုက်တာ။

Resident Evil: Requiem 100% completed(Warning: Gameplay Spoiler Ahead)ဒီတစ်ခါလဲ Capcom ရဲ့ နောက်ဆုံးထွက်ထားတဲ့ Resident ...
05/03/2026

Resident Evil: Requiem 100% completed
(Warning: Gameplay Spoiler Ahead)

ဒီတစ်ခါလဲ Capcom ရဲ့ နောက်ဆုံးထွက်ထားတဲ့ Resident Evil: Requiem ကို ဆော့ရင်း ကြိုက်တာနဲ့ 100% ဆော့ဖြစ်ခဲ့ပါပြီ။ Review တွေဘာတွေ‌တော့ ရေးမနေတော့ပါဘူး။ အကုန်လုံးလဲ သိပြီးနေ‌လောက်ပြီကို။ ရောက်တတ်ရာရာတွေပဲ လျှောက်ပြောတော့မယ်။ ကျွန်တော်ကတော့ 100% ပြီးဖို့ 4 playthrough ဆော့ခဲ့ရပါတယ်။ အရင် Game တွေနဲ့ ယှဥ်ကြည့်ရင်တော့ တော်တော်တိုတယ် ပြောလို့ရတယ်။ ပထမဆုံး Run က‌တော့ Standard (Modern) Run ပါ။ လုံးဝ Blind playthrough ဆော့ဖြစ်တာပါ။ Grace အပိုင်းတွေကတော့ စိတ်ဒဏ်ရာပါရတယ်။ Grace နဲ့ဆော့ရင် လက်ထဲ ကျည်ဆံ ၁၀ တောင့်လောက်ရှိရင် ပျော်နေရပြီ။ Leon နဲ့ကျရင်တော့ John Wick ပဲ။ ၁၂ နာရီလောက်ကြာပါတယ်။ ဒုတိယ Run ကတော့ Casual playthrough ပါ။ ဒီတစ်ခါတော့ Missed ဖြစ်သွားတဲ့ Collectible တွေကို List လုပ်ပြီး လိုက်ကောက်ဖြစ်ပါတယ်။ Difficulty က‌ တော်တော်ကြီးကို ကွာသွားတာပါ။ Grace နဲ့ဆော့တာမှာပါ တစ်ကောင်မကျန် ရှင်းပစ်တာတွေ ဘာတွေ ဖြစ်ကုန်တာ။ Healing Item လုံးဝ မသုံးပဲ ဆော့ဖြစ်တယ်။ တတိယ Playthrough ကလဲ Casual ပါပဲ။ ဒီတစ်တစ်ခါတော့ Speedrun ရယ်၊ Minimalist ရယ် (Grace နဲ့ဆို Blood Collector မသုံးတာ) တွဲပြီး လုပ်ဖြစ်ပါတယ်။ ပြီးတာနဲ့ နောက်ဆုံး Playthrough မှာ အေးဆေးဖြစ်လောက်ပြီဆိုပြီ Insanity Run စဆော့ပါတယ်။ အဲ့မှာ ခွေးစဖြစ်တာပါပဲ။ Shadow Monster (Girl) ဆီကနေ Intro မှာ ပုန်းဖို့ကြိုးစားတာမှာတင် ၅ ခါလောက်သေနေတယ်။ Rhode Hills ‌ရောက်တော့ ပထမဆုံး ခေါင်းစထိတာက Dining Room ထဲမှာ သေနတ်မရှိဘူး။ ဟာကနဲပဲ။ အဲ့မှာ ဆက်ပြေးရင်း Bar ထဲက Singer မမလေးနဲ့ သွားတွေ့တော့ သူ့နောက်က Counter ထဲမှာ သေနတ်တစ်လက်ရှိတာ သတိရလို့ ဟိုချောင်တိုး၊ ဒီချောင်တိုးရင်း ရအောင်ယူ။ အခါ ၂၀ လောက်သေအပြီး သေနတ်တစ်လက်ရတာ ပျော်မဆုံးဖြစ်နေရတယ်။ ပြီးတော့ ဆက်ဆော့တော့ ထုံးစံအတိုင်း ကျဉ်ဆံမ‌လောက်။ Insanity မှာ Normal Zombie တစ်ကောင်ကို အချက် ၂၀ နီးပါးလောက် ပစ်ရတယ်။ အဲဒါနဲ့ ၂ နာရီလောက် စိတ်ဒုက္ခခံအပြီး မခံစားနိုင်တော့တာနဲ့ Infinite Ammo ပဲ Unlock လုပ်ပြီး Requiem နဲ့ပဲ တစ်ိဒိုင်းဒိုင်းဆော့ခဲ့တော့တယ်။ အမယ် Requiem နဲ့တောင် တချို့ ငနာတွေက ၂ ချက်‌‌လောက်ပစ်ရတယ်။ Infinite Ammo မပါပဲနဲ့ Insanity ဆော့နိုင်တဲ့သူတွေ တကယ်လေးစားတယ်။ Leon နဲ့က Parry တစ်ပေါက်ပါနေလို့ တော်ယုံတန်ယုံ Melee နဲ့ ရှင်းလို့ရတယ်။ Grace Section က လုံးဝ Nightmare ပဲ။ ဒါပါပဲ။ 100% အတွေ့အကြုံလေးလာပြောတာ။

တစ်ကမ္ဘာလုံး အသည်းအသန် အဖြေရှာနေကြတဲ့ Resident Evil: Requiem ရဲ့ The Final PuzzleRE 9 ရဲ့ Challengesတွေထဲမှာ ခုဒီစာရေးနေ...
02/03/2026

တစ်ကမ္ဘာလုံး အသည်းအသန် အဖြေရှာနေကြတဲ့ Resident Evil: Requiem ရဲ့ The Final Puzzle

RE 9 ရဲ့ Challengesတွေထဲမှာ ခုဒီစာရေးနေတဲ့ အချိန်ထိ ဘယ်သူမှ အဖြေရှာမရသေးတဲ့ Challenge တစ်ခုရှိပါတယ်။ အဲဒါကတော့ Challenge List ရဲ့ ဟိုးအောက်ဆုံးက The Final Puzzle (Let the sweet pair hear the voice) ပါပဲ။ Reward ကတော့ CP 20000 ပါ။
Edited: ခု Post တင်ပြီး ၁၂ နာရီလောက် အကြာမှာ အဖြေရှာတွေ့သွားပါပြီ။
(Warning: Spoiler Ahead)

လောလောဆယ် အထိတော့ ဘာတွေ တွေ့ထားလဲဆိုတော့

ပထမအဆင့်က Severed Hand ပါ။ Grace နဲ့ Emily တို့ ၂ ယောက် Basement ထဲက Elevator နဲ့ လွတ်လာအပြီးမှာ Shadow Monster (Girl) ရဲ့ လက်ကြီး ပြတ်ကျန်ခဲ့ပါတယ်။ အဲဒီ့လက်ကို Laser Microscope တစ်ခုစီ ယူသွားပြီး Analyse လုပ်လိုက်ရင် “Let’s Play”ရယ်၊ GGC AAG AUA ACG UGU CAU ဆိုတဲ့ စာတွေပေါ်လာပါတယ်။ Biochemistry နဲ့ ရင်းနှီးနဲ့ သူဆို အဲဒါ RNA Sequence တွေမှန်း တန်းသိမှာပါ။ သူ့ကို Encode လုပ်လိုက်ရင် ရလာမယ့် Amino Acid တွေကို စီလိုက်ရင် GLITCH လို့ပေါ်လာပါတယ်။

အဲဒီ့ Sequence ကို သုံးဖို့ Key တွေလိုက်ရှာတော့ U = 380000 ဆိုတာကို VIP Suite ထဲက သဲနာရီ ထဲမှာ ရေးထားတာသွားတွေ့ပါတယ်။ ပြောင်းပြန်လုပ်ပြီး ခဏစောင့်မှ အောက်ခြေမှာ ပေါ်လာမှာပါ။ ပြီးတော့ Grace Ashcroft Blood Analysis Report ဆိုတဲ့ File ထဲမှာ C = 4.2 LY လို့ ရေးထားတာပါပါတယ်။ နောက်ဆုံးတစ်ခုကတော့ G = 150000000 ဆိုတာကို Laser Microscope နောက်မှာ ရေးထားတာ တွေ့ပါတယ်။

Reddit ထဲမှာ အဲဒီ့ ဂဏန်းတွေကို Aerospace Engineer တစ်ယောက်က U = 380000 ဆိုတာ ကမ္ဘာနဲ့လ အကွာအဝေး၊ G = 150000000 ဆိုတာ ကမ္ဘာနဲ့နေ အကွာအဝေး၊ C = 4.2 ly ဆိုတာ ကမ္ဘာနဲ့ အနီးဆုံး ကြယ်တစ်ခု အကွာအဝေးလို့ ပြောပါတယ်။ (3 body problem ကြည့်ဖူးတဲ့သူတွေဆို သိမှာပါ) A ကို ဘာမှန်းမသိ ဖြစ်နေကြချိန် တစ်စုံတစ်ယောက်က Racoon City Central မှာ အရုပ်ခေါင်းကို Baseball Hoop ထဲ ဝင်အောင် ကန်ထည့်နိုင်ရင် Kendo ရဲ့ သေနတ်ဆိုင်ထဲမှာ Interact လုပ်စရာ အရုပ်တစ်ခု ပေါ်လာပါတယ်။ အဲဒီ့ အရုပ်က “You can just ignore A” ဆိုပြီး ပြောထားပါတယ်။

ဆိုတော့ GGC AAG AUA ACG UGU CAU မှာ A တွေကို ဖယ်လိုက်ရင် GGC GUC GUG UCU ဆိုပြီးရပါတယ်။ အဲဒါကို အပေါ်က Code နဲ့ ဘာသာပြန်လိုက်ရင်
Sun, Sun, Star
Sun, Moon, Star
Sun, Moon, Sun
Moon, Star, Moon ဆိုပြီး ရပါတယ်။ အဲဒီ့ အဆင့်တွေပြီးရင် Lead Researcher’s Office ထဲက Sun, Moon, Star Puzzle Box မှာ အဲဒီ့ Code ကို သွားထည့်ရင် ကလေးရယ်သံ တစ်ခုကို ကြားရမှာပါ။ ခုထိတော့ Community တစ်ခုလုံးကြိုးစားနေကြတာ ဒီ အဆင့်ပဲ ရှိပါ‌ေသးတယ်။ တစ်ကမ္ဘာလုံးက RE Fan တွေ အသည်းအသန်ရှာနေကြတာမို့ ခဏနဲ့တော့ အဖြေထွက်မယ် ထင်ပါတယ်။ ခုလက်ရှိဆော့နေတဲ့သူတွေရော ဘယ်လိုမြင်လဲ။ ပြောခဲ့ကြပါဦး။

ကိုယ်တွေနဲ့ ရွယ်တူ ငယ်ငယ်တုန်းက Game ဆော့ဖူးတဲ့သူတွေ အားလုံး Resident Evil 4 ကို မဆော့ဖူးတဲ့သူ ရှိမယ်တောင် မထင်ဘူး။ RE4 ...
25/02/2026

ကိုယ်တွေနဲ့ ရွယ်တူ ငယ်ငယ်တုန်းက Game ဆော့ဖူးတဲ့သူတွေ အားလုံး Resident Evil 4 ကို မဆော့ဖူးတဲ့သူ ရှိမယ်တောင် မထင်ဘူး။ RE4 က ပထမဆုံးဆော့ဖူးတဲ့ Resident Evil Game ပဲ။ စ‌ေဆာ့ဖူးတုန်းက ၇ တန်းလောက်ပဲ ရှိဦးမယ်။ ဂိမ်းဆိုင်မှာ အဲဒါကို ပြီးအောင် ဆော့ချင်လွန်းလို့ ညီဝမ်းကွဲ‌တစ်ယောက်စီကနေ Memory Card လေးဝယ်ပြီး သွားဆော့ခဲ့ရတာ။ အမှတ်တရတွေ အများကြီးပဲ။

တစ်သက်လုံးမှာ RE4 original ကို အစအဆုံး ဆော့ခဲ့တာ အခါ ၂၀ အထက်မှာ ရှိတယ်။ အဲဒါပြီးတော့ တက္ကသိုလ် 1 year လောက်မှ RE5 ထွက်တာထင်တယ်။ RE5 လည်း ဆော့ခဲ့တာ အောက်ထစ် ၁၀ ခါပဲ။ RE6ကျတော့ သိပ်မဆော့ဖြစ်တော့ဘူး။ ဒါတောင် Leon Campaign တော့ ကြိုက်လို့ ၄ ခါလောက်ဆော့ဖြစ်သေးတယ်။ နောက်ထပ် ထပ်ခါထပ်ခါဆော့ဖြစ်တာကတော့ RE2 remake ပဲ။ ၁၀ ခါအထက်မှာ ရှိတယ်။ ပြီးတော့ RE3 remake။ သူ့တော့ 2 လောက်မကြိုက်ဘူး။ ဒါပေမယ့် ၅ ခါလောက်တော့ ရှိမယ်။ RE4 remake ကျတော့ ၁၀ ခါ အထက်ပဲ။ ကြိုက်လွန်းလို့။ RE7 နဲ့ RE 8 ကိုတော့ သူများစက်နဲ့ပဲ ဆော့ဖူးသေးလို့ တစ်ခါစီပဲ ဆော့ဖြစ်သေးတယ်။ ခုတော့ RE9 ကတော့ ဘယ်နှခါ ဆော့ဖြစ်မလဲ မသိဘူး။ ခုထိတော့ ဘာ Spoiler မှ မမိသေးဘူး။ ဆော့ပြီးမှပဲ သူများတွေ လိုက် Spoil တော့မယ်။ ခုတောင် Down နေရင်း ရင်တွေ ဘာတွေ ခုန်နေပြီ။ 😁

ရှေ့မှာ ဆေးလိပ်တွေ၊ ဆေးပေ့ါလိပ်တွေက ကင်ဆာဖြစ်တဲ့ အကြောင်းရင်းကို ပြောပြီးသွားတော့ ထပ်ပြောချင်လာတာက V**e အကြောင်းပါပဲ။ ဒါ...
20/02/2026

ရှေ့မှာ ဆေးလိပ်တွေ၊ ဆေးပေ့ါလိပ်တွေက ကင်ဆာဖြစ်တဲ့ အကြောင်းရင်းကို ပြောပြီးသွားတော့ ထပ်ပြောချင်လာတာက V**e အကြောင်းပါပဲ။ ဒါနဲ့ V**e အကြောင်းကို ပြောဖို့ ဆိုရင် ဆေးလိပ်က ဘာလို့ ကင်ဆာဖြစ်စေတာလဲဆိုတာ အရင်ပြောချင်လာလို့။ ကျွန်တော်က တစ်ခုခုဆို စာအရှည်ကြီးရေးချင်တဲ့ ဝါသနာရှိတော့ V**e ဆိုတာ ဘယ်လို စိတ်ကူးတွေနဲ့ ဘယ်လိုဖြစ်လာတယ်ဆိုတာကို ပါပြောချင်လို့။ Okay, ဆက်သွားရအောင်။

အရင်က ဆေးလိပ်ဘယ်လောက်သောက်ရင်၊ ဆေးပေါ့လိပ် ဘယ်လောက်သောက်ရင် ကင်ဆာဖြစ်တယ်လို့ ပြောထားဖူးတော့ အရေးကြီးတာတစ်ခုက ကျွန်တော် ဆေးလိပ်အကြောင်းပြောတိုင်း ဆေးလိပ်သောက်ချင်စိတ်ကို ဖြစ်စေတာက ဆေးရွက်ကြီးထဲမှာပါတဲ့ Ni****ne ကြောင့်ဆိုတာပါပဲ။ လက်ရှိကိုယ့်နိုင်ငံမှာ တရားဝင်သုံးလိုရတဲ့ စွဲစေတဲ့ ပစ္စည်းအများစုမှာ Ni****ne ပါပါတယ်။ ကွမ်းဆိုလဲ ဆေးရွက်ကြီးပါတာပဲ။ အရင်ခေတ်ကသောက်ကြတဲ့ ဆေးတံဘာညာမှာလဲ ဆေးရွက်ကြီးပါပဲ။ ဆိုတော့ မေးစရာရှိတာက ဒါတွေသုံးရင် Cancer ဖြစ်တယ်ဆိုတော့ Ni****ne က ကင်ဆာဖြစ်စေတာလား။

သုတေသနတွေ အရတော့ Ni****ne က ကင်ဆာမဖြစ်စေပါဘူး။ Ni****ne က ဖြစ်စေတဲ့ ကိစ္စ ၃ ခု ရှိပါတယ်တဲ့။ အဲဒါတွေကတော့
၁။ စွဲစေပါတယ်
၂။ နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ကို တက်စေတယ်
၃။ ဖြစ်ပြီးသား ကင်ဆာတွေကို ပိုဆိုးစေတယ်
အဲလိုဆိုရင် ဆေးလိပ်သောက်ရင် ဘာက ကင်ဆာဖြစ်စေတာလဲ။

အဖြေကတော့ ဆေးရွက်ကြီးပါတဲ့။ ဆေးရွက်ကြီးထဲမှာ Ni****ne အပြင် Tobacco-Specific Nitrosamines (TSNAs) ဆိုတဲ့ ဆေးရွက်ကြီးမှာပဲ‌ တွေ့ရတဲ့ ကင်ဆာဖြစ်စေတဲ့ ဓာတ်ပေါင်းတွေရယ်၊ ဆေးရွက်ကြီးပင်ကို စိုက်တဲ့ မြေကြီးက ဖြစ်စေ သုံးတဲ့ ဓာတ်မြေသြဇာက ဖြစ်စေ ပါလာတဲ့ အာဆင်းနစ်လိုမျိုး သတ္တုဓာတ်တွေကြောင့် ကင်ဆာဖြစ်စေတာပါတဲ့။ တချို့တွေက စီးကရက်ထဲမှာ ဆေးပေါ့လိပ်ထက် Chemical တွေပိုများလို့ ပိုဆိုးတယ်ဘာညာထင်နေကြတာတွေလည်းရှိလို့။ ပါတာတွေက သိပ်မကွာပါဘူး။ ဆေးပေါ့လိပ်မှာ အရသာအတွက် တခြားပစ္စည်‌‌လေးတွေ နည်းနည်းပါတာရှိမယ်။ အပေါ်က ပတ်တဲ့ အရွက်တစ်ခုခုပါမယ်။ စီးကရက်မှာ ပတ်တဲ့ စက္ကူရယ်၊ ကပ်ဖို့ကော်ရယ်၊ ချိုအောင် ဆူးခရို့စ်လို့ခေါ်တဲ့ သကြားတစ်မျိုးထည့်ထားတာပါမယ်။ အနံ့အတွက် မန်သော် ဘာညာဒါတွေပဲ ပါတာပါ။ အဓိက ပြဿနာက ဆေးရွက်ကြီးပါ။ သူတစ်ခုတည်းနဲ့တင် ကင်ဆာဖြစ်ဖို့က လုံလောက်နေပါပြီ။ (ကွမ်းစားတဲ့ သူတွေလည်း အဲဒါက အဓိကပါ။ ဗမာဆေး၊ အင်္ဂလိပ်ဆေးတွေ ထားလိုက်ဦး။) အဲဒါကို ပိုဆိုးစေတာက မီးရှို့ပြီး ရှိုက်ရတဲ့ ကိစ္စပါပဲ။ မီးလောင်ရာကနေထွက်လာတဲ့ ဓာတ်တိုးပစ္စည်းတွေ (Oxidants) တွေကလည်း ကင်ဆာဖြစ်စေတာကို ပိုဆိုးစေပါတယ်။

ဆိုတော့ ဒီလိုဆိုရင် စွဲစေတဲ့ Ni****ne လေးကို သီးသန့်ဖယ်ထုတ်၊ မီးမရှို့ပဲနဲ့ တခြားတစ်နည်းနဲ့ သွေးထဲဝင်အောင် လုပ်နိုင်ရင် ကင်ဆာ မဖြစ်တော့ဘူးဆိုပြီး တွေးမိကြတဲ့ သူတွေရှိပါတယ်။ အဲ့မှာ V**e ဆိုတာ စပေါ်တာပါပဲ။ V**e မှာပါတဲ့ Ni****ne က စီးကရက်တွေ ဆေးပေါ့လိပ်တွေထက် သန့်တယ်။ မီးရှို့စရာမလိုဘူး။ (V**e က သုံးတဲ့ လျှပ်စစ်က Ni****ne အရည်ကို အငွေ့ဖြစ်‌အောင်လုပ်တဲ့ နေရာမှာ သုံးတာပါ။ မီးရှို့တာ မဟုတ်ပါ။) ဒီလိုဆိုရင် V**e သောက်ရင် စွဲစေတဲ့ Ni****ne လိုအပ်ချက်ကိုလည်း ဖြည့်နိုင်။ ကင်ဆာလည်း မဖြစ်တော့။ မိုက်လှချည်လားဆိုပြီး စနာမည်ကြီးတာပါပဲ။ ဆို‌တော့ V**e က တကယ် ကင်ဆာ မဖြစ်တော့ဘူးလား။

သုတေသနတွေမှာတော့ စီးကရက်၊ ဆေးပေါ့လိပ်တို့နဲ့ ယှဉ်ရင် အလွန် ကင်ဆာဖြစ်နှုန်းကျသွားပါတယ်လို့ ပြောထားပါတယ်။ တခြား စီးကရက်ကြောင့်ဖြစ်တတ်တဲ့ နှလုံးသွေးကြောကျဥ်းတာ၊ လေဖြတ်တာတွေလည်း နည်းသွားတယ်ပြောပါတယ်။ (လုံးဝ မဖြစ်တာတော့ မဟုတ်) ဘာဖြစ်လို့ လုံးဝ မဖြစ်တာမဟုတ်လည်း ဆိုရင် ဘယ်လောက်ပဲ ဆေးရွက်ကြီးကို သန့်စင်သန့်စင် Ni****ne ချည်းပဲ ၁၀၀ ရာနိုင်နှုန်း သန့်စင်အောင် မလုပ်နိုင်လို့ဖြစ်ပါတယ်။ (တစ်ခုထပ်ပြော စရာရှိတာက ဆေးလိပ်ရော၊ V**e ရောတွဲဲသုံးရင် ဒီကင်ဆာဖြစ်နိုင်ခြေနည်းတယ်ဆိုတဲ့ အာနိသင်မရှိတော့) ကဲ ဒါဆို စီးကရက်အစား V**e ပြောင်းသောက်ကြတော့မလား။

ဆိုတော့ V**e က စီးကရက်နဲ့ ယှဥ်ရင် ဘာတွေပိုဆိုးနိုင်လဲဆိုတာလဲ သိဖို့လိုသေးတယ်။ အဲဒီ့ အချက်တွေထဲမှာ အဓိကအကျဆုံး အချက်တစ်ခုက V**e ဆိုတာ ပေါ်လာတာ နှစ်အနည်းငယ်ပဲ ရှိသေးလို့ ရေရှည်မှာ ဘာဖြစ်မယ်ဆိုတာ မသိသေးဘူးဆိုတာပါပဲ။ စာရွက်ပေါ်မှာတော့ အကုန်ဟုတ်နေပေမယ့် နောင်နှစ် ၂၀ ကျရင် ဘာတွေဖြစ်လာမယ်ဆိုတာ ဘယ်လိုမှ မသိနိုင်ပါဘူး။ (ဆေးလိပ်တွေကနေ ကင်ဆာဖြစ်စေတယ်ဆိုတာ သက်သေပြဖို့ ဆေးပညာက နှစ် ၄၀ အချိန်ယူခဲ့ရပါတယ်) V**e တွေ အန္တရာယ် တော်တော်ကင်းနေပြီထင်တုန်းမှာ အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်သွားခဲ့ပါတယ်။ အဲဒါကတော့ ၂၀၁၉ မှာ ဖြစ်ခဲ့တဲ့ EVALI (V**e ကြောင့်ဖြစ်တဲ့ ပြင်းထန် အဆုတ်ယောင်ရောဂါ) ပါပဲ။ တချို့ကမ္ဘာ့နိုင်ငံတွေမှာ V**e ကို သုံးခွင့်ပိတ်ရလောက်တဲ့အထိကို နာမည်ကြီးခဲ့ပြီး V**e ကြောင့် ဖြစ်တဲ့ လူသေမှု အားလုံးနီးပါးဟာ ဒါကြောင့်ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။

EVALI ရောဂါရဲ့ ပြဿနာက ကုထုံးသေချာ မရှိတာပါ။ ဆိုတော့ ကံဆိုးရင်သေမယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေပြီး ဖြစ်တာကလည်း အသက် ၂၀ ကျော် V**e ကို စွဲစွဲလမ်းလမ်း သောက်တတ်တဲ့ သူတွေမှာပဲ အတွေ့ရများပါတယ်။ ပိုပြီး တိတိကျကျပြောရရင်တော့ THC ဆိုတဲ့ Compound တစ်မျိုးပါတဲ့ V**e တွေကြောင့် ပို ဖြစ်တတ်ပြီး THC က ဆေးခြောက်နဲ့ ဆက်စပ်ပစ္စည်းလို့ မှတ်လို့ရပါတယ်။ Ni****ne သီးသန့်ပဲ ပါတဲ့ V**e User တွေမှာတော့ EVALI ဖြစ်တာ ရှားတယ်ပြောပါတယ်။ ဆိုတော့ သတိထားသောက်ပေ့ါလေ။

V**e နဲ့ ပတ်သက်လို့ နောက်ဆုံး ပြောစရာတစ်ချက်က V**e က အလွန်စွဲတတ်တာပါပဲ။ Ni****ne ချည်းပဲ သီးသန့်ဖြစ်တဲ့ အပြင် ရှိုက်ရတာ ပိုလွယ်လို့ ဆေးလိပ်၊ စီးကရက်တွေထက်ပို စွဲပြီး ဖြတ်ဖို့ ပိုခက်တတ်ပါတယ်။ အဲဒါကြောင့် စမ်းသုံးရာကနေ စွဲဖို့ကို အလွန်လွယ်ပါတယ်။ မသောက်တတ်ရင် မစတာ အကောင်းဆုံးပါပဲ။

ဒီလိုလေးတွေ ရေးဖြစ်တော့ ကျွန်တော့်အတွက်လည်း စာဖတ်ဖြစ်ပါတယ်။ ဆိုတော့ တခြား သိချင်တဲ့ ကျန်းမာရေး ကိစ္စလေးတွေရှိရင် Comment မှာ ‌ရေးပေးခဲ့ကြပါ။ တစ်ပတ်တစ်ခုလောက်တော့ ကြိုးစားပြီး ရေးပေးပါ့မယ်။

Like a Dragon: Infinite Wealth Experienced by Flocaနောက်ဆုံးတော့ Yakuza 8 လို့ခေါ်လို့ရမယ့် Like a Dragon: Infinite Weal...
20/02/2026

Like a Dragon: Infinite Wealth

Experienced by Floca

နောက်ဆုံးတော့ Yakuza 8 လို့ခေါ်လို့ရမယ့် Like a Dragon: Infinite Wealth တော့ ဆော့လို့ပြီးသွားပါပြီ။ စုစုပေါင်း နာရီ ၁၆၀ ကျော်ကြာပါတယ်။ Main Story, All substories နဲ့ All Boss အပြီးပါ။ 100% တော့ မဟုတ်ပါဘူး။ ထုံးစံအတိုင်း အတွေ့အကြုံလေးကို ဖောက်သည်ချချင်လို့ပါ။ Story အပိုင်းနဲ့ ပတ်သက်တာကတော့ Very Minor Spoiler တွေပါပါမယ်။

1. Story

Review တွေမှာ Story ကို တော်တော်ကို စုတ်ပြတ်သတ်နေအောင် ပြောထားကြတော့ သိပ်မမျှော်မှန်းထားပဲ ဆော့ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ထင်ထားတာထက်တော့ အများကြီး ပိုကောင်းပါတယ်။ အကောင်းဆုံးတွေလို့ ပြောရမယ့် Yakuza 1, 7 တို့ကို မမှီပေမယ့် 2,3,4 တွေထက်တော့ သာပါတယ်။ အထူးသဖြင့် Character Development တွေ ရယ်၊ Ichiban ရဲ့ Kiryu လောက် Strong မဖြစ်ပဲ ဘေးကျပ်နံကျပ်ဖြစ်နေရပုံတွေက လူသားပိုဆန်တယ်လို့ ခံစားရပါတယ်။ Main Story ရဲ့ Presentation မှာ Plot Hole တွေ ရှိပေမယ့် အတင်းလိုက်မစဉ်းစားပဲ ဒီတိုင်းလေး စီးမျောသွားရင် တေယ်တော် မဆိုးပါဘူး။ Ending လေးကတော့ တကယ်မိုက်ပါတယ်။ လုံးဝ Peak ပါပဲ။

2. Combat

Combat ကတော့ ဒီ Game ရဲ့ အကောင်းဆုံးတွေထဲက တစ်ခုပါပဲ။ Yakuza: Like a Dragon ထဲကထက် ပိုအသေးစိတ်ပြီး ပိုဆော့ကောင်းလာပါတယ်။ ကိုယ့်ရဲ့ Character တွေကို ဟိုဖက်ဒီဖက်နည်းနည်းသွားလို့ရလာတာရယ်၊ Chain Attack တွေရယ်၊ Character တွေနဲ့ Bond လုပ်ပြီး Unlock လုပ်ရတဲ့ Combo Attack တွေရယ်က ဆော့ရတာကို သိသိသာသာ ပိုမိုက်သွားစေတယ်။ Turn Based ပဲ ဖြစ်ပေမယ့် နေရာချရတာတွေပါ ပါလာတာပေါ့လေ။

3. Mini games

Minigame တွေ ထုံးစံအတိုင်း အများကြီးပါပေမယ့် အဓိက ၂ ခုကို ပြောချင်တာ။ ပထမ တစ်ခုက Sujimon Battle လို့ နာမည်ပေးထားတဲ့ Pokemon Rip Off. ဘာမှ မဟုတ်ပေမယ့် တော်တော် ပျော်ဖို့ကောင်းတယ်။ Sujimon လို့နာမည်ပေးထားတဲ့ လမ်းပေါ်က လူမိုက်တွေကို လက်ဆောင်တွေ ပေးပြီး Recruit လုပ်၊ တခြား Trainer တွေနဲ့ Battle ဆိုင်။ တော်တော်လဲ ရယ်ရပါတယ်။ နောက်တစ်ခုက Dodonko Island ဆိုတဲ့ Animal Crossing Style Simulation Game. Minigame ဆိုပေမယ့် ၃ ရက်လောက် ဆော့လိုက်ရတယ်။ ကျွန်းတစ်ကျွန်းကို ရောက်သွားပြီး ကျွန်းကို ဒုက္ခပေးနေတဲ့ Pirate တွေနဲ့ချ။ Tourists တွေလာအောင် အလှဆင်။ ပစ္စည်းတွေ ရောင်းလုပ်ရတာ။ ပျော်ဖို့ ကောင်းပါတယ်။ အရမ်းကြီးလဲ Heavy မဖြစ်ဘူး။

4. Side Activities

နောက်ဆုံးပြောချင်တာကတော့ Substories တွေ ပေါင်းစုံအပြင် Kiryu ရဲ့ အတိတ်က ဇာတ်လမ်းတွေကို Closure ပေးထားတဲ့ Dragon’s Memoir ပါပဲ။ ဟိုးအရင် Game တွေက Yuki တို့၊ Koyuki တို့နဲ့ ပြန်တွေ့ရတဲ့ အပြင် အရင် Game တွေမှာ အရေးပါတဲ့ ဇာတ်ကောင်တွေ အများကြီးနဲ့ ပြန်တွေ့ရတာပါ။။ Yakuza Fan တစ်ယောက်အနေနဲ့ တော်တော် သဘောကျမိတယ်။ ရှေ့က Game တွေကို အတွဲလိုက်ဆော့ထားရင် ဒီ Side Quest လေးတွေက တော်တော် အရသာရှိပါတယ်။

ခြုံပြောရရင်‌တော့ ထင်ထားတာထက် ပိုသဘောကျမိတာတော့ အမှန်ပါပဲ။ Gameplay တွေ၊ Character Development တွေက တော်တော်မိုက်တာမို့ Main Story ရဲ့ Weak Point တချို့ကိုပါ အုပ်သွားစေတယ်လို့ ထင်ပါတယ်။ တော်တော်တော့ ပျော်ဖို့ ကောင်းတဲ့ Game ပါပဲ။ Developer တွေ အရမ်းထည့်ချင်တာတွေများပြီး အလှမ်းကျယ် အလယ်လပ်သွားတယ်လို့တော့ ထင်တယ်။

ရှေ့ရက်တွေထဲ ဆေးလိပ်မကောင်းကြောင်းပဲ တင်နေတာ ခုတော့ အရက်သောက်ချင်တဲ့ အကြောင်း နည်းနည်း တင်လိုက်ဦးမယ်။ 😁😁ခုရက်ပိုင်း Like...
17/02/2026

ရှေ့ရက်တွေထဲ ဆေးလိပ်မကောင်းကြောင်းပဲ တင်နေတာ ခုတော့ အရက်သောက်ချင်တဲ့ အကြောင်း နည်းနည်း တင်လိုက်ဦးမယ်။ 😁😁

ခုရက်ပိုင်း Like A Dragon: Infinite Wealth ဆော့နေတာ ပြီးခါနီးပြီဆို‌တော့ ဆော့ရင်းနဲ့ တွေးမိတာလေးတစ်ခုအကြောင်းပြောချင်လို့။ Final Chapter နားမှာ Kazama Kiryu ရော၊ Ichiban Kasuga ရော၊ သူတို့ရဲ့ Party Member တွေအကုန်လုံး Homeless Camp ထဲမှာ အရက်ထိုင်သောက်နေကြတဲ့ Scene ကို ကြည့်ရင်းနဲ့ သူတို့နဲ့ အတူ အရက်သွားသောက်ချင်တဲ့ စိတ်တော်တော်ဖြစ်လာလို့။ အောက်မှာ ကျွန်တော် အရက်အတူတူ သောက်ချင်တဲ့ Game Character ဒါမှ မဟုတ် Party တွေ အကြောင်းရေးချင်လာလို့။ အောက်ကပုံတွေထဲမှာတော့ တစ်ဖွဲ့ချင်းစီ ရေးပေးထားပါတယ်။ ကျွန်တော် မဆော့ဖူးတဲ့ ဒါမှမဟုတ် ‌မေ့သွားတဲ့ Game တွေလည်း အများကြီးရှိဦးမှာမို့လို့ အတူတူ သောက်ချင်တဲ့သူတွေရှိရင် ရေးပေးခဲ့ပါဦး။

ဆေးလိပ်နှင့် ‌ဆေးပေ့ါလိပ်ကျွန်တော်က ဆေးပေ့ါလိပ်ပဲသောက်တာ၊ စီးကရက်တောင် မသောက်ဘူး။ အဆုတ်ကင်ဆာဖြစ်မှာစိုးလို့ ဆိုတာ လူနာကြ...
14/02/2026

ဆေးလိပ်နှင့် ‌ဆေးပေ့ါလိပ်

ကျွန်တော်က ဆေးပေ့ါလိပ်ပဲသောက်တာ၊ စီးကရက်တောင် မသောက်ဘူး။ အဆုတ်ကင်ဆာဖြစ်မှာစိုးလို့ ဆိုတာ လူနာကြည့်ရင်း ခဏခဏကြားခဲ့ရတဲ့ စကားထဲမှာ ပါပါတယ်။ တကယ်ရော ဟုတ်ရဲ့လား။

ကျွန်တော်က ထုံးစံအတိုင်း တစ်ခုခုဆို လျှာရှည်တတ်တော့ ဆေးလိပ်တွေ ဘယ်က စဖြစ်လာတယ်ဆိုတဲ့ သမိုင်းကြောင်း စပြောချင်တယ်။ (အများကြီးတော့ မဟုတ်ဖူးပေါ့လေ။) ဆေးလိပ်တွေ အကုန်လုံးမှာ အဓိကစွဲစေတဲ့ ပစ္စည်းက ဆေးရွက်ကြီးပါ။ ဆေးရွက်ကြီးကို မီးရှို့ပြီး ထွက်တဲ့ အ‌ငွေ့ထဲမှာပါတဲ့ Ni****ne က လူကို စွဲလမ်းစေတာပါ။ ဆိုတော့ ကမ္ဘာပေါ်မှာ ပထမဆုံးစပြီး ဆေးရွက်ကြီးကို အလိပ်လိုက် မီးရှို့ပြီး သောက်ခဲ့တာကတော့ ဆေးပြင်းလိပ် (Cigar) ပါပဲ။ (သူ့ရှေ့မှာ ထောင်းပြီး၊ ချေပြီးသောက်တာတွေ ရှိခဲ့ပါသေးတယ်။ ဥပမာ ဆေးတံ) ဆေးပြင်းလိပ် တစ်လိပ်မှာ ဆေးရွက်ကြီး တစ်ရွက်ပါပါတယ်။ ဆေးရွက်ကြီးက စျေးကြီးလို့ ဆေးပြင်းလိပ်တွေကလည်း စျေးကြီးပါတယ်။ Premium Version တွေဆို ရွက်နု၊ ရွက်လှတွေသုံးထားလို့ ပိုဈေးကြီးတယ်။ Red Dead Redemption 2 မှာ တစွတ်စွတ်ဖွာနေကြတာလဲ ဆေးပြင်းလိပ်တွေပါပဲ။

ဥရောပနိုင်ငံတွေမှာ ဆေးပြင်းလိပ်တွေ ခေတ်စားလာပြီး‌နောက်ပိုင်း ဒီယဥ်ကျေးမှုက အာရှတိုက်ဖက်ကိုလည်း ပြန့်လာပါတယ်။ ဒါပေမယ့် ဆေးပြင်းလိပ်တွေက စျေးကြီးတော့ သာမာန် လက်လုပ်လက်စား လူတန်းစား အတွက် ဇိမ်ခံပစ္စည်းလိုပါပဲ။ ဆိုတော့ ပိုပြီးစျေးသက်သာအောင် လုပ်ဖို့ ကြိုးစားရင်းနဲ့ ဆေးပေါ့လိပ်ဆိုတာ စပေါ်လာတယ်။ ဆေးပြင်းလိပ်လိပ်ရလောက်အောင် မကြီးတဲ့ မလှတဲ့ ဆေးရွက်ကြီးတွေကို အပိုင်းသေးသေးတွေဖြတ်၊ တခြား အနံ့၊ အရသာထွက်စေမယ့် ပစ္စည်းတွေနဲ့ရော အပေါ်ယံက လိပ်တဲ့ အရွက်ကို ဆေးရွက်ကြီးနဲ့ မလိပ်တော့ပဲ ‌ဈေးသက်သာတဲ တခြားအရွက်တစ်ခုခုနဲ့ လိပ်တယ်။ (ဥပမာ ပြောင်းဖူးဖက်) ဆိုတော့ ဆေးပြင်းလိပ်နဲ့ ယှဉ်ရင် ကုန်ကျစရိတ်သက်သာသွားတယ်ပေါ့လေ။ ဒါက ဆေးပေါ့လိပ်။

ဒီအထိမှာ ဆေးရွက်ကြီးကို အရွက်လိုက် မီးရှို့ပြီး ထွက်လာတဲ့ အငွေ့ကို တိုက်ရိုက်ရှူရတဲ့ အတွက် ထွက်တဲ့ အ‌ငွေ့က ပြင်းတယ်။ ခုမှ စသောက်တတ်ရင် ရှိူက်ရတာ သက်‌တောင့် သက်သာ သိပ်မရှိဘူး။ ချောင်း တဟွတ်ဟွတ်ဆိုးတယ်။ အဲဒီ့ခေတ်တွေက ဆေးပြင်းလိပ်ကို ပုံမပျက်ပဲ ဟန်ပါပါ ခဲနိုင်ရင် ဆရာကြီးပဲ။

နောက်ဆုံး ဥရောပနိုင်ငံတွေမှာ စက်မှု တော်လှန်ရေးခေတ်စားလာတော့ ဆေးလိပ်တွေကို လက်နဲ့ လိပ်မယ့် အစား စက်နဲ့ လိပ်ဖို့ ကြိုးစားရာကနေ ‌စီးကရက်ဆိုတာ ထပ်ပေါ်လာတယ်။ သူကလည်း ဆေးရွက်ကြီးတွေကို သန့်စင်၊ အမှုန့်ဖြစ်အောင်လုပ်၊ တခြား အနံ့အရသာ ပိုကောင်းအောင် ဟိုထည့်ဒီထည့်လုပ်ပြီး အပေါ်ကနေ စက္ကူနဲ့ လိပ်ထားတာပါပါပဲ။ အ‌ပေါ်ကဟာတွေနဲ့ ဘာကွာသွားလဲဆိုရင် စီးပွားရေးသမားတွေကို ပိုရောင်းကောင်းစေချင်တာကြောင့် အငွေ့ကို ပိုရှိုက်ရလွယ်အောင် လုပ်ထားကြတယ်။ စုစုပေါင်းပါဝင်နှုန်းကို လျှော့တယ်။ (များများလိုချင် များများသောက်ပေါ့လေ။) မီးခိုးနည်းနည်းပဲ ထွက်အောင် လုပ်ထားတယ်။ နောက်ပိုင်းမှာ ပိုပြီး ရှိူက်လို့ကောင်းအောင် ဖင်စီခံထည့်တယ်။ အဲလိုတွေပေါ့လေ။ အဲဒါနဲ့ပဲ စီးကရက်က ကမ္ဘာပေါ်မှာ သောက်ရအလွယ်ဆုံ ဆေးလိပ်အမျိုးအစားဖြစ်လာတယ်။ လူတန်းစားမရွေး၊ ကျားမမရွေးသောက်လာကြတယ်။

Okay, ပြောချင်တာက ‌ဆေးပေါ့လိပ်နဲ့ စီးကရက်နဲ့ ဘယ်ဟာက ပိုဆိုးလဲဆိုတာ။ အပေါ်မှာ ပြောထားတာတွေ ပြန်ကြည့်လိုက်တာနဲ့ ဆေးပေ့ါလိပ်မှာ ဆေးရွက်ကြီး ပမာဏပိုပါမယ်ဆိုတာ တွေးမိမှာပါပဲ။ သုတေသနတွေအရပြောရရင် စီးကရက် တစ်လိပ်မှာ Ni****ne 0.7 gm ပါရင် ဆေး‌ပေါ့လိပ် တစ်လိပ်မှာ 3-5 gm လောက်ပါတယ်။ ဆိုတော့ ဆေးပေါ့လိပ်တစ်လိပ်က စီးကရက် ၄ လိပ်ကနေ ၆ လိပ်လောက်နဲ့ ညီတယ်။ ဆေးပေါ့လိပ် ၄ လိပ်လောက်ဆို စီးကရက် တစ်ဘူးနဲ့ ညီတယ်။ ဆေးပြင်းလိပ်တွေဆို တစ်လိပ်ကို စီးကရက် ၁၅လိပ်ကနေ ၂၀ လောက်နဲ့တောင် ညီတယ်ပြောကြတယ်။ ပြီးတော့ နောက်ထပ်ကွာတာလေးတွေ ရှိသေးတယ်။ အဲဒါတွေက

ဆေးပေ့ါလိပ်က ထွက်တဲ့ မီးခိုးက စီးကရက်လောက် Smooth မဖြစ်လို့ ဆေးပေ့ါလိပ်ကို ရှိူက်တဲ့ အခါ စီးကရက်‌လောက် အဆုတ်ထဲကို မရောက်ဘူးဆိုတာတော့ အမှန်ပဲ။ ဒါပေမယ့် ကင်ဆာဖြစ်နှုန်းကတော့ မကွာဘူး ပြောတယ်။ ဘာကွာသွားလည်း ဆိုတော့ စီးကရက်သမားက အဆုတ်ဘေးသားတွေထိ မီးခိုးရောက်လို့ ‌ဘေးဖက်တွေမှာ ကင်ဆာဖြစ်ပြီး (Adenocarcinoma ဘာညာ ဆေးပညာအခေါ်အဝေါ်တွေ ခေါင်းရှုပ်မှာစိုးလို့ အများကြီး မပြောတော့ဘူး) ဆေးပေါ့လိပ်သမားက အဆုတ်ရဲ့ အလယ်ပိုင်းမှာ ကင်ဆာပိုဖြစ်တယ်တဲ့။ နောက်တစ်ခုက ဆေးပေါ့လိပ်က မီးလောင်တာ ပိုကြာပြီး ပါးစပ်နဲ့ အထိအတွေ့ပိုများတဲ့ အတွက် လျှာ၊ ပါးစောင်၊ အာခေါင် အဲလိုနေရာတွေမှာ ကင်ဆာ ပိုဖြစ်နိုင်ပါသတဲ့။ ကျန်တဲ့ နှလုံးသွေးကြောကျဉ်းစေတာတို့၊ လေဖြတ်နှုန်းတက်တာတို့ကတော့ စီးကရက်နဲ့ အတူတူပါပဲ။ ဆိုတော့ အကြမ်းဖြင်းပြောရရင် ‌ဆေးပေါ့လိပ်က ပိုဆိုးပါသတဲ့။

အကျဉ်းပြန်ချုပ်ရရင် စီးကရက်နဲ့ ဆေးပေါ့လိပ်မှာ ဆေးပေါ့လိပ်က ကျန်းမာရေး ပိုမထိခိုက်ဖူးဆိုတာ မဟုတ်ကြောင်းပြောချင်တာ။ ဆေးပေါ့လိပ်သမားကို စီးကရက် ပြောင်းသောက်ခိုင်းတာ မဟုတ်ဘူး။ ဘာသောက်သောက် လျှော့သောက်၊ မသောက်တာက အကောင်းဆုံး။ ဘယ်‌လောက်သောက်ရင် ဘယ်လောက် ကင်ဆာဖြစ်တတ်တယ်ဆိုတော့ ရှေ့ Post မှာ ပြန်ဖတ်လို့ ရပါတယ်။




Address

Yangon

Telephone

+959444401482

Website

Alerts

Be the first to know and let us send you an email when Floca's Quest Log posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share