24/03/2026
**🦴 သန်မာတဲ့အရိုး၊ ကျန်းမာတဲ့ဘဝကို အတူတူထိန်းသိမ်းကြရအောင် 💙**
🦴အရိုးပွရောဂါဆိုတာ တိတ်တဆိတ် ချဥ်းကပ်လာတဲ့ အန္တရာယ်များတဲ့ အခြေအနေ တခုဖြစ်ပါတယ်။
🔺အဲ့ဒါကြောင့် အရိုးကျန်းမာရေးကို ဂရုစိုက်ဖို့နဲ့ ကြိုတင်ကာကွယ်ဖို့က အရေးကြီးပါတယ်။
🚨ဘယ်သူတွေမှာ အရိုးပွရောဂါ ဖြစ်နိုင်ခြေ များသလဲ?
❗ကိုယ့်မှာ ဒီအချက်လေးတွေ ရှိနေလား စစ်ကြည့်ရအောင်
👵 အသက်အရွယ် – အမျိုးသမီး ၆၅+၊ အမျိုးသား ၇၀+
👩 ကျား/မ – အမျိုးသမီးတွေမှာ သွေးဆုံးပြီးနောက် ဖြစ်နိုင်ခြေ ပိုများ
👨👩👧 မိသားစုရာဇဝင် – မိဘ/မောင်နှမ အရိုးပွဖူးရင် သတိထားရမယ်
နေထိုင်မှုပုံစံနဲ့ ဆိုင်တဲ့ အချက်များ
🚬 ဆေးလိပ်သောက်ခြင်း – အရိုးသိပ်သည်းဆကို ကျဆင်းစေတယ်
🍷 အရက်သောက်ခြင်း – ပုံမှန်သောက်ရင် အရိုးတည်ဆောက်မှုကို ထိခိုက်စေတယ်
🏃♀️ လေ့ကျင့်ခန်းမလုပ်ခြင်း – အရိုးကို အားနည်းစေပါတယ်
🥛 အာဟာရချို့တဲ့ခြင်း – ကယ်လ်စီယမ်နဲ့ ဗီတာမင် D မလုံလောက်ရင် အရိုးကျန်းမာရေး ထိခိုက်နိုင်
နောက်ခံရောဂါများ
🦴 အဆစ်အမြစ်ရောင်ရမ်းခြင်း (Rheumatoid Arthritis)
🩺 ကျောက်ကပ်ရောဂါ
🦋 သိုင်းရွိုက်ရောဂါ (Thyroid Disorders)
👩⚕️ သွေးဆုံးခြင်း (Menopause)
ဆေးဝါးများ
💊 ကော်တီကိုစတီရွိုက် (Corticosteroids) – ကာလရှည်သောက်ရတဲ့ စတီရွိုက်ဆေးတွေက အရိုးပွခြင်းကို ဖြစ်စေနိုင်တယ်
✅MedParkဆေးရုံကြီးမှာရှိတဲ့ အရိုးသိပ်သည်းဆ စစ်ဆေးမှု (BMD) အထူးအစီအစဉ်လေးနဲ့ ကြိုတင်ကာကွယ်လို့ ရပါတယ်။
👨⚕️အားသာချက်တွေအနေနဲ့
✅သိပ်ကို လွယ်ကူမြန်ဆန်
✅အစာရောင်စရာ မလိုပါဘူး
✅၁၅–၂၀ မိနစ်လောက်ပဲ ကြာပါတယ်
---
❗အရေးကြီးအချက်အနေနဲ့
❗မကြာခင်က Contrast/ Barium ဆေးသွင်းပြီး ဓာတ်မှန်၊ စီတီဓာတ်မှန် ရိုက်ထားရင်တော့ ၅ရက် - ၁ပတ်လောက် ခြားသင့်ပါတယ်။
❗ကိုယ်ဝန်ဆောင်ချိန်မှာတော့ မစစ်ဆေးသင့်ပါဘူး
---
✅နောင်လာမယ့် နောက်ဆက်တွဲ အရိုးပြဿနာတွေကို ကြိုတင်ကာကွယ်လို့ရမှာပါ။
---
❗❗မည်သည့်ကျန်းမာရေးပြဿနာအတွက်မဆို သင့်တော်သော စစ်ဆေးမှုနည်းလမ်းကို သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ ❗❗
❤️𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မြန်မာပြည်ရုံး ❤️
ရန်ကုန်ရုံး
🏠 အမှတ် ၉၀၊ ဗိုလ်တထောင်စျေးလမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဗိုလ်တထောင်မြို့နယ်။
𝟎𝟗 𝟕𝟕𝟐 𝟖𝟖𝟖𝟖 𝟓𝟕 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟗𝟒 𝟎𝟎𝟎𝟎 𝟔𝟖𝟖 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)
မန္တလေးရုံး
🏠 ၆၆လမ်း၊ ၄၁ နှင့် ၄၂လမ်းကြား၊ ၄၂ထောင့်အနီး။
𝟎𝟗 𝟕𝟕𝟐 𝟕𝟕𝟐 𝟔𝟐𝟖 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟒𝟎𝟕𝟐 𝟗𝟗 𝟖𝟏𝟐 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)
#
#အရိုးကျန်းမာရေး
#သန်မာတဲ့အရိုးသန်မာတဲ့ဘဝ
#အရိုးပွရောဂါကာကွယ်ခြင်း