Asia New Way, MedPark Hospital Agent

Asia New Way, MedPark Hospital Agent ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ MedPark Hospital ၏ ဆေးရုံတိုက်ရိုက် တရားဝင် မြန်မာကိုယ်စားလှယ်ရုံး ဖြစ်ပါသည်။ ဝန်ဆောင်ခပေးရန်မလိုပါ။

👨‍⚕️ဓာတ်ရောင်ခြည်ကုသမှု(Radiotherapy)အတွက် Medparkဆေးရုံကို ဘာကြောင့် ရွေးချယ်သင့်တာလဲ? 🍀မက်ပါခ်ဆေးရုံမှ ရောင်ခြည်ကုထုံး...
29/11/2025

👨‍⚕️ဓာတ်ရောင်ခြည်ကုသမှု(Radiotherapy)အတွက် Medparkဆေးရုံကို ဘာကြောင့် ရွေးချယ်သင့်တာလဲ?

🍀မက်ပါခ်ဆေးရုံမှ ရောင်ခြည်ကုထုံးဝန်ဆောင်မှု

✅ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မက်ပါခ်ဆေးရုံ၊ Light of Day Radiation Oncology Center** ဟာ ကင်ဆာရောဂါကုသရာမှာ ထိပ်တန်းစံချိန်စံညွှန်းများနှင့် အကောင်းဆုံးလုပ်ထုံးလုပ်နည်းများကို အသုံးပြု၍ အစောပိုင်းအဆင့်မှ ရှုပ်ထွေးခက်ခဲသော အဆင့်အထိ ကင်ဆာအမျိုးအစားအားလုံးအတွက် စုံလင်သည့် ကုသမှုဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါတယ်။

✅အတွေ့အကြုံရင့် ရောင်ခြည်ကုသဆေးပညာရှင်များမှ ဦးဆောင်ပြီး ကုသမှုအစီအစဉ်ကို ရေးဆွဲဆောင်ရွက်ပေးခြင်း
✅ပေါင်းစပ်ကုထုံးများ - ကီမိုဆေးသွင်းကုထုံး၊ ကိုယ်ခံအားကုထုံး၊ ပစ်မှတ်ထားကုထုံး၊ ရောင်ခြည်ကုထုံး၊ ရိုးတွင်းခြင်ဆီ အစားထိုးကုထုံးနှင့် ခွဲစိတ်ကုထုံးစသည့် ကုထုံးမျိုးစုံကို လိုက်လျောညီထွေရှိစွာ ပေါင်းစပ်အသုံးပြုကုသပေးခြင်း
✅ခေတ်မီအဆင့်မြင့် ဆေးပညာစက်ကိရိယာများ - နည်းပညာအသစ်များနှင့် ခေတ်မီသော စက်ကိရိယာများကို အသုံးပြု၍ ကုသမှုပေးခြင်း။
✅စဥ်ဆက်မပြတ် ကြည့်ရှုစောင့်ရှောက်မှု - ကုသမှုအပြီး ပုံမှန်ပြန်လည်စစ်ဆေးကာ ရေရှည်စောင့်ကြည့်မှုများ ဆောင်ရွက်ပေးခြင်း။

👨‍⚕️Radiotherapyနဲ့ ပတ်သက်ပြီး အမေးများသော မေးခွန်းများ

👨‍⚕️နာကျင်မှုရှိလား။
📌ရောင်ခြည်ကုထုံးခံယူရာတွင် ရုတ်တရက် နာကျင်မှု သို့မဟုတ် ပူလောင်မှုကို ခံစားရခြင်း မရှိပါ။
📌ကုသမှုအတွင်း အသုံးပြုသော ရောင်ခြည်သည် ရင်ဘတ်ဓာတ်မှန် သို့မဟုတ် ကွန်ပျူတာဓာတ်မှန် (CT scan) တွင် အသုံးပြုသည့် ရောင်ခြည်နှင့် ဆင်တူပါတယ်။

👨‍⚕️ရောင်ခြည်ကုထုံးကြောင့် ဆံပင်ကျွတ်သလား။
📌Radiotherapyဆိုတာ ဖြစ်နေတဲ့ ကင်ဆာအစိတ်အပိုင်းကိုသာ အဓိကထားပြီး ဓာတ်ရောင်ခြည် ပေးခြင်းဖြစ်ပါတယ်။
📌ဥပမာ - ရင်သားကင်ဆာအတွက် ရောင်ခြည်ကုထုံးဟာ ရင်သားနေရာကိုသာ သက်ရောက်မှုရှိပြီး ဆံပင်ကျွတ်ခြင်းကို မဖြစ်စေနိုင်ပါ။
📌ခေါင်းအတွက် ရောင်ခြည်ကုထုံးခံယူမှသာ ထိုနေရာတွင်ရှိသော ဆံပင်ကျွတ်ခြင်း ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ပါတယ်။

👨‍⚕️ရောင်ခြည်ကုထုံးနှင့် ကီမိုကုထုံး ဘာကွာလဲ။
📌ကီမိုကုထုံးက ဆေးများကို သွေးကြောထဲသို့ သို့မဟုတ် ပါးစပ်မှတစ်ဆင့် ပေးခြင်းဖြင့် ခန္ဓာကိုယ်တစ်ခုလုံးရှိ ကင်ဆာဆဲလ်များကို ရည်ရွယ်ပါတယ်။
📌ရောင်ခြည်ကုထုံးကတော့ ဓာတ်ရောင်ခြည်များကို အသုံးပြု၍ အကျိတ် (သို့) ကင်ဆာဖြစ်နေသော ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုတည်းကိုသာ အဓိကထား တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။

👨‍⚕️ရောင်ခြည်ကုထုံး ဘယ်လောက်ကြာကြာခံယူရလဲ။
📌စုစုပေါင်းကုသမှုကာလက ၂ ပတ်မှ ၇ ပတ်အထိ ကြာတတ်ပါတယ်။
📌ကြာချိန်ကတော့ ၁၅-၂၀ မိနစ်ခန့် ကြာပြီး
📌ရောဂါအမျိုးအစားပေါ် မူတည်ပါတယ်

👨‍⚕️ကင်ဆာပျောက်ကင်းနိုင်သလား။
📌ပျောက်ကင်းမှု ရလာဒ်က ကင်ဆာအမျိုးအစားနဲ့ အဆင့်ပေါ်မှာ မူတည်ပါတယ်။
📌အစောပိုင်းအဆင့်မှာ ရှာဖွေတွေ့ရှိပါက ကုသပျောက်ကင်းနိုင်ခြေ ၉၀% ထိ ရှိနိုင်ပါတယ်။
📌ကင်ဆာအဆင့်မြင့်နေတဲ့ လူနာတွေမှာ ဓာတ်ရောင်ခြည်ကုသမှုရဲ့ ရည်ရွယ်ချက်မှာ ရောဂါလက္ခဏာများ သက်သာစေရန် အဓိက ဖြစ်ပါတယ်။

✅အဲ့ဒါကြောင့် နှစ်စဥ် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပြီး ရောဂါများကို အစောပိုင်းအဆင့်မှာ ရှာဖွေတွေ့ရှိနိုင်ဖို့က အရေးကြီးလှပါတယ်။

👨‍⚕️ရောင်ခြည်ကုထုံး ခံယူပြီးနောက် မိမိကိုယ်ကို ဂရုစိုက်နည်း

ရောင်ခြည်ကုထုံးခံယူပြီးနောက် ခန္ဓာကိုယ်ပြန်လည်သန်စွမ်းရေးနှင့် ဘေးထွက်ဆိုးကျိုးများ သက်သာစေရန်အတွက် အောက်ပါအတိုင်း မိမိကိုယ်ကို ဂရုစိုက်သင့်ပါတယ်

✨ဆရာဝန်ညွှန်ကြားထားသော ဆေးဝါးအားလုံးကို ညွှန်ကြားချက်အတိုင်း မှန်မှန်သောက်သုံးပါ။
✨ပုံမှန်အတိုင်း ရေချိုးနိုင်သော်လည်း ရောင်ခြည်သင့်ထားသော အရေပြားနေရာနှင့် အမှတ်အသားပြုထားသည့် နေရာများကို ပွတ်တိုက်ခြင်းမှ ရှောင်ကြဉ်ပါ။
✨ရောင်ခြည်သင့်ထားသော အရေပြားကို နေရောင်ခြည် သို့မဟုတ် အပူချိန်မြင့်မားခြင်းမှ ကာကွယ်ပါ။
✨ရေဓာတ်ပြည့်ဝစေရန် ရေများများသောက်ပါ။
✨အသား၊ ငါး၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်းများ၊ ပဲအမျိုးမျိုးကဲ့သို့သော ပရိုတင်းဓာတ်ကြွယ်ဝသည့် အစားအစာများကို မျှတစွာ စားသုံးပါ။
✨ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ။
✨အိပ်ရေးဝဝအိပ်ပါ။
✨ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ဆရာဝန်ခွင့်မပြုသော ဆေးဖက်ဝင်အပင်များ သို့မဟုတ် ဆေးဝါးများ အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။
✨နူးညံ့သော Brushပါတဲ့ သွားတိုက်တံကို အသုံးပြုပါ။ သွားကြားထိုးခြင်း (dental floss) ကို ပုံမှန်ပြုလုပ်ပါ။
✨ဆရာဝန် ညွှန်ကြားထားသော ခံတွင်းဆေးရည်ဖြင့် မကြာခဏ ပလုပ်ကျင်းပါ

❤️𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မြန်မာပြည်ရုံး ❤️

ရန်ကုန်ရုံး
🏠 အမှတ် ၉၀၊ ဗိုလ်တထောင်စျေးလမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဗိုလ်တထောင်မြို့နယ်။
𝟎𝟗 𝟕𝟕𝟐 𝟖𝟖𝟖𝟖 𝟓𝟕 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟗𝟒 𝟎𝟎𝟎𝟎 𝟔𝟖𝟖 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

မန္တလေးရုံး
🏠 ၆၆လမ်း၊ ၄၁ နှင့် ၄၂လမ်းကြား၊ ၄၂ထောင့်အနီး။
𝟎𝟗 𝟕𝟕𝟐 𝟕𝟕𝟐 𝟔𝟐𝟖 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟒𝟎𝟕𝟐 𝟗𝟗 𝟖𝟏𝟐 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

#

👨‍⚕️ရောင်ခြည်ကုထုံး (Radiotherapy)ဆိုတာ? ✅ကင်ဆာရောဂါကုသရေးအတွက် အခြေခံဖြစ်တဲ့ ကုထုံးတစ်မျိုးဖြစ်ပြီး ✅ကင်ဆာဆဲလ်များရဲ့ မ...
26/11/2025

👨‍⚕️ရောင်ခြည်ကုထုံး (Radiotherapy)ဆိုတာ?

✅ကင်ဆာရောဂါကုသရေးအတွက် အခြေခံဖြစ်တဲ့ ကုထုံးတစ်မျိုးဖြစ်ပြီး

✅ကင်ဆာဆဲလ်များရဲ့ မျိုးရိုးဗီဇ (DNA) ကို ဖျက်ဆီးကာ ထပ်မပွားအောင်၊

✅တဖြည်းဖြည်း သေဆုံးသွားအောင်နဲ့ နောက်ဆုံးမှာ ခန္ဓာကိုယ်ကနေ ပပျောက်သွားစေဖို့အတွက်

✅ဓာတ်မှန် (X-rays)၊ ဂမ်မရောင်ခြည် (gamma rays) သို့မဟုတ် ဓာတ်ရောင်ခြည် အမှုန်များ (charged particles) ကဲ့သို့သော စွမ်းအင်မြင့် ရောင်ခြည်များကို အကျိတ်ပေါ်သို့ သက်ရောက်စေခြင်းဖြစ်ပါတယ်။

✅ရောင်ခြည်ကုထုံးဟာ အကျိတ်များကို ကျုံ့သွားစေခြင်း၊ ကင်ဆာနှင့်ဆက်စပ်သော နာကျင်မှုများကို သက်သာစေခြင်း၊ ကင်ဆာ ပြန်ဖြစ်နိုင်ခြေ လျော့ကျစေခြင်းနှင့် ခွဲစိတ်ကုထုံး၊ ကီမိုဆေးသွင်းကုထုံး သို့မဟုတ် ပစ်မှတ်ထားကုထုံးစသော အခြားသော ပေါင်းစပ်ကုထုံးများရဲ့ ထိရောက်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။

✅ရောင်ခြည်ကုထုံးဟာလည်း လူတစ်ဦးနှင့်တစ်ဦး ကွဲပြားမှုရှိတဲ့အတွက်ကြောင့် ရောင်ခြည်ကုသဆေးပညာရှင်က ကင်ဆာ အမျိုးအစား၊ အဆင့်နဲ့ အကျိတ် အရွယ်အစား၊ လူနာရဲ့ ကျန်းမာရေးအခြေအနေ စတာတွေအပေါ်မူတည်ပြီး ကုသမှုပုံစံကို ဆုံးဖြတ်ပေးပါတယ်။

✅ယခုအခါတွင် ရောင်ခြည်ကုသရေး စက်ပစ္စည်းများဟာ ပိုမိုအဆင့်မြင့်မားလာပြီး ခေတ်မီသော ရောင်ခြည်စက်များက ကင်ဆာဆဲလ်များကို အတိအကျ ဖျက်ဆီးနိုင်စွမ်းရှိသလို အနီးအနားမှာရှိတဲ့ ကျန်းမာသော တစ်ရှူးများအပေါ် သက်ရောက်မှု အနည်းငယ်သာ ရှိစေပါတယ်။

👨‍⚕️ရောင်ခြည်ကုထုံးရဲ့ ကောင်းကျိုးများ

▫️ရောဂါကို ထိန်းချုပ်ခြင်း
📌ကင်ဆာ ကြီးထွားမှုကို ရပ်တန့်စေပြီး ကျုံ့သွားစေကာ အနီးအနားမှာရှိတဲ့ အစိတ်အပိုင်းတွေဆီကို ကင်ဆာဆဲလ်များ ပြန့်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

▫️ကုသမှု ထိရောက်စေရန် မြှင့်တင်ခြင်း
📌အခြားကင်ဆာဆေးကုထုံးများ မစတင်မီ သို့မဟုတ် ကင်ဆာဆေးများသွင်းပြီးနောက် (ဖြည့်စွက်ကုထုံး) ရောင်ခြည်ကုထုံး
📌ခွဲစိတ်ကုသပြီးနောက် ကင်ဆာပြန်ဖြစ်နိုင်ခြေ သို့မဟုတ် ပြန်ရည်ကြောများသို့ ပြန့်ပွားနိုင်ခြေကို လျှော့ချရန်

▫️ရောဂါဝေဒနာ သက်သာရေး
📌ကင်ဆာရောဂါသည်များ နောက်ဆုံးအဆင့်သို့ ရောက်ရှိပါက ရောင်ခြည်ကုထုံးဟာ
နာကျင်မှုဝေဒနာကို သက်သာစေခြင်း၊
📌အကိုက်အခဲပျောက်ဆေးများ အသုံးပြုရန် လိုအပ်ချက်ကို လျှော့ချပေးခြင်း၊
📌ကင်ဆာအကျိတ်မှ သွေးယိုစိမ့်မှုကို ထိန်းချုပ်ပေးခြင်းတို့ဖြင့် လူနာရဲ့ နေ့စဉ်ဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်ပါတယ်။

▫️အရှင်းပျောက်ကင်းစေရန်
📌ရောင်ခြည်ကုထုံးဖြင့် ကင်ဆာရောဂါကို အပြီးတိုင် ကုသနိုင်ရန် ရည်ရွယ်ပါတယ်။
📌ကင်ဆာအမျိုးအစားအချို့ဟာ ရောင်ခြည်ကုထုံးတစ်မျိုးတည်းနဲ့ သို့မဟုတ် အခြားကုထုံးများနဲ့ ပေါင်းစပ်ကုသကာ ပျောက်ကင်းနိုင်ပါတယ်။

👨‍⚕️ရောင်ခြည်ကုထုံးဖြင့် ကုသနိုင်သော ရောဂါများ

⭕ခေါင်းနှင့် လည်ချောင်း regionကင်ဆာများ
* ဦးနှောက်ကင်ဆာ
* နှာခေါင်းနှင့် နှာခေါင်းအတွင်းပိုင်း လေအိတ်ကင်ဆာ
* နှာခေါင်းနောက်ပိုင်း လည်ချောင်းအထက် ကင်ဆာ (Nasopharyngeal Cancer)
* ပါးစောင်၊ သွားဖုံး၊ နှုတ်ခမ်း၊ ပါးစောင်အောက်ခြေကင်ဆာ (Oral Cancer)
* သိုင်းရွိုက် ကင်ဆာ
* အာသီးကင်ဆာ
* လည်ချောင်းသံပြွန်ကင်ဆာ (Laryngeal Cancer)
* လျှာကင်ဆာ

⭕ရင်ဘတ်ပိုင်း
* အဆုတ်ကင်ဆာ
* ရင်သားကင်ဆာ

⭕အစာအိမ်နှင့် အူလမ်းကြောင်းကင်ဆာများ
* အစာပြွန်ကင်ဆာ
* အူမကြီးကင်ဆာ
* အသည်းကင်ဆာ
* ပန်ကရိယ (သရက်ရွက်) ကင်ဆာ

⭕ဆီးလမ်းကြောင်းနှင့် မျိုးပွားအင်္ဂါကင်ဆာများ
* ဆီးအိမ်ကင်ဆာ
* သားအိမ်ကင်ဆာ
* သားအိမ်ခေါင်းကင်ဆာ
* သားအိမ်အတွင်းဆုံးအလွှာကင်ဆာ (Endometrial Cancer)
* ဆီးကြိတ် (ပရော့စတိတ်) ကင်ဆာ

⭕အခြားသော အခြေအနေများ
* ကယ်လွိုက် (Keloid) သို့မဟုတ် ဟိုက်ပါထရိုဖစ် (Hypertrophic) အမာရွတ်များ ပြန်လည်မ ပေါက်ပွားစေရန် ကာကွယ်ကုသခြင်း။

👨‍⚕️ရောင်ခြည်ကုထုံး အမျိုးအစားများ

လက်ရှိတွင် အသုံးပြုနေသော ရောင်ခြည်ကုထုံး အမျိုးအစား (၂) မျိုး ရှိပါတယ်

1️⃣ခန္ဓာကိုယ်ပြင်ပ ရောင်ခြည်ကုထုံး (External Beam Radiotherapy - EBRT)
🛑ဤကုထုံးတွင် ခန္ဓာကိုယ်ပြင်ပ၌ ရှိသော လီနီယာ အရှိန်မြှင့်စက် (Linear Accelerator Machine) မှ ထုတ်လွှတ်သည့် စွမ်းအင်မြင့် ရောင်ခြည်တန်းကို ခန္ဓာကိုယ်အတွင်းရှိ အကျိတ် သို့မဟုတ် ကင်ဆာဆဲလ်များဆီသို့ တိုက်ရိုက် ထိုးသွင်းခြင်း ပါဝင်သည်။
🛑ထိုသို့ ထိုးသွင်းရာတွင် (၂) ဖက်မြင်ပုံစံ (2D), (၃) ဖက်မြင်ပုံစံ (3D Conformal Radiotherapy - CRT), ရောင်ခြည်ပြင်းအား ထိန်းညှိခြင်း (Intensity-Modulated Radiation Therapy - IMRT) သို့မဟုတ် ထုထည်အလိုက် ရောင်ခြည်ပြင်းအား ထိန်းညှိခြင်း (Volumetric Modulated Arc Therapy - VMAT) စသည့် နည်းပညာများကို အသုံးပြုပါသည်။
🛑အကျိတ်၏ တည်နေရာနှင့် ပမာဏကို အတိအကျ သတ်မှတ်ရန် CT Simulator ကို အသုံးပြုပါသည်။
🛑တိကျသော ပုံရိပ်ဖော်ခြင်းဖြင့် ရောင်ခြည်တန်း၏ အရွယ်အစား၊ ပုံသဏ္ဍာန်၊ ထိုးသွင်းသည့်လမ်းကြောင်းနှင့် ပမာဏ (ပြင်းအား) ကို သတ်မှတ်ကာ အနီးအနားရှိ ကျန်းမာသော တစ်ရှူးများကို အနည်းဆုံး ထိခိုက်မှုဖြင့် အကျိတ်ဆီသို့ မှန်ကန်သော ရောင်ခြည်ပမာဏ ရောက်ရှိစေပါတယ်။

2️⃣ခန္ဓာကိုယ်တွင်း ရောင်ခြည်ကုထုံး (Brachytherapy)
🛑ဤနည်းလမ်းတွင် ရေဒီယိုသတ္တိကြွ ပစ္စည်းကို ခန္ဓာကိုယ်အတွင်းသို့ အကျိတ်အတွင်း သို့မဟုတ် အကျိတ်နှင့် ကပ်လျက်ကို တိုက်ရိုက် ထည့်သွင်းခြင်း ဖြစ်ပါတယ်။
🛑Brachytherapy သည် ကင်ဆာဆဲလ်များကို ဖျက်ဆီးရန်အတွက် ကင်ဆာဆဲလ်များဆီသို့ တိကျသော ရောင်ခြည်ပမာဏကို အချိန်တိုအတွင်း တိုက်ရိုက် ထုတ်လွှတ်ပေးပါတယ်။
🛑ထို့နောက် ရေဒီယိုသတ္တိကြွ ပစ္စည်းများကို ခန္ဓာကိုယ်မှ ပြန်လည် ထုတ်ယူပြီး ကျန်ရှိနေသော ရောင်ခြည်သင့်မှု မရှိသလို အနီးအနားရှိ သူများအတွက်လည်း အန္တရာယ် မရှိစေပါ။
🛑 ကုသမှုအစီအစဉ်နှင့် ထည့်သွင်းရမည့် နေရာအတိအကျလမ်းညွှန်ရန်အတွက် အာထရာဆောင်း သို့မဟုတ် CT ရိုက်ခြင်းကို ပြုလုပ်ရပါတယ်။

❤️𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မြန်မာပြည်ရုံး ❤️

ရန်ကုန်ရုံး
🏠 အမှတ် ၉၀၊ ဗိုလ်တထောင်စျေးလမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဗိုလ်တထောင်မြို့နယ်။
𝟎𝟗 𝟕𝟕𝟐 𝟖𝟖𝟖𝟖 𝟓𝟕 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟗𝟒 𝟎𝟎𝟎𝟎 𝟔𝟖𝟖 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

မန္တလေးရုံး
🏠 ၆၆လမ်း၊ ၄၁ နှင့် ၄၂လမ်းကြား၊ ၄၂ထောင့်အနီး။
𝟎𝟗 𝟕𝟕𝟐 𝟕𝟕𝟐 𝟔𝟐𝟖 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟒𝟎𝟕𝟐 𝟗𝟗 𝟖𝟏𝟐 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

#

တစ်နှစ်တစ်ခါကျင်းပလေ့ရှိတယ့် MedMusic in the Park ဂီတပွဲဟာ ၂၀၂၅ ခုနှစ်မှာဆိုရင် စတုတ္ထအကြိမ်မြောက် ကျင်းပတာဖြစ်ပါတယ်ဘန်က...
23/11/2025

တစ်နှစ်တစ်ခါကျင်းပလေ့ရှိတယ့် MedMusic in the Park ဂီတပွဲဟာ ၂၀၂၅ ခုနှစ်မှာဆိုရင် စတုတ္ထအကြိမ်မြောက် ကျင်းပတာဖြစ်ပါတယ်

ဘန်ကောက်နှင့် အနီးတစ်ဝိုက်တွင် နေထိုင်/အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများအားလုံးကို ဖိတ်ခေါ်ပါတယ်။
ဥယျာဉ်ခြံအတွင်း၌ စိတ်လွတ်ကိုယ်လွတ် ဂီတသံစုံတေးဂီတများကို လာရောက်နားဆင်ကြပါရန် ဖိတ်ခေါ်အပ်ပါတယ်။

"အခမဲ့ ဂီတပွဲ" ဖြစ်တာကြောင့် လူတိုင်းအခမဲ့ လာရောက်နားဆင်နိုင်ပါတယ်။
သို့သော် ပွဲသို့ဝင်ရောက်ရန် ကြိုတင် register စာရင်းသွင်းထားရမည် ဖြစ်ပြီး၊ ပွဲဝင်ချိန်တွင် ဝန်ထမ်းများအား ဤစာရင်းသွင်းထားသောလက်မှတ်ကတ်ကို ပြသရန် လိုအပ်ပါမည် (လူ၁ယောက်တည်းက တဖွဲ့လုံးစာအတွက် ၁ခါတည်းစာရင်းသွင်းလို့ရပါတယ်)။

Registration for E-Tickets : https://medpark.hospital/2025MedMusic16
ရက်စွဲ : Saturday 29 November 2025
အချိန်: 16.00 – 20.30 hrs.
ကျင်းကမည့်နေရာ : Main Amphitheater Benjakiti Park, Bangkok (https://maps.app.goo.gl/CisBx5LHPFEENuMR8)

08/11/2025

မိသားစုပြည့်စုံခြင်းအိပ်မက်ကို MedPark Hospital မှာ အကောင်အထည်ဖော်လိုက်ပါ
ခေတ်မီသော IVF ကုထုံးများဖြင့် သင့်ရဲ့ပျော်ရွှင်ရာ မိသားစုကို စတင်ပါ

သားသမီးရဖို့ ကြိုးစားနေရတာ ကြာပြီလား? MedPark IVF Center မှာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေ၊ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ သင့်အိပ်မက်ကို အကောင်အထည်ဖော်လိုက်ပါ။

👨‍⚕️အသေးစိတ်တိုင်ပင်ဆွေးနွေးလိုပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါတယ်ရှင်

❤️𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မြန်မာပြည်ရုံး ❤️

ရန်ကုန်ရုံး
🏠 အမှတ် ၉၀၊ ဗိုလ်တထောင်စျေးလမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဗိုလ်တထောင်မြို့နယ်။
𝟎𝟗 𝟕𝟕𝟐 𝟖𝟖𝟖𝟖 𝟓𝟕 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟗𝟒 𝟎𝟎𝟎𝟎 𝟔𝟖𝟖 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

မန္တလေးရုံး
🏠 ၆၆လမ်း၊ ၄၁ နှင့် ၄၂လမ်းကြား၊ ၄၂ထောင့်အနီး။
𝟎𝟗 𝟕𝟕𝟐 𝟕𝟕𝟐 𝟔𝟐𝟖 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟒𝟎𝟕𝟐 𝟗𝟗 𝟖𝟏𝟐 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

#

03/11/2025

MedPark Hospital မှ TAVR နည်းပညာဖြင့် နှလုံးအဆို့ရှင်အစားထိုးကုသမှု

အသက်ကြီးပြီး နှလုံးသွေးကြောမကြီးအဆို့ရှင်ကျဉ်းရောဂါ ခံစားနေရသူများအတွက် ခွဲစိတ်မှုမလိုတဲ့ ခေတ်မီကုထုံးတစ်ခုကို မိတ်ဆက်ပေးပါရစေ။

🫀TAVR (Transarterial Aortic Valve Replacement) ဆိုတာ?

✔ပေါင်ခြံကသွေးကြောလေးကတစ်ဆင့် အသစ်အဆို့ရှင်ကို သွင်းပေးခြင်း
✔ရင်ဘတ်ကိုဖွင့်စရာမလိုပါ
✔မေ့ဆေးအောက်မှာ ၁-၂ နာရီခန့်သာ ကြာမြင့်တယ်

MedPark Hospital မှာ TAVR ကိုရွေးချယ်ရတဲ့ အကြောင်းရင်း:
✅ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းနှလုံးဆေးပညာရှင်များ
✅ အမေရိကန်နဲ့ ဥရောပမှ ခေတ်မီဆေးကိရိယာများ
✅ လူနာတိုင်းအတွက် စိတ်ချရတဲ့ ကုသမှုအစီအစဉ်

TAVR ရဲ့ အားသာချက်များ:
✔ခွဲဒဏ်ရာမရှိ
✔၃-၄ ရက်အတွင်း ဆေးရုံဆင်းနိုင်
✔ပုံမှန်လှုပ်ရှားသွားလာနိုင်

ဘယ်သူတွေအတွက် သင့်တော်လဲ?
✔အသက် ၆၅ နှစ်အထက် လူနာများ
✔ခွဲစိတ်မှုခံယူဖို့ အန္တရာယ်များသူများ
✔နှလုံးသွေးကြောမကြီးအဆို့ရှင်ပြဿနာရှိသူ

👨‍⚕️အသေးစိတ်တိုင်ပင်ဆွေးနွေးလိုပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါတယ်ရှင်

❤️𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မြန်မာပြည်ရုံး ❤️

ရန်ကုန်ရုံး
🏠 အမှတ် ၉၀၊ ဗိုလ်တထောင်စျေးလမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဗိုလ်တထောင်မြို့နယ်။
𝟎𝟗 𝟕𝟕𝟐 𝟖𝟖𝟖𝟖 𝟓𝟕 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟗𝟒 𝟎𝟎𝟎𝟎 𝟔𝟖𝟖 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

မန္တလေးရုံး
🏠 ၆၆လမ်း၊ ၄၁ နှင့် ၄၂လမ်းကြား၊ ၄၂ထောင့်အနီး။
𝟎𝟗 𝟕𝟕𝟐 𝟕𝟕𝟐 𝟔𝟐𝟖 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟒𝟎𝟕𝟐 𝟗𝟗 𝟖𝟏𝟐 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

#

ဒူးဆစ်အစားထိုးခွဲစိတ်မှုအတွက် 𝐌𝐞𝐝𝐏𝐚𝐫𝐤 ဆေးရုံကို ဘာကြောင့်ရွေးချယ်သင့်သလဲ?1️⃣ အရည်အချင်းပြည့် ဒူးဆစ်အထူးကုဆရာဝန်များMedPa...
19/10/2025

ဒူးဆစ်အစားထိုးခွဲစိတ်မှုအတွက် 𝐌𝐞𝐝𝐏𝐚𝐫𝐤 ဆေးရုံကို ဘာကြောင့်ရွေးချယ်သင့်သလဲ?

1️⃣ အရည်အချင်းပြည့် ဒူးဆစ်အထူးကုဆရာဝန်များ
MedPark ဆေးရုံတွင် ဒူးဆစ်အစားထိုးခွဲစိတ်မှု (Total Knee Replacement) ကို နှစ်ပေါင်း ၂၀ ကျော် အတွေ့အကြုံရှိသော အထူးကုဆရာဝန်များက လုပ်ဆောင်ပေးပါသည်။ ကမ္ဘာကျော် သင်တန်းများတက်ပြီး အမေရိကန်၊ ဥရောပ စံချိန်စံညွှန်းများဖြင့် ခွဲစိတ်ပေးပါသည်။

2️⃣ စက်ရုပ်နည်းပညာဖြင့် ခွဲစိတ်ခြင်း (Robotic-Assisted Surgery)
MAKO Robotic Arm ကဲ့သို့ ခေတ်မီစက်ရုပ်နည်းပညာကို အသုံးပြုပြီး၊ ဒူးဆစ်အတွင်း အတိအကျအစားထိုးနိုင်ခြင်း။
ခွဲစိတ်မှုကြောင့် နာကျင်မှုနည်းပြီး ပြန်လည်နာလန်ထူမှု ၂ ဆမြန်သည်။

3️⃣ လူနာဗဟိုပြု စောင့်ရှောက်မှု
ခွဲစိတ်မှုမတိုင်မီ 3D ပုံစံထုတ်ခြင်း ဖြင့် လူနာ၏ဒူးဆစ်နှင့် ကိုက်ညီသော အစားထိုးပစ္စည်း (Implant) ကို စိတ်ကြိုက်ဒီဇိုင်းပြုလုပ်ခြင်း။
ခွဲစိတ်ပြီးနောက် အထူးပြန်လည်သန်စွမ်းရေးအစီအစဉ် (Rehabilitation) ဖြင့် လမ်းပြန်လျှောက်နိုင်သည်အထိ ကူညီပေးခြင်း။

4️⃣ JCI အသိအမှတ်ပြု နိုင်ငံတကာစံချိန်မီဆေးရုံ
MedPark သည် JCI (Joint Commission International) အသိအမှတ်ပြု ဆေးရုံဖြစ်ပြီး၊ လုံခြုံစိတ်ချရသော ကုသမှုကို ပေးစွမ်းပါသည်။

5️⃣ ခေတ်မီအဆင့်မြင့်ပစ္စည်းကိရိယာများ
ကြွက်သားနှင့် အရွတ်များကို အနည်းဆုံးထိခိုက်စေသော Minimally Invasive Technique ဖြင့် ခွဲစိတ်ပေးလျက်ရှိပါတယ်။

အသေးစိတ်တိုင်ပင်ဆွေးနွေးလိုပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါတယ်ရှင်။

💙 𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မြန်မာပြည်ရုံး 💙

ရန်ကုန်ရုံး
🏠 အမှတ် ၉၀၊ ဗိုလ်တထောင်စျေးလမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဗိုလ်တထောင်မြို့နယ်။
☎️ 𝟎𝟗 𝟕𝟕𝟐 𝟖𝟖𝟖𝟖 𝟓𝟕 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟗𝟒 𝟎𝟎𝟎𝟎 𝟔𝟖𝟖 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

မန္တလေးရုံး
🏠 ၆၆လမ်း၊ ၄၁ နှင့် ၄၂ လမ်းကြား၊ ၄၂ထောင့်အနီး။ (ယာယီ)
☎️ 𝟎𝟗 𝟕𝟕𝟐 𝟕𝟕𝟐 𝟔𝟐𝟖 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟒𝟎𝟕𝟐 𝟗𝟗 𝟖𝟏𝟐 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

#ဒူးအစားထိုး #ဒူးခွဲစိတ်ခြင်း

❤️ နှလုံးကျန်းမာရေး စစ်ဆေးမှု ပြုလုပ်သင့်တဲ့ အကြောင်းရင်းများ ❤️ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ နှလုံးဟာ အရေးအပါဆုံး ကလီစ...
10/10/2025

❤️ နှလုံးကျန်းမာရေး စစ်ဆေးမှု ပြုလုပ်သင့်တဲ့ အကြောင်းရင်းများ ❤️

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ နှလုံးဟာ အရေးအပါဆုံး ကလီစာတစ်ခုပါ။ ပုံမှန် နှလုံးကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ခြင်းက အောက်ပါအကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ် -

🔹 အန္တရာယ်ရှိနိုင်တဲ့ နှလုံးရောဂါများကို စောစီးစွာ သိရှိနိုင်ခြင်း
🔹 ဆေးကုသမှုကို အချိန်မီ ခံယူနိုင်ခြင်း
🔹 နှလုံးကျန်းမာရေး ပြဿနာများကို ကာကွယ်နိုင်ခြင်း
🔹 စိတ်ချရတဲ့ ဘဝနေထိုင်မှုပုံစံကို ရရှိခြင်း

MedPark Hospital မှာ နှလုံးကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ပါ!

MedPark Hospital မှာ ခေတ်မီတဲ့ စက်ကိရိယာများနဲ့ အတွေ့အကြုံရင့် ဆရာဝန်ကြီးများရဲ့ ကြီးကြပ်မှုအောက်မှာ နှလုံးကျန်းမာရေး စစ်ဆေးမှုတွေကို စနစ်တကျ ပြုလုပ်ပေးနေပါတယ်။

MedPark Hospital မှာ သင့်ရဲ့ နှလုံးကျန်းမာရေးကို ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါတယ်။

❤️𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မြန်မာပြည်ရုံး ❤️

ရန်ကုန်ရုံး
🏠 အမှတ် ၉၀၊ ဗိုလ်တထောင်စျေးလမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဗိုလ်တထောင်မြို့နယ်။
𝟎𝟗 𝟕𝟕𝟐 𝟖𝟖𝟖𝟖 𝟓𝟕 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟗𝟒 𝟎𝟎𝟎𝟎 𝟔𝟖𝟖 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

မန္တလေးရုံး
🏠 ၆၆လမ်း၊ ၄၁ နှင့် ၄၂လမ်းကြား၊ ၄၂ထောင့်အနီး။
𝟎𝟗 𝟕𝟕𝟐 𝟕𝟕𝟐 𝟔𝟐𝟖 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟒𝟎𝟕𝟐 𝟗𝟗 𝟖𝟏𝟐 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

#

သီတင်းကျွတ်ရုံးပိတ်ရက်ကြေညာခြင်းအောက်တိုဘာ ၃ရက်နေ့ မှ ၇ရက်နေ့ထိကို ရုံးပိတ်ထားမှာဖြစ်ပြီး ရုံးဝန်ဆောင်မှုများအတွက် ရုံးဖ...
03/10/2025

သီတင်းကျွတ်ရုံးပိတ်ရက်ကြေညာခြင်း

အောက်တိုဘာ ၃ရက်နေ့ မှ ၇ရက်နေ့ထိကို ရုံးပိတ်ထားမှာဖြစ်ပြီး

ရုံးဝန်ဆောင်မှုများအတွက် ရုံးဖုန်းနံပါတ်များမှတဆင့် ပုံမှန်အတိုင်း ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ရှင့်။ အောက်ပါရုံးဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါတယ်ရှင်။
ရန်ကုန်ရုံး - 09 772 8888 57
မန္တလေးရုံး - 09 772 772 628

❤️𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မြန်မာပြည်ရုံး ❤️

ရန်ကုန်ရုံး
🏠 အမှတ် ၉၀၊ ဗိုလ်တထောင်စျေးလမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဗိုလ်တထောင်မြို့နယ်။
𝟎𝟗 𝟕𝟕𝟐 𝟖𝟖𝟖𝟖 𝟓𝟕 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟗𝟒 𝟎𝟎𝟎𝟎 𝟔𝟖𝟖 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

မန္တလေးရုံး
🏠 ၆၆လမ်း၊ ၄၁ နှင့် ၄၂လမ်းကြား၊ ၄၂ထောင့်အနီး။
𝟎𝟗 𝟕𝟕𝟐 𝟕𝟕𝟐 𝟔𝟐𝟖 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟒𝟎𝟕𝟐 𝟗𝟗 𝟖𝟏𝟐 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

#

28/09/2025

💇‍♂️ ဆံပင်အစားထိုကုသမှုဖြင့် သင့်ယုံကြည်မှုကို ပြန်လည်ရယူလိုက်ပါ!

ဆံပင်ပါးခြင်း၊ ဆံပင်ကျွတ်ခြင်းများကို စိုးရိမ်နေရပါသလား? ခေတ်မီဆံပင်အစားထိုးနည်းပညာများဖြင့် သဘာဝကျပြီး ရေရှည်ခံသော ရလဒ်ကို ရရှိနိုင်ကာ သင့်ရဲ့ယုံကြည်မှုကို ပြန်လည်ရရှိစေမှာပါ။

✨ ဘာကြောင့် ဆံပင်အစားထိုးကုသမှုကို ရွေးချယ်သင့်သလဲ?
✅ ဘေးကင်းစိတ်ချရပြီး ထိရောက်သော ကုသမှုနည်းလမ်း
✅ သဘာဝဆံပင်ကဲ့သို့ သင့်ကိုယ်ပိုင်ဆံပင်များဖြင့် ပြန်လည်ရှင်သန်ခြင်း
✅ အနားယူရက် အနည်းငယ်သာလိုအပ်ခြင်း၊ မြန်ဆန်စွာ ပြန်လည်နာလန်ထူနိုင်ခြင်း
✅ ရေရှည်ခံသော ရလဒ်

🔍 လူကြိုက်များသော ကုသမှုနည်းလမ်းများ:
💠 FUE (Follicular Unit Extraction): ဆံပင်ဥတစ်ခုချင်းစီကို ဂရုတစိုက်ထုတ်ယူပြီး အစားထိုးခြင်း - အမာရွတ်မထင်စေဘဲ ပိုမိုမြန်ဆန်စွာ ပြန်လည်နာလန်ထူနိုင်ခြင်း
💠 FUT (Follicular Unit Transplant): ဆံပင်ထူတယ့်နေရာမှ ဆံပင်အစုကို ထုတ်ယူအစားထိုးခြင်း - ကျယ်ပြန့်သော ဆံပင်ကျွတ်သည့်နေရာများအတွက် ထိရောက်ခြင်း

💚 ဆံပင်ကျွတ်ခြင်းကို ဖုံးကွယ်ရုံမဟုတ်ဘဲ ကုသပါ။ ထူထဲသော သဘာဝဆံပင်များဆီသို့ ခရီးစဉ်ကို ယနေ့စတင်လိုက်ပါ!

❤️𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မြန်မာပြည်ရုံး ❤️

ရန်ကုန်ရုံး
🏠 အမှတ် ၉၀၊ ဗိုလ်တထောင်စျေးလမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဗိုလ်တထောင်မြို့နယ်။
𝟎𝟗 𝟕𝟕𝟐 𝟖𝟖𝟖𝟖 𝟓𝟕 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟗𝟒 𝟎𝟎𝟎𝟎 𝟔𝟖𝟖 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

မန္တလေးရုံး
🏠 ၆၆လမ်း၊ ၄၁ နှင့် ၄၂လမ်းကြား၊ ၄၂ထောင့်အနီး။
𝟎𝟗 𝟕𝟕𝟐 𝟕𝟕𝟐 𝟔𝟐𝟖 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟒𝟎𝟕𝟐 𝟗𝟗 𝟖𝟏𝟐 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

#

🔹 PCI နှလုံးသွေးကြောချဲ့ခြင်း ဆိုတာဘာလဲ?Percutaneous Coronary Intervention (PCI) ခေါ်  နှလုံးသွေးကြောချဲ့ကုသခြင်းသည် ပိတ...
22/09/2025

🔹 PCI နှလုံးသွေးကြောချဲ့ခြင်း ဆိုတာဘာလဲ?

Percutaneous Coronary Intervention (PCI) ခေါ် နှလုံးသွေးကြောချဲ့ကုသခြင်းသည် ပိတ်ဆို့နေသော နှလုံးသွေးကြောများကို ဖွင့်ပေးကာ သွေးစီးဆင်းမှု ပြန်လည်ကောင်းမွန်စေရန် ပြုလုပ်သော ကုသခြင်းတစ်မျိုးဖြစ်သည်။ နှလုံးသွေးကြောပိတ်ခြင်း (သို့) ရင်ဘတ်အောင့်ခြင်း (Angina) သည် ဆေးဝါးများဖြင့် မသက်သာပါက ဤခွဲစိတ်ကုသမှုကို ပြုလုပ်လေ့ရှိသည်။

🔹 ခွဲစိတ်ကုသပုံ

နှလုံးအထူးကု ဆရာဝန်သည် လက်ကောက်ဝတ် (သို့) ပေါင်ခြံမှ တစ်ဆင့် ပါးလွှာသော ပြွန်ငယ် (catheter) တစ်ချောင်းကို ထည့်သွင်းကာ နှလုံးဆီသို့ ဦးတည်ရွေ့လျားစေပြီး သွေးကြောပိတ်ဆို့မှုကို ဖွင့်ပေးရန် ဘောလုံးငယ်တစ်ခုကို ဖောင်းမှုတ်ကာ သွေးကြောကိုချဲ့ပြီး ဆက်လက်ကျယ်ဝန်းစေရန် stent ဟုခေါ်သော စကာဒေါက်တစ်ခုကို ချန်ထားခဲ့ပေးသည်။

🔹 ခွဲစိတ်ကုသမှု မပြုလုပ်မီ:

- ခွဲစိတ်ကုသမှု မစမီ ၄-၆ နာရီကြိုတင်၍ အစာမစားရ
- ဆရာဝန်ညွှန်ကြားသည့်အတိုင်း သွေးကျဲဆေးများ ရပ်ဆိုင်းရန်
- အိပ်ဆေးထိုးရန်လိုအပ်ပါသည်။ (လုံးဝအိပ်ပျော်သွားခြင်းမဟုတ်ပါ)

🔹 ခွဲစိတ်ကုသစဉ်:

ခွဲစိတ်ကုသချိန်သည် ယေဘုယျအားဖြင့် မိနစ် ၃၀ မှ ၁၂၀ အထိ ကြာမြင့်တတ်သည်။

🔹 ခွဲစိတ်ကုသမှု အပြီး:

- ခွဲစိတ်ခန်းပြင်ပအခန်းတွင် ၂-၆ နာရီခန့် အနားယူရန်
- ပြွန်ထည့်သွင်းရာနေရာတွင် အနည်းငယ်ရောင်ခြင်း/နာခြင်း ဖြစ်တတ်သည်
- ၂၄ နာရီအတွင်း ကားမောင်းခြင်းမပြုရ
- ၁ ပတ်အကြာတွင် ပေါ့ပါးသော လှုပ်ရှားမှုများ ပြန်လည်လုပ်ကိုင်နိုင်သည်

🔹 ကောင်းကျိုးများ:

နှလုံးသွေးစီးဆင်းမှုပိုမိုကောင်းမွန်ခြင်း၊ ရင်ဘတ်အောင့်ခြင်းမှ သက်သာရာရခြင်း၊ နှလုံးတိုက်ခိုက်မှုကို ကာကွယ်ပေးနိုင်ခြင်း။

🔹 ဖြစ်တတ်သော အန္တရာယ်များ:

သွေးယိုခြင်း၊ ပိုးဝင်ခြင်း၊ သွေးခဲခြင်း၊ သွေးကြောထိခိုက်ခြင်း (သို့) ရှားရှားပါးပါး လေဖြတ်ခြင်း။

🔹 အောက်ပါလက္ခဏာများဖြစ်ပေါ်ပါက ဆရာဝန်ကိုချက်ချင်းဆက်သွယ်ပါ:

ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်း၊ အဖျားတက်ခြင်း၊ သွေးယိုခြင်း၊ ပြွန်ထည့်သွင်းရာနေရာ ရောင်ရမ်းခြင်း (သို့) ထုံကျင်ခြင်း။

PCI ခွဲစိတ်ကုသမှုအပြီးတွင် သင့်နှလုံးကို ဂရုစိုက်ခြင်းသည်လည်း အလွန်အရေးကြီးပါသည် - ဆရာဝန်ညွှန်ကြားသည့်ဆေးများသောက်သုံးခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်စွာစားသုံးခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်ပါ။ ❤️

❤️𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မြန်မာပြည်ရုံး ❤️

ရန်ကုန်ရုံး
🏠 အမှတ် ၉၀၊ ဗိုလ်တထောင်စျေးလမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဗိုလ်တထောင်မြို့နယ်။
𝟎𝟗 𝟕𝟕𝟐 𝟖𝟖𝟖𝟖 𝟓𝟕 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟗𝟒 𝟎𝟎𝟎𝟎 𝟔𝟖𝟖 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

မန္တလေးရုံး
🏠 ၆၆လမ်း၊ ၄၁ နှင့် ၄၂လမ်းကြား၊ ၄၂ထောင့်အနီး။
𝟎𝟗 𝟕𝟕𝟐 𝟕𝟕𝟐 𝟔𝟐𝟖 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟒𝟎𝟕𝟐 𝟗𝟗 𝟖𝟏𝟐 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

#

သိုက်ရွိုက်ကင်ဆာလူနာတွေမှာ ရေဒီယိုသတ္တိကြွအိုင်အိုဒင်းကို ခွဲစိတ်ပြီးနောက် ကျန်ခဲ့သော သိုင်းရွိုက်ကင်ဆာဆဲလ်များကို ဖျက်ဆ...
04/09/2025

သိုက်ရွိုက်ကင်ဆာလူနာတွေမှာ ရေဒီယိုသတ္တိကြွအိုင်အိုဒင်းကို ခွဲစိတ်ပြီးနောက် ကျန်ခဲ့သော သိုင်းရွိုက်ကင်ဆာဆဲလ်များကို ဖျက်ဆီးရန် သို့မဟုတ် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားသော ကင်ဆာဆဲလ်များကို ဖျက်စီးရန်ပေးလေ့ရှိပါတယ်။ သိုင်းရွိုက်ကင်ဆာပြန်ဖြစ်နိုင်ခြေကိုလည်း လျှော့ချရန် အသုံးပြုပါသည်။

💊 ရေဒီယိုသတ္တိကြွအိုင်အိုဒင်းကို ဆေးပြားပုံစံဖြင့် ပေးလေ့ရှိသော်လည်း လိုအပ်ပါက အရည်ပုံစံဖြင့်လည်း ပေးနိုင်ပါသည်။

သောက်လိုက်တယ့်ရေဒီယိုသတ္တိကြွအိုင်အိုဒင်းသည် သွေးထဲသို့ ဝင်ရောက်ပြီး သိုင်းရွိုက်ကင်ဆာဆဲလ်များက စုပ်ယူသည်။ ရေဒီယိုသတ္တိကြွအိုင်အိုဒင်းသည် ဓာတ်ရောင်ခြည်ကို ထုတ်ပေးသည်။

အချိန်ကြာလာတာနဲ့အမျှ စုပ်ယူလိုက်တယ့်ကင်ဆာဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဆဲလ်များမှ မယူရသေးသော ရေဒီယိုသတ္တိကြွ အိုင်အိုဒင်း အများစုသည် ကုသမှုပြီးနောက် ပထမရက်အနည်းငယ်အတွင်း ခန္ဓာကိုယ်မှ လျင်မြန်စွာ ထွက်ခွာသွားကာ အဓိကအားဖြင့် ဆီးမှတဆင့် ဖြစ်သည်။ တံတွေး၊ ချွေး၊ မျက်ရည်၊ မိန်းမအင်္ဂါနှင့် မစင်များတွင် သေးငယ်သောပမာဏကိုလည်း စွန့်ထုတ်ပါမည်။

🔶🔶 ကုသမှုမတိုင်မီကြိုတင်ပြင်ဆင်ခြင်း 🔶🔶

1. သင်သည် လက်ရှိ သိုင်းရွိုက်ဟော်မုန်း (Euthyrox, Eltroxin, L-T4) ကို သောက်သုံးနေပါက၊ ဆေးပမာဏကို ချိန်ညှိပါ သို့မဟုတ် အောက်ဖော်ပြပါအတိုင်း ဟော်မုန်းကို ရပ်တန့်ပါ။
- ဆေးကို 0.05 mg/day သို့ 3 ပတ်ကြာ လျှော့ချပါ။
- သိုင်းရွိုက်ဟော်မုန်းကို ၃ ပတ်ကြာ ရပ်တန့်ပါ ။

2. အိုင်အိုဒင်းပါသော အစားအစာများကို အနည်းဆုံး ၂ ပတ်ကြာ စားသုံးခြင်းကို ရပ်တန့်ပါ ။
- ငါးအဆီ၊ Centrum ကဲ့သို့သော အိုင်အိုဒင်းပါဝင်သော ဗီတာမင်အစုံနှင့် ဖြည့်စွက်အစားအစာများ
- ချောကလက်နှင့် နို့ထွက်ပစ္စည်းများ။
- ပင်လယ်စာ၊ ဆူရှီ၊ kelp၊ ပင်လယ်ရေမှော် အမျိုးမျိုး။
- အိုင်အိုဒင်းဆားပါ၀င်သော ဟင်းခတ်အမွှေးအကြိုင်များ၊

3. propanolol၊ atenolol၊ ဆီးချိုဆေးများ၊ သွေးတိုးကျဆေးများ၊ ကယ်လ်စီယမ်၊ ဗီတာမင်စီ၊ ပါရာစီတမောစသည့် အိုင်အိုဒင်းမပါသော ဆေးဝါးများကို သင်သောက်နိုင်သည်။

4. iodinated contrast agents အသုံးပြုပြီး CT scan၊ IVP၊ coronary angiogram ရိုက်ခြင်းတို့ကို 4 ပတ်ကြာရှောင်ကြဉ်ပါ။

5. ဤကုသမှုသည် သန္ဓေသားကို အန္တရာယ်ဖြစ်စေသည်။ အကယ်၍ သင်သည် ကိုယ်ဝန်ရှိနေပါက သို့မဟုတ် ကိုယ်ဝန်ရှိနေနိုင်သည်ဟု သံသယရှိပါက ကုသမှုမခံယူမီ သင့်ဆရာဝန် သို့မဟုတ် ကျွန်ုပ်တို့၏ဝန်ထမ်းများကို အသိပေးပါ။

6. မိခင်နို့တိုက်နေပါက 6-8 ပတ်အလိုတွင် ရပ်တန့်ရပါမည်။ (သင့်ကလေးကို မိခင်နို့ဆက်လက်တိုက်ကျွေးလိုပါက မိခင်နို့ကို မည်သို့စုဆောင်းသိမ်းဆည်းရမည်ကို သင့်ကလေးအထူးကုဆရာဝန်နှင့် တိုင်ပင်ပါ။

🔶🔶 ရေဒီယို အိုင်အိုဒင်း ကုသမှုခံယူနေစဉ် ညွှန်ကြားချက် 🔶🔶

ကုသနေစဥ်အတွင်း ဆေးရုံ၂ရက်ခန့် တက်ရနိုင်ပြီး အခြားလူများကို ဓာတ်ရောင်ခြည်မထိစေရန် ၁ယောက်တည်းနေရပါမည်။

1. ကုသမှုမခံယူမီ အနည်းဆုံး 2 နာရီအလိုတွင် ရေသန့်မှလွဲ၍ အစာမစားပါနှင့်။

2. ရေဒီယို အိုင်အိုဒင်း (I-131) သောက်ပြီးနောက် ၁ နာရီကြာအောင် အစာမစားခြင်း သို့မဟုတ် ရေသန့်မှလွဲ၍ မည်သည့်အရာကိုမျှ မသောက်ပါနှင့်။

၃။ ဆေးရုံတက်နေစဉ်အတွင်း ပင်လယ်စာနှင့် အိုင်အိုဒင်းပါဝင်သော အစားအစာများကို မစားပါနှင့်။

4. ဆီးမှတစ်ဆင့် radioiodine ထုတ်လွှတ်မှုနှုန်းကို တိုးမြင့်လာစေရန်အတွက် နောက် 2-3 ရက်အတွင်း အရည်များများသောက်ပါ။

5. အထူးသဖြင့် ကုသမှုခံယူပြီး ပထမ 8-12 နာရီအတွင်း သင့်ဆီးအိမ်အား မကြာခဏ ၁နာရီ၁ခါလောက်ဆီးသွားရန်။

6. အသုံးပြုပြီးတိုင်း အိမ်သာကို နှစ်ကြိမ်ရေလောင်းပြီး လက်ကို သေချာဆေးပါ။ ရေဒီယို အိုင်အိုဒင်း ညစ်ညမ်းခြင်းမှ ကာကွယ်ရန် အိမ်သာ အပြင်ဘက်တွင် ဆီးသွားခြင်းကို ရှောင်ကြဉ်ပါ။

7. အခြားသူများနှင့် ဓါတ်ရောင်ခြည်ထိတွေ့ခြင်းမှ ကာကွယ်ရန် ဆေးရုံအခန်းတွင်နေရန်နှင့် ဧည့်သည်ရှိသည့်အခါ ခဲအကာနောက်တွင် အမြဲနေပါ။

8. ကျန်းမာရေးဝန်ထမ်းများနှင့် ဓာတ်ရောင်ခြည်ထိတွေ့မှုကို လျှော့ချရန် ဆက်သွယ်ရေးအတွက် တယ်လီဖုန်းကို အသုံးပြုပါ။

9. ဆေးရုံတက်နေစဥ်အတွင်း နူကလီးယားနည်းပညာပညာရှင်တစ်ဦးသည် ကိရိယာတစ်ခုဖြင့် သင့်ဓါတ်ရောင်ခြည်အဆင့်ကို နေ့စဉ် တစ်ကြိမ်စောင့်ကြည့်ပါမည်။
သင့်ခန္ဓာကိုယ်မှ ဓါတ်ရောင်ခြည် ထိတွေ့မှုသည် ဘေးကင်းသော အဆင့်သို့ လျော့ကျသွားလျှင် ဆေးရုံဆင်းနိုင်ပါပြီ။

10. ခန္ဓာကိုယ်အတွင်း I-131 ပြန့်နှံ့မှုကို ကြည့်ရှုရန် တစ်ကိုယ်လုံး SPECT/CT စကင်န်ဖတ်ရန် လိုအပ်နိုင်ပါသည်။ စကင်န်ဖတ်ခြင်းကို ကုသပြီး 3 ရက်မှ 10 ရက်အတွင်းလုပ်ဆောင်နိုင်သည်။

🔶🔶 radioiodine ကုသမှုခံယူပြီး 1 ပတ်အတွင်း အိမ်တွင်နေထိုင်စဉ် ညွှန်ကြားချက် 🔶🔶

1. ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များ၊ အခြားသူများနှင့် ကြာရှည်စွာ နီးကပ်စွာ ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။ လိုအပ်ပါက အနည်းဆုံး 1 မီတာ အကွာအဝေးကို ထားပါ။

2. တစ်ယောက်တည်း အိပ်ပါ။ အခြားသူများနှင့်ကြာရှည်စွာ အနီးကပ်နေခြင်းကို ရှောင်ကြဉ်ပါ။

3. ဖြစ်နိုင်ပါက သီးခြားအိမ်သာသုံးပစ္စည်းများကို အသုံးပြုပါ၊ အိမ်သာတက်ပြီးရေနှစ်ကြိမ်လောင်းပါ။ အိမ်သာသုံးပြီးနောက် လက်ကို သေချာစွာဆေးပါ။

4. အစာစားလျှင်တစ်ခါသုံးပန်းကန်များကိုသုံးပါ သို့မဟုတ် သင့်ပန်းကန်အသုံးအဆောင်များကို အခြားသူများနှင့် ခွဲရျ်ဆေးကြောပါ။

5. သင့်အိပ်ယာခင်းများ၊ မျက်နှာသုတ်ပဝါများနှင့် အဝတ်အထည်များကို အိမ်တွင် နေ့စဉ် ၁ ပတ်ခန့် သီးခြားစီလျှော်ဖွတ်ပါ။ သင့်ရဲ့အဝတ်ကိုလျှော်ပြီး အဝတ်လျှော်စက်အားသန့်ရှင်းရေးလုပ်ရန်မလိုပါ။

🔶🔶 radioiodine ကုသမှုခံယူပြီးနောက် 🔶🔶

1. နို့တိုက်ခြင်းကို ရပ်ပါ။ မိခင်နို့ကို သိမ်းဆည်းထားပါက သင့်ကလေးအထူးကုဆရာဝန်၏ အကြံပြုချက်အောက်တွင် သင့်ကလေးကို နို့တိုက်ကျွေးနိုင်ပါသည်။

2. ကုသမှုခံယူပြီး 1 နှစ်ကြာအောင် ကိုယ်ဝန်မဆောင်ပါနဲ့။

3. ကုသမှုခံယူပြီးနောက် ဆရာဝန်နှင့် ဆက်လက်ပြသရန် လိုအပ်ပါသည်။

သင့်ခန္ဓာကိုယ်ရှိ အင်္ဂါအစိတ်အပိုင်းများစွာကို ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူပြီးနောက်တွင် အချို့သော ဘေးထွက်ဆိုးကျိုးများ ရှိလာနိုင်သည်။ ပျို့အန်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ လည်ချောင်းနာခြင်း၊ ပါးပြင်များ ရောင်ရမ်းခြင်း သို့မဟုတ် နာကျင်ခြင်း၊ လည်ပင်းမအီမသာဖြစ်ခြင်း စသည်တို့ ပါဝင်နိုင်သည်။ ပြဿနာတစ်စုံတစ်ရာရှိပါက သင့်ဆရာဝန်နှင့် တိုင်ပင်ပါ။

🔶🔶 ရေဒီယိုအိုင်အိုဒင်း (I-131) ကုသမှုခံယူနေသည့် လူနာထံလာရောက်သည့် ဧည့်သည်လမ်းညွှန် 🔶🔶

1. ဆေးရုံတွင်ဧည့်သည်လာမည်ဆိုပါက သူနာပြုများကိုအရင်အကြောင်းကြားရန်

2. အသက် 18 နှစ်အောက်၊ ကိုယ်ဝန်ဆောင်များနှင့် ကိုယ်ဝန်ရှိသည်ဟု သံသယရှိသူများကို ခွင့်မပြုပါ။

3. ခွင့်ပြုချက်ထက် အခန်းထဲတွင် ကြာကြာမနေပါနှင့်။

4. လူနာကခဲနှင့်လုပ်ထားသောအကာနောက်တွင်နေရမည်။

6. လူနာ၏အိမ်သာကို မသုံးပါနှင့်။

7. လူနာ၏အခန်းထဲရှိ မည်သည့်အရာကိုမှ မထိမိစေရန်။ သွားရောက်လည်ပတ်စဉ်အတွင်း တစ်ခါသုံးအကာကွယ်များ၊ လက်အိတ်များဝတ်ဆင်ကာ ထွက်ခွါချိန်တွင် အဝင်ဝနားက အမှိုက်ပုံးထဲတွင်ချွတ်ခဲ့ရန်။ သွားရောက်ကြည့်ရှုပြီးနောက် လက်ကို သေချာစွာဆေးကြောရန် အကြံပြုအပ်ပါသည်။

❤️𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မြန်မာပြည်ရုံး ❤️

ရန်ကုန်ရုံး
🏠 အမှတ် ၉၀၊ ဗိုလ်တထောင်စျေးလမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဗိုလ်တထောင်မြို့နယ်။
𝟎𝟗 𝟕𝟕𝟐 𝟖𝟖𝟖𝟖 𝟓𝟕 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟗𝟒 𝟎𝟎𝟎𝟎 𝟔𝟖𝟖 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

မန္တလေးရုံး
🏠 ၆၆လမ်း၊ ၄၁ နှင့် ၄၂လမ်းကြား၊ ၄၂ထောင့်အနီး။
𝟎𝟗 𝟕𝟕𝟐 𝟕𝟕𝟐 𝟔𝟐𝟖 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟒𝟎𝟕𝟐 𝟗𝟗 𝟖𝟏𝟐 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

#

26/08/2025

𝐌𝐞𝐝𝐏𝐚𝐫𝐤 ဆေးရုံမှာ ဆီးကျိတ်ကင်ဆာ ပျောက်ကင်းအောင် ကုသခဲ့တယ့်လူနာအကြောင်းကို မျှဝေလိုက်ပါတယ်

အသေးစိတ်တိုင်ပင်ဆွေးနွေးလိုပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါတယ်ရှင်။

💙 𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မြန်မာပြည်ရုံး 💙

ရန်ကုန်ရုံး
🏠 အမှတ် ၉၀၊ ဗိုလ်တထောင်စျေးလမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဗိုလ်တထောင်မြို့နယ်။
☎️ 𝟎𝟗 𝟕𝟕𝟐 𝟖𝟖𝟖𝟖 𝟓𝟕 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟗𝟒 𝟎𝟎𝟎𝟎 𝟔𝟖𝟖 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

မန္တလေးရုံး
🏠 ၆၆လမ်း၊ ၄၁ နှင့် ၄၂ လမ်းကြား၊ ၄၂ထောင့်အနီး။ (ယာယီ)
☎️ 𝟎𝟗 𝟕𝟕𝟐 𝟕𝟕𝟐 𝟔𝟐𝟖 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟒𝟎𝟕𝟐 𝟗𝟗 𝟖𝟏𝟐 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

Address

No. 90, Botahtaung Zay St, Between Merchant Road & Strand Rd, Botahtaung Township
Yangon
11161

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959772772628

Alerts

Be the first to know and let us send you an email when Asia New Way, MedPark Hospital Agent posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Asia New Way, MedPark Hospital Agent:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category