MediHelp Co.,Ltd

MediHelp Co.,Ltd Can buy many types of Laboratory and Medical Instruments. (Autoclaves , Incubators , Biosafety Cabi

Service Maintenance for Autoclave at Bangkok Women Hospital 😊🙏
22/09/2024

Service Maintenance for Autoclave at Bangkok Women Hospital 😊🙏

LED examination lamp လေး အားပေး၀ယ်ယူသွားတဲ့ ဆေးခန်းလေးနဲ့ လိုက်ဖက်နေမှူ့လေးပါ လိုအပ်တဲ့ပစ္စည်းတိုင်း စိတ်ချယုံကြည်စွာ အာ...
29/03/2023

LED examination lamp လေး အားပေး၀ယ်ယူသွားတဲ့ ဆေးခန်းလေးနဲ့ လိုက်ဖက်နေမှူ့လေးပါ


လိုအပ်တဲ့ပစ္စည်းတိုင်း စိတ်ချယုံကြည်စွာ အားပေးနေသော

ရောင်နီဦး ဆေးခန်း ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ့


Autoclavable Biohazard Bagsဆေးရုံများ ဓာတ်ခွဲခန်းများတွင် အသုံးပြုသောပိုးသတ်နိုင်သော အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်းထည့်သ...
15/02/2023

Autoclavable Biohazard Bags

ဆေးရုံများ ဓာတ်ခွဲခန်းများတွင်
အသုံးပြုသော
ပိုးသတ်နိုင်သော
အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်းထည့်သောအိတ်များ
ရရှိနိုင်ပါပြီ


05/02/2023


3 channels
28/01/2023

3 channels

မကြာခင် နှစ်သစ် promotion လေးနဲ့ လာခဲ့ပါမယ် ☺️
24/01/2023

မကြာခင် နှစ်သစ် promotion လေးနဲ့ လာခဲ့ပါမယ် ☺️

တိုက်ကြီးမြို့နယ်မှ ဆေးခန်းအတွက် လိုအပ်သော ECG,  ၀ယ်ယူအား‌ပေးသွားပါသော Doctor  အားအထူးကျေးဇူးတင်ရှိပါသည်။ကျနော်တို့ Medi...
12/01/2023

တိုက်ကြီးမြို့နယ်မှ ဆေးခန်းအတွက် လိုအပ်သော ECG, ၀ယ်ယူအား‌ပေးသွားပါသော Doctor အားအထူးကျေးဇူးတင်ရှိပါသည်။

ကျနော်တို့ MediHelp Co.,Ltd တွင် ဓာတ်ခွဲခန်းသုံးစက်ပစ္စည်းများနှင့် ဆေးရုံ၊ ဆေးခန်းသုံးစက်ပစ္စည်းများရရှိနိုင်ပါသည်။







မြ၀တီမြို့မှ ဆေးခန်းအတွက် လိုအပ်သော ECG, Autoclave နှင့် အသေးသုံးဆေးခန်းသုံးပစ္စည်းများ ၀ယ်ယူအား‌ပေးသွားပါသော Dr Win Lwi...
13/10/2022

မြ၀တီမြို့မှ ဆေးခန်းအတွက် လိုအပ်သော ECG, Autoclave နှင့် အသေးသုံးဆေးခန်းသုံးပစ္စည်းများ ၀ယ်ယူအား‌ပေးသွားပါသော Dr Win Lwin Htun အားအထူးကျေးဇူးတင်ရှိပါသည်။

ကျနော်တို့ MediHelp Co.,Ltd တွင် ဓာတ်ခွဲခန်းသုံးစက်ပစ္စည်းများနှင့် ဆေးရုံ၊ ဆေးခန်းသုံးစက်ပစ္စည်းများရရှိနိုင်ပါသည်။



ဝါလကင်းလွတ် သီတင်းကျွတ်အချိန်အခါလေးမှာ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ MediHelp Co.,Ltd မိသားစုမှ ဆုမွန်ကောင်းတောင...
08/10/2022

ဝါလကင်းလွတ် သီတင်းကျွတ်အချိန်အခါလေးမှာ

အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့

MediHelp Co.,Ltd မိသားစုမှ ဆုမွန်ကောင်းတောင်းပေးပါတယ်

စိတ်၏ကျန်းမာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ

ချောင်းဆိုးတဲ့ပုံစံပေါ်မူတည်ပြီးသောက်လို့ရမယ့်ဆေးလေးတွေပါဗျာ့crd_Dr_Nu_Myat_Theingi_Oo
20/02/2022

ချောင်းဆိုးတဲ့ပုံစံပေါ်မူတည်ပြီးသောက်လို့ရမယ့်ဆေးလေးတွေပါဗျာ့

crd_Dr_Nu_Myat_Theingi_Oo

🏥 "သင့်ဆေးရုံဆေးခန်းမှာ ဓာတ်ခွဲခန်း(Lab) ထည့်ဖို့ စဉ်းစားနေပြီလား"🏥🏥 "သင် ဓာတ်ခွဲခန်း(Lab) တစ်ခု ကိုစတင်လုပ်ဆောင်ဖို့စဉ်...
18/02/2022

🏥 "သင့်ဆေးရုံဆေးခန်းမှာ ဓာတ်ခွဲခန်း(Lab) ထည့်ဖို့ စဉ်းစားနေပြီလား"🏥

🏥 "သင် ဓာတ်ခွဲခန်း(Lab) တစ်ခု ကိုစတင်လုပ်ဆောင်ဖို့စဉ်းစားနေပါသလား" 🏥

✅ MediHelp Co.,Ltd မှ အစအဆုံး တာ၀န်ယူဆောင်ရွက်ပေးနေပါပြီ...

✅ ရောဂါတခုခုဖြစ်ခဲ့လျှင် ဆရာ၀န်မှအခြေ‌အနေပေါ်မူတည်၍ သက်ဆိုင်ရာ ဓာတ်ခွဲစစ်ဆေးမှုများဆောင်ရွက်ခိုင်းကာ ထိုအဖြေများနဲ့ စမ်းသပ်တွေ့ရှိမှုများပေါ်အခြေခံကာ လိုအပ်သောကုသမှုများဆောင်ရွက်ပေးကြပါတယ်။ ဒါကြောင့် ဓာတ်ခွဲခန်းတစ်ခုဟာ ဆေးကုသရာမှာ မရှိမဖြစ်လိုအပ်တဲ့အရာတွေထဲက တစ်ခုဖြစ်ပါတယ်။

✅ အရင်က သွေးအဖြေစစ်ဖို့အတွက်ဆို အဓိကအားဖြင့် အပြင်ပုဂ္ဂလိက သီးသန့် Lab တွေကိုသာ အားကိုးခဲ့ရပါတယ်။ ပုဂ္ဂလိက ဆေးရုံအကြီးကြီးတွေကတော့ အရင်ကတည်းက Lab ပါတွဲထည့်ပြီး တခါထဲ အလုံးစုံ ၀န်ဆောင်မှုပေးနိုင်သော်လည်း အလယ်အလတ်ဆေးရုံတွေ၊ Specialist clinic တွေမှာတော့ Test ပေါင်းစုံစစ်ဆေးနိုင်မဲ့ ဓာတ်ခွဲခန်းမရှိခဲ့ကြပါဘူး။

✅ သို့သော် တဖြည်းဖြည်း ပြောင်းလဲလာတဲ့အခြေအနေအရ တော်တော်များများ မိမိတို့ရဲ့ဆေးခန်းဆေးရုံတွေမှာပဲ အလုံးစုံ၀န်ဆောင်မှုပေးချင်လာကြတာကို တွေ့လာရပါတယ်။ အကျိုးကျေးဇူးအနေနဲ့ မိမိတို့ဆေးရုံဆေးခန်းမှာ တခါထဲ လူနာတွေကို အဆင်ပြေစွာ ၀န်ဆောင်မှုပေးနိုင်သွားမှာဖြစ်ပြီး လူနာတွေအတွက်လည်းအချိန်ကုန်သက်သာသွားမှာဖြစ်ပါတယ်။ ဆေးရုံဆေးခန်းပိုင်ရှင်များအနေနဲ့လည်း တဖက်တလမ်းမှ မိမိတို့အတွက် ဓာတ်ခွဲခန်းမှ ၀င်ငွေတချို့ပါ ရရှိလာမှာဖြစ်ပါတယ်။

✅ ဒါကြောင့် သင့်ဆေးရုံဆေးခန်းမှာ ဓာတ်ခွဲခန်းစလုပ်ဖို့ ဒါမှမဟုတ် ရှိပြီးသား Lab ကို upgrade လုပ်ဖို့ စဉ်းစားနေပြီဆိုရင် ဘာလုပ်ရမှန်းမသိ ခေါင်းခြောက်ခံဖို့ မလိုပါဘူး။ ကျနော်တို့ဆီမှာ Lab အတွက် One Stop Solution အနေနဲ့ အစအဆုံး တာ၀န်ယူဆောင်ရွက်ပေးနေပါတယ်။ သင်တို့အသုံးပြုချင်တဲ့ ငွေပမာဏပေါ်အခြေခံ၍ လက်ရှိဓာတ်ခွဲခန်း‌လောကမှာ အသုံးပြုနေတဲ့အဖြေမှန်တိကျတဲ့ စက်တွေကိုသာ အသုံးပြုပြီး နှစ်ပေါင်းများစွာ Lab တွေမှာ အတွေ့အကြုံရှိ အင်ဂျင်နီယာတွေရဲ့ ၀န်ဆောင်မှုနဲ့အတူ အစအဆုံး အကြံ‌ပေးဆွေးနွေး တာ၀န်ယူဆောင်ရွက်ပေးနေပါပြီ။

📱 CB or 09799693686
09799344520


07/02/2022

အမေးများလွန်းလာတဲ့ Molnupiravir အကြောင်း
------------------------------------------------------------------
Molnupiravir သည် Virus ပိုးကောင်ရေ ပြန့်ပွားနှုန်းအား ထိန်းချုပ်လျော့ချပေးသော Anti-Viral ဆေးများထဲမှ နောက်ဆုံးဆေးသစ်တစ်မျိုးဖြစ်ပါသည်။ အဆိုပါ ဆေးအား Covid19 Virus၏ ခန္ဓာကိုယ်တွင်း ပြန့်ပွားနှုန်း အား လျော့ချနိုင်ရန် လေ့လာစမ်းသပ်ခဲ့ကြပါသည်။

Dec 2021 တွင် US FDA မှ အရေးပေါ်အနေဖြင့်အသုံးပြုရန်ခွင့်ပြုထားသောဆေး (EUAs) သစ် ၂မျိုးကိုခွင့်ပြုခဲ့ရာ Merck ကုမ္ပဏီ၏ Molnupiravir နှင့် Pfizer ကုမ္ပဏီ၏ Paxlovid တို့ ဖြစ်ကြပါသည်။

အဆိုပါ သောက်ဆေး၂မျိုးမတိုင်ခင်ထိ အသုံးပြုခဲ့ရသော Remdesivir ထိုးဆေးသည် ဆေးရုံဆေးခန်း များတွင်သာ အသုံးပြုရန်သင့်တော်သဖြင့် အချို့လူနာများအတွက် အသုံးပြုရန် အခက်အခဲရှိခြင်း၊ ဆေးရုံဆေးခန်းများတွင် ရောဂါအခြေအနေအလွန်ဆိုးဝါးသော လူနာများအတွက် သာမက အလယ်အလတ်အဆင့်ရောဂါဆိုးဝါးနိုင်သော လူနာများအတွက် ဆေးသွင်းရန် ဆေးရုံတက်ရန် လိုအပ်ခြင်းတို့ကြောင့် ကမ္ဘာတဝန်းလုံးရှိ ဆေးရုံများ မနိုင်မနင်းဖြစ်ခြင်းအား လျော့ချနိုင်ရန် ရည်ရွယ်၍ EUAs License ဖြင့် ပါးစပ်မှသောက်သုံးနိုင်သော ‌ဆေးအဖြစ် ခွင့်ပြုပေးခဲ့ပါသည်။

ဘယ်လိုလူနာတွေမှာသုံးဖို့ရည်ရွယ် ခွင့်ပြုထားတာလဲ ???
--------------------------------------------------------
Molnupiravir ဆေးသည် ယခုချိန်ထိ EUAs (အ‌‌ရေးပေါ်ခွင့်ပြုထားသောဆေး) သာဖြစ်ပါသည်။ Covid19 ရောဂါ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိပြီးသော အသက် ၁၈နှစ်အထက် လူနာများထဲတွင်မှ အသက်အရွယ်အရ လည်းကောင်း၊ ရောဂါအခံကြောင့်လည်းကောင်း၊ အခြားအကြောင်းကြောင်းများကြောင့်လည်းကောင်း နောက်ပိုင်းတွင် ပြင်းထန် Covid19 ရောဂါနောက်ဆက်တွဲများထိ ဖြစ်ပွားနိုင်ခြေများပြားပြီး အသက်ဆုံးရှုံးနိုင်ခြေရှိကြောင်း ***ဆရာဝန်များမှ*** ဆန်းစစ်ဆုံးဖြတ်ပြီးမှသာ သင့်တော်သော၊ ဆေးရုံတင်ရန်မလိုအပ်သော Mild to Moderate (အသင့်အတင့်ပြင်းထန်) လူနာများအား အိမ်တွင် သောက်သုံးနိုင်ရန် ကုသပေးသော ဆေးဖြစ်ပါသည်။ (Covid19 Positive အဖြေတွေ့သူတိုင်းအား ပေးသော ဆေးမဟုတ်ပါ။ ပေးရန်မလိုပါ။)

ဘယ်လိုလူတွေ၊ ဘယ်လိုအခြေအနေ မှာ မသုံးသင့်ဘူးလဲ။
--------------------------------------------------------
အဓိကကတော့ ဆရာဝန်တွေဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။ အသိပညာမျှဝေခြင်းအတွက် သာ ရှင်းပြခြင်းဖြစ်ပါသည်။ အသက်၁၈နှစ်အောက်လူနာများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက် မိခင်များ၊ ကိုယ်ဝန်ဆောင်ရန်ရည်ရွယ်ထားသူများ တွင် အသုံးမပြုသင့်ပါ။ ဆေးအား ၅ရက်ထက်ပိုမို ကြာရှည် အသုံးမပြုရပါ။
Covid19 မဖြစ်အောင် ကာကွယ်ရန်အနေဖြင့် အသုံးမပြုရပါ။ (ကြိုတင်ဆောင်ထားရန်လုံးဝ မလိုအပ်ပါ)

ထူးခြားသော ဘေးထွက်ဆိုးကျိုးများရှိပါသလား။
--------------------------------------------------------
ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများအပေါ်တွင် ဘေးထွက်ဆိုးကျိုးရှိကြောင်း လေ့လာတွေ့ရှိထားပါသည်။ အသက်အရွယ်ငယ်သော ကလေးများတွင် အရိုးနှင့် အရွတ်များ ဖွံ့ဖြိုးမှုပေါ်တွင် ဆိုးကျိုးရှိကြောင်း တွေ့ရှိထားပါသည်။ လက်ရှိချိန်ထိ လေ့လာရသလောက်တွင် အခြားကြီးမားသော ဘေးထွက်ဆိုကျိုးမျိုးမရှိဘဲ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ဝမ်းလျောခြင်း အစရှိသည့် ဘေးထွက်ဆိုးကျိုးများသာ တွေ့ရှိရပါသည်။
သို့သော် အရေးပေါ်ခွင့်ပြုထားသော ဆေးဝါးဖြစ်သည့်အတွက် ပုံမှန်ကာလကြာရှည်စွာ လေ့လာဆန်းစစ်ထားသော ဆေးများကဲ့သို့ ဆေး၏ ဘေးထွက်ဆိုးကျိုးများ၏ ကာလတို၊ ကာလလတ်၊ ကာလရှည် အ‌သေးစိတ်လေ့လာနိုင်စွမ်းအားနည်းသည့်အတွက် EUAs ဆေးဝါးများအား မိမိသဘောဖြင့် သောက်သုံးခြင်းအား လုံးဝ လုံးဝ ရှောင်ကြဉ်ရပါမည်။

Covid19 ရောဂါ အရှင်းပျောက်အောင် ကုပေးနိုင်တဲ့ဆေးလား။
--------------------------------------------------------------
ကျတော်တို့ လူသားတိုင်းအတွက် Covid19 ရောဂါစတင်ပေါ်လာသည့် ပြီးခဲ့တဲ့ ၂နှစ်အတွင်း ဒီရောဂါကို အမြစ်ပြတ်ပျောက်စေချင်တဲ့ စိတ်ဆန္ဒအာသီသဟာ လူသားတိုင်း၊ ကမ္ဘာ့နေရာတိုင်းမှာရှိနေကြပါတယ်။ နည်းပေါင်းစုံနဲ့လည်း ကြိုးစားနေကြဆဲဖြစ်ပါတယ်။ Vaccine တွေသည်တော့ ပထမခံတပ်အနေဖြင့် ကာကွယ်နိုင်ရန် ဖြန့်ကျက်လုပ်ဆောင်နေဆဲဖြစ်သော်လည်း ပြန်လည် Booster ထိုးနှံပေးရသည့်အတွက် ကမ္ဘာလုံး အတိုင်းအတာဖြင့် လွှမ်းခြုံနိုင်ရန် ခက်ခဲနေဆဲဖြစ်ပါသည်။
Virus ကြောင့်ဖြစ်တဲ့ရောဂါဖြစ်တဲ့အတွက် မိမိတို့ ခန္ဓာကိုယ်ထဲရှိ ကိုယ်ခံအားသည် အဓိက စစ်သူကြီးဖြစ်ပါသည်။ ကျန်ဆေးဝါးများသည် အဆိုပါ ကိုယ်ခံအား ကောင်းစွာ ထိန်းချုပ်လုပ်ဆောင်နိုင်ရန် နည်းမျိုးစုံဖြင့် ဝိုင်းဝန်းကူညီ ပံ့ပို့ထောက်ကူပေးကြခြင်းဖြစ်ပါသည်။
ထို့ကြောင့် ရောဂါကုသဆေးများအားလည်း လက်ရှိချိန်ထိ အကောင်းဆုံး ကြိုးစားရှာဖွေမှုများထဲတွင် Molnupiravir နှင့် Paxlovid ဆေး၂မျိုးသည်တော့ လူနာများဆေးရုံတင်ရန်မလိုဘဲ ကုသမှုပေးနိုင်မည့် မျှော်လင့်ချက် ရောင်ခြည်များစွာ အထဲမှ အရေးပေါ်ဆေးဝါးများအဖြစ် လက်ရှိ အသုံးပြုဆဲဖြစ်ပြီး ကျတော်တို့ မြန်မာပြည်တွင်လည်း အသုံးပြုနိုင်ရန် ဆေးဝါးကုမ္ပဏီများမှ တင်သွင်းရောက်ရှိနေပြီဖြစ်ကြောင်း ကြားသိရသည့်အတွက် အများသူငှာ ကျန်းမာရေးဗဟုသုတရရှိနိုင်ရန် ရည်ရွယ်၍ မျှဝေလိုက်ရပါသည်။

အထက်ဖော်ပြပါကဲ့သို့ ကျန်းမာရေးဗဟုသုတ မျှဝေရခြင်း၏ အဓိကရည်ရွယ်ချက်သည် အသစ်ပေါ်သည့် ဆေးတိုင်းအား လိုအပ်လျှင် အသုံးပြုရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် မလိုအပ်ဘဲ ဝယ်ယူခြင်း၊ ဆောင်ထားခြင်းများ မပြုလုပ်ကြဘဲ အမှန်တကယ်လိုအပ်သည့် လူနာများကိုသာ ဆရာဝန်များမှ ပေးနိုင်ရန်အတွက် ကျန်းမာရေးဗဟုသုတရစေရန်ရည်ရွယ်ပါသည်။

ထို့အပြင် ဆေးဝါးများအား မလိုအပ်ဘဲ စုပြုံဝယ်ယူကြခြင်းဖြင့် ပုံမှန်မဟုတ်သော ဝယ်လိုအားများဖြစ်ပေါ်စေပြီး အဆိုပါဝယ်လိုအားများကြောင့် ဆေးဝါးအတုအပများ၊ ဆေးဝါးအတုအစစ်ခွဲခြားရန်ခက်သော (လိုင်စင်မရှိသော ဆေးဝါးများ) ဈေးကွက်အတွင်း ပျံ့နှံ့လာပါကလည်း ဆရာဝန်ညွှန်ကြားချက်မပါဘဲ ပြည်သူများမှ မိမိသဘောနှင့်အလွယ်တကူ သောက်သုံးပြီး အထက်ဖော်ပြထားသကဲ့သို့ ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်ပါက အနာဂတ်မျိုးဆက်ရင်သွေးများတွင် အန္တရာယ်ကျရောက်နိုင်ပါသည်။

လိုအပ်နိုင်မည့် လူနာများအတွက်လည်း ချင့်ချိန်ပြီး ဆေးဝါးတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီများမှတင်သွင်းထားကြောင်း ကြားသိရသည့်အတွက် မလိုအပ်ဘဲ ဝယ်ယူခြင်းများ ရှောင်ကြဉ်ခြင်းဖြင့် ပြည်သူအချင်းချင်း စောင့်ရှောက်ဖေးမကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

မြန်မာပြည်သူပြည်သားများအားလုံး ဘေးရန်ကင်းကွာ၊ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒများ အမြန်ဆုံး ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Reference :
• https://www.nejm.org/doi/full/10.1056/NEJMoa2116044
• US FDA Fact Sheet for Patients And Caregivers -- Emergency Use Authorization (EUA) Of Molnupiravir For Coronavirus Disease 2019 (COVID-19)
• https://www.fda.gov/news-events/press-announcements/coronavirus-covid-19-update-fda-authorizes-additional-oral-antiviral-treatment-covid-19-certain
• https://pubmed.ncbi.nlm.nih.gov/34968008/




#ရွှေအိုးဆေးဆိုင်

Address

Yangon

Telephone

+959799344520

Website

Alerts

Be the first to know and let us send you an email when MediHelp Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to MediHelp Co.,Ltd:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram