Vlog by Thae

Vlog by Thae healthy & beauty tips for daily life

12/07/2025

သိုင်းရွိုက်ရောဂါစဖြစ်ပီဆိုရင် သိထားရမယ့်အချက် 👇

အမြဲမေးနေကျ 👇      🤩 Bronchest ပြန်ရပါပီ 🤩          1 ဖာစျေး - 200000  ( 10 × 50 )😍 Bronchest ငုံဆေး ၁၀ထုပ်ယူရင် - 12000...
20/10/2022

အမြဲမေးနေကျ 👇

🤩 Bronchest ပြန်ရပါပီ 🤩

1 ဖာစျေး - 200000 ( 10 × 50 )

😍 Bronchest ငုံဆေး

၁၀ထုပ်ယူရင် - 12000ကျပ်
၁ထုပ်ကို 1200 နှုံးပဲကျပါမယ်ခင်ဗျာ

☎️ - 09789972150

Honest Review စစ်စစ် 🙋🙋🙋           #အကြောပြတ်ရာရှိတဲ့သူတွေအတွက်ပါနော်    Rachel  အတွက်လက်တွေ့ result ကောင်းတာလေးကြုံလို့...
01/08/2022

Honest Review စစ်စစ် 🙋🙋🙋

#အကြောပြတ်ရာရှိတဲ့သူတွေအတွက်ပါနော်

Rachel အတွက်လက်တွေ့ result ကောင်းတာလေးကြုံလို့ လာပြောပြတာပါရှင့် အသေးစိတ်ပြောပြချင်လို့ စာနဲနဲရှည်မယ်ရှင့် 🖐

ပွင့်ပွင့်လင်းလင်းနဲ့မရှက်တမ်းပြောပြရရင် Rachel က မေမေ့ဘက်နဲနဲလိုက်တော့ ရင်ကသာမန်ထပ် ဆိုဒ်နဲနဲကြီးပါတယ် အဲ့လိုဖြစ်ရတဲ့အထဲ Thyroid ရောဂါဖြစ်စတုန်းက အရမ်း၀လာပါတယ် အဲ့လို၀လာပြီး ပြန်ပိန်သွားတဲ့အခါမှာ အကြောပြတ်ရာတွေကျန်ခဲ့ပါတယ် အဆိုးဆုံးက ရင်ညွှန့်အထက်မှာပါ ဘယ်ဘက်က တော်တော်ဆိုးဆိုး အကြောပြတ်ရာကျန်ပီး ညာဘက်ကတော့ နဲနဲခံသာပါတယ်

မိန်းကလေးဆိုတော့ လည်ပင်းနဲနဲဟိုက်တာလေး၀တ်ရင် မြင်နေရပီး အတော်ကြည့်ရဆိုးပါတယ် အဲ့ဒါကြောင့် သတိထားပီး ရွေး၀တ်ရပါတယ် ( အပျို အအိုနဲ့မဆိုင်ပါဘူးနော် တချို့အကြောပြတ်ရာတွေကလေ )

အမျိုးသမီးဖြစ်ဖြစ် အမျိုးသားဖြစ်ဖြစ် အဓိကကတော့ ၀တဲ့နေရာကနေပိန်သွားတာ အားကစားလုပ်တာ ပြေးတာ Gym ဆော့ပီး body transform အမြန်လုပ်ကျတဲ့သူမျိုးတွေ ကိုယ်အလေးချိန်ကို အချိန်တိုအတွင်းအရမ်းလျှော့ချလိုက်တဲ့ သူအချို့မှာ ကြုံတွေ့ရလေ့ရှိပါတယ် Rachel ကိုယ်တိုင်လဲ အပျိူပါပဲ တချို့တွေက နားလည်မှုလွဲတတ်ကျလို့ပါ ဒါကကြုံလို့ အကြောပြတ်ရာရှိတဲ့သူတွေအတွက် ရှင်းပြပေးတာပါနော်

Rachel အခုသုံးနေတဲ့ Bio Oil လေးကို ကြော်ငြာတွေ့တွေ့နေတာ ကြာပါပီ မသုံးဖြစ်ခဲ့ဘူး တခါတလေတွေ့ရင်လဲ အာရုံသိပ်မလာတာနဲ့ မ၀ယ်ဖြစ်ခဲ့ဘူး ခန့်မှန်းချေ လွန်ခဲ့တဲ့ 2 လလောက်ကျော်လောက်က ထင်တာပဲ ရွှေအိုးဆေးဆိုင်မှာ ဆေးသွား၀ယ်ရင်းနဲ့ Bio Oil အကြီးကို 15% ချထားတာမြင်လို့ ၀ယ်လိုက်ပါမယ်လေ စမ်းကြည့်တာပေါ့ဆိုပီး၀ယ်လာလိုက်တာ မှတ်မိသလောက် price ကလေ % ချပီး Bio Oil ဗူးကြီးကို 2 သောင်းကျော်မယ်ထင်တယ် ဘယ်သူညွှန်းတာမှမပါဘူး ကိုယ့်ဘာကိုယ်စမ်းကြည့်မယ်ဆိုပီး ၀ယ်လာလိုက်တာ

အဲ့ဒါနဲ့ ရေချိုးပီးချိန်မှာ စလိမ်းဖြစ်တယ် အမှန်ပြောရရင် နေ့စဥ်တောင်မလိမ်းဖြစ်ဘူး လိမ်းတော့လဲ တရက်တခေါက်ပဲ လိမ်းတာ( i´m ငပျင်းပါ 😁 )ဒါပေမယ့် Rachel က လိမ်းရင်တော့ အသားထဲစိမ့်၀င်နေအောင် သေချာဖိလိမ်းပါတယ် အကြောပြတ်ရာတွေနဲ့ ဆန့်ကျင်ဘက်ပေါ့ အရှည်လိုက်ပြတ်ရင် ကန့်လန့်ပေါ့ ဖိပီးပွတ်လိမ်းပါတယ် ရေချိုးပီးပီးချင်းမှာ လိမ်းတော့ ခန္ဓာကိုယ်က စုပ်ယူအားပိုကောင်းတယ် ဒါကတော့ Rachel အတွေးပါ

Rachel အကြောပြတ်ရာတွေ ဖြစ်တာက နှစ်တော်တော်ကြာပါပီ မှတ်မိသလောက်ဆို ၅ နှစ်နဲ့အထက်ပဲ ရှင်းရှင်းပြောရရင် ကိုယ်တိုင်အလှအပစိတ်မ၀င်စား ကိုယ့်ကိုကိုယ်လဲ ဂရုမစိုက်ဖြစ်တဲ့အထဲမှာပါပါတယ် ခုနောက်ပိုင်း အသက်ကြီးလာတာနဲ့အမျှ ကိုယ့်ကိုကိုယ်ပိုဂရုစိုက်သင့်ကြောင်းသိလာလို့ပါ

ခုမလိမ်းဖြစ်တဲ့ရက်တွေ နှုတ်လိုက်ရင် လိမ်းတဲ့ရက်က ၁ လကျော်ပေါ့နော် ခုအံ့သြစရာကလေ အကြောပြတ်ရာတွေက ၃ ပုံ ၁ ပုံလောက်လျှော့ကျသွားတယ် ပါးပါးလေးပဲကျန်တော့တယ် အရင်ကနော် ထင်းနေတာ ရင်ညွှန့်အကြောပြတ်ရာကြီးကလေ တကယ့်ကို လည်ပင်းနဲနဲလေး ဟိုက်ရင်တောင် ကြည့်ရတာ အရမ်းရုပ်ဆိုးတယ် မြင်ရတာကိုယ့်ဘာကိုယ်တောင်ရှက်လာတယ်

ဒါတောင်နေ့စဥ်မလိမ်းဖြစ်ဘူးနော် နေ့စဥ်သာ မနက် ၁ ည ၁ သေချာလိမ်းရင် ၁ လအတွင်းသိသာလိမ့်မယ်လို့ထင်တယ်

ဒါကြောင့် Rachel လိုအကြောပြတ်ရာရှိတဲ့ မောင်နှမတွေအကုန်လုံး Bio Oil ကို try ကြည့်ပါ နည်းစနစ်မှန်မှန်နဲ့ သေချာလိမ်းရင် ထူးထူးခြားခြား သက်သာလာပါလိမ့်မယ် တကယ့်လက်တွေ့မို့ fully recommend ပေးတာပါ သုံးကြည့်ပါနော်

အားလုံးကိုလှစေချင်တဲ့
Rc

# ps
Rachel လိုမျိုး Shwe Owh မှာ discount ချတဲ့အချိန်မှပြေး၀ယ်ကျပါလို့ 😁😁😁

သိရသလောက် ရွှေအိုးက ၁ လ၁ ကြိမ်လောက် promotion item တွေရှိတယ် ရွှေအိုး page ထဲအမြဲ၀င်ကြည့်ပီး ရွေး၀ယ်ပါ နောက်ထပ် Honest Review လေးတခု လာပါမယ်ရှင့်

ဆီးချိုရောဂါကြောင့် ခြေ/လက်များ ထုံကျင်ကိုက်ခဲခြင်းသည် ဆီးချိုရောဂါကြောင့် အာရုံကြောထိခိုက်ပျက်စီးခြင်း (Diabetic neurop...
11/07/2022

ဆီးချိုရောဂါကြောင့် ခြေ/လက်များ ထုံကျင်ကိုက်ခဲခြင်းသည် ဆီးချိုရောဂါကြောင့် အာရုံကြောထိခိုက်ပျက်စီးခြင်း (Diabetic neuropathy) ၏ လက္ခဏာတစ်ခု ဖြစ်ပါသည်။ ဆီးချိုရောဂါကြောင့် အာရုံကြော ထိခိုက်ပျက်စီးခြင်းသည် ဆီးချိုရောဂါကြောင့်ဖြစ်သော နောက်ဆက်တွဲဆိုးကျိုးများတွင် အဖြစ်အများဆုံး ရောဂါဖြစ်ပါသည်။ အမျိုးအစား ၁ နှင့် ၂ ဆီးချိုရောဂါရှင်များ၏ ၅၀% တွင် ဖြစ်ပွားနိုင်ပါသည်။

ရောဂါလက္ခဏာများ
============
ခြေ/လက်များထုံခြင်း၊ ကျင်ခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ အထိမခံနိုင်ခြင်း၊ ရွစိရွစိဖြစ်ခြင်း၊ ပူခြင်း/ မီးစနဲ့ ထိုးသကဲ့သို့ဖြစ်ခြင်းနှင့် ဓာတ်လိုက်သကဲ့သို့ဖြစ်ခြင်း စသောလက္ခဏာများကို ခံစားရနိုင်ပါသည်။ ခြေထောက်များ ထုံခြင်းကြောင့် ညှပ်ဖိနပ်မစီးနိုင်တော့ခြင်း၊ ခလုတ်တိုက်လွယ်ခြင်းတို့ ဖြစ်လေ့ရှိပါသည်။ ခလုတ်တိုက်ရာမှ ခြေထောက် အနာတရဖြစ်သောအခါ ထုံနေသဖြင့် သတိမထားမိဘဲ သေသေချာချာ မကုသမိရာမှတစ်ဆင့် ဆီးချိုခြေထောက်အနာဖြစ်ကာ ခြေထောက် ဖြတ်တောက်ကုသရသည်အထိ ဖြစ်သွားတတ်ပါသည်။ ဆီးချိုရောဂါကိုယ်၌က အနာကျက်နှေးသောကြောင့် အဆိုပါအခြေအနေအထိ ဆိုးသွားတတ်ခြင်းပင် ဖြစ်ပါသည်။

ကုသနည်း
======
အရေးကြီးဆုံး ကုသနည်းမှာ သွေးတွင်းရှိ ဂလူးကို့စ်ပမာဏကို ကျကျနနထိန်းခြင်းပင် ဖြစ်ပါသည်။ ဆီးချိုကျဆေးများကို စနစ်တကျ ပုံမှန်မီဝဲခြင်းအပြင် အစားအသောက်ကိုလည်း သေသေချာချာ ဂရုစိုက်စားသောက်ခြင်းတို့ဖြင့် ဆီးချိုရောဂါကြောင့် အာရုံကြောထိခိုက်ပျက်စီးခြင်းကို ကာကွယ်နိုင်ပြီး ရောဂါဆိုးမလာအောင်လည်း တားဆီးပေးနိုင်ပါသည်။

လိုက်နာရမည့်အချက်များ
==============
🔸 မိမိ၏ခြေထောက်ကို ဂရုတစိုက် ကြည့်ရှုစစ်ဆေးနေရပါမည်။ ဆရာဝန်နှင့် ပုံမှန်ပြသ၍ စစ်ဆေးစမ်းသပ်မှုကိုလည်း ခံယူသင့်ပါသည်။ ခြေထောက်ကို သန့်ရှင်းအောင် ထားရမည်။ ခြေသည်းညှပ်ရာတွင် ဒဏ်ရာမရစေရန် အထူးဂရုပြုရမည်။ အနာဖြစ်လျှင် အချိန်မဆိုင်းဘဲ ဆရာဝန်နှင့် ပြသရမည်။ မိမိခြေထောက်နှင့် ကွက်တိကျ၍ သက်တောင့်သက်သာဖြစ်သော ဖိနပ်ကို ရွေးချယ်ဝတ်ဆင်ရမည်။

🔸 သင့်တော်သော ကိုယ်လက်လှုပ်ရှားလုပ်ပါ။

🔸 အဆီလျှော့စားပါ။ ဝလျှင် ကိုယ်အလေးချိန် လျှော့ချပါ။

🔸 ဆေးလိပ်သောက်လျှင် ဆေးလိပ်ဖြတ်ပါ။ အရက်လျှော့သောက်ပါ။

အသုံးပြုနိုင်သည့် ဆေးဝါးများ
=================
🔹 အာရုံကြောအကျိုးပြု ဗီတာမင်များဖြစ်သော ဗီတာမင် ဘီ ၁၊ ၆၊ ၁၂ (Vitamin B1/6/12) တို့ပါဝင်သော အားဆေးများနှင့် ဇင့် (Zinc) ပါဝင်သော အားဆေးများကို မှီဝဲခြင်းဖြင့် ထုံကျင်ဝေဒနာများကို သက်သာစေနိုင်ပါသည်။

🔹 ဖြည့်စွက်ဆေးဝါးများအနေနှင့် ဂင်ဂိုဘိုင်လိုဘာ (Neurogin)၊ နနွင်းဆေး (Curcumin)၊ Omega-3 သို့မဟုတ် Omega-369၊ Vitamin D (Osteomax) နှင့် Anthocyanidins (Blueberry) တို့ကို မှီဝဲပေးနိုင်ပါသည်။

🔹 ဂင်ဂိုဘိုင်လိုဘာ ဆေးသည် သွေးလှည့်ပတ်မှုကို ကောင်းစေပြီး ထုံကျင်ခြင်းကို သက်သာစေပါသည်။ ကာကူမင်ဆေးသည် ခြေလက်ထုံကျင်ခြင်းကို သက်သာစေပြီး အာရုံကြောရောဂါကြောင့်ဖြစ်သော နာတာရှည် နာကျင်ခြင်းဝေဒနာကို သက်သာစေနိုင်ပါသည်။ Omega-3 ၏ ရောင်ရမ်းခြင်းကို ကျဆင်းစေသော အာနိသင်နှင့် အာရုံကြောထိခိုက်မှုများကို ပြန်လည်ကောင်းမွန်စေနိုင်သော အာနိသင်တို့သည် ယခုရောဂါအတွက် အကျိုးရှိပါသည်။

🔹 ဗီတာမင်ဒီသည်လည်း ဆီးချိုရောဂါကြောင့် အာရုံကြောထိခိုက်ပျက်စီးခြင်းကို သက်သာစေနိုင်သဖြင့် နာကျင်ခြင်းကို သက်သာစေရန် အထောက်အကူပြုပေးနိုင်ပါသည်။ ဆေးဖက်ဝင်ဒြပ်ပေါင်း (Anthocyanidins) ပါဝင်သော ဘလူးဘယ်ရီသည်လည်း သွေးကြောနံရံများကို ခိုင်ခံ့အောင်ထောက်ပံ့ပေးခြင်းဖြင့် ဆီးချိုနှင့် အာရုံကြောထိခိုက်ပျက်စီးခြင်း ဖြစ်နေသူများတွင် အသုံးဝင်ပါသည်။

🔹 ဆီးချိုရောဂါကြောင့် အာရုံကြောထိခိုက်ပျက်စီးခြင်းရောဂါ ဖြစ်ပွားပါက ဆရာဝန်နှင့်ပြသ၍ စနစ်တကျ ကုသမှုခံယူပါ။ နာကျင်မှုဝေဒနာများကို သက်သာစေရန် အနာပျောက်ဆေးများ၊ အာရုံကြောနာကျင်မှု ပျောက်ဆေးများ၊ စိတ်ကျရောဂါဆေးများနှင့် အနာပျောက်လိမ်းဆေးများကို သုံး၍ ကုသမှုခံယူရနိုင်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

Photo Credit

အသည်းကျန်းမာစေဖို့ စားသင့်တဲ့ အစားအစာ ၁၁ မျိုး                           🤩🤩🤩    အသည်းကို powerhouseလို့ တင်စားခေါ်ဝေါ်ကြ...
25/06/2022

အသည်းကျန်းမာစေဖို့ စားသင့်တဲ့ အစားအစာ ၁၁ မျိုး
🤩🤩🤩

အသည်းကို powerhouseလို့ တင်စားခေါ်ဝေါ်ကြပါတယ်။အသည်းဟာ ပရိုတိန်း၊ ကိုလက်စထရောနဲ့ သည်းခြေရည်ထုတ်လုပ်တာကစလို့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ကာဗိုဟိုက်ဒရိတ်တွေ သိုလှောင်ခြင်းအထိ မရှိမဖြစ်လိုအပ်တဲ့ ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတစ်ခုပါ။အသည်းဟာ ခန္ဓာကိုယ်ဇီဝဖြစ်ပျက်မှုက ထွက်လာတဲ့ အဆိပ်တွေ၊ အရက်နဲ့ဆေးဝါးက ထွက်လာတဲ့ အဆိပ်တွေကို ဖယ်ရှာပေးပါတယ်။အသည်းကျန်းမာရေးကို ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။အသည်းကျန်းမာစေဖို့ စားသင့်တဲ့ အကောင်းဆုံး အစားအစာ ၁၁ မျိုးကို ဖော်ပြပေးပါ့မယ်။

၁။ကော်ဖီ

ကော်ဖီက အသည်းကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်။ကော်ဖီသောက်တာက အသည်း ရောဂါမဖြစ်အောင် ကာကွယ်ပေးတယ်လို့ လေ့လာမှုတွေက ဖော်ပြခဲ့ပါတယ်။နာတာရှည် အသည်းရောဂါရှိသူတွေနဲ့ လေ့လာချက်အရ ကော်ဖီသောက်တာက အသည်းခြောက်တာနဲ့ အသည်းပျက်စီးနိုင်ခြေကို လျှော့ချပေးကြောင်း တွေ့ရှိရပါတယ်။ကော်ဖီသောက်တာက အဖြစ်များတဲ့ အသည်းကင်ဆာအမျိုးအစားဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပြီး အသည်းရောဂါနဲ့ ရောင်ရမ်းခြင်းအပေါ် ကောင်းကျိုးသက်ရောက်မှုရှိပါတယ်။ကော်ဖီသောက်တာက
အသည်းအတွင်းရှိ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေမြင့်မားစေပြီး ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။အသည်းအဆီဖုံးရောဂါ၊ကင်ဆာနဲ့အသည်းရောဂါ ဖြစ်နိုင်ခြေတွေကို လျှော့ချပေးပါတယ်။

၂။ရေနွေးကြမ်း

ဂျပန်လေ့လာမှုတစ်ခုအရ တစ်နေ့မှာ လက်ဖက်ရည်ကြမ်း ၁၀ ခွက်သောက်ခြင်းက အသည်းကျန်းမာရေးကို မြှင့်တင်ပေးကြောင်း တွေ့ရှိခဲ့ပါတယ်။
အသည်းအဆီဖုံးရောဂါ ရှိသူတွေ အပါအဝင် လေ့လာမှုတစ်ခုအရ လက်ဖက်ရည်ကြမ်းကို
၁၂ ပတ်ကြာ သောက်သုံးတာက အသည်းအကျန်းမာရေးကို အထောက်အကူပြုပြီး အသည်းအတွင်းရှိ oxidative stress နဲ့ အဆီအနည်ကျတာတွေကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

၃။ဂရိပ်ဖရု

ဂရိပ်ဖရု စားသုံးရင် အသည်း
ရောင်ရမ်းမှုကို လျှော့ချပေးပါတယ်။ဆဲလ်တွေကို ကာကွယ်ပေးကာ အသည်းကို ကျန်းမာစေပါတယ်။
လေ့လာမှုတွေအရ ဂရိပ်ဖရုမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက အသည်းအတွင်း တွယ်ဆက်တစ်သျှူးတွေ အလွန်အကျွံတည်ဆောက်နေတဲ့ အန္တရာယ်ရှိတဲ့ အခြေအနေ hepatic fibrosis ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

၄။ဘယ်ရီသီးများ

ဘလူးဘယ်ရီသီး ၊စတော်ဘယ်ရီသီး တွေမှာ အန်သိုဆိုက်ယာနင် တွေပါ၀င်ပြီး ဘယ်ရီသီးတွေရဲ့ အရောင်အဆင်းကို ပေးစွမ်းပါတယ်။အန်သိုဆိုက်ယာနင် က ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဖြစ်ပြီး
ကျန်းမာရေးအကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်ပါတယ်။တိရိစ္ဆာန်တွေနဲ့ လေ့လာမှုများစွာအရ cranberries နဲ့ blueberries ဖြည့်စွက်စာနဲ့ ဖျော်ရည်တွေစားသုံးတာက အသည်းကျန်းမာစေဖို့ ကူညီပေးကြောင်း တွေ့ရှိထားပါတယ်။
ဘယ်ရီသီးတွေမှာ Antioxidants ကြွယ်ဝစွာပါဝင်တာမို့ အသည်းပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။ ခုခံအားတက်စေပါတယ် ။ဒီရလဒ်တွေကို အတည်ပြုဖို့ လူသားတွေနဲ့ လေ့လာမှုများစွာ ပြုလုပ်ဖို့ လိုအပ်နေပါသေးတယ်။

၅။စပျစ်သီး

စပျစ်သီး အထူးသဖြင့် အနီရောင်နဲ့ ခရမ်းရောင်စပျစ်သီးတွေမှာ လူ့ကျန်းမာရေးအကျိုးပြုအပင်ဒြပ်ပေါင်းတွေ အများအပြားပါဝင်ပါတယ် ။အကျော်ကြားဆုံး တစ်မျိုးကတော့ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရရှိစေတဲ့ resveratrol ဖြစ်ပါတယ်။စပျစ်သီးစားတာက အသည်းကို အကျိုးပြုကြောင်း တိရစ္ဆာန်လေ့လာမှုများစွာက ပြသခဲ့ပါတယ်။
လေ့လာမှုတွေအရ စပျစ်သီးစားသုံးတာက ရောင်ရမ်းမှုကို လျော့ကျစေခြင်း၊အသည်း ပျက်စီးခြင်းမှ ကာကွယ်ပေးခြင်းနဲ့ antioxidant ပမာဏကို တိုးမြင့်ခြင်း အပါအဝင် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။စပျစ်သီး အစေ့ပါဝါးစားဖို့ အကြံပြုထားပါတယ်။

၆။သစ်တော်သီး

သစ်တော်သီးစားသုံးတာက ရောင်ရမ်းမှုကို လျှော့ချပေးပါတယ်။အရက်နာကျတဲ့ လက္ခဏာတွေ ကို သက်သာစေနိုင်ပါတယ်။ အရက်သောက်ခြင်းကြောင့် အသည်းပျက်စီးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

၇။သကြားမုန်လာဥ

Beetroot ဖျော်ရည်မှာ betalainsလို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါပြီး နှလုံးကျန်းမာရေးကို အကျိုးပြုပါတယ်။ ဓာတ်တိုးဆန့်ကျင်ပျက်စီးမှုနှင့် ရောင်ရမ်းမှုကို လျှော့ချပေးပါတယ်။ကြွက်တွေနဲ့ လေ့လာမှုအများအပြားအရ beetroot ဖျော်ရည်က အသည်းအတွင်းရှိ ဓာတ်တိုးပျက်စီးမှုနဲ့ ရောင်ရမ်းမှုကို လျှော့ချပေးတဲ့အပြင် သဘာဝအဆိပ်ဖြေအင်ဇိုင်းပမာဏကို တိုးမြှင့်ပေးနိုင်ကြောင်းတွေ့ရှိရပါတယ်။လူသားတွေနဲ့ လေ့လာမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါသေးတယ်။

၈။ဂေါ်ဖီမျိုးနွယ် ဟင်းသီးဟင်းရွက်များ

ဘရိုကိုလီ(ပန်းဂေါ်ဖီစိမ်း)၊မုန်ညင်းစိမ်းတို့လို
ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ်ပါဝင်မှုမြင့်မားပြီး အကျိုးပြုအပင်ဒြပ်ပေါင်းများစွာ ပါဝင်ပါတယ်။ Brussels (ကွမ်းသီးဂေါ်ဖီထုပ်)နဲ့ ဘရိုကိုလီကနေ ထုတ်ယူထားတဲ့ ဖြည့်စွက်စာတွေက အသည်းကနေ အဆိပ်ဖယ်ရှာတဲ့ဖြစ်စဉ်ကို အားပေးပြီး အသည်းပျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်ကြောင်း တိရစ္ဆာန်တွေနဲ့ လေ့လာမှုများအရ သိရပါတယ်။
2016 ခုနှစ် လေ့လာမှုတစ်ခုအရ ဘရိုကိုလီ ကျွေးတဲ့ ကြွက်တွေက အကျိတ် နဲ့ အသည်းအဆီဖုံးရောဂါ ဖြစ်ပွားမှု နည်းပါးကြောင်း တွေ့ရှိခဲ့ပါတယ်။လူသားတွေနဲ့ လေ့လာမှုတွေလုပ်ဖို့ လိုအပ်ပါသေးတယ်။

၉။အခွံမာသီးများ

အခွံမာသီးတွေမှာ အဆီဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဗီတာမင် E နဲ့ အကျိုးပြုအပင်ဒြပ်ပေါင်းတွေလို အာဟာရဓာတ်တွေ ကြွယ်ဝပါတယ်။အခွံမာသီးတွေစားတာက နှလုံးကျန်းမာရေးအတွက်သာမက အသည်းအတွက်ပါ ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိစေပါတယ်။ 2019 ခုနှစ် လေ့လာမှုတစ်ခုအရ အခွံမာသီးတွေ စားတာက အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါ ဖြစ်နိုင်ခြေ လျော့ကျသွားကြောင်း တွေ့ရှိခဲ့ပါတယ်။

၁၀​။အိုမီဂါ 3 ကြွယ်ဝတဲ့ငါးများ

အဆီများတဲ့ငါးတွေမှာ အိုမီဂါ-၃ ဖက်တီးအက်ဆစ်တွေ ပါဝင်တာမို့ ရောင်ရမ်းမှုကို လျှော့ချပေးပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
2016 ခုနှစ် လေ့လာဆန်းစစ်ချက်တစ်ခုအရ အိုမီဂါ-၃ ဖက်တီးအက်ဆစ်တွေက အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါ ရှိသူတွေမှာ အသည်းအဆီဖုံးခြင်းနဲ့ triglycerides အဆီတွေကို လျှော့ချပေးကြောင်း တွေ့ရှိခဲ့ပါတယ်။

၁၁။သံလွင်ဆီ

သံလွင်ဆီစားသုံးတာက နှလုံး၊အသည်းနဲ့ဇီဝဖြစ်စဉ် ကျန်းမာရေးအပေါ် ကောင်းကျိုးများစွာ ရရှိစေတဲ့အပြင် ကျန်းမာရေး အကျိုးကျေးဇူးများစွာရှိတာမို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီအဖြစ် သတ်မှတ်ထားပါတယ်။လေ့လာမှုတွေအရ သံလွင်ဆီစားတာက အသည်းအတွင်းရှိ အဆီပမာဏကို လျော့ကျစေပြီး သွေးစီးဆင်းမှုကို မြှင့်တင်ပေးကာ အသည်းအင်ဇိုင်းပမာဏကို ထိန်းညှိပေးကြောင်း သိရပါတယ်။

အသည်းဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့
အရေးကြီးအင်္ဂါတစ်ခုဖြစ်ပြီး လုပ်ငန်းဆောင်တာများစွာလုပ်ရပါတယ်။အသည်းကျန်းမာရေးက အရေးကြီးတာမို့ အသည်းကိုထိခိုက်စေမယ့် အရာတွေ (ဥပမာ အရက်၊ဆေးလိပ်သောက်တာ)ရှောင်ရှားပြီးအထက်ဖော်ပြပါ အစားအစာတွေကို မကြာခဏစားသုံးဖို့ အကြံပြုလိုက်ရပါတယ်။

#ဟမ်စိုင်း(ဆေး-မန်း)

လည်ပင်းကျီးပေါင်းရောဂါသည် အသက်အရွယ်ရလာသည်နှင့်အမျှ လူတိုင်းနီးပါး ဖြစ်ပွားနိုင်သော ရောဂါတစ်ခု ဖြစ်ပါသည်။ အချို့သောသူများ...
23/06/2022

လည်ပင်းကျီးပေါင်းရောဂါသည် အသက်အရွယ်ရလာသည်နှင့်အမျှ လူတိုင်းနီးပါး ဖြစ်ပွားနိုင်သော ရောဂါတစ်ခု ဖြစ်ပါသည်။ အချို့သောသူများတွင် အသက် ၃၀ ဝန်းကျင်ကတည်းက စတင်ဖြစ်လာသည်ကို တွေ့ရပါသည်။

လည်ပင်းကျီးပေါင်းရောဂါ ဖြစ်လာပါက...

ခေါင်းကိုက်ခြင်း၊ လည်ပင်းနာ ဇက်ကြောတက်ခြင်း၊ ကြွက်သားအားနည်းခြင်း၊ ဦးခေါင်းလှုပ်ရှားရခက်ခြင်း နှင့် ချာချာလည်အောင်မူးခြင်း စသော လက္ခဏာများ ဖြစ်လာနိုင်ပါသည်။ တစ်ခါတစ်ရံတွင် နာကျင်ခြင်းသည် လည်ပင်းတွင်သာမက နောက်စေ့၊ ပခုံး၊ ကျောနှင့် လက်များသို့ပင် ပြန့်နှံ့ရောက်ရှိသွားတတ်ပါသည်။

လည်ပင်းကျီးပေါင်းရောဂါ ဖြစ်ရခြင်း အကြောင်းအရင်းများမှာ - အသက်အရွယ်ကြီးခြင်း၊ ဦးခေါင်းထက်တွင် အလေးတင်၍ အလုပ်လုပ်ရခြင်း (ဥပမာ - ခေါင်းရွက်ဈေးရောင်းခြင်း/ ပစ္စည်းသယ်ခြင်း)၊ လည်ပင်းဒဏ်ရာ ရဖူးခြင်း၊ လည်ပင်းကို သက်တောင့်သက်သာ မဖြစ်သော အနေအထားတွင် ကြာရှည်နေရခြင်း (ဥပမာ - ကွန်ပျူတာ ကြာရှည်အသုံးပြုရသူများ)၊ ဆေးလိပ်သောက်ခြင်း တို့ဖြစ်ပါသည်။ လည်ပင်းကျီးပေါင်း မျိုးရိုးရှိသူများနှင့် အဝလွန်ပြီး ကိုယ်လက်လှုပ်ရှားမှု နည်းသူများမှာလည်း ပို၍ဖြစ်နိုင်ပါသည်။

🔹လည်ပင်းကြီးပေါင်းရောဂါတွင် လိုက်နာရမည့် ဆောင်ရန်ရှောင်ရန်များမှာ🔹

1⃣ ရောဂါဆိုးနေသည့် အချိန်များတွင် အနားယူရန် လိုအပ်ပါသည်။

2⃣ နာနေသည့် လည်ပင်းအနီးတစ်ဝိုက်ကို ရေနွေးအိတ် ကပ်ပေးနိုင်ပါသည်။

3⃣ ဦးခေါင်းနှင့် လည်ပင်း လေ့ကျင့်ခန်း လုပ်ပေးရပါမည်။ အစမှာ Isometric exercises ဟုခေါ်သော လည်ပင်းကြွက်သား သန်မာစေရေး လေ့ကျင့်ခန်းများ လုပ်ပေးရပါမည် (ပုံကိုကြည့်ပါ)။ သက်သာသွားလျှင် ပုံမှန်လုပ်နေကျ ဦးခေါင်းနှင့် လည်ပင်းလေ့ကျင့်ခန်းများ၊ အကြောလျှော့ခြင်းများ လုပ်ပေးနိုင်ပါသည်။ အားကစား ပြင်းပြင်းထန်ထန် မလုပ်သင့်ပါ။

4⃣ ကြမ်းကြမ်းတမ်းတမ်း အနှိပ်ခံခြင်း၊ အကြောပြင်ခြင်း၊ ဇက်ချိုးခြင်း တို့မပြုလုပ်သင့်ပါ။

5⃣ လည်ပင်းကော်လာ (Cervical collar) ကို နေ့လယ်နေ့ခင်းတွင် တပ်ဖို့လိုနိုင်ပါသည်။ Cervical collar ကို ရေရှည်တပ်ထားလျှင် လည်ပင်းကြွက်သားများ အားလျော့သွားနိုင်သောကြောင့် ရေတိုအနေနှင့်သာ အသုံးပြုသင့်ပါသည်။

6⃣ ကုသမှုအနေနှင့် နာကျင်ကိုက်ခဲမှု ခံစားရလျှင် Paracetamol နှင့် Aspirin ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများကို သောက်သုံးပေးနိုင်ပါသည်။ သဘာဝဆေးဝါးများအနက် မိုးမခပင် (Salix spp.) ၏ အခေါက်မှထုတ်လုပ်ထားသော ဆေးဖက်ဝင် Salicin ဒြပ်ပေါင်းသည် အထက်တွင်ဖော်ပြထားသော Aspirin ဆေးနှင့် အာနိသင်တူပါသည်။ သို့သော် သဘာဝမှရရှိသော Salicin ဒြပ်ပေါင်းသည် Aspirin ဆေးထက် အစာအိမ်ကို ထိခိုက်မှုနည်းပါးပြီး သွေးကျဲစေသောအာနိသင် မပါရှိသောကြောင့် အလွန်သင့်တော်သော သဘာဝဆေးဝါးတစ်မျိုး ဖြစ်သည်။

7⃣ လည်ပင်းအဆစ်များအတွက် Glucosamine နှင့် Chondroitin တို့ပါဝင်သော အဆစ်အားဆေးများ (ဥပမာ - Arthrotec) ကို သောက်သုံးပေးနိုင်ပါသည်။ အရိုးသန်မာစေရန် Calcium နှင့် Vitamin D ပါဝင်သော အားဆေးများ (ဥပမာ - Osteomax) ကို မှီဝဲပါ။

8⃣ ရောင်ရမ်းမှုသက်သာစေရန် Omega 3 fatty acid၊ ချင်း (Ginger)၊ နနွင်း (Curcumin) နှင့် ဆင်တုံးမနွယ်ဆေး (Tinoflam) တို့ကိုလည်း သောက်သုံးနိုင်ပါသည်။

9⃣ လည်ပင်းနှင့် ဦးနှောက်သို့ သွေးလှည့်ပတ်မှုကောင်းစေရန် အာရုံကြောဆေး (Neurogin) ကို သောက်သုံးနိုင်ပါသည်။

🔟 လိုအပ်လျှင် Mechanical traction ဟုခေါ်သည့် ဦးခေါင်းနှင့်လည်ပင်းကို ဆွဲဆန့်ကုသနည်းနှင့် ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေး ဆေးခန်းများတွင် ကုသရန်လိုလာနိုင်ပါသည်။ ရောဂါဆိုးသူများတွင် ခွဲစိတ်ကုသမှုများလည်း လိုအပ်လာနိုင်ပါသည်။

🔹 လည်ပေါင်းကျီးပေါင်း မဖြစ်စေရန် 🔹

1⃣ ထိုင်နေစဉ်နှင့် လမ်းလျှောက်စဉ် ကိုယ်ကို တည့်မတ်စွာထားပါ။

2⃣ ကွန်ပျူတာနှင့် အလုပ်လုပ်ရသူများတွင် ကွန်ပျူတာမျက်နှာပြင်ကို ဦးခေါင်းနှင့် တစ်တန်းတည်းထားပါ။ ကုန်းကုန်းကိုင်းကိုင်း ဖြစ်မနေစေရန် မတ်မတ်ထိုင်ပါ။ အလုပ်လုပ်စဉ် တစ်နာရီတစ်ကြိမ်ခန့် ဦးခေါင်းလှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်ခြင်း၊ အညောင်းအညာဖြေခြင်း တို့ကို မှန်မှန်ပြုလုပ်ပေးပါ။

3⃣ လည်ပင်းကို ထိခိုက်မှုမရှိစေရန် ဂရုစိုက်ပါ။ ကားစီးစဉ် ထိုင်ခုံခါးပတ် ပတ်ပါ။

4⃣ ဦးခေါင်းနှင့်ရွက်၍ အလေးအပင်မခြင်း/ ပစ္စည်းသယ်ခြင်း မပြုလုပ်ရပါ။

5⃣ ပုံမှန် ကိုယ်လက်လှုပ်ရှားလုပ်ပါ။ ဦးခေါင်းနှင့် လည်ပင်းလေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးနိုင်ပါသည်။ ယောဂ (Yoga) နှင့် ပလားတီးဇ် (Pilates) ကဲ့သို့သော နည်းများကိုလည်း ဆော့နိုင်ပါသည်။

6⃣ ကိုယ်အလေးချိန်များလျှင် လျှော့ချပါ။

7⃣ အဆီ လျှော့စားပါ။ ဆီကြော်စာများ စားသုံးခြင်းကို ရှောင်ကြဉ်ပါ။

8⃣ လတ်ဆတ်သော အသီးအရွက်များကို များများစားပေးပါ။

9⃣ ရေများများသောက်ပါ။ အိပ်ရေးဝဝအိပ်ပါ။

🔟 ဆေးလိပ်သောက်သူဖြစ်ပါက ဆေးလိပ်ဖြတ်ပါ။

ဒေါက်တာခင်မောင်လွင် (FAME)

References
https://emedicine.medscape.com/article/306036-overview
https://www.healthline.com/health/cervical-spondylosis
https://www.mayoclinic.org/diseases-conditions/cervical-spondylosis/symptoms-causes/syc-20370787 #:~:text=Cervical%20spondylosis%20is%20a%20general,common%20and%20worsens%20with%20age.
https://carle.org/conditions/neurological-conditions/cervical-spondylosis
https://www.spineuniverse.com/conditions/spondylosis/alternative-treatments-spondylosis
https://timesofindia.indiatimes.com/life-style/food-news/what-to-eat-to-avoid-cervical-pain/articleshow/68536731.cms

💊 ခရီးသွားတိုင်း ဆောင်ထားသင့်သည့် ဆေးများ 💊           အလုပ်ကိစ္စကြောင့်ဖြစ်ဖြစ် ‌အပန်းဖြေ ခရီးသွားတာပဲဖြစ်ဖြစ် ခရီးသွားတ...
03/05/2022

💊 ခရီးသွားတိုင်း ဆောင်ထားသင့်သည့် ဆေးများ 💊

အလုပ်ကိစ္စကြောင့်ဖြစ်ဖြစ် ‌အပန်းဖြေ ခရီးသွားတာပဲဖြစ်ဖြစ် ခရီးသွားတိုင်း ခရီးဆောင်အိတ်ထဲပါရမယ့် အရာတွေထဲက တစ်ခုကတော့ ကျန်းမားရေးအတွက် ဆေးဝါးတွေပဲဖြစ်ပါတယ်။မိမိတို့ ခရီး‌ဆောင်အိတ်ထဲမှာ အဝတ်အစား အလန်းစားတွေ မိတ်ကပ်၊Mascara၊နှုတ်ခမ်းနီ၊မျက်မှန်၊ရေမွှေး၊ဦးထုပ်၊Camera Selfie Stick Sunscreen တွေ Body Lotion တွေအပြင် အိမ်သုံးဆေးဝါးလေးတွေပါ ဆောင်ထားမှ ဘယ်နေရာရောက်ရောက် Smart ဖြစ်နေစေမှာပါနော်။


ဒါဆို ဘာတွေဆောင်ရမလဲ ?

✓ကားမူးတတ်သူများအတွက် အမူးပြေဆေးဆောင်ပါ။

✓အန်တာ ပျို့တာ သက်သာစေဖို့ အအန်ပျောက်ဆေးဆောင်ပါ။

✓လမ်းခရီးမှာ ညောင်းညာနေရင် အလွယ်တကူလိမ်းဖို့ Voltex လိုမျိုး အကိုက်အခဲပျောက်လိမ်းဆေးဆောင်ပါ။

✓ကိုယ်သွားတဲ့နေရာရောက်တဲ့အခါမှာ ညောင်းကိုက်ပြီး နုံး မနေစေဖို့ အကိုက်အခဲပျောက်ဆေးလိမ်းပြီး လန်းဆန်းပျော်ရွှင်စွာနေပါ။

✓နေရာစိမ်း ဒေသစိမ်းတစ်ခုကိုရောက်တဲ့အခါ အစားအသောက် စားပြီး မတည့်တာ ယားယံတာကနေကာကွယ်ဖို့ Anti-histamine ဆောင်ပါ။

✓Energy ပြည့်ပြီး လန်းဆန်းနေဖို့ vitamin C လေး ဆောင်ထားနိုင်ပါတယ်။

✓ဝမ်းပျက်ဝမ်းလျှောအတွက် ORS ဓါတ်ဆားရည်ထုပ်လေးတွေ ဆောင်ပါ။

✓ဖျားနာ ခေါင်းကိုက်တာအတွက် Analgesicဆောင်ပါ။

✓ရုတ်တရက် အစာမကြေ လေထိုးလေအောင့် ဖြစ်လာရင် သောက်ဖို့ အစာအိမ်ဆေးလေးတွေဆောင်ထားပါ။ ဒီလောက်ဆိုရင်တော့ သွားချင်တဲ့နေရာကို ကြိုက်သလို သွားပြီး ကဲနိုင်ပါပြီနော်။

myDoctor

Grapefruit (ဂရိတ်ဖရု ဖျော်ရည်/ အသီးတို့ နှင့် တွဲ မသောက်သင့်သော ဆေးများ 💊💊💊ဂရိတ်ဖရု (grapefruit) စားမယ်ဆိုရင်တော့ သက်ဆို...
21/04/2022

Grapefruit (ဂရိတ်ဖရု ဖျော်ရည်/ အသီးတို့ နှင့် တွဲ မသောက်သင့်သော ဆေးများ 💊💊💊

ဂရိတ်ဖရု (grapefruit) စားမယ်ဆိုရင်တော့ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဖြင့် တိုင်ပင်ဖို့လိုအပ်ပါတယ်။ ဂရိတ်ဖရု မှာ ပါတဲ့ Furanocoumarins ဓါတ် ကြောင့် တချို့သောဆေးတွေရဲ့ အာနိသင်ကို လျော့စေသလို၊ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ကိုလည်း ပိုဆိုးစေတယ်လို့ လေ့လာတွေ့ရှိချက်တွေ ရှိလို့ပါ။

ဆေးများကတော့...

* aliskiren (Tekturna) - (လိမ္မော်ရည်၊ ပန်းသီးဖျော်ရည် နှင့်ပါတွဲ မသောက်သင့်)

* alprazolam (Xanax)
* amiodarone (Pacerone)
* atorvastatin (Lipitor)
* carbamazepine (Tegretol)
* cilostazol (Pletal)
* clarithromycin (Biaxin)
* cyclosporine (Gengraf, Neoral)
* colchicine
* dronedarone (Multaq)
* erythromycin (E.E.S., Eryped)
* felodipine (Plendil)
* fentanyl
* fentanyl transdermal system (Duragesic Skin Patch)
* fexofenadine (Allegra)
* flibanserin (Addyi)
* indinavir (Crixivan)
* loratadine (Claritin)
* losartan (Cozaar)
* lovastatin
* nilotinib (Tasigna)
* naloxegol (Movantik)
* palbociclib (Ibrance)
* pazopanib (Votrient)
* pimozide (Orap)
* ranolazine (Ranexa)
* saquinavir (Invirase, Fortovase)
* sildenafil (Revatio, Vi**ra)
* simvastatin (Zocor)
* tadalafil (Adcirca, Cialis)
* vardenafil (Levitra, Staxyn)
* verapamil (Calan, Calan SR)
* warfarin

ရေးထားတာတွေ က ဆေးတွင်ပါဝင်သော chemical compound ဖြစ်ပါသည်။ ကွင်းခတ်ထားထာကတော့ အသုံးများတဲ့ brand name တွေပါ။

ဒါကြောင့် ကိုယ်သောက်နေတဲ့ ဆေးတွေရဲ့ အနောက်က ပါဝင်တဲ့ chemical compound ကို အပေါ် က list နဲ့ တချက် တိုက်ပြီးမှ grapefruit နဲ့ သောက်သင့် မသောက် သင့် ဆုံးဖြတ်သင့်ပါတယ်။

လေးစားစွာဖြင့်
ေါက်တာ ညီညီကျော်

Address

South Okkalapa Tsp
Yangon

Telephone

+959789972150

Website

Alerts

Be the first to know and let us send you an email when Vlog by Thae posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram