Dr. Ye Yint

Dr. Ye Yint Trust in God | Clinical Nutritionist
(3)

ဒေါက်တာ ရဲရင့် မှာ အာဟာရဆိုင်ရာအထူးပြုဆရာဝန်တစ်ယောက်ဖြစ်ပြီး
ကျန်းမာရေးနှင့် အာဟာရဆိုင်ရာ အခြေခံ ဗဟုသုတများ မျှဝေပေးလျက် ရှိပါတယ်။

Nipah virus ဆိုတာ တိရစ္ဆာန်မှတစ်ဆင့် လူသို့ ကူးစက်နိုင်သော ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါသည်။နီပါးဗိုင်းရပ်စ်များသည် တိရစ္ဆာ...
27/01/2026

Nipah virus ဆိုတာ တိရစ္ဆာန်မှတစ်ဆင့် လူသို့ ကူးစက်နိုင်သော ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါသည်။
နီပါးဗိုင်းရပ်စ်များသည် တိရစ္ဆာန်များ (ဥပမာ - လင်းနို့ သို့မဟုတ် ဝက်) ထံမှသော်လည်းကောင်း၊ မသန့်ရှင်းသော အစားအစာများမှသော်လည်းကောင်း လူသို့ ကူးစက်နိုင်ပြီး လူအချင်းချင်း တိုက်ရိုက်ထိတွေ့မှုမှတစ်ဆင့်လည်း ကူးစက်ပျံ့နှံ့နိုင်သည်။
လူသားများတွင် နီပါးဗိုင်းရပ်စ် ကူးစက်ခံရပါက ရောဂါလက္ခဏာ လုံးဝမပြသောအဆင့်မှ ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွါးခြင်းနှင့် အသက်အန္တရာယ်စိုးရိမ်ရသည့် ဦးနှောက်ရောင်ရောဂါဖြစ်သည်အထိ ဖြစ်ပွားနိုင်သည်။
နီပါးဗိုင်းရပ်စ်ကူးစက်ရောဂါသည် ပျောက်ကင်းအောင် ကုသနိုင်ခြင်း မရှိသေးသည့်အပြင်ကာကွယ်ဆေးများလည်း မပေါ်ပေါက်သေးပါ။
ရောဂါလက္ခဏာများ သက်သာအောင်သာပြုလုပ်ပေးနိုင်သည်။

ရောဂါသမိုင်းကြောင်း
နီပါးဗိုင်းရပ်စ်ကို (၁၉၉၉) ခုနှစ်တွင် မလေးရှားနိုင်ငံ ဝက်မွေးမြူရေးသမားများတွင် စတင်တွေ့ရှိခဲ့ရပြီး ပထမဆုံးအကြိမ်အဖြစ် အသိအမှတ်ပြု ရောဂါဖော်ထုတ်နိုင်ခဲ့သည်။ မလေးရှားနိုင်ငံတွင် (၁၉၉၉) ခုနှစ်နောက်ပိုင်းမှစ၍ ယခုအချိန်ထိ ရောဂါအသစ် ထပ်မံဖြစ်ပွါးကြောင်း တွေ့ရှိချက်မရှိသေးပါ။
(၂၀၀၁) ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဗိုင်းရပ်စ်ကို စတင်တွေ့ရှိခဲ့ပြီး၊ ထိုစဥ်ကတည်းက အဆိုပါနိုင်ငံများတွင် နှစ်စဥ်နီးပါး ရောဂါဖြစ်ပွါးမှုများ ရှိခဲ့သည်။
ထို့အပြင် အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသများတွင်လည်း ရံဖန်ရံခါ ရောဂါဖြစ်ပွါးမှုများရှိကြောင်း တွေ့ရှိခဲ့သည်။
ထို့အပြင် ဗိုင်းရပ်စ်ပိုးကို သယ်ဆောင်ထားသည့် လင်းနို့မျိုးစိတ်အမျိုးမျိုးသည် ကမ္ဘောဒီးယား၊ ဂါနာ၊ အင်ဒိုနီးရှား၊ မဒါဂတ်စတာ၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံအပါအဝင် နိုင်ငံအများအပြားတွင် တွေ့ရှိရသောကြောင့် ထိုဒေသများတွင်လည်း ကူးစက်ခံရနိုင်ခြေ ရှိနေသည်။

ရောဂါကူးစက်ပုံ
ရောဂါပိုးရှိသော လင်းနို့ သို့မဟုတ် ဝက်များအပါအဝင် ရောဂါရှိသော တိရစ္ဆာန်များနှင့် တိုက်ရိုက်ထိတွေ့မိခြင်း သို့မဟုတ် ၄င်းတို့၏ ခန္ဓာကိုယ်မှ ထွက်သော အရည်များ (တံတွေး၊ သွေး) နှင့် အညစ်အကြေးများ (ဆီး၊ မစင်) တို့နှင့် ထိတွေ့မိခြင်းမှကူးစက်နိုင်သည်။

အစားအစာများမှတစ်ဆင့် ကူးစက်ခြင်း
‌ရောဂါပိုးရှိသော တိရစ္ဆာန်များ၏ ခန္ဓာကိုယ်ထွက်အရည်များဖြင့် ပေကျံနေသော အစားအစာများ (ဥပမာလင်းနို့များ၏ ဆီး သို့မဟုတ် တံတွေးဖြင့် ထိတွေ့ထားသော သစ်သီးများကို စားမိခြင်း၊ သစ်သီးဖျော်ရည်များ (ဥပမာ - ထန်းရည်၊ ဓနိရည်) များကို သောက်သုံးမိခြင်း၊ ရောဂါပိုးရှိသော တိရစ္ဆာန်များ၏ အသားကို ကောင်းမွန်စွာ ချက်ပြုတ်ခြင်းမရှိဘဲ စားသုံးမိခြင်း

လူအချင်းချင်း ကူးစက်ခြင်း
ရောဂါပိုးရှိသူ၏ ခန္ဓာကိုယ်မှထွက်သော အရည်များနှင့် အညစ်အကြေးများကို နီးကပ်စွာ ထိတွေ့မိခြင်းမှလူအချင်းချင်း ကူးစက်နိုင်သည်။

ရောဂါလက္ခဏာများ
ရောဂါပိုးကူးစက်ခံရပြီး ရောဂါလက္ခဏာများ စတင်ဖြစ်‌ပေါ်သည့် အချိန်ကာလ သည် (၄)ရက် မှ (၁၄)ရက်အတွင်း ရှိနိုင်ပါသည်။ တစ်ခါတစ်ရံ ရက်ပေါင်း (၄၅) ရက်အထိ ကြာမြင့်နိုင်ကြောင်းလဲ တွေ့ရှိထားသည်။ သာမန် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများမှ ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ သို့မဟုတ် ပြင်းထန်ဦးနှောက်ရောင်ရောဂါအထိ ဖြစ်ပွါးနိုင်သည်။

ကနဦးရောဂါလက္ခဏာများအနေဖြင့် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ပျို့အန်ခြင်း၊ လည်ပင်းနာခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်းတို့ ဖြစ်ကြသည်။ ရောဂါပြင်းထန်လာပါက ခေါင်းမူးခြင်း၊ မှိန်းခြင်း နှင့် အခြားသော အာရုံကြောဆိုင်ရာ လက္ခဏာများ ခံစားရနိုင်သည်။
အချို့သောသူများတွင် ပုံမှန်မဟုတ်သော အဆုတ်ရောင်ရောဂါ နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာများကို ခံစားရနိုင်ပါသည်။
အလွန်ပြင်းထန်သော အခြေအနေများတွင် ဦးနှောက်ရောင်ခြင်းနှင့် အတက်လက္ခဏာများ ဖြစ်ပေါ်ပြီး (၂၄)နာရီ မှ (၄၈)နာရီအတွင်း သတိလစ်မေ့မျော့ခြင်းအဆင့် သို့ ရောက်ရှိသွားနိုင်သည်။

ဦးနှောက်ရောင်ရောဂါ ပြန်လည်ကောင်းမွန်လာသူအများစုသည် အပြည့်အဝ ပြန်လည်ကျန်းမာလာနိုင်သော်လည်း (၂၀) ရာခိုင်နှုန်းခန့်တွင် ဦးနှောက်အာရုံကြောဆိုင်ရာ လက္ခဏာများ ကျန်ရှိနေတတ်သည်။
နီပါးဗိုင်းရပ်စ်ကူးစက်ခံရသူများတွင် သေဆုံးနိုင်ခြေနှုန်းသည် (၄၀)ရာခိုင်နှုန်း မှ (၇၅)ရာခိုင်နှုန်းအတွင်း ရှိနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ခန့်မှန်းထားကြသည်။
အထက်ပါရောဂါလက္ခဏာများ ခံစားရပါက ဆရာဝန်နှင့် တိုင်ပင်၍ ရောဂါရှာဖွေကုသမှု ခံယူရန်လိုအပ်သည်။

ကာကွယ်ရန် နည်းလမ်းများ
၁။ လင်းနို့မှတစ်ဆင့် လူသို့ ရောဂါကူးစက်နိုင်ခြေကို လျှော့ချရန် နည်းလမ်းများ
ရောဂါကူးစက်မှုကို တားဆီးရန်အတွက် ထန်းရည်၊ ဓနိရည်များနှင့် အခြားလတ်ဆတ်သော အစားအစာများအနီးသို့ လင်းနို့များ မကပ်နိုင်စေရန် (ဥပမာ - ဝါးဖြင့်ပြုလုပ်ထားသော အကာအကွယ်များကို အသုံးပြုခြင်း) လုပ်ဆောင်ရမည်။
လတ်လတ်ဆတ်ဆတ် ခံယူထားသော ထန်းရည်၊ ဓနိရည်များကို မသောက်သုံးမီ သေချာစွာ ကျိုချက်ရမည်။
သစ်သီးဝလံများကို စားသုံးခြင်းမပြုမီ သေချာစွာဆေးကြောခြင်း၊ အခွံခွာခြင်းတို့ကို ပြုလုပ်ရန် လိုအပ်သည်၊ သစ်သီးများကို လင်းနို့ကိုက်ထားသည်ဟု သံသယရှိပါက လုံးဝမစားဘဲ စွန့်ပစ်ရမည်။

၂။ တိရစ္ဆာန်မှ လူသို့ ကူးစက်နိုင်ခြေ လျှော့ချခြင်း
ရောဂါပိုးရှိသော တိရစ္ဆာန်များနှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဥ်ခြင်း
ဖျားနာနေသော တိရစ္ဆာန်များ သို့မဟုတ် ၄င်းတို့၏အသားများ ကိုင်တွယ်ရာတွင် လည်းကောင်း၊ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း လက်အိတ်များ နှင့် တစ်ခါသုံး အေပရွန်များ (Aprons) စသည့် အကာအကွယ်ပစ္စည်းများကို စနစ်တကျ ဝတ်ဆင်ထားရမည်။
တိရစ္ဆာန်အသားများကို သေချာကျက်အောင်ချက်ပြုတ်ရမည်။

၃။ လူအချင်းချင်း ကူးစက်နိုင်ခြေ လျှော့ချခြင်း
နီပါးဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသော လူနာများနှင့် နီးကပ်စွာ ထိတွေ့ရာတွင် အကာအကွယ်ပစ္စည်းများ (ဥပမာအားဖြင့် လက်အိတ်၊ နှာခေါင်းစည်းများ နှင့် မျက်လုံးအကာများ စသည့်ပစ္စည်းများ) ကို အသုံးပြု၍သာ ထိတွေ့ကိုင်တွယ်ခြင်း
လက်ကို ဆပ်ပြာဖြင့် စနစ်တကျ ပုံမှန်‌ဆေးကြောရမည်။
၄။ ကိုယ်ခံအားကောင်းအောင်နေထိုင်ပါ။ အစားအသောက် သင့်တင့်မျှတစွာစားပြီး ကိုယ်လက် လက်ရှားမှု ပြုလုပ်ပါ။

သင်ကိုယ်တိုင်က သင့်အတွက်အကောင်းဆုံးဆရာဝန်ပါ။
တစ်ယောက်ချင်းစီတိုင်း စိတ်ရောကိုယ်ပါ ကျန်းမာကြပါစေ

ဒေါက်တာရဲရင့်
အာဟာရအထူးပြု

Reference - WHO

23/01/2026

နေမကောင်းဖြစ်မှ ဓာတ်ဆားရည် သောက်ရတာလား

သင်ကိုယ်တိုင်က သင့်အတွက်အကောင်းဆုံးဆရာဝန်ပါ။
တစ်ယောက်ချင်းစီတိုင်း စိတ်ရောကိုယ်ပါ ကျန်းမာကြပါစေ

ဒေါက်တာရဲရင့်
အာဟာရအထူးပြု

ခါးကုန်းခြင်းနှင့် သတိပြုရမည့်အချက်များကျောရိုးဆစ်များ ကွေးလာခြင်းကြောင့် ခါးအပေါ်ပိုင်း ပုံမှန်ထက် ပိုခုံးလာတာကို ခါးကု...
21/01/2026

ခါးကုန်းခြင်းနှင့် သတိပြုရမည့်အချက်များ

ကျောရိုးဆစ်များ ကွေးလာခြင်းကြောင့် ခါးအပေါ်ပိုင်း ပုံမှန်ထက် ပိုခုံးလာတာကို ခါးကုန်းတယ် ဆိုပြီး
ပြောကြတာ ဖြစ်ပါတယ်။ အသက်အရွယ်ကြီးလာရင် ခါးကုန်းလာတယ်ဆိုပြီး ပြောကြပေမယ့် အသက်အရွယ်ကြီးလာတိုင်း ခါးကုန်းလာတာတော့မဟုတ်ပါဘူး။
ခါးကုန်းတာကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရာတွေရှိပါတယ်။

ဘာကြောင့် ခါးကုန်းရသလဲ
၁။ ကိုယ်နေဟန်ထားမမှန်ခြင်း
လျော့တိလျော့ရဲထိုင်ခြင်းကြောင့် အပေါ်ပိုင်းကျောရိုးမှာ ကွေးတာပိုများပြီး ခါးကုန်းတာကို ဖြစ်စေနိုင်ပါတယ်။ အခုနောက်ပိုင်း အလုပ်လုပ်ရတဲ့ အခြေအနေတွေအရ ပိုတွေ့လာရပါတယ်။
၂။ မွေးရာပါ ချို့ယွင်းချက်ရှိခြင်း ၊ ကျောရိုးဆစ်ကောင်းစွာ မဖွံ့ဖြိုးခြင်း ၊ ပုံစံမမှန်ခြင်း
၃။ အရိုးပွခြင်း
အရိုးပွခြင်းဟာ အသက်အရွယ်ကြီးတဲ့သူတွေမှာဖြစ်တတ်ပြီး အထူးသဖြင့်အမျိုးသမီးတွေမှာဖြစ်တတ်ပါတယ်။ စတီးရွိုက်တွေကို ပမာဏအများကြီးနဲ့ အချိန် ကြာရှည်စွာစွဲသုံးရင်လည်းဖြစ်ပါတယ်
၄။ ခါးရိုးဆစ်ဒဏ်ရာရခြင်း စသည်တို့ကြောင့် ဖြစ်တတ်ပါတယ်။

ခါးကုန်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများကတော့
၁။ ဆေးသောက်သော်လည်း မသက်သာသည့် ခါးနာခြင်း
၂။ ကျောရိုးမှာ ပုံစံမမှန်ခြင်းကြောင့် အသက်ရှူရခက်ခဲခြင်း
၃။ ကျောရိုးမှတစ်ဆင့် အာရုံကြောများ ဖိမိခြင်းကြောင့် လက်မောင်းနှင့်ခြေထောက်များ ထုံကျဉ်အားနည်းခြင်း
၄။ ဟန်ချက်မညီဖြစ်ခြင်း
၅။ ပြင်းထန်သောသူတွေမှာ ဆီးနှင့်ဝမ်း မထိန်းနိုင်ခြင်း စသည်တို့ ဖြစ်တတ်ပါတယ်။

ခါးမကိုင်းစေဖို့အတွက် ငယ်စဉ်ကပင်
✅ ကလေးများအား ကိုယ်အနေအထား မတ်မတ်နေစေခြင်း
✅ လေ့ကျင့်ခန်းလုပ်ခြင်း
ဗိုက်ကြွက်သားတွေကို သန်မာစေတဲ့ လေ့ကျင့်ခန်းမျိုးတွေကလည်း ပုံစံအနေအထားကို ကောင်းမွန်စေပါတယ်။
✅ အရိုးသိပ်သည်းဆအားကောင်းစေရန် အာဟာရပြည့်ဝစာ စားသုံးခြင်း
ကယ်လ်စီယမ်နဲ့ဗီတာမင်ဒီ ပါဝင်တဲ့အစားအသောက်တွေကို အချိုးကျကျစားပေးဖို့ လိုအပ်ပါတယ်။
နေရောင်ခြည် ပုံမှန်ထိပါ။ နေရောင်မထိဖြစ်ပါက ဆရာဝန်နဲ့ တိုင်ပင်ပြီး Vitamin D ဖြည့်စွက်စာ မှီဝဲပါ။

အရိုးရဲ့သိပ်သည်းဆကိုစစ်ဆေးပါ။ ကိုယ့်မိသားစုထဲမှာ အရိုးပွရောဂါ ရှိတဲ့လူပါခဲ့ရင် ဒါမှမဟုတ် အရင်တုန်းက အရိုးကျိုးဖူးရင် စစ်သင့်ပါတယ်။

သင်ကိုယ်တိုင်က သင့်အတွက်အကောင်းဆုံးဆရာဝန်ပါ။
တစ်ယောက်ချင်းစီတိုင်း စိတ်ရောကိုယ်ပါ ကျန်းမာကြပါစေ

ဒေါက်တာရဲရင့်
အာဟာရအထူးပြု

ကြက်သွန်နီ အစိမ်းစားခြင်းကြက်သွန်နီမှာ ကျန်းမာရေးကောင်းကျိုးတွေရှိတာသိကြပေမယ့် ကြက်သွန်နီကို အစိမ်းစား တာကလည်း ကျန်းမာရေ...
20/01/2026

ကြက်သွန်နီ အစိမ်းစားခြင်း

ကြက်သွန်နီမှာ ကျန်းမာရေးကောင်းကျိုးတွေရှိတာသိကြပေမယ့် ကြက်သွန်နီကို အစိမ်းစား တာကလည်း ကျန်းမာရေး အကျိုးကျေးဇူးတွေရနိုင်ပါတယ်။

၁။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတယ်
ကြက်သွန်နီမှာ ဆဲလ်တွေ ပျက်စီးတာကို ကာကွယ်ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ ကင်ဆာနဲ့ နှလုံးရောဂါ အပါအဝင် နာတာရှည် ကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၂။ နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်နိုင်ခြေ လျော့ချပေးနိုင်တယ်။
ကြက်သွန်နီ အစိမ်းမှာပါတဲ့ ဒြပ်ပေါင်းတစ်မျိုးက သွေးတိုးကျစေသလို အရောင်ကျစေနိုင်ပါတယ်။ ဒါကြောင့် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပြီး သွေးခဲတာ သွေးကြောထဲမှာ အဆီစုပုံတာတွေလိုမျိုး နှလုံးသွေးကြောတွေကို ထိခိုက်စေနိုင်တဲ့ အခြေအနေတွေကို ကာကွယ်ပေးပါတယ်။

၃။ အစာခြေစနစ် ကျန်းမာစေတယ်
ကြက်သွန်နီ အစိမ်းမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာက အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေဖို့ရော အစာမကြေတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဝမ်းချုပ်တာမျိုး ကင်းစေပြီး အူမကြီးကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။

၄။ ကိုယ်ခံအား ကောင်းစေနိုင်တယ်

၅။ ဆီးချို ထိန်းညှိပေးတယ်
ကြက်သွန်နီ အစိမ်းမှာပါတဲ့ ဒြပ်ပေါင်း တစ်မျိုးက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးပြီး အမျိုးအစား -၂ ဆီးချို ရှိသူတွေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ အမျှင်ဓာတ် ပါဝင်နေတာကလည်း အစားစားပြီးချိန်မှာ ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆီးချိုရှိသူများအနေဖြင့် ကာဗိုဟိုက်ဒရိတ် အစားအစာများဖြစ်သော ထမင်း ၊ ခေါက်ဆွဲ ၊ ပေါင်မုန့်၊ အာလူး ကဲ့သို့သော အစားအစာများကိုတော့ ထိန်းစားရမည် ဖြစ်ပါသည်။

ကြက်သွန်နီက ကျန်းမာရေး ကောင်းကျိုး များတယ်ဆိုပေမယ့် အများကြီးတော့ မစားသင့်ပါဘူး။ ရင်ပူတာမျိုး၊ ပါးစပ်ထဲ ပူစပ်ပူလောင် ဖြစ်တာမျိုးကို ခံစားရနိုင်ပါတယ်။ စားချဥ့်ပြန်ရောဂါရှိသူ၊ အစာအိမ်ရောဂါအခံရှိသူ၊ ကင်ဆာ ဆေးသွင်းနေရသူများဆိုလျှင်တော့ အစိမ်းစားခြင်းမှ ရှောင်သင့်ပါတယ်။

ကြက်သွန်နီကို ထားသိုတဲ့အခါမှာတော့ မှိုတက်ခြင်းမှ ကာကွယ်ဖို့ အတွက် ခြောက်သွေ့ တဲ့နေရာမှာ ထားသိုပေးဖို့ အရေးကြီးတာလဲဖြစ်ပါတယ်။

သင်ကိုယ်တိုင်က သင့်အတွက်အကောင်းဆုံးဆရာဝန်ပါ။
တစ်ယောက်ချင်းစီတိုင်း စိတ်ရောကိုယ်ပါ ကျန်းမာကြပါစေ

ဒေါက်တာရဲရင့်
အာဟာရအထူးပြု

19/01/2026

ထမင်းက ရန်သူလား၊ မိတ်ဆွေလား

သင်ကိုယ်တိုင်က သင့်အတွက်အကောင်းဆုံးဆရာဝန်ပါ။
တစ်ယောက်ချင်းစီတိုင်း စိတ်ရောကိုယ်ပါ ကျန်းမာကြပါစေ

ဒေါက်တာရဲရင့်
အာဟာရအထူးပြု

2026 ခုနှစ်အတွက် ပထမဆုံး ကျန်းမာရေးနှင့်အာဟာရဆိုင်ရာဟောပြောပွဲကို တော့ ကျွန်တော်ငယ်ငယ်က ကြီးပြင်းလာခဲ့တဲ့ သန့်ရှင်းသောကာ...
18/01/2026

2026 ခုနှစ်အတွက် ပထမဆုံး ကျန်းမာရေးနှင့်အာဟာရဆိုင်ရာဟောပြောပွဲကို တော့ ကျွန်တော်ငယ်ငယ်က ကြီးပြင်းလာခဲ့တဲ့ သန့်ရှင်းသောကားတိုင်အသင်းတော်မှာ ကျေးဇူးတော်အားဖြင့် လုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ ဖိတ်ခေါ်စီစဉ်ပေးသော အသင်းတော်မှ တာဝန်ရှိသူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလဲ ကျေးဇူးတင်ရှိပါတယ်။

ငယ်ရွယ်စဉ်မှာထဲကအစားအသောက်တွေကို စနစ်တကျ စားသုံးမယ်၊ လေ့ကျင့်ခန်းစနစ်တကျလုပ်မယ် ဆိုပါကရောဂါတော်တော် များများဖြစ်ခြင်းမှ ကာကွယ်ပြီးသားဖြစ်ပါတယ်။

အချက်အလက်တွေအရ အခုနောက်ပိုင်းမှာ ပြောင်းလဲလာတဲ့ စားသောက်မှု ပုံစံအရ ကင်ဆာ ရောဂါ၊ ကျောက်ကပ်ရောဂါတွေက အသက် ၂၀ ကျော် ၃၀ ကျော်တွေမှာပါ စတင်ဖြစ်ပေါ်လာတာကိုလဲ တွေ့ရှိရမှာဖြစ်ပါတယ်။

အသက်အရွယ်တစ်ခု ရလာလို့ အခုမှ လေ့ကျင့်ခန်း စလုပ်မယ်ဆိုရင်လဲ နောက်မကျသေးပါဘူး။ ဆီးချိုရောဂါခံစားနေရသူတွေပင်လျှင် လမ်းပုံမှန် လျှောက်ပေးပါက ဆီးချိုရောဂါထိန်းရာတွင် များစွာအထောက်အကူပြုမှာဖြစ်ပါတယ်။

သင်ကိုယ်တိုင်က သင့်အတွက်အကောင်းဆုံးဆရာဝန်ပါ။
တစ်ယောက်ချင်းစီတိုင်း စိတ်ရောကိုယ်ပါ ကျန်းမာကြပါစေ

ဒေါက်တာရဲရင့်
အာဟာရအထူးပြု

18/01/2026

First health talk of 2026 at Holy Cross Church

16/01/2026

ခေါင်းတခြမ်းကိုက်တတ်သူများစားပေးသင့်သော အစားအစာ (၅)မျိုး

သင်ကိုယ်တိုင်က သင့်အတွက် အကောင်းဆုံးဆရာဝန်ပါ။

တစ်ယောက်ချင်းစီတိုင်း စိတ်ရောကိုယ်ပါကျန်းမာကြပါစေ

15/01/2026

အသားတစ်ရက်ကို ဘယ်လောက်စားပေးရမလဲ
အသားဓာတ် ပြည့်ဝဖို့ ဘာကြောင့် အရေးကြီးတာလဲ

သင်ကိုယ်တိုင်က သင့်အတွက် အကောင်းဆုံးဆရာဝန်ပါ။

တစ်ယောက်ချင်းစီတိုင်း စိတ်ရောကိုယ်ပါကျန်းမာကြပါစေ

13/01/2026

ဦးနှောက်စွမ်းဆောင်ရည် မြင့်မားစေဖို့ အကြံပြုချက်

သင်ကိုယ်တိုင်က သင့်အတွက် အကောင်းဆုံးဆရာဝန်ပါ။
တစ်ယောက်ချင်းစီတိုင်း စိတ်ရောကိုယ်ပါ ကျန်းမာကြပါစေ

ဒေါက်တာရဲရင့်
အာဟာရအထူးပြု

08/01/2026

သင့်တင့်မျှတတဲ့ စားသောက်မှုပုံစံဆိုတာ ဘယ်လိုမျိုးလဲ
အာဟာရပြည့်ဝ အောင် ဘယ်လိုစားရမလဲ

သင်ကိုယ်တိုင်က သင့်အတွက် အကောင်းဆုံးဆရာဝန်ပါ။
တစ်ယောက်ချင်းစီတိုင်း စိတ်ရောကိုယ်ပါကျန်းမာကြပါစေ

03/01/2026

သန်ချခြင်းနှင့် ပတ်သက်ပြီး အမေးများသော မေးခွန်းများ

🔹သန်ချဆေး အမျိုးအစားများ
အသုံးများတာကတော့

၁။ Albendazole 400 mg
၂။ Mebendazole 500 mg

၂ မျိုးဖြစ်ပါတယ်။
Brand Name တွေကတော့ အမျိုးမျိုးရှိနိုင်ပါတယ်။
ပုံမှန်အားဖြင့် သန်ချဆေး ၁ မျိုးကို ၁ ကြိမ် ၁ ရက်ပဲ သောက်နိုင်သော်လည်း မိမိ အခြေအနေ ပေါ်မူတည်ပြီးဆရာဝန်ညွှန်ကြားသည့် သန်ချဆေး အမျိုးအစား ၊ ၁ ကြိမ်ထက် ပိုသောက်ရတဲ့ အခါမျိုးတွေလဲရှိနိုင်ပါသည်။

ကိုယ်ဝန်ဆောင်မိခင်များ
နို့တိုက်မိခင်များ
ပိုးသတ်ဆေးသောက်နေရသူများ
အသည်းရောဂါအခံရှိသူများ
ကျောက်ကပ်ရောဂါ အခံရှိသူများ ဆရာဝန်နှင့် တိုင်ပင်ပြီးမှသောက်သုံးပါ။

🔹သန်ချဆေး ဘယ်အချိန်သောက်ရမလဲ။
ညစာစားပြီး အနည်းဆုံး ၂ နာရီလောက်နေမှ သောက်ပါ။

🔹သန်ချရင် အကောင်လိုက်ကျမှာလား။
သန်ကောင်တွေ အကောင်လိုက် ကျမလာပါဘူး။ သန်တွေကြေသွားတဲ့ အတွက်ကြောင့် ပုံမှန် ဝမ်းသွားတဲ့ အတိုင်းပါသွားမှာဖြစ်ပါတယ်။

🔹ကလေးတွေ ဘယ်အရွယ်က သန်ချဆေး တိုက်ရမလဲ
အသက် (၂) နှစ်အရွယ်က စပြီး (၆) လ တကြိမ် သန်ချပေးပါ။
အသက် ၁ နှစ် ကနေ ၂ နှစ် အတွင်းကိုတော့ ဆရာဝန် နဲ့ တိုင်ပင်ပြီး လိုအပ်မှာသာ သန်ချပေးဖို့ ဖြစ်ပါတယ်။

သင်ကိုယ်တိုင်က သင့်အတွက် အကောင်းဆုံးဆရာဝန်ပါ။

တစ်ယောက်ချင်းစီတိုင်း စိတ်ရောကိုယ်ပါကျန်းမာကြပါစေ

ဒေါက်တာရဲရင့်
အာဟာရအထူးပြု

Address

Yangon

Telephone

+959950791514

Website

Alerts

Be the first to know and let us send you an email when Dr. Ye Yint posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. Ye Yint:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram