Aung Su Pharmacy

Aung Su Pharmacy ကျန်းမာရေးနှင့်သက်ဆိုင်သည်များကို ဆွေးနွေးတိုင်ပင်နိုင်ပါသည် ။

09/02/2026



ကျွန်မ ကိုယ်တိုင်ဖြစ်ခဲ့တာပါရှင့်

သွေးကျဆေးနဲ့ မတည့်လို့ anaphylactic reaction ရသွားပြီး Emergency သွားလိုက်ရပါတယ်ရှင့်
ကျွန်မက သွေးကျဆေးစွဲသောက်နေရတာ ကြာပြီဖြစ်ပါတယ် ၊ ကိုယ်ဝန်နဲ့တုန်းကလဲ သွေးပေါင်တအားတိုးပြီး ဆေးတွေသောက်ခဲ့ရပါတယ်၊ ခုထိလဲ သောက်နေရတုန်းပါရှင့်

12.1.2026 ညက emergency သွားလိုက်ရတာပေါ့နော်၊ ဆေးစပြောင်းသောက်တာက 11.1.2026မှာ Enalapril (ACE Inhibitors) ကို မနက် ၁လုံး သောက်ပါတယ်၊ ညအိပ်ခါနီးကျ နှုတ်ခမ်းတွေ ယောင်နေတာ သတိထားမိတယ်၊ အမျိုးသားကိုတော့ ပြောတယ်၊ သူကလဲ တခုခု မတည့်လို့နေမယ်တဲ့ ဖြစ်ချင်တော့ အဲ့နေ့မှာ ဆိတ်ရိုးစွပ်ချက်တာ အရင်က မစားဘူး၊ ခုကျအနံ့မရတာနဲ့ စားကြည့်လိုက်မိတာ ညနေကျ နေလို့မကောင်းဘူး ဆိုပြီးဆက်မစားဖြစ်တော့ သူက ဟင်းကြောင့်ထင်တာ၊ ကျွန်မကလဲ ဆေးစပြောင်းတာ မပြောမိဘူး၊ စောင့်ကြည့်လိုက်မယ်ဆိုပြီး အိပ်လိုက်ကြတာ ၊ အိပ်မပျော်ဘူး ခြေထောက်တွေ ယားတာ၊ မီးပိတ်အိပ်တော့ မမြင်ရဘူးပေါ့နော် အေးလို့ ယားတယ်ပဲ ထင်တာ၊ မနက်ကျ လက်ချောင်းတွေ ယောင်နေတာ အတုတ်ကြီးတွေ ၊ လူကလဲ မလှုပ်ချင်ဘူး ဖြစ်နေတာပေါ့နော်၊ သားကို ကျောင်းသွားဖို့ ပြင်ပေး၊ မနက်စာကျွေး၊ ကျောင်းပို့ ပြန်လာတော့ ဟင်းချက် မီးပူတိုက် ရေချိုးပြီး ကျောင်းသွားကြို ၊ လက်ယောင်တာ ရေသောက်နည်းတယ်လို့ထင်ပြီး ရေတွေသောက်နေသေးတာ၊ အိမ်ပြန်ရောက်တော့ သားကို ရေချိုး ထမင်းကျွေးပြီး သူ့ပါးပါး အပြင်ခဏသွားတယ် အဲ့ထိလဲ ဘာမှမဖြစ်သေးဘူး၊ ည ၇နာရီလောက်ကျ လေတွေတက်တာ တဂေ့ဂေ့နဲ့ ခဏနေ လေပြွန်ကျည်းလာတာကို ခံစားလို့ရလာတာ ချောင်းတွေပါ ဆိုးလာတာနော် အဲ့ကျ Google ပြေးခေါက်တာ ဘာဖြစ်တာလဲပေါ့ အဲ့မှာကျမှ drug allergy ကို တွေ့တော့ ဟာ ငါ anaphylactic shock လားပေါ့ Enalapril ကို ဆက်ရှာ တွေ့၊ သားပါးပါး ပြန်ရောက်လာတာနဲ့ အချိန်ကိုက် emergency ပြေးကြတာ၊ အဲ့မှာလဲ Oxygen တိုင်းတော့ 77-85ကြား လူကတော့ သက်သာနေပြီ အနီကွက်တွေတော့ရှိ၊ accident cases တွေများနေတော့ စမ်းပြီးတော့ wheel chair နဲ့ pharmacy ကို သွားပြီး ဆွေးနွေးခိုင်းတယ် Pharmacist နဲ့ ၊ စကားပြန်မပါတော့ English လို ပြောရတော့တာပေါ့ သူကလဲ သေချာမေး ကျွန်မကလဲ ပြောပြ၊ သူက allergy?ခဏစောင့်ဆိုပြီး Allergy card ထုတ်ပေးလိုက်တယ်၊ emergency room ကို ပြန်ရောက်တော့ ဆရာဝန်က ECG ဆွဲတယ် ၊ ဆေးပေးမယ် မအိပ်ရဘူး ပြန်လို့ရမယ်ပြော၊ Nurse က ဘောင်းဘီကို ဆွဲတင်ပြီး injection လို့ ပြောပြီး ပေါင်ကိုထိုးချလိုက်တာ မြန်ချက်ပဲ ပြီးတာနဲ့ ရင်တွေတုန်လာတာ၊ ခဏနားပြီး ပြန်တော့တဲ့။ နောက်ရက်ကျ အပြင်ဆေးခန်းပြပြီး သေချာမေးတော့မှ anaphylactic reaction ဟုတ်တယ်တဲ့ ၊ အဲ့ဒါကြောင့် အမျိုးတို့ရေ မပေါ့ကျပါနဲ့ သတိထားကြပါလို့၊ ခုတော့ ဆေးသောက်ပြီး နားနေပါတယ်ရှင့်၊ ကျေးဇူးပါ 💪🏻
photo from Google credit

မိုးရာသီရောက်လာပြီဆိုတော့ သားသားမီးမီးလေးတို့ရဲ့ မေမေတွေကို နည်းနည်းလောက်မျှဝေပေးချင်ပါတယ်ရှင့်တုပ်ကွေးရာသီမှာ မေမေတို့ရ...
20/06/2023

မိုးရာသီရောက်လာပြီဆိုတော့
သားသားမီးမီးလေးတို့ရဲ့ မေမေတွေကို
နည်းနည်းလောက်မျှဝေပေးချင်ပါတယ်ရှင့်
တုပ်ကွေးရာသီမှာ
မေမေတို့ရဲ့ ကလေးလေးတွေ
ဖျားခဲ့မယ်ဆိုလျှင်
***နီးစပ်ရာဆေးခန်းမှာပြပါ
***ဆရာဝန်ရဲ့ ဆေးညွှန်းအတိုင်း
ကလေးလေးရဲ့ ခန္တာကိုယ်အလေးချိန်အရ
Paracetamol အရည်ကို ၆နာရီခြား (သို့မဟုတ်)
၄နာရီခြား တိုက်ကျွေးနိုင်ပါသည်။
***ဆေးသောက်ချိန်ကြားကာလ
အဖျားတက်ခဲ့သော်
ရေပတ်တိုက်ပေးပါ။
၁၊ရေပတ်တိုက်သောအခါ ရိုးရိုးရေနဲ့ပဲ တိုက်ပေးပါ၊
ရေခဲရေ လုံးဝမသုံးပါနှင့်၊ သွေးလှည့်ပတ်မှူကိုနှောင့်နှေးစေလို့ပါ။
၂၊ရေပတ်တိုက်ပြီးသောအခါ အနှီးအခြောက် သို့မဟုတ် အဝတ်အခြောက်နှင့် ဖွဖွလေး ဖိပေးပါ (တို့ပတ်ရိုက်သလိုမျိုးလေးပါ)၊ ခြောက်စေချင်ဇောနှင့် အဝတ်နဲ့ ပွတ်မပစ်ပါရန်။
၃၊ရေပတ်တိုက်သည်ထိ အဖျားမကျသေးလျှင် ရေချိုးပေးနိုင်ပါသည်။
***အင်္ကျီအထူများ ဝတ်ဆင်ပေးထားခြင်း၊ စောင်အထူများခြုံပေးထားခြင်းနှင့် အခန်းအလုံပိတ်ထားခြင်းများ မလုပ်သင့်ပါ။
***ဖျားနေစဥ်အတွင်းနှင့် ဖျားပြီးစ အချိန်များတွင် အစာခြေဖျက်မှူ လွယ်ကူစေသော အစာများ
ရွေးခြယ်ကျွေးပေးပါရန်။
***နို့တိုက်မိခင်တို့အနေနှင့် ကလေးလေးအား နို့ပိုတိုက်ပေးပါရန်။ (မိခင်နို့ထဲမှာ ခုခံစွမ်းအားတွေပါလို့ပါ)
***ဆီးသွားနှုန်းအားလဲ သတိထားကြည့်ပေးပါရန်။

သားသားမီးမီးတို့အတွက် မေတ္တာနှင့် သိသလောက်လေး မျှဝေပေးပါသည်။

Photo from Google.

ရာသီတုပ်ကွေးရောဂါ တဲ့မိုးရာသီရောက်ပြီဆိုတာနဲ့ အဖြစ်များတဲ့ ရောဂါတစ်ခုပါပဲ။၁၊ဘယ်လိုကူးစက်နိုင်သလဲဆိုရင်တော့🔴ရောဂါဖြစ်နေတဲ...
30/04/2022

ရာသီတုပ်ကွေးရောဂါ တဲ့

မိုးရာသီရောက်ပြီဆိုတာနဲ့
အဖြစ်များတဲ့ ရောဂါတစ်ခုပါပဲ။

၁၊ဘယ်လိုကူးစက်နိုင်သလဲဆိုရင်တော့

🔴ရောဂါဖြစ်နေတဲ့ သူက
ချောင်းဆိုးလို့ပဲ ဖြစ်ဖြစ်
နှာချေလိုက်တာကပဲ ဖြစ်ဖြစ်
လေထဲကနေတဆင့်
တခြားသူတွေဆီကို ကူးစက်သွားနိုင်သလို၊

🔴ရောဂါဖြစ်နေသူ ထိတွေ့ခဲ့တဲ့ အရာဝတ္ထု မျက်နှာပြင်တွေကို ထိတွေ့မိရာမှ တဆင့်လဲ ကူးစက်နိုင်ပါတယ်။

၂၊ဘယ်လိုကြိုတင်ကာကွယ်ရမလဲ ဆိုရင်တော့

💉💉💉Vaxigrip Tetra Vaccine
ရာသီပေါ်တုပ်ကွေးကာကွယ်ဆေးကို ကြိုတင်ထိုးနှံထားလို့ရပါတယ်။

Vaxigrip tetra ဆိုတဲ့အတိုင်း သူ့မှာ ရောဂါပိုး ၄မျိုးကို ကာကွယ်ပေးပါတယ်၊ ဘာတွေလဲဆိုတော့

1. Influenza Type A/ H1N1
2.Influenza Type A/ H3N2
3.Influenza Type B/ Australia
4. Influenza Type B/ Phuket
တို့ပဲ ဖြစ်ပါတယ်။

💉💉💉တစ်နှစ်တစ်ခါ ထိုးပြီး ကာကွယ်ရတဲ့ အမျိုးအစားဖြစ်ပါသည်။ ထို့ကြောင့်ဆေးရဲ့ သက်တမ်းကလဲ တစ်နှစ်ပဲရှိတဲ့အတွက် သတိထားစစ်ဆေးစေလိုပါသည်။

၃၊ဘယ်လိုထိုးရမလဲဆိုရင်တော့

👨‍⚕👩‍⚕၆လမှ ၁၇နှစ်ထိကို 0.5ml ၁လုံးထိုးရပါ့မယ်၊

***ကလေး ၉နှစ်အောက်ကို ဒီနှစ်မှ စထိုးမယ်ဆိုရင်တော့ ၄ပတ်ခြားပြီး ဒုတိယအကြိမ်အနေနှင့် 0.5ml ၁လုံး ထပ်မံထိုးနှံဖို့ လိုအပ်ပါတယ်။

👨‍⚕👩‍⚕လူကြီးတွေအနေနှင့်တော့ 0.5ml ၁လုံးထိုးရပါ့မယ်။

👶👶👶၆လနှင့်အထက် ကလေးလေးတွေကိုတော့ ပေါင်မှာထိုးနိုင်ပါတယ်။

👴👵👨‍🦰👱‍♀️လူကြီးတွေကိုတော့ လက်မောင်းမှာ ထိုးနိုင်ပါတယ်။

၄၊ ဘယ်ချိန်မှာစကာကွယ်သလဲဆိုရင်တော့

💉💉💉ကာကွယ်ဆေးထိုးပြီးနောက် ၂ပတ်မှ ၃ပတ် ကြာသော် ခန္ဓာကိုယ်ကနေ Antibody ကို စတင်ထုတ်နေပါပြီ။

၅၊ ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်လဲ ဆိုရင်တော့

-ခေါင်းကိုက်တာ၊ ဆေးထိုးတဲ့နေရာ နီတာ၊ ယောင်တာ၊ နာတာ နှင့် ငွေ့ငွေ့ဖျားတာတို့ ဖြစ်တတ်ပါတယ်။

၆၊ ဘယ်လိုသိမ်းဆည်းရမလဲဆိုရင်တော့

ရေခဲသေတ္တာထဲမှာ 2°C to 8°C (ဟင်းသီးဟင်းရွက်ထားတဲ့ အကန့်မှာ) သိမ်းဆည်းထားနိုင်ပါတယ်။ လုံးဝ မခဲရပါ။ မထိုးခင်မှာ လှုပ်ပေးရပါ့မယ်။

၇၊ ဘယ်လိုလူတွေထိုးသင့်လဲဆိုရင်တော့

1•အသက်အရွယ်ကြီးရင့်သူများ
2•ကလေးငယ်များ
3•နာတာရှည်ရောဂါရှိသူများ (ဆီးချိုရောဂါရှိသူများအပါအ၀င်)
4•ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များ
5•ကျန်းမာရေးဝန်ထမ်းများနှင့်
6•ကျောင်းနေအရွယ် ကလေးငယ်များကို ထိုးပေးထားသင့်ပါသည်။

🤰🤰🤰ဒုတိယနှင့် တတိယကိုယ်ဝန်သုံးလ ကာလ (Second and Third Trimester)တွင် ကိုယ်ဝန်ဆောင်မိခင်အား ၎င်းကာကွယ်ဆေး ထိုးထားခြင်းဖြင့် မွေးဖွားလာမယ့် ကလေးကို အသက်၆လ အထိ ကာကွယ်ပေးနိုင်သည်( Passive Protection) ဟု ဆိုကြပါသည်။

🙏🙏🙏အချုပ်အားဖြင့် မိုးရာသီတွင် အဖြစ်များသော တုပ်ကွေးရောဂါကို ကာကွယ်နိုင်ရန်အတွက် ရာသီပေါ်တုပ်ကွေးကာကွယ်ဆေးကို ကြိုတင်
ထိုးထားသင့်ပါသည်။

24/12/2021

အရောင်းပို့စ်လေးတွေ မတင်တာကြာပါပြီ
ခုကလေ Vitamin C အကြောင်းလေး
sharing လုပ်ပေးရင်း မှာလာလို့လေ
ကျေးဇူးတင်ပါတယ်ရှင့်🙏🙏🙏
ဆေးမှာချင်လို့ မှာလို့ရပြီလား ဆိုပြီး
တကူးတက လာမေးပြီး
မှာယူအားပေးကြသူတိုင်းကိုလဲ
ကျေးဇူးအထူးတင်ပါတယ်ရှင့် 🙏🙏🙏

‼️Vitamin C ချို့တဲ့ရင် ဘာတွေဖြစ်မလဲ?‼️❗️သွေးအားနည်းခြင်း-   Vitamin C နည်းနေတော့ သွေးထဲကို Ironအလုံအလောက်        မပို့န...
21/12/2021

‼️Vitamin C ချို့တဲ့ရင် ဘာတွေဖြစ်မလဲ?‼️

❗️သွေးအားနည်းခြင်း- Vitamin C နည်းနေတော့ သွေးထဲကို Ironအလုံအလောက်
မပို့နိုင်တော့ပါဘူး
(Microcystic anaemia)လို့လည်းခေါ်ပါသေးတယ်။

❗️အရေပြားပြဿနာ- အပေါ်မှာပြောထားသလိုပဲ Vitamin Cဟာ collagen production မှာ အဓိက ဇာတ်ကောင်ဖြစ်တော့ သူမရှိတော့ အရေပြားပေါ်မှာ အဖုလေးတွေထွက်လာတတ်ပါသေးတယ်။ဒါ့အပြင် အရေပြား ခြောက်သွေ့ခြင်းကို ဖြစ်စေပါသေးတယ်။

❗️အနာကျက်နှေးခြင်း- Tissue formation ကိုနှေးစေလို့ အနာကျက်ဖို့သူများတွေထက် နှေးစေပါတယ်။

❗️သွားဖုံးသွေးယိုခြင်း- သွားဖုံး tissue များ အားနည်းလာခြင်း၊ရောင်ခြင်းများဖြစ်ပေါ်လာပီး သွေးကြောလေးများမှ အလွယ်တကူ သွေးစိမ့်ထွက်လာနိုင်ပါတယ်။

❗️ကိုယ်ခံအားကျခြင်း- အပြင်မှ ကူးစက်ရောဂါများ အလွယ်တကူ ဝင်ရောက်သွားနိုင်တာပေါ့။

❗️မောပန်းနွမ်းနယ်ခြင်း- သူကတော့ Vitamin C နည်းရင် အစောဆုံးတွေ့ရမယ့်ပြဿနာပေါ့။

🛑VitaminC နည်းခြင်းက ဘယ်လိုလူတွေမှာအတွေ့ရဆုံးလဲ?🛑

-အရက်သောက်သုံးသူများ
-ဆေးလိပ်သောက်တတ်သူများ
-သန့်ရှင်းလတ်ဆက်သော သီးနှံစားသုံးခြင်း မရှိသူများ
-ဆီးချိုရောဂါရှိသူများ အစရှိတဲ့သူများမှာ တွေ့ရအများဆုံး ဖြစ်ပါတယ်။

🙏🙏🙏မနေ့ညက အလုပ်မှာ မအားလိုက်လို့
ခုမနက်မှ တင်ပေးလိုက်ပါတယ်နော်။ နောက်ရက်တွေမှာလဲ ဆက်လက်ပြီး သိသလောက်လေးနဲ့ မျှဝေပေးပါ့မယ်။

ဒီနေ့မှာတော့ ကိုယ်ခံအားအတွက် အရေးကြီးသောVitamin C ခေါ် Ascorbic acid လို့ လူသိများတဲ့ မေးခွန်းအဖြေလေးအကြောင်း ဗဟုသုတအနေန...
19/12/2021

ဒီနေ့မှာတော့
ကိုယ်ခံအားအတွက် အရေးကြီးသော
Vitamin C ခေါ် Ascorbic acid လို့
လူသိများတဲ့ မေးခွန်းအဖြေလေးအကြောင်း ဗဟုသုတအနေနဲ့ sharing လုပ်ပေးပါ့မယ်။

🍋 VitaminC ကို သံပုရာသီး၊မာလကာသီး၊နာနတ်သီး၊စတော်ဘယ်ရီသီး၊ကီဝီသီး၊သရက်သီး၊သဘ်ောသီး၊broccoli စတဲ့အသီးနှံအများအပြားမှာတွေ့ရပါတယ်။
🍋 VitaminC ဟာ Vit E နဲ့ A တို့လို antioxidant တစ်မျိုးလည်းဖြစ်ပါတယ်။
🍋 Collagen formation မှာလည်း ပါဝင်ပေးလို့ အရိုး၊အရိုးနု၊အရေပြား၊သွေးကြော အစရှိတာတွေအတွက်အထူးကောင်းမွန်ပါတယ်။
🍋 ကိုယ်ခံအားအတွက် အရေးကြီးတာကတော့ အားလုံးသိပီးသားဖြစ်မှာပါ။
🍋 Connective tissue formation အတွက်လည်းအသုံးဝင်လို့ အနာဒဏ်ရာရတဲ့အခါ အနာကျက်မြန်စေပါတယ်။
🍋 ဒါ့ပြင် နေ့စဥ်စားသုံးလိုက်တဲ့ အစားအစာတွေမှ သံဓာတ်စုပ်ယူမှုကိုလည်းကောင်းစေတဲ့အတွက် သွေးအားနည်းတာတွေမဖြစ်တော့ဘူးပေါ့။
🍋 VitaminC ဟာ နှလုံးရောဂါ၊သွေးတိုးရောဂါ၊ဂေါက်ရောဂါ တွေမဖြစ်အောင် အထိုက်အလျောက် ကာကွယ်ပေးပါတယ်။

🍋 Vitamin C ချို့တဲ့ရင် ဘာတွေဖြစ်တတ်လဲ ဆိုတာလေးကိုတော့ မနက်ဖြန်မှ ဆက်လက်ပြီး sharing လုပ်ပေးပါ့မယ်။

အားလုံးပဲ Good Night 🛌🛌🛌

ဟုတ်ကဲ့ပါမနေ့က မေးခွန်းလေးရဲ့အဖြေမှန်လေးကတော့ အားလုံးဖြေဆိုပေးကြတဲ့           ⤵️⤵️⤵️               VITAMIN C ပဲ ဖြစ်ပါတယ...
18/12/2021

ဟုတ်ကဲ့ပါ
မနေ့က မေးခွန်းလေးရဲ့
အဖြေမှန်လေးကတော့
အားလုံးဖြေဆိုပေးကြတဲ့
⤵️⤵️⤵️

VITAMIN C ပဲ ဖြစ်ပါတယ်ရှင့်
👏👏👏

17/12/2021

သင့်ရဲ့ ခန္ဓာကိုယ်ကို
ရောဂါပိုးဝင်ရောက်ခြင်းမှ
အကောင်းဆုံး ကာကွယ်ပေးနိုင်တဲ့
Vitaminကို
သင်သိပါသလား?



Commentမှာ ​​အဖြေလေးတွေကို စောင့်နေမယ်နော်

လူကြီးမိဘဆရာသမားများ၏ ကိုယ်ခံစွမ်းအားနှင့် လန်းဆန်းတက်ကြွမှုအတွက်Enervon-C-Vitamin C & B-complexသားသားမီးမီးလေးများ၏ ကြီ...
30/10/2021

လူကြီးမိဘဆရာသမားများ၏
ကိုယ်ခံစွမ်းအားနှင့်
လန်းဆန်းတက်ကြွမှုအတွက်

Enervon-C

-Vitamin C & B-complex

သားသားမီးမီးလေးများ၏
ကြီးထွားဖွံ့ဖြိုးမှု့ကို ကူညီထောက်ပံ့ရန်နှင့်
ကိုယ်ခံစွမ်းအားအတွက်

Enervon-C Kidz Syrup

-Multivitamin syrup

မှာ ဝယ်ယူနိုင်ပါသည်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Aung Su Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aung Su Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram