HealthCare Support - HCS Myanmar

HealthCare Support - HCS Myanmar For the health of it

အရိုး ကျန်းမာရေး အတွက် ဘာတွေ စားကြမလဲ ????အခုနောက်ပိုင်း မှာ လူအများ စု ဟာ လှုပ်ရှားမှု့ နည်းလာတာက တကြောင်း၊ အသားအသောက် ...
05/11/2021

အရိုး ကျန်းမာရေး အတွက် ဘာတွေ စားကြမလဲ ????

အခုနောက်ပိုင်း မှာ လူအများ စု ဟာ လှုပ်ရှားမှု့ နည်းလာတာက တကြောင်း၊ အသားအသောက် မမှန်တာ၊ စားရတဲ့ အစားအစာ တွေ က အတုအပ တွေ ဖြစ်နေတာက တစ်ကြောင်း စတဲ့ အကြောင်း အမျိုးမျိုးကြောင့် လူတွေ ရဲ့ကျန်းမာရေး ကို နည်းမျိုးစုံ နဲ့ ထိခိုက်နေပါတယ်။ အဲ့ဒီ အထဲ မှာ အရိုး က လည်း အစားအသောက်တွေ ကြောင့် ထိခိုက်တဲ့ ကိုယ် အင်္ဂါ အဖွဲ့ အစည်း ထဲ က တစ်ခု အပါအဝင်ဖြစ်ပါတယ်။ အခု တခေါက် ဆောင်းပါးမှာတော့ အရိုး ကျန်းမာရေး အတွက် ဘယ်လိုစားကြမလဲ ဘာတွေ ရှောင်သင့်လဲ ဆိုတာ ကို ဖော်ပြပေးသွားပါမယ်။

1. ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာ ကို စားပေးပါ။ ဥပမာ - နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ဂျပန်တိုဟူး၊ ပဲပုပ်စေ့၊ ဗာဒံစေ့၊ ပန်းပွင့်စိမ်း၊ ငါးသေတ္တာ၊ စတာတွေ စားပေးဖို့လိုပါတယ်။

2. ဗီတာမင်ဒီ ကြွယ်ဝတဲ့ အစားအစာ စားပေးရပါမယ်။ ဥပမာ ဆော်လမွန်ငါး၊ ငါးသေတ္တာငါး၊ တူနာငါး၊ ကြက်အသည်း၊ ဝက်အသည်း၊ အမဲအသည်း၊ ဗီတာမင်ဒီ ထပ်ဖြည့်ထားတဲ့ နွားနို့၊ ဗီတာမင်ဒီ ထပ်ဖြည့်ထားတဲ့ လိမ္မော်ရည်၊ ကြက်ဥ၊ ကိုလက်စထရော လျှော့ထားသော ထောပတ် စတာတွေ ငနေ ဗီတာမသ်ဒီ ရပါတယ်။ အသည်းတွေ ကတော့ ဗီတာမင်ဒီ ပါဝင်ပေမယ့် ကိုလက်စထရော များတဲ့လအတွက် အမြဲ မစားသင့်ပါဘူး။

3. ဇင့်ဓါတ် ကြွယ်ဝတဲ့ အစားအစာများ ကို စားပေးပါ။ ဥပမာ အနီရောင် အသား၊ ကြက်သား၊ ငါး၊ ပဲအမျိုးမျိုး၊ စားပေးရပါမယ်။

4. အသားဓါတ် ပြည့်ဝအောင်စားပါ။ အဓိက အကျဆုံး အချက်လို့ ဆိုနိုင်ပါတယ်။ အသားဓါတ် ပြည့်ဝမှ သာ ကြွက်သားနှင့် အရိုးကို ကြံခိုင် ကျန်းမာ လာစေပါတယ်။ ဥပမာ အဖြူရောင်အသားတွေ ဖြစ်တဲ့ ကြက်သား၊ ငါး၊ အနီရောင် အသားတွေ ဖြစ်တဲ့ အမဲသား၊ ဆိတ်သား၊ ဝက်သား၊ စတာတွေ အပြင် နွားနို့၊ ပဲနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ပဲအမျိုးမျိုး စားပေးရပါမယ်။ အနီရောင် အသားတွေ ကိုတော့ တစ်ပါတ် နှစ်ကြိမ်ထက် ပို မစားသင့်ပါ။

5. အပြင်းအထန် ဝိတ်လျှော့ တာ ကို ရှောင်ကြဉ် ရပါမယ်။ တနေ့လုံးနေမှ အသီးအရွက်ပဲ စားပြီး ဝိတ်လျှော့ လိုက်မယ် ဆိုရင် လိုအပ်တဲ့ အသားဓါတ် ကို မရတော့တဲ့ အတွက် အရိုးကို ထိခိုက်စေနိုင်ပြီး အရွယ်မတိုင်ခင် အရိုးပွတာ အရိုးပါးတာ တွေ ဖြစ်စေနိုင်ပါတယ်။

6. လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးပါ။ ဥပမာ ပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ ကခြင်း၊ သင့်တော်သော အလေးတုံးမခြင်း စတာတွေ လုပ်ပေးရပါမယ်။

7. ဆေးလိပ်သောက်တာ ကို ရျှောင်ရပါမယ်။ အရိုးကျိုးစေတဲ့ risk ကို ပိုတက်စေလို့ပါ။

8. အရက်သောက်တာ ကို ရှောင်ရပါမယ်။

9. ဆားကို တစ်နေ့ လက်ဖက်စားဇွန်း တစ်ဇွန်း ထက်မပို ပါစေနှင့်။

10. ကော်ဖီ တစ်နေ့ နှစ်ခွက် မှ သုံးခွက် ထက်မပိုပါစေနှင့်။

11. BMI 18.5 အောက် မရောက်ပါစေနှင့်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

🇶 ပါကင်ဆန်ရောဂါအတွက် သဘာဝဆေးဝါးတွေ အနေနဲ့ရော ဘယ်လိုမျိုးဆေးတွေ အသုံးပြုနိုင်ပါသလဲ ဆရာ..သဘာဝဆေးဝါးတွေက ပါကင်ဆန်ရောဂါ ကာကွ...
26/10/2021

🇶 ပါကင်ဆန်ရောဂါအတွက် သဘာဝဆေးဝါးတွေ အနေနဲ့ရော ဘယ်လိုမျိုးဆေးတွေ အသုံးပြုနိုင်ပါသလဲ ဆရာ..

သဘာဝဆေးဝါးတွေက ပါကင်ဆန်ရောဂါ ကာကွယ်ကုသရာမှာ များစွာအထောက်အကူ ပြုပါတယ်.. အများဆုံး အသုံးပြုတာကတော့ -

(၁) ခွေးလှေးယားစေ့ (Mucuna pruriens)
==================

ခွေးလှေးယားစေ့ထဲမှာ ပါကင်ဆန်ရောဂါအတွက် အစွမ်းထက်မြက်တဲ့ သဘာဝကရတဲ့ L-dopa (Levodopa) တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်.. အိန္ဒိယနိုင်ငံမှာ ကျော်ကြားတဲ့ အာယုဗေဒဆေးပညာမှာ ယနေ့အထိ တွင်ကျယ်စွာ အသုံးပြုလျက်ရှိပါတယ်.. အင်္ဂလန်နိုင်ငံ၊ အမေရိကန်နိုင်ငံနဲ့ အီတလီနိုင်ငံတို့မှာ ပြုလုပ်ထားတဲ့ သုတေသနတွေအရလည်း ခွေးလှေးယားစေ့ဟာ ပါကင်ဆန်ရောဂါကို ကုသရာမှာ အစွမ်းထက်ကြောင်း တွေ့ရပါတယ်..

ပါကင်ဆန်ရောဂါဟာ ဦးနှောက်မှာရှိတဲ့ ဒိုပါမင်းဟော်မုန်းထုတ်ပေးတဲ့ ဆဲလ်တွေ ပျက်စီးသွားလို့ ဒိုပါမင်းဟော်မုန်း မထွက်တော့တဲ့ရောဂါကို ခေါ်တာ ဖြစ်ပါတယ်.. ဒိုပါမင်းဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဟော်မုန်းဖြစ်ပြီး ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ တာဝန်တွေ လုပ်ဆောင်ပေးဖို့ အရေးကြီးပါတယ်.. L-dopa ဆိုတာကတော့ ဒိုပါမင်းဟော်မုန်းရဲ့ ကနဦးပုံစံ ဖြစ်ပါတယ်..

(၂) ဂင်ဂိုရွက် (Ginkgo biloba)
==================

သူကတော့ ဦးနှောက်နဲ့ အာရုံကြောတွေထဲမှာ သွေးလှည့်ပတ်မှု ကောင်းအောင် လုပ်ပေးတဲ့အတွက်ရယ်၊
အင်တီအောက်ဆီဒင့် အာနိသင် ပေးတဲ့အတွက် ပါကင်ဆန်ရောဂါတွေမှာပေးရင် အကျိုးရှိပါတယ်..
အထူးသဖြင့် အသက်အရွယ်ကြီးသူတွေအနေနဲ့ ပါကင်ဆန်ရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အသုံးပြုသင့်ပါတယ်..

(၃) လက်ဖက်စိမ်း (Green tea)
==================

လက်ဖက်စိမ်းကို ရေနွေးကြမ်းအဖြစ် သောက်သုံးမှု အလေ့အထရှိတဲ့ လူ့အဖွဲ့အစည်းတွေမှာ ပါကင်ဆန်ရောဂါ ဖြစ်ပွားမှုနှုန်း လျော့ကျလျက်ရှိကြောင်း (Epidemiological studies) လေ့လာတွေ့ရှိခဲ့ရပါတယ်.. လက်ဖက်စိမ်းမှာ ပေါ်လီဖီနော (Polyphenol) ဓာတ်ပစ္စည်းများ ပါဝင်နေပြီး ယင်းတို့ကြောင့် ဒိုပါမင်း ထုတ်ပေးတဲ့ဆဲလ်များ မပျက်စီးအောင် ကာကွယ်ပေးကြောင်း သိရပါတယ်.. ဒါ့အပြင် ဦးနှောက်ဆဲလ်များ ပျက်စီးစေတဲ့ သံဓာတ်အပါအဝင် အခြားသော အဆိပ်အတောက်များကိုလည်း လျော့နည်းအောင် လုပ်ဆောင်ပေးပါတယ်..

(၄) ကွာစီတင် (Quercetin)
==================

ပါကင်ဆန်ရောဂါဟာ အသက်ကြီးလို့ ဦးနှောက်အာရုံကြောဆဲလ်တွေ ပျက်ယွင်းတဲ့ရောဂါ (Neurodegenerative disease) တစ်ခုဖြစ်ပါတယ်..ဒီရောဂါတွေမှာ အသက်ကြီးလာတာနဲ့အမျှ အိုမင်းယိုယွင်းနေတဲ့ ဆဲလ်တွေ စုပုံလာတတ်ပါတယ်...အဲ့ဒီ မကောင်းတဲ့ဆဲလ်တွေကို ကွာစီတင်က ရှင်းလင်းပေးနိုင်တဲ့ အာနိသင်ရှိပါတယ်…

(၄) ဗီတာမင် ဖြည့်စွက်ဆေးဝါးတွေ သုံးနိုင်ပါတယ် . .
ဗီတာမင်ဒီ - ပါကင်ဆန်ရောဂါ ဖြစ်နေတဲ့သူတွေရဲ့ သွေးထဲမှာ ဗီတာမင်ဒီ လျော့နည်းနေလေ့ ရှိပါတယ်..
ဗီတာမင်ဒီ လျော့နည်းနေရင် ဗီတာမင် ဖြည့်စွက်ဆေးဝါးတွေ ပေးသင့်ပါတယ် ..
Vitamin D3 ~ 2000-4000 IU/day ပေးနိုင်ပါတယ်.. ဗီတာမင်ဒီဟာ ဦးနှောက်နဲ့ အာရုံကြောတွေ
ပုံမှန်လုပ်ဆောင်ဖို့၊ ကြွက်သားတွေ ပုံမှန်လုပ်ဆောင်ဖို့ အထူးလိုအပ်ပါတယ်..
ဗီတာမင်ဘီ-၆ နဲ့ ဘီ-၁၂ တွေလည်း လိုအပ်ပါတယ်.. သူတို့ကတော့ သွေးထဲမှာ ရောင်ရမ်းစေတဲ့ Homocysteine ကို လျော့ကျစေလို့ ဖြစ်ပါတယ်..

ငါးကြီးဆီ (Fish oil) နေ့စဉ် ၁ဝဝဝ-၃ဝဝဝ မီလီဂရမ် အထိ စားသင့်ပါတယ်..
Coenzyme Q10 - ကြွက်သားတွေ ပုံမှန်လှုပ်ရှားဖို့ လိုပါတယ်.. နှလုံးသွေးကြောနဲ့ နှလုံးကြွက်သား တွေအတွက်လည်း လိုပါတယ်..

ရှောင်သင့်တဲ့ သတ္တုဓာတ်တွေကတော့ သံဓာတ် (Iron) နဲ့ မဂ္ဂနီးစ် (Manganese) တွေဖြစ်ပါတယ်.. သူတို့ ၂ ခုကတော့ ပါကင်ဆန်ရောဂါကို ပိုဆိုးစေပါတယ်..

ဒေါက်တာခင်မောင်လွင် (FAME)

 #လေချဉ်တက်ခြင်းအစာအိမ်အချဉ်ပြန်ခြင်း၊GERD(Gastroesophageal reflux disease)  #ရောဂါဖြစ်ရခြင်းအကြောင်းအရင်း အစာအိမ်ရေမျို...
05/10/2021

#လေချဉ်တက်ခြင်းအစာအိမ်အချဉ်ပြန်ခြင်း၊GERD(Gastroesophageal reflux disease)

#ရောဂါဖြစ်ရခြင်းအကြောင်းအရင်း
အစာအိမ်ရေမျိုအောက်ပိုင်း ကြွက်သားအားနည်း၍ အစာအိမ်အတွင်းမှ အက်ဆစ်အချဉ်များ အပေါ်သို့ လျှံတက်လာသောကြောင့်ဖြစ်ပါသည်။

#ရောဂါလက္ခဏာများ
• ရင်ပူခြင်း
• လေချဉ်တက်ခြင်း
• ခံတွင်းချဉ်ခြင်း
• အစာစားပြီး ရင်ဝတွင် မီးစနှင့်ထိုးသလိုဖြစ်ခြင်း
• အစာများ မကြာခဏအပေါ်ပြန်တက်ခြင်း
• တံတွေးအထွက်များခြင်း နှင့်
အခြားလက္ခဏာများလည်း ဖြစ်နိုင်ပါသည်။
ရောဂါ၏အခြား လက္ခဏာများ မှာ
• ချောင်းဆိုးခြင်း ၊ ရင်ကြပ်ခြင်း ၊ မောခြင်း
• ရင်ဘတ်အောင့်ခြင်း
• လည်ချောင်းနာခြင်း ၊ လည်ချောင်းယားခြင်း ၊ အသံဝင်ခြင်း
• မကြာခဏလည်ချောင်းဝတွင် တစ်ဆို့ဆို့ဖြစ်ခြင်း
• နားယားခြင်း၊ နားကိုက်ခြင်း၊ နားလေ ထွက်ခြင်း
• သွားပိုးစားခြင်း၊ ခံတွင်း အနံ့မကောင်းခြင်း
• ထိပ်ကပ်နာဖြစ်ခြင်း၊ အအေးမိခြင်း
#ဒါ့အပြင်
• အဝလွန်ခြင်း
• ကိုယ်ဝန်ရှိခြင်း
• အဝတ်အစား တင်းကြပ်စွာဝတ်ဆင်ခြင်း
• အစားများလွန်းခြင်း
• အစာကို တစ်ကြိမ်တည်းနှင့် များစွာ စားသုံးခြင်း
• ကြာရှည်စွာ ဆောင့်ကြောင့်ထိုင်ခြင်း
• မကြာခဏ ခါးကုန်း၍နေခြင်း
• ပစ္စည်းအလေး မ ခြင်း
• ဆေးလိပ်သောက်ခြင်း
• အရက်သောက်ခြင်း
• ကွမ်းစားခြင်း၊ ဆေးငုံခြင်း
• မတည့်သောဆေးနှင့် အစာများစားမိခြင်း တို့ကြောင့်လည်း ရောဂါကို ပိုပြီး ဆိုးဝါးစေနိုင်တာကို သတိထားဖို့လိုပါတယ် ။

#ရောဂါကိုပိုဆိုးစေနိုင်သောဆေးဝါးများ
1. ဗိုက်နာပျောက်ဆေးများ (Anti spasmodic)
2. ရင်ကြပ်ပျောက်ဆေးများ (Aminophylline)
3. ပိုးသတ်ဆေး (Doxycycline, Tetracycline)
4. အကိုက်အခဲပျောက်ဆေး (Aspirin, Ibuprofen)
5. သံဓာတ်အားဆေးများ (Ferrous Sulphate)
6. ဗီတာမင် - စီ
7. စိတ်ကျရောဂါ ပျောက်ဆေး
8. သွေးတိုးဆေး
ဆေးဝါးများကို မသောက်သုံးမီ မိမိ မှာရှိတဲ့ ရောဂါ အခြေအနေကို ဆရာဝန် နှင့် သေချာ တိုင်ပင်ပြီး ဆရာဝန် ညွှန်ကြားချက် ဖြင့်သာ သောက်သုံးသင့်ပါတယ်။

#ရောဂါနှင့်မတည့်သောအစာများ
 ပူလွန်း၊ စပ်လွန်း ၊ ချဉ်လွန်းသော အစာများ
 ငရုတ်ကောင်း၊ ခရမ်းချဉ်သီး
 ပဲအမျိုးမျိုး၊ နာနတ်သီး
 အဆီများသော အစားအစာများ ၊ ဆီပြန်ဟင်းများ
 ကွမ်း၊ ဆေးလိပ်၊ အရက်
 မဆလာ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ များသော အစားအစာများ
 ချောကလက် နှင့် ဂက်စ်ပါသော အရည်များ
(ကိုကာကိုလာ၊ စပါကလင်)
 လက်ဖက်ရည်၊ ကော်ဖီ၊ လက်ဖက်များ
 ဖာလာ၊ လေးညှင်း၊ သစ်ကြပိုး၊ ပရုတ်
 လိမ္မော်ရည်၊ ခရမ်းချဉ်သီးဖြင့် ပြုလုပ်ထားသော အစားအစာများ

#ရောဂါနောက်ဆက်တွဲဆိုးကျိုးများ
 အစာရေမျိုကျဉ်း၍ အစာမမျိုနိုင်ခြင်း
 သွေးအန်ခြင်း၊ ဝမ်းအမည်းသွားခြင်း
 သွေးအားနည်းခြင်း
 အစာရေမျိုရောင်ခြင်း
 အစာရေမျို ကင်ဆာဖြစ်ခြင်း နှင့် အခြား ဆိုးကျိုးများကိုလည်း ဖြစ်စေနိုင်ပါသည်။ ရောဂါဖြစ်သည်ဟု ယူဆရလျှင် တတ်ကျွမ်းနားလည်သော ဆရာဝန်နှင့်ပြသ၍ လိုအပ်သော စမ်းသပ်စစ်ဆေးမှု ကို ပြုလုပ်နိုင်ပါသည်။

#ရောဂါရှာဖွေနိုင်သောနည်းလမ်းများမှာ
 ရောဂါ လက္ခဏာနှင့် သက်ဆိုင်သော မေးခွန်းများမေးခြင်း
 အစာအိမ်ဆေးပေး၍ စမ်းသပ်ခြင်း
 အစာအိမ် မှန်ပြောင်းကြည့်ခြင်း
 အစာအိမ်အက်ဆစ်ဓာတ် တိုင်းတာခြင်း
 အစာအိမ်ကြွက်သား ညှစ်နိုင်မှု တိုင်းတာခြင်း
 အစာရေမျိုပြွန်လှုပ်ရှားမှု ပြင်းအားကို တိုင်းတာခြင်း
 အစာရေမျိုပြွန် ဆေးဓာတ်မှန် ရိုက်ခြင်း

#မည်သို့နေထိုင်ရမည်နည်း
 ကိုယ်အလေးချိန်လျော့ချပါ ။
 အဝတ်အစားကို တင်းတင်းကြပ်ကြပ်ဝတ်ခြင်းမှ ရှောင်ကြဉ်ပါ။
 ပစ္စည်းအလေးများ မ မ ရပါ။
 မကြာခဏ ခါးကုန်းခြင်း မပြုပါနှင့်။
 အစာစားပြီးပြီးခြင်း အိပ်ယာဝင်ခြင်း ၊ လဲလျောင်းခြင်း မပြုလုပ်ပါနှင့်။
 အစာကို တစ်ကြိမ်တည်း အများကြီး မစားပါနှင့်။ နည်းနည်းနှင့် မကြာခဏ စားပါ။
 ည အိပ်ယာမဝင်မှီ ၂နာရီအတွင်း အစာမစားရ။
 အိပ်ယာခေါင်းအုံးကို ၆ လက်မခန့်မြှင့်၍ အိပ်ပါ။
 မတည့်သော အစာနှင့်ဆေးများကို ရှောင်ပါ။
 ဆေးလိပ်၊ ကွမ်း၊ အရက် ဖြတ်ပါ။
 ဆရာဝန် ညွှန်ကြားထားသော ဆေးများကို သတ်မှတ်ထားသည့် ရက်ပိုင်း ၊ လပိုင်း ၊ နှစ်ပိုင်း အထိ စွဲသောက်ပါ ။

#ကုသနိုင်သောနည်းလမ်းအမျိုးမျိုး
မိမိရောဂါ အခြေအနေပေါ်လိုက်၍ ဆရာဝန်မှ သတ်မှတ် ဆုံးဖြတ်ပေးသော ကုထုံးကို လိုက်နာ ကျင့်သုံးနေထိုင်ရန်လိုအပ်ပါသည်။

၁. #ဆေးဝါးဖြင့်ကုသခြင်း
ဆေးဝါးဖြင့် ကုသမည်ဆိုလျှင် အနည်းဆုံး ဆေး ၂ လ သောက်ရပါမည်။ ဆေးရပ်လိုက်လျှင်ရောဂါပြန်ဖြစ်တတ်ပါသဖြင့် လိုအပ်ပါက ဆရာဝန် ညွှန်ကြားပါက ဆေးကို အမြဲတမ်း စွဲသောက်သုံးရန်လိုအပ်ပါမည်။
 အစာအိမ်အက်ဆစ်ဓာတ်ကို လျော့နည်းစေသော ဆေးများ သောက်သုံးခြင်း ဖြင့် အစာအိမ် အချဉ်ပြန်ခြင်း ကို လျော့ချပေးနိုင်ပါသည်။ ( ဥပမာ - Proton Pump Inhibitors PPI-Omeprazole, Pantoprazloe, Kanzoprazole, Esomeprazole Rabeprazole)- H2 Receptor Blocker- Cimetidine, Famotidine, Nizatidine)
 အစာအိမ် လှုပ်ရှားမှု အားကောင်းစေသော ဆေးဝါးများ ကို သောက်သုံးခြင်းဖြင့် အစာအိမ် အတွင်းမှ အစာဟောင်းများ အချဉ်ပြန်ပြီး လေပြန်မတက်အောင် ကာကွယ်ပေးနိုင်ပါသည်။ (ဥပမာ - Metoclopramide, Domperidone, Mosapride, Itopride)
 အစာအိမ် အက်ဆစ်ခြေဖျက်ဆေးများ (ဥပမာ - Antacid, Aluminium hydroxide)

#ဘယ်လောက်ကြာကြာဆေးသောက်ရမလည်း။
အနည်းဆုံး(၁၂)ပါတ်သောက်ရပါမယ်၊လိုအပ်ရင်(၆)-(၁၂)လအထိသောက်ရပါမယ်၊ဒိ့ထက်ပိုသောက်ဖို့လိုတဲ့လူနာအနည်းငယ်ဏှိပါတယ်။

၂။ #ခွဲစိတ်ကုသခြင်း
ခွဲစိတ်ကုသခြင်း ကို ဆေးဝါးဖြင့် မသက်သာသောသူများ ၊ ကြာရှည်စွာ ဆေးမသောက်သုံးလိုသူများ၊ အစာရေမျိုကျဉ်းနေသူများ ၊ ကင်ဆာ ဖြစ်နိုင်ချေရှိသူ(Barrett Eosphagus)များ ၊ အစာအိမ်ကျွံသော လူနာများ (Hiatus Hernia) နှင့် ၂၄ နာရီ အက်ဆစ်တိုင်းတာရာတွင် အက်ဆစ်များလွန်းသော လူနာများ (pH

💁‍♀️ဆေးဆိုင်လေးတစ်ဆိုင် စဖွင့်ချင်တယ်ဆိုရင်? ✅=====================================မူရင်းရေးသားသူကို Credit ပေးပါတယ်..👩‍...
29/09/2021

💁‍♀️ဆေးဆိုင်လေးတစ်ဆိုင် စဖွင့်ချင်တယ်ဆိုရင်? ✅
=====================================

မူရင်းရေးသားသူကို Credit ပေးပါတယ်..

👩‍⚕️ပထမဆုံးဆေးဆိုင်မှာ လူသုံးအများဆုံး အဝယ်များသော ဆေးတွေကို စာရင်းလုပ်ပေးထားပါတယ်။ (မှတ်ချက်- ကိုယ့်ဖွင့်မဲ့နေရာ ဒေသပေါ်မူတည်ပီး တချို့ဆေးများက အဝယ်နဲတာ များတာ ဖြစ်တတ်ပါတယ်။ဆိုင်မဖွင့်သေးခင် ဆေးကိုမဝယ်သင့်ပါ။ expiredရှိလို့ဂရုစိုက်ကြည့်စစ်ဆေးဝယ်ရပါမယ်။ငွေအိပ်တာမျိုးဖြစ်တတ်ပါတယ်)။အကြံပြုချင်တာက အရင်ဆုံး ဘာဆေးတွေအဝယ်များကြလဲ အရင်လေ့လာပါ။

👩‍⚕️ဆေးတွေစုံဖို့ဆိုတာ ဖွင့်ရင်း ရောင်းနေရင်းကနေ လိုအပ်သလို ဆေးများထပ်တိုးတင်ရပါမယ်။ဆေးများဟာ Trade name အမျိုးမျိုးထွက်တာမို့ အကုန်စုံနေအောင် မတင်ပါနဲ့အုန်း တဖြေးဖြေးထပ်ဝယ်ဖြည့်သွားပါ။

👩‍⚕️ဆေးဆိုင်ဖွင့်ချင်တဲ့သူတွေအတွက် အထောက်အကူဖြစ်အောင် Drug lists တင်ပေးလိုက်ပါတယ်နော်.....

💊တုပ်ကွေးဆေးများနှင့် အကိုက်အခဲပျောက်ဆေးများအုပ်စု (Cold & Flu)
Mixagrip
Minigrip P(child)
Fluza
Tiffy
Decolgen
Lensen
Biogesic
Alaxan
Diclofenac
Gofen
Aceclofenac
Ibuprofen
Paracetamol (Paracap)
SaRa

Lensen syrup
Tiffy syrup
Biogesic syrup
SaRa syrup
Babygesic Drops
Dr.Kooler ကလေးအပူကျကပ်ကွာ

💊ချောင်းဆိုးပျောက်ဆေးများ(Cough)
Solmux Tab
Solmux Broncho Tab
Solmux Syrup
Chericof syrup
Wood syrup
Ascoril syrup
Flemex syrup
Mucodyl syrup
Konidin Tab
Konidin syrup
Atussin Tab
Atussin Syrup
De-tussin Tab
Disolvan Tab
Solvin Tab
Bronchest

💊လည်ချောင်းနာပျောက်ငုံဆေးများအုပ်စု(Sore Throat)
Wood lozenges
Strepsil lozenges
Mybacin lozenges
Degirol
Delin
Chericof
Vick
Vicee

💊နှာစီးပျောက်ဆေးအုပ်စု(Running Nose)
Cetrigin
Cetzy
Trizin syrup

💊အားဆေးများအုပ်စု(Vitamin & Mineral)
Betex
Enervon C
limcee
Livolin forte
livercare
Liv-up
Enat
EVE
Eposoft
Obimin
Fenza
Supravit
Protinet
Vitahome
Nutrivita
Ferrovit
Oramin G
Oramin F
Oramin C
Provimin
Becozinc
Revicon-Max
Nat B
Moriamin forte
Appeton lysine syrup
Appeton Pastilles
Appeton lysine tab
Appeton teengrow
Brand bird nest (rock sugar &sugar free)
Brand ကြက်ပေါင်း
Ensure Gold
BaB tab
Nutroplex
Kalysmon
Grovit drop
Grovit syrup
Heptopep
Cyprotone
cyprocal syrup
cypon L syrup
Cellin plus syrup
Cellin syrup
Enervon c Kidz syrup

💊သွေးကျဆေးများအုပ်စု(Cardiovascular Range)
Amlong 5
Amlong 10
Amlosun 5
Amlosun 10
Enam 5
Enam 10
carvid 3.125&6.25
Losar 25&50

💊ဆီးချို၊သွေးချိုဆေးအုပ်စု(
Gliclazide 80
Metformin denk 500
Metformin denk 850
Metformin 500(ကတ်အပျော့)
Diamicron MR 30
Diamicron MR 60

💊နှလုံးနှင့်သွေးတွင်းအဆီကျဆေးအုပ်စု
Vastarel MR
Metagard
Aztor 10&20
Atocor 10&20
Ato 10&20
Clopilet
Aspilet

💊လိမ်းဆေးများအုပ်စု(Cream & Ointment)
Skineal cream
Fungiderm cream
Ketorex cream
Pai Micro cream
Bet-GM cream
Vivir cream
Statum cream
Clindamycin gel
Bioplacenton gel
Voltex cool(အပြာ)
Voltex(အဝါ)
Hirudoid cream
Silverderm
zince oxide
Miconazole cream
Caldryl lotion
Genelog

💊ပိုးသတ်ဆေးများ (Antibiotics )အုပ်စု
Amoxil 250&500
Ampicillin
Ampiclox
Flumox cap
Ciproflox 250&500
Cefalexin 250&500
Azithromycin 250&500
Levoflox 250&500
Cefixime 100&200
Norflox
Metro
Dexatop

💊အကိုက်အခဲပျောက်ဆေးအချို့အုပ်စု(Analgesic)
Noxa
Hawksone
Norgetex
Ibuprofen+para
Dofenal 250&500
Nogic

🎟ပလာစတာအုပ်စု
ဆူဒီ
Tiger balm
Belladonna Plaster
Neobun

💊အယောင်ကျဆေးအုပ်စု(Anti-Inflmmatory)
Kemose

💊Fast 125&250(para suppo) အုပ်စု

💊အစာအိမ်ဆေးများအုပ်စု(Gestrointestinal Range)
Omeprazole
Ranitidine
Pantocid 20&40
Esoz 20&40
Panzo D
Siloxogene
Entacyd plus
Air X
Konimag
Kremil s(ပန်း,ဖြူ)

💊ဝမ်းပျော့ဆေးများ
MOM kyaw
MOM SSI
MOM (BPI)
Tolax ဝမ်းချူဘောလုံး

💊Probiotics ဝမ်းပိတ်ဆေးအုပ်စု
Bioflor
Probiotic
Kidlac
Pharolit (ကလေးဓါတ်စားထုပ်)

💊BPI ဆေးများအုပ်စု
Para
Bevit(B1)
B6
Burplex
Burmeton
Folic Acid
Furamin BC
Metro
Cvit
Gripe mixture
ORS(BPI)
Royal D
Cal D glucose

💊ကလေးပိုးသတ်ဆေးရည်များအုပ်စု
Amoxil dry syrup
Cefalexin dry syrup
Metro dry syrup

💊Eye/Ear drop အုပ်စု
Genta Eye/Ear drop
Cipro Eye/Ear drop
Optimol Eye drop
Cool Eye Eye drop
New V.ROHTO (အစိမ်း&အပြာ)

💉💉💉Injections အုပ်စု
B1 inj
B6 inj
B12 inj
Diclo inj
25%glucose
Multi inj
Ranitidine inj
Pantocid inj
Moriamin S2 IV (Japan)
Moriamin S2 IV(taiwan)
D/S
D/W
DPS
R/l
Drip Set
1 cc syring
3 cc syring
5 cc syring
10 cc syring
20cc syring
Scalp Vein set

💊ကားမူးပျောက်ဆေးအုပ်စု
Dimenhydrinate 50mg
Stugeron
Cinnarizine
ဆူဒီ ကားမူးပျောက်
Poy-Sian ရူဆေး

💊မူးဝေအော့အန်ပျောက်ဆေးအုပ်စု(Anti-Emetic)
Stemoetat
Cosy
Maxolon

💊အနာအတွက်သုံးေသာဆေးများအုပ်စု
Septidine
Betadine solution
Spirit
Eusol
Cotton(သေး, ကြီး)
Bandage 2",3",4",6"
Hansaplast
Paper tape(သေး,ကြီး)

💊အမျိုးသားအားတိုးဆေးများအုပ်စု
Caverta 50
Caverta 100
Sildora 50
Sildora 100
Spur (BPI)

💊တားဆေးများအုပ်စု(Contraceptive)
Lydia
OK
Sure pill(စိတ်ချ)
Marvelon 28
Ecee 2
ဆီးစစ်တံ
Condon

💊ဆေးလုံး၁၀၀၀ ပါဆေးဘူးများအုပ်စု
Paracetamol 1000
Silixogene 1000
B6 1000
C-vit 1000
B12 tab 1000
=======================================

🔺ဗမာဆေးများအုပ်စု🔺
ပန်းဝတ်မှုန်(အပူငြိမ်းဆေး)
ပန်းဝတ်မှုန်(သွေးသန့်ဆေး)
လူပျံတော်ပတ္တမြား
ရုပ်ပျို သွေးတိုး
ရွှေကျင်
ချမ်းစိမ့်
စကြာမင်း(လိမ်း,စား)
မဂ်လာရွှေအုပ်
မြတ်သုခ
ဦးချစ်တင်
မြွေ၂ကောင်
မှန်ချို သလိပ်
မဟာဖြေဆေး
အဝေရာ နှလုံး
ဆရာမိုအေးငြိမ်းသီတာ
ရွှေသမင်(စား,လိမ်း)
ဒို့ကျောင်းသား
ဦးထွန်းအောင်ကျော် လျက်ဆား
လေဖြိုမင်း
နန်းတွင်း
ဖြူစင်မေတ္တာ
ကေသီပန်
ရှမ်းပျိုမယ်
ဆေးဝိဇ္ဇာ
အောင်တံခွန် မကျီး
အောင်တံခွန်
ရွှေအိုးဝေ
ဦးချိန်တီ
ဆင်ရိုင်း
ဒို့ရွှေမြန်မာ
ကွမ်းရွက်ပုံ
နေနတ်သား
အင်းဝ
ရွှေလိမ္မော် လျက်ဆား
ထက်လင်း
မေပြုံးဖွားပျော်
ထွန်းရွှေဝါ
ရှမ်းရိုးမ
လင်ဇီး
ဦးစိုင်း
ရွှေရနံ
ဂဠန်ရာဇာ
ဆရာခို
ဒေါ်သောင်းစိန်
အဘထရူဆေး
မောရိယ
နနွင်းလုံး

🔺နောက်ပိုင်း လူမေးများတဲ့ဆေးများ ရှာတင်ပေးရပါမယ်..

✅ဗမာဆေးများသက်သက် ၊ အင်္ဂလိပ်ဆေးများသက်သက် ၊ Fameဆေးများသက်သက် ဆေးဗီဒို/စင်နဲ့ထားပေးပါ(ရောမထားရ)။
ဆေးများထားသိုရာမှာ အထက်မှာပြောပြပေးထားသလို သူ့အုပ်စုနဲ့သူ ဆေးများကိုညီညာအောင်စီပီးထားပါ အမြင်လဲလှသလို ဆေးရှာရတာလဲ ပိုလွယ်ကူမြန်ဆန်စေပါတယ်။

✅အထက်ဖော်ပြပါဆေးlists ထဲမှ ဆေးတမျိုးစီကို အရေအတွက်နဲနဲပဲမှာပီး အစုံတင်နိုင်ပါပီ။
=================================
Health Care Support

လှချင်ရက် စက်စက်ယို ပျိုမေများအတွက်....👸ဒါဖတ်ပြီးမှ skin care ဝယ်ပါ 💁-------------------------------------------(၁) Tone...
24/09/2021

လှချင်ရက် စက်စက်ယို ပျိုမေများအတွက်....👸

ဒါဖတ်ပြီးမှ skin care ဝယ်ပါ 💁
-------------------------------------------
(၁) Toner

Tonerဆိုတာ မျက်နှာသန့်စင်တဲ့ အရည်ကြည်တမျိုးဖြစ်ပါတယ်။ တိုနာအာနိသင်က အညစ်အကြေးကို အဓိကဖယ်ရှားသန့်စင်ပေးတာ ဖြစ်တယ်။ မျက်နှာသစ်တွေသုံးပြီး ကျန်နေနိုင်တဲ့ အညစ်အကြေးကို ဗာတိုနာက ကောင်းကောင်းဖယ်ရှားပေးနိုင်တယ်။ နောက်ပြီး မျက်နှာအဆီပေါက်တွေကို ကျဉ်းစေတာမို့ အဆီပြန်ခြင်း ကင်းစင်စေတယ်။ အထူးသဖြင့် မိတ်ကပ်သုံးသူအများစုဟာ တိုနာသုံးသင့်တယ်။

(၂) Mist

Mist ဆိုတာ အရည်တမျိုးပဲ။ toner နဲ့နည်းနည်းဆင်တယ်။ ဒါပေမယ့် အာနိသင်မတူညီပါဘူး။ mist ထဲမှာ သဘာဝဆီ၊ ပန်းဆီ၊ အလှဆီနဲ့ ရေဓာတ် တို့ပါလေ့ရှိတယ်။ အာနိသင်က အရေပြား pH ကို မှန်စေတယ်။ အစိုဓာတ်ကို ထိန်းပေးပြီး မျက်နှာပြင်ကို အေးမြစေတယ်။ ပုလင်းနဲ့လာပြီး အရှေ့တိုင်းသားတွေကို မျက်နှာခြောက်သွေ့တဲ့အခါ ဖြန်းလေ့ရှိတယ်။ နွေရာသီမှာ အဓိက အသုံးဝင်တယ်။ တချို့က မိက်ကပ်မလိမ်းခင် ကြိုလိမ်းတတ်ကြတယ်။

(၃) Essence

essence က အားလုံးထဲမှာ ပြင်းအားအနည်းဆုံးပဲ။ ပုံမှန်အားဖြင့် ရေသာသာ အရည်ကြည်တမျိုးပဲ။ တချို့က treatment water လို့ခေါ်တယ်။ အရေပြားကို အဓိကပြုပြင်ပေးတယ်။ အမျိုးအစား သုံးမျိုးလာတယ်။
• whitening essence ဆိုတာ မျက်နှာ ဝင်းမွတ်တောက်ပတဲ့ နေရာမှာ သုံးတယ်။ Melvita Brightening essence ဆိုတဲ့ နာမည်နဲ့လာတယ်။
• pore control essence ကတော့ အဆီပြန်ခြင်းကို ထိန်းချုပ်တဲ့ နေရာမှာ အသုံးဝင်တယ်။ Loreal treatment essence ဆိုတာ အဆီထိနိးတဲ့နေရာမှာ ကောင်းတယ်။
• skin repairing essence က အရေပြားကို ပြုပြင်ပေးတာဖြစ်တယ်။Cremorlab Mineral Treatment essence နာမည်နဲ့လာတယ်။အားလုံးထဲမှာ နာမည်အကြီးဆုံးက အများသိတဲ့ SKII facial treatment essence ဖြစ်ပါတယ်။ ကျွန်တော်လည်း သုံးဖူးပါတယ်။ အခုလည်း သုံးတယ်။ အဆီဓာတ်အခြေခံတဲ့ Essence လိုမျိုးလည်း ရှိပါသေးတယ်။ အများစုက Mandelic acid ပါတယ်။

ကိူရီးယားမှာ Esteen Lauder advanced night repair serum ကို essenceခေါ်

(၄) Serum

Serum က essenceထက် ဓာတုပါဝင်မှုပိုများတယ်။ နည်းနည်းပိုပြစ်တယ်။ ဒါ့ကြောင့် essenceထက် စျေးအနည်းငယ်ပိုတယ်။ serumက အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်စေပြီး အသားရောင်ကို ကြည်လင်ဝင်းပစေတယ်။ လေထုညစ်ညမ်းမှုကြောင့် အရေပြားပျက်ဆီးတာကို ကာကွယ်နိုင်တယ်။ အစိုဓာတ်ထိန်းပေးနိုင်ပေမယ့် moisturizer နဲ့ သဘာဝချင်း လုံးဝမတူပါ။ moisturizerက အရေပြားအပေါ်ယံကို ပြင်ပလေထု၊ ရာသီဥတုနဲ့တိုကိရိုက်မထိအောင် အလွှာပါးတခုနဲ့ ကာကွယ်ပေးတဲ့ သဘောသာဖြစ်တယ်။ Serum ကတော့ အရေပြားအတွင်းပိုငိးထိ နက်ရှိုင်းစွာ ဝင်ရောက်ပြီး အသားအရေနူညံ့စေတာဖြစ်တယ်။ serum က အရေပြားတွန့်တာကို ကာကွယ်ပေးနိုင်ပေမယ့် လူတိုင်း serum သုံးလို့ရပါတယ်။
serum ထဲမှာ ရေဓာတ်အခြေခံ(water based serum) နဲ့ အဆီအခြေခံ (Oil based serum)ဆိုပြီး နှစိမျိုးရှိတယ်။ Oil based serumတွေထဲမှာ Vitamin C (သို့) retinol လိုမျိုးပါလေ့ရှိတယ်။ အာနိသင်ပေါ်မူတည်ပြီး ထုတ်ထားတဲ့ Serum သုံးမျိုးရှိတယ်။
• anti-aging serumဆိုတာ အရေပြားတွန့်သူ တွေမှာအဓိကသုံးတယ်။
• pore tightening serum ကတော့ ဝက်ခြံထွက်သူ၊ အဆီပြန်သူ၊ အဆီဂလင်းများသူတွေမှာ သုံးတယ်
• brightening serum ကတော့ အရေပြားကို ဝင်းမွတ်စေတဲ့ အမျိုးအစားဖြစိတယ်။
hyaluronic acid, ceramides(အစိုဓာတ်ထိန်းပေး)
water based - မော်လီကျူးသေး၊ moisturizer မလိမ်းမှီ
oil based - မော်လီကျူးကြီး၊ moisturizer လိမ်းပြီး

(၅) Ampoule

Ampoule က ဒီသုံးမျိုးထဲမှာ သူကအရည်အပျစ်ဆုံးနဲ့ ပါဝင်မှုအများဆုံးပဲ။ serum ထက် စျေးနည်းနည်းပိုကြီးတယ်။ ဗီတာမင်နဲ့ အပင်အင်ဇိုင်းတွေ ပါလေ့ရှိတယ်။ အသားအရောင်ကို ညီညာ ချောမွတ်စေပြီး အရေပြားထဲ ပိုမိုစိမ့်ဝင်နိုင်တယ်။ အချိန်တိုအတွင်း အာနိသင်အထိရောက်ဆုံးပဲ။ brightening ampoule က အရေပြားတောက်ပစေဖို့ သုံးတယ်။လိမ်းထားရင် အသားရောင် ကြည်လင်နေတယ်။ collagen ampoule (သို့) wrinkle reducer ampouleက အရေပြားတင်းရင်းစေဖို့ သုံးတယ်။ အထူးသဖြင့် အသက်ကြီးရင့်သူတွေ သုံးနိုင်တယ်။
ပုံမှန်အားဖြင့် မိပ်ကပ်တွေ ကြာရှည်ခံအောင် hydrating (သို့) makeup ampoules တွေကို သုံးတယ်။ အထူးသဖြင့် မင်္ဂလာဆောင်တွေမှာ သုံးကြတယ်။ လေနဲ့ထိရင် ဓာတ်ပြုလွယ်လို့ vial လေလုံတဲ့ပုလင်းထဲ ထားရတယ်။

ပါဝင်တဲ့ပြင်းအား - ampoule > serum> essence .
အပျစ်၊အကျဲ - essence > ampoule > serum

အားလုံး တစ်နှစ်အတွင်း ကုန်အောင်သုံး(well concentrated and can oxidized)
�Acne-prone: Look for vitamin C (increases collagen production, enhances skin’s repair process, and reduces inflammation), retinol (also an antioxidant, reduces inflammation), zinc (soothes irritation, regulates oil production), and salicylic acid (unclogs pores).
Dry: Look for vitamin E (an antioxidant, protects cells from oxidative damage), niacinamide (improves skin elasticity, increases ceramide levels in skin), glycolic acid (gently exfoliates and lightens discoloration), and hyaluronic acid (retains moisture).
Feeling dull: Look for antioxidants like green tea extract, resveratrol, ferulic acid (these combat free radicals, increase effectiveness of sunscreen by day, and promote cellular repair and healing by night).

(၆) Booster

booster ဆိုတာ serum/essence မလိမ်းခင်သုံးရတဲ့ပစ္စည်းတမျိုးဖြစ်ပါတယ်။ ဒါပေမယ့် တိုနာသုံးပြီးမှ လိမ်းရတယ်။ booster သုံးခြင်းအားဖြင့် essence/serum ရဲ့အာနိသင်ကို ပိုကောင်းစေတယ်။ အရေပြားအရောင်က ပုံမှန် ကြည်လင်တောက်ပလာတယ်။ မျက်နှာအသေားရောင်ပိုလင်းလာတယ်။

(၇) Floral water

သိပ်ထူးထူးဆန်းဆန်းမဟုတ်ပါဘူး။ ပန်းကို ရေနဲ့ စိမ်ပြီး ပေါငိးစပ်ထားတဲ့ အရညိတမျိုးဖြစ်ပါတယ်။ ဒီအရည်ကို toner, mist (သို့) moisturiser အနေနဲ့လညိး သုံးလို့်ရတယ်။ အရေပြားကို အေးမြစိုစွတိစေတယိ။ ရေဓာတ်ကို နညိးနည်းထိန်းပေးတယ်။ ဒါပေမယ့် moisturiser စစ်စစ်လို အာနိသင်မကောင်းပါ။ ဆောင်းရာသီမျိုးမှာ သိပ်အသုံးမဝင်ပါ။ Melvita Extraordinary water ဆိုတာ Floral water ပန်းအရည်တမျိုးဖြစိပါတယ်။

(၈) Finisher

နောက်ဆုံးမှသုံးလို့ skin finisher လို့လည်း ခေါ်တယ်။ မျက်နှာအရေပြား တောက်ပနေအောင်ပြုလုပ်ပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။ တကယ်က အရောင်တင်တဲ့သဘောပါပဲ။ toner, serums/essence/ နဲ့ moisturisers အားလုံးသုံးပြီးနောက်မှ အပေါ်က ထပ်သုံးရတယ်။ အောက်မှာ ခံလိမ်းထားတဲ့ အရေပြားထိန်းပစ္စည်းတွေကို ကြာရှည်ခံအောင် ဖုံးပေးတဲ့သဘောပါပဲ။ အဲဒီရဲ့အပေါ်ကမှာ နေလောင်ကာလိမ်းဆေး၊ foundation၊ မိပ်ကပ်စတာတွေ ဆက်သုံးနိုင်တယ်။ ပုံမှန်အားဖြင့် နေ့ပိုင်းမှာသာ သုံးတယ်။ Sulwhasoo Luminate Essential Finisher ဆိုတဲ့နာမည်နဲ့လာတယ်။

(၉) Peeling Gel

အရေပြားအပေါ်ယံဆဲလ်ကို ခွာပေးတဲ့ ဂျယ်တမျိုးဖြစ်ပါတယ်။ scrubs လောက် မပြင်းဘူး၊ အပေါ်ယံ epothelium မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်။ ပုံမှန်အားဖြင့် အာနိသင်ကောင်းအောင် ညဖက်မှာ သုံးပြီး sheet mask မသုံးခင်သုံးကြတယ်။ ကိုရီးယားမှာ UGB Peeling Gel အနေနဲ့ လာပါတယ်။

#ဒေါက်တာအေးမင်းထူး
၈.၁.၂၀၂၀

စစ်ပဲဖြစ်ဖြစ် ... မုန်တိုင်းပဲတိုက်တိုက် ... မိန်းကလေးတွေရဲ့ လှချင်စိတ်တွေကတော့ ဘယ်တော့မှ မပြောင်းလဲပါဘူး .... အသက်အရွယ်...
21/09/2021

စစ်ပဲဖြစ်ဖြစ် ... မုန်တိုင်းပဲတိုက်တိုက် ... မိန်းကလေးတွေရဲ့ လှချင်စိတ်တွေကတော့ ဘယ်တော့မှ မပြောင်းလဲပါဘူး ....

အသက်အရွယ်ရလာတာနဲ့အမျှ ပြောင်းလဲလာတဲ့ ဟော်မုန်းတွေ...
သေဆုံးသွားတဲ့ ဆဲလ်တွေကြောင့် နုပျိုလှပခြင်းတွေကလည်း တဖြေးဖြေးဆုံးရှုံးလာကြပါတယ်...
အဲ့ဒီလိုဆုံးရှုံးမှုတွေကို ပြန်လည်ကုသဖို့ ...

အသားအရေ၊ ဆံပင်၊ ခြေသည်းလက်သည်းလှပမှုတွေကို ပြန်လည်ရရှိစေတဲ့ ကိုလာဂျင်လို့ခေါ်တဲ့ Supplement တမျိုးကို သုံးစွဲကြပါတယ်။

လူသားတို့ သုံးစွဲနေတဲ့ ဆေးတွေ၊ ဖြည့်စွက်စာတွေက...
လှပဖို့အပြင် ဘေးထွက်ဆိုးကျိုးနည်းဖို့ကလည်း အရေးကြီးလွန်းပါတယ်...

ဘေးထွက်ဆိုးကျိုးနည်းပြီး Review ကောင်းတွေ ရရှိထားတဲ့...
ယုံကြည်စိတ်ချရတဲ့ ... Collagen တွေ အများကြီး ရှိပါတယ်...

အဲ့ဒီလိုအများကြီးထဲကမှ...
ကိုယ်နဲ့ကိုက်ညီသင့်တော်တဲ့ Collagen ကို ရွေးချယ်ပြီး သုံးစွဲသင့်ပါတယ်


#နုပျိုလှပသောနေ့ရက်များဆီသို့....

ခန္ဓာကိုယ်အရေပြား နဲ့ ဖြစ်တတ်သော အရေပြားရောဂါများ...===================================မူရင်းရေးသားသူကို Credit ပေးပါတယ်...
21/09/2021

ခန္ဓာကိုယ်အရေပြား နဲ့ ဖြစ်တတ်သော အရေပြားရောဂါများ...
===================================
မူရင်းရေးသားသူကို Credit ပေးပါတယ်...

အရေပြားသာမရှိလျှင် သင်သည် မည်မျှအရုပ်ဆိုးသော သတ္တဝါဖြစ်မည်ကိုတွေးကြည့်နိုင်သည်၊ သင်သည်တစ်ခုနှင့်တခု ထပ်နေသောကြွက်သားအစိုင်ခဲတစ်ခုမျှသာဖြစ်နေမည်၊

သင့်ကိုကြည့်ကောင်းအောင်အရေပြားရှိနေသည်မဟုတ် သင့်ကိုကာကွယ်ရန်ရှိနေခြင်းဖြစ်သည်။
အရေပြားသည် ကျွန်တော်တို့ လူ့ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံးအစိတ်အပိုင်းဖြစ်ပြီး ခေါင်းအစ ခြေအဆုံး ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားပါတယ်။ အရေပြားဟာ ကိုယ်ခံအားစနစ်ရဲ့ ပထမဦးဆုံးနဲ့ အပြင်ဘက်အကျဆုံး ခံတပ်တစ်ခုဖြစ်ပြီး ရောဂါပိုးမွှားတွေကို အသက်ရှူလမ်းကြောင်း၊ အစာရေမျိုလမ်းကြောင်းကနေ ခန္ဓာကိုယ်ထဲ မဝင်ရောက်စေဖို့ တားဆီးပေးပါတယ်။

အရေပြားဟာ အလှအပအတွက်သာမက လူတွေရဲ့ကျန်းမာရေးအတွက်ပါ သက်ရောက်မှုများစွာ ဖြစ်စေနိုင်ပါတယ်။ အရေပြားက အဆီပြန်လွန်းရင်လည်း ချွေးပေါက်တွေ ကျယ်ပြီး ဖုန်၊ အဆီ၊ အညစ်အကြေးတွေ ဝင်အောင်းကာ ဝက်ခြံ၊ အဆီဖုတွေ ဖြစ်လွယ်နိုင်တယ်။ အစိုဓာတ်၊ ရေဓာတ် နည်းလွန်းတဲ့အခါ ခြောက်ပြီး အသားအရောင်ညစ်ထေးထေး ဖြစ်မယ်၊ အရေပြားပါးလာတဲ့အတွက် နေလောင်ဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ပိုခံရနိုင်ပြီး အရေပြားကင်ဆာ၊ ဓာတ်ရောင်ခြည်သင့်တာတွေ ပိုပြီးဖြစ်နိုင်ခြေ ရှိပါတယ်။ ခြောက်သွေ့လွန်းရင်လည်း အရေပြားမှိုစွဲတာ၊ အက်ကွဲတာ၊ အသားပပ်တာ၊ ယားယံတာတွေ ဖြစ်လွယ်ပါတယ်။

အဖြစ်များသော အရေပြားပြဿနာများ
၁။ ဝက်ခြံ (Acne)

၂။ ရေယုန်နာ (Cold Sore)

၃။ အရည်ကြည်ဖု (Blister)

၄။ အရေပြားပေါ်တွင် ထွက်တဲ့ အဖုအပိမ့် (Hives)

၅။ နေရောင်ခြည်နှင့် ထိတွေ့မှုများခြင်းကြောင့်ဖြစ်သော အရေပြားအနာ (Actinic Keratosis)

၆။ နာတာရှည်အရေပြားရောဂါ ရိုစေးရှား (Rosacea)

၇။ အနာပဆုပ် (Carbuncle)

၈။ လေးတက်စ် ရာဘာသားနှင့် ဓာတ်မတည့်လို့ဖြစ်သော အရေပြားအနာ (Latex Allergy)

၉။ နှင်းခူရောဂါ (Eczema)

၁၀။ ဆိုရီရေးစစ် ရောဂါ (Psoriasis)

၁၁။ အနာစိမ်း သို့မဟုတ် အနာထဲပိုးဝင်ခြင်း (Cellulitis)

၁၂။ ရေကျောက်ပေါက်ခြင်း (Chicken Pox)

၁၃။ အရေပြားရောင်ခြယ်ဆဲလ်များ ပျောက်ဆုံးခြင်း (Vitiligo)

၁၄။ လက်ပရိုစီရောဂါ (Leprosy)

၁၅။ အနာစက် (Impetigo)

၁၆။ ဝဲစို၊ ဝဲခြောက် (Scabies)

၁၇။ ပွေးပေါက်ခြင်း (Ringworm)

၁၈။ ကြွက်နို့ (Warts)

၁၉။ ညှင်း (Malasezia Fungus Infection)

၂၀။ ဓာတ်မတည့်ပစ္စည်းနှင့် ထိတွေ့ပြီးနောက် အနာဖြစ်ခြင်း (Contact Dermatitis)

၂၁။ အနီစက်များထခြင်း (Keratosis Pilaris)

စတဲ့ပြသနာများဖြစ်ပါတယ်ဆိုတဲ့အကြောင်း အကျဥ်းချုပ်မျှဝေလိုက်ရပါတယ်။

🙏အနာကင်းပြီး ကျန်းမာ ချမ်းသာ ကြပါစေ🙏


သန့်စင်ပြီးသဘာဝကျွန်းငှက်သိုက်ပေါင်းနည်းpadamyaryaungchi website မွ ကူးယူဖော်ပြပါသည်။  ၁။ အသုံးပြုရန်လိုအပ်သည့် လုပ်ငန်း...
14/08/2021

သန့်စင်ပြီးသဘာဝကျွန်းငှက်သိုက်ပေါင်းနည်း

padamyaryaungchi website မှ ကူးယူဖော်ပြပါသည်။


၁။ အသုံးပြုရန်လိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းများ

(က)အဖုံးပါဒန်အိုးငယ် ၁လုံး

(ခ)အဖုံးပါကြွေပန်းကန်ငယ် ၁လုံး

(ဂ)ဟင်းရည်သောက်ကြွေဇွန်း ၁ချောင်း

၂။မိမိစားသုံးလိုသည့် ငှက်သိုက်ပမာဏပေါ်မူတည်၍ ဒန်အိုးနှင့်ကြွေပန်းကန်ကို အသုံးပြုနိုင်သည် ။

၃။ငှက်သိုက်ပေါင်းနည်း

(က)မိမိစားသုံးလိုသည့် ငှက်သိုက်အခြောက်ကို ငှက်သိုက်မြုပ်သည်အထိ ရေထည့်၍ ပွလာသည်အထိ စိမ်ထားပါ။

(ခ)ငှက်သိုက်ထည့်ထားသော ကြွေပန်းကန်လုံးကို ဒန်အိုးငယ်တွင်ထည့်၍ ရေကိုကြွေပန်းကန်လုံး၏ သုံးပုံနှစ်ပုံခန့် မြုပ်သည်အထိထည့်ကာ ဒန် အိုးကိုအဖုံးဖုံးပါ ။



(ဂ)မီးဖိုပေါ်တွင် မီးမှန်မှန်ဖြင့် (၁းဝ၀)နာရီခန့်ပေါင်းပါ ။

(ဃ)အချိုစားသုံးလိုသောသူများသည် သကြားခဲ(Rock Sugar)ကိုမိမိလိုသလောက်ထည့်၍ တခါတည်းထည့်ပေါင်းနိုင်သည် ။ (သို့)သကြားခဲအရည်သီးသန့်ကျို၍ ပေါင်းထားသည့်ငှက်သိုက်နှင့်လည်း တွဲ၍စားသုံးနိုင်သည် ။

(င)ကြက်သား ၊ ငါးစသည့်အသားတို့နှင့်လည်း မိမိကြိုက်နှစ်သက်သလို ပေါင်း၍လည်းစားသုံးနိုင်သည် ။

(၄)စားသုံးနည်း

(က)နံနက်စောစောအိပ်ယာထချိန် မည်သည့်အစားမစာမှမစားသေးမီ ပေါင်းထားသည့်ငှက်သိုက် တစ်ကြိမ်လျှင် (၇၅ဂရမ််)သောက်သုံးနိုင်ပါသည်။

(ခ)နံနက်စောစောမသောက်သုံးလိုုပါက ညအိပ်ယာဝင်ခါနီးတွင်လည်း ပေါင်းထားသည့်ငှက်သိုက် တစ်ကြိမ်လျှင်(၇၅ဂရမ်)သောက်သုံးနိုင်ပါသည်။

(ဂ)အခြားသောအစားအစာများနှင့် နာရီဝက်ခန့ခွာ၍ စားသုံးသင့်ပါသည် ။

(ဃ)ငှက်သိုက်ပေါင်းတစ်ကြိမ်လျှင် (၇၅ဂရမ်) ခန့်သောက်သုံးနိုင်ပါသည် ။

(လိုအပ်ချက်အရ အချိုလည်း အကြိမ်များစွာခွဲ၍ သောက်သုံးကြသည်။)

မြန်မာ့သဘာဝငှက်သိုက်စစ်စစ်စားသုံးမှု၏ အကျိုးအာနိသင်များ


- ငှက်သိုက်သည် အသားအရေကို ဝင်းဝါစိုပြေနူးညံ့စေပြီး အရွယ်တင်နုပျိုစေခြင်း ။

- အမျိုးသား ၊ အမျိုးသမီးများ အသက်အရွယ်မရွေး စိတ်ဖိစီးမှု ဒဏ်ကြောင့် …………

- လုပ်ငန်းခွင်အတွင်း စိတ်ပူပင်ကြောင့်ကြမှု ၊စိတ်ပင်ပန်းမှု ၊အာရုံကြောဖိနှိပ်မှုတို့ ဖြစ်ပေါ်ခြင်းများကို ပြန်လည်သက်သာ သန်စွမ်းစေခြင်း ။

- ကင်ဆာရောဂါဝေဒနာ ခံစားနေရသူများအတွက် အထူးသင့်လျော် ကောင်းမွန်ခြင်း ။

- သက်ကြီးရွယ်အိုးများ ၊ လူငယ်များအတွက် အဆုတ် ၊ ကျောက်ကပ် ၊ သရက်ရွက်တို့၏ လုပ်ဆောင်ချက်များအား ကောင်းစေပြီး ၊ အမောခံနိုင်၍ စိတ်ချမ်းသာမှုကိုခံစားရခြင်း ။

- ကိုယ်ဝန်ဆောင်မိခင်များအတွက် သန္ဓေသား၏ ကိုယ်ခံအားကို မြင့်တက်စေခြင်း ။

- မွေးကင်းစကလေးငယ်များအတွက် ဖြစ်ပေါ်တက်သော ဝမ်းလျှော ၊ ဝမ်းပျက်ခြင်းများကို သက်သာပျောက်ကင်းစေ နိုင်ခြင်း ။

- အမျိုးသမီးများသွေးသားပြောင်းလဲမှုကြောင့်ဖြစ်ပေါ်တက်သော ရောဂါဝေဒနာများကို သက်သာပျောက်ကင်းစေခြင်း။

- ကလေးငယ်လေးများအတွက် ဦးနှောက်နှင့်အာရုံကြောများကို ပိုမိုထက်မြက်စေခြင်း ၊ ကြီးထွားဖွံ့ဖြိုးမှုနှုန်းအမြန်ဖြစ်ပေါ်စေခြင်း ။

- ကိုယ်ခံအားကောင်းစေပြီး အအေးမိ ၊ တုတ်ကွေးနှင့် ဖျားနာမှုများမှ ကာကွယ်ပေးနိုင်ခြင်း ။

- ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း ။

- ခန္ဓာကိုယ်ပုံစံအမျိုးမျိုးအတွက် သန့်ရှင်းခိုင်မာမှုနှင့် ကိုယ်ခံစွမ်းအား ကျဆင်းမှုကို အထောက်အကူပြုခြင်း ။

ငှက်သိုက်ကို ဘာကြောင့် စားသုံးကြတာလဲ ❓ငှက်သိုက်ဆိုတာ ...သဘာဝအစားအစာတမျိုးပဲ ဖြစ်ပါတယ်။ အဆိပ်အတောက်ဖြစ်စေနိုင်မှုနည်းပါးပ...
14/08/2021

ငှက်သိုက်ကို ဘာကြောင့် စားသုံးကြတာလဲ ❓

ငှက်သိုက်ဆိုတာ ...
သဘာဝအစားအစာတမျိုးပဲ ဖြစ်ပါတယ်။ အဆိပ်အတောက်ဖြစ်စေနိုင်မှုနည်းပါးပြီး ကလေး၊လူကြီး၊သက်ကြီးရွယ်အိုများပါ စားသုံးနိုင်ပါတယ်။

လူ့ခန္ဓာကိုယ်ကို သေချာအကျိုးပြုပြီး ...
ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ သဘာဝဓာတ်စာ အားဆေးလည်း ဖြစ်တာကြောင့် ...

💖 ကင်ဆာရောဂါဝေဒနာရှင်တွေ၊
💖 နာတာရှည်ရောဂါ ခံစားနေရသူတွေ၊
💖 အလှအပကြိုက်တဲ့အမျိုးသမီးတွေအနေနဲ့ သုံးစွဲခဲ့ကြတာဖြစ်ပါတယ်။

အခုလိုကာလမှာလည်း ...

💖 လူမမာများ အစားသေချာမစားနိုင်တဲ့အခါ ...
💖 နေကောင်းခါစ လူမမာများအတွက် ကိုယ်ခံစွမ်းအားတက်စေလိုတဲ့အခါ ...
💖 အဆုတ်၊နှလုံး၊ ကျောက်ကပ်၊ သရက်ရွက်စတဲ့ ကိုယ်တွင်းအင်္ဂါများအလုပ်လုပ်ဆောင်မှုကို အထောက်အကူပြုစေလိုတဲ့အခါ...

ငှက်သိုက်ကို တိုက်ကျွေးကြတာ ဖြစ်ပါတယ် ...

သန့်စင်ပြီးငှက်သိုက်ကို ကိုယ်တိုင်ပေါင်းပြီး သောက်သုံးနိုင်သလို အသင့်သောက်သုံးနိုင်တဲ့ ငှက်သိုက်တွေလည်း စျေးကွက်ထဲမှာ အများအပြားရှိပါတယ်။


ဒီကာလမှာ ကျန်းမာရေးအတွက် ပိုမိုအထောက်အကူပြုနိုင်စေဖို့ အစားသောက်ကို ဂရုတစိုက်နေထိုင်စားသောက်လာကြပါတယ်။~ နေ့စဉ် အာဟာရပြည်...
13/08/2021

ဒီကာလမှာ ကျန်းမာရေးအတွက် ပိုမိုအထောက်အကူပြုနိုင်စေဖို့ အစားသောက်ကို ဂရုတစိုက်နေထိုင်စားသောက်လာကြပါတယ်။

~ နေ့စဉ် အာဟာရပြည့်ဝအောင် ချက်ပြုတ်စားသောက်တာ...
~ ကျန်းမာရေးနဲ့ညီညွတ်မျှတတာတွေကို ရွေးချယ်စားသောက်တာ...
~ အားဆေး၊ ကြက်ပေါင်းရည်၊ ငှက်သိုက်၊ အားဖြည့်ဖျော်ရည်တွေကို စားသောက်တာတွေကို လူတိုင်းပြုလုပ်လာကြပါတယ်။

အာဟာရပြည့်ဝစေတဲ့အစာ အာဟာရတွေကို နေမကောင်းဖြစ်ချိန်တွေမှာသာမကဘဲ... နေကောင်းပြီးချိန်နဲ့ နေမကောင်းမဖြစ်ခင်အချိန်တွေမှာလည်း စားသုံးသင့်ပါတယ်။

နေမကောင်းမဖြစ်အောင် စနစ်တကျ နေထိုင်စားသောက်တဲ့ကုန်ကျစရိတ်ေတွက ... ကျန်းမာရေးကြောင့် ကုန်ကျတဲ့ဆေးဖိုးစားရိတ်တွေ၊ ဝေဒနာ ခံစားရတာတွေနဲ့ယှဉ်လိုက်ရင် အများကြီး အကုန်အကျ သက်သာပါတယ်။

Covid ပိုးဆိုတာ နေရာတိုင်းမှာ ရှိနေနိင်တာဖြစ်လို့ အထူးသတိထားသင့်ပါတယ်။~ မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့။~ လက်ဆေးဖို့မမေ့ပါနဲ့။...
13/08/2021

Covid ပိုးဆိုတာ နေရာတိုင်းမှာ ရှိနေနိင်တာဖြစ်လို့ အထူးသတိထားသင့်ပါတယ်။

~ မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့။
~ လက်ဆေးဖို့မမေ့ပါနဲ့။
~ Mask ကို သေချာစွာတပ်ဆင်ပါ။ စနစ်တကျ စွန့်ပစ်ပါ။

Facebook စာမျက်နှာပေါ်မှ ပုံလေးများကို ပြန်လည် ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။

HealthCareSupport

⚠️ဗီဇပြောင်း ကိုဗစ်-19 ၏ ရောဂါလက္ခဏာများ⚠️(WHO Criteria)မူရင်းရေးသားသူအား Credit ပေးပါတယ်။ 🔶အဖြစ်အများဆုံး လက္ခဏာ သုံးခု...
02/08/2021

⚠️ဗီဇပြောင်း ကိုဗစ်-19 ၏ ရောဂါလက္ခဏာများ⚠️
(WHO Criteria)

မူရင်းရေးသားသူအား Credit ပေးပါတယ်။

🔶အဖြစ်အများဆုံး လက္ခဏာ သုံးခုကတော့
-ဖျားခြင်း/ကိုယ်ပူခြင်း ၊
-ချောင်းခြောက်ဆိုးခြင်း ၊
-နုံးခြင်း ၊ ပင်ပန်းနွမ်းနယ်ခြင်း တို့ဖြစ်ပါတယ်
(ပုံမှန်ရာသီတုပ်ကွေး လက္ခဏာများ နှင့် မှားနိုင်ပါတယ်)

🔶ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာ တွေကတော့
-နှာပိတ်ခြင်း ၊ နှာရည်ယိုခြင်း ၊
-အနံ့ပျောက်ခြင်း ၊ အရသာပျက်ခြင်း ၊
-မျက်စိနီခြင်း/နာခြင်း ၊
-လည်ချောင်းနာခြင်း ၊
-ခေါင်းကိုက်ခြင်း ၊
-အဆစ်အမြစ် နှင့် ကြွက်သားများ နာကျင်ကိုက်ခဲခြင်း ၊
-ပျို့အန်ခြင်း ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း
-အရေပြားပေါ်တွင် အနီစက် အဖုအပိန့်များထွက်ခြင်း ၊
-လက်ချောင်း ခြေချောင်းများ အရောင်ပြောင်းခြင်း တို့ဖြစ်ပါတယ်

🔶🛑အန္တရာယ်ရှိသော လက္ခဏာများ
-အသက်ရှူကြပ်ခြင်း ၊ မောခြင်း
-ရင်ဘတ်အောင့်ခြင်း ၊
-ကယောင်ကတမ်းဖြစ်ခြင်း ၊
-သတိလစ်မေ့မြောခြင်း
(ဒီလို လက္ခဏာတွေ ဖြစ်ပီဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးသွားရောက်ရမှာဖြစ်ပါတယ်/သွားဖို့အဆင်မပြေရင် Online မှ ဆွေးနွေးဖြေကြားပေးသောဆရာဝန်များနဲ့တိုင်ပင်ပါ)

*အသက်ရှူကြပ်/မောတဲ့သူတွေဟာ အိမ်မှာ Oximeter ရှိရင် တိုင်းကြည့်ပါ
ပုံမှန် SPO2 ဟာ 95 အထက်ရှိရပါမယ်
(နာတာရှည် အဆုတ်ရောဂါ ရှိတဲ့သူတွေဆိုရင်တော့ ချွင်းချက်ရှိပါတယ်)

*မောတဲ့လူနာတွေကို ပက်လက်မထားပါနဲ့ မှောက်ခိုင်းပါ ။ မှောက်တာဟာ မောတာသက်သာစေတဲ့အပြင် အောက်ဆီဂျင်ပါ ပြန်တက်လာစေပါတယ် ။ နည်းလမ်းမှန်ဖို့တော့ အရေးကြီးပါတယ် ။

▪️လူတိုင်းကို ဘာဆေးတွေသောက်နေလဲ ပြခိုင်းလိုက်ရင် ပိုးသတ်ဆေး တစ်မျိုးမဟုတ် တစ်မျိုးပါနေတယ် ။ ပိုးသတ်ဆေးတွေဟာ အဖျားကျဆေးမဟုတ်သလို ချောင်းဆိုးပျောက်ဆေးလည်းမဟုတ်ဘူး ။ ဆရာဝန်က မညွှန်းပဲ လျှောက်မသောက်ဖို့ ပြောချင်ပါတယ်

▪️ကျွန်တော်/ကျွန်မ ကိုဗစ်ဖြစ်နေတာလားဆိုပီး လာလာမမေးကြပါနဲ့ ကိုဗစ်ရှိမရှိက စစ်ကြည့်မှပဲ သိမှာပါ။အပေါ်မှာပြောခဲ့တဲ့ လက္ခဏာတွေထဲက တစ်ခုမဟုတ်တစ်ခုရှိနေပီဆိုရင် ကိုယ့်ကိုယ်ကို ကိုဗစ်လူနာလို့သာခံယူပီး သူတစ်ပါးကို မကူးအောင် နေထိုင်ပါ ။
စိတ်ဓါတ်ကြံ့ခိုင်အောင်နေပါ ။
ကိုယ်ခံအားကောင်းရင် ကိုဗစ်ကိုတိုက်ထုတ်နိုင်မှာဖြစ်လို့ ကိုယ်ခံအားကောင်းအောင် အားရှိတဲ့အစာတွေသာ များများစားပါ။စားချင်စိတ်မရှိလည်း အရသာပျက်နေလည်း ကြိတ်မှိတ်ပီးသာစားဖို့ အကြံပေးချင်ပါတယ် ...

✍ ကိုယ့်မှာ ကိုဗစ်ဖြစ်နေပြီလို့ သံသယရှိတဲ့အခါမှာလည်း ကိုယ်တိုင်စစ်နိုင်တဲ့ Antigen Self-Test တွေနဲ့ကိုယ်တိုင်စစ်နိုင်ပါတယ်။

✅ Swab Test စစ်ဆေးတဲ့အခါ နှာခေါင်းအတွင်းထဲအထိ ထည့်ရမှာ ကြောက်တဲ့သူတွေအနေနဲ့ Nasal Swab Test Kit တွေကို အသုံးပြုနိုင်ပါတယ်။

Test Kit အမျိုးအစားပေါင်းများစွာရှိတဲ့အထဲမှာ WHO အသိအမှတ်ပြု Abbott- Panbio ကိုဗစ် Ag Rapid Test Device လေးနဲ့ မိတ်ဆက်ပေးပါရစေ။

❤ နာကျင်မှုမရှိခြင်း။
❤ ပျော့ပျောင်းတဲ့ Swab အတံလေးက ကလေးငယ်များနှင့် သက်ကြီးရွယ်အိုလူကြီးများအတွက်ပါ အလွန်အဆင်ပြေစေခြင်း။
❤ 15 mins အတွင်း တိကျမှန်ကန်တဲ့အဖြေကို သိရှိနိုင်ခြင်း။
❤ Singapore လိုမျိုးနိုင်ငံကြီးများမှပါ အသိအမှတ်ပြုထားခြင်း တို့ကြောင့် စိတ်ချယုံကြည်စွာ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

Abbott – Panbio Antigen Self-Test ကို
တဗူး - 310000 (20 ခုပါ)
တခု - 17000 ဖြင့် ၀ယ်ယူနိုင်ပါတယ်။

Instock ဖြစ်တာကြောင့် စောင့်ဆိုင်းစရာ ငွေကြိုရှင်းစရာ မလိုဘဲ Cash On Delivery ဖြင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။

မှာယူမယ်ဆို ~ 09 883 693 305 သို့ဆက်သွယ်နိုင်ပါတယ်။

ကပ်ရောဂါဘေးမှကင်းဝေးပြီး သက်ရှည်ကျန်းမာကြပါစေလို့ မေတ္တာပို့သအပ်ပါတယ်။

Address

Yangon
11211

Telephone

+959883693305

Website

Alerts

Be the first to know and let us send you an email when HealthCare Support - HCS Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram