Braces & Faces Aesthetic Dental Care

Braces & Faces Aesthetic Dental Care Braces and faces aesthetic dental care

"ပိုကျန်းမာဖို့၊ ပိုလှဖို့ သွားကြွေလွှာကပ်ခြင်း - Veneers " သွားကြွေလွှာကပ်တယ်လို့ပြောလိုက်တာနဲ့ နာမည်ကြီးအလှမယ်တွေရဲ့ သ...
12/10/2025

"ပိုကျန်းမာဖို့၊ ပိုလှဖို့ သွားကြွေလွှာကပ်ခြင်း - Veneers "

သွားကြွေလွှာကပ်တယ်လို့ပြောလိုက်တာနဲ့ နာမည်ကြီးအလှမယ်တွေရဲ့ သွားဖြူဖြူဖွေးဖွေးလေးတွေကို တန်းမြင်ကြမယ်လို့ထင်ပါတယ် ။ သွားကြွေလွှာကပ်တာကို အင်္ဂလိပ်လို Veneers လို့ခေါ်ကြပြီးတော့ သွားအလှအပကုသမှုတစ်ခုအဖြစ် ရင်းနှီးနေကြမှာဖြစ်ပါတယ် ။ ဒါပေမယ့် Veneer တွေကို အလှအပကုသမှုဆိုတာမျိုးမဟုတ်ပဲ ကျန်းမာရေးရှု့ထောင့်ကနေ ကြည့်တဲ့အခါ ကောင်းမွန်တဲ့အချက်တွေ အများကြီးရှိနေတာကိုလည်း မျှဝေပေးချင်မိပါတယ် ။

📌 Veneers ဆိုတာဘာလဲ?

သွားကြွေလွှာကပ်တယ်ဆိုတဲ့အတိုင်းပဲ ကျွန်တော်တို့သွားမျက်နှာပြင်မှာ ကြွေလွှာလေးတွေကို ကပ်ခြင်း၊ အစားထိုးခြင်းပဲဖြစ်ပါတယ် ။
Veneer မှာ ယေဘုယျအားဖြင့် (၂)မျိုးရှိတယ် ။
ပထမတစ်မျိုးက Veneer ကို လူနာရဲ့မျက်နှာနဲ့လိုက်ဖက်အောင် ဒီဇိုင်းသေသေချာချာဆွဲ၊ ပုံစံတွေသေသေချာချာယူပြီး သွားကြွေလွှာပြုလုပ်တဲ့သွားတုပညာရှင်တွေက ဓာတ်ခွဲခန်းမှာ ပြုလုပ်ပေးတဲ့ Veneer ။ ဒါကို Indirect Veneer လို့ခေါ်ပါတယ် ။
ဒုတိယတစ်မျိုးကျတော့ Veneer ဒီဇိုင်းကို ဆရာဝန်က လူနာပေါ်မှာ တထိုင်တည်းဆွဲပြီး တစ်ထိုင်တည်း နာရီပိုင်းအတွင်း ​ကြွေလွှာကပ်ပေးတဲ့ Veneer ။ ဒါကိုကျတော့ Direct Veneer လို့ ခေါ်ပါတယ် ။
ဒုတိယအမျိုးအစားဖြစ်တဲ့ Direct Veneer သည် အချိန်ကုန်သက်သာပြီး ကုန်ကျစရိတ်ပိုသက်သာပါတယ် ။
ပထမအမျိုးအစား Indirect Veneer ကျတော့ လုပ်ရတာ ပိုလက်ဝင်သလို ပိုမိုကောင်းမွန်၍ ပြီးပြည်စုံအောင်လှပလွန်းသော ရလဒ်ကို ရရှိမှာဖြစ်ပါတယ်။ ခိုင်ခန့်မှု၊ ရေရှည်ခံနိုင်ရည်ရှိမှုကလည်း ပိုမိုအားကောင်းပါတယ် ။

📌 ဘယ်လိုလူတွေက Veneer ကပ်သင့်သလဲ?

- ကျိုးပဲ့၊ ကွဲအက်နေသောသွားများ ။
- သွားဖြူစေတဲ့ကုသမှုများလုပ်လို့မရတော့တဲ့အထိ ဝါနေသော၊ ညိုနေသော၊ မဲနေသော သွားများ ။
- သွားကြွေလွှာမျက်နှာပြင် မလှသောသွားများ ။
- ပုံသဏ္ဏန်မမှန်သောသွားများ ။ ဥပမာ သေးလွန်းသောသွား၊ ချွန်နေသောသွားများ ။
- ကျဲနေသောသွားများ ။
- ပိုးစားနေသော ရှေ့သွားများ ။
- မိမိသွားကို သာမာန်ထက်ထူးကဲ၍ လှပချင်သူများ ။

📌 Veneer ကပ်တဲ့အခါ သွားအစစ်ရဲ့ကြွေလွှာတွေကို အများကြီး ခွာပစ်ရန်လိုသလား?

သွားကြွေလွှာလို့ ပြောထားတဲ့အတိုင်း အလွှာလေးတွေပဲ ကပ်ကြတာမို့ ကြွေလွှာအစစ်တွေကို ဖယ်တဲ့အခါ (0.3mm / 0.7mm မှ 1mm) ခန့်သာ များသောအားဖြင့် ဖယ်ကြပါတယ် ။
Veneer ကပ်မည့်သူရဲ့ သွားအရောင်က အခြေအနေတော်တော်ဆိုးပြီး အပြင်ကိုထင်ဟပ်နေနိုင်တဲ့အခြေအနေမျိုးတွေမှာတော့ သွားကြွေလွှာများကို ပို၍ ဖယ်ရှားရတာမျိုးလည်း ရှိနိုင်ပါတယ် ။
Direct Venner မှာတော့ သွားကြွေလွှာတွေကို စားပစ်ခြင်းမျိုး လုပ်လေ့မရှိပါဘူး ။
တချို့ Indirect Veneer တွေမှာဆိုရင်လည်း နဂိုကြွေလွှာအစစ်များကို စားပစ်ခြင်းမရှိပဲ ကုသမှုလုပ်ရနိုင်ပါတယ် ။

📌 Veneer တွေက ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးပြုနေသလဲ?

ဒီနေရာမှာတော့ သွားအစွပ်တွေနဲ့ ယှဥ်ပြီးပြောပြရမှာပါ ။ သွားအစွပ် - Dental Crown တွေဟာ သွားတစ်ချောင်းလုံးကို စွပ်ထားတာပါ ။ သွားပတ်ပတ်လည်ကို သေးသေးလေးဖြစ်အောင်စားပြီး အစွပ်ငုံလိုက်တဲ့သဘောပါ။
သွားကြွေလွှာကပ်ခြင်း - Veneer ကျတော့ သွားအရှေ့မျက်နှာပြင်မှာပဲ ကြွေလွှာကိုကပ်ထားတာပါ ။
ဒါကြောင့် သွားကျိုးပဲ့ကွဲအက်နေတာမျိုး၊ သွားပိုးစားတာမျိုး၊ သွားအရောင်မလှတာမျိုး စတဲ့အခြေအနေတွေမှာ သွားအစွပ်တွေလုပ်မယ့်အစား Veneer တွေကိုလုပ်ခြင်းအားဖြင့် လူနာရဲ့သွားအစစ်တွေကို အစားခံရတာ သက်သာစေပြီး နဂိုသွားများရဲ့ ကျန်းမာခိုင်ခန့်မှုကို ထိန်းသိမ်းပေးနိုင်မှာဖြစ်ပါတယ် ။
ရလဒ်ပိုင်းမှာလည်း သွားအစွပ်များထက် ပို၍သဘာဝကျနေတာကို တွေ့ရမှာဖြစ်ပါတယ် ။
အခုနောက်ပိုင်းသွားကုသမှုတွေဟာ လူနာဘက်ကို မထိခိုက်စေတဲ့ကုသမှုတွေဖြစ်လာလေလေ၊ ကုသမှုဟာ အသေးစိတ်လေ၊ ကုန်ကျစရိတ်ပိုကုန်ကျလေပဲဖြစ်ပါတယ် ။ ဒါကြောင့် Veneer က သွားအစွပ်ထက် ကုန်ကျစရိတ်များနေမှာ​ဖြစ်ပါတယ် ။

ဒီနေ့ ကျွန်တော်မျှဝေပေးခဲ့တာကတော့ Veneer တွေကို ကောင်းမွန်တဲ့ ကျန်းမာရေးရူ့ထောင့်ကနေ မျှဝေပေးခဲ့တာဖြစ်ပါတယ် ။
လူတွေထင်နေကြတာက Veneer ဆိုရင် သွားအစစ်တွေကို စားထုတ်ပစ်ပြီး ကြွေလွှာလှလှတွေ ကပ်လိုက်တယ်ဆိုတာလောက်မှာပဲ လမ်းဆုံးနေတာပေါ့လေ ။
Venner ဟာ ကျန်းမာရေးကုသမှုအနေနဲ့လည်းအရေးပါပြီး လူသိန်းပေါင်းများစွာကို ပြီးပြည့်စုံတဲ့အပြုံးတွေရအောင် ကူညီပေးနေတဲ့ သွားအလှအပကုသမှုတစ်ခု​ဖြစ်ပါတယ်။

ချစ်ခြင်းဖြင့်သာ မျှဝေပါသည် ။

ဒေါက်တာမျိုးမြင့်အောင် .................................................................................
Braces & Faces Aesthetic Dental Care
🏩 Room 303, Building 3, Hotel Yangon, 8 mile, Yangon.
☎ 09256027897 , 09940008510 , 09785048510
📧 bracesandfacesaesthetic@gmail.com

ယုံယုံကြည်ကြည်နဲ့ ကုသမှု ခံယူပြီး  အရမ်းသဘောကျတယ်ဆိုလို့ ဝမ်းသာ ကျေးဇူးတင်ရပါတယ်ဆရာ 🙏🏼🙏🏼🙏🏼💕💕💕https://www.facebook.com/sh...
08/10/2025

ယုံယုံကြည်ကြည်နဲ့ ကုသမှု ခံယူပြီး အရမ်းသဘောကျတယ်ဆိုလို့ ဝမ်းသာ ကျေးဇူးတင်ရပါတယ်ဆရာ 🙏🏼🙏🏼🙏🏼💕💕💕https://www.facebook.com/share/p/14NFJkSTQsF/

06/10/2025
12/04/2025

April 13 မှ April 17 ထိ မြန်မာနှစ်သစ်ကူးကာလအဖြစ် ဆေးခန်းခေတ္တပိတ်ပါမယ်နော်။ April 18 ရက်နေ့မှစ၍ ပုံမှန်အတိုင်း ပိတ်ရက်မရှိ ပြန်လည်ဖွင့်လှစ်မှာဖြစ်‌ေကြာင်း အသိပေး အကြောင်းကြားအပ်ပါတယ်ရှင်။ 🙏🏼

We are happy to announce that our Braces & Faces Aesthetic Dental Care turns 3 years old.Thank you for choosing us to se...
03/03/2025

We are happy to announce that our Braces & Faces Aesthetic Dental Care turns 3 years old.
Thank you for choosing us to serve your dental needs.
With your love and support we have come this far.
We wish to create thousands of smile each year!
💕💕💕🎉🎉🎉

ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ  အားလုံး ကျန်းမာ ချမ်းသာ ရွှင်လန်းကြပါစေကြောင်း ဆုတော...
15/11/2024

ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ အားလုံး ကျန်းမာ ချမ်းသာ ရွှင်လန်းကြပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သအပ်ပါတယ်ရှင် 🙏🏼🙏🏼🙏🏼
ဒီနေ့ တစ်ရက် ဆေးခန်းပိတ်ပါတယ်နော် 💕🙏🏼

ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်သော သီတင်းကျွတ်လပြည့်နေ့ ၁၇.၁၀.၂၀၂၄ မှာ ဆေးခန်း တစ်ရက် ပိတ်မယ့်အကြောင်း အသိပေးအပ်ပါ...
16/10/2024

ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်သော သီတင်းကျွတ်လပြည့်နေ့ ၁၇.၁၀.၂၀၂၄ မှာ ဆေးခန်း တစ်ရက် ပိတ်မယ့်အကြောင်း အသိပေးအပ်ပါတယ်ရှင်
ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာ အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင် 🙏

21/05/2024

📢📢📢 မနက်ဖြန် ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ဆေးခန်းတစ်ရက်ပိတ်ပါတယ်နော်
နောက်ရက်တွေမှာပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါတယ်ရှင်

21/05/2024

Address

Hotel Yangon, Pyi Road
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959940008510

Website

Alerts

Be the first to know and let us send you an email when Braces & Faces Aesthetic Dental Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Braces & Faces Aesthetic Dental Care:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram