Cho Cho Gym - Ladies Only

Cho Cho Gym - Ladies Only Cho Cho Gym - Ladies Olny

ပုံမှန်အားကစားလုပ်ပေးရင် မျက်နှာအသားအရည်လှမယ် ဘာskincare မှလိမ်းစရာမလိုဘူးဝိတ်ထိန်းနိုင်ရင်တော့ ခန္ဓာကိုယ်အချိုးစားလှမယ်...
04/12/2025

ပုံမှန်အားကစားလုပ်ပေးရင် မျက်နှာအသားအရည်လှမယ် ဘာskincare မှလိမ်းစရာမလိုဘူး
ဝိတ်ထိန်းနိုင်ရင်တော့ ခန္ဓာကိုယ်အချိုးစားလှမယ်
စိတ်ထားကောင်းရင်တော့ တစ်ဘဝစာ လုံးလှမယ်
စိတ်ထားလဲလှ bodyကလဲလှ
ဘယ်လောက်ကျက်သရေရှိလိုက်မလဲ🧡🥰

26/11/2025

trend join လိုက်ပြီနော်❤️

24/11/2025

Cardioအကဆော့ပိီးရင်BollyWoodသိီချင်းလေးတွေ
နည်းနည်းချင်းစိီ ကိုယ့်စိီမှာလာကစားတဲ့တပည့်ကျော်လေးတွေကို
အရင်ကထက်ပို၍ပျော်သွားအောင်
အပျော်သဘောဖြင့်
ဖန်တိီးပေးမယ်နော်❤️💕
Cho Cho အမျိုးသမိီးသိီးသန့်Gym
ယောက်ကျားလေးများလုံဝ(လုံးဝ)မရောပါ

22/11/2025

တပည့်တွေ က ပုံမှန်ဆော့ နေကျ cardioအက နဲ့ က ရတာ ပျင်းလာတယ်ဆိုလို့ Bollywood သီချင်း လေးနဲ့ အပျော်လေး ဖန်တီး ဖြစ်တာပါ #ချစ်တဲ့စိတ်လေးနဲ့ကြည့်ပေးပါနော်😘😘😘😘 ゚ #

22/11/2025

ကျမတို့အမျိုးသမိီးတို့ရေ
၁။အမြဲကျန်းမာပိီးအရွယ်တင်နုပျိုချင်လား…?

၂။ကိုယ့်ရဲ့Bodyတစ်ခုလုံးကိုကျစ်လစ်ပြိီးမာဆယ်ကြိီးတွေနဲ့အမြဲတည်ဆောက်ချင်လား…?

၃။အမြဲကျန်မားရေးအတွက်ကစားချင်လား…?

၄။ကိုယ့်ရဲ့Bodyကိုဝိတ်လည်းမချ ချင်ဘူး ဝိတ်လည်းပြန်မတတ်ချင်ဘူး ကိုယ့်မှာရှိနေတဲ့Body weightတစ်ခုကိုအမြဲထိန်သိမ်းထားချင်တယ်ဆိုရင်

ဒိီအချက်တွေအမြဲလိုက်နာဖို့လိုပါတယ်….👇

အကောင်းဆုံးမျက်နှာသစ်ဆေးကgymကစားပိီးချွေးထွက်ခြင်း

အကောင်းဆုံး collagen ကမှန်ကန်တဲ့ Diet စားခြင်း

အကောင်းဆုံး အရွယ်တင်နုပျိုချင်းက gymကစားပြိီး
မာဆယ်တည်​ဆောက်ခြင်း

အကောင်းဆုံးသင်ပေးသလောက်ရနိုင်တာက gymခန်းမပါ

Cho Cho Ladies Only Gym

လေ့ကျင့်ခန်း လုပ်တဲ့အခါမှာ အလွန်အကြူးလုပ်ဖို့က အဓိက မဟုတ်ပါဘူး။ ဇွဲရှိရှိနဲ့ ရေရှည်၊ မှန်မှန်ကန်ကန်လုပ်ဖို့ကသာ အဓိက ဖြစ်...
20/11/2025

လေ့ကျင့်ခန်း လုပ်တဲ့အခါမှာ
အလွန်အကြူးလုပ်ဖို့က အဓိက မဟုတ်ပါဘူး။

ဇွဲရှိရှိနဲ့ ရေရှည်၊ မှန်မှန်ကန်ကန်လုပ်ဖို့ကသာ
အဓိက ဖြစ်ပါတယ်။

အနားယူချိန်နဲ့ အစားအသောက်ကို ဂရုစိုက်ပါ။
အနာဂတ်မှာ ကျန်းမာသန်စွမ်းပြီး ကြံ့ခိုင်လှပတဲ့
ခန္ဓာကိုယ်ပိုင်ရှင်ထဲမှာ သင်လည်း အပါအဝင်ဖြစ်နေမှာ

Cho Choအမျိုးသမီးသီးသန့်gym
အမျိုးသမီးတိုင်းကျန်းမာလှပစေရမည်

Gym ကို စပြီး သွားရောက် လေ့ကျင့်တော့မယ့်သူတိုင်း ရလဒ်ကောင်းရဖို့အတွက် ကြိုတင်သိထားသင့်တဲ့ အခြေခံအကျဆုံး အချက် ၄ ချက် ရှိ...
20/11/2025

Gym ကို စပြီး သွားရောက် လေ့ကျင့်တော့မယ့်သူတိုင်း ရလဒ်ကောင်းရဖို့အတွက် ကြိုတင်သိထားသင့်တဲ့ အခြေခံအကျဆုံး အချက် ၄ ချက် ရှိပါတယ်….
၁။ 🥗 ရလဒ်ရဲ့ ၇၀% ဟာ အစားအသောက်ပေါ်မှာ မူတည်ပါတယ်….

Gym သွားတိုင်း လေ့ကျင့်ခန်းတွေပဲ သဲကြီးမဲကြီး လုပ်နေရုံနဲ့ မလုံလောက်ပါဘူး။ အဆီကျချင်သည်ဖြစ်စေ၊ ကြွက်သားတက်ချင်သည်ဖြစ်စေ သင်စားတဲ့ ကယ်လိုရီပမာဏနဲ့ ပရိုတင်းဓာတ် က အဓိကပါ။
လေ့ကျင့်ခန်းလုပ်တာက အစားအသောက်ရဲ့ ရလဒ်ကို ပိုမြန်စေတာပဲ ဖြစ်ပါတယ်။

မှတ်သားစရာ: စားတဲ့ပုံစံ ကို မပြောင်းလဲဘဲ Gym မှာ တစ်နှစ်ပတ်လုံး ချွေးတလုံးလုံးကျလည်း သိသာတဲ့ ရလဒ်ကို မြင်ရမှာ မဟုတ်ပါဘူး။

၂။ 💪 အလေးမလေ့ကျင့်ခန်းကို ကြောက်စရာမလိုပါဘူး
အမျိုးသားရော၊ အမျိုးသမီးပါ ကိုယ်အလေးချိန် လေ့ကျင့်ခန်း (အလေးမခြင်း) ကို ဦးစားပေး လုပ်သင့်ပါတယ်။
* အဆီကျချင်ရင်: ကြွက်သားထု တက်အောင် လုပ်ခြင်းက ခန္ဓာကိုယ်ရဲ့ စွမ်းအင်သုံးစွဲမှုစနစ် ကို မြှင့်တင်ပေးပါတယ်။
* ဝိတ်တက်ချင်ရင်: ကြွက်သားကြီးထွားဖို့ အဓိက လိုအပ်တာဟာ အလေးမခြင်း ဖြစ်ပါတယ်။

Cardio (ပြေးစက်၊ စက်ဘီး) သာ လုပ်နေမယ်ဆိုရင် ရလဒ်က နှေးကွေးပြီး ကြွက်သားအချိုးအစား မပါဝင်တဲ့ ဝိတ်ကျမှုကိုသာ ရရှိမှာ ဖြစ်ပါတယ်။

၃။လေ့ကျင့်ခန်းတစ်ခုတည်းနဲ့ မပြီးပါဘူး—နားချိန်လည်း
လိုပါတယ် ….
ကြွက်သားတွေဟာ Gym မှာ လေ့ကျင့်နေတဲ့အချိန်မှာ ကြီးထွားတာမဟုတ်ဘဲ၊ အိပ်စက်အနားယူနေတဲ့အချိန်မှာသာ ပြန်လည်တည်ဆောက်ပြီး ကြီးထွားလာတာပါ။

အိပ်ရေးမဝခြင်း၊ နားချိန်မပေးခြင်းဟာ ကြွက်သားနာကျင်မှု ကို ပိုဆိုးစေပြီး၊ လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့ကိုပါ အဟန့်အတားဖြစ်စေနိုင်ပါတယ်။

၄။ ⏳ ရေရှည်အတွက် စိတ်ရှည်ပါ
Gym စကစားတဲ့သူတွေဟာ ရက်ပိုင်း၊ လပိုင်းအတွင်း သိသာတဲ့ ရလဒ်ကို ချက်ချင်း မြင်ချင်ကြပါတယ်။

တကယ်တမ်းမှာ ခန္ဓာကိုယ်ပုံစံ ပြောင်းလဲဖို့နဲ့ အကျင့်တစ်ခု ရဖို့ဟာ အနည်းဆုံး ၃ လမှ ၆ လအထိ ပုံမှန် လေ့ကျင့်ဖို့ လိုအပ်ပါတယ်။
တစ်ပတ်ကို ၃ ရက်ဖြစ်ဖြစ်၊ ၄ ရက်ဖြစ်ဖြစ် ပုံမှန်လုပ်နေခြင်း ဟာ အရေးကြီးဆုံးသောအချက်ပဲ ဖြစ်ပါတယ်။

✅ Gym မှာ အကောင်းဆုံး စတင်ဖို့ နည်းလမ်းများ ✨
* 🍎 စားတဲ့ပုံစံကို ချက်ချင်းပြင်ပါ: အစားအသောက်မှတ်တမ်း (Food Diary) ရေးပြီး ပရိုတင်း (ဥပမာ- ကြက်ဥ၊ အသား၊ ပဲ) ပိုစားပါ။
* 🏋️‍♀️ နည်းပြဆရာမနဲ့တိုင်ပင်ပါ: စစချင်းမှာ လေ့ကျင့်ခန်းပုံစံ မှန်ကန်ဖို့နဲ့ ဒဏ်ရာမရအောင် နည်းပြနဲ့ တိုင်ပင်ပြီး စနစ်တကျ စတင်ပါ

Welcome to Cho Cho Ladies Only Gym
09425014428
09964314855
09987851695

Gym

ဗိုက်သိီးသန့်ဝိတ်ချချင်တဲ့အမျိုးသမိီးတို့ရေ….ဝိတ်ချဖို့ကြိုစားနေတဲ့အချိန်ဒါလေးမြင်လည်း စားချင် ဟိုဟာလေးလည်း စားချင် ဖြစ်...
18/11/2025

ဗိုက်သိီးသန့်ဝိတ်ချချင်တဲ့အမျိုးသမိီးတို့ရေ….

ဝိတ်ချဖို့ကြိုစားနေတဲ့အချိန်
ဒါလေးမြင်လည်း စားချင်
ဟိုဟာလေးလည်း စားချင် ဖြစ်နေရင်
ကိုယ့်ကိုယ်ကို ပြန်မေးပါ

မင်း ငတ်နေတာလား(ဒါမှမဟုတ်)
မစားဖူး မသောက်ဖူးတာလား…??
ဒါလေးတောင် မလုပ်နိုင်ဘူးလား….??
ဝနေတဲ့ပုံနဲ့ တသက်လုံးနေချင်တာလား….????

အဲ့ဒါမှ စားချင်နေတုန်းဆိုရင်
ကိုယ့်ခေါင်းကို ၃ချက်ခေါက်ပြီးသာ စားလိုက်ပါတော့

သွားကိုက်ပြီး မစားနိုင်
တိုက်ဖွိုက်ပါဖြစ်မှ
ဝိတ်ခဏကျမယ့်ဟာတွေပေါ့….ဟုတ်လား?????

ဝိတ်ကျစေတဲ့အရာကGymထဲမှာမဟုတ်ဘူးဆိုတာလဲသူတို့တွေသိကြတယ်ပါးစပ်မှာ "အဓိက"ဆိုတာလဲသိကြတယ် 🌚ဆရာမထက်တစ်လကြီးသောကျမတပည့်များအကုန...
15/11/2025

ဝိတ်ကျစေတဲ့အရာက
Gymထဲမှာမဟုတ်ဘူးဆိုတာလဲသူတို့တွေသိကြတယ်
ပါးစပ်မှာ "အဓိက"ဆိုတာလဲသိကြတယ် 🌚

ဆရာမထက်တစ်လကြီးသောကျမတပည့်များ
အကုန်တက် အားလုံးသိ တစ်ကယ်ဆရာမကြိီးတွေ….
ဟုတ်တယ်……… ဟုတ် 😂🤣
Cho Cho✍🏻

13/11/2025

Gym မှာလေ့ကျင့်ခန်းကြိုးစားပန်းစားလုပ်တဲ့သူတွေကိုမချီးကျူးရဲဘူး…?ဘာလို့လဲဆို တော့gymအောက်ဆင်းတာနဲ့ အရမ်းစားလို့
🙄🫠

မိန်းကလေးတိုင်းက ကိုယ့်ကိုယ်ပဲချစ်သင့်တယ်-ဘာသာရေး၊အားကစား၊အလှပ၊အိမ်မှုကိစ္စ-ဆုံးခန်းတိုင်အောင် တတ်မြှောက်ထားတဲ့ ပညာရေးဝင...
12/11/2025

မိန်းကလေးတိုင်းက ကိုယ့်ကိုယ်ပဲချစ်သင့်တယ်
-ဘာသာရေး၊အားကစား၊အလှပ၊အိမ်မှုကိစ္စ
-ဆုံးခန်းတိုင်အောင် တတ်မြှောက်ထားတဲ့ ပညာရေး

ဝင်ငွေတခု
ဒါတွေပိုင်ဆိုင်သွားရင် အဲ့မိန်းကလေးတွက်
ဘာမှမလိုတော့ဘူး

ဘဝထဲ
-ဒုက္ခ မတရားမှု မကောင်းတဲ့ပတ်ဝန်းကျင် စော်ကားမှုတွေ
ရောက်လာရင်တောင် အလွယ်တကူလွှတ်ချနိုင်သွားလိမ့်မယ်

ကျမအရမ်းသဘောကျခဲ့ဖူးတဲ့စာသားလိုပေါ့
"ဘာကိုမှ မှီပြီးရပ်မနေရင် ဘာအတွက်မှ လှဲကျစရာအကြောင်းမရှိဘူး"

ကိုယ့်ကိုယ်ကိုပဲ အချိန်ပေးကြပါ
သူတပါးကိုအချိန်သွားမပေးနဲ့ လုံးဝ မှားသွားလိမ့်မယ်
ကိုယ့်လှေကားထစ်ကို ကိုယ်အရင်ဆုံးတက်နိုင်ဖို့ပဲတည်ဆောက်ပါ

ဘဝသင်ခန်းစာအရဆို
*အတ္တကြီးတယ်ဆိုတာ နာမည်သာဆိုးတာ
နေလို့ထိုင်လို့တော်"ကောင်းတာ*
မိန်းမတိုင်းဖြစ်သင့်တယ်💪🏻

Address

No. (18), First Floor, Ma U Kone Street, Tamwe Township, Near Yuzana Plaza
Yangon
11211

Opening Hours

Monday 07:00 - 21:30
Tuesday 07:00 - 21:30
Wednesday 07:00 - 21:30
Thursday 07:00 - 21:30
Friday 07:00 - 21:30
Saturday 07:00 - 21:30

Telephone

+959425014428

Website

Alerts

Be the first to know and let us send you an email when Cho Cho Gym - Ladies Only posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram