Pone Nar Kyaw

Pone Nar Kyaw Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pone Nar Kyaw, Astrologist & Psychic, Yangon.

သိသ‌လောက် မှတ်သလောက် (၃) ကျွန်တော် သိသလောက် မှတ်သလောက် မိဘပြည်သူများအား တင်ပြခြင်း ဖြစ်ပါသည်။ စိတ်စေတနာနှင့် တင်ပြချက်အေ...
30/03/2020

သိသ‌လောက် မှတ်သလောက် (၃)

ကျွန်တော် သိသလောက် မှတ်သလောက် မိဘပြည်သူများအား တင်ပြခြင်း ဖြစ်ပါသည်။ စိတ်စေတနာနှင့် တင်ပြချက်အပေါ် အမှားများ ပါခဲ့လျှင် ခွင့်လွှတ်ပါရန် ရိုသေစွာ တင်ပြအပ်ပါသည်။
သုံးလောကထွတ်ထား မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန်ပြု၍ နိဗ္ဗာန် မဂ်ဖိုလ် သွားခါနီး ဆဲဆဲ တွင် သားတပည့်များနှင့် လောကကြီးကို နောက်ဆုံးစကား မှာကြားတော်မူခဲ့သော အပမ္မာဒေန သမ္မာဒေထ မမေ့မလျော့ပဲနှင့် နေကြဟု မိန့်ကြားတော်မူခဲ့ပါသည်။
ယခု ကမ္ဘာကြီးတွင်ဖြစ်ပွားနေသော ကမ္ဘာ့ ကပ်ရောဂါ COVID 19 သည် မြန်မာနိုင်ငံသို့ ကူးစက် ရောက်ရှိလာကာ ဆက်လက် အရှိန်အဟုန်နှင့် ကူးစက်ပျံ့ပွားမည့် အခြေအနေကို ရောက်ရှိနေပြီး မြန်မာ ပြည်သူ လက်လုပ်လက်စား ဆင်းရဲသားမှအစ ရိုးရိုး သားသား လုပ်ကိုင်စားသောက်ကြသော ကျေးရွာနေ တောင်သူ လယ်သမား၊ နိုင်ငံတော်ကို ပြုစု လုပ်ကျွေးနေသော အလုပ်သမားများမှ အစ လူလတ်တန်းစားများ အလယ် ဆင်းရဲချမ်းသာ လူတန်းစား အသီးသီးနှင့် အယုတ် အလတ် အမြတ် မရွေး ဖြစ်ပွားစေသော COVID 19 ကပ်ရောဂါဆိုးကြီး ဖြစ်ပါသည်။
ထို့ကြောင့် နိုင်ငံတော်ကို အုပ်ချုပ်နေသော အစိုးရအဖွဲ့နှင့် ဌာနအသီးသီး၊ အဖွဲ့အစည်း အသီးသီး နှင့် နိုင်ငံရေးပါတီ အဖွဲ့အစည်းများမှ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဟောကြားတော် မူခဲ့သော သတိဝီရိယဖြင့် မမေ့မလျော့ နေကြဟူသည့် အပမ္မာဒေန သမ္မာဒေထ ကို နှလုံးသွင်းပြီး နိုင်ငံရေးစွဲ၊ ပါတီစွဲ၊ ဘာသာစွဲ၊ လူမျိုးစွဲ၊ ဥပဒေစွဲများ မထားပဲ ကိုယ်တတ်အပ်သည့် ပညာ များနှင့် မြန်မာပြည်သူလူထု (၅၃) သန်းကျော်၏ အသက်ရှင် ရပ်တည်နိုင်မှုကို ဦးထိပ်ထား၍ ၂၀၀၈ ဥပဒေ နိုင်ငံရေးသမား အချင်းချင်း ပုတ်ခတ်သည့် အငြိုးအတေး မာန်မာနတွေ နိုင်ငံရေးမုန်းတီးမှုများ ဘေးဖယ်ထား၍ နိုင်ငံတော်၏ သံဃာ့ဥသျောင် အဖွဲ့အစည်းများနှင့်
(၁) နိုင်ငံတော် သမ္မတ
(၂) ဒုတိယ သမ္မတ
(၃) ဒုတိယ သမ္မတ
(၄) ပြည်သူ့လွှတ်တော် ဥက္ကဌ
(၅) အမျိုးသားလွှတ်တော် ဥက္ကဌ
(၆) တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
(၇) ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
(၈) ကာကွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး
(၉) နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး
(၁၀) ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး
(၁၁) နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီး နှင့် ကျန်းမာရေး ၀န်ကြီးဌာန ၀န်ကြီးတို့ ပူးပေါင်းပြီး ညှိနှိုင်းတိုင်ပင် ဆွေးနွေး အဖြေရှာကာ ပြည်သူများ၏ ကျန်းမာရေးကို အမြန်ဆုံး အဖြစ်နိုင်ဆုံး အအောင်မြင်ဆုံး ကပ်ဘေးကြီးမှ ကင်းလွတ်အောင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး နောက်ဆုံး ဟောကြားတော်မူသည့် အပမ္မာဒေန သမ္မာဒေထ နှင့် အညီ ဆောင်ရွက်ပြီး ပြည်သူများပါ ဝိုင်းဝန်းကူညီကြလျှင် မြန်မာပြည်သို့ ရောက်ရှိနေသော COVID 19 ကပ်ရောဂါကြီးကို အောင်မြင်စွာ နှိမ်နင်းပြီး ကျန်းမာ ချမ်းသာ တိုးတက်သာယာပြည့်ဝသော နိုင်ငံတော်အဖြစ် တည်တံ့မည်မှာ မလွဲမသွေဖြစ်ပါကြောင်း သိသလောက် မှတ်သလောက် တင်ပြအပ်ပါသည်။

ပုဏ္ဏားကျော်

သိသ‌လောက် မှတ်သလောက် (၂)ကျွန်တော် သိသလောက် မှတ်သလောက် မိဘပြည်သူများအား တင်ပြခြင်း ဖြစ်ပါသည်။ စိတ်စေတနာနှင့် တင်ပြချက်အပေ...
30/03/2020

သိသ‌လောက် မှတ်သလောက် (၂)

ကျွန်တော် သိသလောက် မှတ်သလောက် မိဘပြည်သူများအား တင်ပြခြင်း ဖြစ်ပါသည်။ စိတ်စေတနာနှင့် တင်ပြချက်အပေါ် အမှားများ ပါခဲ့လျှင် ခွင့်လွှတ်ပါရန် ရိုသေစွာ တင်ပြအပ်ပါသည်။

ဝေသာလီပြည် ကန္တရကပ်ရောဂါ ဆိုက်ရောက်၍ကူးစက်ရောဂါများ ကူးစက်ပြီး ဘီလူးများ ၀င်စီးသည့်အခါ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား လာရောက်လျှောက်ထားရာ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးမှ ဂရုဏာရှေ့ထားပြီး ရှင်အာနန္ဒာအား ရတန သုတ် ရွတ်ဖတ်စေ၍ ပရိတ်ရေ ပက်ဖြန်းသည့်အခါ ဝေသာလီ တစ်ပြည်လုံး ကပ်ဘေးမှ လွတ်မြောက်ခဲ့သည်ကို ဗုဒ္ဓဘာသာဝင်တိုင်း သိထားသည့် အကြောင်းအရာ ဖြစ်ပါသည်။

မြန်မာပြည်တွင်လည်း COVID 19 ရောဂါ ဆိုက်ရောက်တော့မည့် အခြေအနေနှင့် ဆိုက်ရောက်သည့်အခါ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ တပည့်သားတော်များသည် မဟာဂရုဏာ ရှေ့ထားပြီး သံဃာ့နာယက ဥက္ကဌ ဗန်းမော်ဆရာတော်ဘုရားကြီး ဦးဆောင်၍ ပရိတ်ရွတ် မေတ္တာပို့ ပြုလုပ်လျက်ရှိပါသည်။

ဆရာတော် အရှင်ဆေကိန္ဒ ဦးဆောင်သော သံဃာများမှလည်း COVID 19 ရောဂါ စောင့်ကြည့် လူနာများအား မေတ္တာ ဂရုဏာဖြင့် ဘုန်းကြီးကျောင်းများတွင် ကူညီဆောင်ရွက်လျက် ရှိကြပါသည်။ ဓမ္မရံသီ နာယက ဆရာတော်တို့မှလည်း လူနာ (၂၁၈) ယောက်တို့အား မေတ္တာ ဂရုဏာရှေ့ထား၍ ကူညီစောင့်ရှောက်လျက် ရှိကြပါသည်။ (၂၉.၃.၂၀၂၀) တွင် Facebook မှ သီတဂူ ဆရာတော်ဘုရားကြီး ၏ မိန့်ကြားသော ထားဝယ်မြို့တွင် တိုင်း/မြို့နယ် ကျန်းမာရေးမှူး များအား မည်သို့ ဆောက်ရွက်နေသည်ကို တယ်လီဖုန်းဖြင့် တပည့်များ မေးမြန်းလျှေက်ထားသည်ကို ကြားရပါ သည်။ သီတဂူ ဆရာတော်ဘုရားကြီး၏ တပည့်မှ မည်သူမျှ လာရောက်အကူအညီမတောင်းကြောင်း ပြောကြားသဖြင့် ဆရာတော် ဘုရားကြီးမှ ဆက်သွယ်ပြီး မည်သို့ ပူးပေါင်းလုပ်ဆောင်ရမည်ကို မိန့်ကြားသည့်အတွက် လက်တွေ့အကောင်အထည်ဖော်မှုများကို မျက်ဝါးထင်ထင် ကြားသိမြင်သိရပါသည်။

မြတ်စွာဘုရားရှင်၏ သားတပည့် ရဟန်း ဆရာတော်ကြီးများမှ လူမျိုး ဘာသာ မရွေး မေတ္တာ ဂရုဏာ ရှေ့ထားပြီး လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက် ကူညီပေးနေသည်မှာ သာဓု အကြိမ်ကြိမ် ခေါ်ဆိုမိပါသည်။

တိုင်းနှင့် ပြည်နယ် များမှ ပြည်သူများကို မိဘသဖွယ် မိသားစု၏ အိမ်ထောင်ဦးစီးကဲ့သို့ အုပ်ချုပ် နေသော သက်ဆိုင်ရာ ပုဂ္ဂိုလ်များမှလည်း COVID 19 ရောဂါအတွက် စောင့်ကြပ် ကြည့်ရှုနိုင်ရန် အခန်း (၅၀၀) ကျော် စီစဉ်ထားသည် မည်သို့ မည်ပုံ လုပ်ထားသည်ကို အကြိမ်ကြိမ် အခါခါ ပြောကြပါသည်။ တိုင်းပြည်ကို ပြည်သူသာ အဓိက ပူးပေါင်းဆောင်ရွက်မည်ဟု အကြိမ်ကြိမ် အခါခါ ပြောကြသော်လည်း လက်တွေ့တွင် မည်သို့ လုပ်ဆောင်သည်ကို ဖော်ပြထားနိုင်ခြင်း မရှိပါသဖြင့် ပြည်သူများမှလည်း စိတ်မကောင်း ၀မ်းနည်းဖြစ်ကြရပါသည်။

အိမ်ထောင်ဦးစီးများ၏ စီမံထားရှိမှု၊ သားသမီး ပြည်သူများ၏ အားကိုး ယုံကြည်မှု ဖြစ်စေရန် COVID 19 ရောဂါကာကွယ်ရေး အစီအမံများကို မည်သို့ လက်တွေ့ အကောင်အထည်ဖော်မည်ကို တိတိကျကျ သိသလောက် မှတ်သလောက် ပြောပြစေချင်ပါသည်။

ကျွန်တော်တို့ ပြည်သူများ နားလည်အောင် သိသလောက် မှတ်သလောက် လက်တွေ့ လုပ်ဆောင်ပေးရန် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ဦးထိပ်ထား၍ ဆရာတော် သံဃာတော် များ အမှူးထားပြီး လက်တွေ့ဖြစ်ပါစေကြောင်း ဆုတောင်းအပ်ပါသည်။

ပုဏ္ဏားကျော်

သိသလောက် မှတ်သလောက် (၁)* ကျွန်တော် သိသလောက် မှတ်သလောက် မိဘပြည်သူများအား တင်ပြခြင်း ဖြစ်ပါသည်။ စိတ်စေတနာနှင့် တင်ပြချက်အေ...
30/03/2020

သိသလောက် မှတ်သလောက် (၁)

* ကျွန်တော် သိသလောက် မှတ်သလောက် မိဘပြည်သူများအား တင်ပြခြင်း ဖြစ်ပါသည်။ စိတ်စေတနာနှင့် တင်ပြချက်အပေါ် အမှားများပါခဲ့လျှင် ခွင့်လွတ်ပါရန် ရိုသေစွာ တင်ပြအပ်ပါသည်။

* (29.3.2020) ရက်နေ့ ည (10:30) အချိန်တွင် အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနမှ COVID 19 အား ကပ်ရောဂါကြီးအသွင် ဖြစ်ရန် အလားအလာ အရမ်းများနေကြောင်းထုတ်ပြန်ခဲ့ပါသည်။ မြဝတီ-မဲဆောက် တံတားမှ 2020 ခုနှစ် မတ်လ (19) ရက်မှ မတ်လ (28) ရက်နေ့အထိ တရားဝင်ပြန်လည် ဝင်ရောက်သူ (23000) ကျော်ရှိပြီး ပြန်လည်ဝင်ရောက်သူများသည် မြန်မာနိုင်ငံ အနှံ့အပြားသို့ ​ရောက်ရှိပြီး ပြန်လည်ဝင်​ရောက်လာသူများမှာ COVID 19 ရောဂါ ကူးစက်ခံရသူ ပါဝင်နိုင်ခြေ အလွန်များပြားကြောင်း ထုတ်ပြန်ခဲ့ပါသည်။

* တစ်ကမ္ဘာလုံးတွင် COVID 19 ကပ်ရောဂါကြီးဖြစ်ပွားနေသည်မှာ တရုတ်ပြည်မှ စ၍ အီတလီ၊ စပိန် စသည့် နိုင်ငံပေါင်း (199) နိုင်ငံ ကို ကူးစက်ခဲ့ပါသည်။ အီတလီနိုင်ငံ၌ စတွေ့သည့်ဦးရေ (2) ယောက်မှ ယခု (97689) ယောက်အထိ၊ စပိန်နိုင်ငံ၌ စတွေ့သည့် လူဦးရေ (2) ယောက်မှ ယခု (80110) ယောက်အထိ၊ အမေရိကန်နိုင်ငံ၌ စတွေ့သည့်လူဦးရေ (2) ယောက်မှ ယခု (142178) ယောက်အထိ စသည်ဖြင့် အသီးသီး ရှိနေပါသည်။ မြန်မာပြည်တွင် တိုးတက်သော နိုင်ငံကြီးများ၏နောက်မှ 2020 ခုနှစ် မတ်လ (23) ရက်နေ့မှ ယနေ့အထိ (10) ယောက်ရှိပါသည်။ တစ်ခြားနိုင်ငံများတွင် ဘာတွေလုပ်နေလဲ၊ ဘယ်လိုစီစဉ်လဲ နမူနာယူသင့်ပါသည်။

* ပြည်တော်ပြန် ညီအစ်ကို မောင်နှမများမှာလည်း မိမိတိုင်းပြည်ကို ပြန်လာသည်မှာ မမှားပါ။ အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနမှ ဦးဆောင်ပြီး နေပြည်တော်ရှိ ဝန်ကြီးဌာနများနှင့် ပူးပေါင်းလက်ခံ ကြိုဆိုသည်မှာလဲ မမှားပါ။ မှားခဲ့သည်မှာ.......

* တစ်ခြားနိုင်ငံ လာအို ဗီယက်နမ် တို့တွင် နယ်စပ်ဂိတ်များ၌ စစ်သားများ၊ စစ်ကားများဖြင့် ပြန်လည်ဝင်ရောက်လာသူများကို ကျန်းမာရေးဌာန၊ လဝက၊ ရဲ စသည့် ဌာနများမှ ၄င်းတို့ ဌာနလုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်ပြီး စစ်တပ်မှ ကားများကြိုကာ နီးစပ်ရာ တပ်စခန်းများတွင် (14) ရက် စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်ကာ ရက်ပြည့်လျှင် အိမ်အရောက်ပို့ စနစ်ဖြင့်စနစ်တကျ ကြိုတင်စီမံထားပြီး ရောဂါပါလျှင် မလွတ်အောင် တိတိကျကျ စီမံထားသည်ကို တွေ့ရပါသည်။ ဥပမာ- မြဝတီဂိတ်မှ ဝင်ရောက်လာသူများသည် သင်္ကန်းညီနောင်တပ်ထဲတွင် ဘားတိုက်များဖြင့် စနစ်တကျထားရှိပြီး စားဝတ်နေရေး သေချာစွာစီမံကာ (14) ရက်ပြည့်မှ တိုင်းနှင့် ပြည်နယ်များသို့ ပို့ဆောင်မည်ဆိုလျှင် ယခု ကျန်းမာရေးဌာနမှ ကြေငြာသလို ရောဂါ ပြန့်မသွားစေပါ။ မြန်မာပြည် နယ်စပ်ဂိတ်များ အားလုံးမှ ညီအစ်ကို မောင်နှမ များဝင်ရောက်လာသည်မှာ (50000) ခန့်ရှိမည်ဆိုလျှင် ကျွန်တော် ဥာဏ်မှီသလောက် မည်သည့် ရာခိုင်နှုန်းဖြင့် တွက်ချက်ရမည်ကို မသိသဖြင့် မြန်မာပြည်ကို ချစ်သောသူများသာ ဆက်၍ တွက်ကြည့်ပါဟု တောင်းပန်ချင်ပါသည်။

* ပြည်သူသာလျှင် အဓိက အဓိက ဟု ပြောသော်လည်း တိုင်းပြည်၏ သားသမီး ပြည်သူများကို ကောင်းအောင် စီမံထိန်းသိမ်းသော မိဘများမှ ညီညီညွတ်ညွတ် နှင့် မိမိ၏ သားသမီးများကို ပညာရေး ကျန်းမာရေး လူမှုရေးနှင့် အတွေးအခေါ် ဥာဏ်ပညာတို့ဖြင့် စောင့်ရှောက်ပေးနိုင်လျှင် ကောင်းမွန်မည်ဖြစ်ကြောင်း သိသလောက် မှတ်သလောက် နှင့် အကြံပြုအပ်ပါသည်။

* မိဘပြည်သူများအား COVID 19 ကို ကာကွယ်ရန်နည်းလမ်းများကို ပြသပေးခဲ့သော ဒေါ်အောင်ဆန်းစုကြည်၊ ဦးထွန်းထွန်း၊ ဒေါ်ဝတ်မှုန်ရွှေရည်၊ ဒေါ်ချစ်သုဝေ စသော မြန်မာပြည်၏ ဆယ်လီ များကို အထူးကျေးဇူးတင်ပါသည်။

* ပုဏ္ဏား​ကျော်

26/11/2019

# ဒီဇင်ဘာလအတွင်း ငလျင်လှုပ်မည်။ အပျက်အစီးရှိမည်။

# ကုမ္ပဏီအချင်းချင်း ပြဿ နာဖြစ်မည်။

# အမှုကြီးတော့ အမှုကြီး... မလုပ်စားပါနှင့်။

25/11/2019

မင်္ဂလာပါ

Address

Yangon
11121

Website

Alerts

Be the first to know and let us send you an email when Pone Nar Kyaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram