Hello may9 online shopping

Hello may9 online shopping ပစ္စည်း မှန်
စျေးမှန် ရောင်းချပေးနေသော UK USA JAPAN Direct
Online Shop လေးပါ...Thank you everyone . . .

13/08/2021
Thanks for Shopping with us ❤️
20/06/2021

Thanks for Shopping with us ❤️

07/06/2021

ကမ္ဘာ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အတွက် ဤဆောင်းပါးဖြင့် ဂုဏ်ပြုဖော်ပြအပ်ပါသည်။

"ကမ္ဘာကြီး ပူနွေးလာခြင်းအတွက် လုပ်သင့်သောအချက် (၁၀)ချက်" ****************************************

1. နှစ်ဒီဂရီလောက် လျှော့ချပါ။ ဒါက အပူပေးကိရိယာ လေအေးစက်သုံးသူများ ကို တောင်းပန်ခြင်းဖြစ်သည်။ ဆောင်းနဲ့နွေမှာ နှစ်ဒီဂရီ (2F)လောက်လျှော့သုံးဖို ပါပဲ။ ဒါဟာ သင်နှင့် မဆိုင်ဘူးလို့ ထင်ကောင်းထင်ကြမည်။ သင်သည် ရေပူရေအေး လေပူလေအေးစနစ်ကို အသုံးပြုသော စားသောက်ဆိုင်များကို သွားရောက် အသုံးပြုသူဖြစ်ပါက သင်နှင့်သက်ဆိုင်ပါသည်။ ထိုသို့လျှော့ချမည်ဆိုပါက တစ်နှစ်မှာ လေထဲသို့ထုတ်လွှတ်သော ကာဗွန်ဒိုင်အောက်ဆိုဒ်တစ်တန်၏ သုံးပုံတစ်ပုံ လျော့ကျသွားပေမည်။

2. မီးလုံးကိုလဲလိုက်ပါ။ ကမ္ဘာကြီးစွမ်းအင်သုံးစွဲမှုသည် မီးထွန်းခြင်းအတွက် အများဆုံးဖြစ်သည်။ အကယ်၍ အိမ်တစ်သန်းသည် သူတို့အိမ်က မီးလုံး၄လုံးကို စွမ်းအင်ချွေတာရေးမီးလုံး (Compact Fluorescent Lightbulb- CFL) ကို ပြောင်းလဲသုံးစွဲပါက လေထုထဲ ဖန်လုံအိမ်ဓါတ်ငွေ တန် ကိုးသိန်းသက်သာစေမည်။ CFLသည် တူညီသောအလင်းစွမ်းအားရှိသည့် သာမန် မီးလုံးမီးချောင်းများထက်စွမ်းအင် ၇၅ရာခိုင်နှုန်း သက်သာစေသည်။

3. လျှပ်စစ်ပစ္စည်းများကို ပလပ်မှ ဆွဲဖြုတ်ထားပါ။ သင် မသုံးသေးသော ကွန်ပျူတာ၊ တီဗွီ၊ အောက်စက်တို့ကို ရီမုတ်လေးနှိပ်ရုံဖြင့် ဖွင့်လို ရသည်။ ထိုသို့ အဆင်သင့်ထားခြင်း (Stand By)သည်လျှပ်စစ်ဓါတ်အားကို သုံးစွဲလျှက်ရှိကြောင်း သတိပြုပါ။.

4. ကြွပ်ကြွပ်အိတ်မသုံးပါနှင့် စျေးသွားတိုင်း ကြွပ်ကြွပ်အိတ်အများကြီး ရလာတတ်သည်။ တစ်နှစ်ကိုကြွပ်ကြွပ်အိတ် ၅၀၀ဘီလျံမှ တစ်ထရီလီယံအထိ သုံးစွဲကြသည်။ (တစ်ဘီလျံ=သန်းတစ်ထောင်၊ တစ်ထရီလီယံ= ဘီလျံတစ်ထောင်) ဒါဟာပျော်စရာမဟုတ်ပါ။ ရေမြာင်းတွေ ပိတ်ဆို့သည်။ တိရစ္ဆာန်များသေကြပျက်စီးသည်။ ထုတ်လုပ်စဉ်က ရေထု လေထု ညစ်ညမ်းသည်။

5. ဒေသတွင်း ထွက်ကုန်များကို သုံးပါ။ သင် စူပါမားကတ်(ကုန်တိုက်) များတွင် ၀ယ်သော အစားအသောက်များနှင့် အသုံးအဆောင်ပစ္စည်းများသည် မိုင်ထောင်ပေါင်းများစွာ အဝေးတစ်နေရာဆီမှ ရောက်လာသော ပစ္စည်းများ ဖြစ်တတ်သည်။ ထိုသို သော သယ်ယူပို့ဆောင်ရေးများကို ပြုလုပ်ရာတွင် ကမာ့္ဘလေထုအတွင်းသို့ ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ပေါင်းများစွာ ထုတ်လွှတ်ကြရသည်။ ဒေသထွက်ကုန်ကိုသုံးပါက ကမ္ဘာ့လေထုကို ကာကွယ်ရာရောက်ပါသည်။

6. ကိုယ့်ခွက်ကိုယ်သုံးပါ။ ယနေ့့တစ်ခါသုံးခွက်၊ တစ်ခါသုံးတူ၊ တစ်ခါသုံးပစ္စည်းတွေသိပ်ပေါပါသည်။ ရောဂါပိုးများသည်လည်း သောက်သောခွက်မှ ကူးစက်သည်။ ခရီးသွားလျှင် မိမိခွက်၊ တူများကို ယူပါ၊ သုံးပါ။ ဝါးပင်များးစွာကို အသက်ရှင်စေသည်။ ဝါးပင်များသည် ကာဗွန်ဒိုင်အောက်ဆိုဒ်စုပ်ယူရာတွင် အထိရောက်ဆုံးသော အပင်များဖြစ်သည်။

7. လူထုဆက်သွယ်ရေးယာဉ်ကို သုံးပါ။ ဘတ်စ်ကားတစ်စီးသည် အိမ်စီးကား၅၀မှ လူဦးရေကို သယ်ယူပို့ ဆောင်နိုင်စွမ်းရှိသည်။ ရထားများသည် ပို၍သယ်ဆောင်နိုင်သည်။ အဆိုပါ ပို့ဆောင်ရေးများသည် လူတစ်ဦးချင်း အတွက် စွမ်းအင် ထက်၀က်ကျော်မျှ ချွေတာနိုင်သည်။

8. စက်ဘီးသုံးပါ(သို့) လမ်းလျှောက်ပါ။ အနီးအနားခရီးတွေကို လမ်းလျှောက်သွားပါ။ (သို့) စက်ဘီးကိုသုံးပါ။ ကျောင်းများတွင် ကျောင်းကြိုပို့ယာဉ်များ ရှုပ်ထွေးမနေသင့်ပါ။ တစ်ပါတ်တစ်ခါလောက် ကားမစီးပါနှင့်။ သင်က ကမ္ဘာကြီးကို ကယ်တင်နေသူပါ။

9. ရေအချိုးလျှော့ပါ။ ကမ္ဘာကြီးမှာ ရေသန့်တွေနည်းလာပါတယ်။ ရေနည်းနည်းနဲ့မြန်မြန်ချိုးပါ။ အနောက်တိုင်းလို ဇိမ်မခံပါနဲ့။ ရေအေးချိုးသည့် အကျင့်လုပ်ပါ။ လူတိုင်းရေအချိုးလျှော့ပါက တစ်မိနစ်ကို ရေဂါလံသန်း ၅၀၀ သက်သာစေသည်။

10. အပင်စ်ိုက်ပါ။ အပင်များသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူသည်။ အောက်ဆီဂျင်ကို ထုတ်လွှတ်သည်။ သာမန်အပင်တစ်ပင်သည် လူနှစ်ယောက်အတွက် လုံလောက်သောအောက်ဆီဂျင်ကိုထုတ်လွှတ်ပေးနိုင်သည်။

နိဂုံး

ကမ္ဘာကြီး ပူနွေးမှုကို ကာကွယ်ဖို့ ကျရာနေရာက တစ်တပ်တစ်အား ပါ၀င်ဖို့ပါ။ မခက်လှပါဘူး။ ကမ္ဘာ့ဝင်ရိုးစွန်းမှ ရေခဲများ အရည်ပျော်စပြုနေတာ သင်သိမှာပါ။ မုန်တိုင်းတွေကိုလည်း သင်ခံစားဖူးမှာပါ။ မိမိကိုယ်တိုင် ပါ၀င်နိုင်သော အပိုင်းသည် အလွန်နည်းသော်လည်း ထိရောက်သည်ကို သတိပြုနိုင်ပါသည်။

Ref: Global Warming Survival Handbook by David De Rothschild

credit # # # ဒေါက်တာခင်မောင်ညို

Address

Yangon
11071

Telephone

+959955464052

Website

Alerts

Be the first to know and let us send you an email when Hello may9 online shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Hello may9 online shopping:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram