Healthier Happier Life Wellness Center

Healthier Happier Life Wellness Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Healthier Happier Life Wellness Center, Health & Wellness Website, Yangon.

📢 ၂၀၂၅ မကုန်ခင်လေး ကျန်းမာရေးအတွက် Healthy Lifestyle တစ်ခု အစပြုဖို့ Fasting Challenge လေး လာပါပြီ 🎁 🥗 လူတစ်​ယောက်ကျန်းမ...
07/12/2025

📢 ၂၀၂၅ မကုန်ခင်လေး ကျန်းမာရေးအတွက် Healthy Lifestyle တစ်ခု အစပြုဖို့
Fasting Challenge လေး လာပါပြီ 🎁

🥗 လူတစ်​ယောက်ကျန်းမာဖို့က အစားအ​သောက်အ​နေအထိုင် ဆင်ခြင်နိုင်ဖို့ အလွန်အ​ရေးကြီးပါတယ်

😨 ခု​ခေတ်မှာ ဖြစ်​နေတဲ့ ဆီးချို၊ ​သွေးတိုး၊ နှလုံး စတဲ့​ရောဂါ​တော်​တော်များများက အစားအ​သောက်နဲ့ ဆက်စပ်​နေပါတယ်

💯 အစားအစာကို အချိန်နဲ့ စားတဲ့ Fasting လုပ်ခြင်းက အလွန်ရိုးရှင်း လွယ်ကူပြီး ကျန်းမာရေးအတွက် အကျိုးများတာမို့ နေ့စဥ်ဘဝထဲမှာ အချိန်နဲ့ စားတတ်ဖို့ အရေးကြီးပါတယ်

🌿 အချိန်ကုန် ငွေကုန် သက်သာပြီး အကျိုးများတဲ့ Fasting ကို နေ့စဥ်ဘဝထဲ အလေ့အကျင့်ရသွားစေဖို့ ၂၁ ရက်တာ Fasting Challenge လေး အတူတူလုပ်ကြမယ်နော်

✅️ Fasting ကိုေသေသချာချာ နားလည်ပြီး စနစ်တကျလုပ်တတ်စေဖို့ စမလုပ်ခင် Fasting အ ကြောင်း အသေးစိတ်ကို Zoom နဲ့ အရင် ရှင်းပြ ပေးပြီး ၂၁ ရက်တာ ဆက်တိုက်လုပ်ဖြစ်သွားအောင် group ထဲမှာေန့စဥ် အတူတူလုပ်ကြပါမယ်

🍽 21 Fasting Challenge
Dec 10 စပါမယ်

✨️ အတန်းလေး join ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ မိမိကြိုက်နှစ်သက်သလို Happy Money ဖြင့် ပါဝင်နိုင်ပါပြီရှင်

✅️ သင်တန်း join ဖို့ ready ဆို ကွန်မန့်မှာ​ Fasting Challenge လို့ ရေးခဲ့ပါ
အ​သေးစိတ် အချက်အလက်​ နဲ့ group link ကို HHL team ကအမြန်ဆုံးပြန်ပို့​ပေးပါမယ်

🍀 အားလုံး မိမိကျန်းမာရေး ကိုယ်တိုင် စောင့်ရှောက်နိုင်ကြပါစေရှင် 😊



လပြည့်နေ့ BMD အစီအစဥ်အပြီး စိတ်နဲ့ ခန္ဓာ အဆိပ်ထုတ်ပြီးတဲ့နောက် အကြည်ဓါတ်လေးတွေရသွားကြတာ ပီတိဖြစ်ရပါတယ် ဒီဇင်ဘာ နောက်ထပ်အ...
05/12/2025

လပြည့်နေ့ BMD အစီအစဥ်အပြီး စိတ်နဲ့ ခန္ဓာ အဆိပ်ထုတ်ပြီးတဲ့နောက် အကြည်ဓါတ်လေးတွေရသွားကြတာ ပီတိဖြစ်ရပါတယ်

ဒီဇင်ဘာ နောက်ထပ်အထူးလလက်ဆောင်အနေနဲ့ Healthy Lifestyle တည်ဆောက်လိုသူတိုင်းရဲ့ နေ့စဥ်ဘဝထဲမှာမပါမဖြစ် အလေ့အကျင့်ကောင်းလေးတစ်ခုဖြစ်တဲ့ Intermittent Fasting ကို ၂၁ ရက်တာ challenge လေးလုပ်ပေးသွားပါမယ်
စိတ်ဝင်စားတယ်ဆို Fasting လို့မန့်ခဲ့နော်

🍂 Let Go and Renew Body Mind Detox 🌿အစီအစဥ်လေးက မနက်ဖန် စတော့မှာမို့ ၂၀၂၅ မှာ ကိုယ်မလိုချင်တာတွေ လွှတ်ချထားခဲ့ပြီး အသစ်တ...
02/12/2025

🍂 Let Go and Renew Body Mind Detox 🌿

အစီအစဥ်လေးက မနက်ဖန် စတော့မှာမို့
၂၀၂၅ မှာ ကိုယ်မလိုချင်တာတွေ လွှတ်ချထားခဲ့ပြီး အသစ်တဖန်ပြန်လည်မွေးဖွားချင်တယ်ဆို မကျန်ခဲ့ရအောင်
Group လေး မ join ရသေးရင် cb မှာ link တောင်းပြီး join လို့ရပါတယ်နော်

HHL ရဲ့ ဒီဇင်ဘာလက်ဆောင်တွေထဲက ပထမဆုံး လက်ဆောင်ဖြစ်လို့ စိတ်ဝင်စားတဲ့မည်သူမဆို Happy Money ဖြင့် လွပ်လပ်စွာပါဝင်နိုင်ပါတယ်။
Happy Money က မဖြစ်မနေလွှဲရမည်မဟုတ်ပါ၊ ပျော်မှလွှဲပါ၊ ပျော်သလောက် ပမာဏ ကို Energy Exchange အဖြစ်လဲလှယ်ပါဝင်နိုင်ပါတယ်ရှင်

ဒီသင်တန်းက ဘယ်လိုလူတွေအတွက်လဲ?
☘️ BMD အတန်းေတွမှာ ၃၆ နာရီ fasting ဝင်ခဲ့ကြသူတွေ ကိုယ့်ဟာကိုယ်မလုပ်ဖြစ်ကြဘူးဆိုရင် ပြန်လာခဲ့ပါ
☘️ Fasting တော့လုပ်နေတယ်၊ နာရီရှည် တော့ မသွားဖြစ်သေးလို့ နာရီရှည် Fasting ကို လုံခြုံစိတ်ချစွာလုပ်လိုတဲ့သူတွေ
☘️ Fasting တခါမှမလုပ်ဖူးလို့ စနစ်တကျလုပ်ကြည့်ချင်တဲ့သူတွေ
☘️ ခန္ဓာကိုယ်အဆီတွေစုပြီး အဝလွန်နေတဲ့သူတွေ
☘️ အစားအသောက် အနေအထိုင် Lifestyle ကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေရှင်းပြီး Body Detox လုပ်ချင်တဲ့သူတွေ
☘️ စိတ်ထဲ လေးလံနေတာတွေ၊ ရှုပ် ေထွးနေတာတွေ ရှင်းပြီး စိတ်လေး ကြည်လင်ချင်သူတွေ
☘️ အတွေးတွေများပြီးပူပန်သောကများနေလို့ စိတ်အေးချမ်းချင်သူတွေ
☘️ ကိုယ့်ရဲ့ စိတ်ထဲက အဆိပ်အတောက်တွေဖယ်ထုတ်ဖို့ Mind Detox လုပ်ချင်နေတဲ့သူတွေ

ကိုယ့်ရဲ့ စိတ် နဲ့ ခန္ဓာမှာရှိတဲ့ အဆိပ်တွေရှင်းပြီး ကျန်းမာတဲ့ ခန္ဓာကိုယ်၊ ပျော်ရွှင် အေးချမ်းတဲ့ စိတ်ပိုင်ဆိုင်ဖို့ ဆန္ဒရှိတယ်ဆို အချိန်မှီ ပါဝင်ဖို့ comment or cb မှာ ခုပဲဆက်သွယ်လိုက်ပါ

See you in the group 😊


01/12/2025

❄️Hello Sweet December🎄
အေးချမ်းလှတဲ့ ဆောင်းအငွေ့အသက်လေးတွေနဲ့အတူ HHL ရဲ့ ချစ်ရတဲ့ ပရိတ်သတ်တွေအားလုံး ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာစေကြောင်း HHL မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင် 🥰

မကြာခင် ကုန်ဆုံးတော့မယ့် ၂၀၂၅ ကို နှုတ်ဆက်တဲ့ အနေနဲ့ ဒီဇင်ဘာလထဲမှာ ချစ်ပရိတ်သတ်တွေအတွက် HHL မှ စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာစေဖို့ Healthy Lifestyle နဲ့ နေနည်းထိုင်နည်းများ၊ ကျန်းမာရေး ဗဟုသုတများ ကို ပြန်လည်မျှဝေသွားမယ့်အပြင် အထူးအစီအစဥ်အဖြစ် HHL ရဲ့ လူကြိုက်များတဲ့ သင်တန်းများဖြစ်တဲ့ BMD, Fasting, Healthy Food Happy Life အစရှိတဲ့သင်တန်းတွေကို Happy Money ဖြင့်သာ ပညာဒါနပြုသွားဖို့ အစီအစဥ်ရှိပါတယ်၊ သင်တန်းတွေတင်ပဲ မကပါဘူး One on One Consultation နဲ့ Coaching session တွေကိုပါ အခါအားလျှော်စွာ လက်ဆောင်ပေးသွားမှာမို့ အခွင့်အရေးတွေ လက်မလွတ်ရအောင်
Page ကို like & follow မလုပ်ရသေးရင်လုပ်ထားလိုက်ဦးနော်
Stay tuned 👌

🌿 Let Go and Renew 🌱 စိတ် နဲ့ ခန္ဓာထဲက အဆိပ်အတောက်တွေကို စနစ်တကျ ရှင်းလင်းသန့်စင်ပေးမယ့် HHL ရဲ့ Signature program ဖြစ်တ...
28/11/2025

🌿 Let Go and Renew 🌱

စိတ် နဲ့ ခန္ဓာထဲက အဆိပ်အတောက်တွေကို စနစ်တကျ ရှင်းလင်းသန့်စင်ပေးမယ့် HHL ရဲ့ Signature program ဖြစ်တဲ့ Body Mind Detox အစီအစဥ်လေး ကို 2025 နှစ်အကုန်မှာ လိုအပ်နေသူတွေအားလုံးအတွက် မေတ္တာလက်ဆောင် ပေးချင်ပါတယ်

2022 ထဲကစတင်ခဲ့တဲ့ ဒီ အဆိပ်ထုတ်တဲ့ အစီအစဥ်လေးမှာ အဓိက နှစ်ပိုင်း ပါဝင်ပါမယ်

Body Detox
နေ့စဥ်နဲ့အမျှစားနေတဲ့ အစားအသောက်မျိုးစုံကြောင့် စုမိ ဆောင်းမိနေတဲ့ အဆီပိုတွေ၊ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေမယ့် အရာတွေအပြင် ခန္ဓာကိုယ်တွင်းက ပျက်စီးယိုယွင်းနေတဲ့ ဆဲလ်အပိုင်းအစတွေကို ခန္ဓာကိုယ်ထဲက ရှင်းထုတ်ဖို့ ၃၆ နာရီ အစာ​ရှောင်ကြပါမယ်။

Mind Detox
တစ်နှစ်တာလုံးသတိမထားမိပဲ ကိုယ့်စိတ်ထဲမှာ ထည့်ထားခဲ့မိတဲ့ စိတ်ရဲ့အညစ်အကြေးတွေကို လွှတ်ချနိုင်ဖို့ အိပ်မွေ့ချနည်းပညာနဲ့ မသိစိတ်ထဲထိသွားရောက်ရှင်းထုတ်ကြပါမယ် ။

2025 မကုန်ခင်လေးမှာ ကိုယ့်ရဲ့ စိတ်ရော ခန္ဓာပါ သန့်စင် ပြီး နှစ်သစ်ကို အားမာန်အပြည့်နဲ့ ပေါ့ပေါ့ပါးပါး ကြိုချင်တယ်ဆိုရင်တော့ 👇

Let Go & Renew Body Mind Detox Program
Date : 3 - 5 Dec 2025
Venue : Zoom
Energy Exchange: Happy Money only

နှစ်ဟောင်းမှာ စိတ်ရဲ့လေးလံမှုတွေ၊ အညစ်အကြေးတွေ ခဝါချခဲ့ပြီ ကျန်းမာတဲ့ ခန္ဓာကိုယ်နဲ့ အေးငြိမ်းပေါ့ပါးတဲ့ စိတ်နဲ့ နှစ်သစ်ကို ကြိုဆိုဖို့ ပြင်ဆင်လိုသူတိုင်းအတွက် Let go & Renew BMD အစီအစဥ်လေးက တံခါးဖွင့်ပေးထားပါတယ်ရှင်

ပါဝင်မယ်ဆို BMD လို့ မန့်ခဲ့ပါ
HHL team က အမြန်ဆုံးပြန်လည်ဆက်သွယ်ပေးပါမယ်ရှင်
Dec 3 စမှာမို့ အမြန်စာရင်းသွင်းထားဖို့တော့လိုမယ်နော်




🌍 ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ - World Mental Health Day 🌿 လုပ်နေတာလေးတွေရပ်ပြီး ခဏလောက် အတူတူ ရင်ထဲအထိရောက်အောင် အသက်ကို ရှူ...
10/10/2025

🌍 ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ - World Mental Health Day 🌿

လုပ်နေတာလေးတွေရပ်ပြီး ခဏလောက် အတူတူ ရင်ထဲအထိရောက်အောင် အသက်ကို ရှူသွင်း ကြည့်ရအောင်။
လောကဓံကို ရင်ဆိုင်ဖို့ ရှူလိုက်တာမျိုး မဟုတ်ဘဲ ဒီနေရာ ဒီအချိန်လေးကိုပဲ အာရုံရောက်လာအောင် ရှူသွင်းလိုက်တာမျိုးပါ။

ဘဝကို ကောင်းမွန်စွာ ရှင်သန်နေထိုင်တယ်ဆိုတာ ဘာကိုဆိုလိုသလဲဆိုတာ တစ်ချက်လောက် စဉ်းစားကြည့်ရအောင်။
နေ့စဉ် ရုန်းကန်နေရုံသက်သက် မဟုတ်ဘဲ ကိုယ့်ဘဝရဲ့ ကဏ္ဍအသီးသီးမှာ ပျော်ဝင်စီးဆင်းပြီး အသက်ဝင်နေတယ်လို့ ခံစားရဖို့ ဖြစ်ပါတယ်။ နောက်ပြီး ကျွန်မတို့ လူသားအားလုံးအတွက် တကယ်ကို ထိုက်တန်တဲ့အရာတစ်ခု ရှိတယ်ဆိုရင် အဲ့ဒါက စိတ်ငြိမ်းချမ်းမှုပါပဲ။ အရာအားလုံး အဆင်ပြေနေမှ ရတဲ့ ငြိမ်းချမ်းမှုမျိုး မဟုတ်ဘဲ ဘဝက ရှုပ်ထွေးနေတဲ့ အချိန်မျိုးမှာတောင်မှ ကိုယ့်ရဲ့ အတွင်းစိတ်ထဲမှာ ရှင်သန်နေတဲ့ ငြိမ်းချမ်းမှုမျိုးပါ။

စိတ်ကျန်းမာရေးလို့ပြောတဲ့အခါမှာလည်း အချိန်တိုင်း ပျော်ရွှင်နေဖို့ မဟုတ်ပါဘူး။ ဒါဟာ ဘဝရဲ့ ရာသီဥတုတိုင်းမှာ ကိုယ့်ကိုယ်ကိုယ် နားလည်ပေးနိုင်ဖို့ပါပဲ။ အရာအားလုံး အဆင်ပြေနေဟန် ဆောင်နေဖို့ မဟုတ်ဘဲ တချို့အချိန်တွေမှာ အဆင်မပြေဘူး ဆိုတာကို ရဲရဲဝံ့ဝံ့ လက်ခံဖို့ လိုအပ်ပါတယ်။ ပြီးတော့ အဆင်မပြေတာကလည်း အဆင်ပြေပါတယ်။

တချို့နေ့တွေမှာ ပန်း‌လေးတွေပွင့်နေသလို လန်းဆန်းနေမယ်၊ တချို့နေ့တွေမှာတော့ မုန်တိုင်းထဲကနေ အသက်ရှူနိုင်အောင် ရုန်းကန်နေရုံပါပဲ။ ဒီလို မတူညီတဲ့အခြေအနေနှစ်ခုစလုံးဟာ သူ့နည်းသူ့ဟန်နဲ့ မှန်ကန်ပြီး နှစ်ခုစလုံးကို ရင်ဆိုင်တာဟာလည်း ရဲရင့်ခြင်းပါပဲ။

ကမ္ဘာ့စိတ်ကျန်းမာရေးနေ့မှာ တခြားသူတွေကို ဂရုစိုက်ဖို့ သတိပေးရုံသာမကဘဲ
ကိုယ့်ကိုယ်ကိုယ် ပြန်လည်စစ်ဆေးဖို့ သတိရဖို့ ဂရုစိုက်ဖို့အတွက်လည်း အရေးကြီးပါတယ်နော်။

◽ ကိုယ့်တခြားသူတွေကို ပေးသလိုမျိုး ကရုဏာစိတ်တွေ ကိုယ့်ကိုယ်ကိုယ် ပြန်ပေးနေရဲ့လား?
◽ ကိုယ့်ကိုယ်ကိုယ် ဖိအားပေးတာမျိုး မဟုတ်ဘဲ နားလည်မှုနဲ့ သည်းခံစိတ်နဲ့ စကားပြောနေရဲ့လား?
◽ မနက်ခင်း ကော်ဖီသောက်ချိန်တွေမှာ.. ရယ်မောသံကြားထဲမှာ.. ကိုယ်ရှူနေတဲ့ လေထဲမှာ... ဒီလိုမျိုး ရိုးရှင်းတဲ့ အခိုက်အတန့်လေးတွေမှာ လွတ်လပ်စွာ ပျော်ရွှင်ခွင့် ပေးထားရဲ့လား?

✨ ကိုယ်ချစ်တဲ့သူတစ်ယောက်ကို စကားပြောသလိုမျိုး ကိုယ့်ကိုယ်ကိုယ်လည်း ကြင်နာစွာ စကားပြောပါ။
✨ ပြေးလွှားနေတာတွေကို ခဏရပ်ပြီး အနားယူဖို့ လိုအပ်ရင် အနားယူပါ။
✨ ကိုယ်ဟာ အနားယူဖို့လိုအပ်တဲ့အချိန်တိုင်းမှာ ပြည့်ဝစွာ အနားယူခွင့် ရှိပါတယ်။
✨ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့အတွက် အပြစ်ရှိသလို မခံစားရဘဲ သတ္တိရှိပါ။
✨ ဘဝကို ကိုယ့်ရဲ့နှုန်းအတိုင်း ရှင်သန်စီးဆင်းခွင့် ရှိပါတယ်။

ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့လေးမှာ လူတိုင်း အတွင်းကနေ အပြင်ကို တောက်ပစေမယ့် ပျော်ရွှင်မှုတွေနဲ့ ကျန်းမာ ကြွယ်ဝတဲ့ ဘဝလေးပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် ✨💚


Happy Money Journey 🧳 Day 7: Review & Group Hypnosis ပျော်ရွှင်ခြင်းနဲ့အတူ ☺️ငွေကြေးတွေစိးဆင်းသွားပါစေ 💸
03/08/2025

Happy Money Journey 🧳
Day 7: Review & Group Hypnosis
ပျော်ရွှင်ခြင်းနဲ့အတူ ☺️
ငွေကြေးတွေစိးဆင်းသွားပါစေ 💸


စိုးရိမ်ကြောက်လန့်စိတ်ဖြစ်ပေါ်တဲ့အခါပုခုံးတွေ တောင့်တင်းသွားတယ်…နှလုံးခုန်မြန်လာတယ်…ဗိုက်ထဲမှာပါ မအီမသာ ဖြစ်လာသလိုလိုအစာ...
02/08/2025

စိုးရိမ်ကြောက်လန့်စိတ်ဖြစ်ပေါ်တဲ့အခါ
ပုခုံးတွေ တောင့်တင်းသွားတယ်…
နှလုံးခုန်မြန်လာတယ်…
ဗိုက်ထဲမှာပါ မအီမသာ ဖြစ်လာသလိုလို
အစာမကြေပဲ ရင်တောင့်လာသလို ဖြစ်သွားတယ်

မိတ်ဆွေ သင့်စိတ်ထဲက ပြောသမျှ စကားသံတွေကို
သင့်ခန္ဓာကိုယ်က နားထောင်နေပါတယ်

လူတွေမှာ ညာလို့ မရတာက
ကိုယ့်စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြောနေတဲ့
စကားသံတွေကိုပါ

မှန်ကြည့်တဲ့အခါ ကိုယ့်ကိုယ် လှတယ်လို့ မြင်လား?
ငါက ဝနေလိုက်တာ၊ ရုပ်ဆိုးလိုက်တာလို့ ပြောမိလား?

🪨 အဆိုးမြင်တဲ့အတွေးတွေ၊ စကားသံတွေကို
ကိုယ့်ဘာသာ တွေးမိ၊ ပြောမိတဲ့အခါ
စိတ်မလုံခြုံမှု၊ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာတယ်
အဲဒီအခါမှာ ခန္ဓာကိုယ်က stress ဟော်မုန်းတွေကို
ထုတ်ပေးတယ်

Stress ဟော်မုန်းတွေ သိပ်များလာတဲ့အခါ
အဝလွန်တာ၊ ဗိုက်မှာ အဆီစုတာကစလို့
ဒူးနာတာ၊ ကျန်းမာရေးယိုယွင်းတာတွေ ပိုဖြစ်လာတယ်
ဆဲလ်တွေဟာလည်း မူမမှန်တော့ဘဲ ပျက်စီးသွားတတ်ပါတယ်

ကိုယ့်ကိုယ် မကျေနပ်တာများတဲ့သူက ရောဂါထူတတ်ပါတယ်တဲ့

✨ သင့်ကိုယ်သင် အကောင်းမြင်တဲ့နေ့ကတော့
ခန္ဓာကိုယ်လည်း ပေါ့ပါးသွက်လက်လို့
အလုပ်လုပ်သမျှကလည်း အဆင်ပြေ ပျော်ရွှင်လို့

🎊 သေချာတာပေါ့… အကောင်းမြင်စိတ်များတဲ့အခါ
ခန္ဓာကိုယ်ကနေ Happy ဟော်မုန်းတွေ ထုတ်ပေးတယ်လေ

အားအင်တွေ ပိုပြည့်နေမယ်…
နှလုံးခုန်နှုန်းကလည်း ပုံမှန်ပဲ…
သွေးလည်ပတ်မှုတွေလည်း ပိုကောင်းမွန်နေမယ်…

ဘေးစကားတွေကို မကြားချင်ရင်
နားပိတ်ထားလို့ ရတယ်

ကိုယ့်အတွင်းစိတ်ထဲက ကိုယ့်ကိုယ်ကိုယ် ပြောမိနေတဲ့
စကားတွေကိုတော့ ကိုယ်တိုင်မှ မဟုတ်ရင်
ဘယ်သူကမှ လာပိတ်ပေးလို့ မရပါဘူး…

ဘာလုပ်လုပ် အဆင်မပြေ၊ လွှဲချော်တာတွေ များနေလား

ဒီစာဖတ်တဲ့အချိန်ကစ အတွေးတွေ၊ စိတ်ထဲက စကားသံတွေကို ပြောင်းလဲကြည့်ရအောင် 💪

“ငါက လှတယ်… ကြည့်လို့ကောင်းတယ်”
“ငါက ပျော်ရွှင်နေတယ်”
“ငါ လုပ်သမျှအားလုံး အရာထင်တယ်”
“ငါက ပိုက်ဆံရှာနိုင်တယ်”
“ငါက ဉာဏ်ကောင်းတယ်”
“ငါက သန်မာတယ်”

အတွေးပြောင်းရုံနဲ့ ဘဝတစ်ခုလုံးပါ ပြောင်းနိုင်ပါတယ်

ခန္ဓာကိုယ်ထဲက ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေ ပိုထွက်စေချင်ရင်
ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်စိတ်ရှိဖို့ သိပ်အရေးကြီးပါတယ် 💯

ပိုမိုကျန်းမာတဲ့ ခန္ဓာကိုယ်
ပိုမိုပျော်ရွှင်တဲ့ ဘဝကို ရဖို့
အတွင်းစိတ်ကစ ပြောင်းလဲကြည့်ကြမယ်ဆို
Comment မှာ “I am strong. I am healing.” လို့ ရေးသွားလိုက်ပါ


အူ (သို့မဟုတ်) ဒုတိယဦးနှောက် 🧠ခွဲမရတဲ့ သူငယ်ချင်းနှစ်ယောက်ပေါ့…တစ်ယောက်နဲ့တစ်ယောက် အမြဲအဆက်အသွယ် ရှိကြတယ်သူတို့နှစ်ယောက်...
26/07/2025

အူ (သို့မဟုတ်) ဒုတိယဦးနှောက် 🧠

ခွဲမရတဲ့ သူငယ်ချင်းနှစ်ယောက်ပေါ့…
တစ်ယောက်နဲ့တစ်ယောက်
အမြဲအဆက်အသွယ် ရှိကြတယ်
သူတို့နှစ်ယောက်က လက်တွဲဖော်တွေလို့လည်း
ပြောလို့ရတယ်
တစ်ယောက်ကို ဂရုစိုက်ရင်
ကျန်တစ်ယောက်က ကြည်နူးတယ်

😇 Gut feelings ကို ယုံကြည်လိုက်ပါတို့…
🦋 Butterflies in the stomach တို့ဆိုတာတွေ
ကြားဖူးကြ၊ သုံးဖူးကြမှာပါ

အူလမ်း‌ေကြာင်းနဲ့ ဦးနှောက်ကြားမှာ အပြန်အလှန် ဆက်နွယ်မှုတွေ ရှိနေပါတယ်၊ အဲဒါကို Gut-Brain Axis လို့
ဆေးပညာအသုံးအနှုန်းအရ ခေါ်ပါတယ်
အူနဲ့ ဦးနှောက်ဟာ အချင်းချင်း
သတင်းပို့နိုင်သလို
စားလိုက်တဲ့ အစားအသောက်ဟာလည်း
ဦးနှောက်ကို တိုက်ရိုက်သက်ရောက်မှု ရှိစေပါတယ်

🌼 ပျော်ရွှင်စေတဲ့ဟော်မုန်း ၉၀% လောက်ဟာ
အူထဲမှာ ထုတ်လုပ်ပါတယ်
အူလမ်းကြောင်းကို ကျန်းမာအောင် မထားရင်
Mood swing ဖြစ်တာ၊
စိုးရိမ်စိတ် မြင့်တက်တာအပြင်
Brain fog လို့ ခေါ်တဲ့ ရုတ်တရက်
စဉ်းစားမရဖြစ်တာမျိုးတွေအထိ ဖြစ်တတ်ပါတယ်

အူကျန်းမာမယ်ဆို စိတ်ဓာတ်တက်ကြွစေတယ်
အူမကျန်းမာရင် စိတ်ဓာတ်ကျပြီး
စိတ်ဖိစီးမှု ဖြစ်စေပါတယ်

အူလမ်းကြောင်းထဲက ဘတ်တီးရီးယားလေးတွေ
နေကောင်းကျန်းမာနေမှ စိတ်ပျော်ရွှင်တက်ကြွမှာပါနော်
ဒါကြောင့် Gut Bacteria = Mood Managers 🦠 လို့လည်း
ခေါ်ကြပါတယ်

ကြိုသိစိတ်လား?
အူထဲ၊ ဗိုက်ထဲကနေ ကြိုပြီး ခံစားသိကြပါတယ်
အဲဒီသိစိတ်ကလည်း ထူးဆန်းပါတယ်
ဒီနေရာမှာတော့ ဦးနှောက်နဲ့ အူရဲ့ ဆက်နွယ်မှုကိုပဲ
ပြောပြဦးမှာမို့ အရမ်းအကျယ်ချဲ့ မရေးတော့ဘူးနော်

စိတ်ခံစားမှုကောင်းစေချင်ရင်
အစားအသောက်ကို ဂရုစိုက်ရတယ်ဆိုတာ
Gut-Brain Axis ကြောင့်ပါ 💯

💐 နှစ်ခုလုံးကို ကျန်းမာစေချင်ရင်တော့
အနေအထိုင်ရော အစားအသောက်ပါ
ဂရုစိုက်ရပါမယ်

ဘာတွေ ဆောင်ရ၊ ရှောင်ရမလဲ
စိတ်ဝင်စားတယ်ဆိုရင် “Yes” လို့
မန့်ခဲ့ပေးပါ

နောက်ပို့စ်‌မှာ ထပ်တွေ့ကြပါမယ်နော် ✨





🧳Happy Money Journey လေး မနက်ဖန် စပါမယ် ပါဝင်မယ့်သူတွေ group လေး join ထားပါ 👇https://t.me/+FBng4m3IVnE0NGFlhttps://www.f...
26/07/2025

🧳Happy Money Journey လေး မနက်ဖန် စပါမယ်

ပါဝင်မယ့်သူတွေ group လေး join ထားပါ 👇

https://t.me/+FBng4m3IVnE0NGFl

https://www.facebook.com/100083183388155/posts/724958510286922/

💰 Happy Money Journey 🧳

ပိုက်ဆံ အကြောင်းစဉ်းစားလိုက်တာနဲ့ စိတ်ဖိစီးမှုတွေ နဲ့ ကြောင့်ကြနေရတဲ့ဘဝမှာ နေရတာ ပင်ပန်းနေပြီလား?

Happy Money Journey လေးမှာ ငွေကြေးနဲ့ပါတ်သက်တဲ့ ဖိစီးမှုတွေ ခဝါချပြီး ကိုယ်နဲ့ ပိုက်ဆံကြားက ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခုတည်ဆောက်ယူဖို့ ၂၁ ရက်တာ အတူတူသွားကြမယ် 🧳

၂၁ ရက်တာ ဒီခရီးမှာ ဘာတွေလုပ်ကြမှာလဲ?

🍀 ပထမ အဆင့်အနေနဲ့ လက်ရှိကိုယ်ရဲ့ ငွေကြေးအပေါ်ထားတဲ့ သဘောထား၊ ကိုယ်နဲ့ငွေကြေးကြားကဆက်ဆံရေး၊ ငွေကြေးနဲ့ပါတ်သက်လို့ စိတ်ထဲစွဲနေတဲ့ ယုံကြည်မှု စတာတွေကို ကိုယ်တိုင်သိရှိနားလည်အောင်ဖော်ထုတ်ကြမယ်

🍀ဒုတိယ အဆင့်အနေနဲ့ ငွေကြေးနဲ့ပါတ်သက်လို့ ကြောက်စိတ်၊ သိမ်ငယ်စိတ်၊ ရှက်စိတ် အစရှိတဲ့ စိတ်ထဲစွဲနေတဲ့မကောင်းတဲ့ ခံစားချက်တွေနဲ့ ဒဏ်ရာတွေကို ရှင်းထုတ်ကြမယ်၊ အိပ်မွေ့ချနည်းနဲ့ မသိစိတ်ထဲအထိရှင်းထုတ်ပေးသွားမှာဖြစ်ပါတယ်

🍀နောက်ဆုံးအနေနဲ့ ငွေကြေးနဲ့ ငြိမ်းချမ်းရေးယူပြီး ငွေတွေကိုယ့်ဆီကို သက်သောင့်သက်သာ စီးဝင်လာစေဖို့ နည်းလမ်းတွေကို ကိုယ့်ရဲ့ နေ့စဉ်ဘဝထဲ မှာ အလေ့အကျင့်ဖြစ်အောင်တည်ဆောက်ယူကြမယ်

🤔 ဘယ်လို သင်ယူရမှာလဲ?

📹 Telegram group ထဲမှာ တင်ပေးထာမယ့် ဗီဒီယို အတိုလေးတွေ ကိုနေ့စဉ် ကြည့်ပြီး ပေးထားတဲ့ လေ့ကျင့်ခန်းတွေ မှန်မှန်လုပ်သွားရုံပါပဲ

🗓️ စတင်မယ့်ရက် - ၂၇ ဇူလိုင် ၂၀၂၅ (Sunday)

💰 သင်တန်းကြေး ဘယ်လောက်လဲ?
သင်တန်းကြေး တစ်ခုသွင်းပြီးမှ တက်ရမယ့် သင်တန်းမဟုတ်ပါဘူး ❌

ကိုယ်တိုင် ငွေကြေးနဲ့ပါတ်သက်လို့ ဒဏ်ရာတွေကုစားချင်တဲ့သူတွေ၊ ဘဝမှာငွေကြေးကြောင့် အမြဲပူပင်နေရတဲ့သူတွေကို ကိုယ်တိုင်ပြောင်းလဲနိုင်ဖို့ ကူညီပေးမယ့် journey လေးတစ်ခုဖြစ်တာကြောင့်
🌟 သင်တန်းကြေးအဖြစ် Energy Exchange ကတော့
🍀 ကိုယ်ဘယ်လောက်ပြောင်းလဲချင်သလဲ ဆိုတဲ့စိတ်အားထက်သန်မှုနဲ့
🍀၂၁ ရက်တာ commitment အပြည့်နဲ့ လိုက်လုပ်နိုင်မှု ရှိရင် join လို့ရပါပြီ

💚 သင်တန်းတက်နေစဉ်အတွင်း/ သင်တန်းပြီးတဲ့အချိန် ငွေတွေဝင်လာတယ်၊ ငွေကြေးကြောင့်စိတ်ဖိစီးမှုတွေ လျော့သွားတယ် စတဲ့ ပြောင်းလဲမှုတွေသိသိသာသာရလိုက်တယ်ဆိုရင်တော့ ကိုယ့်ရင်ထဲက Happy ဖြစ်သလောက် Happy Money လွှဲပေးချင်လည်းရပါတယ်၊ မဖြစ်မနေလွှဲပေးရမယ်မဟုတ်ပါ။ ကိုယ့်ရဲ့ ငွေစီးကြောင်းပိုပွင့်စေဖို့ Happy Flow out လုပ်ချင်ရင်တော့ ဝမ်းမြောက်စွာလက်ခံယူပါမယ်ရှင် 😊

💰 ငွေကြေးကြောင့် စိတ်ဖိစီးမှုတွေအာလုံး ကိုနှုတ်ဆက်ပြီး အလျှံအပယ် ပေါကြွယ်ဝခြင်းတွေကို သင့်ဘဝထဲ ဆောင်ယူဖို့ အဆင်သင့်ဖြစ်နေပြီဆိုရင်တော့ 👇
Happy Money လို့မန့်ခဲ့ပါ၊ Telegram group ထဲကိုထည့်‌ေပးပါမယ်ရှင် 😊

ဒီ အစီအစဉ်လေးက ငွေကြေးလွတ်‌ေမြာက်မှုအတွက် လူတွေကို အကူအညီပေးနိုင်မယ့် မေတ္တာလက်ဆောင် အစီအစဉ်လေးဖြစ်တာမို့ လူအများပါဝင်နိုင်အောင် share ပေးခြင်ဖြင့် ငွေကြေးလာဘ်လာဘတွေ စဖွင့်လိုက်ကြရအောင်နော် 💰💰💰💰




Address

Yangon

Telephone

+959778420066

Website

Alerts

Be the first to know and let us send you an email when Healthier Happier Life Wellness Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Healthier Happier Life Wellness Center:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram