Healthier Happier Life Wellness Center

Healthier Happier Life Wellness Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Healthier Happier Life Wellness Center, Health & Wellness Website, Yangon.

🌙 Better Sleep, Better Life နဲ့ ထိုက်တန်သူတို့ ဒီည တွေ့ဆုံကြပါစို့ Better Sleep, Better LifeWorld Sleep Day Special Zoom...
13/03/2026

🌙 Better Sleep, Better Life နဲ့ ထိုက်တန်သူတို့
ဒီည တွေ့ဆုံကြပါစို့

Better Sleep, Better Life
World Sleep Day Special Zoom Event

သိပ္ပံနည်းကျ အိပ်စက်ခြင်းအချက်အလက်များနှင့်အတူ လက်တွေ့အသုံးချနိုင်မည့် Live Sleep Hypnosis အတွေ့အကြုံများကို တစ်ခါတည်း ရရှိမည့် Special Session

🩺 Part 1 – Doctor Talk
Sleep Science & Healthy Sleep Tips by Dr. Kyawt

🧠 Part 2 – Live Experience
Sleep Hypnosis Session
Facilitated by HypnoCoach Zeya Moe Myint

အိပ်စက်ခြင်းသည် အချိန်ဖြုန်းခြင်း မဟုတ်ပါ။
ဦးနှောက်နှင့် ခန္ဓာကိုယ်ကို Reset လုပ်ပေးသည့် Biological Process ဖြစ်သည်။

✨ Better Sleep → Better Mind → Better Life

⸝

📅 Today – Mar 13, 2026
⏰ Tonight – 8:00 PM (MMT)
📍 Platform – Zoom

Join Zoom Meeting
https://us06web.zoom.us/j/89094636505?pwd=SlOhRPRI96gb3X0LHLhvVRWP6ae3Zk.1

*Meeting I 890 9463 6505
Passcode: sleep

🔔 Reminder:
Session စတင်မည့်အချိန်မတိုင်မီ ၅ မိနစ်ခန့် Zoom ထဲ ဝင်ထားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Session အပြီးတွင် တစ်ဆက်တည်းအိပ်စက်နိုင်ရန် အိပ်ရာ အဆင်သင့်ပြင်ဆင်ပြီးမှ တက်ရောက်ရန် အကြံပြုပါသည်။

🌙 အိပ်စက်ခြင်းသည် အချိန်ဖြုန်းခြင်းမဟုတ်။ ဘဝကို ပြန်လည်တည်ဆောက်ခြင်းဖြစ်သည်။လူတစ်ယောက်သည် ဘဝသက်တမ်း၏ သုံးပုံတစ်ပုံခန့် (...
12/03/2026

🌙 အိပ်စက်ခြင်းသည် အချိန်ဖြုန်းခြင်းမဟုတ်။ ဘဝကို ပြန်လည်တည်ဆောက်ခြင်းဖြစ်သည်။

လူတစ်ယောက်သည် ဘဝသက်တမ်း၏ သုံးပုံတစ်ပုံခန့် (~၂၅ နှစ်) ကို အိပ်စက်ရင်း ကုန်ဆုံးစေသည်။ အိပ်စက်ခြင်းသည် မရှိမဖြစ်လိုအပ်သော ဇီဝကမ္မဖြစ်စဉ် (Biological Necessity) ဖြစ်သည်။

သို့သော် ယနေ့ခေတ် လူအများသည်
အလုပ်များခြင်း၊ စိတ်ပူပန်မှုများခြင်း၊ ဖုန်းအသုံးများခြင်းတို့ကြောင့် အိပ်ရေးပျက်နေကြသည်။

သိထားသင့်သော အိပ်စက်ခြင်းအချက်အလက်များ

🧠 ဦးနှောက်သန့်ရှင်းရေး

အိပ်ပျော်စဉ် Glymphatic System က ဦးနှောက်ရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးသည်။

🍷 *အရက်သောက်ထားသကဲ့သို့ ဖြစ်နိုင်သည်*

၂၄ နာရီ မအိပ်ဘဲနေခြင်းသည် ဦးနှောက်စွမ်းဆောင်ရည်ကို အရက်မူးနေသကဲ့သို့ ကျဆင်းစေနိုင်သည်။

📚 မှတ်ဉာဏ်စုစည်းမှု

အိပ်စက်စဉ် ဦးနှောက်က မှတ်ဉာဏ်များကို စနစ်တကျ စုစည်းပေးသည်။ အိပ်ရေးဝခြင်းသည် သင်ယူမှုကို အထောက်အကူပြုသည်။

🛠 ခန္ဓာကိုယ် ပြုပြင်တည်ဆောက်မှု

ည ၁၀ နာရီမှ မနက် ၂ နာရီအတွင်း
ဆဲလ်များ ပြုပြင်ခြင်းနှင့် ကိုယ်ခံအားစနစ် တည်ဆောက်ခြင်း အများဆုံး ဖြစ်ပေါ်သည်။

⸝

✨ Better Sleep, Better Life

“အိပ်ရေးပျက်လျှင် သုံးရက်နုံ” ဟု ရှေးစကားပုံတစ်ခုက ဆိုထားသည်။ အိပ်ရေးပျက်ခြင်းသည် ဉာဏ်ရည်နှင့် အာရုံစူးစိုက်မှုကို ထုံထိုင်းစေတတ်သည်။

အိပ်မပျော်ခြင်း၊ စိတ်ပူပန်မှုများကြောင့်
အနားယူမရသူများအတွက် —
ဤ World Sleep Day Special Session ကို စီစဉ်ထားပါသည်။

⸝

🩺 Part 1 – Dr. Kyawt (Left Brain Focus)
ဆေးပညာရှုထောင့်မှ
• Sleep Science
• Healthy Sleep Tips

🧠 Part 2 – HypnoCoach Zeya Moe Myint (Right Brain Focus)
• Live Guided Sleep Hypnosis
• Mind & Body Deep Relaxation Experience

⸝

အိပ်စက်ခြင်းသည် ဦးနှောက်နှင့် ခန္ဓာကိုယ်ကို Reset လုပ်ပေးသည့် အဖိုးတန်သော Biological Process ဖြစ်သည်။

ပိုမိုပြည့်စုံသော ဘဝအတွက်
World Sleep Day Special Session သို့ တက်ရောက်ရန် ဖိတ်ခေါ်ပါသည်။

📅 နေ့ရက် – မတ်လ ၁၃ ရက် (သောကြာနေ့)
⏰ အချိန် – ည ၈:၀၀ (MMT)
📍 နေရာ – Zoom Meeting

Better Sleep → Better Mind → Better Life

🌙 Better Sleep, Better Life 🌙Doctor Talk & Live Sleep Hypnosisညဘက် အိပ်ရာဝင်ပေမယ့် အိပ်မပျော်ဘဲ အိပ်ရေးမဝဘဲ ဖြစ်နေကြတဲ့သ...
09/03/2026

🌙 Better Sleep, Better Life 🌙
Doctor Talk & Live Sleep Hypnosis

ညဘက် အိပ်ရာဝင်ပေမယ့် အိပ်မပျော်ဘဲ အိပ်ရေးမဝဘဲ ဖြစ်နေကြတဲ့သူတွေအတွက် — 😴

💤 World Sleep Day အထိမ်းအမှတ်အဖြစ်
Medical Sleep Science + Live Hypnosis Experience ပါဝင်တဲ့
Special Zoom Session ကို စီစဉ်ထားပါတယ်။

✨ ဒီ Session မှာ ဘာတွေ ပါဝင်မလဲ? ✨
Part 1 – Doctor Talk 🩺
Dr. Kyawt ကနေပြီးတော့ -
• Healthy Sleep Science
• Sleep hygiene tips

Part 2 – Live Experience 🧠 မှာဆိုရင်လည်း
HypnoCoach Zeya Moe Myint ကနေပြီးတော့ -
• Mind Relaxation
• Guided Sleep Hypnosis
• Deep Rest Experience
စတာတွေကို လက်တွေ့ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

💤"အိပ်ရာဝင်"၊ "အိပ်ပျော်"၊ "အိပ်ရေးဝ" — ဒီစကားလုံး (၃)လုံးကို ကြည့်ရုံနဲ့တင် ရှေးမြန်မာကြီးတွေဟာ အိပ်စက်ခြင်းကို ဘယ်လောက်တောင် တစ်ခမ်းတနား အလေးထားခဲ့သလဲဆိုတာ ထင်ရှားလှပါတယ်။

📜"အိပ်စက်”၊ “စက်တော်ခေါ်" နဲ့ "ကျိမ်းစက်" ဆိုတဲ့ အသုံးအနှုန်းတွေကလည်း Body Mechanism နဲ့ Biological Clock အလုပ်လုပ်ပုံကို ဉာဏ်ကြီးစွာနဲ့ သုံးနှုန်းခဲ့ကြတာ ဖြစ်ပါလိမ့်မယ်။

🤔ဒါပေမဲ့... နှောင်းမြန်မာတွေ တစ်ခုခု မှားနေကြပြီလား?

✨"ထမင်းအသက် ခုနှစ်ရက်၊ ရေအသက် တစ်မနက်" ကို လူတိုင်း သိကြပေမဲ့...
"အိပ်ရေးပျက်လျှင် သုံးရက်နုံ" ဆိုတဲ့ ရှေးစကားပုံကိုတော့ မေ့လျော့နေကြပါပြီ။၊💁🏻‍♀️

💁🏻‍♀️ရန်သူ့ဘေးကြောင့် နိုးကြားနေဖို့ သတိပေးခဲ့တဲ့ "မအိပ်မနေ အသက်ရှည်" ဆိုတဲ့ စကားကို အလွဲသုံးစားလုပ်ပြီး အိပ်ရေးပျက်ခံကာ မိမိတို့ရဲ့ ကျန်းမာရေးကို စတေးနေကြပါတယ်။

တကယ်တော့ အိပ်စက်ခြင်းဟာ စားခြင်း၊ သောက်ခြင်းလိုပဲ အသက်ရှင်ဖို့ အရေးအကြီးဆုံး Biological Process တစ်ခုပါ။

✨ဘာကြောင့် ဒီ Session ကို မဖြစ်မနေ တက်ရောက်သင့်တာလဲ?✨

💁🏻‍♀️ဒီပွဲဟာ သာမန် ကျန်းမာရေးဟောပြောပွဲတစ်ခု မဟုတ်ပါဘူး။ ဦးနှောက် အလုပ်လုပ်ပုံ နှစ်ဖက်စလုံးကို အမိအရ ဆုပ်ကိုင်ပြီး အိပ်စက်ခြင်း ပြဿနာကို ကူညီပေးမယ့် Holistic (ဘက်စုံ) ချဉ်းကပ်မှု တစ်ခု ဖြစ်ပါတယ်။

🧠• Left Brain (Logic & Science):
Dr. Kyawt က ဆေးပညာရှုထောင့်ကနေ အိပ်စက်ခြင်းရဲ့ သိပ္ပံနည်းကျ အချက်အလက်တွေကို ဦးနှောက်က လက်ခံယုံကြည်သွားအောင် ရှင်းပြပေးမှာဖြစ်ပြီး၊

🧠• Right Brain (Emotion & Relaxation): HypnoCoach ဇေယျာမိုးမြင့်ကတော့ အတွင်းစိတ်ထဲက ဖိစီးမှုတွေကို တိုက်ရိုက်ဖြေလျှော့ပေးမယ့် Live Hypnosis Experience နဲ့အတူ စိတ်အာရုံကို နက်နဲစွာ အနားယူစေမှာ ဖြစ်ပါတယ်။

"သိပ္ပံနည်းကျ နားလည်မှု" နဲ့ "လက်တွေ့ကျကျ စိတ်ဖြေလျှော့မှု" တို့ ပေါင်းစပ်သွားတဲ့အခါမှာတော့ သင့်အတွက် အကောင်းဆုံးသော အိပ်စက်ခြင်း အရသာကို ပြန်လည် ပိုင်ဆိုင်နိုင်တော့မှာပါ။ 🛌🏻

💤✨Better Sleep ဟာ ဇိမ်ခံခြင်းမဟုတ်ပါ။
Better Life ရဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။
✨💤Better Sleep is not a luxury.
It is the foundation of a better life.

ဒီ Special Session ကို တက်ရောက်ဖို့အတွက် Comment မှာ "Better Sleep" လို့ မန့်ခဲ့ပေးလို့ရသလို Page Messenger မှာလည်း အသေးစိတ်စုံစမ်း စာရင်းပေးသွင်းနိုင်ပါပြီ💤

💖မိန်းကလေးတစ်ယောက်ရဲ့ ကမ္ဘာမှာ တာဝန်တွေ၊ အလုပ်တွေနဲ့ ရုန်းကန်နေရတာတွေကြား... 🌸တစ်ခါတလေ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ စိတ်အပန်း...
08/03/2026

💖မိန်းကလေးတစ်ယောက်ရဲ့ ကမ္ဘာမှာ တာဝန်တွေ၊ အလုပ်တွေနဲ့ ရုန်းကန်နေရတာတွေကြား... 🌸တစ်ခါတလေ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ စိတ်အပန်းပြေမှုကို မေ့လျော့နေတတ်ကြတယ်နော်။
🥰တကယ်တော့ ကိုယ်ဟာ တခြားသူတွေကို နွေးထွေးမှုပေးနိုင်ဖို့ဆိုရင် ကိုယ့်ရဲ့အတွင်းစိတ်လေးက အရင်ဆုံး အေးချမ်းနေဖို့ လိုပါတယ်။ ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ...
✨ ကိုယ့်ကိုယ်ကို အချိန်ပေးပြီး အနားယူပါ။
✨ အာဟာရဖြစ်တာလေးတွေ စားသောက်ပါ။
✨ စိတ်ဖိစီးမှုတွေကို ခဏချထားပြီး အသက်ဝဝရှူသွင်းလိုက်ပါ။
ကျန်းမာခြင်းကနေ ရရှိလာတဲ့ ပျော်ရွှင်မှုဟာ သင့်ကို ပိုမိုတောက်ပတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လာစေမှာပါ။ Healthier Happier Life မှ အမျိုးသမီးထုတစ်ရပ်လုံးကို ချစ်ခြင်းများစွာဖြင့် ဂုဏ်ပြုလိုက်ပါတယ်။

🧠ဦး​ဏှောက်ထဲမှာတင်မက ခန္ဓာကိုယ်မှာ​ရော မှတ်ဥာဏ်ရှိ​နေလား? 🧏🏻‍♀️တကယ်တော့  ခန္ဓာကိုယ်ထဲက ကလ်စည်း Cell တစ်ခုချင်းစီမှာ Bio...
26/02/2026

🧠ဦး​ဏှောက်ထဲမှာတင်မက ခန္ဓာကိုယ်မှာ​ရော မှတ်ဥာဏ်ရှိ​နေလား?

🧏🏻‍♀️တကယ်တော့ ခန္ဓာကိုယ်ထဲက ကလ်စည်း Cell တစ်ခုချင်းစီမှာ Biological Memory ဆိုတဲ့ မှတ်ဉာဏ်တွေ ရှိနေပါတယ်။

💭ကျွန်မတို့ Trauma တွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်ဖိစီးမှုတွေကို ကြာရှည်ခံစားရတဲ့အခါ Cell လေးတွေက အဲဒီ Stress Pattern တွေကို မှတ်သားထားလိုက်ပါတယ်။

ရလဒ်အနေနဲ့ စိတ်တစ်ခုတည်းတင်မကဘဲ ခန္ဓာကိုယ်မှာပါ အခုလို လက္ခဏာတွေ ပြလာတတ်ပါတယ် -
🔹 အမြဲတမ်း ဇက်ကြောတက်၊ ကြွက်သားတွေ တင်းကျပ်နေတာ
🔹 ဟော်မုန်းတွေ မညီမမျှဖြစ်လာတာ
🔹သွေးတိုး၊ သွေးချို တက်လာတာ
🔹ညဘက် အိပ်မပျော်တာနဲ့ အမြဲ နုံးခွေနေတာ

ဒါ​တွေဟာ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်က အန္တရာယ်ရှိနေတယ် လို့အချက်ပြ​နေတဲ့ လက္ခဏာ​တွေပါပဲ။

သတင်းကောင်းကတော့... 🌿
Cell လေးတွေဟာ Stress Pattern တွေကို သင်ယူနိုင်သလိုပဲ Healing Pattern ဆိုတဲ့ ကုစားမှုပုံစံတွေကိုလည်း ပြန်သင်ယူနိုင်ပါတယ်။

✨ ကိုယ်ကိုယ်တိုင် ကိုယ့်ခန္ဓာကိုယ်က အင်္ဂါ အစိတ်အပိုင်းတစ်ခုချင်းစီ၊ ကလပ်စည်း cell ​လေး​တွေတစ်ခုချင်းစီနဲ့ ချိတ်ဆက်ပြီး မသိစိတ်အလွှာထဲမှာ မှတ်သားထားတဲ့ ရောဂါဖြစ်​စေတဲ့ဖိစီးမှု pattern ကိုပြန်လည်​ပြောင်းလဲယူဖို့ အိပ်​မွေ့ချနည်းနဲ့ ကူညီလုပ်​ဆောင်လို့ရပါတယ်

ကိုယ်နဲ့ ကိုယ်နဲ့ ဘယ်လိုချိတ်ဆက် ​ပြောင်းလဲရမလဲ 🤔
စိတ်ထဲဖိစီးမှု​တွေများပြီး ​နောက်ဆက်တွဲခံစား​နေရတဲ့ ​ရောဂါ​ဝေဒနာ​တွေကိုပါ သက်သာ​​ပျောက်ကင်းချင်​နေပြီလား?

✨ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို Healing လက်ဆောင်ပေးဖို့ အချိန်တန်ပါပြီ
လာမယ့် Body Mind Detox (BMD) မှာ အထူးခြားဆုံးအနေနဲ့ Cellular Healing Hypnotherapy Session တစ်ခုကို ထည့်သွင်းပေးထားပါတယ်။

ဒီ Session မှာ အသေးစိတ် လမ်းညွှန်ပေးသွားမှာ​တွေက​တော့ -
🔹စိတ်အခြေခံကြောင့်ဖြစ်တဲ့ နာတာရှည်ဝေဒနာတွေကို Balance ပြန်ဖြစ်အောင် ဆွေးနွေးပေးခြင်း
🔹Subconscious ထဲက Trauma pattern တွေကို လွှတ်ချခြင်း
🔹ကိုယ်ခန္ဓာရဲ့ သဘာဝ Self-Healing Intelligence ကို ပြန်လည်နိုးထစေခြင်း စတာတွေကို လက်တွေ့လုပ်ဆောင်သွားမှာပါ။

ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ဟာ နှစ်ပေါင်းများစွာ Stress တွေအောက်မှာ ပင်ပန်းခဲ့ပြီးပါပြီ။ အခုတော့ သူ့ကို Healing ရဲ့ အသံကို နားထောင်ခွင့်ပေးလိုက်ရအောင်လားရှင်

Body Mind Detox Program အသေးစိတ်အား ယခုလင့်ခ်တွင် ဖတ်ရှုနိုင်ပါတယ်ရှင် 👇

https://www.facebook.com/100083183388155/posts/895169616599143/?app=fbl

ကိုယ်ခန္ဓာနဲ့ စိတ်ဝိဉာဉ်ထဲက အဆိပ်အတောက်တွေကို ရှင်းထုတ်ပြီး အသစ်တစ်ဖန် ပြန်လည်မွေးဖွားချင်တယ်ဆိုရင်တော့...

👇 အောက်က Comment မှာ "BMD" လို့ ရေးပေးခဲ့ပါ။ အသေးစိတ်ကို Message Box ကနေ ပို့ပေးပါ့မယ်ရှင်။ ☺️

Special rate ​လေးနဲ့မှီ​အောင် စိတ်ဝင်စားတယ်ဆို အမြန်ဆက်သွယ်လိုက်​တော့​နော် 🌿

စိတ်ထဲမှာ တစ်ခုခုကို ပြန်မစစ်ရ မနေနိုင်ဖြစ်နေပြီလား?🤔"အိမ်ကထွက်လာပြီးမှ... တံခါးပိတ်ခဲ့ရဲ့လား?""Air Con ရော ပိတ်ခဲ့ရဲ့လာ...
24/02/2026

စိတ်ထဲမှာ တစ်ခုခုကို ပြန်မစစ်ရ မနေနိုင်ဖြစ်နေပြီလား?🤔

"အိမ်ကထွက်လာပြီးမှ... တံခါးပိတ်ခဲ့ရဲ့လား?"
"Air Con ရော ပိတ်ခဲ့ရဲ့လား? မီးဖိုခလုတ်ရော?"
"ပြန်လှည့်ကြည့်၊ ပြန်စစ်ဆေးရတာနဲ့တင် အချိန်တွေ ကုန်နေပြီလား?"

🧠ဒါကို လူတော်တော်များများက '‌ မေ့တတ်လွန်းတာ'၊ 'စေ့စပ်လွန်းတာ' လို့ ထင်ကြပေမယ့် တကယ်တော့ ဒါဟာ OCD (Obsessive Compulsive Disorder) ရဲ့ လက္ခဏာတစ်ခု ဖြစ်နေနိုင်ပါတယ်။

🧠 OCD ဆိုတာ ဘာလဲ?
ရိုးရိုးလေးပြောရရင် OCD ဆိုတာ စိုးရိမ်စိတ် သံသရာပါ။ 🔄

🔹 Obsessions ဆိုတဲ့ ကိုယ်မလိုချင်ဘဲ စိတ်ထဲ ခဏခဏ ဝင်လာတဲ့ စိုးရိမ်စိတ်တွေ။
🔹 Anxiety ဆိုတဲ့ ပူပန်မှု အတွေးတွေကြောင့် အရမ်းကို စိတ်မသက်မသာ ဖြစ်လာတာ။
🔹 Compulsions အဲဒီစိတ်ပူမှုကို ဖြေဖျောက်ဖို့အတွက် ထပ်ခါတလဲလဲ လုပ်မိတဲ့ အပြုအမူတွေ (ဥပမာ- တံခါးပြန်စစ်တာ၊ လက်ဆေးတာ)။

🙅🏻‍♀️ဒီအတွေးတွေဟာ ကိုယ့်ရဲ့ ဆန္ဒမဟုတ်ပါဘူး။ ကိုယ်တိုင်လည်း မလိုချင်ဘဲ ဝင်လာတတ်တဲ့ Intrusive Thoughts တွေသာ ဖြစ်ပါတယ်။

🔍 OCD က ပုံစံအမျိုးမျိုးနဲ့ လာတတ်ပါတယ် -
🔹Checking OCD 🚪
တံခါး၊ မီးခလုတ်၊ ဂတ်စ်တွေကို "မစစ်ရင် အန္တရာယ်ဖြစ်မလား" ဆိုတဲ့ စိုးရိမ်မှုနဲ့ အကြိမ်ကြိမ် ပြန်စစ်တာ။

🔹Contamination OCD 🧼
ပိုးမွှားနဲ့ အညစ်အကြေးကို အလွန်အမင်း ကြောက်ပြီး လက်ကို ခဏခဏ ဆေးတာ၊ တစ်ခုခု ထိမိတိုင်း စိုးရိမ်တာ။

🔹Health / Medication OCD
• ဆေး၊ ဗီတာမင် သောက်ပြီးနောက် အန္တရာယ်ဖြစ်မလား ဘေးထွက်ဆိုးကျိုးရှိမလားဆိုပြီး စိုးရိမ်တတ်တာ၊ခန္ဓာကိုယ်လက္ခဏာတွေကို မကြာခဏ စစ်ဆေးနေတတ်တာ။

🔹Intrusive Thoughts 💭
မလိုလားအပ်တဲ့ ကြမ်းတမ်းတဲ့အတွေးတွေ ဝင်လာပြီး ကိုယ့်စိတ်ကိုယ် ပြန်ကြောက်နေတာ။

🔹Symmetry & "Just Right" 📐
အရာရာကို အတိအကျ စီထားမှ၊ ကွက်တိဖြစ်နေမှ စိတ်အေးတာ။

🔹Mental Compulsions 🧠
အပြင်ပန်းမှာ ဘာမှမလုပ်ပေမယ့် စိတ်ထဲမှာပဲ အကြိမ်ကြိမ် ရေတွက်နေတာ၊ အတိတ်ကကိစ္စတွေကို ပြန်စစ်နေတာ။

🔹Responsibility & Moral OCD 🙏
"ကိုယ့်ကြောင့် သူများ ထိခိုက်မလား" "ငါ အပြစ်တစ်ခုခု လုပ်မိပြီလား" ဆိုပြီး အလွန်အမင်း တာဝန်ယူ၊ ကြောက်ရွံ့နေတာ

☝🏻ဒါမျိုးပုံစံတွေပဲဖြစ်ပါတယ်။

🌱 OCD က စိတ်အားနည်းလို့ မဟုတ်ပါဘူး
ဒါဟာ ကိုယ့်ရဲ့ အတွင်းစိတ် (Subconscious Mind) က ကိုယ့်ကို "လုံခြုံအောင် ကာကွယ်ပေးရမယ်" လို့ လွန်လွန်ကဲကဲ ယုံကြည်နေလို့ ဖြစ်တာပါ။ 🛡️

ကိုယ့်ရဲ့စိတ်က ကိုယ့်ကို အန္တရာယ်ကနေ ကာကွယ်ဖို့ အစွမ်းကုန် ကြိုးစားနေတာ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့နော်💙

OCD သက်သာအောင် ဘယ်လိုလုပ်ရမလဲ?

OCD က ကိုယ့်ရဲ့ အတွင်းစိတ်ထဲက ထွက်​ပေါ်လာတဲ့ အ​တွေး​တွေ​ကြောင့် ဖြစ်​နေတာမို့ အိပ်​မွေ့ချနည်းနဲ့ စိုးရိမ်လွန်ပြီး ကာကွယ်ဖို့ကြိုးစား​နေ့တဲ့ အတွင်းစိတ်ကို အေးငြိမ်းအောင် ပြန်လေ့ကျင့်ပေးတာက အထိ​ရောက်ဆုံးပါပဲ
"ငါ အန္တရာယ်ကင်းပါတယ်" "ငါလုံခြုံပါတယ်"ဆိုတာကို အတွင်းစိတ်က လက်ခံသွားတဲ့အခါ ဒီအတွေးတွေဟာ သဘာဝအတိုင်း လျော့ပါးသွားမှာ ဖြစ်ပါတယ်။

စာဖတ်နေတဲ့သူတွေထဲမှာရော... ဒီလိုမျိုး ခဏခဏ ပြန်ပြန်စစ်ဆေးတတ်တဲ့ အကျင့်လေးတွေ ရှိလား?
ဒီထဲက ဘယ်လိုလက္ခဏာမျိုးကို ကြုံဖူးလဲ? Comment မှာ ပြောပြသွားပါဦးနော် 👇


🌿 Body Mind Detox Program 🌿တစ်ခါတလေ... ကိုယ့်ခန္ဓာကိုယ်ကြီးက အရမ်းလေးလံနေတာမျိုး၊ မကြာခဏ အကြောအချဥ်တွေတက်ပြီး ကိုယ်လက် န...
22/02/2026

🌿 Body Mind Detox Program 🌿

တစ်ခါတလေ... ကိုယ့်ခန္ဓာကိုယ်ကြီးက အရမ်းလေးလံနေတာမျိုး၊ မကြာခဏ အကြောအချဥ်တွေတက်ပြီး ကိုယ်လက် နာကျင်ကိုက်ခဲနေတတ်တာမျိုး၊ အကြောင်းရင်းမရှိဘဲ စိတ်တွေပင်ပန်းပြီး မလုပ်ချင် မကိုင်ချင် ခံစားနေရတာမျိုး ကြုံတွေ့ဖူးလား?

ဒီလိုလက္ခဏာတွေကတော့ ကိုယ့် ရဲ့ စိတ်နဲ့ ခန္ဓာထဲမှာ အဆိပ်အတောက်တွေ ရှင်းထုတ်ဖို့ လိုနေပြီဆိုတဲ့ သတိပေးချက်တွေပါပဲ

နေ့စဥ်နဲ့အမျှ ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲကို ထည့်နေတဲ့ အစားအသောက်တွေ၊ ဆေးတွေ၊ လိမ်း / ရှူနေတဲ့အရာတွေ အားလုံးထဲမှာ ခန္ဓာကိုယ်အတွက် အကျိုးပြုတာတွေပါသလို အဆိပ်အတောက်ဖြစ်စေမယ့် အရာတွေလည်း မကင်းပါဘူး

💭 ဒီလိုပါပဲ ကျွန်မတို့ စိတ်ထဲမှာလည်း နေ့စဉ်တွေးမိလိုက်တဲ့ အတွေးတွေထဲက "မောလိုက်တာ"၊ "ငါမလုပ်နိုင်တော့ဘူး"၊ "ငါ့ဘဝက ဘာလို့ ဒီလိုလဲ" ဆိုတဲ့ အဆိပ်အတောက်အတွေးတွေဟာ ခန္ဓာကိုယ်ထဲက ဆဲလ်လေးတွေအထိ ရိုက်ခတ်ပြီး ရောဂါဝေဒနာတွေအဖြစ် ပြောင်းလဲသွားတတ်ပါတယ်..

🌕 ဒီတစ်ခေါက် တပေါင်းလပြည့် အခါသမယမှာတော့... စိတ်နဲ့ ခန္ဓာထဲက အဆိပ်အတောက်တွေကို ရှင်းထုတ်ပြီး သစ်လွင်တဲ့ အင်အားတွေနဲ့ ဘဝကို Restart လုပ်ဖို့ Body Mind Detox အစီအစဥ်လေး ကနေ ဖိတ်ခေါ်ချင်ပါတယ်။

ဒီ (၃) ရက်တာ ခရီးစဉ်မှာ Dr. Kyawt နဲ့ Tr Khaing Nyein တို့ကဦးဆောင်ပေးသွားမှာပါ✨

✨ Body Detox အတွက် နှစ်ရှည်လများ ကိုယ့်အတွက် မနားတမ်း အလုပ်ကျွေးပြုခဲ့တဲ့ ခန္ဓာကိုယ်ကြီးထဲမှာ စုမိနေတဲ့ အဆီပိုတွေနဲ့ အဆိပ်အတောက်တွေကို Dr. Kyawt ရဲ့ လမ်းညွှန်မှုနဲ့အတူ ၃၆ နာရီကြာ အနားပေးရင်း အတွင်းပိုင်းက အဆိပ်အတောက်တွေနဲ့ မလိုအပ်တဲ့ အဆီပိုတွေကို အတူတူ စွန့်ထုတ်ကြမယ်...

✨ စိတ်ဟာ လှပတဲ့ "ဥယျာဉ်လေး" တစ်ခုဆိုရင်... ဒီနေ့ ဘယ်လိုမျိုးစေ့တွေ စိုက်ပျိုးမိသလဲ?

နောင်တတွေ၊ အားမလိုအားမရဖြစ်မှုတွေနဲ့ အပြစ်တင်ခြင်းဆိုတဲ့ "ပေါင်းပင်" တွေကြောင့် သင့်နှလုံးသားဥယျာဉ်လေး ညှိုးရော်နေပြီလား?

🍃အခုအချိန်က အဲဒီပေါင်းပင်တွေကို ရှင်းထုတ်ပြီး Self-love ဆိုတဲ့ မေတ္တာမျိုးစေ့လေးတွေကို ပြန်လည်ပျိုးထောင်ရမယ့် အချိန်ပါပဲ။ Tr Khaing Nyein က တက်ရောက်သူတွေရဲ့စိတ်ဥယျာဉ်လေး ပြန်လည်စိုပြည်လာအောင်၊ ကိုယ့်ကိုယ်ကိုယ် ပြန်လည်တန်ဖိုးထားတတ်အောင် လမ်းပြပေးသွားမှာပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လာတဲ့နေ့မှာ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ကမ္ဘာကြီးတစ်ခုလုံးဟာလည်း မယုံနိုင်စရာကောင်းလောက်အောင် လှပပြောင်းလဲသွားပါလိမ့်မယ်။

✨ ဒီ ၃ ရက်တာ အတွင်းမှာ ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲက ဆဲလ်တစ်လုံးချင်းစီနဲ့ ပြန်လည်ချိတ်ဆက်ပြီး ရောဂါဝေဒနာတွေကို ကုစားခြင်းအစီအစဉ်လေးလည်းပါဝင်ပါတယ်

ဒါလေးကတော့ ဒီတစ်ခေါက်ရဲ့ အထူးခြားဆုံး အစီအစဉ်ပါ။ ကိုယ့်ရဲ့ ဆဲလ် (Cells) လေးတွေနဲ့ ပြန်လည်ချိတ်ဆက်ပြီး သူတို့လေးတွေကို နိုးထစေမှာပါ။ နှလုံး၊ သွေးတိုး၊ ဆီးချို၊ အစရှိတဲ့ နာတာရှည်ရောဂါရှိသူတွေ၊ စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်မအီမသာဖြစ်နေသူတွေ join သင့်ပါတယ်။ ကိုယ့်ရဲ့ အတွေးစွမ်းအင်နဲ့ ဆဲလ်တွေကို ဘယ်လိုပြန်လည်ပြုပြင်မလဲဆိုတာ လက်တွေ့လုပ်ဆောင်ကြပါမယ်။

🌕 တပေါင်းလပြည့် Body Mind Detox Program လေးမှာ...
စိတ် နဲ့ ခန္ဓာကိုယ်ထဲက အဆိပ်တွေကို အပြီးတိုင် စွန့်ထုတ်ပစ်လိုက်ကြရအောင်...။

📅 Date - March 1, 2, 3
🧘 Speakers - Dr. Kyawt & Tr Khaing Nyein

ကိုယ်တိုင်က ရောဂါတစ်ခုခု ခံစားနေရလို့ စိတ်ညစ်နေတာပဲဖြစ်ဖြစ်၊ ဘဝမှာ ရှေ့ဆက်ဖို့ အင်အားကုန်ခမ်းနေတာပဲဖြစ်ဖြစ်... ဒီ Program လေးက "အသစ်တစ်ဖန် ပြန်လည်မွေးဖွားဖို့" အခွင့်အရေးပါပဲ။

BMD တက်ဖူးသူ HHL မိသားစုဝင်​တွေအတွက်အထူးနှုန်း Special Price ရှိပါမယ် ✨

ခုမှစတက်မယ့် မိသားစုဝင်အသစ်​တွေအတွက်လည်း ၂၆ ရက်မတိုင်ခင် အပ်မယ့်သူတိုင်းအတွက် 20%discount ရှိပါမယ်ရှင် 🎁

✨ စိတ်ရော ကိုယ်ပါ အဆိပ်တွေရှင်းပြီး ဘဝကို ကျန်းမာပေါ့ပါးတဲ့ ခန္ဓာကိုယ်နဲ့ ရှေ့ဆက်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ "BMD" လို့ Comment ရေးပေးခဲ့ပါနော်။ ✨

အစီအစဥ် အသေးစိတ်ကို ပို့ပေးပါမယ်ရှင် ☺️



💛 အရေးကြီးဆုံး Relationship 💕 ဘဝတစ်လျှောက်လုံး အရှည်ဆုံး ဆက်ဆံရေးကကိုယ်နဲ့ ကိုယ်ရဲ့ ကြားကဆက်ဆံရေး ဖြစ်ပါတယ်။ ငယ်စဥ် ကလေး...
14/02/2026

💛 အရေးကြီးဆုံး Relationship 💕

ဘဝတစ်လျှောက်လုံး အရှည်ဆုံး ဆက်ဆံရေးက
ကိုယ်နဲ့ ကိုယ်ရဲ့ ကြားကဆက်ဆံရေး ဖြစ်ပါတယ်။

ငယ်စဥ် ကလေးဘဝထဲက ချစ်ခြင်းမေတ္တာကို ပြည့်ပြည့်ဝဝ မခံစားခဲ့ရတဲ့ ကလေးတစ်ယောက်၊ ဒါမှမဟုတ် အရွယ်ရောက်တဲ့အခါ မစစ်မှန်တဲ့ အချစ်နဲ့ တွေ့ကြုံခဲ့ဖူးတဲ့လူတစ်ယောက်ဟာ သူ့ရဲ့ မသိစိတ်ထဲမှာ "မလုံခြုံဘူး" ဆိုတဲ့ ခံစားချက်မျိုးကိန်းနေတတ်ပါတယ်

❤️‍🩹ဒီလိုမျိုး ခံစားရတဲ့သူဟာ နောက်ဆက်တွဲအနေနဲ့
• တပါးသူရဲ့ အသိမှတ်ပြုကိုရှာနေတတ်ခြင်း
• ကိုယ့်ကိုယ်ကို မလုံလောက်ဘူးလို့ ခံစားရခြင်း
• ကိုယ့်ကိုတန်ဖိုးမထားတဲ့ ဆက်ဆံရေးတွေ လက်ခံမိခြင်း
• စွန့်ပစ်ခံရမလားဆိုတဲ့ ကြောက်ရွံ့နေမှုကြီးစိုး​နေခြင်း တွေ ဖြစ်လာနိုင်ပါတယ်။

❤️စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကကတော့ —
✔ စိတ်အေးချမ်းစေတယ်
✔ လုံခြုံမှုခံစားရစေတယ်
✔ လေးစားမှုရှိတယ် ဆိုတဲ့ ခံစားချက်ကို ပေးစွမ်းပါတယ်။

✨လူသားတွေရဲ့ Attachment ကိုလေ့လာခဲ့တဲ့ John Bowlby ရဲ့ သုတေသနအရ
လူသားတွေဟာ ရှင်သန်ဖို့အတွက် နေစရာ၊ စားစရာ ပြည့်စုံရုံနဲ့ မလုံလောက်ပါဘူး၊ တစ်နဲ့တစ်ဦး ကြားမှာ လုံခြုံစိတ်ချရတဲ့ ဆက်ဆံရေးလည်းရှိဖို့ လိုအပ်တယ် လို့ဆိုပါတယ်။

❤️ဒီနေရာမှာ အရေးကြီးတဲ့အချက်တစ်ခုက
လူ့ရဲ့ မသိစိတ်က အခြားသူထံမှ ရရှိတဲ့ အချစ်နဲ့
ကိုယ်ကိုယ်တိုင် ပေးနိုင်တဲ့ အချစ် ( Self-Love) ကို မခွဲခြားနိုင်ပါဘူး။

ဒါကြောင့် ပြင်ပကချစ်ခြင်းမေတ္တာ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကိုယ့်ကိုယ်ကို တန်ဖိုးထား ချစ်ပေးခြင်း Self-love ဟာ လူသားတစ်ယောက်ဖြစ်တည်မှုအတွက် လုံလောက်နေပါပြီ။

ဒီ​နေ့ Valentine’s Day မှာ
တစ်မိနစ်လောက် အချိန်ယူပြီး
🤲 လက်လေးနှစ်ဖက်ကို နှလုံးသားလေးပေါ် တင်ပါ။
🌬 ဖြေးညင်းစွာ အသက်ရှူသွင်း၊ ရှုထုတ် လုပ်ပါ။
😇 ပြီးတော့ ကိုယ့်စိတ်ထဲမှာ တိုးတိုးလေးပြောလိုက်ပါ —

“ငါဟာ ပြည့်စုံ လုံလောက်တယ်”
“ကျန်းမာတဲ့ အချစ်ကို ရရှိဖို့ ထိုက်တန်တယ်।”
“လုံခြုံပြီး လေးစားမှုရှိတဲ့ ဆက်ဆံရေးကို ငါ ရွေးချယ်တယ်”
“ကိုယ့်ကိုယ်ကို ကြင််နာစွာ ဆက်ဆံမယ်”

“I am enough.”
“I am worthy of healthy love.”
“I choose relationships that feel safe.”
“I treat myself with kindness.”

✨ဒီ Valentine’s Day မှာ
ကိုယ်ကိုယ်တိုင်က ကိုယ့်ကိုယ်ကို ချစ်ခြင်းမေတ္တာတွေ အပြည့်အဝပေးဖို့ မမေ့လိုက်ပါနဲ့နော် 🥰

💛 Happy Valentine’s Day to you all 💛



#ချစ်ခြင်း​မေတ္တာ
#အချစ်

စွဲလမ်းမှု ပြသနာ (Body-Focused Repetitive Behaviors – BFRBs)မသိမသာ ကိုယ်တိုင်သတိမထားမိဘဲစွဲစွဲမြဲမြဲ ပြုမူနေမိတဲ့ အလေ့အက...
10/02/2026

စွဲလမ်းမှု ပြသနာ (Body-Focused Repetitive Behaviors – BFRBs)
မသိမသာ ကိုယ်တိုင်သတိမထားမိဘဲ
စွဲစွဲမြဲမြဲ ပြုမူနေမိတဲ့ အလေ့အကျင့်လေးတွေ
တချို့လူတွေမှာ ရှိတတ်ကြပါတယ်။
ဥပမာ -
💅 လက်သည်းကိုက်တာ
👃 နှာခေါင်းပွတ်တာ
🤏 အသားအရေကို ခွာနေတတ်တာ
🫦 နှုတ်ခမ်းသားကိုက်တာ
🙆 ဆံပင်နှုတ်တာ / ဆံပင်ကို လက်နဲ့လှည့်ကစားတာ
✊ လက်ဆစ်တွေကို တဖျောက်ဖျောက် မြည်အောင်ချိုးတာ
ဒီလိုအမူအကျင့်လေးတွေကို
ဆေးပညာအရ
Body-Focused Repetitive Behaviors (BFRBs) လို့ ခေါ်ပါတယ်။
❌ ဒါတွေဟာ တကယ်တော့ အကျင့်ဆိုးတွေ မဟုတ်ပါဘူး
အများအားဖြင့်
🫩 စိတ်ဖိစီးမှု (Stress)
🥺 စိုးရိမ်ပူပန်မှု (Anxiety)
😶 ငြီးငွေ့မှု (Boredom)
😰 စိတ်အလွန်အကျွံ ဖိစီးမှု (Emotional overload)
တွေနဲ့ ဆက်စပ်နေပါတယ်။
✅ စိတ်ဖိစီးမှုတွေကို
မသိမသာ လျော့ချဖို့ ကြိုးစားနေတဲ့
ခန္ဓာကိုယ်ရဲ့ Self-soothing response တစ်မျိုးသာ ဖြစ်ပါတယ်။
ဒါပေမယ့်
မကြာခဏ လုပ်မိရင်း
အကျင့်ပါသွားတဲ့အခါ
ဖျောက်ဖို့ မလွယ်တော့ပါဘူး။
ဘာကြောင့်လဲဆိုတော့
ဒီအမူအကျင့်တွေက
Subconscious mind ကနေ လာတဲ့
အလိုအလျောက် တုံ့ပြန်မှုဖြစ်နေလို့ပါ။
တစ်နေ့မှာ
ဆယ်ကျော်သက်အရွယ် သမီးလေးတစ်ယောက်
လက်သည်းကိုက်တာ ပျောက်ချင်လို့ ရောက်လာပါတယ်။
မူလတန်းအရွယ်ကတည်းက စခဲ့တာဖြစ်ပြီး
အခုအရွယ်ရောက်လာတော့
ရှက်လာတယ်၊ မကိုက်မိအောင် ကြိုးစားပေမယ့်
ဘယ်လိုမှ မရဘူးလို့ ပြောပါတယ်။
မသိစိတ်က လာတဲ့ အမူအကျင့်တစ်ခုကို
သိစိတ်နဲ့ ထိန်းချုပ်ဖို့ ကြိုးစားလေလေ
ဖိစီးမှုတွေ ပိုများလေလေ
ဖိစီးမှုများလေလေ
အမူအကျင့်ကို ပိုလုပ်ဖြစ်လေလေ
ဒီလိုနဲ့ သံသရာလည်နေတတ်ပါတယ်။
ဒါကြောင့်
အရင်ဆုံး
– ဘယ်အချိန်က စခဲ့တာလဲ
– ဘာကြောင့် လုပ်ဖြစ်တာလဲ
– ဘယ်အရာတွေက ဆက်လုပ်နေဖြစ်အောင် တွန်းအားပေးနေတာလဲ
ဆိုတာတွေကို စူးစမ်းရှာဖွေရပါတယ်။
အရာရာတိုင်းမှာ
Root Cause ကို ရှာတွေ့ဖို့က အရေးအကြီးဆုံးပါ။
အခြေခံအကြောင်းရင်းကို မဖြေရှင်းနိုင်ရင်
ဘယ်အရာမဆို အပြီးတိုင် ပျောက်ဖို့ မလွယ်ပါဘူး။
Root Cause ကို တွေ့ပြီးနောက်
Hypnosis (အိပ်မွေ့ချခြင်း) ဖြင့်
မသိစိတ်ထဲမှာ တွယ်ကပ်နေတဲ့
အမြစ်ကို ပယ်ရှင်းနိုင်တဲ့အခါ
နှစ်ရှည်လများ စွဲနေတဲ့
အမူအကျင့်တစ်ခုလည်း
အဆုံးသတ်နိုင်ပါတယ်။
(သူမရဲ့ အတွေ့အကြုံကို Comment မှာ ဖတ်နိုင်ပါတယ်)
✨ Hypnosis က
သိမြင်မှု၊ ငြိမ်သက်မှု၊ ရွေးချယ်နိုင်စွမ်းကို
ပြန်ယူလာပေးနိုင်ပါတယ်။
✅ စိတ်ပြောင်းလဲရင်
အကျင့်လည်း ပြောင်းလဲနိုင်ပါတယ်။
သင့်မှာ သို့မဟုတ်
သင့်ပတ်ဝန်းကျင်မှာ
ဒီလိုအမူအကျင့်လေးတွေကို
မြင်ဖူးရင် မျှဝေပေးခဲ့ပါဦးနော် 🤗
အမူအကျင့်လေးတွေကို
ဖျောက်ဖို့ ကြိုးစားနေသူတွေရှိရင်
Message ပို့ပြီး
အလွတ်သဘော ဆွေးနွေးမေးမြန်းနိုင်ပါတယ် 🤍
နောက်ထပ်
စိတ်ဖိစီးမှုကြောင့် ဖြစ်လာတဲ့
စွဲလမ်းမှုပြသနာလေးတွေကိုလည်း
အလျဉ်းသင့်သလို
ဆက်လက်မျှဝေသွားပါမယ်ရှင် 😊

#စိတ်ကျန်းမာရေး

✨️ New Year, Clear You ✨️ 🗓 နှစ်သစ်ကို ​ကြည်ကြည်လင်လင်၊ ပေါ့​ပေါ့ပါးပါး၊ စိတ် နဲ့ ခန္ဓာ ဟန်ချက်ညီစွာ နဲ့ စတင်လိုက်ကြရ​အေ...
28/12/2025

✨️ New Year, Clear You ✨️

🗓 နှစ်သစ်ကို ​ကြည်ကြည်လင်လင်၊ ပေါ့​ပေါ့ပါးပါး၊ စိတ် နဲ့ ခန္ဓာ ဟန်ချက်ညီစွာ နဲ့ စတင်လိုက်ကြရ​အောင် 🌿

⚠️ နှစ်ဦးအစမှာ အားသွန်ခွန်စိုက်ကြိုးစားလိုက်မယ်လို့ ပြင်​ဆင်နေတာလား?
⚠️ New Year Resolutions ​တွေ အများကြီးချ​ဖို့ လုပ်ထားလား?

တကယ်​တော့ ဒါ​တွေက နှစ်အစတိုင်း​တွေး​နေကြ၊ လုပ်​နေကြ​တွေပါပဲ၊ အဲ့ဒီအလုပ်​တွေ ထိထိ​ရောက်​ရောက်လုပ်နိုင်ဖို့ အ​ရေးကြီးပြီး အရင်ဆုံးလုပ်ရမှာက​တော့ ကိုယ့်ရဲ့ စိတ်ထဲမှာ ​နေရာလွတ်​လေး ဖန်တီးဖို့ပါ

ပြာသိုလပြည့်​နေ့မှာ ပြုလုပ်မယ့် Body Mind Detox အစီအစဥ်က
🌿 စိတ်ထဲမှာမလိုအပ်ပဲ ပြည့်ကျပ်​နေတဲ့ အ​တွေး​တွေကို ရှင်းထုတ်မယ်
🌿 ​နေ့စဥ်​တွေ့ကြုံ​နေရတဲ့အ​ခြေအ​နေမျိုးစုံ​ကြောင့် ဖိစီး​လေးလံ​နေတဲ့ ခံစားချက်​တွေကို လွှတ်ချမယ်
🌿 ရည်မှန်းချက်အသစ်​တွေမချမှီ ကိုယ့်ရဲ့ ဦး​ဏှောက် နဲ့အာရုံ​ကြောအဖွဲ့အစည်းကို အားသစ်ပြန်​လောင်းကြမယ်
🌿 ဖိအား​တွေမပါပဲ ကြည်လင်မှုက​နေထွက်​ပေါ်လာတဲ့ ရည်ရွယ်ချက်​တွေကို ဖန်တီးနိုင်မယ်

စိတ် နဲ့ ခန္ဓာ ကြည်လင်လန်းဆန်းလာတဲ့အခါ ကိုယ်သွားရမယ့်လမ်း​ကြောင်း၊ ရည်မှန်းချက်​တွေဟာ အားစိုက်ထုတ်​နေစရာမလိုပဲ သဘာဝအတိုင်း ​ပေါ်လာပါလိမ့်မယ်

🌻 မင်္ဂလာရှိတဲ့ နှစ်ဦးမှာ အရင်ဆုံး အဆိပ်အ​တောက်​တွေရှင်း Detox လုပ်ပြီး ကြည်လင်သန့်စင်တဲ့ စိတ်နဲ့ ခန္ဓာ တည်​ဆောက်ယူပါ

✨️ ပြီးမှ တစ်နှစ်စာ အ​ရေးကြီးတဲ့ ရည်မှန်းချက်​တွေ ချမှတ်ပါ

"Nwe Year, Clear You : Body Mind Detox"
Date : 1 - 3 Jan 2026
Venue : Zoom
Energy Exchange : 75,000 MMK
BMD အစီအစဥ်မှာ ပါဝင်ဖူးတဲ့သူ​တွေအတွက် Family price : 50,000 only

✨️ စိတ်ဝင်စားလို့ပါဝင်မယ်ဆို "Clear" လို့ မန့်ခဲ့ပါ
အစီအစဥ်အ​သေးစိတ်ကို HHL Team ကအမြန်ဆုံးပြန်ဆက်သွယ်​ပေးပါမယ်ရှင်



📢 ၂၀၂၅ မကုန်ခင်လေး ကျန်းမာရေးအတွက် Healthy Lifestyle တစ်ခု အစပြုဖို့ Fasting Challenge လေး လာပါပြီ 🎁 🥗 လူတစ်​ယောက်ကျန်းမ...
07/12/2025

📢 ၂၀၂၅ မကုန်ခင်လေး ကျန်းမာရေးအတွက် Healthy Lifestyle တစ်ခု အစပြုဖို့
Fasting Challenge လေး လာပါပြီ 🎁

🥗 လူတစ်​ယောက်ကျန်းမာဖို့က အစားအ​သောက်အ​နေအထိုင် ဆင်ခြင်နိုင်ဖို့ အလွန်အ​ရေးကြီးပါတယ်

😨 ခု​ခေတ်မှာ ဖြစ်​နေတဲ့ ဆီးချို၊ ​သွေးတိုး၊ နှလုံး စတဲ့​ရောဂါ​တော်​တော်များများက အစားအ​သောက်နဲ့ ဆက်စပ်​နေပါတယ်

💯 အစားအစာကို အချိန်နဲ့ စားတဲ့ Fasting လုပ်ခြင်းက အလွန်ရိုးရှင်း လွယ်ကူပြီး ကျန်းမာရေးအတွက် အကျိုးများတာမို့ နေ့စဥ်ဘဝထဲမှာ အချိန်နဲ့ စားတတ်ဖို့ အရေးကြီးပါတယ်

🌿 အချိန်ကုန် ငွေကုန် သက်သာပြီး အကျိုးများတဲ့ Fasting ကို နေ့စဥ်ဘဝထဲ အလေ့အကျင့်ရသွားစေဖို့ ၂၁ ရက်တာ Fasting Challenge လေး အတူတူလုပ်ကြမယ်နော်

✅️ Fasting ကိုေသေသချာချာ နားလည်ပြီး စနစ်တကျလုပ်တတ်စေဖို့ စမလုပ်ခင် Fasting အ ကြောင်း အသေးစိတ်ကို Zoom နဲ့ အရင် ရှင်းပြ ပေးပြီး ၂၁ ရက်တာ ဆက်တိုက်လုပ်ဖြစ်သွားအောင် group ထဲမှာေန့စဥ် အတူတူလုပ်ကြပါမယ်

🍽 21 Fasting Challenge
Dec 10 စပါမယ်

✨️ အတန်းလေး join ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ မိမိကြိုက်နှစ်သက်သလို Happy Money ဖြင့် ပါဝင်နိုင်ပါပြီရှင်

✅️ သင်တန်း join ဖို့ ready ဆို ကွန်မန့်မှာ​ Fasting Challenge လို့ ရေးခဲ့ပါ
အ​သေးစိတ် အချက်အလက်​ နဲ့ group link ကို HHL team ကအမြန်ဆုံးပြန်ပို့​ပေးပါမယ်

🍀 အားလုံး မိမိကျန်းမာရေး ကိုယ်တိုင် စောင့်ရှောက်နိုင်ကြပါစေရှင် 😊



လပြည့်နေ့ BMD အစီအစဥ်အပြီး စိတ်နဲ့ ခန္ဓာ အဆိပ်ထုတ်ပြီးတဲ့နောက် အကြည်ဓါတ်လေးတွေရသွားကြတာ ပီတိဖြစ်ရပါတယ် ဒီဇင်ဘာ နောက်ထပ်အ...
05/12/2025

လပြည့်နေ့ BMD အစီအစဥ်အပြီး စိတ်နဲ့ ခန္ဓာ အဆိပ်ထုတ်ပြီးတဲ့နောက် အကြည်ဓါတ်လေးတွေရသွားကြတာ ပီတိဖြစ်ရပါတယ်

ဒီဇင်ဘာ နောက်ထပ်အထူးလလက်ဆောင်အနေနဲ့ Healthy Lifestyle တည်ဆောက်လိုသူတိုင်းရဲ့ နေ့စဥ်ဘဝထဲမှာမပါမဖြစ် အလေ့အကျင့်ကောင်းလေးတစ်ခုဖြစ်တဲ့ Intermittent Fasting ကို ၂၁ ရက်တာ challenge လေးလုပ်ပေးသွားပါမယ်
စိတ်ဝင်စားတယ်ဆို Fasting လို့မန့်ခဲ့နော်

Address

Yangon

Telephone

+959778420066

Website

Alerts

Be the first to know and let us send you an email when Healthier Happier Life Wellness Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Healthier Happier Life Wellness Center:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram