ကြယ်တံခွန် ဆေးဆိုင်

ကြယ်တံခွန် ဆေးဆိုင် We'll provide any things need related of medication, thanks.

Padiasure 1+ 850g (Vanilla) 75000 ပါ1 ဘူးရပါမယ် Exp date Mar 2024Padiasure 1+ 400g (Vanilla) 30000 ပါ1 ဘူးရပါမယ် Exp dat...
14/11/2023

Padiasure 1+ 850g (Vanilla) 75000 ပါ
1 ဘူးရပါမယ်
Exp date Mar 2024

Padiasure 1+ 400g (Vanilla) 30000 ပါ
1 ဘူးရပါမယ်
Exp date Feb 2024

Date နီးလို့ လျော့ပေးတာပါ

Company ပစ္စည်းပါ
ပုံပါ အတိုင်း ရပါမယ်
COD ၊ ရန်ကုန် ဆို Deli free ပါ
Ph: 09 970 196 511

#ကြယ်တံခွန်


သီတင်းကျွတ်လပြည့်နေ့ ( အဘိဓမ္မာနေ့ ) 🙏🙏🙏ယနေ့ကျရောက်တဲ့ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါ‌တော်နေ့ နေ့ထူးနေ့မြတ်မှစ၍ဘေးရန်ကင်း...
29/10/2023

သီတင်းကျွတ်လပြည့်နေ့ ( အဘိဓမ္မာနေ့ ) 🙏🙏🙏

ယနေ့ကျရောက်တဲ့ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါ‌တော်နေ့ နေ့ထူးနေ့မြတ်မှစ၍
ဘေးရန်ကင်းကြပါစေ
စိတ်၏ချမ်းသာခြင်း၊
ကိုယ်၏ကျန်းမာခြင်းတို့နှင့်ပြည့်စုံပါစေကြောင်း ကြယ်တံခွန်မိသားစု မှ
ဆုတောင်းမေတ္တာပို့သအပ်ပါသည် 🙏🙏🙏

#သီတင်းကျွတ်လပြည့်
#အဘိဓမ္မာအခါတော်နေ့
#ကြယ်တံခွန်

Photo crd

07/05/2023

အရမ်းတွေဖျားနေကြတာ ကိုဗစ်ပြန်ဖြစ်နေတာလား။ ဘယ်လိုကာကွယ်ဆေးမျိုးတွေ ထိုးရမှာလဲ။

အခုတလော ဖျားတဲ့သူတွေ တော်တော်များလာတာ သတိထားမိကြမယ်ထင်တယ်။ ဘယ်သူ့ကြည့်ကြည့် ဖျားနေတယ်ဆိုတာချည်းပဲ။ ဒီအချိန်က တုပ်ကွေးရာသီတော့မဟုတ်သေးဘူး။ ကူးစက်ရောဂါတွေများတတ်တဲ့ မိုးရာသီလည်းမရောက်သေးဘူး။ အပူကြောင့်ဖြစ်တဲ့ ဖျားနာမှုတွေလားဆိုတာတော့ ပြောရခက်တယ်။ ဒီတော့ ရန်သူတော်ကြီး ကိုဗစ်ကိုပဲ သံသယဖြစ်ရတော့မှာပဲ။ ဖျားတဲ့သူအများစုကတော့ မစစ်ကြည့်ကြဘူး။ စစ်ကြတဲ့သူတွေမှာလည်း ကိုဗစ်တွေ့တဲ့သူတွေ့တယ်။ မတွေ့တဲ့သူလည်းရှိတယ်။

ကိုဗစ်ဆိုရင်တော့ အခုချိန်မှာ ပြန့်နှုန်းအရမ်းမြင့်နေတဲ့ အိုမီခရွန်မျိုးကွဲ XBB.1.16 (Arcturus) - အာ့တူးရပ်စ်ဖြစ်ဖို့များတယ်။ တွေ့ရှိထားတာတွေအရတော့ သူကရှေ့မျိုးကွဲတွေထက် ကူးစက်မှုနှုန်းမြင့်တယ်။ ဒါပေမယ့် ပိုပြင်းထန်တယ်ဆိုတာမျိုးတော့မရှိဘူး။ ဒါကလည်း ကာကွယ်ဆေး ဘယ်လောက်ရထားလဲဆိုတာပေါ်မူတည်တယ်လို့တော့ပြောတယ်။ တကမ္ဘာလုံး ကယောက်ကယက်ဖြစ်လောက်တဲ့ အနေအထားတော့လည်းမဟုတ်ဘူး။ ဒါပေမယ့် ခုတွေ့ရသလောက်တော့ ဖျားတဲ့သူတွေမှာ
၁။ အဖျားတာရှည်တယ်။
၂။ ချောင်းဆိုး ချွဲကျပ် လည်ချောင်းနာပိုဆိုးတယ်။
၃။ တချို့တွေ မျက်စိနာတယ်။
၄။ ပျို့ချင်အန်ချင်၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တယ်။
၅။ ခေါင်းမူး ခေါင်းကိုက် ကိုယ်လက်တွေနာပြီး နုန်းတယ်။

ဒါတွေက ကာကွယ်ဆေးထိုးထားပြီးသားသူတွေမှာ ဖြစ်နေတာ။ လုံးဝမထိုးထားဘူး၊ ကိုယ်ခံအားမရထားဘူးဆိုရင်တော့ ပိုဆိုးနိုင်တယ်။ ဧပြီလတစ်လအတွင်း တကမ္ဘာလုံးမှာ လူနှစ်သောင်းလောက်ကိုဗစ်နဲ့သေတယ်။ အကုန်လုံးကတော့ ဒီမျိုးကွဲကြောင့်မဟုတ်ဘူး။ ကိုယ်ခံအားနည်းသူတွေ၊ ရောဂါအခံရှိသူတွေနဲ့ ကာကွယ်ဆေးမထိုးထားသူတွေ ပိုပြီးရောဂါဒဏ်ကို ခံစားရတယ်။

အခုကတော့ ကာကွယ်ဆေးတွေထိုးကြဖို့ ပြန်ပြောနေကြတယ်။ လုံးဝမထိုးထားကြသူတွေကတော့ ထိုးကိုထိုးသင့်တယ်။ တစ်ခုတော့ရှိတာက ဘယ်ကာကွယ်ဆေးထိုးထားထိုးထား ဒီမျိုးကွဲက ကူးစက်နိုင်တယ်။ ဒါပေမယ့် ပြင်းထန်ဆိုးရွားတဲ့နောက်ဆက်တွဲတွေမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။ လက်ရှိမှာ ပိုက်ဆံချမ်းသာတဲ့နိုင်ငံတွေကတော့ Bivalent vaccine လို့ခေါ်တဲ့ နှစ်မျိုးစပ် ကိုဗစ်ကာကွယ်ဆေးတွေ ထိုးနေကြပြီ။ နှစ်မျိုးစပ်ဆိုတာက အရင်စဖြစ်တဲ့ ကိုဗစ်မျိုးစိတ်ရော၊ အိုမီခရွန်မျိုးစိတ်ရောပါတဲ့ ကာကွယ်ဆေးတွေကို ခေါ်တာပါ။ ဥပမာ Pfizer, Moderna တို့က နှစ်မျိုးစပ်ကာကွယ်ဆေးတွေထုတ်နေကြပြီ (အဲဒီအမျိုးအစားတွေကိုပဲ အရင်ထိုးထားတာတွေက တစ်မျိုးတည်းတွေ)။

ကာကွယ်ဆေးထိုးထားလည်း ကူးနိုင်တယ် ဒါပေမယ့် ပြင်းထန်တာလျှော့ချနိုင်မယ်။ အရင် ကာကွယ်ရေးနည်းလမ်းတွေ အလုပ်ဖြစ်နေတုန်းပဲ။ မက်စ်တပ်တာ၊ လက်ဆေးတာ၊ လူအုပ်တွေရှောင်တာ၊ ဖျားနေရင် အပြင်မထွက်တာ၊ ကိုယ်ခံအားကောင်းအောင် အစားအသောက် အနေအထိုင်ဂရုစိုက်တာတွေ ဆက်လုပ်လို့ရတယ်။ လူကြားထဲသွားရင် မက်စ်တပ်ဖို့ ပြန်သတိပေးပါတယ်။ ကာကွယ်ဆေးမထိုးရသေးရင် ထိုးပါ။ နှစ်မျိုးစပ် ကာကွယ်ဆေးရနိုင်ရင် နှစ်မျိုးစပ်ကာကွယ်ဆေးထိုးပါ။ မရနိုင်လည်း ရှိတဲ့ကာကွယ်ဆေးသာ ထိုးထားပါ။

.Thurein Hiing Win

21/04/2023

Heat stroke အပူဒဏ် ဘယ်လိုခံမလဲ

အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်နိုင်ပါတယ်။ အခုတလောအရမ်းပူနေလို့ သတိထားကြပါလို့ တင်ထားတာတခု တွေ့လိုက်တယ်။ မနေ့လောက်တင်တာလို့ထင်တယ်။ ပူတဲ့ဆီမှာ ပူနေပုံရတယ်။
ရာသီဥတုပူလွန်းလို့ လူတွေကိုဒုက္ခပေးတာဟာ ကျန်းမာရေး အရေးပေါ်တခုဖြစ်တယ်။ နေပူလို့ဖြစ်တာကို Sunstroke လို့လည်းခေါ်တယ်။ အရပ်ခေါ်အပူရှပ်ဆိုတာနဲ့ မတူပါ။ အပူဒဏ်ကနေ လူကိုသေစေနိုင်တယ်။ အသက်ကြီးသူတွေက ပိုမခံနိုင်ကြပေမဲ့ အရွယ်ကောင်းတွေကိုလည်း ဖြစ်စေနိုင်တယ်။
Heat cramps အပူမိလို့ကြွက်သားတွေနာတာ တက်တာ၊ Heat syncope (Fainting) သတိလက်လွတ်ဖြစ်တာ်၊ Heat exhaustion အပူကြောင့်ကုန်ခန်းသွားတာတွေက ဆိုးတဲ့လက္ခဏာတွေမဟုတ်သေးပါ။ ဒီလိုဖြစ်တာက အပူနဲ့မဆိုင်ဘဲ ဖြစ်တတ်တယ်။
အပူချိန်မြင့်နေတာနဲ့ အချိန်ကြာထိတွေ့မိမှသာ ဆိုးတာတွေဖြစ်တယ်။ အပူဒဏ်နဲ့အတူ ရေ + ဓါတ်ဆား ခမ်းခြောက်တာ တွဲလာပြီဆိုရင် ဆိုးပြီ။ ဒီကနေတဆင့် ကိုယ်ခန္ဓာကို အပူချိန်ထိန်းတဲ့စနစ်ကိုထိခိုက်ပျက်စီးစေနိုင်တယ်။ ဆေးပညာ အဓိပ္ပါယ် ဖွင့်ဆိုချက်အရ ကိုယ်အပူချိန် ၁ဝ၅ ဒီဂရီ ဖါရင်ဟိုက်ထက်ကျော်တာကိုခေါ်တယ်။ အဲဒီအချိန်မှာ ဗဟိုအာရုံကြောစနစ်ကို ထိခိုက်လာမယ်။
ဘာတွေခံစားရမလဲ -
• Nausea and vomiting ပျို့-အန်ချင်၊
• Fainting သတိလစ်ချင်လာတာက ပဌမလက္ခဏာဖြစ်တတ်တယ်။
• Throbbing headache ခေါင်းထိုးကိုက်၊
• Dizziness and light-headedness ခေါင်းမူး၊ ခေါင်းထဲပေါ့နေ၊
• Lack of sweating despite the heat ပူပေမဲ့ချွေးမထွက်၊
• Red, hot, and dry skin အရေပြာတွေနီရဲနေ၊
• Muscle weakness or cramps ကြွက်သားအားနည်း၊ ကြွက်တက်၊
• Rapid heartbeat နှလုံးခုန်မြန်၊
• Rapid, shallow breathing အသက်ရှူတိမ်ပြီးမြန်၊
• Behavioral changes အမူအယာပြောင်း၊ ဥပမာ confusion စိတ်ရှုတ်ထွေး၊ disorientation ရောက်နေတဲ့နေရာမသိ၊ or staggering လုပ်တာကိုင်တာဖြေးနှေး၊
• Seizures တက်၊
• Loss of consciousness or coma သတိလက်လွတ်ဖြစ်မယ်။
First Aid for Heat Stroke ရှေးဦးသူနာပြုစုခြင်း
• အရေးပေါ်ဖြစ်လာရင် ဆေးရုံ၊ ကြက်ခြေနီ အကူအညီတောင်းပါ။
• အကူအညီမလာမီမှာ အေးတဲ့နေရာ (အရိပ်ရှိရာ၊ လေအေးစက်ရှိရာ) ကိုရွေ့ထားပါ။ အဝတ်အစားတွေ ဖယ်ရှားပေးပါ။ Dehumidifying air conditioning လေအေးနည်းသုံးပါ။
• လူနာကိုလှဲနေစေပါ။ ခြေရင်းမြှင့်ပေးထားပါ။
• ကိုယ်အပူချိန်တိုင်းပါ။ ၁ဝ၅ ကနေ ၁ဝ၁-၁ဝ၂ အထိရောက်အောင် အေးစေတဲ့နည်းတွေသုံးပါ။ ရေအေးဝတ်တိုက်ပါ၊ ချိုင်း၊ ပေါင်ခြံ၊ နောက်ကျောနေရာတွေမှာ ရေခဲတင်ပါ။ ရေလောင်းပါ။ ရေချိုးပါ။ ရေချိုးစည်ထဲထားပါ။ ပန်ကာဖွင့်ပေးပါ၊ ယပ်ခတ်ပေးပါ။
• သက်သာလာပြီးနောက်မှာ အပူဒဏ်မခံရအောင် ဆက်ရှောင်ရှားနေပါ။ ပြင်းထံတဲ့အားကစား၊ ကိုယ်လက်လေ့ကျင့်ခန်း ရှောင်ထားပါ။
• ရေအေးတဘက်နဲ့ပတ်ပေးထားနည်း မသင့်ပါ။
• ရေချိုးစည်ပိုင်းမှာ အသင့်အတင့်အေးတဲ့ရေသာသုံးပါ။ သတိလစ်နေသူကို အဲလိုမလုပ်ပါနဲ့။ တခြားရွေးစရာမရှိရင် ခေါင်းကို ရေထဲမနစ်ဘို့သတိထားလုပ်ပါ။
• ရေအေးသောက်စေပါ။ ORS ဓါတ်ဆားရည်သောက်စေပါ။ လိုလာရင် သွေးကြောထဲ RL drip ဆေးသွင်းပါ။
• အသက်ရှူ-နှလုံးခုန် မကောင်းတော့ရင် CPR လုပ်ဘို့ပြင်ဆင်ထားပါ။
Heat exhaustion အပူလွန်ကဲခြင်း ဘာလို့ဖြစ်ရသလည်း
• Low fluid intake ရေ + အရည်သောက်တာနည်းခြင်း
• High heat exposure အပူနဲ့လွန်ကဲ့စွာတွေ့ရခြင်း
• More activity အလုပ်လုပ်ရတာများခြင်း
ဘာတွေခံစားရမလဲ
• ခေါင်းကိုက်
• အားကုန်
• အားနည်း
• အရေပြားစိုထိုင်း
• ချွေးထွက်
• သွေးဖိအားကျ
• နှလုံးခုန်မြန်
• စိုးရိမ်စိတ်ဖြစ်
• စိတ်ရှုတ်ထွေး
ဘယ်လိုကုသမလဲ
ရေ + ဓါတ်ဆားဖြည့်ပေးပါ။ သောက်ပါ။ သွေးပြန်ကြောထဲသွင်းပေးပါ။ နားနေပါ။

ဒေါက်တာတင့်ဆွေ

မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန် အချိန်အခါသမယမှာကြယ်တံခွန် ကို အစဉ်တစိုက်အားပေးလျက်ရှိကြတဲ့မိတ်ဟောင်း ၊ မိတ်သစ် Cust...
11/04/2023

မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန် အချိန်အခါသမယမှာ
ကြယ်တံခွန် ကို အစဉ်တစိုက်အားပေးလျက်ရှိကြတဲ့
မိတ်ဟောင်း ၊ မိတ်သစ် Customer များအားလုံး
ဘေးအန္တရာယ်ခပ်သိမ်းမှ ကင်းဝေးပြီး၊
ကိုယ်၊ စိတ်၊ နှလုံး ၃ ပါးလုံး ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ကျွန်တော်များ ကြယ်တံခွန် မိသားစု မှ
ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ 🙏🙏🏻🙏🏻

#ကြယ်တံခွန်
#ဆေးဆိုင်
#သင်္ကြန်
Photo Crd

ကြယ်တံခွန် ဆေးဆိုင်မိသားစုရဲ့ ပထမအကြိမ်စုပေါင်းမဟာဘုံကထိန်အလှူရဲ့ မှတ်တမ်းဓါတ်ပုံတွေပါ။ #ကထိန်
12/11/2022

ကြယ်တံခွန် ဆေးဆိုင်မိသားစုရဲ့ ပထမအကြိမ်စုပေါင်းမဟာဘုံကထိန်အလှူရဲ့ မှတ်တမ်းဓါတ်ပုံတွေပါ။
#ကထိန်

သီတင်းကျွတ်အခါသမယမှာ လူကြီးမင်းတို့ကျန်းမာ ကြစေကြောင်း ကြယ်တံခွန်မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။အမြဲမပြတ် အား...
07/10/2022

သီတင်းကျွတ်အခါသမယမှာ လူကြီးမင်းတို့ကျန်းမာ ကြစေကြောင်း ကြယ်တံခွန်မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
အမြဲမပြတ် အားပေးနေသော Customer များအားကျေးဇူးဥပကာရအထူးတင်ရှိပါတယ်။

Photo Crd:

#ကြယ်တံခွန်



#သီတင်းကျွတ်

18/09/2022

#𝑴𝒆𝒕𝒇𝒐𝒓𝒎𝒊𝒏 ဆီးချိုဆေးကို အစာစားပြီးမှ သောက်ရလား။မစားခင် သောက်ရတာလား

💊 𝑴𝒆𝒕𝒇𝒐𝒓𝒎𝒊𝒏 သည် ဆီးချိုလူနာများရဲ့ ပထမဆုံး မိတ်ဆွေ ဖြစ်ပါတယ်။ ဆီးချိုလူနာသစ်တစ်ယောက် ပထမဆုံး စသောက်ရတဲ့ဆေး ဖြစ်သလို ဆီးချိုသည်ဘဝ တလျောက်လုံး လက်တွဲသွားရမယ့် အဖော်လည်း ဖြစ်ပါတယ်။ ဒါကြောင့် သူ့အကြောင်းကို အထိုက်အလျောက်နားလည် ထားဖို့ လိုပါတယ်။

💊 ဆီးချိုရှိလို့ 𝑴𝒆𝒕𝒇𝒐𝒓𝒎𝒊𝒏 ကို သောက်ရတော့မယ် ဆိုရင် ပထမဆုံးမေးကြတယ့် မေးခွန်းက ဆေးကို အစားမစားခင် သောက်ရမှာလား။
စားပြီးမှ သောက်ရမှာလား ဆိုတဲ့မေးခွန်း ဖြစ်ပါတယ်။

💊 သိပ်ကို မေးသင့်တဲ့မေးခွန်း ဖြစ်ပါတယ်။
အချို့ဆေးများသည် အစာနဲ့တွဲသောက်သည် ဖြစ်စေ အစာနဲ့ခွာသောက်သည် ဖြစ်စေ ဆေးအာနိသင်ပြောင်းလဲ သွားတာမရှိပါဘူး။
ဒါပေမဲ့ အစာနဲ့တွဲသောက်သင့်တဲ့၊ အစာနဲ့တွဲသောက်လို့မရတဲ့
ဆေးတွေထဲမှာ 𝑴𝒆𝒕𝒇𝒐𝒓𝒎𝒊𝒏 ပါပါတယ်။

💊 𝑴𝒆𝒕𝒇𝒐𝒓𝒎𝒊𝒏 ဆေးသည် insulin resistance ကို နည်းစေပါတယ်။ သွေးထဲက သကြားဓာတ်တွေကို ကြွက်သားတွေက အသုံးပြုတာကို များစေတယ်။ အသည်းကနေ ဂလူးကိုစ့်ထုတ်တာကို နည်းစေတယ်။ ဒီနည်းနဲ့ သွေးတွင်း သကြားဓာတ်ကို ကျအောင် လုပ်တယ်။ ဆီးချိုရောဂါကို ထိန်းသိမ်းတယ်။

💊 အဓိပွာယ်က 𝑴𝒆𝒕𝒇𝒐𝒓𝒎𝒊𝒏 သည် ဆီးချိုပမာဏကို ရုတ်တရက် ကျဆင်းသွားစေတာမျိုးမရှိဘူး။
𝒔𝒖𝒍𝒑𝒉𝒐𝒏𝒚𝒍𝒖𝒓𝒆𝒂𝒔 အုပ်စုဝင်ဆေးတွေဖြစ်တဲ့ Gliclazide, glimepride, glibenclamide ဆေးတွေနဲ့မတူဘူး။
အဲဒီဆေးတွေက မုန့်ချိုအိတ်ကို ခေါ်လို့ pancreas ကနေ insulin
ပိုထွက်လာအောင် အားပေးတဲ့ဆေးတွေဖြစ်တယ်။
insulin ပိုထွက်လာတော့ သွေးထဲက သကြားဓာတ်ကို ကိုယ်ထဲမှာ သိမ်းပြီး၊ အသုံးပြုပြီး ဆီးချိုကိုထိန်းတယ်။
အဲဆေးတွေက သွေးတွင်းသကြားဓာတ်ကို ကျဆင်းမှု့ များပြားစေလို့
ဆေးသောက်ပြီးချိန်မှာ အစာအိမ်ထဲမှာ အစာရှိနေဖို့ လိုတယ်။
ဒါကြောင့် အဲဆေးများကို အစာမစားခင် မိနစ် ၃၀ အလိုမှာ သောက်ရမှာ ဖြစ်တယ်။

💊 𝑴𝒆𝒕𝒇𝒐𝒓𝒎𝒊𝒏 ကို ကျတော့ အစာစားပြီးမှသောက်သင့်တယ်။

လုံးဝသောက်ရမယ်လို့ မဆိုလိုဘူး။ အစာမစားခင် သောက်မယ်ဆိုလည်း ရတယ်။ ဒါပေမဲ့ သွေးတွင်းသကြားဓာတ်အနည်းငယ်ကျဆင်းနိုင်တဲ့ အန္တာရာယ်ရှိတယ်။ အခြားဆီးချိုဆေးများနဲ့တွဲသောက်ရင် ဆီးချိုပိုကျတတ်တယ်။ဒါ့အပြင် အစာစားပြီးမှသောက်သင့်တဲ့အချက်တစ်ခုက ဆေးသည် အစာအိမ်အူလမ်းကြောင်းကို ထိခိုက်စေပြီး ပျို့အန်၊ဝမ်းလျော၊လေပွ ဖြစ်တတ်လို့ ဖြစ်တယ်။
အစာစားပြီးမှာ ဆေးကို သောက်တဲ့အခါမှာ အဲလို ဘေးထွက်ဆိုးကျိုးတွေသက်သာသွားတယ်။ ဒါကြောင့် 𝑴𝒆𝒕𝒇𝒐𝒓𝒎𝒊𝒏 ကို စားပြီးမှ သောက်ကြပါ။
များသောအားဖြင့် 𝑴𝒆𝒕𝒇𝒐𝒓𝒎𝒊𝒏 ကို တနေ့ ကို ၂ ကြိမ် ပေးပါတယ်။
ရည်ရွယ်ချက်က မနက်စာ စားပြီး ၁ ကြိမ် နဲ့ ညနေစာ စားပြီး ၁ ကြိမ် ဖြစ်ပါတယ်။
ဆေးပမာဏကို တစ်ကြိမ်ကို 500mg တနေ့၂ ကြိမ်ဆိုတော့ 1000mg = 1g စပေးပါတယ်။ ဆေးကို လူနာရဲ့ အခြေအနေကို မူတည်ပြီး တိုးပါတယ်။
ဆီးချိုကို ထိန်းနိုင်ရင် ဆေးကို မတိုးပါဘူး။ ဒီအတိုင်း ဆက်သောက်ခိုင်းပါတယ်။
အချို့ကို 𝑴𝒆𝒕𝒇𝒐𝒓𝒎𝒊𝒏 နေ့လည်ကို ပေးပါတယ်။
ဆီးချိုကို မထိန်းနိုင်သေးတဲ့ လူနာတွေမှာ ဆေးပမာဏကို တိုးပေးတာဖြစ်ပါတယ်။
ဆီးချိုကို ထိန်းနိုင်ရင်တော့ ဆေးကို လျော့ပေးလို့ရပါတယ်။

💊 𝑴𝒆𝒕𝒇𝒐𝒓𝒎𝒊𝒏 ပေးပြီး ၂ ပတ် ၃ ပတ်လောက် မှာတော့ ဘေးထွက်ဆိုးကျိုးကိုခံစားရနိုင်တယ်။ နောက်ပိုင်းမှာတော့ သက်သာသွားပါတယ် Metformin မှာက ၂ မျိုးရှိတယ်။
💊 𝑰𝒎𝒎𝒆𝒅𝒊𝒂𝒕𝒆 𝒓𝒆𝒍𝒆𝒂𝒔𝒆 𝑴𝒆𝒕𝒇𝒐𝒓𝒎𝒊𝒏 နဲ့ Extended release 𝑴𝒆𝒕𝒇𝒐𝒓𝒎𝒊𝒏 တို့ ဖြစ်တယ်။
ပုံမှန်သောက်နေကြ metformin က 𝑰𝒎𝒎𝒆𝒅𝒊𝒂𝒕𝒆 𝒓𝒆𝒍𝒆𝒂𝒔𝒆 ပုံစံဖြစ်တယ်။
ဆေးအာနိသင်တိုတယ်။ ဒါကြောင့် တနေ့ကို ၂ ကြိမ်လောက်သောက်ဖို့ လိုတယ်။
နောက်ပိုင်းထွက်လာတဲ့𝒆𝒙𝒕𝒆𝒏𝒅𝒆𝒅 𝒓𝒆𝒍𝒆𝒂𝒔𝒆 ဆိုတဲ့ ပုံစံကတော့ သွေးထဲမှာ ဆေးအာနိသင်ကို တနေ့ကုန် ဖြည်းဖြည်းချင်း ထုတ်ပေးတာ ဖြစ်တယ်။
ဒါကြောင့် 𝒆𝒙𝒕𝒆𝒏𝒅𝒆𝒅 𝒓𝒆𝒍𝒆𝒂𝒔𝒆 metformin ကို မနက်ပိုင်း တစ်လုံး
သောက်ထားရုံနဲ့ တနေ့တာအတွက် လုံလောက်တယ်။
ဒါ့အပြင် အစာအိမ်အူလမ်းကြောင့် ထိခိုက်မှု့နည်းတယ်။
ဆေးအာနိသင်ကတော့ 𝒊𝒎𝒎𝒆𝒅𝒊𝒂𝒕𝒆 𝒓𝒆𝒍𝒆𝒂𝒔𝒆 𝒎𝒆𝒕𝒇𝒐𝒓𝒎𝒊𝒏 နဲ့ မကွာပါဘူး။
𝒆𝒙𝒕𝒆𝒏𝒅𝒆𝒅 𝒓𝒆𝒍𝒆𝒂𝒔𝒆 ဆေးတွေကတော့ ဈေးကြီးပါတယ်။

Crd:
ဒေါက်တာထွန်းမြတ်ဝင်း (ဆေးဝါးဗဟုသုတမျှဝေမယ်)

#ဆီးချို
#ဆီးချိုဆေး

ဆေးနှင့် အစားအစာ♦♦♦♦♦အစာအိမ်ထဲ အစာမရှိချိန် သောက်ရမည့်ဆေးများ♦♦♦♦♦♦♦♦♦♦♦- Alendronate (Fosamax)- Ampicillin- Astemizole-...
17/09/2022

ဆေးနှင့် အစားအစာ
♦♦♦♦♦

အစာအိမ်ထဲ အစာမရှိချိန် သောက်ရမည့်ဆေးများ
♦♦♦♦♦♦♦♦♦♦♦

- Alendronate (Fosamax)
- Ampicillin
- Astemizole
- Bethanechol
- Bisacodyl
- Captopril (အစာမစားမီ တစ်နာရီ ကြိုသောက်ပါ)
- Cefibuten (Cedax)
- Cilostazol (Pletal)
- Cloxacillin
- Demeclocycline
- Dicloxacillin
- Didanosine (Videx)
- Etidronate (Didronel)
- Felodipine (Plendil)
- Flucloxacillin (အစာမစားမီ တစ်နာရီ ကြိုသောက်ပါ)
- Indinavir (Crixivan)
- Lansoprazole (အစာမစားမီ သောက်ပါ)
- Levothyroxine
- loratadine (Claritin)
- loracarbef (Lorabid)
- Methotrexate
- Moexipril (Univasc)
- Mycophenolate (Cellcept)
- Omeprazole (အစာမစားမီ သောက်ပါ)
- Oxacillin
- Penicillamine
- Perindopril (Aceon)
- Repaglinide (Prandin)
- Rifampin
- Rifabutin (Mycobutin)
- Riluzole (Rilutek)
- Risedronate
- Roxithromycin (အစာမစားမီ သို့မဟုတ် အစာစားပြီး အနည်းဆုံး ၁၅ မိနစ်ခွာပြီး သောက်ပါ)
- Sotalol
- Sucralfate (Carafate)
- Sulfamethoxazole - trimethoprim (Bactrim)
- Sulfadiazine
- Tetracycline (နို့နှင့် နို့ထွက်ပစ္စည်းများနှင့် မသောက်ရ၊ မစားရ)
- Tolcapone (Tasmar)
- Zafirlukast (Accolate)
- Zalcitabine (Hivid)

အခြား ဆေးအများစုသည်လည်း အစာအိမ်ထဲ အစာမရှိချိန်တွင် သောက်ရပါသည်။ အကယ်၍ မည်သည့်အချိန် သောက်ရမည်ကို မသေချာလျင် ဆရာဝန်ကို မေးမြန်းနိုင်ပါသည်။
အစားမစားမီ (၂) နာရီအလို သို့မဟုတ် နောက်ဆုံးအစားစားပြီး (၂) နာရီ အကြာတွင် ဆေးကို ရေတစ်ဖန်ခွက်နှင့် သောက်ရပါမည်။ အစာနှင့်အတူ မသောက်ရသော ဆေးများအားလုံးသည် နို့နှင့်လည်း မသောက်ရပါ။

အစာနှင့်အတူ သောက်ရမည့်ဆေးများ
♦♦♦♦♦♦♦♦♦

- Allopurinol (အစာစားပြီးနောက် သောက်ပါ)
- Amoxicillin
(Amoxicillin ကို အစာနှင့်အတူ သို့မဟုတ် အစာစားပြီး တစ်နာရီအတွင်း သောက်ရပါမည်။ အချို့ Amoxicillin အမျိုးအစားများသည် အစာနှင့်အတူ သို့မဟုတ် အစာမရှိချိန်တွင် သောက်နိုင်ပါသည်။ မည်သို့ သောက်ရမည်ကို ဆရာဝန်ကို မေးရပါမည်)
- Atovaquone (Mepron)
- Augmentin
- Aspirin
- Amiodarone (Cordarone)
- Baclofen (Lioresal)
- Bromocriptine (Parlodel)
- Clofazimine (Lamprene)
- Carvedilol (Coreg)
- Carbamazepine (Tegretol)
- Chloroquine
- Cimetidine (Tagamet)
- Cefpodoxime (Vantin)
- Diclofenac (Voltaren)
- Divalproex sodium (Depakote)
- Doxycycline
- Felbamate (Felbatol)
- Fenofibrate (TriCor)
- Fiorinal
- Fludrocortisone
- Fenoprofen
- Griseofulvin
- Glyburide (နံနက်စာနှင့် သောက်ရန်)
- Hydrocortisone
- Hydroxychloroquine (Plaquenil)
- Itraconazole capsules
- Ketorolac
- Lithium
- Metronidazole
- Misoprostol (Cytotec)
- Mmethanamine
- Mebendazole
- Methylprednisolone
- Naltrexone
- Naproxen
- Nelfinavir (Viracept)
- Nitrofurantoin
- Niacin
- Olsalazine
- Perphenazine
- Pentoxifylline
- Pergolide
- Piroxicam
- Potassium salts
- Prednisone
- Procainamide
- Ritonavir (Norvir)
- Salsalate
- Saquinavir
- Sevelamer (Renagel)
- Spironolactone
- Sulfasalazine
- Sulfinpyrazone
- Sulindac
- Ticlopidine
- Tolmetin
- Trazodone
- Troglitazone
- Valproic acid

ဂရိတ်ဖရု (grapefruit) နှင့် ဓာတ်မတည့်သော ဆေးများ
♦♦♦♦♦♦♦♦♦♦♦

- Amiodarone
- Amlodipine
- Astemizole
- Alprazolam
- Atorvastatin
- Benzodiazepines
- Buspirone
- Carbamazepine
- Carvedilol
- Cerivastatin
- Cilostazol
- Clarithromycin
- Clomipramine
- Codeine
- Cyclosporine
- Dapsone
- Dextromethorphan
- Diazepam
- Diltiazemestrogens
- Erythromycin
- Felodipine
- Fentanyl
- Finasteride
- Haloperidol
- Hndinavir
- Lercanidipine
- Lidocaine
- Lovastatin
- Midazolam
- Methadone
- Nelfinavir
- Nifedipine
- Nicardipine
- Nimodipine
- Nisoldipine
- Nitrendipine
- Ondansetron
- Paclitaxel
- Progestin
- Progesterone
- Quinidine
- Ritonavir
- Salmeterol
- Saquinavir
- Simvastatin
- Tacrolimus
- Trazodone
- Triazolam
- Vincristine
- Zaleplon
- Zolpidem

■■■■■■■■■■■■■■■■■■
Crd:
Khin Maung Latt
(Chemistry)

References:
♦♦♦♦

https://globalrph.com/drugs/drug-food-interactions

https://www.rexall.ca/articles/view/3838/Take-on-an-empty-stomach

Photo Crd: Internet

ပြည်တွင်းမြို့နယ်ပေါင်း ၁၀၀ ကျော်ကို MGL Express နှင့် ချိတ်ဆက်၍ အိမ်အရောက်ပို့ဆောင်ပေးနေပါသည်။လူကြီးမင်း တို့လိုအပ်တဲ့ ...
16/09/2022

ပြည်တွင်းမြို့နယ်ပေါင်း ၁၀၀ ကျော်ကို MGL Express နှင့် ချိတ်ဆက်၍ အိမ်အရောက်ပို့ဆောင်ပေးနေပါသည်။

လူကြီးမင်း တို့လိုအပ်တဲ့ Nutritional Support Items, နိုင်ငံခြားဆေးမျိုးစုံ ၊ အိမ်သုံး မြန်မာဆေး မျိုးစုံတို့ကို ပစ္စည်းမှန် ၊စျေးနှုန်းမှန် ၊ FB Messenger/ဖုန်းဆက် မှာယူနိုင်ပါသည်။

နယ် လက်ကားသမားများအတွက် သီးသန့်စျေးနှုံးရှိပါမယ်။

ဝေဇယန္တာလမ်း ၊ အသင်းတိုက် မီးပွိုင့်အနီး ၊ သဃ်န်းကျွန်း ၊ ရန်ကုန်။
Ph: 09 454 928 164

#ကြယ်တံခွန်

#ဆီးချိုကျဆေး
#သွေးတိုးကျဆေး

ဘိုးဘိုး ၊ ဘွားဘွား တို့လိုအပ်တဲ့ Nutritional Support Items, နိုင်ငံခြားဆေးမျိုးစုံ ၊ အိမ်သုံး မြန်မာဆေး မျိုးစုံတို့ကို...
08/09/2022

ဘိုးဘိုး ၊ ဘွားဘွား တို့လိုအပ်တဲ့ Nutritional Support Items, နိုင်ငံခြားဆေးမျိုးစုံ ၊ အိမ်သုံး မြန်မာဆေး မျိုးစုံတို့ကို ပစ္စည်းမှန် ၊စျေးနှုန်းမှန် ဖုန်းဆက်မှာယူ ၊ ပို့ဆောင်ပေးနေပါသည်။

နယ် ၊ လက်ကား သမားတွေအတွက် သီးသန့်စျေးနှုံးရှိပါမယ်။

ဝေဇယန္တာလမ်း ၊ အသင်းတိုက် မီးပွိုင့်အနီး ၊ သဃ်န်းကျွန်း ။
(ပစ္စည်းရောက် ငွေချေ ၊ Deli free in ThinGanGyun Township)
Ph: 09 454 928 164

#ကြယ်တံခွန်

#ဆီးချိုကျဆေး
#သွေးတိုးကျဆေး

လက်လီ ၊ လက်ကား ဝယ်ယူရရှိနိုင်ပါသည်။ဝေဇယန္တာလမ်း ၊ အသင်းတိုက် မီးပွိုင့်အနီး ၊ သဃ်န်းကျွန်း ။ (ပစ္စည်းရောက် ငွေချေ ၊ Deli...
16/08/2022

လက်လီ ၊ လက်ကား ဝယ်ယူရရှိနိုင်ပါသည်။

ဝေဇယန္တာလမ်း ၊ အသင်းတိုက် မီးပွိုင့်အနီး ၊ သဃ်န်းကျွန်း ။
(ပစ္စည်းရောက် ငွေချေ ၊ Deli free in ThinGanGyun Township)
Ph: 09 454 928 164

#ကြယ်တံခွန်


#ဆီးချိုကျဆေး
#သွေးတိုးကျဆေး

Address

No. 9/B, Waizayandar Road, Thingangyun Township
Yangon

Telephone

+959454928164

Website

Alerts

Be the first to know and let us send you an email when ကြယ်တံခွန် ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ကြယ်တံခွန် ဆေးဆိုင်:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram