Art of Healing

Art of Healing Healing minds through art, empathy, and awareness. We create a safe and creative space to express emotions, find calm, and grow stronger.

Your journey to mental wellness and inner peace starts here. MISSION
The mission of Art of Healing is to enhance mental health awareness, promote individual empowerment, and increase access to treatment and services for persons living with mental illness. We work to help people by serving mental health, child psychology, parenting education and community support needs through direct service, policy advocacy, and outreach. VISION
Our vision is to improve the lives of those living with mental illness and provide emotional wellness for individuals and families as we strive to deliver services and support necessary to improve the quality of life for children, youth, and adults with mental illness and addictive disorders.

🫖 စိတ်ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေတဲ့ Tea Ceremony 🫖 Tea Ceremonyဆိုတာ အရှေ့တိုင်းယဉ်ကျေးမှုအနေနဲ့ မကြာခဏ “mindfulne...
16/10/2025

🫖 စိတ်ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေတဲ့ Tea Ceremony

🫖 Tea Ceremonyဆိုတာ အရှေ့တိုင်းယဉ်ကျေးမှုအနေနဲ့ မကြာခဏ “mindfulness practice” အဖြစ် အသုံးပြုကြပါတယ်။ စိတ်ကျန်းမာရေးအတွက်လည်း အကျိုးထူးများစွာရှိစေပါတယ်။ အောက်မှာ သက်ဆိုင်ရာကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်ရှင် —

🍃 Tea Ceremony ၏ စိတ်ကျန်းမာရေးအကျိုးများ

🧘‍♀️ 1. Mindfulness (အသိ-သတိရှိစေခြင်း) တိုးတက်စေသည်

Tea Ceremony ပြုလုပ်ခြင်းမှာ ပြုလုပ်ရတဲ့ လက်ဖက်ရည်သောက်သုံးရန် ပြင်ခြင်း အဆင့်များက တိတ်ဆိတ် ငြိမ်သက်စွာ ဖြင့် ပြုလုပ်သောက်သုံးရခြင်းဖြစ်တဲ့အတွက် ငြိမ်သက်မှုကို ရရှိစေပြီး လက်ရှိပစ္စုပ္ပန်မှာသတိထားဖို့လိုပါတယ်။

Tea Master မှ tea ceremony တွင် ပါဝင်သူများကို လဖက်ဟည်သောက်သုံးရန်အတွက် ရှေ့မှနေပြီး လဖက်ရည်ပြင်တင်ခြင်းများကို အသိ-သတိရှိစွာဖြင့် ပြင်ဆင်ပေးရပါတယ်။ Tea Master ရဲ့ စိတ်သန့်စင်မှု၊ ခံစားမှု၊ တန်ဘိုးထားမှုတွေအပေါ်မှာ မူတည်ပြီး tea အရသာရဲ့ ကောင်းမွန်ခြင်းတွေက ကွာခြားပါတယ်။

အနံ့၊ အပူ၊ အရသာကို သတိထားခြင်းကြောင့် ယခုပုံစံအချိန် (present moment) ထဲမှာ နေထိုင်ခြင်းကို လေ့လာနိုင်ပါတယ်။

➡️ စိတ်ကျန်းမာရေးအတွက် အရေးကြီးတဲ့ “now awareness” ကိုတိုးတက်စေပါတယ်။

☯️ 2. စိတ်အေးချမ်းမှုနှင့် စိတ်ဖိစီးမှုလျော့ချပေးသည်

လက်ဖက်ရည်ပြင်ခြင်းက ငြိမ်သက်သောလှုပ်ရှားမှုများ၊ ရေနွေးငဲ့သံများ၊ ရေကျသံများ၊ အနံ့သင်းသင်းတို့ကြောင့်
➡️ စိတ်ဖိစီးမှုကို လျှော့ချပြီး nervous system ကို အေးအေးချမ်းချမ်းဖြစ်စေပါတယ်။

🌸 3. Emotional Regulation (ခံစားချက်ညှိနှိုင်းခြင်း)

အခမ်းအနားတခုလုံးဟာ ritual လည်းဖြစ်လို့ စိတ်ထဲကအနာတရသို့ မျက်နှာမူမိတဲ့အခါတွင် အေးဆေးစွာလက်ခံနိုင်ပါတယ်။
➡️ စိတ်ဒဏ်ရာတွေ၊ သောကတွေကို စိတ်ထဲကနေ ပြန်လည်ညှိနှိုင်းနိုင်စေတယ်။

💬 4. Connection & Sharing

တဦးချင်း သို့မဟုတ် အဖွဲ့လိုက်ပါဝင်တဲ့ Tea Ceremony မှာ တဦးနဲ့တဦး စကားမလိုဘဲ “အတူရှိခြင်း” ကိုခံစားနိုင်ပါတယ်။
➡️ Empathy, belonging, and calm presenceကို တိုးတက်စေပါတယ်။

🫖 5. Symbolic Cleansing & Renewal

လက်ဖက်ရည်ဟာ “purification and new beginning” ကိုရည်ညွှန်းပါတယ်။
➡️ စိတ်အနာတရတွေကို ဖြေဖျောက်ပြီး အသစ်သစ်စတင်ဖို့ စိတ်သန့်စင်မှုတခုရရှိစေပါတယ်။

🌿 6. Sensory Grounding

အနံ့၊ အပူ၊ အရသာ၊ သံတို့ကိုသတိထားခြင်းက Grounding technique တခုဖြစ်ပြီး —
➡️ စိတ်ခံားချက်များကို ထပ်တလဲလဲခံစားနေရသူများ၊ PTSD လက္ခာများအတွက်လည်း တည်ငြိမ်မှုရရှိစေတယ်။

🌼 အကျဉ်းချုပ်

“Tea ceremony is not about tea — it’s about presence.”
လက်ဖက်ရည်အခမ်းအနားဟာ လက်ဖက်ရည်ကိုသောက်ဖို့သာမက စိတ်နှင့်ခန္ဓာကို တခြားတနေရာမရှိဘဲ ယခုအခိုက်အတန့်မှာအေးချမ်းစွာရှိနေဖို့သင်ပေးတာ ဖြစ်ပါတယ်။

‼️ မကြာခင်မှာ Floral Art Therapy and Tea Ceremony Workshop ပြုလုပ်ရန်ရှိတဲ့အတွက် စိတ်ဝင်စားမယ်ဆို ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်
ရှင်။ ‼️

⚡ အားလပ်ရက်တွေအပြီး မိုတီပြန်ရဖို့ရာ ⚡သီတင်းကျွတ်အားလပ်ရက်အလွန် အလုပ်ထဲမှာ မိုတီမရဘဲ နားရက်အရသာလေးကို ပြန်တမ်းတရင်း စိတ်...
15/10/2025

⚡ အားလပ်ရက်တွေအပြီး မိုတီပြန်ရဖို့ရာ ⚡

သီတင်းကျွတ်အားလပ်ရက်အလွန် အလုပ်ထဲမှာ မိုတီမရဘဲ နားရက်အရသာလေးကို ပြန်တမ်းတရင်း စိတ်မပါဖြစ်နေပါလား။

ဒါမှမဟုတ် ဖြစ်ဖူးပါသလား။

ဒါဆိုရင်တော့ သင်တယောက်ထဲ မဟုတ်ပါဘူး။

အားလပ်ရက်အလွန် လုပ်ငန်းခွင်ထဲ စိတ်မပါတာမျိုးက အတော်များများ ကြုံရတတ်ပါတယ်။

ဘာကြောင့်ဖြစ်သလဲ၊ ဘယ်လိုဖြစ်သလဲ၊ ဘာလုပ်ရမလဲ၊ ဒီအကြောင်းတွေကို Reversal Theory ရှုထောင့်ကနေ တင်ပြလိုပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ပုံတပုံချင်း ထောက်ဖတ်ကြည့်ပါ။

📷Phototherapy Free Online Workshop 📷📷 Phototherapy Free Online Workshop ကို ပါဝင်ချင်ပါက အောက်ဖော်ပြပါ အချက်များကို ဆောင...
14/10/2025

📷Phototherapy Free Online Workshop 📷

📷 Phototherapy Free Online Workshop ကို ပါဝင်ချင်ပါက အောက်ဖော်ပြပါ အချက်များကို ဆောင်ရွက်ပေးရန် လိုအပ်ပါတယ်ရှင်။

📷 “ Hope & Healing “ဆိုတဲ့ ခေါင်းစဉ်နှင့် မိမိစိတ်ကြိုက် ကိုယ်တိုင်ရိုက်ကူးထားသော ဓာတ်ပုံ ၂ပုံ လိုအပ်ပါတယ်။

📷 “ Hope “ အတွက်က ဓာတ်ပုံတပုံ၊ “ Healing “အတွက်က ဓာတ်ပုံတပုံ ဖြစ်ပါတယ်။

📷 24.10.2025 နေ့ ည ၈နာရီ မတိုင်ခင်မှာ ပါဝင်ခွင့်ရသူများအနေနှင့် Art of Healing page Messenger သို့ မမေ့မလျော့ပေးပို့ရန် လိုအပ်ပါတယ်။

📷 အသက်အရွယ်၊ လိင်အမျိုးအစား မကန့်သတ်ထားပါ။ စိတ်ဝင်စားသူ မည်သူမဆိုပါဝင်နိုင်ပါတယ်။

📷 ပါဝင်လိုပါက comment မှာ “ Yes “ လို့ ရေးခဲ့ပေးပါနော်။

💡 Phototherapy ရဲ့ Benefitsများကိုလည်း ဖော်ပြပေးလိုက်ပါတယ်ရှင်။

Phototherapy ကို Mental Healthအတွက် အသုံးပြုပါက အောက်ပါအကျိုးအထူးများ ရှိနိုင်ပါတယ်။


1. Self-awareness (ကိုယ်တိုင်သိရှိမှု)
ဓာတ်ပုံတစ်ပုံကိုကြည့်ပြီး “ဘာကြောင့် ဒီပုံကို ရိုက်ကူးဖြစ်သွားတာလဲ” ဆိုတာ စဉ်းစားတဲ့အခါ ကိုယ်တိုင်အကြောင်းနက်နက်ရှိုင်းရှိုင်းသိလာနိုင်တယ်။

2. Emotional expression (ခံစားချက်ဖော်ပြနိုင်ခြင်း)
စကားနဲ့မပြောနိုင်တဲ့စကားများကို ပုံတွေနဲ့ဖော်ပြနိုင်တယ်။ ဥပမာ – မိသားစု၊ Childhood memories စတာတွေ။

3. Trauma processing (စိတ်ဒဏ်ရာထိခိုက်မှု သက်သာခြင်း)
ဓာတ်ပုံတွေက အတိတ်အမှတ်တရများကို လျှော့ပေါ့သက်သာအောင်လုပ်နိုင်တယ်။ (e.g., Loss, displacement, disaster trauma)

4. Connection & empathy (ချစ်ခြင်းနှင့်နားလည်မှုတိုးတက်ခြင်း)
Workshop participants တွေအကြား အတူတူမျှဝေခြင်းနဲ့ သံယောဇဉ်တိုးလာတယ်။

5. Positive reframing (အမြင်ပြောင်းလဲခြင်း)
ပုံတပုံကို အာရုံစူးစိုက်စွာ ကြည့်ရှုတွေးတောခြင်းဖြင့်ကြည့်ရာမှ မကောင်းတဲ့အဖြစ်အပျက်တွေကို အတွေးအမြင်အသစ် အနုပညာနည်းလမ်းနဲ့ ပြန်ကြည့်နိုင်တယ်။

📷 လိုအပ်သည့်ပစ္စည်းများ
- မှတ်စုစာအုပ်
- ဘောလ်ပင်

‼️ လူဦးရေကန့်သတ်ထားပါသည်။

Facilitator : Yuko ( Founder & Art Therapy Practitioner )
Date : 26.10.2025
Time : 7:00 - 8:30 PM
Location: Zoom ( Online)

Neurographic Art Therapy Workshop The key benefits of Neurographic Art Therapy for mental health — supported by both psy...
13/10/2025

Neurographic Art Therapy Workshop

The key benefits of Neurographic Art Therapy for mental health — supported by both psychological theory and creative expression research:

🌿 1. Reduces Stress and Anxiety
• The repetitive and flowing lines in Neurographic art help calm the nervous system.
• The slow, mindful drawing process activates a meditative state, reducing anxiety and stress hormones.

💭 2. Improves Emotional Regulation
• Transforming sharp or chaotic lines into smooth connections symbolizes emotional release.
• It allows people to visually process and soften inner conflicts, leading to better emotional balance.

🧠 3. Enhances Self-Awareness
• The art reflects subconscious thoughts and emotions that may be hard to express verbally.
• By observing patterns and colors, participants gain insight into their mental and emotional states.

💓 4. Promotes Mindfulness and Presence
• The focus on each stroke and shape keeps the mind in the present moment.
• It reduces rumination (repetitive worrying) and helps develop a mindful awareness of feelings.

🌈 5. Encourages Problem-Solving and Cognitive Flexibility
• Neurographic techniques teach the brain to create new pathways and solutions.
• Connecting lines symbolizes connecting different parts of life, helping the mind form new perspectives.

🤝 6. Builds a Sense of Connection and Control
• Drawing connections between shapes can represent making peace with life’s events.
• It helps participants feel more in control and connected with themselves and others.

🌸 7. Supports Healing from Trauma
• It provides a non-verbal, safe way to express pain or confusion.
• The creative process allows emotional release without the need to describe traumatic memories.

🖌️ 8. Increases Positive Emotions and Creativity
• The use of colors, shapes, and flow can boost mood and inspire hope.
• It stimulates creativity, which is linked with improved mental well-being.

13/10/2025

World Mental Health Day အထိမ်းအမှတ်အနေနှင့် ဒို့အိမ်နှင့် မြို့ပြပုံဖော်သူ လူငယ်များက Goethe-Institute Myanmar နှင့် Academy of Care ( AoC)အတူ ဦးစီးကျင်းပသောအစီအစဉ်မှာ ပြုလုပ်ပေးဖြစ်သော “ Neurographic Art Therapy Workshop” အမှတ်တရပုံရိပ်လေးများကို ဝေမျှပေးလိုက်ပါတယ်ရှင် …။

📷 Phototherapy ဆိုတာ ဘယ်လိုမျိုးလဲ …? 📷📷 Phototherapyကို mental health session တွေမှာ အသုံးပြုခြင်းက များစွာအကျိုးရှိစေပ...
12/10/2025

📷 Phototherapy ဆိုတာ ဘယ်လိုမျိုးလဲ …? 📷

📷 Phototherapyကို mental health session တွေမှာ အသုံးပြုခြင်းက များစွာအကျိုးရှိစေပါတယ်။ အနုပညာဖြင့် ဖော်ပြခြင်းဖြစ်သလို၊ ကိုယ်တိုင် မိမိအကြောင်းပိုမိုသိနားလည်လာခြင်း၊ အတွင်းစိတ်ခံစားချက်တွေဖော်ထုတ်နိုင်ခြင်း စတဲ့ Healing Process တွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။

🌿 ၁။ Phototherapy ဆိုတာဘာလဲ?

📷 Phototherapy ဆိုတာက ဓာတ်ပုံတွေကို အာရုံစိုက်ကြည့်ခြင်း၊ ရေးဆွဲခြင်း၊ မေးမြန်းခြင်း နဲ့ တုံ့ပြန်ခံစားခြင်းမှတဆင့် စိတ်နှလုံးအတွင်းမှာရှိတဲ့ အတွေးအမြင်၊ အမှတ်တရ၊ နှလုံးသားခံစားချက်တွေကို သိရှိလာပြီး သက်သာအေးချမ်းစေတဲ့ စိတ်ကုထုံးအနုပညာ (therapeutic art) ပုံစံတခု ဖြစ်ပါတယ်။

💡 ၂။ Phototherapy ရဲ့ အကျိုးကျေးဇူးတွေကတော့

Phototherapy ကို Mental Health session များတွင် အသုံးပြုပါက ဖော်ပြပါအကျိုးကျေးဇူးများကို ရရှိစေမှာပဲ ဖြစ်ပါတယ်�Self-awareness (ကိုယ်တိုင်သိရှိမှု)�ဓာတ်ပုံတပုံကိုကြည့်ပြီး “ဘာကြောင့် ရိုက်ဖြစ်သွားတာလဲ” ဆိုတာ စဉ်းစားတဲ့အခါ ကိုယ်တိုင်အကြောင်းနက်နက်ရှိုင်းရှိုင်းသိလာနိုင်တယ်။
2. Emotional expression (ခံစားချက်ဖော်ပြနိုင်ခြင်း)
စကားနဲ့မပြောနိုင်တဲ့စကားများကို ပုံတွေနဲ့ဖော်ပြနိုင်တယ်။ ဥပမာ – မိသားစု၊ Childhood memories စတာတွေ။
3. Trauma processing (ထိခိုက်မှု သက်သာခြင်း)
ဓာတ်ပုံတွေက အတိတ်အမှတ်တရများကို လျှော့ပေါ့သက်သာအောင်လုပ်နိုင်တယ်။ (e.g., Loss, displacement, disaster trauma)
4. Connection & empathy (ချစ်ခြင်းနှင့်နားလည်မှုတိုးတက်ခြင်း)
Workshop participants တွေအကြား အတူတူမျှဝေခြင်းနဲ့ သံယောဇဉ်တိုးလာတယ်။
5. Positive reframing (အမြင်ပြောင်းလဲခြင်း)
ပုံတပုံကို သေချာစိတ်ခံစားချက်ဖြင့်ကြည့်ရာမှ မကောင်းတဲ့အဖြစ်အပျက်တွေကို ပုံစံအသစ်တခုအဖြစ် အနုပညာနည်းလမ်းနဲ့ ပြန်ကြည့်နိုင်ပါတယ်။
📷 Phototherapy ပြုလုပ်တဲ့အခါမှာ မပြုလုပ်ခင် ပါဝင်မည့်သူများကို ခေါင်းစဉ်တခုအောက်မှ ပုံများကို ရိုက်ကူးစေပြီး မိမိအနှစ်သက်ဆုံး အနည်းဆုံး (၂ ) ပုံကို ရွေးခြယ်စေပြီး ၎င်းရိုက်ကူးထားသော ဓာတ်ပုံနှင့်ပတ်သက်ပြီး “ဓာတ်ပုံတွေက သင့်အတွက် ဘာကို အဓိပ္ပါယ်ဖွင့်ပြနေတာလဲ?”၊ “ပုံထဲက အရာတွေကို ဘယ်လိုမြင်
သလဲ၊ ခံစားရလဲ”၊ “အဲ့ဒိပုံနဲ့သက်ဆိုင်ရာအမှတ်တရ/ခံစားချက်ကဘာလဲ”… စတဲ့ မေးခွန်းများကို Facilitatorက မေးမြန်းဆွေးနွေးသွားတာပဲ ဖြစ်ပါတယ်။

📷 workshop ပြုလုပ်တဲ့အချိန်မှာ Safe space တခုဖန်တီးရန် လိုအပ်ပါတယ်။ (no judgment, no forcing to share) Participants တချို့အတွက် အမှတ်တရပုံတွေက စိတ်မကောင်းစေတယ်ဆိုရင် gentle approach ကို အသုံးပြုရပါတယ်။ ပါဝင်သူများရဲ့ Privacy ကိုလည်း ကာကွယ်ဖို့ အရေးကြီးပါတယ်။ မျှဝေမှုတွေအပေါ် အချင်းချင်း respect ပြုလုပ်နိုင်ဖို့ ကြိုတင်ပြောကြားထားရပါမယ်။ ဓာတ်ပုံများ ပိုင်ဆိုင်မှုအပေါ် copyright awareness သတိထားရန်လည်း အထူးအရေးကြီးပါတယ်။

📷 မကြာခင်မှာ Art of Healing က​နေ Phototherapy workshopပြုလုပ်ဖို့ ရှိပါတယ်။ ဓာတ်ပုံ ရိုက်ရတာလည်း ဝါသနာပါတယ်။ စိတ်ခံစားချက်တွေကို ဓာတ်ပုံကတဆင့် ဖော်ပြရလည်း သဘောကျတယ်။ စိတ်ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးရစေပြီး မိမိကိုယ်ကိုယ်ထိုးထွင်းသိမြင်နိုင်မှု ပိုမိုကောင်းလာမှာဖြစ်လို့ စိတ်ဝင်စားမယ်ဆို workshop ပြုလုပ်တဲ့အခါ ပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။

Floral Art Therapy and Its Benefits for Mental HealthFloral Art Therapy is a form of creative therapy that uses flowers ...
12/10/2025

Floral Art Therapy and Its Benefits for Mental Health

Floral Art Therapy is a form of creative therapy that uses flowers and natural materials to express emotions, reduce stress, and promote inner healing. It combines the relaxing process of arranging, painting, or crafting with flowers and the therapeutic power of nature.

Engaging in floral art allows individuals to connect with beauty, colors, and textures, helping them express feelings that are difficult to put into words. The process encourages mindfulness, calmness, and emotional release.

Benefits for Mental Health:
• Reduces stress, anxiety, and depression
• Promotes relaxation and mindfulness
• Enhances mood and emotional well-being
• Encourages self-expression and creativity
• Builds a sense of peace, balance, and connection with nature

Floral Art Therapy is suitable for all ages and can be practiced individually or in groups. It is a gentle and joyful way to nurture mental health and find harmony within.


11/10/2025

World Mental Health Day အထိမ်းအမှတ်အနေနှင့် ဒို့အိမ်နှင့် မြို့ပြပုံဖော်သူ လူငယ်များက Goethe-Institute Myanmar နှင့် Academy of Care ( AoC)အတူ ဦးစီးကျင်းပသောအစီအစဉ်မှာ Sandara Floral Artမှ Floral Artist Sandaraနှင့်အတူ ပြုလုပ်ပေးဖြစ်သော “ Floral Art Therapy “ Workshop အမှတ်တရပုံရိပ်လေးများကို ဝေမျှပေးလိုက်ပါတယ်ရှင် …။

🌀 ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ ၂၀၂၅ 🌀🌀 အောက်တိုဘာ ၁၀ ရက်နေ့ကို ကမ္ဘာ့စိတ်ကျန်းမာရေးအဖြစ် သတ်မှတ်ထားပါတယ်။ ဒီနေ့ဟာ ကျနော်တို့တ...
10/10/2025

🌀 ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ ၂၀၂၅ 🌀

🌀 အောက်တိုဘာ ၁၀ ရက်နေ့ကို ကမ္ဘာ့စိတ်ကျန်းမာရေးအဖြစ် သတ်မှတ်ထားပါတယ်။ ဒီနေ့ဟာ ကျနော်တို့တတွေ ခန္ဓာကိုယ်တင်မက စိတ်ကိုပါ ဂရုစိုက်သင့်ကြောင်း အမှတ်ရကြတဲ့ နေ့ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်မှာ The World Federation for Mental Health (WFMH) အဖွဲ့က စတင်လိုက်တဲ့ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ဟာ အခုဆိုရင် ကမ္ဘာတဝှမ်းက မတူညီကွဲပြားတဲ့ လူမှုအဖွဲ့အစည်းလိုက် စိတ်ကျန်းမာရေး အသိပညာပေး၊ အတွေ့အကြုံဝေမျှ၊ အယူလွဲဖြိုခွင်းတဲ့ လှုပ်ရှားမှုတရပ်အဖြစ် ကြီးထွားလာခဲ့ပါပြီ။

💭 ဘာကြောင့်အရေးကြီးသလဲ

💭 စိတ်ကျန်းမာရေးဟာ ကျနော်တို့အပေါ်မှာ သက်ရောက်မှု အများကြီးရှိပါတယ်။ တွေးခေါ်ပုံ၊ ခံစားပုံ၊ အလုပ်လုပ်ပုံ၊ ပြုမူဆက်ဆံပုံ၊ အာတွေအားလုံးဟာ စိတ်ကျန်းမာရေးနဲ့ ဆက်စပ်တယ်။ ဒါပေမဲ့ သန်းပေါင်းများစွာသော လူတွေအတွက် စိတ်ကျန်းမာရေးဆိုတာ အလှမ်းဝေးဆဲပါ။ အတော်များများဟာ အယူလွဲတွေနဲ့ အခက်အခဲအမျိုးမျိုးကြောင့် အကူအညီမရဘဲ တိတ်တဆိတ် ခံစားရုံးကန်နေရပါတယ်။ ဒါကြောင့် ဒီနေ့မှာ ရိုးသားပွင့်လင်းတဲ့ စိတ်ကျန်းမာရေး စကားဝိုင်းတွေအတွက် လမ်းဖွင့်ပေးဖို့၊ ချစ်ရသူတွေကို သတင်းမေးဖို့၊ အကူအညီတောင်းဆိုတာဟာ ညံ့ဖျင်းတာမဟုတ်ကြောင်း တယောက်နဲ့တယောက် သတိပေးဖို့ ဆော်ဩလိုက်ပါတယ်။

🌿 ၂၀၂၅ ဆောင်ပုဒ် - အကျပ်အတည်းများအတွင်းက စိတ်ကျန်းမာရေး

🌿 ၂၀၂၅ ခုနှစ် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ရဲ့ ဆောင်ပုဒ်ကတော့ "Access to Services - Mental Health in Catastrophes and Emergencies" "အရေးပေါ်အခြေအနေများနှင့် ဘေးအန္တရာယ်ကာလများအတွင်း စိတ်ကျန်းမာရေးဝန်ဆောင်မှုများသို့ လက်လှမ်းမီရေး" ဖြစ်ပါတယ်။ ဒီဆောင်ပုဒ်ဟာ အရေးကြီးတဲ့ အမှန်တရားတခုကို ထောက်ပြနေပါတယ်။ ဒါကတော့ သဘာဝဘေးဖြစ်စေ၊ ပဋိပက္ခအခြေအနေဖြစ်စေ၊ ကပ်ရောဂါဖြစ်စေ၊ အရေးပေါ်အခြေအနေများဟာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကိုပါ ယိုယွင်းစေကြောင်းဖြစ်တယ်။ ဒါပေမဲ့လည်း အရေးပေါ်အခြေအနေတွေမှာ စိတ်ကျန်းမာရေးအကူအညီ ရယူဖို့က ပိုခက်ခဲပါတယ်။

🌿 ဒီတော့ ကျနော်တို့တတွေ တယောက်နဲ့တယောက် ဂရုစိုက်ဖို့၊ သည်းခံဖို့၊ နားလည်ဖို့၊ ပေးနိုင်တဲ့အကူအညီပေးဖို့ အရေးကြီးပါတယ်။ အကျပ်အတည်းတွေကြားမှာ အပြန်အလှန် ကြင်နာမှုနဲ့ ပူးပေါင်းကူညီဆောင်ရွက်မှုတို့ဟာ အဖိုးမဖြတ်နိုင်တဲ့ အသက်လမ်းကြောင်းတွေပါပဲ။ စိတ်ကျန်းမာရေးအထောက်အပံ့ဆိုတာ စနစ်ကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ လူအများကို စိတ်ခွန်အား၊ မျှော်လင့်ချက်နဲ့ တည်ငြိမ်မှုတို့ ပေးနိုင်စွမ်းရှိပါတယ်။

🤝 စိတ်ကျန်းမာရေးအတွက် အတူတကွရပ်တည်ခြင်း

🤝 ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ဟာ ကျနော်တို့အားလုံး တဦးနဲ့တဦး အပြန်အလှန် ဖေးမကူညီနိုင်ကြောင်း သတိရစေပါတယ်။ ကျနော်တို့ ရောက်နေတဲ့နေရာမှာတင် စိတ်ကျန်းမာရေးအကြောင်း ဆင်ခြင်သုံးသပ်ရင်း တယောက်ကိုတယောက် ချိတ်ဆက်ပံ့ပိုးရင်း အဓိပ္ပာယ်ရှိတဲ့ အလုပ်ကို လုပ်နိုင်ပါတယ်။ ရိုးရိုးရှင်းရှင်း စကားဝိုင်းလေးတခု၊ နားလည်သွားတဲ့ အခိုက်အတန့်လေးတခု၊ ကြင်နာတဲ့ အမှုအရာလေးတခုဟာ တစုံတယောက်အတွက် နှစ်သိမ့်ကျေနပ်စရာဖြစ်နိုင်ပါတယ်။

🤝 စိတ်ကျန်းမာရေးဟာ လူ၊ အခြေအနေ၊ နေရာမရွေးဘဲ အားလုံးအတွက် အရေးကြီးပါတယ်။ ဒါကြောင့် ကျနော်တို့ အတူတကွ ကရုဏာပြည့်ဝပြီး ဖေးမကူညီတတ်တဲ့ ယဥ်ကျေးမှုတခုကို ဆက်လက်တည်ဆောက်ကြရအောင်။

🌍 Checking In: World Mental Health Day Reflection 🌍🩵 အားလုံးပဲ မင်္ဂလာပါ။ Page မှာ ကျနော်တို့ ပို့စ်မတင်ဖြစ်တာ နှစ်ပတ်ကျ...
09/10/2025

🌍 Checking In: World Mental Health Day Reflection 🌍

🩵 အားလုံးပဲ မင်္ဂလာပါ။ Page မှာ ကျနော်တို့ ပို့စ်မတင်ဖြစ်တာ နှစ်ပတ်ကျော်ပါပြီ။ ဒီကြားထဲ founder နှစ်ယောက်လုံး တကိုယ်ရေကိစ္စတွေနဲ့ အလုပ်တွေများပြီး ဒီဘက်ကို အချိန်မပေးနိုင်လိုက်ဘူး။ မရည်ရွယ်ခဲ့ပေမဲ့ ကိစ္စတွေပြီးတော့ စိတ်အမောဖြေဖို့ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပြီး အနားယူဖြစ်ကြတယ်။ ဒီလိုအချိန်တွေထဲ ကျနော်တို့အပေါ်မှာ စိတ်ရှည်ပေးပြီး ဆက်လက်ရှိနေပေးတဲ့ စာဖတ်သူတို့ကို ကျေးဇူးတင်ပါတယ်။

🩵 မနက်ဖန် အောက်တိုဘာ ၁၀ ရက်နေ့ဟာ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ theme ကတော့ Mental Health in Humanitarian Emergencies (လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေများအတွင်းမှ စိတ်ကျန်းမာရေး) တဲ့။

🩵 အကျပ်အတည်းတွေ၊ ကပ်ဘေးတွေအကြောင်း တွေးတဲ့အခါ ကျနော်တို့ဟာ အစာရေစာ၊ နေရေးထိုင်ရေးနဲ့ လုံခြုံရေးကိစ္စတွေကို အာရုံစိုက်လေ့ရှိပါတယ်။ ဒါပေမဲ့ စိတ်ကျန်းမာရေးကလည်း တန်းတူအရေးကြီးပါတယ်။ စိတ်ထိခိုက်မှုတွေဟာ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ ပျောက်ကင်းပြီးနောက် အကြာကြီးဆက်လက် သက်ဆိုးရှည်နိုင်ပါတယ်။

🩵 ဒါပေမဲ့ စိတ်ကျန်းမာရေးအယူမှားတွေကြောင့် လူအတော်များများဟာ စိတ်ပိုင်းဆိုင်ရာ အကူအညီ ရယူဖို့အတွက် တွန့်ဆုတ်တတ်ကြပါတယ်။ တချို့အယူမှားတွေကတော့...

❌ "မြင်ရတဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကသာ အရေးကြီးတယ်။ စိတ်ဒဏ်ရာဆိုတာ အလကား။"
✅ စိတ်ဒဏ်ရာနဲ့ ထိခိုက်မှုတွေဟာ မမြင်ရပေမဲ့ ကျနော်တို့အပေါ်မှာ သေရာပါသက်ရောက်မှုတွေ ရှိပါတယ်။ ခန္ဓာကို ကုသသလို စိတ်ကိုလည်း ကုသဖို့ လိုအပ်ပါတယ်။

❌ "ဆက်လက်ရှင်သန်ရေးကိုသာ ရှေ့ထား။ စိတ်ပိုင်းဆိုင်ရာ ကိစ္စတွေကို နောက်မှလုပ်။"
✅ စိတ်ကျန်းမာရေးကို ဂရုစိုက်ခြင်းဟာ ဆက်လက်ရှင်သန်ရေးအတွက် အရေးပါပါတယ်။ စိတ်ကျန်းမာရေး ပံ့ပိုးမှုတွေဟာ မျှော်လင့်ချက်နဲ့ စိတ်ကြံ့ခိုင်မှုတို့ကို ပြန်လည်တည်ဆောက်ပေးနိုင်တယ်။

❌ "ဒုက္ခကို ကိုယ်တွေ့ကြုံရသူတွေသာ စိတ်ဒဏ်ရာရတယ်။ ကျန်တဲ့လူတွေက ဘာမှမဆိုင်။"
✅ ကိုယ်တွေ့ကြုံရသူတွေက ပြင်းပြင်းထန်ထန် ခံစားရတာမှန်ပေမဲ့ အရေးပေါ်အခြေအနေတွေက လူမှုအဖွဲ့အစည်းတခုလုံးအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ပြုစုစောင့်ရှောက်မှုပေးသူများ၊ ကယ်ဆယ်ရေးလုပ်သားများ၊ အိုးအိမ်စွန့်ခွါရသူများ၊ အသက်မွေးဝမ်းကြောင်းဆုံးရှုံးရသူများမှ သတင်းကြားသိရသူတို့အထိ ခံစားရနိုင်ပါတယ်။

🩵 ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ အထိမ်းအမှတ်အဖြစ် ပြုစုစောင့်ရှောက်မှု၊ စာနာထောက်ထားမှုနဲ့ လူသားချင်းဆက်နွယ်မှုတို့ဟာ ဘယ်လိုအကျပ်အတည်းတွေမှာမဆို အသက်ကယ်ဆေးတွေဖြစ်ကြောင်း သတိရကြပါစို့။

🩵 ဒီညနေလေးမှာ ခဏလေးဖြစ်ဖြစ် အသက်ကို ပြင်းပြင်းရှုပြီး စိတ်ကို လျှော့ကြည့်ပါ။ စကားပြောဖို့ လိုအပ်ရင် တယောက်ယောက်ကို ဆက်သွယ်ပါ။ တယောက်ယောက် အကူအညီလိုနေတာကို သိရင်လည်း ကိုယ့်ဘက်က အရင်ဆက်သွယ်လို့ ရပါတယ်။ ကျနော်တို့အားလုံး အချင်းချင်းကူညီရိုင်းပင်းပြီး လူတိုင်းအတွက် healing ရနိုင်တဲ့ ပတ်ဝန်းကျင်တခုကို ဖန်တီးကြရအောင်။

🌸ချစ်ခြင်းအားဖြင့်
🌸 Art of Healing

✍️ Gratitude Journaling (ကျေးဇူးတင်မှတ်စုရေးခြင်း) ဆိုတာက မိမိနေ့စဉ်ဘဝထဲမှာ ကျေးဇူးတင်စရာအရာတွေကို စာရေးဖြင့် ရေးသား သတိ...
25/09/2025

✍️ Gratitude Journaling (ကျေးဇူးတင်မှတ်စုရေးခြင်း) ဆိုတာက မိမိနေ့စဉ်ဘဝထဲမှာ ကျေးဇူးတင်စရာအရာတွေကို စာရေးဖြင့် ရေးသား သတိပြုထားသည့် အပြုအမူ
တခုဖြစ်ပါတယ်။ ဒီသဘောထားကို ပုံမှန် လေ့ကျင့်ခြင်းက စိတ်ကျန်းမာရေး၊ အတွင်းစိတ်အေးချမ်းမှုနဲ့ ပျော်ရွှင်မှု တိုးတက်စေပါတယ်။

အကျိုးကျေးဇူးမှာ

1. စိတ်ဓာတ်ပိုမိုသမမျှတစွာ ရှိစေခြင်း

– အဆိုးတွေထက် အကောင်းတွေကို ပိုမိုသတိထားနိုင်စေတယ်။

2. စိတ်ပင်ပန်းမှု၊ စိတ်ဖိစီးမှု လျော့ချခြင်း

– အပင်ပန်းဆုံးနေ့ထဲမှာတောင် အေးချမ်းစရာလေးတွေကို သတိရစေတယ်။

3. အိပ်မက်ကောင်းတိုးတက်ခြင်း

– မနှစ်သက်တာတွေအစား ကျေးဇူးတင်စရာတွေနဲ့ စိတ်ကို သက်သာအောင်လုပ်ထားတာကြောင့် အိပ်စက်ပျော်ပျော်ရွှင်ရွှင်ဖြစ်စေတယ်။

4. ဆက်ဆံရေးများ ပိုမိုကောင်းမွန်စေခြင်း

– မိမိနဲ့ပတ်သက်သူတွေကို ပိုကျေးဇူးတင်နိုင်ပြီး ချစ်ခင်မှု အဆက်အသွယ်များ တိုးတက်စေတယ်။

5. ကိုယ့်ကိုယ်ကို ပိုကောင်းမွန်အောင် ခံယူစေခြင်း

– မိမိ ဘဝထဲမှာရှိပြီးသား အရာတွေကို အာရုံစိုက်နိုင်တာကြောင့် တန်ဖိုးထားမှု တိုးတက်လာတယ်။

ရေးနည်းများ
1. နေ့တိုင်းသတ်မှတ်ထားသော အချိန် – မနက် (သို့) အိပ်ယာဝင်မတိုင်ခင် အချိန်မှာရေးပါ။
2. အကြောင်းအရာ – နေ့တိုင်း ကျေးဇူးတင်စရာ အနည်းဆုံး ၃ ခု (သို့) ပိုမိုရေးသားနိုင်ပါတယ်။
• ဥပမာ – “မိသားစုနဲ့အတူ ညစာစားသောက်နိုင်ခဲ့တာ”
• “မိတ်ဆွေတယောက်က အားပေးစကားလေးပေးခဲ့တာ”
• “မိုးမရွာပဲ လမ်းလျှောက်နိုင်ခဲ့တာ”
3. အသေးစိတ်ရေးခြင်း – “ငွေရှိတာကို ကျေးဇူးတင်တယ်” ဆိုပြီး အထွေထွေမရေးဘဲ၊ “ဒီနေ့ လိုအပ်သမျှကို ဝယ်နိုင်ခဲ့တာကြောင့် ငွေရှိတာကို ကျေးဇူးတင်တယ်” လို့ အကြောင်းတိကျအောင်ရေးပါ။
4. အတွေးအမြင်နဲ့ ခံစားချက်ထည့်သွင်းရေးခြင်း – တကယ့်ကို ဘာကြောင့် ကျေးဇူးတင်သလဲဆိုတာ ရှင်းပြပါ။
5. အပတ်အလိုက် ပြန်ဖတ်ခြင်း – ရေးထားသမျှကို အပတ်စဉ် တကြိမ်ပြန်ဖတ်ပြီး ကိုယ့်ဘဝရဲ့ အကောင်းအရာတွေကို သတိရပါ။

ဒီလိုပုံမှန် လေ့ကျင့်မယ်ဆိုရင် မိမိစိတ်ကို ပိုမိုအေးချမ်းစေပြီး ပျော်ရွှင်မှုတိုးတက် လာစေမှာပဲ ဖြစ်ပါတယ်။

✨ World Gratitude Day ✨“ကျေးဇူးတင်တတ်ခြင်းက စိတ်ကျန်းမာရေးအတွက် သဘာဝဆေးတခွက်ပါ”ကျေးဇူးတင်တတ်ခြင်း (Gratitude) ဆိုတာ—🌱 စိ...
21/09/2025

✨ World Gratitude Day ✨

“ကျေးဇူးတင်တတ်ခြင်းက စိတ်
ကျန်းမာရေးအတွက် သဘာဝဆေးတခွက်ပါ”

ကျေးဇူးတင်တတ်ခြင်း (Gratitude) ဆိုတာ—
🌱 စိတ်ကို ဂရုစိုက်ဖို့ နည်းလမ်းတခု
🌱 စိုးရိမ်ပူပန်မှုကို လျော့ချပေးနိုင်တဲ့ သဘာဝနည်းလမ်းတခု
🌱 အပြစ်အနာဂါတ်တွေနဲ့ တည်ဆဲအချိန်ကို ချစ်တတ်စေတဲ့ စွမ်းအား

🔹 ကျေးဇူးတင်ခြင်း လေ့ကျင့်နည်းများကတော့
• မနက်ရောက်တိုင်း ကျေးဇူးတင်မိသော အရာသုံးခု မှတ်သားပါ ✍️
• တနေ့တာအတွင်း သင့်ကို ကူညီပေးသူကို “ကျေးဇူးတင်ပါတယ်” လို့ ပြောပါ 🤍
• သဘာဝအလှအပသေးသေးလေးတွေကိုတောင် ခံစားပြီး ကျေးဇူးတင်နိုင်ပါစေ 🌸

ယနေ့က စတင်ပြီး ကျေးဇူးတင်တတ်တဲ့စိတ်က စိတ်ကျန်းမာရေးအတွက် အလင်းရောင်အသစ်ဖြစ်နိုင်ပါတယ် 🌞💛

Address

Yangon

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Art of Healing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Art of Healing:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram