Art of Healing

Art of Healing Healing minds through art, empathy, and awareness. We create a safe and creative space to express emotions, find calm, and grow stronger.

Your journey to mental wellness and inner peace starts here. MISSION
The mission of Art of Healing is to enhance mental health awareness, promote individual empowerment, and increase access to treatment and services for persons living with mental illness. We work to help people by serving mental health, child psychology, parenting education and community support needs through direct service, policy advocacy, and outreach. VISION
Our vision is to improve the lives of those living with mental illness and provide emotional wellness for individuals and families as we strive to deliver services and support necessary to improve the quality of life for children, youth, and adults with mental illness and addictive disorders.

🌸 International Women’s Day 🌸🌸Arranging Hope: Ikebana Floral Art Therapy Workshop 🌸🌸 လာမည့် မတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့်...
03/03/2026

🌸 International Women’s Day 🌸

🌸Arranging Hope: Ikebana Floral Art Therapy Workshop 🌸

🌸 လာမည့် မတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် “ International Women’s Day “တွင် အမျိုးသမီးများကို ဂုဏ်ပြုသောအနေဖြင့် “ Arranging Hope : IKEBANA FLORAL ART THERAPY WORKSHOP “ ကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်ရှင်။

🌸 အမျိုးသမီးတိုင်းဟာ မိမိတို့ရဲ့ အတွေ့အကြုံ၊ နာကျင်မှု၊ အိပ်မက်များနှင့် မယုံနိုင်လောက်အောင် ခိုင်မာသန်မာမှုကို ကိုယ်စားပြုထားသူများ ဖြစ်ကြပါတယ်။

🌸 အဲ့ဒီနေ့လေးမှာ
မိမိကိုယ်ကို ချီးကျူးပါ။
အခြားအမျိုးသမီးများကို ထောက်ပံ့ပါ။
အနာဂတ်အတွက် မျှော်လင့်ချက်အသစ်
တခု ဖန်တီးပါ။

🌸 International Women’s Day မှာ
ပန်းတပွင့်ချင်းစီနဲ့ ကိုယ့်အခွင့်အရေး၊ တန်ဖိုးနဲ့ အင်အားကို အေးချမ်းစွာ ပြန်လည်ချိတ်ဆက်လိုက်ပါ။

🌿 Workshop မှာ သင်ဘာတွေ ရမလဲ
• Ikebana အခြေခံနဲ့ mindful floral arranging
• Rights · Justice · Action theme နဲ့ ချိတ်ဆက်ထားတဲ့
healing & reflection art process
• စိတ်ဖိစီးမှု လျော့နည်းစေတဲ့
တိတ်ဆိတ်ပြီး လုံခြုံတဲ့ space
• အမျိုးသမီးများအကြား အပြန်အလှန် ထောက်ပံ့မှု

🎨 မလိုအပ်ပါ
• အနုပညာကျွမ်းကျင်မှု
• ပန်းအလှဆင်အတွေ့အကြုံ
• စည်းမျဉ်းတင်းကျပ်မှု

🌸 ပန်းတွေရှိရုံနဲ့ လုံလောက်ပါတယ် 🌸

📅 နေ့စွဲ : မတ်လ ၈ ရက် ၂၀၂၆
🕒 အချိန် : ၁၂:၀၀-၂:၀၀
📍နေရာ : The Rangoon Flora
တက္ကသိုလ်ရိပ်သာလမ်းသစ်၊ နတ်
မောက်လမ်း၊ ဗဟန်း
Workshop fees : 80,000 kyats

‼️ လူဦးရေ (၇)ယောက်သာလျှင် လက်ခံမှာပဲ ဖြစ်ပါတယ်။ Ikebana floral arrangement ပြုလုပ်ရန်အတွက် လိုအပ်သော ပစ္စည်းများကို အပြည့်အစုံ ပေးထားမည့်အပြင် အပြန်မှာ သင်ဖန်တီးထားတဲ့ Ikebana floral Art ကိုလည်း ပြန်လည် ယူဆောင်သွားနိုင်မှာဖြစ်ပါတယ်ရှင်။

🌸 ယခု workshop မှာ ပါဝင်ခြင်းဖြင့် မိမိတို့ တန်ဘိုးထားချစ်ခင်လေးစားရသော အမျိုးသမီးအတွက် ကိုယ်တိုင်ဖန်တီးထားတဲ့ Ikebana Floral Artwork ကို လက်ဆောင်ပေးနိုင်မယ့်အပြင် မိမိတို့ရဲ့ right, justice, action တို့လည်း ပြန်လည် အမှတ်ရ တွေးတောနိုင်မယ့် mindfulness floral Art therapy workshop တခုပဲဖြစ်ပါတယ်။

28/02/2026

အမျိုးသမီးများအတွက် Self-care ပြုလုပ်ရန် နည်းလမ်းများ



DISCLAIMER: No copyright infringement intended.I do not own the audio in this video. They belong to their rightful owners.

🌊 အငြင်းပွားမှုက Relationship ကို ဖျက်စီးသလား၊ ခိုင်မာစေသလား?🍀 Healthy Relationship တခုမှာ အငြင်းပွားမှု မရှိဘူးဆိုတာ မဖ...
26/02/2026

🌊 အငြင်းပွားမှုက Relationship ကို ဖျက်စီးသလား၊ ခိုင်မာစေသလား?

🍀 Healthy Relationship တခုမှာ အငြင်းပွားမှု
မရှိဘူးဆိုတာ မဖြစ်နိုင်ပါဘူး။အရေးကြီးတာက ဘယ်လို အငြင်းပွားမလဲ ဆိုတာပါပဲ။ တခါတရံမှာ ကျမတို့က တဖက်လူရဲ့အတွေး၊ ခံစားချက်၊ အခြေအနေတို့ကို ထည့်သွင်းမစဉ်းစားမိဘဲ မိမိတို့ရဲ့ အတွေး၊ခံစားချက်၊ အခြေအနေတို့ကို ဦးစားပေးစဉ်းစားမိတတ်ကြပါတယ်။

🍀 ဒါကြောင့် ပြဿနာတွေဖြစ်တဲ့အခါမှာ ကောင်းမွန်စွာဖြေရှင်းနိုင်ဖို့က အရေးကြီးပါတယ်။

🍀 စိတ်ပညာရှင် John Gottman ရဲ့ သုတေသနအရ Relationship ကို ပျက်စီးစေတဲ့အကြောင်းရင်းဟာ ပြဿနာတွေ မရှိလို့ မဟုတ်ဘဲ ပြဿနာတွေကို မကျန်းမာတဲ့နည်းနဲ့ ဖြေရှင်းခြင်း ကြောင့် ဖြစ်ပါတယ်။

🍀 မကျန်းမာတဲ့ Conflict Pattern (The Four Horsemen)

Gottman က Relationship ကို ဖျက်စီးတတ်တဲ့ အပြုအမူ ၄ မျိုးကို
The Four Horsemen လို့ ခေါ်ပါတယ်—
• Criticism (အပြစ်တင်ခြင်း)
လူကိုတိုက်ခိုက်ပြီး ပြဿနာကို မမြင်တော့ခြင်း
• Contempt (အထင်သေးခြင်း / လွဲစားခြင်း)
စကား၊ မျက်နှာအမူအရာနဲ့ အားနည်းစေခြင်း
• Defensiveness (ကိုယ့်ကိုယ်ကာကွယ်လွန်းခြင်း)
တာဝန်မခံဘဲ ပြန်တုံ့ပြန်ခြင်း
• Stonewalling (ပိတ်သွားခြင်း)
မပြောမဆို၊ ခံစားချက်တွေကို ပိတ်ထားခြင်း

ဒီလို Conflict Pattern တွေ ဆက်တိုက်ဖြစ်လာရင် Relationship ထဲမှာ စိတ်ပိုင်းဆိုင်ရာ အကွာအဝေး ပိုကြီးလာပြီးနားလည်မှုက ပျောက်သွားတတ်ပါတယ်။

🍀 Healthy Relationship မှာ Conflict ကို ဘယ်လိုကြည့်မြင်ကြမလဲ

🍀 Healthy Relationship တခုမှာ
Conflict ကို အနိုင်ယူဖို့ စစ်ပွဲ မဟုတ်ဘဲ
တယောက်ကို တယောက် ပိုနားလည်ဖို့ အခွင့်အရေးအဖြစ် ကြည့်ပါတယ်။

အငြင်းပွားတဲ့အချိန်မှာ
• “ဘယ်သူမှန်လဲ” ကို မရှာဘူး
• “ဘာကြောင့် ဒီလို ခံစားရလဲ” ကို ရှာတယ်။

ဒါကြောင့်

အသံမြင့်ပြီး စကားများမယ့်အစား နားထောင်တယ်။အပြစ်တင်မယ့်အစား ခံစားချက်ကို ပြောတယ်-ဆိုတဲ့ နည်းလမ်းတွေကို အသုံးပြုပါတယ်။

🍀 စိတ်ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ Conflict Resolution

Healthy Conflict Resolution က
• စိတ်ဖိစီးမှု လျော့နည်းစေတယ်
• မတော်တဆ စိတ်ဒဏ်ရာ မဖြစ်စေဘူး
• ယုံကြည်မှုကို ပိုခိုင်မာစေတယ်

“အငြင်းပွားပြီးရင် ပိုဝေးသွားသလား၊ ပိုနီးသွားသလား”ဆိုတာက Relationship ရဲ့ ကျန်းမာမှုကို တိုင်းတာတဲ့ အချက်အလက်တခု ဖြစ်ပါတယ်။

Healthy Relationship ဆိုတာ အငြင်းပွားမှု မရှိတဲ့ Relationship မဟုတ်ပါဘူး။ အငြင်းပွားမှုကို ထိခိုက်မှုမဖြစ်အောင် ဖြေရှင်းနိုင်တဲ့ Relationship ပါ။

💚 သင်တို့ ငြင်းခုံပြီးနောက် ပိုမို နားလည်ခံစားပေးနိုင်လာရင် အဲဒါက Healthy Relationship ရဲ့ လက္ခဏာတခုပဲ ဖြစ်ပါတယ်။

ချစ်ခြင်းမေတ္တာမှတပါး အခြားအရာ မလိုမရှိ🍀 လူတယောက်ရဲ့ စိတ်ထဲမှာ အရင်ဆုံးလိုအပ်တာက ချစ်ခြင်းမေတ္တာပါ။ အောင်မြင်မှု၊ ငွေကြေ...
24/02/2026

ချစ်ခြင်းမေတ္တာမှတပါး အခြားအရာ မလိုမရှိ

🍀 လူတယောက်ရဲ့ စိတ်ထဲမှာ အရင်ဆုံးလိုအပ်တာက ချစ်ခြင်းမေတ္တာပါ။ အောင်မြင်မှု၊ ငွေကြေး၊ လူမှုအဆင့်အတန်းတွေဟာ နောက်မှလာနိုင်ပေမယ့် ချစ်ခြင်းမေတ္တာမရှိတဲ့ဘဝဟာ အမြဲတမ်း တခုခု လွတ်နေသလို ခံစားရစေတတ်ပါတယ်။

🍀ချစ်ခြင်းမေတ္တာ မရရှိတဲ့အခါ ကျမတို့အတွေးထဲမှာ
“ငါ မကောင်းလို့လား”
“ငါ မှားနေလို့လား”
ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်မိတတ်ကြပါတယ်။ ဒါပေမယ့် စိတ်ကျန်းမာရေးရှုထောင်ကနေ ကြည့်ရင် ချစ်ခြင်းမေတ္တာ မရခဲ့တာဟာ ကိုယ့်အမှားမဟုတ်ပါဘူး။

🍀 စိတ်ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင်

ကလေးဘဝကစပြီး လူသားတိုင်းဟာ
• အားထားနိုင်တဲ့သူ
• လုံခြုံတယ်လို့ ခံစားရစေမယ့်သူ
• ကိုယ့်ကို နားလည်ပေးမယ့်သူကို သဘာဝအလျောက် လိုအပ်ပါတယ်။ ဒီလို လိုအပ်ချက်တွေ မပြည့်စုံခဲ့ရင် လူကြီးဖြစ်လာတဲ့အခါ
• ကိုယ့်ကိုယ်ကို တန်ဖိုးမရှိသလို ခံစားရခြင်း
• ချစ်ခြင်းမေတ္တာရဖို့ အလွန်ကြိုးစားနေရခြင်း
• ချစ်ခြင်းမေတ္တာမရရင် ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒါတွေဟာ ကိုယ်မကောင်းလို့ မဟုတ်ပါဘူး။ အရင်က မရခဲ့တဲ့ ချစ်ခြင်းမေတ္တာကို စိတ်က ရှာဖွေနေရတာ ဖြစ်ပါတယ်။

🍀 Attachment Theory ရဲ့ အမြင်

John Bowlby ရဲ့ Attachment Theory အမြင်အရ-

“ကလေးဘဝမှာ အဓိကအုပ်ထိန်းသူနဲ့ တည်ဆောက်ခဲ့တဲ့ ချိတ်ဆက်မှု (attachment) က လူတယောက်ရဲ့ အချစ်၊ ယုံကြည်မှု၊ ကိုယ့်ကိုယ်ကို မြင်ပုံကို သက်ရောက်စေတယ်”
လို့ ဆိုပါတယ်။

ဒါ့အပြင် ကျမတို့ရဲ့ ပတ်ဝန်းကျင်၊ထိတွေ့ဆက်ဆံခဲ့ရတဲ့သူတွေနှင့်လည်း ချိတ်ဆက်နေပါသေးတယ်။

ကလေးဘဝမှာ
• မတည်ငြိမ်တဲ့ အချစ်
• မျှော်လင့်လို့ မရတဲ့ အားပေးမှု
• လျစ်လျူရှုခံရမှုတွေ ရှိခဲ့ရင်၊ လူကြီးဖြစ်လာတဲ့အခါ
“ငါက အချစ်ရဖို့ မထိုက်တန်ဘူး”
ဆိုတဲ့ ယုံကြည်ချက်တွေ စိတ်အတွင်းမှာ အမြစ်တွယ်လာနိုင်ပါတယ်။

ဒါဟာ ကိုယ့်အမှားမဟုတ်ဘူး
ဒါဟာ ကိုယ်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံရဲ့ အကျိုးဆက် ဖြစ်ပါတယ်။

🍀 ချစ်ခြင်းမေတ္တာ မရခဲ့တာက ကိုယ့်တန်ဖိုးကို မဆုံးဖြတ်ပါဘူး။

ချစ်ခြင်းမေတ္တာ မရခဲ့တာဟာ
• ကိုယ် မလုံလောက်လို့ မဟုတ်
• ကိုယ် မကောင်းလို့ မဟုတ်
• ကိုယ့်တန်ဖိုး နည်းလို့ မဟုတ်ပါဘူး

🫶 တခါတလေမှာ ပေးနိုင်စွမ်း မရှိတဲ့သူဆီက ချစ်ခြင်းမေတ္တာကို မရခဲ့တာ ဖြစ်နိုင်ပါတယ်။

🍀 ချစ်ခြင်းမေတ္တာဟာ လူသားအတွက် အခြေခံလိုအပ်ချက်ပါ။ မရခဲ့တဲ့အခါ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။

🫶သင်ဟာ ချစ်ခြင်းမေတ္တာရဖို့ ထိုက်တန်သူ ဖြစ်ပါတယ်။ အရင်က မရခဲ့ရင်တောင်
အခုအချိန်ကစပြီး ကိုယ့်ကိုယ်ကို နားလည်ခြင်း၊ ကြင်နာခြင်းနဲ့ ကိုယ့်အတွင်းက ချစ်ခြင်းမေတ္တာကို ပြန်လည် တည်ဆောက်နိုင်ပါတယ်။

🌿 အသဲကွဲနေတဲ့လူတယောက်ကို စိတ်ကျန်းမာရေးရှုထောင့်ကနေ နှစ်သိမ့်ပေးတဲ့အခါ အရေးကြီးဆုံးက နာကျင်မှုကို မျှော်လင့်ချက်နဲ့ အစား...
23/02/2026

🌿 အသဲကွဲနေတဲ့လူတယောက်ကို စိတ်ကျန်းမာရေးရှုထောင့်ကနေ နှစ်သိမ့်ပေးတဲ့အခါ အရေးကြီးဆုံးက နာကျင်မှုကို မျှော်လင့်ချက်နဲ့ အစားထိုးမပေးခင် အရင်ဆုံး နားလည်ပေးဖို့ပါ။

🫶 ကိုယ့်သူငယ်ချင်း၊ မိသားစုဝင်တွေက သူတို့ရဲ့ ချစ်သူရည်းစားနှင့်အဆင်မပြေဖြစ်ပြီး အသဲကွဲကြတဲ့အခါ ကျမတို့က သူတို့ကို အပြည့်အဝ နားလည်ပေးနိုင်ရန်အတွက် ကြိုးစားဖို့လည်း လိုအပ်ပါတယ်။ ဒီလိုအချိန်မှာ သူတို့ရဲ့စိတ်အခြေအနေ ပြောင်းလဲနေမှုကို စာနာပေးနိုင်ဖို့လည်း လိုအပ်ပါတယ်။

🌿 စိတ်ကျန်းမာရေးရှု့ထောင့်ကနေ အောက်မှာ လက်တွေ့အသုံးချလို့ရတဲ့ နည်းလမ်းတွေကို တဆင့်ချင်း ဖော်ပြထားပါတယ်။

၁။ Active Listening

အသဲကွဲခြင်းက ဆုံးရှုံးမှု (loss) တခုလိုပဲ ဖြစ်ပါတယ်။ အကြံမပေးခင် နားထောင်ပေးခြင်းက အရေးကြီးပါတယ်။
• “မင်း ဘယ်လိုခံစားနေရလဲ ပြောချင်ရင် ငါနားထောင်ပေးမယ်”
• သူ့စကားကို မဖြတ်တောက်ဘဲ၊ အပြစ်မတင်ဘဲ နားထောင်ပါ
• မျက်လုံးချင်းကြည့်၊ ခေါင်းညိတ်ပြီး နားထောင်ခြင်းက လုံခြုံမှုခံစားစေပါတယ်

👉 မလုပ်သင့်တာ
• “ဒါက အရေးမကြီးဘူး”
• “အချိန်ကြာရင် မေ့သွားမှာပါ”
(နာကျင်မှုကို လျော့ချလိုက်သလို ခံစားရစေတတ်ပါတယ်)

၂။ ခံစားချက်ကို အတည်ပြုပေးခြင်း (Emotional Validation)

လူတယောက်ရဲ့ နာကျင်မှုကို မှန်ကန်ကြောင်း လက်ခံပေးခြင်းက ကုသမှုလိုပါပဲ။
• “ဒီလိုဖြစ်ရင် နာကျင်တတ်တာ သဘာဝပါ”
• “မင်း အရမ်းကြိုးစားခဲ့တာ သိတယ်”

👉 ကျမတို့က ဒီလိုပြောရုံနဲ့တင် သူတို့အတွက်
“ငါ့ကို နားလည်ပေးသူ တယောက်ရှိတယ်” ဆိုတဲ့ ခံစားချက်ရလာပါတယ်။

၃။ ခံစားချက်ထုတ်ဖော်ဖို့ အခွင့်ပေးခြင်း

ငိုချင်ရင် ငိုပါစေ
စိတ်ရှုပ်ရင် ပြောပါစေ
တိတ်တဆိတ်နေချင်ရင်လည်း ခွင့်ပြုပါ
• “ငိုရင်လည်း ရပါတယ်”
• “မပြောချင်သေးရင်လည်း ငါနားလည်တယ်”

👉 ခံစားချက်တွေကို ဖိနှိပ်ရင် နောက်ပိုင်းမှာ ပိုနာကျင်တတ်ပါတယ်။ သူတို့ မပြောချင်တဲ့အခါ ဖိအားပေးပြီး မပြောခိုင်းပါနဲ့။

၄။ အပြစ်တင်မယ့် စကားတွေကို ရှောင်ရှားပါ
• “မင်းပဲ မှားတာ”
• “အစက မရွေးသင့်ဘူး”

ဒီလိုစကားတွေက သူတို့အတွက် ရှက်ရွံ့စေမှု၊ ကိုယ်တန်ဖိုးလျော့မှုကို ပိုဆိုးစေပါတယ်။

၅။ လက်ရှိကို အာရုံစိုက်စေခြင်း (Grounding)

အသဲကွဲတဲ့အချိန်မှာ လူတော်တော်များများက အတိတ်ထဲမှာ ပိတ်မိနေတတ်ပါတယ်။
ပစ္စုပ္ပန်မှာ ရှိစေဖို့အတွက် အကူညီပေးနိုင်ပါတယ်။
လွယ်ကူတဲ့ နည်းလမ်းများ–
• အသက်ရှူလေ့ကျင့်ခန်းအတူပြုလုပ်ခြင်း
• လက်ရှိမြင်ရတဲ့ အရာ ၃ ခု ပြောခိုင်းခြင်း
• ရေနွေးသောက်၊ လမ်းလျှောက်

👉 စိတ်ကို “ယခု” ပစ္စုပ္ပန်ကို ပြန်ခေါ်လာပေးတာဖြစ်ပါတယ်။

၆။ ချက်ချင်း အဖြေမရှာခိုင်းပါနဲ့

“နောက်တယောက်ရှာလိုက်ပါ”
“အလုပ်ပဲ အာရုံစိုက်ပါ”

👉 နာကျင်မှု မကုသရသေးခင်
ရှေ့ကို တွန်းလိုက်တာက စိတ်ဒဏ်ရာကို ပိုနက်စေတတ်ပါတယ်။

၇။ အနုပညာနည်းလမ်း (Art-based gentle support)

(မင်းက အနုပညာနည်းလမ်းကို အသုံးပြုနိုင်သူဆိုရင်)
• စာရွက်ပေါ်မှာ “မဆုံးဖြတ်ဘဲ” ရွေးချယ်ခြင်းမပြုဘဲ အရောင်တွေကို ခြယ်သခြင်ူ
• “မပြောနိုင်တဲ့ စိတ်ခံစားချက်”အတွက် ပုံဆွဲခြင်း
• စာရေးခြင်း – “သူ့စိတ်ထဲမှာ ပြောချင်တဲ့စကား၊ ခံစားချက်၊ မြိုသိပ်ထားရတဲ့အရာ”

👉 စကားပြောဖို့မလိုဘဲ ယခုနည်းတွေနဲ့ခံစားချက်ထုတ်ဖော်နိုင်ပါတယ်။

၈။ သတိထားရမယ့် အချက် (အရေးကြီး)

အောက်ပါအခြေအနေတွေရှိရင်
အကူအညီပိုမိုလိုအပ်နိုင်ပါတယ်—
• ပုံမှန်အစာ မစားခြင်း၊ အရက်အတော်ကြာ အိပ်ပျော်ဖို့ ခက်ခဲခြင်း
• ကိုယ်ကိုယ်တန်ဖိုးမရှိဘူးလို့ ပြောနေခြင်း
• ကိုယ့်ကို ထိခိုက်ချင်တဲ့ အတွေးများ

ဒီလိုဆိုရင် ယုံကြည်ရတဲ့ လူကြီးမင်းတယောက်၊ဆရာဝန်၊ စိတ်ကျန်းမာရေးပညာရှင်နဲ့ ဆက်သွယ်ဖို့ ကူညီပေးပါ။

အဆုံးသတ်အနေနဲ့…

နှစ်သိမ့်ပေးခြင်းဆိုတာ စကားကောင်းတွေ ပြောပေးတာမဟုတ်ပါဘူး။
👉 နာကျင်နေတဲ့ အချိန်မှာ အတူရှိပေးနိုင်
ခြင်းက အကြီးဆုံးအကူအညီပါ။

🫶 မိမိပတ်ဝန်းကျင်မှာ အသဲကွဲနေတဲ့သူတွေရှိရင် ယခုနည်းလမ်းများကို အသုံးပြုပြီး အတူရှိပေးနိုင်ဖို့ အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်။

15/02/2026

🎙️ “ထွေရာလေးပါး စကားဝိုင်း"🎙️
🎙️ အားလုံးပဲ မင်္ဂလာပါရှင်။ Art of Healingမှ လစဉ် ၁၅ ရက်နေ့တိုင်းမှာ မျှဝေပေးသွားမယ့် စိတ်ကျန်းမာရေးနှင့်ဆက်စပ်သည့် စကားဝိုင်းလေးပဲ ဖြစ်ပါတယ်။ Art of Healing ရဲ့ founder နှစ်ယောက်ဖြစ်တဲ့ ဆရာ Bawm Nu ( Counselor) နှင့် ဆရာမ Yuko ( Art therapy practitioner) တို့က စိတ်ကျန်းမာရေးနှင့်စပ်လျဉ်းပြီး မိမိတို့အတွေ့အကြုံများ၊ သီအိုရီများကို ဝေမျှပေးသွားကြမှာ ဖြစ်ပါတယ်။
🎙️ ဒီလမှာတော့ "Relationship" နှင့်ပတ်သက်သည့် အကြောင်းများကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားမယ်ဆို နားဆင်ဖို့အတွက် လေးစားစွာဖြင့် ဖိတ်ခေါ်ပါရစေရှင်။
🎙️ မိမိတို့ သိရှိလိုသည့်/ ဆွေးနွေးစေလိုသည့် အကြောင်းအရာများ ရှိခဲ့ရင်လည်း comment မှာ ရေးပေးသွားပါနော်။

💞 Secure Base ဆိုတာ ဘာလဲ …? 💞💞 Attachment Theory တွယ်တာမှုသီအိုရီအရ ကလေးငယ်နဲ့ မိဘကြားထဲက ထိတွေ့ဆက်ဆံမှုတွေဟာ ကလေးငယ်ရဲ့...
13/02/2026

💞 Secure Base ဆိုတာ ဘာလဲ …? 💞

💞 Attachment Theory တွယ်တာမှုသီအိုရီအရ ကလေးငယ်နဲ့ မိဘကြားထဲက ထိတွေ့ဆက်ဆံမှုတွေဟာ ကလေးငယ်ရဲ့ စိတ်ဖွံ့ဖြိုးမှုအပေါ်မှာ သက်ရောက်မှု အများကြီးရှိပါတယ်။ တိုတိုပြောရရင် ကလေး-မိဘ ဆက်ဆံရေးမှာ လုံခြုံမှုကို ခံစားခဲ့ရတဲ့ ကလေးတွေကတော့ အသက်ကြီးလာတဲ့အခါ ချစ်ခင်တဲ့သူတွေကို စိတ်လုံလုံခြုံခြုံနဲ့ ယုံကြည်တတ်၊ ကိုးစားတတ်၊ ပေါင်းသင်းဆက်ဆံတတ်ပြီးတော့ မလုံခြုံမှုကို ခံစားခဲ့ရတဲ့ ကလေးတွေကတော့ လူကြီးဖြစ်လာတဲ့အခါ တဖက်သားကို ယုံယုံကြည်ကြည်နဲ့ မချစ်ခင်ရဲတာတွေ၊ အပစ်ခံရမှာကို တရားလွန်ကြောက်တာတွေ၊ အစရှိတဲ့ စိတ်မလုံခြုံမှုတွေနဲ့ လုံးပန်းနေရတတ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ မိမိကလေးတွေရဲ့ နောင်ရေးအတွက် သူတို့လေးတွေ ငယ်စဉ်အခါမှာ စိတ်လုံခြုံမှုကို အတတ်နိုင်ဆုံးပေးပြီး secure attachment style စိတ်လုံခြုံမှုရှိတဲ့ တွယ်တာမှုပုံစံ တည်ဆောက်ပေးသင့်ပါတယ်။

💞 တွယ်တာမှုပုံစံအကြောင်းကို မူလအဆိုပြုခဲ့သူ John Bowlby ဂျွန်ဘိုလ်ဘီက ကလေးတွေကို စိတ်လုံခြုံစေဖို့အတွက် မိဘတွေအနေနဲ့ secure base လုံခြုံတဲ့ဘေ့စ် တခုအလား ပြုမူသင့်တယ်လို့ ဆိုပါတယ်။ သဘောက ကလေးဆိုရင် ကလေးအလျောက်၊ ဆယ်ကျော်သက်ဆိုရင်လည်း ဆယ်ကျော်သက်အလျောက် သူ နေထိုင်ရာ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာမှာပဲ။ ဒါကို စိတ်လုံလုံနဲ့ စူးစမ်းလေ့လာဖို့ဆိုရင် သူ ပြန်တဲ့အခါ မိဘက သူ့ကို ကြိုဆိုမယ်၊ သူ့ရဲ့ စိတ်နဲ့ ခန္ဓာကို ပြန်အားဖြည့်ပေးမယ်၊ သူ စိတ်အဆင်မပြေတဲ့အခါ စိတ်သက်သာရာ ရစေမယ်၊ ကြောက်တဲ့အခါ နှစ်သိမ့်မယ်၊ အစရှိတဲ့ ယုံကြည်ချက်တွေရှိဖို့ လိုအပ်တယ်။ ဒီတော့ လုံခြုံတဲ့ဘေ့စ်အနေနဲ့ မိဘရဲ့ အဓိကကဏ္ဍက ကလေး တောင်းဆိုတဲ့အချိန်မှာ အားပေးဖို့၊ ရှိဖို့ပေါ့ - တိုက်ရိုက်အကူအညီကိုတော့ တကယ်လိုအပ်မှ ပေးသင့်တယ်တဲ့။

💞 ဥပမာ လမ်းလျှောက်တတ်ခါစ ကလေးလေးတယောက် ဆိုပါစို့။ ကလေးက အခန်းထဲမှာ ဟိုသွားဒီသွား သွားမယ်။ တခါတလေ သူ့ကိုယ်သူ ကျေနပ်အားရစိတ်နဲ့ မိဘကို လှမ်းကြည့်ရင်း "သား လျှောက်နေတာ တွေ့လား" လို့ မျက်နှာရိပ်မျက်နှာကဲနဲ့ ပြောမယ်။ ဒီအခါမှာ မိဘက ကလေးကို ပီတိအပြည့်နဲ့ ကလေးကို စကားနဲ့ရော အမူအရာနဲ့ပါ အားပေးမယ်။ သူ ချော်လဲလို့ ငိုရင် မိဘက အနားကပ်သွားပြီး ချော့မယ်။ သူ မောလို့ မိဘရင်ခွင်ထဲ ပြန်လာတဲ့အခါ မိဘက နှစ်လိုစိတ်နဲ့ သူ့ကို ကြိုဆိုမယ်။ မပြန်ဘဲ ရောက်တဲ့နေရာမှာ နားရင်လည်း မိဘက အပြစ်မတင်ဘူး။ ဒါတွေဟာ မိဘ-ကလေး ဖြစ်ရိုးဖြစ်စဉ်တွေထဲမှာ မြင်တွေ့ရတဲ့ မိဘရဲ့ “လုံခြုံတဲ့ဘေ့စ်” အနေနဲ့ ပြုမူပုံတွေပါပဲ။
ဒီတော့ မိဘအနေနဲ့ ကလေးရဲ့ လုံခြုံတဲ့ဘေ့စ် ဖြစ်ဖို့အတွက် ဘာတွေလိုအပ်မလဲ။ ဘိုလ်ဘီနဲ့အတူ တွယ်တာမှုသီအိုရီကို ချဲ့ထွင်သုတေသနပြုခဲ့တဲ့ Mary Ainsworth မေရီအိန်းစ်ဝါတ်ရဲ့ အဆိုအရ ကလေးရဲ့ အရိပ်အကဲကို သိတတ်ပြီး တုံ့ပြန်ခြင်း၊ ကလေးရဲ့ အပြုအမူနဲ့ သင့်လျော်တဲ့ အတိုင်းအတာအထိ လိုက်ပါပြုမူခြင်း၊ ကလေးအတွက် စိတ်ရောကိုယ်ပါ အသင့်ရှိခြင်း၊ ကလေးရဲ့ လိုအပ်ချက်တွေကို လက်ခံနားလည်ခြင်းတို့ ရှိရပါမယ်။ ဒါတွေမရှိရင် ကလေးရဲ့ တွယ်တာမှုပုံစံက လုံခြုံမှုနည်းတတ်ပါတယ်။ အများအားဖြင့်တော့ မိဘတွေက ကလေးကို တမင်လစ်လျူရှုပြီး စိတ်မလုံခြုံစေတာတော့ မဟုတ်ဘူးပေါ့။ စိတ်အဆင်မပြေလို့၊ အချိန်မရှိလို့၊ ဒါမှမဟုတ် သူတို့ကိုယ်တိုင်ကိုက လုံခြုံတဲ့ တွယ်တာမှုပုံစံ မရှိလို့ လစ်လျူရှုမိတတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သက်ရောက်မှုကတော့ ရှိမှာပါ။

💞 မိဘနဲ့ ဆက်ဆံရေးမှာ စိတ်လုံခြုံခြင်းက ကလေးတွက် အကောင်းဆုံးဆုတဆုပါ။ လုံခြုံတဲ့ ဆက်ဆံရေးကြောင့် ဖြစ်ပေါ်လာတဲ့ လုံခြုံတဲ့ တွယ်တာမှုပုံစံဟာ ကလေးရဲ့ ဖွံ့ဖြိုးမှုကို အများကြီးအထောက်အကူပြုပြီး အသက်တာတလျှောက်မှာလည်း ကိုယ့်ခံစားချက်ကိုယ် နားလည်ထိန်းညှိနိုင်စွမ်းနဲ့ ကောင်းမွန်တဲ့ လူမှုဆက်ဆံရေး တည်ဆောက်နိုင်စွမ်းတွေကို ရရှိစေတယ်။ ဒါ့အပြင် ငယ်စဉ်က စိတ်လုံခြုံခဲ့သူတွေဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်၊ လေးစားစိတ်တွေနဲ့ ပြည့်ဝလေ့ရှိပါတယ်။ ဒါကြောင့် မိဘတွေဟာ ကလေးရဲ့ လုံခြုံတဲ့ဘေ့စ်ဖြစ်နိုင်ရင် အကောင်းဆုံးပါ။


💞 စာကြွင်း - မလုံခြုံတဲ့ တွယ်တာမှုပုံစံ ရှိသူတွေဟာ အရွယ်ရောက်တဲ့အခါမှာလည်း လူမှုဆက်ဆံရေးကိစ္စတွေမှာ လုံခြုံတဲ့ တွယ်တာမှုပုံစံ ရှိသူတွေနဲ့ ယှဉ်ရင် စိတ်အခက်အခဲတွေ ပိုဖြစ်တတ်ပါတယ်။ ဒါပေမဲ့လည်း ရင်းနှီးချစ်ခင်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေအားဖြင့် စိတ်လုံခြုံမှုကို ရနိုင်ပါတယ်။ ဒီတော့ စာဖတ်သူကိုယ်တိုင်လည်း လုံခြုံတဲ့ဘေ့စ်အဖြစ် ပြုမူရင်း ချစ်ရသူကို စိတ်လုံခြုံမှု ပေးစွမ်းနိုင်ပါတယ်။ ဒီလိုပြုမူဖို့အတွက် ဘာတွေလိုအပ်လဲဆိုတာကိုတော့ မကြာခင်ဆက်ရေးပါမယ်နော်။

🧠 Free Psychological First Aid Training! 🆓 Are you ready to make a difference in your community? Learn how to provide em...
12/02/2026

🧠 Free Psychological First Aid Training! 🆓

Are you ready to make a difference in your community?

Learn how to provide emotional support and practical help to those in crisis!

✨ What You’ll Learn:
✅ How to recognize emotional distress
✅ Effective ways to offer support
✅ Building resilience in yourself and others
✅ Techniques to stay calm in stressful situations

📅 Date: 21/22 Feb 2026
📍 Location: Online ( Zoom Platform )
⏳ Duration: 2 days ( 2 hours & 30 minutes per day )
🎓 Certification Provided!

🔹 Who Can Attend? Everyone!

🔹No prior experience needed.

💙 Take the first step in helping others!

💙 Register now

For more details, contact Message, Email, Viber, WhatsApp, Telegram
+959 989809938
artofhealing12@gmail.com

11/02/2026

Neurographic Art Therapy

The key benefits of Neurographic Art Therapy for mental health — supported by both psychological theory and creative expression research:

🌿 1. Reduces Stress and Anxiety
• The repetitive and flowing lines in Neurographic art help calm the nervous system.
• The slow, mindful drawing process activates a meditative state, reducing anxiety and stress hormones.

💭 2. Improves Emotional Regulation
• Transforming sharp or chaotic lines into smooth connections symbolizes emotional release.
• It allows people to visually process and soften inner conflicts, leading to better emotional balance.

🧠 3. Enhances Self-Awareness
• The art reflects subconscious thoughts and emotions that may be hard to express verbally.
• By observing patterns and colors, participants gain insight into their mental and emotional states.

💓 4. Promotes Mindfulness and Presence
• The focus on each stroke and shape keeps the mind in the present moment.
• It reduces rumination (repetitive worrying) and helps develop a mindful awareness of feelings.

🌈 5. Encourages Problem-Solving and Cognitive Flexibility
• Neurographic techniques teach the brain to create new pathways and solutions.
• Connecting lines symbolizes connecting different parts of life, helping the mind form new perspectives.

🤝 6. Builds a Sense of Connection and Control
• Drawing connections between shapes can represent making peace with life’s events.
• It helps participants feel more in control and connected with themselves and others.

🌸 7. Supports Healing from Trauma
• It provides a non-verbal, safe way to express pain or confusion.
• The creative process allows emotional release without the need to describe traumatic memories.

🖌️ 8. Increases Positive Emotions and Creativity
• The use of colors, shapes, and flow can boost mood and inspire hope.
• It stimulates creativity, which is linked with improved mental well-being.

💝 ချစ်သူများနေ့မှာ တယောက်ထဲလည်း ကိစ္စမရှိပါဘူး 💝💝 ချစ်သူများနေ့ရောက်လာတော့ နေရာတကာမှာ အသဲပုံတွေ၊ ပန်းပွင့်တွေ၊ စုံတွဲဓာတ...
11/02/2026

💝 ချစ်သူများနေ့မှာ တယောက်ထဲလည်း ကိစ္စမရှိပါဘူး 💝

💝 ချစ်သူများနေ့ရောက်လာတော့ နေရာတကာမှာ အသဲပုံတွေ၊ ပန်းပွင့်တွေ၊ စုံတွဲဓာတ်ပုံတွေ ပေါ်လာတယ်။ တချို့အတွက် ကြည်နူးစရာ ဖြစ်ပေမဲ့ တချို့အတွက်တော့ "ငါတစ်ယောက်ထဲပါလား" ဆိုတဲ့ အတွေးတေနဲ့အတူ အထီးကျန်မှုတွေ၊ ဝမ်းနည်းမှုတွေကို ခံစားရချိန်ပါ။ တကယ်လို့များ စာဖတ်သူဟာ ဒီလိုမျိုးတွေ ခံစားနေရတယ်ဆိုရင် ဒီစာဟာ သင့်အတွက်ပါ။
💝 ချစ်သူများနေ့ဟာ သင့်မှာ ရှိနေပြီးသား ခံစားချက်တွေကို ပိုပြင်းထန်စေနိုင်ပါတယ်။ သင်ဟာ single တယောက် ဒါမှမဟုတ် breakup တခုခုကို ကျော်ဖြတ်နေရတယ်၊ အရင်လူတယောက်ယောက်အတွက် ဝမ်းနည်းနေတယ်၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုနဲ့ ပတ်သက်ပြီး ရုံးကန်နေရတယ်၊ အကြောင်းတစုံတရာကြောင့် လူတွေနဲ့ အဆက်ပြတ်နေတယ်၊ စသည်ဖြင့်ဆိုရင် romance အကြောင်းချည်း တချိန်လုံး မြင်ရကြားရတာဟာ ကိုယ့်ရဲ့ လစ်လပ်မှုကို မီးမောင်းထိုးပြခံနေရသလို ဖြစ်နိုင်ပါတယ်။
💝 ဒါပေမဲ့ single ဖြစ်တာဟာ ကျရှုံးမှု မဟုတ်ကြောင်း ပြောချင်ပါတယ်။ single ဖြစ်တာဟာ အချစ်ခံရဖို့ မသင့်သူတဦးဖြစ်ကြောင်း၊ ဘဝနေထိုင်မှုပုံစံ လွဲမှားနေတာဖြစ်ကြောင်း သက်သေအထောက်အထား မဟုတ်ပါဘူး။ relationship status တခုသာဖြစ်ပါတယ် - ကိုယ့်တန်ဖိုးကို သတ်မှတ်ပေးနိုင်တဲ့အရာ မဟုတ်ပါဘူး။

💝 အမှတ်ရစရာ အချက်များ

✅ သင့်မှာ အဖော်ရှိခြင်း၊ မရှိခြင်းက သင့်တန်ဖိုးကို မသတ်မှတ်ပါဘူး
✅ သမီးရည်းစားအချစ်မှ အချစ်မဟုတ်ပါဘူး - သူငယ်ခြင်း၊ မိသားစု၊ အသိုင်းအဝိုင်း၊ ရည်ရွယ်ချက်ပန်းတိုင်၊ ✅ ကိုယ့်ကိုယ်ကိုယ် လေးစားမှု၊ ဒါတွေဟာလည်း စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေပါပဲ
✅ ဆိုရှယ်မီဒီယာဆိုတာ အသုံးပြုသူတွေရဲ့ အကောင်းဆုံးအခိုက်အတန့်တွေကိုသာ တွေ့ရလေ့ရှိတဲ့ နေရာပါ - ဖြစ်ရပ်အစုံအလင်ကို မသိနိုင်ပါဘူး
✅ အဖော်ရှိသူအများအပြားဟာလည်း အထီးကျန်မှုကို ခံစားနေရကြပါတယ်

💝 ချစ်သူများနေ့ဟာ သင့်အတွက် ခက်ခဲတယ်ဆိုလည်း ရပါတယ်

💝 တကယ်လို့များ ချစ်သူများနေ့မှာ စိတ်အဆင်မပြေဖြစ်ရင် သူများတွေနဲ့ မနှိုင်းယှဉ်ဘဲ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ ကြိုးစားကြည့်ပါ။ လုပ်နိုင်တာလေးတွေကတော့…

✅ သူငယ်ချင်းတယောက်ယောက်နဲ့ ဆက်သွယ်စကားပြောခြင်း
✅ ကိုယ့်အတွက်ကိုယ် ကြင်နာတဲ့ အမှုအရာတခုခုကို လုပ်ကိုင်ခြင်း
✅ ဆိုရှယ်မီဒီယာ လျှော့သုံးခြင်း
✅ မိမိ ဒါမှမဟုတ် ချစ်ခင်ရသူတဦးအတွက် အသိအမှတ်ပြုစာတစောင် ရေးသားခြင်း
✅ Feb 14 ကို romance သတ်သတ်အတွက်လို့ မခံယူဘဲ ချစ်ခင်ရသူအားလုံးကို အသိအမှတ်ပြုဖို့အတွက်လို့ ခံယူခြင်း

💝 အရေးအကြီးဆုံးကတော့ အထီးကျန်ခြင်း၊ စိတ်ပျက်ခြင်းတို့လို ခံစားချက်တွေဟာ ပြဋ္ဌာန်းချက်တွေ မဟုတ်ဘူးဆိုတာကို အမှတ်ရဖို့ပါ။ ဒါတွေဟာ ကိုယ့်ဖြစ်တည်မှုကို မသတ်မှတ်ပေးပါဘူး။ ကိုယ့်ကိုယ်ကိုယ် ပိုကြင်နာဖို့ လိုအပ်ကြောင်း အရိပ်လက္ခဏာတွေပါပဲ။

💝 တကယ်လို့များ ဒီနေ့မှာ စိတ်အဆင်မပြေဖြစ်ရင် သင်ဟာ သူများထက် အားနည်းသူ မဟုတ်ပါဘူး - လူသားထဲက လူသားတဦးသာ ဖြစ်ပါတယ်။
💝 တကယ်လို့များ ဒီနေ့မှာ ဘာမှသိပ်မခံစားရဘူးဆိုရင် ဒါဟာလည်း ကျိုးကြောင်းညီတဲ့ စိတ်အခြေအနေပါပဲ။

💝 ချစ်ခြင်းမေတ္တာဆိုတာ နေ့ရက်တရက်၊ relationship status တခုထက် ပိုပါတယ်။ သင်အပါအဝင် လူတိုင်းဟာ နေ့စဉ်နေ့တိုင်း ဂရုစိုက်မှု၊ ဆက်နွယ်မှု၊ လေးစားမှုတွေနဲ့ ထိုက်တန်ကြပါတယ်။

10/02/2026

လာမယ့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ည ၈ နာရီမှာ “ ထွေရာလေးပါး စကားဝိုင်း” အစီအစဉ်ကနေ “ Relationship”နှင့်ပတ်သက်သည့်အကြောင်းအရာများကို Art of Healing founder & mental health counselor များဖြစ်ကြတဲ့ ဆရာBawm Nu နှင့် ဆရာမYukoတို့ကနေ ဆွေးနွေးပြောဆိုသွားကြမှာ ဖြစ်ပါတယ်။

Relationship နှင့်ပတ်သက်ပြီး ဆွေးနွေးစေလိုတဲ့အကြောင်းအရာများရှိရင်လည်း comment မှာ ရေးပေးခဲ့ပါနော်။

09/02/2026

Floral Art Therapy Workshop လေးကို ဘာကြောင့် join သင့်လဲ ?

ကျမတို့ Art of Healing founder & Art therapy practitioner Yuko နှင့်အတူ Sandara Floral Art မှ Floral artist Sandaraတို့ အတူ ပူးပေါင်းပြီး Floral Art Therapy workshop တွေ ပြုလုပ်ခဲ့တာ ၂နှစ်ကျော် ကြာခဲ့ပါပြီ။

ကျမတို့အနေနှင့် floral art therapy workshop တွေ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ဟာ စိတ်ပင်ပန်းစရာ၊ သောကရောက်စရာ အချိန်ကာတွေ ဖြတ်သန်းကြရင်း စိတ်နွမ်းနယ်ပင်ပန်းသမျှ တချိန်တခဏတာလေးပဲဖြစ်ဖြစ် အသိ-သတိ ရှိရှိလေး လက်ရှိပစ္စုပ္ပန်ကာလမှာ စိတ်ငြိမ်သက်စွာ ပန်းကလေးတွေနှင့် ထိတွေခွင့်ရရှိစေဖို့အပြင် ပန်းအလှပြင် အလှဆင်ရတာ ဝါသနာပါသူများအတွက်လည်း ပန်းကလေးတွေနှင့် ပတ်သက်ပြီး အခြေခံသဘောတရား၊ ပန်းထိုးနည်း အလှဆင်နည်းများကိုလည်း တပါတည်း တတ်မြောက်သွားစေရန် ရည်ရွယ်ပြီး ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပါတယ်။

Floral Art Workshop လို့ အမည်တပ်လျှင်တော့ ဒါဟာ Art therapy ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မပါဝင်ကြောင်းကိုလည်း စိတ်ဝင်စားသူများ၊ ပါဝင်မည့်သူများအတွက်လည်း ပြောပြပေးချင်ပါတယ်ရှင်။

Art therapy ဆိုတဲ့ခေါင်းစဉ်အောက်မှာ creative art activities များဖြင့် ပေါင်းစပ်ပြီး mental health အကြောင်း လေ့လာသင်ယူထားသူ၊ Art therapy အကြောင်း လေ့လာသင်ယူထားသူတွေသာလျှင် ပြုလုပ်လို့ ရနိုင်တာပဲ ဖြစ်ပါတယ်။ creative art activities တွေကတော့ အနုပညာနှင့် စပ်ဆက်ပြီး များစွာရှိပါတယ်။ စိတ်ကုထုံးနည်းပညာများနှင့်ပေါင်းစပ်ပြီး စိတ်ကျန်းမာရေးအတွက် therapy တခုအနေနှင့် ပြုလုပ်ကြတာပဲ ဖြစ်ပါတယ်။

Art therapy practitioner တယောက်က floral artist တယောက်မဟုတ်တဲ့အတွက် ပန်းတွေအကြောင်း၊ ပန်းအလှဆင်မှုအကြောင်း မသိပါ။ Floral artist တယောက်ကလည်း Art therapy အကြောင်း မသိပါ။ ဒါကြောင့် Floral Art Therapy workshop တွေ ပြုလုပ်တဲ့အခါ professional artist နှင့် Art therapy practitioner တို့အတူ ပူးပေါင်းဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။

Art therapy practitioner မပါဘဲ Art therapy workshop တွေလို့ အမည်တပ်ပြီး ပြုလုပ်ခြင်းဟာ ပါဝင်သူတွေရဲ့ စိတ်ကျန်းမာရေးရှုထောင့်ဘက်ကနေ ထည့်သွင်းစဉ်းစားကြည့်ရှုမည်ဆိုပါက မပြုလုပ်သင့်ပါ။

လတိုင်း Floral Art therapy workshop တွေ ရှိတဲ့အတွက် စိတ်ဝင်စားမယ်ဆို ပါဝင်ကြဖို့လည်း ဖိတ်ခေါ်ပါတယ်ရှင်။

Address

Yangon

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Art of Healing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Art of Healing:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram