30/03/2026
YOMA-OUE ပန်းလှိုင်ဆေးရုံများလုပ်ငန်းစုသည် မတ်လ (၂၇)ရက်နေ့တွင်
🏆 Healthcare Asia Hospital Group of the Year – Myanmar Award 2026 ကိုရရှိခဲ့ပါသည်။
ဤဆုသည် ပန်းလှိုင်ဆေးရုံများလုပ်ငန်းစုများ၏
✔️ ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲမှု
✔️ Clinical Governance အပေါ် ဦးဆောင်နိုင်မှု
✔️ အပြည်ပြည်ဆိုင်ရာ အရည်အသွေး စံနူန်းများကို တာ၀န်ယူလိုက်နာကျင့်သုံးမှု
✔️ မြန်မာနိုင်ငံတစ်ဝန်း လက်လှမ်းမီနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုများ တိုးချဲ့ပေးနိုင်မှုစသည့် အထူးကောင်းမွန်သော လုပ်ဆောင်ချက်များကြောင့် အသိအမှတ်ပြုချီးမြှင့်ခံရခြင်းဖြစ်ပါသည်။
နှစ် (၂၀) ကျော်အတွင်း ပန်းလှိုင် ဆေးရုံ (၃) ခု၊ ပန်းလှိုင်အထူးကုဆေးခန်း (၃) ခု၊ ပန်းလှိုင်မိသားစုဆေးခန်း (၄) ခု နှင့် ဓာတ်ခွဲခန်း နမူနာလက်ခံစင်တာ (၇) ခု စသည်တို့ကို ချဲ့ထွင်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ယနေ့တွင် မြန်မာနိုင်ငံတစ်ဝန်း ကျန်းမာရေးဝန်ဆောင်မှုယူနစ် (၁၇) ခု ဖြင့် လူတိုင်းအတွက် အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုကို ပေးအပ်လျက်ရှိပါသည်။
HEAL by Pun Hlaing Application ဆိုသည့် ကျန်းမာရေးကွန်ရက်တစ်ခုကိုလည်း တိုးချဲ့အသုံးပြုလျက်ရှိသည်။
ထို့အပြင် HEAL by Pun Hlaing Application မှတစ်ဆင့်
📱 ဆေးမှတ်တမ်းကြည့်ရှူခြင်း
📱 ဆရာဝန်နှင့် ချိန်းဆိုမှုများ
📱 Tele-consultation
📱 ကိုယ်ပိုင်ကျန်းမာရေး အသိပေးချက်များရရှိနိုင်ခြင်း စသည်တို့ကို လွယ်ကူစွာ ရရှိနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိနေပါသည်။
ပန်းလှိုင်ဆေးရုံများလုပ်ငန်းစုများ၏အဓိကရည်မှန်းချက်မှာ
“ပိုမိုကျန်းမာပြီး ခိုင်မာသော မြန်မာနိုင်ငံတစ်ခု တည်ဆောက်ရန်” ဖြစ်ပြီး အရည်အသွေး၊ လက်လှမ်းမီမှု၊ တန်းတူညီမျှမှု နှင့် ဂရုဏာထားရှိမှုတို့ကို အခြေခံကာ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
🙏 ကျွန်ုပ်တို့အား ယုံကြည်အားထားပေးကြသော လူနာများနှင့် မိတ်ဖက်များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိကြောင်းလည်း မှတ်တမ်းတင်အပ်ပါသည်။
https://healthcareasiamagazine.com/co-written-partner/event-news/yoma-oue-pun-hlaing-hospitals-group-recognised-healthcare-asia-awards-2026
The hospital network expanded integrated healthcare services across 17 facilities whilst setting national benchmarks for patient safety and clinical governance.