Naing Clinic

Naing Clinic Improve your health education level

အသက်ရှည်ရှည်နေလိုလျှင် ခရီးများများထွက်ပါ။
30/11/2025

အသက်ရှည်ရှည်နေလိုလျှင် ခရီးများများထွက်ပါ။

27/11/2025

ထုမယ် နှပ်မယ်😜

Today  စတုဒိသာ at Naing Clinic 🎇😤😤😤
09/11/2025

Today



စတုဒိသာ at Naing Clinic 🎇

😤😤😤

05/11/2025

ပေါ့ပေါ့ပါးပါး learning လေးတစ်ဖြတ်

24/10/2025

ကလေးဆိုတာမလိမ်တတ်ဘူး😁

အသက်ကြီးလာရင် ပိုက်ဆံရှိရုံနဲ့ မရတော့ဘူးဗျ။ရောဂါလည်း တစ်ခုလောက်တော့ အနည်းဆုံးရှိနေမှစကားဝိုင်းတွေမှာ၊ ဖုန်းပြောတဲ့နေရာမှ...
13/10/2025

အသက်ကြီးလာရင် ပိုက်ဆံရှိရုံနဲ့ မရတော့ဘူးဗျ။
ရောဂါလည်း တစ်ခုလောက်တော့ အနည်းဆုံးရှိနေမှ
စကားဝိုင်းတွေမှာ၊ ဖုန်းပြောတဲ့နေရာမှာ လူဝင်ဆံ့တာ...

အမေဆို သူ့အမျိုးတွေနဲ့ ဖုန်းပြောတိုင်း၊ ဆုံဖြစ်တိုင်း
သူ့ရောဂါတွေချည်း ပတ်ကြွားတာ...
ဟိုဘက်ကလည်း ငြိမ်ခံနေမယ်တော့ မထင်နဲ့နော်
ဒီဘက်က အမေ ကြွားလို့ ခဏနားတာနဲ့ သူတို့ကလည်း
ပြန်ကြွားဖို့ ရောဂါတွေက အဆင်သင့်ခင်ဗျ...

ဒီဘက်က အမေက သူဆီးချိုတွေ ဆောင့်တက်သွားတဲ့
အကြောင်းကို အာပေါင်အာရင်းသန်သန်နဲ့ အားရပါးရ
ကြွားနေတုန်း...

ဟိုဘက်ကလည်း သွေးတွေ တိုးသွားတာ ကြောက်ခမန်း
လိလိမို့ အိပ်ရာထဲကနေတောင် ထမရတော့ဘူးဆိုပြီး
တန်ပြန် ကြွားတာ...

ဆီးချိုတွေ ဆောင့်တက်ပြီး သွေးတွေသာ တိုးနေတာ
ဖုန်းပြောတာကတော့ တခါတခါ ဖုန်းပြောရင် ၂ နာရီ
လောက်ကို ကြာတယ်ဗျ...

ဒီဘက်က အရိုးကျီးပေါင်းဆို
ဟိုဘက်က လေးဘက်နာ...
ဒီဘက်က နှလုံးဆို
ဟိုဘက်က ကျောက်ကပ်...

ဒီဘက်က ခေါင်းတစ်ခြမ်းထိုးတာဆိုရင်
ဟိုဘက်က ခြေတစ်ချောင်းလှုပ်မရအောင် ကိုက်တာ...
ဒီဘက်က အဆစ်အမြစ်တွေ ယောင်ပြရင်
ဟိုဘက်က နှလုံးသွေးကြောကျဉ်းနေစေရမယ်..

ဒီလိုလာကြတာ...
အဲ ရောဂါမရှိဘဲ ဒေါင်ဒေါင်မြည်နေရင်တော့လား
အဲ့ဒီလူကြီးဟာ ပြောစရာ စကား သိပ်မရှိတော့သလို
ဆေးဖော်ကြောဖက်တောင် သိပ်အလုပ်မခံရတော့ပါဘူး...

ပြောရရင် သိပ်ခေတ်မမီ ဘောင်မဝင်ဘူးပေါ့...
ဘာရောဂါမှ မရှိရင်တောင် အနည်းဆုံး အထူးကုဆေးရုံ
တစ်ခုခုမှာ medical checkup လောက်လုပ်ထားပြီး
ခံပြောနိုင်မှ တော်ကာကျတာ...

အဲ့ထဲမှာမှ ဆရာအကျဆုံးကတော့ overseas သွားပြီး
ခွဲဖူးစိတ်ဖူးကာ သိန်းကို ရာဂဏန်း ကုန်ထားတဲ့
အုပ်စုပါပဲ...သူတို့အတွက်တော့ Idol ပေါ့...

ကောင်ကာငင်ကာ ဘန်ကောက် ထသွားပြီး နှလုံးကို
ဘယ်လိုခွဲထည့်လိုက်တာ သိန်းကို ဘယ်နှရာကုန်
သွားတာ ဆိုတဲ့ကိစ္စက ပြောရတာ အရသာသိပ်ရှိတာ...

အာရှတော်ဝင်နဲ့ SSC လောက်ပဲ စကားထဲထည့်ပြောပြီး
နည်းနည်းလေး ဇာတ်ရှိန်မြင့်လာတဲ့အခါ ဆေးနည်းတွေ
ဖလှယ်ကြပါပြီ...

သမားတော်တွေတောင် အမေတို့လောက် သိမယ်မထင်
သူသောက်ဖူးသမျှ အင်္ဂလိပ်ဆေးတွေကို ဒီဘက်ကနေ
ရွတ်ပြလိုက်တဲ့အခါ...

ဟိုဘက်ကလည်း ပေါက်ပေါက်ရှာရှာ အရွက်တွေ
အသီးတွေ အပွင့်တွေ အခေါက်တွေကို သုံးခွက်တစ်ခွက်
တင် ကြိုသောက်ဖို့ ပြန်ဆော်ဩပါတယ်...

"အဲ့ဒီအပင်က အမြန်လမ်းဘေးမှာကို အများကြီးပဲ"
"ဟုတ်လား...အိမ်က သားကို သွားခူးခိုင်းလိုက်မယ်"
ဟာ...သေပြီ...ဒါဆိုရင်တော့ မချောင်တော့ဘူး...

ဆေးအကြောင်းတွေ ပြောလို့ဝတော့ အစားအသောက်ကို
ဘာမှ မစားရဲလို့ အကုန်ရှောင်နေရတဲ့အကြောင်းကို
သူ့ထက်ငါ အပြိုင်ကြွားကြပြန်ပါတယ်...

သွေးတိုးနဲ့ မတည့်လို့ မစားရကြောင်း...
အရမ်းကြိုက်ပေမယ့် ဆီးချိုရှိလို့ အိမ်သားတွေ
အတွက်သာ ချက်ရကြောင်း...

ဟော...နောက်ဆုံးမှာတော့ ဘုရားအကြောင်း၊ တရား
အကြောင်းရောက်သွားကာ အပြိုင်အဆိုင် တရား
အားထုတ်ကြရင်း...
ယတြာချေဖို့
ဘယ်ဆရာကောင်းလဲမေးကာ
အဆုံးသတ်သွားပါတော့တယ်...။😂

ခုတလော ဆေးခန်းမှာ အရမ်းတွေ့တဲ့ case လေးပေါ့။ ကောင်မလေးတယောက်ဆို မျက်လုံးနားမှာ ဖြစ်လို့ မျက်ခွံကြီးတခုလုံးရောင်ကိုင်းပြီ...
06/10/2025

ခုတလော ဆေးခန်းမှာ အရမ်းတွေ့တဲ့ case လေးပေါ့။
ကောင်မလေးတယောက်ဆို မျက်လုံးနားမှာ ဖြစ်လို့ မျက်ခွံကြီးတခုလုံးရောင်ကိုင်းပြီး မျက်စိဖွင့်မရအောင်ဖြစ်။

/ Rove Beetle Dermatitis

သိပြီးသားလဲဖြစ်ချင်ဖြစ်မယ်။
အောက်တိုဘာ/နိုဝင်ဘာလ ရောက်လာတော့ မကြာခဏ တွေ့လာရတယ်။
ပုံမှာပြထားသလိုမျိုး အရေပြားပေါ်မှာ ပေါ်လာတာမျိုး
ထူးဆန်းတာက တံတောင်ဆစ်လို ဒကောက်ကွေးလို နေရာမျိုးဆိုရင် mirror image လိုမျိုး ဆင်တူဖြစ်တာပါ။
တချို့က အရေကြည်ဖုလေးတွေ တန်းစီနေလို့ ရေယုန်လို့ ထင်တတ်ကြတယ်။

တချို့ကတော့ မီးပိုးကောင်ကိုက်တာလို့ပြောလေ့ရှိကြတယ်။

တကယ်တော့ ပုံမှာပြထားတဲ့ အင်းဆက် ပိုးကောင် ကြောင့်ဖြစ်တာပါ။

ဒါပေမယ့် ပုရွက်ဆိတ်တို့ ပျားကောင်တို့လို ကိုက်လို့ တုပ်လို့ဖြစ်တာတော့မဟုတ်ပါဘူး။
သူ့ခန္ဓာကိုယ်က ထွက်တဲ့အဆိပ်တမျိုးနဲ့ ထိမိလို့ဖြစ်တာပါ ။

အဲဒီ insect ပိုးကောင်ကို Rove Beetle လို့ခေါ်ပါတယ် ။Paederin ဆိုတဲ့ Toxin ကို ထုတ်လို့ Paederus Beetle လို့လဲခေါ်ပါတယ် ။
အဲဒီ Toxin ထိမိတဲ့နေရာတွေမှာ Blister ရေကြည်ဖုတွေနဲ့ အရေပြားနီရဲရောင်ရမ်းတာ (Dermatitis) ကိုဖြစ်စေတာပါ
မီးရောင်က အဲဒီပိုးကောင်တွေကိုဆွဲဆောင်နိုင်ပါတယ်
ဆောင်းတွင်းမှာတော့ အအေးဓာတ်ကြောင့် ထွက်လာတတ်ကြတာပါ။
ပိုး​ကောင်အကြီးရဲ့ အရွယ်အစားက အရှည် 7-10 mm ဗျက် 0.5-1 mm ရှိပါတယ် ဦးခေါင်းက အမဲရောင် ခန္ဓာကိုယ်က အနီနဲ့အနက်ကြားရောင်ပါ။

အဲဒီပိုးကောင်ကို Crush လုပ်လိုက်တဲ့ခါ သူ့ခန္ဓာကိုယ်က Paederin toxin တွေထွက်လာပြီးအရေပြားကိုထိမိတဲ့ခါပုံမှာပြထားသလို ဖြစ်လာတတ်ပါတယ်။
ထိပြီး ၁ရက်လောက်ကြာမှ နီရဲပြီးအရည်ကြည်ဖုတွေဖြစ်လာတာပါ ။
အဆိပ်အနဲအများပေါ်မူတည်ပြီး နီရဲရုံကနေ အရည်ကြည်ဖုကြီးတွေ အနီစင်းကြောင်းတစ်လျောက်လုံးပေါ်တာမျိုးထိဖြစ်ပါတယ်။
ပိုးကောင်အဆိပ်ပေနေတဲ့လက်နဲ့ မျက်စိနဲ့ တခြားနေရာတွေကို ပွတ်မိကိုင်မိရင်လဲ မျက်စိရောင်တာ ထိမိတဲ့နေရာတွေပါရောင်တာဖြစ်နိုင်ပါတယ်။

မော်တော်ဆိုင်ကယ်စီးတဲ့သူတွေ မျက်နှာမျက်လုံးတို့နဲ့ ပိုးကောင်ရိုက်မိရင် တော်တော်ဆိုးနိုင်ပါတယ်။

တကယ်လို့ပိုးကောင် ခန္ဓာကိုယ်ပေါ် တက်နေတာတွေ့ရင် လက်နဲ့သွားမကိုင်ပါနဲ့ ဖိပြီးခြေမပစ်ပါနဲ့ အမှတ်တမဲ့ဖိခြေမိသွားရင် ထိတဲ့နေရာနဲ့ လက်ကို ဆပ်ပြာနဲ့ရေများများနဲ့ဆေးပစ်ပါ။
အဝတ်အစားတွေလဲချွတ်ပြီးလျှော်ပစ်ပါအဆိပ်တွေပါသွားအောင်ပါ။

နီရဲပြီးရောင်လာခဲ့ရင် Antihistamines, Topical steroid တို့ပေးလို့ရပါတယ်။
ပိုးဝင်တဲ့လက္ခဏာရှိရင် Antibiotic cream ပါပေးရပါတယ်။

credit OP

'သီတင်းကျွတ် ကာလအတွင်း '🌅🌅🌅'နိုင်'ဆေးခန်းအား ပိတ်ရက် မရှိ ဖွင့်လှစ် ကုသပေးလျှက် ရှိပါတယ် ခဗျ။🏩 🌞မနက်၈-၁၁🌑ညနေ ၄-၉ 0979957...
05/10/2025

'သီတင်းကျွတ် ကာလအတွင်း '🌅🌅🌅

'နိုင်'ဆေးခန်းအား ပိတ်ရက် မရှိ ဖွင့်လှစ် ကုသပေးလျှက် ရှိပါတယ် ခဗျ။🏩


🌞မနက်၈-၁၁
🌑ညနေ ၄-၉


09799575937

05/10/2025

90% အဖျားတွေဟာ Virus ကြောင့် ဖြစ်တာပါ။ ပိုးသတ်ဆေး (Antibiotics) Deficiency ကြောင့် ဖြစ်တာမဟုတ်။

04/10/2025

၅၀ကျော် တီတီတို့ အရိုးပွရောဂါ ကာကွယ်ချင်ရင်
C,D,E
C=Calcium, D=Vit D,
E=Exercise

Address

272/4, ​Kathit Myaing (3rd) Street (သုံးပန်လှ ဘေးလမ်း) , Thuwunna , Thingangyun
Yangon
11072

Telephone

+959799575937

Website

Alerts

Be the first to know and let us send you an email when Naing Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Naing Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram