Medi Shine Wholesale Pharmacy

Medi Shine Wholesale Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Medi Shine Wholesale Pharmacy, Pharmacy / Drugstore, Yangon.

မင်္ဂလာပါခင်ဗျာ ။ Medi Shine pharmacy မှကြိုဆိုပါတယ် ခင်ဗျာ✨GP ဆရာ/ဆရာမတို့၏ဆေးရုံ/ဆေးခန်းများတွင်အသုံးပြုရန်အတွက်ဆေးဝါး...
10/12/2024

မင်္ဂလာပါခင်ဗျာ ။
Medi Shine pharmacy မှကြိုဆိုပါတယ် ခင်ဗျာ✨
GP ဆရာ/ဆရာမတို့၏ဆေးရုံ/ဆေးခန်းများတွင်အသုံးပြုရန်အတွက်ဆေးဝါးများကိုစျေးနှုန်းမှန်ကန်စွာဖြင့်မှာယူ ရရှိပါသည်။

ရန်ကုန်​မြို့ မဂ်လာစျေးပေါ်မှ လက္ကားဆိုင်ဖြစ်သည့်အတွက် လက္ကားစျေးနှုန်း များဖြင့်စျေးနှုန်းသက်သာပြီး စိတ်ချစွာဝယ်ယူနိုင်ပါတယ် ခင်ဗျ ။
ဆေးခန်း များအတွက်လဲ brand ပစ္စည်းများထက် price fair ဖြစ်ပြီး Good Quality product FDA register ရှိသော ဆေးပစ္စည်း များရရှိပါတယ် ခင်ဗျ ။

Medi Shine Wholesale pharmacy မှ

☑️GP ဆေးခန်းသုံး oral / injection
☑️ခွဲစိတ်သုံး oral / injection အမျိုး
☑️vaccine အမျိုးမျိုး ( With cool Cain)
☑️ controlled injection / oral
များကို မှန်ကန်သောစျေးနှုန်းဖြင့် ဝယ်ယူနိုင်ပါသည်ခင်ဗျာ ။

နယ်မြို့နယ်များမှ ဆေးရုံ/ ဆေးခန်းများအတွက်လဲ ဂိတ်ချငွေချေစနစ်ဖြင့် ဝယ်ယူနိုင်ပါတယ်

Viber Channel Link 🔗

https://invite.viber.com/?g2=AQAcBroT6s4CTFDYKpP1YKj%2Fqu19ELvxHlPLt5NourF9fbYerP1u4Y3dD5%2BsAL8F

အမှတ် F - 159 ရွှေပြည့်စုံဈေး, တတိယထပ်, မင်္ဂလာတောင်ညွန့်မြို့နယ်, ရန်ကုန်မြို့

☎ 09650504423
09975849930 ( Viber Have )
ရန်ကုန်မြို့ တွင်း မြို့နယ်များသို့ Deliveryနှုန်းထားသက်သာစွာဖြင့်ပို့ဆောင်ပေးနေသည့်အပြင် ရန်ကုန်မြို့နယ်နိမိတ်ပြင်ပ ၉မြို့နယ် နှင့် မြန်မာနိုင်ငံတွင်း မြို့ကြီးများကိုလည်း ပို့ဆောင်ပေးနေပါသည် ။
( ယုံကြည်စိတ်ချစွာမှာယူနေသော ဆေးခန်း/ ဆေးရုံများကိုအထူးကျေးဇူးတင်ရှိပါသည်)

ကင်ဆာ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ????ကင်ဆာရောဂါ ဆိုတာ ကလည်း ယခု အချိန်မှာ ကမ္ဘာ နှင့် အဝှမ်းမှာ ရှိနေတဲ့ လူအတော်အများ က...
11/12/2021

ကင်ဆာ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ????

ကင်ဆာရောဂါ ဆိုတာ ကလည်း ယခု အချိန်မှာ ကမ္ဘာ နှင့် အဝှမ်းမှာ ရှိနေတဲ့ လူအတော်အများ ကို ခြိမ်းခြောက်နေသလို ကျွန်တော် တို့ မြန်မာနိုင်ငံ မှာ လည်း ကင်ဆာရောဂါ ဖြစ်ပွားမှု့နှုန်းတွေ မြှင့်တက်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ကင်ဆာ ရောဂါ ကို မဖြစ်ခင် အာဟာရဘက်ကနေ ဘယ်လိုကြိုတင်ကာကွယ်ရမလဲ ဆိုတာ ဖော်ပြပေးသွားပါမယ်။

1. ကိုယ်အလေးချိန် ထိန်းပါ - ဝလာတာနှင့်အမျှ ကင်ဆာ ဖြစ်ပွားမှု့ ကလည်း သိသိသာသာ မြှင့်တက်လာပါတယ်။ အထူးသဖြင့် သားအိမ်ကင်ဆာ နှင့် အစာမြိုပြွန်ကင်ဆာ ဖြစ်ပွားနှုန်း က ကိုယ်အလေးချိန်များနေတဲ့၊ အဝလွန်နေတဲ့ သူတွေမှာ ဆိုရင် ဖြစ်ပွားနှုန်း ၅၀% အထိ မြှင့်တက်လာတာတွေ့ရပါတယ်။ ထို့အပြင် တခြားသော ကင်ဆာ တွေ ဖြစ်တဲ့ အူမကြီးကင်ဆာ၊ သည်းခြေအိတ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ အသည်းကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ မုန့်ချိုအိတ်(ပန်းကရိယ)ကင်ဆာ၊ ဆီးကြိတ်ကင်ဆာ၊ သိုင်းရွိုက်ကင်ဆာ စတဲ့ ကင်ဆာ ရောဂါ ဖြစ်ပွားနှုန်းတွေ ကလည်း အလေးချိန်မေားနေသူတွေ မှာ သိသိသာသာ မြှင့်တတ်နေတာ တွေ့ရပါတယ်။ ဒါကြောင့် ကင်ဆာ ရောဂါ ကာကွယ်ဖို့အတွက် အဓိက ကျတဲ့ သော့ချက်ကတော့ ကိုယ်အလေးချိန် ကို ရှိသင့်တဲ့ အတိုင်းအတာ (BMI) အတွင်းမှာ ထိန်းထားဖို့လိုအပ်ပါတယ်။
2. ချိုလွန်းတဲ့ အစားအစာ၊ အသင့်စား အစားအစာ တွေ ကို တတ်နိုင်သမျှလျှော့ချပါ။ ချိုလွန်းတဲ့ အစားအစာ တွေ ဟာ ကယ်လိုရီ များပြီး လိုအပ်တဲ့ အရေးကြီးတဲ့ အာဟာရဓါတ်၊ သက်စောင့်ဓါတ်၊ သတ္တုဓါတ်တွေ မပါတတ်ပါဘူး။ ဒါကြောင့် ချိုလွန်းတဲ့ အစားအစာ၊ အသင့်စား အစားအစာများ စားရင် ဝိတ်တက်လာနိုင်ပြီး အဝလွန်ခြင်း ဖြစ်လာနိုင်တဲ့ အတွက် ကင်ဆာ ဖြစ်ပွားမှု့ကို မြှင့်တက်လာစေပါတယ်။ ဒါကြောင့် လတ်လတ်ဆက်ဆက် အစားအစာများ ကို များများစားပါ။
3. အသီးအနှံ၊ ဟင်းရွက် နှင့် ဂျုံကြမ်း၊ နှံစား (Wholegrain) များများစားပေးပါ။ လေ့လာတွေ့ရှိချက်များအရ wholegrain များများစားပေးခြင်းဖြင့် အဆုတ်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ အစာမြိုပြွန်ကင်ဆာ၊ အစာအိမ် ကင်ဆာ၊ အူမကြီးကင်ဆာ ဖြစ်ပွားမှု့ ကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် မိမိစားမယ့် ထမင်း ပန်းကန်မှာ တဝက် ကို အသီးအရွက် ထည့်ပြီး လေးပုံတစ်ပုံ ကို wholegrain (ဆန်လုံးညို၊ ဂျုံကြမ်းပေါင်မုန့်၊ ကွေကာအုကပ်အကြမ်း) စတာတွေ ထည့်စားပေးသင့်ပါတယ်။
4. အနီရောင် အသားတွေ စားသုံးမှု့ကို လျှော့ချပါ။ အနီရောင် အသားတွေ က ကင်ဆာ ဖြစ်ပွားမှု့ကို မြင့်တက်စေပါတယ်။ အထူးသဖြင့် အူမကြီး ကင်ဆာ ဖြစ်ပွားမှု့ကို တက်စေပါတယ်။ အသင့်စား ဝက်ပေါင်ခြောက်၊ အသားချောင်း၊ အသားပြား၊ အသားလုံးတွေ ကလည်း ကင်ဆာ ဖြစ်ပွားမှု့ ကို မြင့်တက်စေပြန်ပါတယ်။ ဒါကြောင့် လတ်လတ်ဆက်ဆက် အသား၊ ငါးတွေ ကို ပိုစားပေးသင့်ပါတယ်။ အနီရောင် အသားကို တစ်ပါတ် နှစ်ရက်လောက်ပဲ စားပြီး အဖြူရောင် အသားကို ပိုစားပေးသင့်ပါတယ်။
5. အပင်ကရတဲ့ အသားဓါတ်များများစားပါ။ အရှင်းဆုံးဖော်ပြရရင်တော့ ပဲအမျိုးမျိုးပါ။ တိုဟူး၊ ပဲနှပ်၊ ပဲဟင်းချို လိုမျိုးစားပေးခြင်းဖြင့် အသားဓါတ် ကြွယ်ဝစွာ ရရှိနိုင်ပါတယ်။ အပင်က ရတဲ့ အသားဓါတ် တွေ ဖြစ်တဲ့ အတွက် တိရိစ္ဆာန် ကရတဲ့ အသားဓါတ်တွေ လို ကင်ဆာ ဖြစ်ပွားမှု့ မြင့်တက်လာမှ ကို လည်း စိုးရိမ်စရာ မလိုတော့ပါ။ ဒါကြောင့် ပဲ နှင့် ဆက်စပ် အစားအစာ များများစားပေးပါ။
6. အရက်၊ ဘီယာ စတာတွေ သောက်သုံးခြင်း ကို လျှော့ချပါ။ အရက်ပါဝင်တဲ့ မည်သည့် အဖျော်ယမကာ မဆို ကင်ဆာ ဖြစ်ပွားမှု့ မြင့်တက်စေနိုင်ပါတယ်။ အထူးသဖြင့် ခံတွင်းကင်ဆာ၊ အစာမြိုပြွန် ကင်ဆာ၊ လေပြွန် ကင်ဆာ၊ အသည်း ကင်ဆာ၊ ရင်သား ကင်ဆာ၊ အူမကြီး ကင်ဆာ ဖြစ်ပွားမှု့ တွေ တက်လာပါတယ်။ မသောက်ရင်တော့ အကောင်းဆုံးပါ သောက်တော့မယ် ဆိုရင်တော့
Whiskey (40% alcohol)-အမျိုးသားတွေ က တစ်နေ့ကို ၆၀ မီလီလီတာ ထက်ပိုမသောက်သင့်ပါဘူး။ အမျိုးသမီးတွေ ကတော့ ၃၀ မီလီလီတာ ထက်မပိုသင့်ပါဘူး။ Beer (5% alcohol) - အမျိုးသားတွေက တစ်နေ့ကို နှစ်ခွက် (720 ml) အမျိုးသမီးတွေ က တစ်ခွက်(360 ml) ထက်မပိုသင့်ပါဘူး။
Wine (12% alcohol) - အမျိုးသားတွေ က တစ်နေ့ ကို ၃၀၀ မီလီလီတာ ထက်မပိုသင့်သလို အမျိုးသမီးတွေ ကတော့ ၁၅၀ မီလီလီတာ ထက် မပိုသင့်ပါဘူး။

7. သဘာဝ အစားအစာ များ၊ အိမ်လုပ် အစားအစာ များ ကို များများ စားပေးပါ။ သဘာဝ အစားအစာ သာလျှင် သင်လိုအပ်သော သက်စောင့်ဓါတ်၊ သတ္တုဓါတ် နှင့် အာဟာရဓါတ်များစွာ စုံစုံလင်လင် ပါဝင်တဲ့ အတွက် သဘာဝ အစားအစာတွေ ဖြစ်တဲ့ အသီးအရွက်၊ အသား၊ငါး၊ ပဲ၊ နှံစားပြောင်း၊ ဂျုံ၊ ဆန် တို့ကို အဓိက ပိုစားပေးပါ။

အားလုံးပဲ ကင်ဆာ ရောဂါ ကို နေထိုင်စားသောက်ပုံ ပြင်ဆင်ပြီး ကာကွယ်လိုက်ကြရအောင်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်



 #ဆောင်းတွင်းအတွက်တစ်ဘူးတော့ဆောင်ထား 🧐Vaseline pure petroleum jelly sale 🥰၁. Vaseline ကို Mascara Brush အသန့် သို့ မိမိလ...
07/12/2021

#ဆောင်းတွင်းအတွက်တစ်ဘူးတော့ဆောင်ထား 🧐

Vaseline pure petroleum jelly sale 🥰

၁. Vaseline ကို Mascara Brush အသန့် သို့ မိမိလက်ဖျားလေးနဲပဲ ယူပြီး မျက်တောင်မွှေးလေးတွေကို ညစဉ်လိမ်းပေးပါ၊ မျက်တောင်ထူပြီး ရှည်လာစေပါတယ်၊

၂. မိမိခြေထောက်တွေ အသားမာတက်တာပဲ ဖြစ်ဖြစ်၊ ဖိနပ်ပေါက်တာ နာတာတွေမျိုးဆိုရင် ခြေဖဝါးနဲ့ ခြေခုံကို လိမ်းပြီး ခြေအိတ်စွတ် အိပ်ပါ၊ မနက်ကျရင် Foot massage သွားထားသလို နူးညံစေပါတယ်နော် ...

၃. ဒူးမဲသူနဲ့ တထောင်ဆစ်တွေမဲပြီး အသားမာတက်သူတွေအတွက်လည်း Vaseline ကို သတိရတိုင်းလိမ်းပေးပါ။ သိသိသာသာ ဖြူပြီးနူးညံ့လာမှာနော် ...

၄. ခြေတွေလက်တွေမှာ ဖြစ်တဲ့ အသားမာတင်မကဘူးနော်... ခန္ဓာကိုယ်တခုလုံးက အသားရေ ကြမ်းတမ်းနေတာနဲ့ အသားမာတွေကို အမြဲလူးပေးသင့်ပါတယ်။

၅. နှုတ်ခမ်းအတွက်ဆိုရင်လည်း အရမ်းကောင်းတဲ့ Vaseline ကို အမြဲလိမ်းပါ... ခြောက်သွေ့တာ ကြမ်းတမ်းတာ ကွဲတာနဲ့ နှုတ်ခမ်းညိုမဲနေတာတွေကအစ ပျောက်စေတယ်၊

၆. မိမိသဘောကျတဲ့ Eyeshadow အမှုန်လေးတွေကို Vaseline နဲနဲရောပြီး ခွက်ကလေးထဲတည့်ပြီး အရောင်ပါတဲ့ Lip balm အနေနဲ့ ဆိုးပေါ့ 💋💋

၇. ရေမွှေးဆွတ်တဲ့အခါ အနံ့ကြာကြာခံအောင် ရေမွှေးဖြန်းမဲ့နေရာကို Vaseline အရင်လိမ်းပါ။ အချိန်ကြာကြာခံတယ်နော့ ...

၈. Mositurizer or primer အနေနဲ့လည်း မိတ်ကပ်မလိမ်းခင် လိမ်းပေးလို့ရပါတယ်၊ Foundation ကြာကြာခံပါတယ်လို့ ..

၉. မိမိ Body Lotion ကုန်သွားရင်တော့ Body lotion အနေနဲ့ Vaseline ကို အစားထိုး သုံးပေးပါ။ အသားရေကို နူးညံ့ချောမွေ့ နိုင်စေပါတယ်။

၁၀. BODY scrub, LIPS scrub တွေလုပ်ချင်တာဆိုရင်တော့ Vaseline ကအပါအဖြစ်ပဲနော်၊
ဥပမာအနေနဲ့ - DIY lip scrub လေးတခုပြောပြမယ်နော်.. Vaseline တဇွန်း၊ သကြား တဇွန်း၊ နဲ့ ပျားရည် တွေရောပြီး မိမိနှုတ်ခမ်းသား ပန်းရောင်သန်းဖို့နဲ့ ချောမွေ့နေအောင် သုံးလို့ရပါတယ်။

၁၁. မိတ်ကပ်တွေ ဖျက်တဲ့အခါလည်း Makeup Remover အနေနဲ့ သုံးလို့ရပါတယ်၊

၁၂. Shaving လုပ်တက်တဲ့ ပျိုမေတွေရော ကိုကိုတွေရော Shaving လုပ်ပြီးပါက after shave cream အနေနဲ့ သုံးလို့ရပါတယ်။

၁၃. ရှိူးတို့တွေ့ နားကပ်တို့ ဘာတို့ဝတ်တဲ့အခါ ကြပ်နေတာ သို့ သွင်းလို့မရတာမျိုး ဖြစ်တာတွေကို Vaseline ကို နားကပ်အူတိုင်မှာ အနဲငယ်သုတ်ပြီး လွယ်ကူစွာ ဝတ်လို့ရပါတယ်။

၁၄. မျက်ခုံးမွှေး ဆွဲတဲ့အခါ ပုံသွင်းပြီး ညီညီညာညာ ဖြစ်စေချင်ရင် Vaseline ကို အနည်းငယ်အပေါ်ကနေ သုတ်လိမ်းပေးလို့ရပါတယ်။

၁၅. အဝတ်အစားတွေပေါ်မှာ Makeup တွေ ပေကျံပါက Vaseline ကိုအနည်းငယ်ပုံထားလိုက်ပြီး ပြန်လျော်ပေးရင် ကုန်စင်နိူင်ပါတယ်။

၁၆. Cosmetics ဘူးတွေ အများစုကတော့ Nailpolish ဘူးတွေက ဖွင့်မရ ပိတ်မရဖြစ်တက်တဲ့အခါ ဗူးအရစ်လေးတွေကို Vaseline သုတ်ထားလို့ရပါတယ်။ အခြားအဆီတွေကို မသုံးစေချင်တာက မျက်နှာပေါ်တင်တဲ့ ပစ္စည်းတွေကျတော့ ထိခိုက်နိုင်ပါတယ်။

၁၇. နှုတ်ခမ်းနီ မဆိုးခင် Vaseline ကို Lip balm အဖြစ်ဆိုးထားပါက သွားပေါ်တွေအထိ မပေအောင် ထိန်းထားပေးပါတယ်။

၁၈. အခုနောက်ပိုင်း ရေစိုမိတ်ကပ်လိမ်းနည်းတွေ Strobing makeup တွေလုပ်လာတဲ့အခါ Eyeshadow ကိုရေစို စတိုင်လုပ်ချင်ရင်တော့ eye shadow primer အနေနဲ့ သုံးပေးလို့ရပါတယ်။

၁၉. မိမိပါးပေါ်မှာလည်း Blusher သို့ Highlighter အသုံးခင် လိမ်းပြီး Strobing makeup look ပြင်ဆင်လို့ရပါတယ်။

၂၀. နှုတ်ခမ်းနီ သို့ eye shadow အမှုန်လေးတွေနဲ့ ရောမွှေပြီး Cream ပါးနီလေး လုပ်ဆိုးပေးလို့ရပါတယ်။

၂၁. မျက်တောင်တု သို့ Eye lid tape တပ်သူတွေ ပြန်ဖြုတ်တဲ့အခါ နာကျင်မှုကင်းအောင် Vaseline လေးကို နဲနဲ လိမ်းပေးပြီးမှ ဖြုတ်ပါ။

၂၂. ဆံသားပျက်ဆီးနေသူတွေ ၂ခွဖြစ်နေသူတွေက Vaseline ကို ဆံသားအဖြားလေးတွေကို လိမ်းပေးပြီး Repair လုပ်လို့ရပါသေးတယ်။

၂၃. ကိုယ်ဝန်ဆောင်တေ ဗိုက်အကြောပြတ်တာတေအတွက်လည်း အသုံးဝင်ပါတယ်

၂၄. နေလောင်ဒဏ်တေလည်း အသုံးပြုနိုင်ပါသေးတယ်


[ Brand Name ကိုရွေးရမလား? ဒါမှမဟုတ်Generic Name ကိုပဲရွေးရမလား?ဘယ်လိုရွေးချယ်ရမလဲ? ]ပါရာစီတမော တစ်ကဒ်လောက်ပေးပါ လို့လမ်...
13/11/2021

[ Brand Name ကိုရွေးရမလား? ဒါမှမဟုတ်
Generic Name ကိုပဲရွေးရမလား?
ဘယ်လိုရွေးချယ်ရမလဲ? ]

ပါရာစီတမော တစ်ကဒ်လောက်ပေးပါ လို့လမ်းထိပ်ကဆေးဆိုင်တစ်ဆိုင်ကိုဝင်မေးရင် ဒီလိုပြန်မေးလေ့ရှိပါတယ်။

Paracap အစိမ်းရောင်ယူမလား?
Biogesic ယူမလား?
BPI ကထုတ်တဲ့ Paracetamol ယူမလား?
Para-Denk ယူမလား?
ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။
ကျွန်တော်တို့ ဘာသောက်သင့်သလဲ?

Paracetamol မှမဟုတ်ပါဘူး။
ဘာဆေးနေနေ ဆေးဝယ်သောက်မယ်ဆိုအမြဲကြုံရမှာက Brand Name ဘာရွေးရမလဲဆိုတာကိုပါ။

Brand Name ဆိုတာကတော့ ဆေးဝါးတစ်ခုကို ထုတ်လုပ်တဲ့ကုမ္ပဏီက အမည်ပေးထားတဲ့နာမည်ပါ။
ကိုယ်ပိုင်နာမည်တစ်ခုသတ်မှတ်ထားတာပါ။

ဥပမာ။ Biogesic နံပါတ်တစ် ဆိုပြီးလူတွေအားလုံးသိနေပါတယ်။Biogesic ဆိုတာ Brand Name တစ်ခုပါ။
ကိုယ်ပိုင်နာမည်ပါ။

Generic Name ဆိုတာကတော့ ဆေးဝါးတစ်ခုထဲ ဘာဓါတ်ပစ္စည်းတွေပါသလဲဆိုတာကို သတ်မှတ်ထားတာပါ။
မူလနာမည်ပါ။

ဥပမာ။ Biogesic ထဲမှာပါတာဟာ Paracetamol ပါ။
ဒီတော့ Paracetamol ဟာ Generic Name ပါ။

စျေးကွက်ထဲမှာ Paracetamol ဆိုတဲ့ Generic Name ပေါင်းမြောက်မြားစွာရှိပေမယ့်
Biogesic ဆိုတဲ့ Brand Name ကတော့ တစ်ခုပဲရှိပါမယ်။

အဲ့တော့ Brand ကဘာ၊Generic ကဘာဆိုတာတော့ သိပါပြီ။ဘယ်လို Brand Name ကိုရွေးချယ်ကြမလဲ။

၁။Brand တစ်ခုနဲ့တစ်ခုကြား ကွာခြားမှုတွေအများကြီးရှိပေမယ့် အဓိက ကွာခြားတာကတော့ စျေးနှုန်းပါ။
Paracetamol ဆေးတစ်မျိုးထဲကိုပဲ Brand အလိုက်စျေးနှုန်း
( ၁၀ လုံးပါတစ်ကဒ်ကို မြန်မာငွေ ၂၀၀ ကနေ၁၀၀၀ ကျော်အထိ)အမျိုးမျိုးဝယ်ယူနိုင်ပါတယ်။

၂။နောက်ကွာခြားချက်တစ်ခုက ထုတ်ပိုးမှုပုံစံပါ။
ထုတ်ပိုးမှုသပ်ရပ်တာရှိမယ်။နည်းနည်း အမြင်မလှတဲ့ထုတ်ပိုးမှုရှိမယ်။

၃။ထုတ်လုပ်တဲ့နိုင်ငံတွေကွာခြားမယ်။

လူသောက်အများဆုံး Biogesic ကို အင်ဒိုနီးရှားနိုင်ငံကထုတ်ပါတယ်။

Para-Denk ကို ဂျာမဏီနိုင်ငံ မြူးနစ်မြို့ကထုတ်ပါတယ်။

BPI ပါရာစီတမောကို မြန်မာနိုင်ငံကထုတ်ပါတယ်။

၄။စမ်းသပ် စစ်ဆေးတဲ့အဆင့်တွေမှာသုံးတဲ့စက်တွေကွာမယ်။
လွယ်လွယ်တွေးကြေးဆို စျေးများများပေးရတဲ့စက်တွေသုံးထားမယ်။
ထုတ်လုပ်စရိတ်မြင့်မားတဲ့ဥရောပနိုင်ငံတွေကနေထုတ်လုပ်မယ်ဆိုရင် စျေးကြီးမယ်။
အာရှနိုင်ငံတွေမှာထုတ်တယ်။သုံးတဲ့စက်တွေအရည်အသွေးညံ့မယ်။ဒါဆိုစျေးသက်သာမယ်။

၅။ကြော်ငြာစရိတ်တွေပိုသုံးစွဲတဲ့ဆေးတွေကစျေးပိုကြီးမယ်။ဒါသေချာပါတယ်။
စျေးကြီးတယ်ဆိုတာနဲ့ ဆေးကပိုတန်ဖိုးရှိလာတာတော့လည်းမဟုတ်ပါဘူး။
ကြော်ငြာခတွေကိုပါစားသုံးသူကစိုက်ပေးနေရတာဖြစ်ပါတယ်။
ဗဟုသုတရရှိစေခြင်းအလိုငှာ တဆင့် ပြန်လည်ဝေမျှပါသည်။
မူရင်းရေးသားသူအား လေးစားစွာ Credit ပေးပါသည်။

Andalan (medroxyprogestrone Acetate ) 150mg / 3ml Injection အားMedi Shine pharmacy ( Shwe pyae sone Market ) မှဝယ်ယူရရှိ...
13/11/2021

Andalan (medroxyprogestrone Acetate ) 150mg / 3ml Injection အားMedi Shine pharmacy ( Shwe pyae sone Market ) မှဝယ်ယူရရှိနိင်ပါပြီ

ရန်ကုန်မြို့အတွင်း ဆေးဆိုင် / ဆေးခန်း Deli ဖြင့်ပို့ဆောင်ပေးနေပါပြီ။ နယ်မြို့များအတွက် ကားဂိတ်ချ ပေးပါတယ်ခင်ဗျာ။
Ph:
09975849930

09/06/2021

Andalan (medroxyprogestrone Acetate ) 150mg / 3ml Injection အား
ShineThazin pharmacy ( Shwe pyae sone Market ) မှဝယ်ယူရရှိနိင်ပါပြီ

Ph:
09975849930

29/01/2021

မင်္ဂလာပါ ခင်ဗျာ........ လူကြီးမင်းတို့ရဲ့ ဆေးဆိုင် / ဆေးခန်း များ ရဲ့ ဆေးပစ္စည်းလိုအပ်ချက်များကို ကျွန်တော်တို့ Medi Shine Pharmacy မှ မှာယူနိုင်ပါတယ်ခင်ဗျာ....
ကျွန်တော်တို့ Medi Shine Pharmacy မှ Company ပစ္စည်းများ / Surgical / BPI / Injection. ဆေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေပါသည်
ရန်ကုန်မြို့အတွင်း ဆေးဆိုင် / ဆေးခန်း Deli ဖြင့်ပို့ဆောင်ပေးနေပါပြီ။ နယ်မြို့များအတွက် ကားဂိတ်ချ ပေးပါတယ်ခင်ဗျာ။
Ph: 09650577520
09975849930 ( viber )
* Price List အားviber (or)Cb မှတောင်းယူနိင်ပါသည် *

Address

Yangon

Telephone

09975849930

Website

Alerts

Be the first to know and let us send you an email when Medi Shine Wholesale Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram