AV Yoga

AV Yoga Foster harmony among mind, body, and spirit for a better quality of life.

✓ April Virtue Yoga

"April" is a special month for Myanmar people as it signifies the fresh start of Myanmar new year. Meanwhile, "Virtue" represents the principle of doing what is right and avoiding what is wrong. Through the practice of Yoga, the intention of AV yoga is to foster harmony among mind, body, and spirit for a better quality of life.

✓ Founder Profile

April's yoga journey started when she decided to quit her banking job to pursue her passion for practicing yoga. Recently finished a 500-hour Certified Yoga Teacher Training Course (YTTC) in India, she is a Registered Yoga Teacher (RYT) with Yoga Alliance which acknowledges the completion of a yoga teacher training with a Registered Yoga School (RYS). Experienced working as a Yoga Instructor at Tiger Gym, Training Ground Myanmar and DD Gym before, she is energeticly contributing her part as an active member of the Myanmar yoga community at the moment. April is also the founder of AV Yoga where she teaches and imparts her yoga knowledge to fellow yogis via online classes.

❄️December လအတွက် weekend အတန်းသစ်လေးတွေ ပြန်စပါပြီရှင့်။ AV Yoga မှာ Beginner ကစလို့ level အစုံထိ တက်ရောက်လို့ရမဲ့ Yoga...
05/12/2025

❄️December လအတွက် weekend အတန်းသစ်လေးတွေ ပြန်စပါပြီရှင့်။

AV Yoga မှာ Beginner ကစလို့ level အစုံထိ တက်ရောက်လို့ရမဲ့ Yoga Classတွေ ဖွင့်လှစ်ပေးထားတာကြောင့် CBက တစ်ဆင့် သိရှိလိုသည်များကို လာရောက် စုံစမ်းလို့ ရနိုင်ပါတယ်ရှင့်။

👉🏻 m.me/aprilvirtueyoga

Healing in every breath, strength in every pose.Flex & Strength Class (B)9:45-10:45amInstructor - Dr.Hsu                ...
04/12/2025

Healing in every breath, strength in every pose.

Flex & Strength Class (B)
9:45-10:45am
Instructor - Dr.Hsu

Sharing energy, finding peace—love every moment of this class with  Tr-Emily 💫Flex & Strength Class (A)6:30-7:30am Instr...
03/12/2025

Sharing energy, finding peace—love every moment of this class with Tr-Emily 💫

Flex & Strength Class (A)
6:30-7:30am
Instructor - Emily

🌿 ယောဂဆိုတာ ခန္ဓာကိုယ်ကို ပျော့ပျောင်းအောင် ကွေးရုံ၊ ညွှတ်ရုံ၊ ဟန်ချက်ညီရုံ လေ့ကျင့်ရတဲ့ လေ့ကျင့်ခန်းတစ်ခုဆိုတာထက် ပိုပါ...
02/12/2025

🌿 ယောဂဆိုတာ ခန္ဓာကိုယ်ကို ပျော့ပျောင်းအောင် ကွေးရုံ၊ ညွှတ်ရုံ၊ ဟန်ချက်ညီရုံ လေ့ကျင့်ရတဲ့ လေ့ကျင့်ခန်းတစ်ခုဆိုတာထက် ပိုပါတယ်။ တကယ်တော့ ယောဂဆိုတာ သူ့ရဲ့ နက်ရှိုင်းတဲ့ သမိုင်းကြောင်းနဲ့အတူ ယောဂဒဿနတွေနဲ့ ဘဝကို ချဉ်းကပ်မှုဆိုင်ရာ အတွေးအခေါ်တွေ ပါဝင်နေတဲ့ ဘဝတစ်ခုလုံးအပေါ် ခြုံငုံမိစေသည့် လမ်းစဉ်တစ်ခုဖြစ်ပါတယ်။

🍃 ဒါကြောင့် ယောဂကို စစ်မှန်စွာ နားလည်သဘောပေါက်ဖို့၊ အကျိုးရှိစွာ အသုံးချနိုင်ဖို့ “လေ့ကျင့်ခြင်း” နဲ့ “လေ့လာခြင်း” နှစ်မျိုးလုံးကို လိုအပ်ပါတယ်။

🌿 April တို့တွေ ယောဂ အာစန (Asana) တွေကို လေ့ကျင့်ပြီးတော့ ယောဂကို ခန္ဓာကိုယ်မှာ အသက်သွင်းကြတယ်နော်။ ပုံမှန်လေ့ကျင့်တဲ့အခါ ကြွက်သားတွေ သန်မာလာပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စေတွေ ပိုကောင်းလာတယ်။ ပိုကျန်းမာလာတယ်။ ခန္ဓာကိုယ်နဲ့ စိတ်နဲ့ ချိတ်ဆက်မှုကိုလည်း ပိုပြီး နားလည်လာစေတယ်။ ဒါဟာ လေ့ကျင့်ခြင်းရဲ့ ကျေးဇူးတွေ ဖြစ်ပါတယ်။

🌿 ဒါပေမဲ့ ယောဂဆိုတာ လေ့ကျင့်ရုံတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ လေ့လာမှု လိုအပ်ပါတယ်။ ဒါကို ဉာဏ်ဖြင့် နားလည်ခြင်းလို့လည်း ခေါ်ပါတယ်။ ယောဂမှာ Yama လို့ခေါ်တဲ့ ကာယကံ၊ ဝစီကံကို ထိန်းတဲ့ အကျင့်တရားတွေ ပါဝင်သလို Niyama လို့ ခေါ်တဲ့ စည်းမျဉ်းကျင့်ဝတ်တွေကို စောင့်ထိန်းရတဲ့ အပိုင်းတွေပါပါတယ်။ ဒီလို ယောဂရဲ့ အ​ခြေခံတွေကို လေ့လာမှ ယောဂရဲ့ အနှစ်သာရကို ပိုပြီး သဘောပေါက်လာမှာပါ။

🍃 လေ့လာခြင်းမရှိတဲ့ လေ့ကျင့်ခြင်းဟာ လမ်းမဆုံးတတ်ပါဘူး။ ပြင်ပကိုယ်ဟန်အနေအထား လေ့ကျင့်မှုကနေ ရရှိလာတာကို လေ့လာထားတဲ့ ဉာဏ်လေးနဲ့ပေါင်းတဲ့အခါ ပိုပြီးထိရောက်စေပါတယ်။ ဘာကြောင့် ယောဂလေ့ကျင့်ရတယ်၊ ယောဂရဲ့ အနှစ်သာရက ဘယ်လို ရှိတယ်၊ ဘယ်လို အသက်ရှူရမယ်၊ ဘယ်နေရာကို အာရုံစိုက်ရမယ်ဆိုတာတွေက လေ့လာမှုနဲ့ လေ့ကျင့်မှုနဲ့ ပေါင်းစပ်မှ ရတာ ဖြစ်ပါတယ်။

🍃 ယောဂမှာ လေ့ကျင့်ခြင်းနဲ့ လေ့လာခြင်းဟာ ရေနဲ့ကြာလိုပါပဲ။ လေ့လာမှုဆိုတဲ့ ရေရှိမှ၊ လေ့ကျင့်မှုဆိုတဲ့ ကြာပန်းလေးက တင့်တင့်တယ်တယ် ပွင့်လန်းမှာ ဖြစ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခြင်းဖြင့် ခန္ဓာကိုယ်ကို အလှဆင်ပါ။ လေ့လာခြင်းဖြင့် စိတ်နဲ့ဉာဏ်ကို ဖွင့်လှစ်ပါ။



🧘 𝑶𝒏𝒍𝒊𝒏𝒆 𝒀𝒐𝒈𝒂 𝑪𝒍𝒂𝒔𝒔𝒆𝒔Everything Starts With You. ဘာကိုပဲပြောင်းလဲချင် ပြောင်းလဲချင် ကိုယ့်ကိုယ်ကိုယ် အရင်ပြောင်းလဲမှ ရပါ...
30/11/2025

🧘 𝑶𝒏𝒍𝒊𝒏𝒆 𝒀𝒐𝒈𝒂 𝑪𝒍𝒂𝒔𝒔𝒆𝒔

Everything Starts With You.

ဘာကိုပဲပြောင်းလဲချင် ပြောင်းလဲချင် ကိုယ့်ကိုယ်ကိုယ် အရင်ပြောင်းလဲမှ ရပါမယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပြီး ယောဂလေ့ကျင့်ကြည့်ပါ။ တစ်ယောက်တည်း ယောဂလေ့ကျင့်ရမှာ ပျင်းတယ်ဆိုရင် AV*Yoga ကို လာခဲ့ပါ။ အမြဲ‌နွေးထွေးစွာ ကြိုဆိုနေပါတယ် 🤍

👉 December Online Yoga Class တွေအတွက်
https://www.facebook.com/share/p/17Ui58qkdw/?mibextid=wwXIfr

“One-to-one guidance for your perfect flow.”🧘 Private Yoga Classတစ်ယောက်ချင်းသီးသန့်သင်ချင်တယ်၊ ဒါမှမဟုတ် သူငယ်ချင်းတွေစ...
27/11/2025

“One-to-one guidance for your perfect flow.”

🧘 Private Yoga Class

တစ်ယောက်ချင်းသီးသန့်သင်ချင်တယ်၊ ဒါမှမဟုတ် သူငယ်ချင်းတွေစုပြီးသင်ချင်တာမျိုးဆိုရင်လည်း Private Class ( Studio / Online ) စီစဥ်ပေးထားပါတယ်နော်။ တက်ချင်တဲ့ အချိန်၊ နေ့ရက်ကို ညိနှိုင်းပြီး သင်ပေးပါတယ်ရှင်။

🌞 စောစောအိပ်လို့ စောစောထလို့ ယောဂလေ့ကျင့်ကြပါစို့ 🤸 December Online Class တွေအတွက် သင်တန်းအပ်လို့ ရပါပြီရှင်။နေ့စဥ်ပုံမှ...
26/11/2025

🌞 စောစောအိပ်လို့ စောစောထလို့ ယောဂလေ့ကျင့်ကြပါစို့ 🤸 December Online Class တွေအတွက် သင်တန်းအပ်လို့ ရပါပြီရှင်။

နေ့စဥ်ပုံမှန် ယောဂလေ့ကျင့်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက အများကြီးပါပဲနော်။
🍃 သွေးလည်ပတ်မှု ကောင်းမွန်စေတယ်
🍃 နှလုံးသားလေး ကျန်းမာရေးကောင်းလာမယ် (အသည်းကွဲနေသူများ ယောဂလေ့ကျင့်ပါ 😂)
🍃 ကြွက်သားတွေ အားရှိလာစေတယ်
🍃 လှုပ်ရှားရတာ သွက်လက်စေတယ်
🍃 နှစ်ခြိုက်စွာ အိပ်ပျော်စေတယ်
🍃 စိတ်ဖိစီးမှုလျှော့ချရာမှာလည်း အကူအညီဖြစ်စေပါတယ်။

🤍Online Class Timetable

🌿 Beginner Class (Hatha Yoga)
Mon,Wed,Fri ▪️ 6:00 AM~7:00 AM
Instructor ▪️Akari,Htoo Eaint

🌿 Regular Class (Hatha Yoga)
Mon,Wed,Thu▪️ 6:00 AM~7:00 AM
Instructor ▪️Akari,Htoo Eaint

🧘🧘 တစ်ယောက်ချင်း ဒါမှမဟုတ် သူငယ်ချင်းတွေစုပြီး သီးသန့်ယောဂလေ့ကျင့်ချင်တယ်ဆိုရင်လည်း Private Yoga Class တွေရှိပါတယ်။ အဆင်ပြေတဲ့အချိန်ကို ညှိနှိုင်းပြီး သင်ပေးပါတယ်ရှင်။

သင်တန်းအသေးစိတ်ကို Messenger ကနေ လာရောက်စုံစမ်းနိုင်ပါတယ် 👉🏻 m.me/aprilvirtueyoga

Studio Classများစုံစမ်းရန်
https://www.facebook.com/share/p/1D7jTCWg6M/?mibextid=wwXIfr

❄️ December မှာ ယောဂလေ့ကျင့်ချင်သူတွေကို AV*Yoga Studio မှာယောဂလေ့ကျင့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။🤍 ယောဂလေ့ကျင့်ရတာ ဝါသနာပါ...
25/11/2025

❄️ December မှာ ယောဂလေ့ကျင့်ချင်သူတွေကို AV*Yoga Studio မှာယောဂလေ့ကျင့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

🤍 ယောဂလေ့ကျင့်ရတာ ဝါသနာပါသူတွေ၊ စိတ်ဝင်စားလို့ အခုမှစပြီး လေ့ကျင့်ချင်သူတွေကို AV*Yoga ကနေ အမြဲကြိုဆိုနေပါတယ်ရှင်။ Studio Class တွေအတွက် Messenger ကနေ အသေးစိတ်စုံစမ်းနိုင်ပါတယ်။
👉🏻 m.me/aprilvirtueyoga

🌿Yoga For Flex & Strength-A(All Level)
Tue,Wed,Thu▪️6:30AM~7:30AM
Instructor▪️ Kelvin,Emily,Htoo Eaint

🌿Yoga For Flex & Strength-B(All Level)
Tue,Wed,Thu▪️9:45AM~10:45AM
Instructor▪️Dr.Hsu,Htoo Eaint

🌿Yoga For Flex & Strength-C(Intermidate Level)
Tue,Wed▪️11:00AM~12:00AM
Instructor▪️Htoo Eaint

🌿Yoga For Flex & Strength-D(All Level)
Tue,Wed,Thu▪️6:00PM~7:00PM
Instructor▪️Htoo Eaint,Soleya

🌿Yoga For Flex & Strength-E(All Level)
Sat&Sun▪️7:30AM~8:40AM
Instructor▪️Kelvin

🌿Yoga For Flex & Strength-F(All Level)
Sat&Sun▪️9:00AM~10:00AM
Instructor▪️Kelvin,Soleya

📍 Studio လိပ်စာ
No. (1/1A), 4th Floor, Than Thu Mar Street, (14/3) Qtr, South Okkalapa Township, Yangon.
https://goo.gl/maps/cSpMDFThZa3gzbd37

Good flow, good company, good day.Flex & Strength Class (A)
19/11/2025

Good flow, good company, good day.

Flex & Strength Class (A)

“The best revenge is no revenge” ပါ 🌷ဒီစကားကိုလေ April တော်တော်လေးကြာမှ နားလည်ခဲ့တာ။ နားလည်ဖို့အတွက်လည်း တော်တော်လေး စိတ...
18/11/2025

“The best revenge is no revenge” ပါ 🌷

ဒီစကားကိုလေ April တော်တော်လေးကြာမှ နားလည်ခဲ့တာ။ နားလည်ဖို့အတွက်လည်း တော်တော်လေး စိတ်တွေပူလောင်ခဲ့ပြီးမှ သဘောပေါက်ခဲ့တာပါ။

🌷 April တို့ဘဝမှာ တစ်စုံတစ်ယောက်က ကိုယ့်ကို မကောင်းကြံတယ်၊ နောက်ကျော ဓားနဲ့ထိုးတယ်၊ သစ္စာဖောက်တယ်ဆိုတဲ့ ကိစ္စရပ်မျိုးတွေ လူတိုင်းကြုံတွေ့ဖူးကြပါတယ်။ အဲလိုတွေ ကြုံတဲ့အခါမှာ April တို့ကို တစ်နပ်စားကြံသွားတဲ့ သူတွေအပေါ်မှာ နာကျည်းကြတယ်၊ “ဘာလို့လဲ ငါကောင်းကောင်းပေးနေရက်နဲ့ ဘာလို့ ငါ့ကို ဒီလိုလုပ်ရတာလဲ” ဆိုပြီး အဖြေရှာမရဘဲ စိတ်ထဲမှာ တနုံ့နုံ့နဲ့ ဝမ်းနည်းတတ်ကြပါတယ်။ ခံပြင်းတယ်။ ဒေါသထွက်တယ်။ တစ်ခါတလေမှာ “ငါ့အကြောင်း ကောင်းကောင်း သိစေရမယ်” ဆိုပြီး လက်တုံ့ပြန်ဖို့စိတ်တွေအထိပါ ဖြစ်တတ်ကြပါတယ်။

🌷 April ရဲ့ အသိမိတ်ဆွေတစ်ယောက်ဆိုရင် သူ့မှာ ဘာအပြစ်မှ မရှိပါဘဲနဲ့ သူ့ကို ဖောက်ပြန်သွားတဲ့ ရည်းစားကို လက်စားချေချင်လို့ ရည်းစားတွေ ထည်လဲ တွဲပြတယ်။ April ကမေးတယ်။ “ဘာဖြစ်လို့ ခုလိုတွေ လုပ်နေတာလဲ” မေးတော့ သူ့ရည်းစားဟောင်းကို မကျေနပ်လို့ လက်စားချေတာလို့ ပြောပါတယ်။ အဲဒါနဲ့ ပြောရတာပေါ့ ကိုယ့်မိတ်ဆွေဆိုတော့။ “ရည်းစားဟောင်း ဖောက်ပြန်သွားတာကို မကျေနပ်တာနဲ့ပဲ ရည်းစားတွေ ထည်လဲတွဲပြနေတော့ ကိုယ့်အချိန်တွေ ကုန်တာပေါ့။ ကိုယ်တကယ်ချစ်တဲ့သူနဲ့ပဲ အတည်တကျ တွဲရမှာလေ။ ခုလိုတွေ လုပ်နေတာက နင့်အတွက် ဘာမှ အကျိုးမရှိဘူးနော်” လို့ ပြောရတာပေါ့။ သူလည်း လက်ခံပါတယ်။ ဒါပေမဲ့ ခံပြင်းတဲ့စိတ်က များနေတော့ သေချာ လက်ခံချင်တဲ့ပုံမပေါ်တာနဲ့ April လည်း လွှတ်ထားပေးလိုက်ပါတယ်။

🌷 တကယ်တော့လေ April ငယ်ငယ်ကတုန်းလည်း ဖောက်ပြန်တာ ခံရဖူးပါတယ်။ ဘယ်လောက်တောင် နာကျင်ရလဲ၊ ပူလောင်ရလဲဆိုတာ ခံစားဖူးတော့ ကိုယ်ချင်းစာတယ်။ လက်တုံ့ပြန်ချင်စိတ်တွေလည်း ဖြစ်ခဲ့ဖူးတာပဲ။ ဒါပေမဲ့လေ သူ့အပေါ် မုန်းတီးနေရတာ၊ လက်တုံ့ပြန်ဖို့ ကြိုစားနေရတာတွေက ပိုပြီး ပူလောင်ရမှန်း၊ ပိုပြီး ပင်ပန်းရမှန်း သိသွားတော့ လက်တုံ့ပြန်ဖို့အတွက် မကြိုးစားတော့ဘူး။

🌷 အဲဒီအစား Toxic Relationship တစ်ခုကနေ စောစောစီးစီး လွတ်မြောက်သွားတဲ့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူရမှာ။ ကျေးဇူးတင်ရမှာပါ။ အဲဒီနောက်ပိုင်း အရင်ကထက်ပိုပြီး ပျော်ရွှင်အောင် နေတယ်။ စိတ်ဒဏ်ရာတွေကို ကြိုးစားပြီးတော့ ကုစားတယ်။ စိတ်ရော၊ လူရော ပိုပြီး လှလာအောင်နေတယ်။ မိသားစုကို ပိုပြီး တန်ဖိုးထားဖြစ်လာတယ်။ ကိုယ့်အပေါ်ကောင်းတဲ့သူတွေအနား ကိုယ်ပါ ပိုပြီးကောင်းတဲ့ လူတစ်ယောက်ဖြစ်လာရတယ်။

🌷 အဲဒါတွေ အကုန်လုံးကလေ ဖောက်ပြန်သွားတဲ့ ရည်းစားဟောင်းကို သက်သေပြဖို့ မဟုတ်ဘူးနော်။ “နင်တော့ ငါ့ကိုထားပြီး ဖောက်ပြန်ခဲ့တာကို နောင်တရနေလိုက်တော့” ဒီလို သဘောမဟုတ်ဘူး။ ကိုယ်ထိုက်တန်လို့။ ကောင်းတဲ့အရာတွေနဲ့ ထိိုက်တန်လို့၊ ကောင်းတဲ့လူတွေနဲ့ ထိုက်တန်လို့၊ ကောင်းကောင်းမွန်မွန် ဆက်ဆံခံရဖို့အတွက် ထိုက်တန်လို့ ကိုယ့်ကိုယ်ကိုယ် အချစ်တွေ ပြန်ပေးရတာ။ ဒီသဘောပဲ ထားစေချင်ပါတယ်။ မဟုတ်ရင် သူနောင်တရဖို့ ကိုယ်က တကူးတက ပျော်ပေး၊ လှပေးနေရတာမျိုး ဖြစ်နေမယ်။ အဲ့ဒါလည်း အနည်းနဲ့အများ စိတ်ကို ပူလောင်စေတာမို့ အဲ့လိုမျိုး မတွေးစေချင်ဘူး။

🌷 မကောင်းတဲ့အရာတစ်ခု ကိုယ့်ဘဝထဲကနေ ထွက်သွားရင် အချိန်အကြာကြီး ဝမ်းနည်းမနေဘဲ၊ နာကျည်းမနေဘဲ ထွက်သွားမဲ့ အရာတစ်ခုအတွက် ဝမ်းပန်းတသာနဲ့ပဲ နှင်ထုတ်လိုက်တာ ပိုကောင်းပါတယ်။ လက်စားမချေတာကိုက လက်စားချေခြင်းတစ်မျိုးပဲ။ အဲ့ဒါကြောင့်လေ ပြီးပြတ်သွားတဲ့ အရာတွေ၊ လူတွေအတွက် ကိုယ့်ရဲ့ Energy ကို သိပ်မသုံးပါနဲ့။ ရေစက်ကုန်လို့၊ ဝဋ်ကြွေးကုန်လို့ လမ်းခွဲရတာ လက်တုံ့ပြန်ပြီးတော့ သံသရာတွေကို ထပ်မရှည်စေနဲ့နော်။


Address

No. (1/1A), 4th Floor, Than Thu Mar Street, South Okkalapa Township, Https://goo. Gl/maps/cSpMDFThZa3gzbd 37
Yangon
11091

Opening Hours

Tuesday 06:30 - 19:00
Wednesday 06:30 - 19:00
Thursday 06:30 - 19:00
Saturday 07:00 - 12:30
Sunday 07:00 - 10:30

Telephone

+959964236334

Website

Alerts

Be the first to know and let us send you an email when AV Yoga posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category