Medicta Company

Medicta Company Medicta Company always taking care of your loved one.

"သက်သာချင်လို့ ဝတ်တာ၊ ပိုဆိုးသွားတာမျိုး မဖြစ်ပါစေနဲ့။"🙂‍↔️အားကစားလုပ်တဲ့အခါ ဒါမှမဟုတ် အကြောအဆစ် နာကျင်တဲ့အခါ အနာသက်သာအေ...
26/03/2026

"သက်သာချင်လို့ ဝတ်တာ၊ ပိုဆိုးသွားတာမျိုး မဖြစ်ပါစေနဲ့။"🙂‍↔️

အားကစားလုပ်တဲ့အခါ ဒါမှမဟုတ် အကြောအဆစ် နာကျင်တဲ့အခါ အနာသက်သာအောင် 𝐒𝐮𝐩𝐩𝐨𝐫𝐭 (အထောက်အကူပြုပစ္စည်း) တွေ ဝတ်ဆင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ ဈေးပေါတာတစ်ခုတည်းကိုပဲ ကြည့်ပြီး အရည်အသွေးနိမ့်တဲ့ 𝐒𝐮𝐩𝐩𝐨𝐫𝐭 တွေ ဝတ်ဆင်တာဟာ ထင်ထားတာထက် ပိုပြီး အန္တရာယ်များပါတယ်။❌🆘

အရည်အသွေးမပြည့်မီတဲ့ 𝐒𝐮𝐩𝐩𝐨𝐫𝐭 တွေကြောင့် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကြည့်ကြည့်လိုက်ရအောင်….

၁။ အရေပြား ပြဿနာများ (𝐒𝐤𝐢𝐧 𝐈𝐫𝐫𝐢𝐭𝐚𝐭𝐢𝐨𝐧 & 𝐀𝐥𝐥𝐞𝐫𝐠𝐢𝐞𝐬)
လေဝင်လေထွက်မကောင်းတဲ့ ချည်သားတွေ၊ အနံ့အသက်မကင်းတဲ့ ရော်ဘာသားတွေကြောင့် ချွေးအောင်းပြီး အရေပြားယားယံတာ၊ အဖုအပိမ့်ထွက်တာနဲ့ ဘက်တီးရီးယား ပေါက်ဖွားတာတွေကို ဖြစ်စေနိုင်ပါတယ်။

၂။ သွေးလည်ပတ်မှု ပိတ်ဆို့ခြင်း (𝐏𝐨𝐨𝐫 𝐁𝐥𝐨𝐨𝐝 𝐂𝐢𝐫𝐜𝐮𝐥𝐚𝐭𝐢𝐨𝐧)
အရည်အသွေးနိမ့်တဲ့ ပစ္စည်းတွေဟာ အဆွဲအဆန့် (𝐄𝐥𝐚𝐬𝐭𝐢𝐜𝐢𝐭𝐲) မမှန်ကန်တတ်ပါဘူး။ အရမ်းကျပ်လွန်းရင် သွေးကြောတွေကို ဖိမိစေပြီး သွေးလည်ပတ်မှုကို ဟန့်တားတတ်ပါတယ်။ တကယ်လို့ ချောင်နေတာဆိုရင်လည်း ဘာထောက်ပံ့မှုမှမပေးပဲ အဝတ်စတစ်ခုအုပ်ထားသလိုပဲ ဖြစ်နေမှာပါ။ ဒါဟာ ဒဏ်ရာကို ပျောက်ကင်းစေဖို့ထက် ပိုမိုရောင်ရမ်းလာစေဖို့ လမ်းစဖြစ်စေပါတယ်။

၃။ ကြွက်သားများ အားနည်းသွားခြင်း (𝐌𝐮𝐬𝐜𝐥𝐞 𝐀𝐭𝐫𝐨𝐩𝐡𝐲)
𝐒𝐮𝐩𝐩𝐨𝐫𝐭 ဆိုတာ ဒဏ်ရာရထားတဲ့ အစိတ်အပိုင်းကို "ကူညီပံ့ပိုး" ဖို့ပဲ ဖြစ်ရပါမယ်။ အရည်အသွေးမမီဘဲ တင်းကြပ်လွန်းတဲ့ အထိန်းအကွပ်တွေကို အချိန်ကြာမြင့်စွာ ဝတ်ထားရင် သင့်ရဲ့ ကြွက်သားတွေက အလုပ်မလုပ်တော့ဘဲ ပျော့ခွေပြီး အားနည်းသွားတတ်ပါတယ်။

၄။ အဆစ်အမြစ် လွဲမှားစွာ ထိန်းချုပ်မိခြင်း (𝐌𝐢𝐬𝐚𝐥𝐢𝐠𝐧𝐦𝐞𝐧𝐭)
အရည်အသွေးကောင်းတဲ့ 𝐒𝐮𝐩𝐩𝐨𝐫𝐭 တွေဟာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအလိုက် အနိမ့်အမြင့်၊ အကွေးအဆန့်ကို သေချာတွက်ချက်ထုတ်လုပ်ထားတာပါ။ အရည်အသွေးနိမ့်တဲ့ပစ္စည်းတွေကတော့ အဆစ်အမြစ်တွေကို ပုံစံမမှန်ဘဲ ထိန်းချုပ်ထားတဲ့အတွက် ရေရှည်မှာ အဆစ်လွဲတာ ဒါမှမဟုတ် တခြားနေရာတွေမှာ ဒဏ်ရာအသစ်ရတာမျိုး ဖြစ်စေနိုင်ပါတယ်။

“သတိမမူရင် ဂူမမြင်ဆိုသလိုပါပဲ” အသေးအဖွဲလေးလို့ ထင်ရပေမဲ့ ရေရှည်မှာ ဒုက္ခမပေးအောင် အခုပဲ သင့်ရဲ့ 𝐒𝐮𝐩𝐩𝐨𝐫𝐭 တွေကို ပြန်စစ်ဆေးကြည့်လိုက်ပြီး 𝐒𝐮𝐩𝐩𝐨𝐫𝐭 ဝတ်တော့မယ်ဆိုရင် ဈေးနှုန်းထက် 𝐐𝐮𝐚𝐥𝐢𝐭𝐲 ကို အဓိကထားပြီး ရွေးချယ်ဖို့ မမေ့ပါနဲ့။ 😉

𝐐𝐮𝐚𝐥𝐢𝐭𝐲 ကောင်းပြီ ရေရှည်သုံးဖို့စိတ်ချရတာကိုမှ လိုချင်တာဆိုရင်တော့ ကျွန်တော်တို့ 𝐌𝐞𝐝𝐢𝐜𝐭𝐚 𝐂𝐨𝐦𝐩𝐚𝐧𝐲 မှာဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ…..

အရိုးအကြောအထောက်အကူပစ္စည်းနဲ့ပတ်သက်ပြီး ဘာပဲလိုလို 𝐌𝐞𝐝𝐢𝐜𝐭𝐚 𝐂𝐨𝐦𝐩𝐚𝐧𝐲 ရှိတယ်နော်!

☎️𝟎𝟗 𝟒𝟑𝟎 𝟔𝟑𝟖 𝟐𝟏
☎️𝟎𝟗 𝟗𝟔𝟖 𝟗𝟒 𝟓𝟕𝟓𝟕

📍အမှတ် (၄၅၆/၄၅၈) ၊ ၅လွှာ(ဘီ) (𝐀𝐘𝐀 𝐁𝐚𝐧𝐤 အပေါ်ထပ်)၊ လမ်းမတော်လမ်းနှင့် ကမ်းနားလမ်းထောင့်၊ လမ်းမတော်မြိုနယ်၊ ရန်ကုန်။

#ခါးနာ #ဒူးနာ

21/03/2026

သင်ဝတ်ထားတဲ့ ဒူးစွပ်က သင်နဲ့လိုက်ဖက်မှုရောရှိရဲ့လား?
ဝတ်ထားရင်ရော တကယ်ပဲ ဒူးနာသက်သာရဲ့လား?

❌ဒူးနာတာနဲ့ ဆေးလိမ်းပြီး တွေ့ကရာ ဒူးစွပ်ကောက်စွပ်ထားတာနဲ့တော့ ဒူးနာတာကို ပျောက်ကင်းစေမှာမဟုတ်ပါဘူး။ ဒီလိုကနေ နာတာရှည်ဝေဒနာကိုပါ ခံစားသွားရစေနိုင်ပါတယ်။

ကိုယ်နဲ့ ကိုက်ညီမဲ့ ဒူးစွပ်မျိုးကိုသေချာရွေးချယ်ပြီး ဒူးစွပ်ကအရည်အသွေး အမျိုးအစားကို သေချာလေ့လာပြီးမှသာ ဝတ်ဖို့ကလည်း တကယ်ကို အရေးကြီးလှပါတယ်။

ဒူးစွပ်ကို ဘယ်လိုရွေးချယ်ရမလဲဆိုတာကိုတော့ ဗီဒီယိုထဲမှာ ဆက်လက်ကြည့်ရူပေးသွားပါဦးခင်ဗျာ….💁

အရိုးအကြောအထောက်အကူပစ္စည်းနဲ့ပတ်သက်ပြီး ဘာပဲလိုလို 𝐌𝐞𝐝𝐢𝐜𝐭𝐚 𝐂𝐨𝐦𝐩𝐚𝐧𝐲 ရှိတယ်နော်!

☎️𝟎𝟗 𝟒𝟑𝟎 𝟔𝟑𝟖 𝟐𝟏
☎️𝟎𝟗 𝟗𝟔𝟖 𝟗𝟒 𝟓𝟕𝟓𝟕

📍အမှတ် (၄၅၆/၄၅၈) ၊ ၅လွှာ(ဘီ) (𝐀𝐘𝐀 𝐁𝐚𝐧𝐤 အပေါ်ထပ်)၊ လမ်းမတော်လမ်းနှင့် ကမ်းနားလမ်းထောင့်၊ လမ်းမတော်မြိုနယ်၊ ရန်ကုန်။

#ဒူးစွပ် #ဒူးပတ် #ဒူးနာ

🛑 ခါးနာတာကို မေ့သွားစေရမယ်! 🛑တစ်နေ့တာ အလုပ်လုပ်ရင်းပဲဖြစ်ဖြစ်၊ အထိုင်များလို့ပဲဖြစ်ဖြစ် ခါးနာဝေဒနာ ခံစားနေရပြီဆိုရင်.......
20/03/2026

🛑 ခါးနာတာကို မေ့သွားစေရမယ်! 🛑

တစ်နေ့တာ အလုပ်လုပ်ရင်းပဲဖြစ်ဖြစ်၊ အထိုင်များလို့ပဲဖြစ်ဖြစ် ခါးနာဝေဒနာ ခံစားနေရပြီဆိုရင်......
သင့်ရဲ့ နေထိုင်မှုဘဝကို အနှောင့်အယှက်မပေးနိုင်အောင် 𝐔-𝐓𝐞𝐜𝐡 ခါးပတ်နဲ့ ဖြေရှင်းလိုက်ပါ💁

ဘာကြောင့် 𝐔-𝐓𝐞𝐜𝐡 ခါးပတ်နဲ့ ဖြေရှင်းနိုင်တာလဲ❓

✅ ဝတ်လိုက်တာနဲ့ ခါးကို တည့်မတ်သွားစေပြီး
✅ အခြားသာမာန်ခါးပတ်တွေနဲ့ မတူပဲ ကြိုးဆွဲပြီးပတ်ရတာကြောင့် ခါးကို သေချာထိထိမိမိပံ့ပိုးပေးပြီး
ခါးရိုးက ဖိအားကို လျှော့ချပေးတယ်။
✅ ဒေါက်တိုင်ချောင်းမဟုတ်ပဲ ဒေါက်တိုင်ပြားပါတာဖြစ်လို့ ခါးကိုလုံးဝကို ဆန့်မတ်သွားစေပြီး ခါးကုန်းတာကို ကာကွယ်ပေးပါတယ်။ ခါးကြောညှပ်တဲ့သူတွေအတွက်ဆုံး လုံးဝကိုသင့်တော်တဲ့ခါးပတ်တစ်ခုပါပဲ။
✅ ကိုရီယားနိုင်ငံထုတ် 𝐍𝐞𝐨𝐩𝐫𝐞𝐧𝐞 အသားကိုသုံးပြီးချုပ်လုပ်ထားတာဖြစ်လို့ ဝတ်ထားရင် သွေးလည်ပတ်မှုအားကောင်းစေမယ်။ ခါးပတ်ဝတ်ထားလို့ ယားယံတာ၊ အသီးထတာမဖြစ်တဲ့အပြင် လျှော်ဖွတ်ပြီးပါ အသုံးပြုလို့ရပါမယ်။

ဒီလို 𝐔-𝐓𝐞𝐜𝐡 ခါးပတ်နဲ့သာဆိုရင် ခါးနာခြင်းကို မေ့သွားလောက်တဲ့အထိ နာကျင်မှုကိုပျောက်ကင်းသွားစေနိုင်တာဖြစ်လို့ အခုပဲ 𝐌𝐞𝐝𝐢𝐜𝐭𝐚 𝐂𝐨𝐦𝐩𝐚𝐧𝐲 မှာလာရောက်မှာယူနိုင်ပါပြီခင်ဗျ။

အရိုးအကြောအထောက်အကူပစ္စည်းနဲ့ပတ်သက်ပြီး ဘာပဲလိုလို 𝐌𝐞𝐝𝐢𝐜𝐭𝐚 𝐂𝐨𝐦𝐩𝐚𝐧𝐲 ရှိတယ်နော်!

☎️𝟎𝟗 𝟒𝟑𝟎 𝟔𝟑𝟖 𝟐𝟏
☎️𝟎𝟗 𝟗𝟔𝟖 𝟗𝟒 𝟓𝟕𝟓𝟕

📍အမှတ် (၄၅၆/၄၅၈) ၊ ၅လွှာ(ဘီ) (𝐀𝐘𝐀 𝐁𝐚𝐧𝐤 အပေါ်ထပ်)၊ လမ်းမတော်လမ်းနှင့် ကမ်းနားလမ်းထောင့်၊ လမ်းမတော်မြိုနယ်၊ ရန်ကုန်။

#ခါးပတ် #ခါးနာခြင်း #ခါးကြောညပ်ခြင်း ါးပတ်

မနက်အိပ်ရာထထချင်း ခါးက "ဆစ်" ခနဲ ဖြစ်သွားတာမျိုး ခံစားဖူးကြလား? 🥱"အင်တင်တင်နဲ့ ထရတာ၊ လှုပ်လိုက်ရင် ခါးက တစ်ချက်တစ်ချက် အ...
19/03/2026

မနက်အိပ်ရာထထချင်း ခါးက "ဆစ်" ခနဲ ဖြစ်သွားတာမျိုး ခံစားဖူးကြလား? 🥱

"အင်တင်တင်နဲ့ ထရတာ၊ လှုပ်လိုက်ရင် ခါးက တစ်ချက်တစ်ချက် အကြောညှပ်သလို ဖြစ်သွားတာ..." ဒါမျိုးက လူငယ်ရော လူကြီးပါ အဖြစ်များတဲ့ ဝေဒနာပါ။

တစ်ခါတလေ အိပ်စက်တဲ့ ပုံစံမမှန်တာကြောင့် ဖြစ်နိုင်သလို၊ ကိုယ်သုံးနေတဲ့ မွေ့ယာက ခါးကို ကောင်းကောင်း Support မလုပ်ပေးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

🚫ဒါမျိုးနာကျင်မှုတွေကို ရပ်တန့်ပစ်ဖို့....
✔️Stretch လုပ်ပါ: အိပ်ရာပေါ်က မထခင် ခြေလက်တွေကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ပေးပါ။

✔️အိပ်စက်တဲ့ ပုံစံ: ဘေးစောင်းအိပ်ရင် ဒူးနှစ်ခုကြား ခေါင်းအုံးလေး တစ်လုံး ညှပ်အိပ်ကြည့်ပါ။

✔️အသုံးအဆောင်: ကိုယ့်ရဲ့ ခါးရိုး (Vertebrae) တွေကို သက်တောင့်သက်သာ ဖြစ်စေမယ့် အရည်အသွေးမြင့် မွေ့ယာ ဒါမှမဟုတ် ခေါင်းအုံးကို ရွေးချယ်ပါ။

ဒီထဲမှာရော... မနက်မိုးလင်းတာနဲ့ ခါးနာလို့ ညည်းနေရတဲ့သူတွေ ရှိလား? ဘယ်လိုသက်သာအောင် လုပ်လေ့ရှိလဲဆိုတာ ဖြေပေးသွားကြဦးနော်! 👇

ခါးပတ်က သင့်ကိုကယ်ပေးနေတာလား ဒုက္ခပေးနေတာလား🦴⚠️ခါးနာပြီဆိုတာနဲ့ လူတော်တော်များများက ဆေးလိမ်းဆေးသောက်တာအပြင် ခါးပတ်ပတ်တတ်...
17/03/2026

ခါးပတ်က သင့်ကိုကယ်ပေးနေတာလား ဒုက္ခပေးနေတာလား🦴⚠️

ခါးနာပြီဆိုတာနဲ့ လူတော်တော်များများက ဆေးလိမ်းဆေးသောက်တာအပြင် ခါးပတ်ပတ်တတ်ကြပါတယ်။
ဒါပေမဲ့ ခါးပတ်က တကယ်ပဲ ခါးနာတာကို ကာကွယ်ပေးရဲ့လား?
ခါးနာတိုင်း တွေ့ကရာခါးပတ်ကို ဝယ်ပတ်လိုက်ရုံနဲ့ မပြီးပါဘူး

‼️ခါးပတ်တစ်ခုဝယ်ပတ်တော့မယ်ဆိုရင် ခါးပတ်အရည်အသွေးတွေ ဘယ်လိုအထောက်အကူပြုလဲဆိုတာတွေကို သေချာလေ့လာပြီးမှ ဝယ်ယူသင့်ပါတယ်။ အရည်အသွေးမကောင်းတဲ့ ခါးပတ်ကို သင်ကဝယ်ပတ်လိုက်မယ်ဆိုရင်တော့ သင့်ခါးကို အထောက်အကူမပြုစေတဲ့အပြင် ခါးနာခြင်းဒဏ်ကိုပါ ပိုပြီးဆိုးရွားသွားစေပါတယ်။ ဒါကြောင့် အရည်အသွေးကောင်းတဲ့ ခါးပတ်ကို သေချာရွေးချယ်ဝယ်ယူဖို့အရေးကြီးပါတယ်။

ခါးနာနေသူများအနေနဲ့ ခါးနာတဲ့အခါ ခါးပတ်ကိုပဲ အမှီမပြုပဲ ဒီအချက်လေးတွေကိုလည်းလိုက်လုပ်ပေးရင်း ခါးဝေဒနာကိုလျှော့ချနိုင်ပါပြီ.........

✔️ခါးအကြောဆန့်တာ၊ ခါးနဲ့ပတ်သက်တဲ့ အပျော့စားအကြောလျှော့လေ့ကျင့်ခန်းလေးတွေ လုပ်ပေးပါ
✔️ခါးပတ်မပါပဲ ပစ္စည်းတွေမတဲ့အခါမှာ ခါးကို ကုန်းပြီးမတာမဟုတ်ပဲ ဒူးကိုညွှတ်ပြီး မတဲ့ အလေ့အကျင့်ကိုမွေးထားပါ။
✔️ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေ စားပေးပါ (အသား၊ငါး ၊ အသီးအရွက်၊ပဲ)
✔️ ဆေးလိပ်အရက်သောက်သုံးတာကို ရှောင်ကြဉ်ပေးပါ

သင်ကိုယ်တိုင်က သင့်အတွက်ဆရာဝန်ပါ ဒီလိုအချက်လေးတွေကို လိုက်လုပ်ကြည့်ပြီး ခါးနာခြင်းဝေဒနာကို လျှော့ချလိုက်ကြရအောင်။ ✨

အရိုးအကြောအထောက်အကူပစ္စည်းနဲ့ပတ်သက်ပြီး ဘာပဲလိုလို 𝐌𝐞𝐝𝐢𝐜𝐭𝐚 𝐂𝐨𝐦𝐩𝐚𝐧𝐲 ရှိတယ်နော်!

☎️𝟎𝟗 𝟒𝟑𝟎 𝟔𝟑𝟖 𝟐𝟏
☎️𝟎𝟗 𝟗𝟔𝟖 𝟗𝟒 𝟓𝟕𝟓𝟕

📍အမှတ် (၄၅၆/၄၅၈) ၊ ၅လွှာ(ဘီ) (𝐀𝐘𝐀 𝐁𝐚𝐧𝐤 အပေါ်ထပ်)၊ လမ်းမတော်လမ်းနှင့် ကမ်းနားလမ်းထောင့်၊ လမ်းမတော်မြိုနယ်၊ ရန်ကုန်။

14/03/2026

ကျောရိုးကျီးပေါင်း (𝐒𝐩𝐢𝐧𝐚𝐥 𝐎𝐬𝐭𝐞𝐨𝐚𝐫𝐭𝐡𝐫𝐢𝐭𝐢𝐬) အကြောင်း သိကောင်းစရာ 🩺📜

လူတွေပြောပြောနေကြတဲ့ ကျီးပေါင်းဆိုတာဘာလဲ?
ကျီးပေါင်းက ဘာလို့ဖြစ်လာရတာလဲ?

ဒီဗီဒီယိုထဲမှာတော့ 𝐂𝐞𝐫𝐯𝐢𝐜𝐚𝐥 𝐎𝐬𝐭𝐞𝐨𝐚𝐫𝐭𝐡𝐫𝐢𝐭𝐢𝐬 (လည်ပင်းကျီးပေါင်း)ရဲ့ လက္ခဏာတွေနဲ့ ဘယ်လိုအချက်တွေကြောင့်ဖြစ်လာရတာလဲဆိုတာကို ရှင်းပြပေးထားတာဖြစ်လို့ အဆုံးထိကြည့်ရူပြီး လေ့လာနိုင်ပါပြီခင်ဗျာ...

အရိုးအကြော ကျန်းမာရေးဗဟုသုတတွေကို သိချင်တယ်ဆိုရင်တော့ 𝐌𝐞𝐝𝐢𝐜𝐭𝐚 𝐂𝐨𝐦𝐩𝐚𝐧𝐲 ကို 𝐋𝐢𝐤𝐞 and 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ထားဖို့ လိုပြီနော်! 👍🔔

အရိုးအကြောအထောက်အကူပစ္စည်းနဲ့ပတ်သက်ပြီး ဘာပဲလိုလို 𝐌𝐞𝐝𝐢𝐜𝐭𝐚 𝐂𝐨𝐦𝐩𝐚𝐧𝐲 ရှိတယ်နော်!

☎️𝟎𝟗 𝟒𝟑𝟎 𝟔𝟑𝟖 𝟐𝟏
☎️𝟎𝟗 𝟗𝟔𝟖 𝟗𝟒 𝟓𝟕𝟓𝟕

📍အမှတ် (၄၅၆/၄၅၈) ၊ ၅လွှာ(ဘီ) (𝐀𝐘𝐀 𝐁𝐚𝐧𝐤 အပေါ်ထပ်)၊ လမ်းမတော်လမ်းနှင့် ကမ်းနားလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။

#ကျီးပေါင်း #လည်ပင်းကျီးပေါင်း

13/03/2026

ဇက်ကြောတက်တာလား? ဒါမှမဟုတ် လည်ပင်းကျီးပေါင်းရဲ့ ရှေ့ပြေးလက္ခဏာလား? 🤔

လည်ပင်းနဲ့ ခေါင်းနားတစ်ဝိုက် နာကျင်ကိုက်ခဲတာတိုင်းကို "ရိုးရိုးဇက်ကြောတက်တာပါပဲ" ဆိုပြီး လျစ်လျူရှုထားမိသလား။❓
ဒီလိုဝေဒနာတွေက ဘာကြောင့်ဖြစ်ရတာလဲ❓
နောက်ဆက်တွဲ ဘယ်လိုဆိုးကျိုးတွေ ရှိလာနိုင်မလဲ❓

𝐒𝐩𝐢𝐧𝐚𝐥 𝐎𝐬𝐭𝐞𝐨𝐚𝐫𝐭𝐡𝐫𝐢𝐭𝐢𝐜𝐬 (ကျောရိုးကျီးပေါင်း) အကြောင်းကို အသေးစိတ်တင်ဆက်ပေးသွားမှာမလို အရိုးအကြောကျန်းမာရေးဗဟုသုတတွေကို သိချင်တယ်ဆိုရင် ကျွန်တော်တို့ 𝐌𝐞𝐝𝐢𝐜𝐭𝐚 𝐂𝐨𝐦𝐩𝐚𝐧𝐲ရဲ့
𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞, 𝐘𝐨𝐮𝐭𝐮𝐛𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥နဲ့ 𝐓𝐢𝐤𝐭𝐨𝐤 တွေမှာ စောင့်မျှော်ကြည့်ရူနိုင်ပါပြီခင်ဗျာ

𝐘𝐨𝐮𝐭𝐮𝐛𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥 >> https://youtube.com/?si=nNSvg_LrgKobgiO9

𝐓𝐢𝐤𝐭𝐨𝐤 >> https://www.tiktok.com/?_r=1&_t=ZS-94F8jxMTW56

#အရိုးအကြောကျန်းမာရေး #ကျီးပေါင်း #လည်ပင်းကျီးပေါင်း

𝐖𝐞 𝐀𝐫𝐞 𝐇𝐢𝐫𝐢𝐧𝐠!  𝐌𝐞𝐝𝐢𝐜𝐭𝐚 𝐂𝐨𝐦𝐩𝐚𝐧𝐲 တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးအတွက် ဝန်ထမ်းအမြန်အလိုရှိပါသည်။✔️𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 - 𝟏𝟎 𝐩𝐨𝐬𝐭𝐬 ...
13/03/2026

𝐖𝐞 𝐀𝐫𝐞 𝐇𝐢𝐫𝐢𝐧𝐠!
𝐌𝐞𝐝𝐢𝐜𝐭𝐚 𝐂𝐨𝐦𝐩𝐚𝐧𝐲 တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးအတွက် ဝန်ထမ်းအမြန်အလိုရှိပါသည်။

✔️𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 - 𝟏𝟎 𝐩𝐨𝐬𝐭𝐬 (𝐌)
✔️𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐚𝐥𝐞 𝐑𝐞𝐩𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝐯𝐞 - 𝟐𝟎 𝐩𝐨𝐬𝐭𝐬 (𝐌/𝐅)
✔️𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐑𝐞𝐩𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝐯𝐞 - 𝟐𝟎 𝐩𝐨𝐬𝐭𝐬 (𝐌/𝐅)
✔️𝐒𝐚𝐥𝐞 𝐑𝐞𝐬𝐩𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝐯𝐞 - 𝟐𝟎 𝐩𝐨𝐬𝐭𝐬 (𝐌/𝐅)
✔️𝐆𝐫𝐚𝐩𝐡𝐢𝐜 𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫 - 𝟐 𝐩𝐨𝐬𝐭𝐬 (𝐌/𝐅)
✔️𝐇𝐑 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 -𝟐 𝐩𝐨𝐬𝐭𝐬 (𝐌/𝐅)

𝐂𝐕 𝐅𝐨𝐫𝐦 နောက်ဆုံး လက်ခံပေးသွားမည့်နေ့ - 𝟐𝟐.𝟑.𝟐𝟎𝟐𝟔 (𝐒𝐮𝐧𝐝𝐚𝐲)
𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 𝐃𝐚𝐭𝐞 - 𝟐𝟑.𝟑.𝟐𝟎𝟐𝟔 (𝐌𝐨𝐧𝐝𝐚𝐲)

စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏ 𝐂𝐕 𝐅𝐨𝐫𝐦 ကို 𝐕𝐢𝐛𝐞𝐫 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗 𝟗𝟔𝟖 𝟗𝟒 𝟓𝟕𝟓𝟕 သို့ ပေးပို့၍ လျှောက်ထားနိုင်ပါသည်။

#အလုပ်ခေါ်စာ

အားကစားသမားတစ်ယောက်အတွက် ဒူးဒဏ်ရာရတာဟာ အဆိုးဆုံး အိပ်မက်တစ်ခုပါပဲ။ ဒါပေမဲ့ Polycentric Knee Brace နဲ့သာဆိုရင် အရာအားလုံး...
11/03/2026

အားကစားသမားတစ်ယောက်အတွက် ဒူးဒဏ်ရာရတာဟာ အဆိုးဆုံး အိပ်မက်တစ်ခုပါပဲ။ ဒါပေမဲ့ Polycentric Knee Brace နဲ့သာဆိုရင် အရာအားလုံးက ပေါ့ပါးနေပါလိမ့်မယ်✨

ပုံမှန် Knee Brace တွေက ဒူးကို တောင့်တောင့်ကြီး ဖြစ်နေစေပေမဲ့ Polycentric Knee Brace ကတော့ ဒူးဆစ်ရဲ့ သဘာဝလှုပ်ရှားမှု (Center of Rotation) အတိုင်း လိုက်လျောညီထွေရှိအောင် ဒီဇိုင်းထုတ်ထားတာပါ။ ဒါဟာ ဒူးဒဏ်ရာရှိသူတွေအတွက် "Mechanical Bodyguard" တစ်ယောက်ရလိုက်သလိုပါပဲ။😎

❓Polycentric Brace က ဘာတွေဒီလောက်ထူးခြားနေလို့လဲ?

✔️သဘာဝအတိုင်း လှုပ်ရှားနိုင်မှု: ဒူးဆစ်ရဲ့ လှုပ်ရှားမှုကို အနီးစပ်ဆုံး တုပပေးနိုင်ပါတယ်။
✔️Stability (တည်ငြိမ်မှု): ACL, MCL ဒါမှမဟုတ် Meniscus ဒဏ်ရာရထားရင် ဒူးက ချောင်နေတတ်ပါတယ်။ ဒီ Brace က ဘေးတိုက်ရွေ့လျားမှုကို ထိန်းချုပ်ပေးလို့ မတော်တဆ ဒူးဆစ်ပြုတ်ထွက်တာမျိုးတွေကိုလည်း စိတ်ပူစရာမလိုတော့ပါဘူး။
✔️Healing Speed: ဒဏ်ရာရထားတဲ့ နေရာပေါ် တိုက်ရိုက်ကျမယ့် ခန္ဓာကိုယ်အလေးချိန်ကို Brace က ခွဲဝေယူပေးလို့ အနာကျက်နှုန်းကို သိသိသာသာ မြန်ဆန်စေပါတယ်။
✔️Neoprene အသားနဲ့ချုပ်လုပ်ပေးထားတာဖြစ်လို့ ဝတ်ထားတာနဲ့ သွေးလည်ပတ်မှုအားကိုလည်း ကောင်းစေနိုင်ပါတယ်။

💡 ဘယ်သူတွေ ဝတ်သင့်သလဲ?

✔️အားကစားပုံမှန်လုပ်တက်သူတွေ မတော်တဆထိခိုက်ဒူးဆစ်ပြုတ်မှာ ဒူးလိမ်သွားမှာစိုးရိမ်သူတွေ
✔️ဒူးအရွတ်ထိခိုက်ပျတ်ဆီးထားသူတွေ
✔️ခွဲစိတ်မှုအပြီး ဒူးကို အမြန်ဆုံး ပြန်လည်အသုံးပြုလိုသူများ။
✔️ဒူးမခိုင်သူတွေ၊ ဒူးကျီးပေါင်းရှိသူတွေ ဝတ်ဆင်နိုင်ပါတယ်။

အရိုးအကြောအထောက်အကူပစ္စည်းနဲ့ပတ်သက်ပြီး ဘာပဲလိုလို 𝐌𝐞𝐝𝐢𝐜𝐭𝐚 𝐂𝐨𝐦𝐩𝐚𝐧𝐲 ရှိတယ်နော်!

☎️𝟎𝟗 𝟒𝟑𝟎 𝟔𝟑𝟖 𝟐𝟏
☎️𝟎𝟗 𝟗𝟔𝟖 𝟗𝟒 𝟓𝟕𝟓𝟕
📍အမှတ် (၄၅၆/၄၅၈) ၊ ၅လွှာ(ဘီ) (𝐀𝐘𝐀 𝐁𝐚𝐧𝐤 အပေါ်ထပ်)၊ လမ်းမတော်လမ်းနှင့် ကမ်းနားလမ်းထောင့်၊ လမ်းမတော်မြိုနယ်၊ ရန်ကုန်။

#ဒူးနာ #ဒူးကျီးပေါင်း #အရွတ်ရောင်ခြင်း

လူအများစုဟာ "Orthopedic Support" (အရိုးအကြော အထောက်အကူပြုပစ္စည်း)🦴 ဆိုတာကို အသက်ကြီးသူတွေ ဒါမှမဟုတ် ဒဏ်ရာရထားသူတွေပဲ သုံ...
09/03/2026

လူအများစုဟာ "Orthopedic Support" (အရိုးအကြော အထောက်အကူပြုပစ္စည်း)🦴 ဆိုတာကို အသက်ကြီးသူတွေ ဒါမှမဟုတ် ဒဏ်ရာရထားသူတွေပဲ သုံးရတယ်လို့ ယူဆလေ့ရှိကြပါတယ်။

တကယ်တော့ ဒါဟာ ခေတ်သစ်လူနေမှုစနစ်မှာ လူတိုင်းနီးပါး သိထားသင့်တဲ့ "ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု" တစ်ခုဖြစ်ပါတယ်။

Orthopedic Support (အရိုးအကြော အထောက်အကူပြုပစ္စည်း) တွေက ဘယ်လိုတာဝန်တွေကို လုပ်ဆောင်ပေးလဲဆိုတာ ကြည့်လိုက်ရအောင်ပါ💁🏻‍♂️

၁။ အဆစ်အမြစ်များကို ဝန်ပိမှုလျှော့ချပေးခြင်း (Joint Decompression)

နေ့စဉ် လှုပ်ရှားမှုတွေမှာ ခါး၊ ဒူး နဲ့ ဇက်ကြောတွေအပေါ် သက်ရောက်နေတဲ့ ဖိအားတွေကို မျှဝေပေးပါတယ်။ ဥပမာ - အလေးအပင်မရာမှာ ခါးပတ် (Back Support) အသုံးပြုခြင်းက ကျောရိုးမကြီးပေါ် သက်ရောက်မယ့် ဝန်ကို လျှော့ချပေးပါတယ်။

၂။ ကိုယ်ဟန်အနေအထားကို ထိန်းညှိပေးခြင်း (Posture Correction)

တစ်နေ့ကို ၈ နာရီထက်မနည်း ကွန်ပျူတာ၊ ဖုန်း အသုံးပြုသူတွေမှာ အဖြစ်များတဲ့ ပုခုံးကိုင်းခြင်း (Slouching) နဲ့ ဇက်ကြောတက်ခြင်းတွေကို မဖြစ်အောင် တည့်မတ်ပေးပါတယ်။

၃။ ဒဏ်ရာရရှိမှုကို အနည်းဆုံးဖြစ်စေခြင်း (Injury Prevention)

အားကစားလုပ်သူတွေ ဒါမှမဟုတ် လှုပ်ရှားမှုများသူတွေအတွက် Orthopedic Support (အရိုးအကြောအထောက်အကူပြု ပစ္စည်း) ကိုဝတ်ထားတာက အဆစ်အမြစ်တွေ လွဲချော်ခြင်း (Dislocation) နဲ့ ကြွက်သားနာကျင်မှုတွေကို တွဲဖက်ပံ့ပိုးပေးပြီး ဘေးကင်းစေပါတယ်။

၄။ အပူချိန်ထိန်းညှိခြင်းနှင့် ဖိအားပေးခြင်း (Thermal Regulation & Compression)

ကျွန်တော်တို့ Medicta Company က အရိုးအကြော အထောက်အကူပြုပစ္စည်းတွေကတော့ အဆင့်မြင့် Material တွေနဲ့ ပြုလုပ်ထားတာကြောင့် သက်ဆိုင်ရာ အဆစ်အမြစ်တွေကို အပူချိန်မျှတအောင် ထိန်းပေးပါတယ်။ ဒါဟာ သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး ကြွက်သားတွေ တောင့်တင်းမှုကို လျှော့ချပေးပါတယ်။ သွေးလည်ပတ်မှု ကောင်းခြင်းကြောင့် နာကျင်မှုဝေဒနာတွေကိုလည်း မြန်မြန်ဆန်ဆန် ဖယ်ရှားပေးနိုင်ပါတယ်။

၅။ လှုပ်ရှားမှု အတိုင်းအတာကို ထိန်းချုပ်ခြင်း (Range of Motion Control)

ဒဏ်ရာရပြီးစ အခြေအနေ ဒါမှမဟုတ် အဆစ်လွဲတတ်တဲ့ သူတွေအတွက် Orthopedic Support က အဆစ်တွေကို ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှု (ဥပမာ - ဘေးတိုက်လိမ်သွားခြင်း) မျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အန္တရာယ်ရှိတဲ့ အနေအထားမျိုး မရောက်အောင် ကိုယ့်ရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ်ပေးထားတာကတော့ ဒီပစ္စည်းတွေရဲ့ Professional ကျတဲ့ လုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။

၆။ ရောင်ရမ်းမှုကို လျှော့ချခြင်း (Swelling & Inflammation Management)

အဆစ်အမြစ်တွေမှာ အရည်စုခြင်း ဒါမှမဟုတ် ရောင်ရမ်းခြင်း (Inflammation) ဖြစ်တဲ့အခါ Support ဝတ်ဆင်ထားခြင်းက လိုအပ်တဲ့ဖိအား ကို ပေးတဲ့အတွက်ကြောင့် ရောင်ရမ်းမှုကို မြန်မြန်ကျဆင်းစေပြီး ပြန်လည်သက်သာဖို့ ပိုမိုမြန်ဆန်စေပါတယ်။

၇။ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှု (Psychological Confidence)

ဒီအချက်ကတော့ ထူးဆန်းပါတယ် လူတော်တော်များများလည်း သတိမထားမိတဲ့အချက်ပါ။ အရိုးအဆစ် အားနည်းသူတစ်ယောက်ဟာ Support တစ်ခု ဝတ်ဆင်ထားတဲ့အခါ လမ်းလျှောက်တာ ဒါမှမဟုတ် လှုပ်ရှားတဲ့အခါမှာ ပိုပြီး ယုံကြည်မှုရှိလာပါတယ်။ ဒီလို ယုံကြည်မှုရှိရှိ လှုပ်ရှားနိုင်ခြင်းကပဲ ကြွက်သားတွေကို ပိုမိုသန်မာလာစေဖို့ အထောက်အကူပြုပါတယ်။

✨နောက်ဆုံးအနေနဲ့ Orthopedic Support ဆိုတာ "အသက်ကြီးမှ သုံးရမယ့်အရာ" မဟုတ်ပါဘူး
သင့်ရဲ့ အရိုးအဆစ်တွေ ကျန်းမာသန်စွမ်းစေဖို့အတွက် "ယနေ့ကတည်းက ရင်းနှီးမြှုပ်နှံရမယ့်အရာ" တစ်ခုပဲဖြစ်ပါတယ်။✨

တကယ်လို့ အရည်အသွေးကောင်းတဲ့ Orthopedic Support တွေကိုရှာနေတာဆိုရငိတော့ ကျွန်တော်တို့ Medicta Companyမှာ ယုံကြည်စိတ်ချစွာ ၀ယ်ယူရရှိနိုင်ပါပြီခင်ဗျာ....

#ဒူးနာခြင်း #ခါးနာခြင်း

🦶 ခြေဖနောင့် နာသူတိုင်းအတွက် မရှိမဖြစ် လမ်းလျှောက်တဲ့အခါ ခြေဖနောင့်က အပ်နဲ့ထိုးခံရသလို ဆူးပြီး တစ်ဆစ်ဆစ်နာနေတာလား?😣ဒါဟာ ...
08/03/2026

🦶 ခြေဖနောင့် နာသူတိုင်းအတွက် မရှိမဖြစ်

လမ်းလျှောက်တဲ့အခါ ခြေဖနောင့်က အပ်နဲ့ထိုးခံရသလို ဆူးပြီး တစ်ဆစ်ဆစ်နာနေတာလား?😣

ဒါဟာ ခြေဖဝါးကြွက်သားရောင်ရမ်းတာတင်မကဘဲ ရေရှည်မှာ နောက်ဆက်တွဲအနေနဲ့ ခြေဖနောင့်အရိုးအတက်ထွက်ခြင်း (Heel Spur) အထိ ဖြစ်လာနိုင်တဲ့ လက္ခဏာတွေပါ။

💢ခြေဖနောင့်အတက်ဆိုတာ အရိုးနုလေးတွေ စုပုံလာပြီး အပြင်ကို စူးထွက်လာတာမျိုးပါ။ တစ်ခါဖြစ်ရင် ကုသရခက်ခဲသလို နာကျင်မှုကလည်း လမ်းလျှောက်တိုင်းမှာ အရမ်းကို ပြင်းထန်ပါတယ်။ 💢

Silicone Padsလေးတွေက သက်တောင့်သက်သာဖြစ်ချင်လို့ တစ်ခုတည်း စီးရတာမဟုတ်ပဲ မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်နိုင်ဖို့

✔️အလုပ်မှာ မတ်တပ်ရပ်ရတဲ့အချိန်များသူတွေ၊
✔️ကိုယ်အလေးချိန်များလို့ ခြေဖဝါးမှာစုပြီး ဝန်ပိတတ်သူတွေ၊
✔️ ဖိနပ်အမာစီးရတဲ့သူတွေနဲ့
✔️ခြေဖနောင့်အပ်ကွဲတတ်တဲ့သူတွေအနေနဲ့
Silicone Heel Pads ကို အသုံးပြုခြင်းက ခြေဖနောင့်အပေါ် ကျရောက်တဲ့ ဖိအားကို ပျံ့နှံ့စေပြီး ခြေဖနောင့်မှာ အတက်မထွက်အောင် အသားမာမတက်အောင် ကာကွယ်ပေးနိုင်ပါတယ်။

မနက်အိပ်ရာထလို့ ခြေလှမ်းစလှမ်းချိန်မှာပဲဖြစ်ဖြစ်၊ အလုပ်ထဲမှာ တစ်နေကုန် မတ်တပ်ရပ် လမ်းလျှောက်ရလို့ပဲဖြစ်ဖြစ် ခြေဖနောင့်နာကျင်မှုကို ခံစားနေရသူတွေ၊ ခြေဖနောင့်အတက်ထွက်သူတွေ အတွက် Silicone Heel Pads လေးတွေက အကောင်းဆုံး အဖော်မွန်ဖြစ်မှာပါ။

"နာကျင်မှု ဖြစ်လာမှ ကုသတာထက် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးဖြစ်တာကြောင့် Medicta Company မှာ အခုပဲမှာယူလိုက်ပါ"

အရိုးအကြောအထောက်အကူပစ္စည်းနဲ့ပတ်သက်ပြီး ဘာပဲလိုလို 𝐌𝐞𝐝𝐢𝐜𝐭𝐚 𝐂𝐨𝐦𝐩𝐚𝐧𝐲 ရှိတယ်နော်!
☎️𝟎𝟗 𝟒𝟑𝟎 𝟔𝟑𝟖 𝟐𝟏
☎️𝟎𝟗 𝟗𝟔𝟖 𝟗𝟒 𝟓𝟕𝟓𝟕

📍အမှတ် (၄၅၆/၄၅၈) ၊ ၅လွှာ(ဘီ) (𝐀𝐘𝐀 𝐁𝐚𝐧𝐤 အပေါ်ထပ်)၊ လမ်းမတော်လမ်းနှင့် ကမ်းနားလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။

#အရိုးအတက်ထွက်ခြင်း

အလုပ်တွေပြီးရင် ခြေဖနောင့်က အပ်နဲ့ထိုးသလို စူးပြီးနာနေတာလား?အချိန်အကြာကြီး မတ်တပ်ရပ်၊ လမ်းလျှောက်ပြီး အလုပ်လုပ်ရတဲ့သူတွေ...
06/03/2026

အလုပ်တွေပြီးရင် ခြေဖနောင့်က အပ်နဲ့ထိုးသလို စူးပြီးနာနေတာလား?

အချိန်အကြာကြီး မတ်တပ်ရပ်၊ လမ်းလျှောက်ပြီး အလုပ်လုပ်ရတဲ့သူတွေအတွက် ညဘက်ရောက်ရင် ခြေဖနောင့်က အပ်နဲ့ထိုးသလို တစစ်စစ်နာကျင်ခံစားရသလို၊ မနက်နိုးလာပြန်ရင်လည်း ကြမ်းပြင်ကို ခြေဖဝါးချလိုက်တာနဲ့ စူးခနဲဖြစ်သွားတာကို ခံစားရမှာပါ။ 🦶🏻🪡

ဒါကို ဆေးပညာအရ 𝐏𝐥𝐚𝐧𝐭𝐚𝐫 𝐅𝐚𝐬𝐜𝐢𝐢𝐭𝐢𝐬 (ခြေဖဝါးကြွက်သားအမြှေးပါး ရောင်ရမ်းခြင်း) လို့ ခေါ်လေ့ရှိပါတယ်။

ဒီလို လမ်းအကြာကြီးလျှောက်ရလို့၊ မတ်တပ်အကြာကြီးရပ်ရလို့ ဖြစ်လာတဲ့ ခြေဖနောင့်နာကျင်တဲ့ ပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်

1️⃣ ခြေဖဝါးကို ရေခဲရေဘူးနဲ့ လိမ့်ပေးပါ

ရေသန့်ဘူးထဲမှာ ရေဖြည့်ပြီး ခဲထားပါ။ ပြီးရင် အဲဒီရေခဲဘူးပေါ်ကို ခြေဖဝါးတင်ပြီး ရှေ့တိုးနောက်ငင် ဖြည်းဖြည်းချင်း လိမ့်ပေးပါ။ တစ်ခါလုပ်ရင် 5မိနစ် လုပ်ပေးခြင်းဖြင့် ရောင်ရမ်းမှုကို သိသိသာသာ လျော့ကျစေပါတယ်။

2️⃣ ခြေသလုံးကြွက်သားတွေကို အကြောလျှော့ပေးပါ

ခြေသလုံးကြွက်သား တင်းသွားအောင် ဆွဲဆန့်ပေးတာက ခြေဖနောင့်အပေါ် သက်ရောက်တဲ့ ဒဏ်ကို လျော့ပါးစေပါတယ်။

3️⃣တင်းနစ်ဘောလုံးလေးနဲ့ နှိပ်နယ်ပေးပါ

ထိုင်နေရင်းနဲ့ တင်းနစ်ဘောလုံး (သို့မဟုတ်) အလုံးမာမာလေးကို ခြေဖဝါးအောက်မှာထားပြီး လှိမ့်ပေးပါ။ ဒါဟာ ခြေဖဝါးက ကြွက်သားတွေကို ပြေလျော့စေတဲ့ အကောင်းဆုံး အိမ်တွင်းကုထုံးတစ်ခုပါ။

4️⃣ ဖိနပ်အမျိုးအစားကို ဂရုစိုက်ပါ

ဖိနပ်အပြား အပါးလွန်းတာတွေကို ရှောင်ပြီး ခြေဖနောင့်နေရာမှာ အောက်ခံအသား အိအိလေးပါတဲ့ ဖိနပ်မျိုး သို့မဟုတ် ခြေဖနောင့်အောက်မှာ heel Padsလေးတွေ ထည့်ပြီးစီးပေးပါ။

တကယ်လို့ Quality ကောင်းတဲ့ Heel Padsလေးတွေကို ရှာနေတာဆိုရင်တော့ ကျွန်တော်တို့ Medicta Companyမှာ ဝယ်ယူရရှိနိုင်ပါပြီခင်ဗျ✨

❗️အကယ်၍ မနက်အိပ်ရာထလို့ ကြမ်းပြင်ကို ခြေထောက်ချလိုက်တဲ့အချိန်မှာ စူးခနဲ နာကျင်တာမျိုးက ရက်သတ္တပတ်တော်တော်ကြာအောင် မသက်သာဘူးဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ အကြံပြုပါရစေ။❗️

#ခြေဖနောင့်နာခြင်း

Address

No. 458, Corner Of Lanmadaw Road & Kannar Road
Yangon
11131

Opening Hours

Monday 08:30 - 19:00
Tuesday 08:30 - 19:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 19:00

Telephone

+95943063821

Website

Alerts

Be the first to know and let us send you an email when Medicta Company posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Medicta Company:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram