Cowdeys DHA Omega 3 by TT Mom

Cowdeys DHA Omega 3 by TT Mom Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cowdeys DHA Omega 3 by TT Mom, Medical and health, Taungthugone Insein yangon, Yangon.

လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး ရင်သွေးငယ်ရှိတဲ့ မိဘတွေကြားမှာ ရေပန်းစားခဲ့တဲ့ အကြောင်းအရာတစ်ခုကတော့ Left Brain, Right Brai...
13/01/2024

လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး ရင်သွေးငယ်ရှိတဲ့ မိဘတွေကြားမှာ ရေပန်းစားခဲ့တဲ့ အကြောင်းအရာတစ်ခုကတော့ Left Brain, Right Brain ဘယ်ဟာကပိုကောင်းတယ်၊ ဘယ်လို Train ပေးသင့်တယ်ဆိုတာဖြစ်ပါတယ်။

ကလေးငယ်တွေရဲ့ ဦးနှောက်ဟာ Left Brain လား၊ Right Brain လားဆိုတာ သူတို့လေးတွေမမွေးခင်ထဲက သတ်မှတ်ပြီးဖြစ်ပါတယ်။ သန္ဓေသားဘဝ ဦးနှောက်နဲ့ကျောရိုးတိုင် စတင်ဖွံ့ဖြိုးတဲ့ အချိန်တည်းက Lateralization ဆိုတဲ့ ဦးနှောက်ရဲ့ Function တစ်ခုက ဦးနှောက်ရဲ့ ပိုသန်မာတဲ့အခြမ်းကို သတ်မှတ်ပြီးပါပြီ။

Left Brain ကလေးငယ်တွေဟာ
🔸 ကြောင်းကျိုးဆက်စပ် တွေးခေါ်တတ်တယ်
🔸 ဘာသာစကား အသစ်တွေ သင်ယူတဲ့အခါ လွယ်ကူတယ်
🔸 ကိန်းဂဏန်းတွေနဲ့ အလုပ်လုပ်ရတာ ပျော်မွေ့တယ်
🔸 ခွဲခြမ်းစိပ်ဖြာတာတွေကို ပိုနှစ်သက်တယ်

Right Brain ကလေးငယ်တွေဟာ
🔹 အတွေးအခေါ် ဆန်းသစ်တယ်
🔹 တီထွင်ဖန်တီးနိုင်စွမ်းရှိတယ်
🔹 စိတ်ကူးယဥ်ဆန်တယ်
🔹 ပြဿနာတစ်ခု၊ အကြောင်းအရာတစ်ခုကို ခြုံငုံသုံးသပ်တတ်တယ်

အတိုချုပ်အနေနဲ့ ပြောချင်တာကတော့ ဘယ်သန်သူတွေနဲ့ ညာသန်သူတွေမှာ ဦးနှောက်ဖွံ့ဖြိုးမှု၊ အတွေးအခေါ်၊ အားသန်မှုတွေ ကွဲပြားကြပေမဲ့ ဘယ်သူ့ဘယ်သူမှ အားသာတယ်၊ အားနည်းတယ်လို့ မရှိပါဘူး။

🌟 ဒါကြောင့် ရင်သွေးငယ်တိုင်းရဲ့ မွေးရာပါ ထူးချွန်ထက်မြက်တဲ့ပါရမီ၊ အားသန်တဲ့အပိုင်းတွေကို ဖေဖေ၊ မေမေတို့က မြေတောင်မြှောက်ပေးပြီး သူတို့လေးတွေ ပိုမိုတောက်ပလာအောင် အရောင်တင်ပေးနိုင်ရင် ကျွန်မတို့ရဲ့ ကြယ်ပွင့်ကလေးတိုင်းဟာ သူတို့ရဲ့ကိုယ်ပိုင်ကောင်းကင်မှာ အတောက်ပဆုံး၊ အလင်းလက်ဆုံး ဖြစ်လာကြမှာ အမှန်ပါပဲရှင်။

🌟 Left Brain ပဲဖြစ်ဖြစ်၊ Right Brain ပဲဖြစ်ဖြစ် ရင်သွေးငယ်တွေရဲ့ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အဓိကလိုအပ်တဲ့ DHA နဲ့ တခြားသောအာဟာရဓာတ်တွေ ပြည့်စုံကြွယ်ဝတဲ့ Cowdeys နို့ခဲလေးကိုလည်း ပုံမှန်တိုက်ကျွေးလိုက်ပါနော်...။

နှစ်သစ်အဖွင် ဘူး25ဘူးပို့😍
02/01/2024

နှစ်သစ်အဖွင် ဘူး25ဘူးပို့😍

 #သားသားမီးမီး​လေး​တွေအတွက် ​မေ​မေများရဲ့ ​ရွေးချယ်မှုချစ်ရတဲ့ သားသားမီးမီး​လေး​တွေ👉 #ထမင်း​ကျွေးတိုင်း သိပ်မစားလို့ စိတ...
20/12/2023

#သားသားမီးမီး​လေး​တွေအတွက် ​မေ​မေများရဲ့ ​ရွေးချယ်မှု

ချစ်ရတဲ့ သားသားမီးမီး​လေး​တွေ
👉 #ထမင်း​ကျွေးတိုင်း သိပ်မစားလို့ စိတ်ညစ်​နေရလား?
👉 #ကိုယ်ခံအားမ​​ကောင်း ၊ခဏခဏ ဖျားနာ​နေလို့ စိတ်ပူ​နေရလား?
👉 #ဖုန်း စခရင်အကြည့်များလွန်းလို့ မျက်လုံးထိခိုက်မှာ ​တွေးပူ​နေရလား?
👉 #အရပ် မရှည်မှာ စိုးရိမ်​နေရလား?
​အားလုံးအတွက် အ​ဖြေက နို့ခဲ မှာ ရှိတယ်​နော်
တိုက်​ကျွေးဖူးသူ ​မေ​မေများအတွက်က​တော့
Cowdeys မှ Cowdeys ပါပဲ​။ အသက် ၁ နှစ်​ကျော် ဝါးစားတတ်တဲ့ အရွယ်က​နေ အသက်၁၂ နှစ် အရွယ်ထိ တိုက်​​ကျွေးလို့ ရပါတယ်ရှင့်။ပုံမှန်တိုက်​ကျွေးခြင်း အားဖြင့်-
🧠ဦးနှောက်မှတ်ဥာဏ်ကောင်း​စေတယ်
📈ကိုယ်ခံစွမ်းအားကို တိုးမြှင့်​​စေတယ်
👁အမြင်အာရုံကောင်းမွန်​စေတယ်
💪အရိုးအဆစ်သန်မာ​စေတယ်
🕴အရပ်ရှည်စေတယ်
🍨အစားတွေ စားစေတယ်
💪နေကောင်းကျန်းမာပြီးသွက်လက်ထက်မြက်​စေ.
တယ်

ဒီ Cowdeys နို့ခဲ လေးကို နေ့စဥ်ပုံမှန်လေး တိုက်ကျွေးကြည့်နော်
တစ်လတွင်း မှာပဲ
မေမေတို့ရဲ့ သားသားမီးမီး ကို စိတ်ကျေနပ်ပျော်ရွှင်မှု ရစေမှာပါရှင့်😘
မေမေလင်း သားသားလေးကိုတော့
Cowdeys တစ်မျိုးပဲ တိုက်ကျွေးတယ်
သားသားက ၂နှစ်၁၁လ ပါ
တစ်ခါမှ နှာစေးချောင်းဆိုးမဖြစ် အိပ်ချိန်စားချိန်မှန်လို့ ကျန်းမာ သွက်လက် ဉာဏ်ရည်တွက်လဲ စိတ်ချမ်းသာရပါတယ်ရှင်😘
& Thailand FDA
Certificate
Certificate
Approval ထောက်ခံချက်များရရှိထားပြီးမို့
✔ယုံကြည်စိတ်ချစွာ ဝယ်ကျွေးလိုက်နော်

#တိုက်ကျွေးဖူးတဲ့မေမေတွေကတော့5ဘူး10ဘူးလက်ကားစျေးနဲ့

ဝယ်ကျွေးနေကြပြီနော်
ခေတ်နောက်မကျခဲ့ဖို့ မြန်မြန်လေးဝယ်ကျွေးလိုက်တော့နော်😘
✔မြို့နယ်ပေါင်း၃၀၀​ကျော် အိမ်ရောက်ငွေချေပို့ဆောင်ပေးပါတယ်ရှင့်

#ပြည်တွင်းပြည်ပ လက်လီလက်ကားပို့ဆောင်ပေးပါတယ်ရှင့်
၁ဘူး ၂၅၀၀၀ကျပ် (၆၀လုံး) ပါ
၅ဘူးကစလက်ကားစျေးရနော်😘
09253944014

အစားအသောက် ချေးများတဲ့ကလေးတွေ၊ အစားနည်းတဲ့ကလေးတွေ၊ အစားရှောင်တဲ့ကလေးတွေအတွက် ဖြည့်စွက်စာအနေနဲ့ သင့်တော်တဲ့ ကလေးအားဆေးတစ်...
09/12/2023

အစားအသောက် ချေးများတဲ့ကလေးတွေ၊ အစားနည်းတဲ့ကလေးတွေ၊ အစားရှောင်တဲ့ကလေးတွေအတွက် ဖြည့်စွက်စာအနေနဲ့ သင့်တော်တဲ့ ကလေးအားဆေးတစ်မျိုးကို သေချာရွေးချယ်ပြီး တိုက်ကျွေးပေးဖို့ လိုအပ်ပါတယ်။

✅ သားသားမီးမီးတို့ရဲ့ ဦးနှောက်ကြီးထွားဖွံ့ဖြိုးမှုအတွက် အဓိကအရေးကြီးတဲ့ လိုအပ်ချက်တစ်ခုကတော့ DHA(Docosahexaenoic acid) ဖြစ်ပါတယ်။ ဒါ့အပြင် DHA ဟာ သွေးထဲက ထရိုဂလစ်စရိုက်အဆီဓာတ်ကို လျော့ကျစေတယ်၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးတယ်၊ ညဘက် အချိန်မှန်အိပ်ပျော်စေပြီး အကျိတ်ဆဲလ်တွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ DHA လုံလောက်အောင်ရရှိတဲ့ ကလေးငယ်တွေဟာ သင်ယူလေ့လာနိုင်စွမ်း တိုးတက်ကောင်းမွန်တာကိုလည်း တွေ့ရပါတယ်ရှင်။

✅ ဒါကြောင့် ကလေးတိုင်းအတွက်လိုအပ်တဲ့ DHA နဲ့အတူ တခြားသော ဗီတာမင်၊ သတ္တုဓာတ်၊ အာဟာရဓာတ်တွေ ပြည့်စုံလုံလောက်စွာ ပါဝင်ပြီး အရည်အသွေးမြင့် နယူးဇီလန်နွားနို့ကနေ ထုတ်လုပ်ထားတဲ့ Cowdeys DHA က သားသားမီးမီးတို့အတွက် အမှန်ကန်ဆုံး ရွေးချယ်မှုပဲပေါ့။

✅ ထိုင်းနိုင်ငံထုတ် အရည်အသွေးမြင့်ကွာလတီနဲ့ ထိုင်းနဲ့မြန်မာနိုင်ငံကနေ FDA လက်မှတ်ရရှိထားတာကြောင့် သားသားမီးမီးတို့ကို စိတ်ချလက်ချ တိုက်ကျွေးနိုင်ပြီး Halal ဖြစ်တဲ့အတွက် လူမျိုး၊ ဘာသာမရွေးလည်း စားသုံးနိုင်ပါတယ်ရှင်။

ကျွန်မတို့အားလုံးမှာ ကိုယ်စီကိုယ်စီကွဲကြေနေကြတဲ့ အစိတ်အပိုင်းတွေရှိတယ်ငွေရေးကြေးရေးကြောင့်အိမ်ထောင်ဖက်ကြောင့်ပညာရေးလူမှု...
09/12/2023

ကျွန်မတို့အားလုံးမှာ
ကိုယ်စီကိုယ်စီကွဲကြေနေကြတဲ့
အစိတ်အပိုင်းတွေရှိတယ်
ငွေရေးကြေးရေးကြောင့်
အိမ်ထောင်ဖက်ကြောင့်
ပညာရေး
လူမှုရေး
စီးပွားရေး
လုပ်ငန်းခွင်တွင်းကမမျှတမှု စတဲ့
အကြောင်းအရာပေါင်းများစွာကြောင့်
စိတ်ဓာတ်တွေဟာ တစစီဖွာလန်ကြဲကုန်ကြပါတယ်

ဒါပေမဲ့ တစ်ခြမ်းကိုသာ အကြေကွဲခံပါတယ်
ကျန်တဲ့တစ်ခြမ်းကတော့ ကိုယ့်ကလေးအတွက် ဘာကိုမှ အထိအခိုက်မခံပဲ ပကတိကောင်းမွန်စွာထိန်းသိမ်းပါတယ်

အဲဒီ့မပျက်မစီးရှိတဲ့တစ်ခြမ်းနဲ့ပဲ
ကျွန်မတို့ အလုပ်တွေဆက်လုပ်ဖြစ်ကြတယ်
ကျွန်မတို့ ကလေးတွေကို ရီမောစေတယ်
ကျွန်မတို့ ကလေးတွေ ဗိုက်လေးကိုဖြည့်ပေးတယ်
ကျွန်မတို့ကလေးတွေရဲ့ ပညာရေးကိုပေးတယ်

တစ်ချိန်တည်းမှာ
အဲ့တစ်ခြမ်းကနေပဲ ဟိုဖက်ကပြန့်ကြဲနေတဲ့
အစိတ်အပိုင်းတွေကို
တစ်စစီလှမ်းကောက်စီရသေးတယ်

ဒါကြောင့် ကျွန်မလေ မိခင်တွေကို သိပ်စာနာတယ်
ချမ်းသာပါစေ ဆင်းရဲပါစေ ပြည့်စုံပါစေ
လိုအပ်ချက်တွေရှိနေပါစေ
ကလေးထိန်းတွေဘယ်နှစ်ယောက်များများ
တစ်ယောက်တည်းပဲရုန်းကန်ရကန်ရ
ကိုယ်စီမှာ ပြန့်ကြဲနေတဲ့ တစ်ခြမ်းတော့ ရှိနေကြတယ်။

😔မပြောပြပေမဲ့ ကျွန်မကြားပါတယ်
😔မထုတ်ပြပေမဲ့ ကျွန်မမြင်ပါတယ်
🙂နားလည်စာနာမိရင်း ဂုဏ်ယူနေပါတယ်

ပြန့်ကြဲတဲ့ဖက်အခြမ်းအတွက်ဝမ်းနည်းမနေပါနဲ့
ပကတိရှိတဲ့အခြမ်းအတွက် ဂုဏ်ယူပါ

You are not alone ပါနော်
မိခင်အချင်းချင်း လှမ်းမြင်ရပါတယ်

ကိုယ်စီကိုယ်စီ အပိုင်းအစတွေကောက်စီရင်း
အားတင်းထားကြရအောင်ပါ

Remember it.
You are not alone.
Remember me.
I am with you.

With hugs

Credit - May Jue

မူရင်းPost ပိုင်ရှင်အားလေးစားစွာဖြင့် credit ပေးပါသည်။🙏🙏🙏

မောင်နှမတွေထဲမှာ အကြီးဖြစ်လို့၊ အငယ်ဖြစ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ အတင်းကြီးညှာတာခိုင်း ရင့်ကျက်ခိုင်းမိတာမျိုး ကြုံဖူး...
27/11/2023

မောင်နှမတွေထဲမှာ အကြီးဖြစ်လို့၊ အငယ်ဖြစ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ အတင်းကြီးညှာတာခိုင်း ရင့်ကျက်ခိုင်းမိတာမျိုး ကြုံဖူးပါသလား။ တချို့မိဘတွေဟာ အကြီးနဲ့အငယ်ယှဉ်ရင် အငယ်လေးတွေကိုဦးစားပေးဖို့ အကြီးတွေကိုဆုံးမတတ်ကြတယ်။ အကြီးလေးကိုယ်တိုင်က ကလေးလေးပဲရှိသေးတယ်ဆိုတာကို မေ့နေတတ်ကြပါတယ်။ 💁‍♀️

အမြဲတမ်း မိဘတွေရဲ့ ဂရုစိုက်မှုကို ကိုယ်တစ်ယောက်တည်းရရှိနေရာကနေ ကိုယ့်ထက်ပိုဦးစားပေးရမယ့် အငယ်လေးရောက်လာတဲ့အခါမှာ ဘာမဆို ညီလေး/ညီမလေးနဲ့ မျှဝေသုံးစွဲရတယ်။ တစ်ခုတည်းရှိနေရင် အငယ်လေးကိုဦးစားပေးရတယ်။ ✌️

တကယ်တော့ ကလေးသဘာဝအရ ကလေးတိုင်းက သူတို့ပဲအချစ်ခံချင်ကြတယ်။👶 လူကြီးတွေက ဒါကို နားမလည်ပေးတဲ့အခါ အစ်ကိုတွေအစ်မတွေက အငယ်တွေကို မုန်းမှန်းမသိ မုန်းနေမိကြတယ်။ 😞

ဒီလိုမဖြစ်စေဖို့ ကျွန်မတို့အပေါ်မှာ အများကြီးမူတည်ပါတယ်။

ဘယ်လိုမှမရင့်ကျက်နိုင်သေးတဲ့ ကလေးအရွယ်လေးကို သူ့ထက်အငယ်ရှိလို့ သူကအကြီးဖြစ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ အတင်းကြီးရင့်ကျက်ခိုင်း လူကြီးဆန်ခိုင်းလို့မရပါဘူး။😉

မိဘတွေအနေနဲ့ သားသမီးဘယ်နှယောက်ပဲရှိရှိ အားလုံးအပေါ်မှာ မျှမျှတတ ကိုင်တွယ်ထိန်းကျောင်းတတ်ဖို့က အရေးကြီးဆုံးပါပဲရှင်။ 💙💙

ကျွန်မကတော့ သားသားနဲ့မီးမီးအတွက် တစ်နေ့တာလိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝစေဖို့✅ Protein ဓာတ်ပါဝင်တဲ့ အသား၊ ငါး၊ ဥအမျိုးမျိ...
23/11/2023

ကျွန်မကတော့ သားသားနဲ့မီးမီးအတွက် တစ်နေ့တာလိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝစေဖို့

✅ Protein ဓာတ်ပါဝင်တဲ့ အသား၊ ငါး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နို့နဲ့နို့ထွက်ပစ္စည်း စတာတွေကို နေ့စဉ်ကျွေးတယ်။

✅ ခန္ဓာကိုယ်ထွားကျိုင်းစေဖို့ ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး စတာတွေကလည်း မပါမဖြစ်ပေါ့။

✅ သံဓာတ်ချို့တဲ့မှုမရှိစေဖို့ အနီရောင်အသား၊ အသည်း၊ ဟင်းနုနယ်တို့ကို နေ့စဉ်ကျွေးပြီး အိုမီဂါသရီးပြည့်ဝစေဖို့ အစေ့အဆန်အမျိုးမျိုး၊ ဆော်လမွန်၊ တူနာ စတဲ့ပင်လယ်ငါးတွေကိုတော့ တစ်ပတ်မှာ(၂)ကြိမ်လောက်ကျွေးပါတယ်။

✅ အရိုးအဆစ်နဲ့ ကြွက်သားတွေသန်မာဖွံ့ဖြိုးဖို့ အဓိကကျတဲ့ ကယ်လ်စီယမ်အတွက်တော့ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ အရိုးပါဝါးစားနိုင်တဲ့ ငါးလေးတွေ ကျွေးပါတယ်ရှင်။

✅ ဒါ့အပြင် အသက်(၂)နှစ်ကစပြီး ရင်သွေးငယ်တိုင်းအတွက် အဓိကလိုအပ်တဲ့ အာဟာရဓာတ်တွေပြည့်ဝပါဝင်တဲ့ အရည်အသွေးမြင့်အားဆေး 𝗖𝗼𝘄𝗱𝗲𝘆𝘀 𝗗𝗛𝗔 လေးကိုလည်း နေ့စဉ်တိုက်ကျွေးတယ်လေ။

ကျွန်မလိုပဲ တခြားမေမေတွေလည်း ကိုယ့်ရဲ့သားသားမီးမီးလေးတွေကို ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးပြီး ဦးနှောက်ဉာဏ်ရည်မြင့်တက်စေဖို့ ဘယ်လိုအစားအစာနဲ့ အာဟာရတွေ ကျွေးမွေးကြလဲဆိုတာ မေမေအချင်းချင်း အကြံဉာဏ်လေးတွေ မျှဝေချင်ပါတယ်။

Comment မှာ မေမေတို့ရဲ့ အာဟာရပြည့်ဝအောင် စနစ်တကျကျွေးမွေးပုံလေးတွေကို မျှဝေပေးခဲ့ကြပါဦးနော်။ 😉

ဆယ်လမွန်ငါးမှရရှိတဲ့ အဆီကောင်းများဟာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးအများကြီးရှိပါတယ် COWDEYS DHA OMEGA-3( Salmon Oil) ငါးအဆ...
20/11/2023

ဆယ်လမွန်ငါးမှရရှိတဲ့ အဆီကောင်းများဟာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးအများကြီးရှိပါတယ်
COWDEYS DHA OMEGA-3( Salmon Oil) ငါးအဆီဆေးတောင့်ဓာတ်စာသောက်ခြင်းဟာ

✅ဦးနှောက်နဲ့အာရုံကြောကောင်းမွန်စေတယ်
✅မှတ်ညဏ်ကောင်းပြီးသင်ယူမှုမြန်ဆန်စေတယ်
✅အမြင်အာရုံကြောဆဲလ်များကောင်းမွန်ပြီး မျက်​စိအားတိုးစေတယ်
✅ခန္ဓာကိုယ်အတွက် ကိုယ်ခံအားများတိုးစေတယ်
✅ နှလုံးကျန်းမာရေးကို ထောက်ပံ့ပေးတယ်
✅အစားကောင်းပြီး အစာအများကြီး စားဝင်စေတယ်

စျေးနှုန်း-၃၂၅၀၀ကျပ်
သောက်သုံးနည်း-အစာစားပြီး တစ်နေ့ကို ၁-၂ လုံးထိသောက်သုံးရန်
ခွင့်ပြုချက်အမှတ် - 71-1-02462-5-0221

မေမေတို့ရဲ့ သားသားမီးမီးလေးတွေကို စာဖတ်ခြင်းအလေ့အကျင့်ကောင်းလေး ပြုစုပျိုးထောင်ပေးဖို့အတွက် အသက်အရွယ်အလိုက် ဘယ်လိုစာအုပ်...
18/11/2023

မေမေတို့ရဲ့ သားသားမီးမီးလေးတွေကို စာဖတ်ခြင်းအလေ့အကျင့်ကောင်းလေး ပြုစုပျိုးထောင်ပေးဖို့အတွက် အသက်အရွယ်အလိုက် ဘယ်လိုစာအုပ်လေးတွေ ဝယ်ပေးသင့်လဲဆိုတာ မျှဝေပေးမယ်နော်။ 😉

💙 အသက်(၂)နှစ်အောက် ဘေဘီလေးတွေကို ကာလာရောင်စုံရုပ်ပုံလေးတွေ၊ ကာတွန်းရုပ်လေးတွေပါဝင်တဲ့ စာအုပ်လေးတွေ၊ စာကြောင်းအရှည်တွေမဟုတ်ဘဲ ရိုးရှင်းတဲ့စာလုံးလေးတွေ အနည်းငယ်ပါတဲ့ စာအုပ်တွေနဲ့ စတင်ထိတွေ့ပေးပါ။ 🥰

💙 (၂)နှစ်ကနေ(၅)နှစ်ကြား အရွယ်မှာတော့ စကားလုံးတွေနဲ့၊ ဝါကျအတို/စာပိုဒ်အတိုလေးတွေပါတဲ့ စာအုပ်လေးတွေကို ဖတ်ပြပေးရင်း ဝေါဟာရအသုံးအနှုန်းလေးတွေနဲ့ ထိတွေ့စေပါ။ Counting တွေ၊ Alphabet တွေ၊ လွယ်ကူတဲ့ Puzzle လေးတွေပါတဲ့ စာအုပ်လေးတွေ ဝယ်ပေးပါ။

💙 (၆)နှစ်ကနေ(၈)နှစ်ရောက်လာရင်တော့ ပုံပြင်၊ ကဗျာလေးတွေ၊ ကာတွန်းရုပ်ပြစာအုပ်လေးတွေနဲ့ Learning ကို အထောက်အကူဖြစ်စေတဲ့ သင်ကြားရေးစာအုပ်တချို့ကို ရွေးချယ်နိုင်ပါပြီ။

💙 အသက်(၉)နှစ်မှ (၁၂)နှစ်အရွယ်မှာ ကလေးဝတ္တုတို၊ ကလေးဇာတ်လမ်းလေးတွေ၊ ဇာတ်လမ်းတွဲလေးတွေ၊ ဗဟုသုတစာပေတချို့ကို စတင်ဖတ်ရှုခိုင်းပါ။

💙 (၁၂)နှစ် (၁၃)နှစ်အထက် Teenage အရွယ်ရောက်ပြီဆိုရင်တော့ သူတို့စိတ်ဝင်စားတဲ့၊ ဝါသနာပါတဲ့ စာပေနဲ့ စာအုပ်တွေကို သူတို့ကိုယ်တိုင် ရွေးချယ်တတ်သွားပြီမို့ ဖေဖေမေမေတို့က သူတို့လေးတွေ ပူဆာတဲ့စာအုပ်တွေကို ဝယ်ပေးဖို့တာဝန်ပဲ ရှိပါတော့တယ်။

သို့ပေမဲ့ ကလေးကပူဆာတိုင်း ဝယ်ပေးလိုက်တာမျိုးမဟုတ်ဘဲ သူလိုချင်တာ ဘာစာအုပ်လဲ၊ သူက ဘယ်လိုစာပေမျိုးကို စိတ်ဝင်စားနေတာလဲ၊ ဝယ်ပေးသင့်ရဲ့လားဆိုတာကို ဖေဖေမေမေတို့ကိုယ်တိုင် လေ့လာသုံးသပ်ပြီးမှ ဝယ်ပေးကြရင် အကောင်းဆုံးပါပဲ။

𝗖𝗼𝘄𝗱𝗲𝘆𝘀 သားသားမီးမီးလေးတွေကတော့ နို့ခဲလေးရဲ့အစွမ်းနဲ့ ဉာဏ်ရည်ထက်မြက်ပြီး စူးစမ်းလေ့လာမှုအားကောင်းတဲ့ ဘေဘီလေးတွေ ဖြစ်လာမှာမို့ စာဖတ်ခြင်းဝါသနာနဲ့ ထိတွေ့ပေးလိုက်ရင် IQ ရော EQ ရော မြင့်မားတဲ့ ကလေးလေးတွေဖြစ်လာမှာ အသေချာပါပဲနော်...။ 💙

ကဲ... ဘယ်လိုလုပ်ကြမလဲ မေမေတို့ရေ။🧐ဆေးတိုက်ရခက်တုန်းကလည်း သူတို့ပဲ...။𝗖𝗼𝘄𝗱𝗲𝘆𝘀 နို့ခဲလေး နဲ့တွေ့ပြီး ဆေးတိုက်ရတာ အရမ်းလွယ်...
17/11/2023

ကဲ... ဘယ်လိုလုပ်ကြမလဲ မေမေတို့ရေ။🧐

ဆေးတိုက်ရခက်တုန်းကလည်း သူတို့ပဲ...။

𝗖𝗼𝘄𝗱𝗲𝘆𝘀 နို့ခဲလေး နဲ့တွေ့ပြီး ဆေးတိုက်ရတာ အရမ်းလွယ်လွန်းသွားတော့လည်း ဆေးလို့တောင်မမြင်တော့ဘဲ (၂)လုံးနဲ့မဝဘူး၊ ထပ်စားချင်သေးတယ်ဆိုပြီး တောင်းနေလို့ ဒီမေမေမှာ ဆေးဘူးတောင်ဖွက်ထားရပါတယ်ရှင်...။ 🥰🫣

အိမ်က သားသားနဲ့မီးမီးလိုပဲ 𝗖𝗼𝘄𝗱𝗲𝘆𝘀 𝗗𝗛𝗔 နို့ခဲလေးကို (၂)လုံးထက်ပိုပြီး ထပ်တောင်းကြတဲ့ သားသား၊ မီးမီးလေးတွေရော ရှိသေးလားဆိုတာ သိချင်မိပါတယ်ရှင်။ 😉

ဘဝတူမေမေတွေရှိရင် မန့်မှာ ပြောပြခဲ့ကြပါဦးနော်...။ 😙👇

❝ သွက်လက် ထက်မြက် ဉာဏ်ရည်တက်စေ
ရင်သွေးငယ်များအတွက် 𝗖𝗼𝘄𝗱𝗲𝘆𝘀 𝗗𝗛𝗔 ❞

Address

Taungthugone Insein Yangon
Yangon

Telephone

+959253944014

Website

Alerts

Be the first to know and let us send you an email when Cowdeys DHA Omega 3 by TT Mom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram