The Elixir for your health

The Elixir for your health Your health companion

01/12/2025

📢📢 Air quality index and health
လေထုညစ်ညမ်းမှုနှင့် ကျန်းမာရေး 📢📢

🤔🤔 Air quality index (AQI) ဆိုတာ ဘာလဲ

✅ လေထုညစ်ညမ်းမှုအညွှန်းကိန်း (AQI) ဆိုတာကတော့ မိမိပတ်ဝန်းကျင်မှာရှိတဲ့ လေထုအရည်အသွေးကိုဖော်ပြသော ကိန်းဂဏန်းတစ်ခုဖြစ်ပါတယ်။

✅ AQI မြင့်လေလေလေထုညစ်ညမ်းမှု မြင့်လေလေဖြစ်လို့
နေ့စဉ်ရှူရှိုက်နေတဲ့လေထုက သန့်စင်ဖို့ လိုအပ်ပါတယ်။

✅ AQI ကိုအဆင့်ခွဲခြားသတိမှတ်ထားပြီး AQI အဆင့်ပေါ်မူတည်ပြီး ကျန်းမာရေးပြဿနာများပေါ်ပေါက်နိုင်တာမို့ သတိပြုကြဖို့လိုအပ်ပါတယ်။

📢 AQI _ 0-50:** 🟢 အစိမ်းရောင်ဖြင့်ဖော်ပြပါတယ်။ ကောင်းမွန်သည်။ လေထုအရည်အသွေးသည် ကျေနပ်ဖွယ်ဖြစ်ပြီး လေထုညစ်ညမ်းမှုကြောင့် အန္တရာယ်မရှိပါ။

📢 AQI _ 51-100:** 🟡 အဝါရောင်ဖြင့်ဖော်ပြပါတယ်။ သာမန်ဖြစ်သည်။ လေထုအရည်အသွေးသည် လက်ခံနိုင်ဖွယ်ဖြစ်သော်လည်း အချို့သောသူများသည် လေထုညစ်ညမ်းမှုကို ပိုမိုထိခိုက်လွယ်နိုင်သည်။

📢 AQI _ 101-150:** 🟠 လိမ္မော်ရောင်အဆင့်ဖြစ်ပါတယ်။ ထိခိုက်လွယ်သူများ ( ကလေးသူငယ်များ၊ ရင်ကြပ်ပန်းနာနှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါရှိသူများ၊ နှလုံးရောဂါရှိသူများ)အတွက် အန္တရာယ်ရှိသည်။ ထိခိုက်လွယ်သောသူများသည် ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများကို ခံစားရနိုင်သည်။

📢 AQI _ 151-200:** 🔴 အနီရောင်အဆင့်ဖြစ်ပါတယ်။ အန္တရာယ်ရှိသည်။ လူတိုင်းသည် ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများကို ခံစားရနိုင်သည်။

📢 AQI _ 201-300:** 🟣 ခရမ်းပုတ်ရောင်ဖြင့်ဖော်ပြသည်။ အလွန်အန္တရာယ်ရှိသည်။ အရေးပေါ်အခြေအနေများအတွက် ကျန်းမာရေးဆိုင်ရာ သတိပေးချက်များ ထုတ်ပြန်ထားသည်။ လူတိုင်း ထိခိုက်နိုင်ချေရှိသည်။

📢 AQI_ 300+:** 🟤 နီညိုရောင်ဖြင့်ဖော်ပြသည်။ အန္တရာယ်များသည်။ လူတိုင်းသည် ဆိုးရွားသော ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများကို ခံစားရနိုင်သည်။

✅ AQI မြင့်မားသောအခါ အပြင်ထွက်ခြင်းကို ရှောင်ကြဉ်သင့်ပြီး အထူးသဖြင့် ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများသည် အထူးဂရုပြုသင့်ပါသည်။

✅ AQI ကို mobile phone များ၊ social media internet ပေါ်နှင့် application များတွင်ရှာဖွေကြည့်ရှုနိုင်ပြီး၊ TVနှင့် radio သတင်းများတွင်လည်း သတိပေးချက်များနားဆင်နိုင်ပါတယ်။

✅🤔🤔🤔 ညစ်ညမ်းသောလေထုထဲတွင် ဘယ်အရာတွေကို သတိပြုရှောင်ရှားသင့်ပါသလဲ 🤔🤔🤔

_ မိမိနေထိုင်ရာပတ်ဝန်းကျင်ရှိ နေ့စဉ် AQI တန်ဖိုးကို သိရှိအောင်လုပ်ပါ။

_ လေထုညစ်ညမ်းမှုတွင် အိုဇုန်း ozone ၊ carbon mooxide ၊ sulphur dioxide နှင့် အမှုန်အမွားညစ်ညမ်းမှုများပါဝင်နေပါက နေအိမ်ပြင်ပတွင် ပြင်းထန်၍ကြာရှည်စွာလုပ်ရသော ကိုယ်လက်လုပ်ရှားမှုများကိုတတ်နိုင်သလောက်လျော့ချရပါမယ်။

_ တတ်နိုင်သရွေ့ အိမ်ထဲတွင်နေထိုင်ပါ။

_ အိမ်အပြင်ထွက်လျှင် မက်စ် mask တပ်ပါ။ တတ်နိုင်ပါက N 95 mask ကိုရွေးခြယ်တပ်ပါ။

_ အိမ်တွင်းလေသန့်စင်စက် air purifier သုံးနိုင်ပါတယ်။

_ အမှိုက်မီးရှို့ခြင်း ၊သစ်ရွက်မီးရှို့ခြင်းကို ရှောင်ကြဉ်ပါ။

_ လေထုညစ်ညမ်းမှုနှင့်ပတ်သတ်သော သတိပေးချက်များကို နားစွင့်ပါ၊ ဂရုပြုပါ၊ ဝေမျှပါ။

#ကျန်းမာရေး
#လေထုညစ်ညမ်းမှု
#အသက်ရှူလမ်းကြောင်း





01/12/2025

🧐❗❗ Childhood asthma သို့မဟုတ် ကလေးရင်ကြပ်ပန်းနာရောဂါ🧐
??ကလေးက တနှစ်ပတ်လုံးချောင်းဆိုးလိုက် နှာစေးလိုက်နဲ့ ကျောင်းပျက်ရတာတွေလည်းများနေပြီ??❗
??ကလေးကနည်းနည်းဆော့လိုက်တာနဲ့မောပြီးးချောင်းတွေဆိုးလာရော တခြားကလေးတွေလိုဆော့လို့မရဘူး??❗

🧐🤔 ကိုယ့်ရဲ့ကလေးက ဒီလိုလေးတွေဖြစ်နေလို့အဖြေရှာမရဖြစ်နေလား။ဘယ်လိုကုသကာကွယ်ရမလဲ သိချင်ရင် အောက်ကအချက်လေးတွေကို သေချာလေးလိုက်ဖတ်လေ့လာကြည့်နော် 🧐

🧐❗❗ကလေးပန်းနာရင်ကြပ်ရောဂါ ဘာလို့ဖြစ်ရတာလဲ🙄
ကလေးရဲ့အသက်ရှူလမ်းကြောင်းတလျောက်မှာ တုံ့ပြန်လွယ်ပြီးရောင်ရမ်းတတ်တာကြောင့်ဖြစ်ရတာပါ။ဘယ်လိုအခြေအနေတွေမှာဖြစ်တတ်လဲဆိုရင် ဓါတ်မတည့်တဲ့အရာတွေနဲ့ထိမိတာ ရှုမိတာ စားမိတာ ဖုန်အမှုန်တွေရှုမိ ထိမိတာ‌၊ ဆေးလိပ်ငွေ့တွေမီးခိုး‌တွေ ရှူမိတာကြောင့် ဖြစ်တတ်ပါတယ်။ virus ဗိုင်းရပ်စ်ပိုးဝင်ပြီးဖျားနာတာမျိုးဖြစ်ပြီးရင်လည်း‌ ချောင်းဆိုးမပျောက်ပဲကျန်နေတတ်တာမျိုးလည်းဖြစ်တတ်ပါတယ် ။တချို့ကလေးတွေမှာဆိုရင် ကစားတဲ့အခါ အားကစားလုပ်တဲ့အခါ‌‌အမောမခံနိုင်ပဲ ချောင်းဆိုးရင်ကြပ်ထလာတာမျိုးတွေဖြစ်တတ်ပါတယ်။ မိဘမျိုးရိုးမှာ ရင်ကြပ်ပန်းနာရောဂါရှိတာ ဓါတ်မတည့်တုံပြန်လွယ်တဲ့အခြေအနေမျိုးရှိတဲ့ ကလေးတွေမှာလည်း‌တွေ့ရတတ်ပါတယ်။ရင်ကြပ်ရောဂါကို ကုသကာကွယ်ထိန်းချုပ်တာမျိုးမလုပ်ရင် ကလေးရဲ့ နေ့စဉ်ဘဝကိုထိခိုက်တာ၊ ညအိပ်ရေးပျက်တာ၊ ကျောင်းအပျက်များတာတွေဖြစ်နိုင်ပြီး ဆိုးဝါးလာရင်တော့ ဆေးရုံတက်ပြီးကုသရတာ အရေးပေါ်အခြေအနေကုသရတာမျိုးတွေထိဖြစ်နိုင်ပါတယ်။

🤔🧐ဘယ်လိုလက္ခဏာတွေက ရင်ကြပ်တဲ့ လက္ခဏာတွေလဲ❗❗
- ကလေးအသက်ရှုတဲ့အခါ တရွှီရွှီမြည်တာ အထူးသဖြင့်ရှုထုတ်တဲ့အချိန်မှာ ပိုကြားရတတ်ပါတယ်။
- မောမယ်။ ရင်ကြပ်ထချိန်ဆို အမောမခံနိုင်ပါဘူး။ဆော့တာ စားတာ အိပ်တာ ထိခိုက်အောင်မောတတ်ပါတယ်။
- ရင်ကြပ်မယ်။
- ချောင်းတဟွတ်ဟွတ် တဂွမ်ဂွမ်ဆိုးမယ်။ဆက်တိုက်ဆိုးတဲ့အခါရှိသလို ဆိုးလိုက် ပျောက်လိုက် ပြန်ဆိုးလိုက်နဲ့ မပျောက်ပဲ ဖြစ်နေတာမျိူး ဖြစ်တတ်ပါတယ်။နှာစေး ချောင်းဆိုးပိုးဝင်ပြီးတဲ့အခါ ဆော့ကစားပြီးးတဲ့အခါ လေအေးအေးတွေရှုမိပြီးတဲ့အခါ ပိုဆိုးနိုင်ပြီး အိပ်
နေတဲ့ အခါလည်းထဆိုးနိုင် ပါသေးတယ်။
- အသက်ရှုမြန်မယ်။
- ငိုတဲ့အခါ အော်ဟစ်ပြီးတဲ့အခါ အားရပါးရရယ်မောပြီးချိန်တွေ emotional change ဖြစ်တဲ့အခါ ချောင်းဆိုးလာတာမျိုးဖြစ်တတ်ပါတယ်။
- ခုပြောခဲ့တဲ့လက္ခဏာတွေဖြစ်ရင် ရင်ကြပ်ရောဂါကို ကျွမ်းကျင်ဆရာဝန်တွေဆီမှာ သေချာကုသမှုခံယူသင့်ပါတယ်။

🧐❗❗ဘယ်အချိန်မှာ အရေးပေါ်ဆရာဝန်နဲ့ပြသသင့်လဲဆိုရင်တော့
- အသက်ရှုရခက်ခဲလို့ မောလို့ အသက်ရှုလိုက်တိုင်းရင်ဘက် နံရိုးချိုင့်အောင့် အသက်ရှုနေရရင်
- ဝမ်းဗိုက်ကိုအသုံးပြုပြီးအသက်ရှုနေရရင်
- နှလုံးခုန်နှုန်းတွေအရမ်းမြန်လာရင်
- အသက်ရှုတဲ့အခါ နှာခေါင်းထိပ်ဝလေးတွေ ပွစိပွစိ ဖြစ်ပြီး အသက်ရှူနေရရင်
- ချွေးစေးတွေထွက်ပြီး ရင်ဘက်အောင့်တယ်ပြောရင်တော့ အရေးပေါ်ဌာနကို သွားရောက်ပြသသင့်ပါတယ်။

❗ရင်ကြပ်ကိုပိုဆိုးစေတဲ့အရာတွေကတော့
အပေါ်မှာပြောခဲ့တဲ့အချက်တွေဖြစ်တဲ့
- virus ပိုးဝင်တာ
- ပတ်ဝန်းကျင်လေမသန့်တာ
- ဖုန်တွေအမှုန်တွေရှိနေတာ
- အိမ်မွေးတိရိစ္ဆာန်တွေရဲ့ အမွှေးအမျှင်တွေထိမိရှုမိတာ
- လှုပ်လှုပ်ရှားရှားကစားတာ
- ရာသီဥတုအပြောင်းအလဲဖြစ်ချိန်တွေမှာ ပဲဖြစ်ပါတယ်။

💊💉❗ရင်ကြပ်ရောဂါကိုစစ်ဆေး ကုသကာကွယ်ခြင်း
- ရင်ကြပ်ရောဂါလို့ ရောဂါနာမည်တပ်ဖို့အတွက် ဖြစ်တဲ့ရောဂါလက္ခဏာ ရောဂါရာဇဝင်ကိုသေချာစစ်ဆေးမေးမြန်ပြီး အခြားအသက်ရှူလမ်းကြောင်းရောဂါတွေ မဟုတ်ကြောင်းသေချာစစ်ဆေးထားဖို့လိုအပ်ပါတယ်။
- ဓါတ်မတည့်မှုကြောင့်ဖြစ်တဲ့ ရင်ကြပ်ရောဂါဆိုရင် မတည့်အရာကို စစ်ဆေးရှာဖွေရပါမယ်။
- ကုသခြင်းကတော့ ကလေးတစ်ယောက်နဲ့တစ်ယောက်က ရောဂါ အခြေအနေအတိမ်အနက်ပေါ်လိုက်ပြီးမတူနိုင်ပါဘူး။ ပန်းနာရင်ကြပ်ရောဂါဟာ လုံးဝပျောက်အောင်မကုသနိုင်ပါဘူး။ ရင်ကြပ်မထလာအောင် ရှောင်ကြဉ်ရမှာတွေနဲ့ ကာကွယ်ပြီး ထိန်းချုပ်ထားနိုင်ဖို့အရေးကြီးပါတယ်။ ရင်ကြပ်ရောဂါကုသထိန်းချုပ်ခြင်းကိုဘယ်လိုအခြေအနေမျိုးထိ ထိန်းထားသင့်လဲဆိုရင်တော့
- ရင်ကြပ်လက္ခဏာတွေ လျော့ပါးအောင် သို့ဟုတ် လုံးဝ သက်သာနေအောင်
- ရင်ကြပ်ထတဲ့အကြိမ်‌ရေ နည်းသွားအောင် သို့မဟုတ် လုံးဝမရှိအောင်
- ‌ကလေးရဲ့နေ့စဉ်ဘဝ စားတာ ကစားတာ အိပ်တာ ကို အနှောက်အယှက် အတားအဆီးမဖြစ်အောင်
- အရေးပေါ်ဆေးရှူရတဲ့ အခိုက်အတန့် နည်းနိုင်သမျှနည်းအောင်
- စွဲသုံးရတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး နည်းနိုင်သမျှ နည်းအောင် မိဘနဲ့ဆရာဝန်ပူးပေါင်းပြီး ကြိုးစားရမှာဖြစ်ပါတယ်။

💊💊ကာကွယ်ကုသရမှာသုံးရတဲ့ဆေးတချို့ကို နားလည်လွယ်အောင်ပြောပြပေးမယ်နော်။
အသက်ရှူလမ်းကြောင်းရဲ့တုံ့ပြန်လွယ်မှုကြောင့်ဖြစ်တဲ့ရောင်ရမ်းမှုကိုလျော့ချဖို့အတွက်
ဆေးစွဲသောက်ရတာတွေ၊ ဆေးစွဲရှူရတာတွေလုပ်ရနိုင်ပါတယ်။ ဆေးတမျိုးထဲပါတာဖြစ်သလို နှစ်မျိုးပေါင်းထားတဲ့ရှု‌ဆေးရှုရပါတယ်။ ဆေးရှူရတာတော့ ဘေးထွက်ဆိုးကျိုးနည်းပါတယ်။ အမြဲတသက်လုံးရှူရမှာလား ဆိုရင်တော့တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ဖြစ်တဲ့‌ရောဂါပမာဏ ရောဂါထိန်းချုပ်နိုင်မှုပေါ်မူတည်ပြီး လိုတိုးပိုလျော့လုပ်ရပါတယ်။
- ဆေးရှူဖို့အတွက် တနှစ်အောက်ကလေးတွေနဲ့ အရေးပေါ်အခြေအနေအတွက်ဆို nebulizer လို့ခေါ်တဲ့ဆေးရှူစက်ကိုသုံးရပါတယ်။
ငယ်ရွယ်တဲ့ကလေးတွေအတွက် inhaler ရှူဆေးပန်းဆေးဘူးကိုမှ face mask တွဲပါတဲ့ spacer နဲ့ရှူသင့်ပါတယ်။
ကလေးကြီးတွေကတော့ မှန်ကန်တဲ့ရှူနည်းကိုသင်ကြားပေးပြီး pressurized metered dose inhaler တိုက်ရိုက်သုံးပြီးရှူနိုင်သလို spacer ခံပြီးလည်းရှူနိုင်ပါတယ်။

📱❗❗ရင်ကြပ်ပန်းနာကလေးလေးကို ပိုင်ဆိုင်ထားတဲ့မိဘတွေအနေနဲ့ ထပ်ဆောင်းလုပ်သင့်တာလေးတွေပြောပြပေးမယ်နော်။❗❗
- ရင်ကြပ်ပန်းနာ မှတ်စုစာအုပ် လုပ်ထားသင့်ပါတယ်။ရင်ကြပ်ထတဲ့နေ့ရက်တွေ၊ ဖြစ်ပေါ်တဲ့ရောဂါလက္ခဏာတွေ၊ မတည့်တဲ့အရာတွေ၊ ကုသမှုမှတ်တမ်းတွေ၊ ပျောက်ကင်းတဲ့ အချိန်ကာလတွေရယ် သေချာမှတ်သားထားပြီး ရင်ကြပ်‌ရောဂါ ထိန်းချုပ်နိုင်ဖို့ ဆရာဝန်နဲ့ပူးပေါင်းဆောင်ရွက်ရပါမယ်။ဒီမှတ်စုကို မိတ္တူပွားထားပြီး ကျောင်းကဆရာမ၊ အမြဲအတူတွဲတတ်တဲ့ သူငယ်ချင်းမိဘတွေ ဆီကိုလည်းပေးထားသင့်ပါတယ်။
- ရင်ကြပ်ပန်းနာထိန်းချုပ်မှုအတွက်ရှူဆေးသောက်ဆေးတွေကိုလည်းနေ့စဉ်စားသောက်နေထိုင်မှုပုံစံတွေထဲကတခုလို့ မှတ်ယူပြီး လိုအပ်သလောက်စွဲမြဲစွာ သုံးစွဲရမှာ ဖြစ်ပါတယ်။
- ကလေးရဲ့နေ့စဉ်ဘဝမှာ ရင်ကြပ်ကိုထိန်းချုပ်နိုင်ပြီး ဆော့ကစားနိုင်ဖို့ လှုပ်ရှားနိုင်ဖို့ကိုလည်း စိတ်ဓါတ်မကျဖို့ အားပေးကူညီသင့်ပါတယ်။
-ရင်ကြပ်ရောဂါရှိတဲ့ကလေးအချင်းချင်း မိဘအချင်းချင်း တွေ့ဆုံတာ ဆွေးနွေးတာ အားပေးတာမျိုးတွေလုပ်သင့်ပါတယ်။
-နောက်ဆုံးအနေနဲ့အရေးကြီးဆုံးအချက်ဖြစ်တဲ့ ရင်ကြပ်ထစေနိုင်တဲ့အရာတွေကို အမြဲ‌ရှောင်ရှားပြီး ဆောင်သင့်တာတွေ ထပ်လောင်းပြောပြပေးပါမယ်။
- ရင်ကြပ်စေတဲ့ ဓါတ်မတည့်တာ ဖုန် အမှုန် နဲ့ ညစ်ညမ်းတဲ့လေ ကို မရှုမိအောင်နေထိုင်းရပါမယ်။
-အိမ်တွင်းမှာ စိုထိုင်းမှုတွေကိုလျော့ချရပါမယ်။ စိုစွတ်တဲ့ဒေသတွေမှာဆို dehumidifier ကိုသုံးပေးလို့ရပါတယ်။
-အိမ်တွင်းလေ ကို သန့်စင်အောင် မညစ်ညမ်းအောင်ထားပါ။ လိုအပ်လျှင် air con သုံးနိုင်ပါတယ်။ air con သုံးရင်လည်း air con filter ကိုပုံမှန်ဆေးကြောတာ လဲလှယ်တာမျိုး လုပ်ရပါမယ်။
-Air con အသုံးမပြုနိုင်ရင်လည်း အပင် ပန်းမာန် ဝတ်မှုန်ထွက်တဲ့ရာသီများ ဖုန်ထူတဲ့ရာသီမျိုးဆို ပြတင်းပေါက်ပိတ်ထားခြင်းက အိမ်တွင်းလေထုကို ဖုန် အမှုန်များ လျော့ချစေပါတယ် ။
-အိမ်သန့်ရှင်းရေးပုံမှန်လုပ်ပေးပါ။ အနည်းဆုံးတပတ်တခါတော့ ရေဘတ်တိုက်တာ ဖုန်ရှင်းတာလုပ်သင့်ပါတယ်။
-အိမ်မွေးတိရိစ္ဆာန်မမွေးရင် အကောင်းဆုံးပါ။အမွေးအမျှင်ထွက်တဲ့ အိမ်မွေးအကောင်လေးတွေဆို ပိုဆိုးပါတယ်။
-ကလေးကို လေအေးအေးတွေမရှုမိစေဖို့ နဲ့ အေးသောလေတိုက်တဲ့အချိန်တွေနေရာတွေဆို mask တပ်ခြင်းဖြင့် လေအေးရှုမိခြင်းမှ ကာကွယ်နိုင်ပါတယ်။
ကဲ ဒီလောက်ဆို အတော်လေးလည်းစုံပြီး ရှည်လျားနေပြီမို့ နောက် topic တွေမှာ ပြန်တွေ့ပါမယ်နော်။
#ရင်ကြပ်ပန်းနာ
#ကလေး


တဆောင်းသစ်ပြီနော်
21/11/2025

တဆောင်းသစ်ပြီနော်

📢❄️❄️ ဆောင်းရာသီ နဲ့ အရေပြားပြဿနာများ 🥶

ရန်ကုန်ဆောင်းကတော့ ပြောပလောက်အောင်မအေးပေမဲ့ ခြောက်သွေ့တဲ့လေအေးကို ခံစားလာရတာတော့အမှန်ပါပဲ။
အေးပြီး ခြောက်သွေ့တဲ့လေကြောင့် အရေပြားခြောက်သွေ့တဲ့ပြဿနာကိုလည်းကြုံလာရပါတယ်။

❄️❄️ ဆောင်းတွင်းရောက်လာပြီဆိုရင်တွေ့ကြုံရတဲ့ စိတ်ကသိကအောင့်ဖြစ်ရတဲ့အရေပြားပြဿနာလေးတွေကတော့ ❄️❄️

🥶 အရေပြားရေဓါတ်ခမ်းခြောက်တာကြောင့် အရေပြားတင်းတင်းကြီးဖြစ်တာ၊ အက်ကွဲတာ၊ အဖတ်လန်တာမျိုးတွေဖြစ်တတ်ပါတယ်။

🥶 နှုတ်ခမ်းမှာလည်း နှုတ်ခမ်းခြောက်တာ၊ ကွဲတာ အဖတ်လန်တာတွေ‌ တွေ့ရတတ်ပါတယ်။

🥶 အရေပြားယားယံတာဖြစ်ပါတယ်။ အရေပြားခြောက်သွေ့တာကြောင့် ယားယံနိုင်ပြီးတော့ ကုတ်တာ ဖဲ့တာကတဆင့် အနာဖြစ်တာ ပိုးဝင်တာမျိုးဖြစ်တတ်ပါတယ်။ နဂိုလ်ရှိရင်းစွဲ နှင်းခူ၊ ဓါတ်မတည့်သမားတွေမှာ ပိုမို ဆိုးရွားနိုင်ပါတယ်။

🥶 ဝက်ခြံကြွတာ ဝက်ခြံအသစ်ဖြစ်တာဖြစ်တတ်ပါတယ်။သာမာန်အားဖြင့်တော့ အရေပြားခြောက်သွားတာ အဆီပြန်တာသက်သာသွားတာကြောင့် ဝက်ခြံသက်သာသယောင်ထင်ရပေမဲ့ အရေပြားခြောက်တာကြောင့် အရေပြားရဲ့ barrier ပျက်စီးတာကြောင့်ရယ် အစိုဓါတ်လိမ်းခရင် အလိမ်းများတာကြောင့်လည်း ဝက်ခြံထွက်တတ်ပါတယ်။

🥶 ခြေဖနှောင့်ကွဲတာ ဖြစ်တတ်ပါတယ်။သူကတော့ တော်တော်လေး နေရခက်ပြီး ကသိကအောင်ဖြစ်တာ နာကျင်တာတွေထိဖြစ်တတ်ပါတယ်။

🥶 ခေါင်းထဲမှာ ဗောက်ထတာ၊ ဦး‌ရေပြား အဖတ်လန်တာ ယားဖု၊ အနာဖုလေးတွေ ထွက်တာဖြစ်တတ်ပါတယ်။ ရာသီဥတုအပြောင်းအလဲကြောင့် ဦး‌ရေပြား ခြောက်သွေ့တာအပြင် ဦးရည်ပြားက မှိုကြောင့် လည်းဖြစ်တတ်ပါတယ်

📢📢❄️❄️ ကာကွယ်ကုသမှုတွေ ဘာတွေလုပ်ရမလဲ🤔

😀 အရင်ဆုံးကတော့ ဆောင်းရာသီရဲ့ အဓိက ပြဿနာ ခြောက်သွေ့မှုတွေကို ကာကွယ်ဖို့က ခန္ဓာကိုယ်အတွင်း ရေဓါတ်ပြည့်ဝနေဖို့ ရေများများသောက်ဖို့ အရေးကြီးပါတယ်။

😀 ခန္ဓာကိုယ်ပြင်ပ အတွက်ကတော့ အစိုဓါတ်လိမ်းဆေး moisturizer lotion လိမ်းနိုင်ပါတယ်။ ခြောက်လွန်းတဲ့အသားအရည်တွေအတွက်တော့ အစိုဓါတ် ပိုမိုရနိုင်တဲ့ moisturizer cream တို့ ointment တို့ကို ရွေးခြယ်လိမ်းနိုင်ပါတယ်။ moisturizer ကို ရေချိုးပြီးခါစ တကြိမ် ညအိပ်ရာမဝင်ခင်တကြိမ် လိမ်းနိုင်ပါတယ်။

😀 နှုတ်ခမ်းကို လည်း moisturizing affect ရေဓါတ်ဖြည့်ပေးနိုင်တဲ့ နှုတ်ခမ်းနီသုံးပေးတာ ointment petroleum jelly လိမ်းတာ လုပ်နိုင်ပါတယ်။ နှုတ်ခမ်းကိုလျာနဲ့သပ်တဲ့ အလေ့အကျင့်ကလည်း နှုတ်ခမ်းကို ပိုမို ခြောက်သွေ့စေလို့ သတိထားသင့်ပါတယ်။

🤔ဆောင်းတွင်းမှာ scrub/ exfoliating လုပ်သင့်လားဆိုရင်တော့ အရေပြားဆဲလ်အသေတွေ ကွာကျတာ အဖတ်လန်တာအတွက် မပြင်းတဲ့ scrub အမျိုးအစားကို ချင့်ချိန်သုံးနိုင်ပါတယ်။ scrub အလွန်အကျွံ သုံးစွဲတာကတော့ အရေပြားကို ပိုမိုခြောက်သွေ့စေနိုင်ပါတယ်။

😀Suncreams နေရောင်ကာဆီ သေချာလိမ်းပါ။

😀ခြေဖဝါးလက်ဖဝါးတွေကို လည်း အစိုဓါတ်လိမ်းခရင်သုံးရပါမယ်။ ခြေဖနှောင့်ကွဲတတ်သူတွေအနေနဲ့ကတော့ ခြောက်သွေ့တာကိုသတိထားမိတာနဲ့ အစိုဓါတ်လိမ်းခရင်လိမ်းပေးနိုင်ရင်ကောင်းပါတယ်။ ညအိပ်ရာမဝင်ခင် သေချာလိမ်းပေးပြီး ခြေအိတ်လေးစွတ်ပြီး အိပ်နိုင်ပါတယ်။

😀ဦးရေပြားအတွက်တော့ salicylic, ketoconazole, zinc စသဖြင့်ပါတဲ့ ခေါင်းလျော်ရည်ကို တပတ်သုံးကြိမ်လောက်ထိ သုံးပေးလို့ရပါတယ်။

😀 ရေချိုးတဲ့အခါ မပူလွန်း မအေးလွန်းတဲ့ ကြက်သီးနွေးရေလေးနဲ့ ချိုးသင့်ပါတယ်။ ရေအကြာကြီးချိုးတာ ရေခဏခဏချိုးတာကလည်း အရေပြားကို ပိုခြောက်သွေ့စေပါတယ်။ ပြင်းလွန်းတဲ့ ဆပ်ပြာတွေကိုလည်း ဆောင်းတွင်းမှာရှောင်သင့်ပါတယ်။

😀 Humidifier သုံးနိုင်ပါတယ်။

ကဲ ဒီလောက်ဆိုရင်တော့ ဆောင်းရာသီကြောင့် ကသိကအောင့်ဖြစ်ရတာတွေ သက်သာပြီး ဆောင်းတွင်းရဲ့အရသာကို နွေးနွေးထွေးထွေးပျော်ပျော်ရွှင်ရွှင် ခံစားနိုင်ပြီ‌ထင်ပါတယ်နော်😀

#ဆောင်းရာသီ
#အရေပြား
#ကျန်းမာရေး



21/11/2025

📢📢🧐 ဇိမ်ခံသောလူနေမှုပုံစံနှင့် ပျံ့ပွားလာနေသော မကူးစက်တတ်သောရောဂါများအကြောင်း ❗❗

_ ?? တနှစ်တနှစ်ကို ကမ္ဘာလူဦးရေ 41 သန်းလောက်က မကူးစက်တတ်သောရောဂါများနဲ့သေဆုံးနေတာ သင်သိပါသလား။
_ ?? အဖြစ်များလာတဲ့ မကူးစက်တတ်သောရောဂါတွေက ဘာတွေလဲ သင်သိပါသလား။

#မကူးစက်တတ်သောရောဂါများကတော့ မျိုးရိုး၊ ပြောင်းလဲလာသော ဇီဝဖြစ်ပျက်မှု၊ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှု၊ လူနေမှုပုံစံပြောင်းလဲလာမှုနဲ့ အများကြီးသက်ဆိုင်မှုရှိပြီး နာတာရှည်ရောဂါများဖြစ်ပါတယ်။

_ အဖြစ်အများဆုံး မကူးစက်တတ်သောရောဂါများကတော့

(၁)နှလုံးသွေကြောနှင့်ဆိုင်သောရောဂါများနှင့် လေဖြတ်ခြင်း
(၂)ကင်ဆာရောဂါများ
(၃)နာတာရှည်အဆုတ်ရောဂါများ(အဆုတ်ပွ‌ရောဂါ ၊ပန်းနာရင်ကြပ်ရောဂါ)
(၄)ဆီးချိုရောဂါ နှင့်
(၅)စိတ်ကျန်းမာရေးဆိုင်ရာရောဂါပြဿနာများ ပဲဖြစ်ပါတယ်။

#မကူးစက်တတ်သောရောဂါများကတော့ ကမ္ဘာပေါ်မှာ ဝင်ငွေ အသင့်အတင့်ရှိသောနိုင်ငံများနဲ့ ဝင်ငွေနိမ့်သောနိုင်ငံများမှာ အဖြစ်များတာတွေ့ရပြီး ကမ္ဘာလူဦးရေရဲ့ သုံးပုံတပုံကိုထိခိုက်တာကိုတွေ့ရပါတယ်။

#မကူးစက်တတ်သောရောဂါများရဲ့ တရားခံတွေကဘာတွေ ဖြစ်မလဲ။

_ ဆေးလိပ်၊ ဆေးရွက်ကြီး သောက်သုံး၊သုံးစွဲခြင်း
_ အရက်သေစာ အလွန်အကြူးသောက်သုံးခြင်း
_ လေထုညစ်ညမ်းခြင်းနဲ့
_ ကျန်းမာရေးနဲ့မညီညွတ်သောက်အစားအသောက်များစားသုံးခြင်း
_ ဇိမ်ခံသော လူနေမှု ဘဝ ပုံစံတွေကြောင့်ဖြစ်ပါတယ်။

🤔 ဒီနေရာမှာ ဇိမ်ခံတယ်ဆိုတာ ကြွယ်ဝချမ်းသာခြင်းနှင့်မသက်ဆိုင်ပါဘူး။
🧐 ဇိမ်ခံသောလူနေမှုဆိုတာ ❗❗
_ နေ့စဉ်ဘဝမှာ မလှုပ်မရှားနဲ့ အထိုင်များခြင်း၊
_ အချိန်ကြာမြင့်စွာလှဲလျောင်းခြင်းနဲ့
_ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းမလုပ်ခြင်းပဲဖြစ်ပါတယ်။

🙅 နေ့စဉ်ဘဝမှာ TV သို့မဟုတ် screentime ကိုကြာရှည်စွာ ထိုင်လျက် လှဲလျက်ကြည့်ရှုတာ၊ ဂိမ်းကစားတာ၊ ကွန်ပြူတာရှေ့မှာ အကြာကြီးထိုင်ပြီး အလုပ်လုပ်တာ၊ လမ်းလျောက်တာ မလုပ်ဖြစ်ပဲ ကား ဆိုင်ကယ်စတဲ့ automobile တွေပဲ အစီးများတာ၊ အထိုင်များတဲ့အလုပ်တွေလုပ်ရတာတွေက ဇိမ်ခံသောလူနေမှုတွေမှာပါဝင်နေတတ်ပါတယ်။

#မကူးစက်တတ်သောရောဂါများရဲ့ နောက်ထပ်ဖြစ်နိုင်ချေတွေကတော့ လူတယောက်ခြင်းစီရဲ့ ဇီဝဖြစ်ပျက်မှု
မတူညီမှုတွေ ဖြစ်တဲ့

_ သွေးအတွင်းအဆီများခြင်း
_ သွေးအတွင်းသကြားဓါတ်များခြင်း
_ အဝလွန်ခြင်း
_ သွေးပေါင်ချိန်မြင့်တက်ခြင်း
စသဖြင့် မူတည်ပါတယ်။

💊💊📢 ကာကွယ်ကုသမှုတွေအနေနဲ့ကတော့

🙄 ရောဂါကို စောစီးစွာသိရှိဖို့အတွက် လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်သင့်ပါတယ်။
🤔 ရောဂါကိုသိရှိလျှင် ဖြစ်တဲ့ရောဂါ လက္ခဏာတွေ သက်သာဖို့အတွက် ကုသမှုခံယူသင့်ပါတယ်။
🧐 စစ်ဆေးမှုတွေအနေနဲ့ သွေးပေါင်တိုင်းတာခြင်း၊ သွေးအတွင်းအချိုဓါတ်တိုင်းတာခြင်း၊သွေးအဆီဓါတ်တိုင်းတာခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း၊ ဖြစ်ပေါ်လာသောရောဂါလက္ခဏာများအတွက် လိုအပ်သော စစ်ဆေးမှုများကို စစ်ဆေးကြည့်သင့်ပါတယ်။

🔍🔍 အရေးကြီးတဲ့ကာကွယ်ကုသမှုအနေနဲ့ကတော့
#လူနေမှုပုံစံပြောင်းလဲဖို့ပဲ ဖြစ်ပါတယ်

(၁) ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်များကိုရွေးခြယ်စားသုံးပါ။စားသောက်တဲ့ပမာဏကို ချင့်ချိန်စားသုံးပါ။ ကစီဓါတ်၊ အသားဓါတ်နှင့် အဆီဓါတ် အာဟာရမျှတစွာပါဝင်တဲ့ အစားအသောက်များနှင့်အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာများကိုစားသုံးသင့်ပါတယ်။ ကြာရှည်ခံအောင်ပြုလုပ်ထားတဲ့အစားအစာများကို‌ရှောင်ကြဥ်သင့်ပါတယ်။ အငံဓါတ်လွန်ကဲသော အစားအစာများကို လျော့စားသင့်ပါတယ်။

(၂) ပုံမှန်ကိုယ်လက်လှုပ်ရှားမှုကို နေ့စဉ်ပြုလုပ်ပေးပါ။လမ်းလျောက်ပါ။

(၃) သင့်တင့်မျှတစွာ အိပ်စက်အနားယူပါ။ပျှမ်းမျှ ညအိပ်ချိန် ၆_၈ နာရီရှိခြင်းက ကျန်းမာတဲ့စိတ်နဲ့ ခန္ဓာကိုယ်အတွက်အရေးကြီးပါတယ်။ အိပ်ရေးမဝခြင်းက စိတ်ဖိစီးမှုတွေနဲ့ သွေးပေါင်းချိန်ပြောင်းလဲမှူကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(၄) စိတ်လက်ကြည်သာအောင်နေထိုင်ပါ။ တရားထိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု လုပ်ခြင်းက စိုးရိမ်ကြောင့်ကြမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ စိတ်ဓါတ်ကျခြင်းတွေအတွက် အထောက်အကူပြုနိုင်ပါတယ်။

(၅) ဆေးလိပ် အရက်နဲ့ ကွမ်း သုံးစွဲခြင်းကိုရှောင်ကြဉ်ခြင်းက ကင်ဆာရောဂါ၊ အသဲရောဂါ၊ အဆုတ်ရောဂါနဲ့ အခြားမကူးစက်နိုင်တဲ့ရောဂါပြဿနာတွေကို လျော့ချကာကွယ်ပေးနိုင်ပါတယ်။

😃 ကဲဒီလောက်ဆိုရင်‌တော့ မကူးစက်နိုင်တဲ့ရောဂါတွေ မပျံ့ပွားဖို့အတွက် လက်လှမ်းမှီသလောက်ကြိုတင်ကာကွယ်နိုင်ကြပြီထင်ပါတယ်။


#မကူးစက်တတ်သောရောဂါများ
#သွေးတိုး
#ဆီးချို
#ကင်ဆာ
#အဆုတ်
#စိတ်ကျန်းမာရေး
#ကျန်းမာရေး

2024 မှာ လုပ်ဖြစ်ကြရဲ့လား
21/11/2025

2024 မှာ လုပ်ဖြစ်ကြရဲ့လား

ကျန်းမာသောစားသောက်နေထိုင်မှုပုံစံ 💪🏋️
HealthyLifestyle ⛹️🚶🏃

📆🗓️ နှစ်သစ်တခုရောက်ခဲ့ပြန်ပြီမို့ နှစ်သစ်မှာ ဘာတွေလုပ်ရမယ်၊ ဘာတွေဖြစ်ရမယ်ဆိုတဲ့ ရေတိုရေရှည်ရည်မှန်းချက်တွေ ချတတ်ကြပါတယ်။

တနှစ်ပတ်လုံးမှာ ကျန်းမာပျော်ရွှင်နေဖို့ကလည်း အဖိုးတန်ရည်မှန်းချက်တခုပဲ ဖြစ်ပါတယ်။

မကျန်းမာတဲ့အခါ ပျော်ရွှင်စရာ‌ကောင်းတဲ့နေ့ရက်တွေရဖို့ အကန့်အသတ်တွေ ဖြစ်လာနိုင်တာမို့
ကျန်းမာပျော်ရွှင်တဲ့ စားသောက်နေထိုင်မှုပုံစံကို နှစ်သစ်အစက စပြီး လိုက်နာကျင့်သုံးနိုင်အောင် ပြောပြပေးသွားမယ်နော်။

🤔 ကျန်းမာစေတဲ့ စားသောက်မှုပုံစံ 🥗🍅🥦

_ စားမဲ့အစားအစာထဲမှာ သင့်တင့်မျှတဲ့ အာဟာရအုပ်စုတွေ (အသားဓါတ်၊ကစီဓါတ်၊အဆီဓါတ်နဲ့ vitamin သတ္တုဓါတ်တွေ) ပါဖို့အရေးကြီးသလို စားတဲ့ ပမာဏကလည်း သင့်တင့်ရုံသာစားဖို့နဲ့ စားတဲ့အကြိမ်အရေအတွက်ကလည်း မှန်ကန်ဖို့လိုပါတယ်။

_ အဲလို စားသုံးတဲ့အခါမှာ ပြည့်ဝဆီတွေ၊ ကိုလက်စရောများတဲ့ အစားအစာတွေကို လျော့ပြီးစားသင့်ပါတယ်။

_ အချို၊ အငံ နဲ့အဆီတွေကို တတ်နိုင်သမျှ ထိန်းချုပ်စားဖို့လည်း အရေးကြီးပါတဲ့။

_ အမျှင်ဓါတ်များတဲ့ အစားအစားတွေ ဖြစ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို နေ့စဉ်ဘဝမှာ မဖြစ်မနေထည့်သွင်း စားသုံးပေးသင့်ပါတယ်။

_ ကောင်းမွန်တဲ့ အ‌ဆီတွေဖြစ်တဲ့ ပဲဆီ၊ သံလွင်ဆီ၊ အ‌စေ့အဆံတွေနဲ့ ဆယ်လ်မွန်ငါး၊ ငါးသေတ္တာငါးတို့ကို စားသုံးနိုင်ပါတယ်။

🤔 ကျန်းမာစေတဲ့ ကိုယ်လက်လှုပ်ရှားမှု 💪🏃

_ နေ့စဉ် တနေ့ကို မိနစ်သုံးဆယ်ခန့် ကိုယ်လက်လှုပ်ရှားမှုလုပ်ရပါမယ်။

_ လမ်းလျှောက်တာ၊ မိမိနဲ့သင့်တော်တဲ့ အားကစားတခုခုလုပ်တာ၊ ကခုန်တာ၊ ရောဂကျင့်တာ၊ ပြေးတာ စသဖြင့် ပြုလုပ်နိုင်ပါတယ်။

🤔 ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း 👀

_ Central obesity လိုခေါ်တဲ့ ခန္တာကိုယ်အလယ်ပိုင်း ဝမ်းဗိုက်နေရာ ဆူပြီး ဝလာရင်တော့
အသဲအဆီဖုံးခြင်းနဲ့ ရောဂါတွေ ဖြစ်လာတတ်လို့ ကျန်းမာစေဖို့ ခန္တာကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ လိုအပ်ပါတယ်

🤔 ဆေးလိပ်ဖြတ်ပါ။

🤔 အရက်အလွန်အလွန်အကျွံသောက်ခြင်းမှရှောင်ကျဉ်ပါ။

🤔 လိင်မှာတဆင့်ကူးစက်သောရောဂါများနဲ့ HIV/AIDS ရောဂါများမှ ကာကွယ်နိုင်ရန် လိင်ဆက်ဆံတဲ့အခါ အကာအကွယ်ပစ္စည်း ကွန်ဒုံးသုံးစွဲပါ။

🤔 တနေ့ နှစ်ကြိမ် သွားတိုက်ပြီး ခံတွင်းကျန်းမာရေး ဂရုစိုက်ပါ။

🤔 ပူပြင်းသောနေရောင်ကို‌ ရှောင်ကြဥ်ပါ။မနက်ဆယ်နာရီမှ ညနေ သုံးနာရီထိ နေရောင်ပြင်းပြင်းကိုရှောင်ကျဉ်ပါ။ နေ‌ရောင်ကာလိမ်းဆေး sunscreen လိမ်းပါ။

🤔 စိတ်ကျန်းမာရေးအတွက်ကတော့

_ မိသားစု၊ သူငယ်ချင်းတွေနဲ့ ‌ထိတွေ့ဆက်သွယ်ပါ။
_ ပတ်ဝန်းကျင် မိတ်ဆွေ အဖွဲ့အစည်းများတွင်ပါဝင်နေထိုင်ပါ။
_ အကောင်းမြင်စိတ်မွေးမြူပါ။ပျော်ရွှင်စွာနေထိုင်ပါ။
_ အိပ်ရေးဝဝအိပ်ပါ။
_ စိတ်ဖိစီးမှုကို သိရှိပြီး လျော့ချပါ။

ကဲ ဒီလောက်ဆိုရင်တော့ ၂၀၂၄ ကစပြီး ရေတိုရော ရေရှည်မှာပါ ကျန်းမာပျော်ရွှင်စေဖို့ နေထိုင်စားသောက်မှု ပုံစံ ကို အတူတူ လုပ်ဆောင်ကြဖို့ အဆင်သင့်ဖြစ်ပြီ ထင်ပါတယ် 😀

#ကျန်းမာရေး
#ကျန်းမာသောနေထိုင်မှု
#ကျန်းမာသောစားသောက်မှု


#2024

21/11/2025

🧐😶 စအိုဝက တစ်စို့စို့နဲ့နေရတာ အဆင်မပြေလိုက်တာ
🧐🙄 စအိုဝမှာ အသားပိုလိုလေး လိပ်ခေါင်းထွက်နေတာများလား??
🧐😔 ဝမ်းသွားပြီးတိုင်း သွေးကျနေတာ လိပ်ခေါင်းများဖြစ်နေပြီလား ??

📢📢 ကဲ လိပ်ခေါင်း အကြောင်းလေး စလိုက်ကြမယ်နော်❗❗

🧐 လိပ်ခေါင်းဆိုတာက စအိုဝ၊ စအိုအတွင်းပိုင်း၊ အစာဟောင်းအိမ် အူမကြီးအောက်ဆုံးပိုင်းတို့မှာ ရှိတဲ့ သွေးပြန်ကြောတွေ ကျယ်ခြင်းဖောင်းကားရောင်ရမ်းခြင်းကနေ အစပြုလို့ ဖြစ်လာရတာပါ။

🧐လိပ်‌ခေါင်းရောဂါကအသက်အရွယ်ကြီးရင့်သူတွေမှာအဖြစ်များတတ်ပေမဲ့ အဓိကအကြောင်းရင်းကတော့ ဝမ်းဗိုက်အတွင်းဖိအားများစေတဲ့အကြောင်းအရာတွေမှာ ဖြစ်တတ်ပါတယ်။ အဲဒီဖိအားတွေက စအိုပတ်လည်ကသွေးပြန်ကြောတွေအပေါ် ဖိတာကြောင့် သွေးပြန်ကြောတွေကတင်းပြီး ဖောင်းပြီး ကျယ်လာရတာပါ။

အဲလိုဖြစ်စေတဲ့အကြောင်းအရာတွေကတော့
_ ဝမ်းကို တအားညစ်ပြီးသွားရတာများတဲ့အခါ
_ အိမ်သာကြာကြာထိုင်တတ်တဲ့သူတွေ
_ အထိုင်များတဲ့သူတွေ
_ ဝ တဲ့သူတွေ
_ ကိုယ်ဝန်ဆောင်တွေ
_ အလေးပင်မ ရသူတွေ
_ စအိုနဲ့လိင်ဆက်မှု ပြုလေ့ရှိသူတွေ
_ အမျှင်ဓါတ်စားသောက်မှုနည်းသူတွေမှာ အဖြစ်များပါတယ်။

🤔အမျိုးအစားအားဖြင့်တော့
အများအခေါ် အတွင်းလိပ်နဲ့ အပြင်လိပ် ဆိုပြီးသိကြပါတယ်။

❗Internal hemorrhoids လို့ခေါ်တဲ့အတွင်းလိပ်ခေါင်းကတော့ စအိုရဲ့အတွင်းဘက်ရယ် စအိုမှာရှိတဲ့ သွေးပြန်ကြောတွေကနေဖြစ်ပြီး အတွင်းဘက်မှာရှိတတ်ပါတယ်။
_ သူကတော့ မမြင်ရသလို ဝေဒနာခံစားမှုမပြပဲ ရှိနေတတ်ပါတယ်။
_ ဝမ်းညစ်ရတဲ့အခါ မှာတော့ စအိုဝတစ်စိုစို့ဖြစ်တာ နေသာထိုင်သာမရှိတာမျိုးတော့ ခံရနိုင်ပါတယ်။
_ သူ့ဆီကသွေးထွက်တဲ့အခါလည်းနာကျင်မှု မခံစားရနိုင်ပါဘူး။
_ အိမ်သာတက်ပြီး အိမ်သာခွက်မှာ သွေးပေတာ၊ သွေးတစက်စက်ကျတာမျိုးလည်းဖြစ်နိုင်ပါတယ်။

_ အတွင်းလိပ်က ကျွံကျတာ အောက်ကိုဆင်းလာပြီး အပြင်ကိုထွက်လာတာမျိုးကိုတော့ pr*****ed pile လို့ခေါ်ပါတယ်။ အဲဒီအခါမျိုးမှာ‌တော့ နာကျင်တာခံစားရနိုင်ပြီးတော့ အပြင်ကနေပြန်မဝင်တော့တဲ့အခါ၊ သွေးလည်ပတ်မှုမကောင်းတဲ့အခါ သွေးခဲတာ သွေးကြောပိတ်ရောင်ရမ်းတာဖြစ်ရင်တော့ မခံမရပ်နိုင်အောင်နာကျင်တာမျိုးဖြစ်လာတတ်ပါတယ်။

❗External hemorrhoids လို့ခေါ်တဲ့ အများအခေါ် အပြင်လိပ်ခေါင်းကတော့ စအိုရဲ့အပြင်ဘက်အရေပြားအောက်မှာဖြစ်တဲ့ သွေးပြန်ကြော အဖုအဖောင်းအထုံးကိုခေါ်တာဖြစ်ပါတယ်။
_ စအိုပတ်လည်မှာ အဖုအဖောင်းပုံနဲ့တွေရတတ်ပြီး သူကတော့ နာကျင်တာ၊ ယားယံတာ၊ နေသာထိုင်သာမရှိတာမျိုးဖြစ်တတ်ပါတယ်။
_ သူကလည်း သွေးထွက်နိုင်သလို၊ သွေးလည်ပတ်မှုမကောင်းပဲ သွေးခဲ သွေးကြောပိတ်ပြီး မခံမရပ်နိုင်အောင်နာတာ၊ လိပ်ခေါင်းအဖုက မာပြီးအရောင်ပြောင်းလာတာမျိုး တွေ့ရတတ်ပါတယ်။

💊🔍လိပ်ခေါင်းရောဂါ ကာကွယ် ကုသရေးအနေနဲ့ကတော့🧐🧐

_ လိပ်ခေါင်းစပြီး မဖြစ်အောင်ကတော့ မမာ မကျစ်တဲ့ဝမ်းသွားနိုင်ဖို့ရယ် ဝမ်းမချုပ်ဖို့ပဲဖြစ်ပါတယ်။
_ ဝမ်းမချုပ်ဖို့အတွက် အမျှင်များတဲ့အစားအစာအသီးအနှံ အစေ့အဆံတွေစားဖို့လိုပါတယ်။
_ ရေများများသောက်ရပါမယ်။ တနေ့ကို ရေ ၆_၈ ဖန်ခွက်လောက်သောက်သင့်ပါတယ်။
_ ဝမ်းကို အရမ်းညစ်ပြီး မသွားသင့်ပါဘူး။
_ ကိုယ်လက်လှုပ်ရှားပါ။လေ့ကျင့်ခန်းပြုလုပ်ပါ။
_ အထိုင်များတာ အိမ်သာအကြာကြီးထိုင်တာတွေရှောင်ကြဉ်ရပါမယ်။
_ လိပ်ခေါင်းရှိပြီး ဝမ်းချုပ်တတ်သူတွေအနေနဲ့ကတော့ ဝမ်းပျော့ဆေးသောက်သုံးနိုင်ပါတယ်။
_ ဆရာဝန်နဲ့ပြသပြီး လိပ်ခေါင်းအတွက် လိမ်းဆေး၊ သောက်ဆေးများသောက်သုံးနိုင်ပါတယ်။
_ သောက်ဆေးနဲ့အဆင်မပြေနိုင်ရင်တော့ လိပ်ခေါင်းခွဲစိတ်တာ၊ သရေပင်ပစ်ပြီးကုသခြင်း လို့ခေါ်တဲ့ raber band ligation လုပ်တာ၊ stappled hemorrhoidopexy လို့ခေါ်တဲ့ stappler အသုံးပြုပြီး ကုသခြင်းနည်းတွေ ကုသနိုင်ပါတယ်။

🔍🧐 လိပ်ခေါင်းဖြစ်ပြီဆိုရင် ဆိုးကျိုးနောက်ဆက်တွဲ အနေနဲ့ကတော့

_ အပေါ်မှာပြောခဲ့တဲ့ သွေးခဲပိတ်တာကြောင့် မခံမရပ်နိုင်အောင်နာကျင်တာ အပြင် လိပ်ခေါင်းသွေးကျတာကို မကုသဘူးဆိုရင်တော့ သွေးအားနည်းရောဂါဖြစ်တတ်ပါတယ်။

🔍🧐🤔 ဘယ်အချိန်မှာ ကုသမှုခံယူသင့်လည်းဆိုရင်တော့

_ လိပ်ခေါင်းကာကွယ်ရေးနည်းလမ်းတွေ၊ အိမ်တွင်းကုသမှုတွေနဲ့မသက်သာတဲ့အခါ၊ လိပ်ခေါင်းသွေးကျတာ ဖြစ်တဲ့အခါ၊ မခံမရပ်နိုင်အောင်နာကျင်တဲ့အခါ ဆရာဝန်ကိုသွားရောက်ပြသသင့်ပါတယ်။
_ သွေးအထွက်များတာ၊ သွေးထွက်များပြီးကြာပြီး မူးမော်တာ သတိလစ်တာမျိုးတွေဖြစ်ရင်တော့အရေးပေါ်ဌာနကို သွားရောက်ပြသင့်ပါတယ်။
_ ‌အမျိုးသမီးငယ်များအနေနဲ့ လည်း လိပ်ခေါင်းရောဂါ ဖြစ်တဲ့အခါ ရှက်ရွံ့ပြီး ဆေးကုသမှု မခံယူပဲ မနေသင့်ပါဘူး။သွေးထွက်များတာကြာတာအပြင် ရာသီသွေးဆင်းတာတွေစုပေါင်းပြီး သွေးအားနည်းရောဂါ ဖြစ်တတ်တာမို့ပါ။

❗အရေးကြီးတဲ့အချက်တခုအနေနဲ့ကတော့ ဝမ်းသွားရင်းသွေးပါတာကို လိပ်ခေါင်းကြောင့်လို့ပဲ တထစ်ချ မယူသင့်ပါဘူး။ ဝမ်းသွားသွေးပါအပြင် ဝမ်းချုပ်တာဝမ်းလျောတာစတဲ့ ဝမ်းမမှန်ပြဿနာတွေပါရှိနေတတ်တာ၊ ဝမ်းအရောင်ပြောင်းတာတွေရှိနေတတ်ရင် အူလမ်း‌ကြောင်းဆိုင်ရာအခြားရောဂါများအပြင် အူမကြီးကင်ဆာ၊ စအိုကင်ဆာ များကိုလည်း သတိပြုသင့်တာမို့ ကျွမ်းကျင်ဆရာဝန်နဲ့ သေချာပြသသင့်ပါတယ်။

#လိပ်ခေါင်း
#စအို
#ကျန်းမာရေး


#သွေးကျ

📢📢 ရုတ်တရက်လဲကျသေဆုံးခြင်း (Sudden Collapse and Death) ဆိုတာကတော့ 🤔🤔_ ကြိုတင်သတိပေးလက္ခဏာ သိပ်မပြဘဲ၊ ရုတ်တရက် လဲကျပြီး မ...
26/10/2025

📢📢 ရုတ်တရက်လဲကျသေဆုံးခြင်း (Sudden Collapse and Death) ဆိုတာကတော့ 🤔🤔

_ ကြိုတင်သတိပေးလက္ခဏာ သိပ်မပြဘဲ၊ ရုတ်တရက် လဲကျပြီး မိနစ်ပိုင်းအတွင်း သေဆုံးသွားခြင်းကို ဆိုလိုပါတယ်။ အဲလိုဖြစ်တာက များသောအားဖြင့် ရုတ်တရက် နှလုံးရပ်တန့်ခြင်း (Sudden Cardiac Arrest - SCA) ကြောင့် ဖြစ်လေ့ရှိပါတယ်။

✅ ​ရုတ်တရက် နှလုံးရပ်တန့်ခြင်း (SCA) ဆိုတာကတော့ နှလုံးရဲ့ လျှပ်စစ်စနစ် ချို့ယွင်းသွားပြီး နှလုံးခုန်နှုန်း ရုတ်တရက် ရပ်တန့်သွားခြင်း သို့မဟုတ် ရှုပ်ထွေးသွားခြင်း (ဥပမာ- Ventricular Fibrillation) ကို ဆိုလိုပါတယ်။

✅ နှလုံးက ရုတ်တရက် သွေးညှစ်ခြင်း ရပ်သွားတာကြောင့် ဦးနှောက်နှင့် ခန္ဓာကိုယ်ကို သွေးနှင့် အောက်ဆီဂျင် မရောက်တော့ဘဲ ချက်ချင်းသတိလစ်ကာ လဲကျသေဆုံးရတာပဲ ဖြစ်ပါတယ်။

✅ ​အဓိက ဖြစ်စေနိုင်သော အကြောင်းရင်းများ
(​၁) နှလုံးသွေးကြောရောဂါ (Coronary Artery Disease - CAD)

_ ​နှလုံးသွေးကြောများထဲတွင် အဆီ/အဖတ်များ စုပုံ၍ ကျဉ်းမြောင်းနေခြင်းသည် အဓိက အကြောင်းရင်းဖြစ်ပါတယ်။

_ ​နှလုံးသွေးကြောပိတ်ခြင်း (Heart Attack / Myocardial Infarction) ကြောင့် နှလုံးကြွက်သားများ ပျက်စီးပြီး SCA ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(​၂) နှလုံးခုန်နှုန်းမမှန်ခြင်း (Arrhythmias)

_ ​အထူးသဖြင့် Ventricular Fibrillation ကဲ့သို့သော နှလုံးက ပုံမမှန်ပဲ အလွန်မြန်မြန် ခုန်နေခြင်းသည် သွေးညှစ်ခြင်းကို ရပ်တန့်စေပါတယ်။

🤔 ​အချို့ မွေးရာပါ နှလုံးခုန်နှုန်းဆိုင်ရာ ရောဂါများ

(​၃) နှလုံးကြွက်သားရောဂါ (Cardiomyopathy)
_ ​နှလုံးကြွက်သားများ ထူခြင်း၊ ပျော့ဖတ်လာခြင်း၊ သို့မဟုတ် ကြီးထွားလာခြင်းတို့ကြောင့် နှလုံး၏ လုပ်ငန်းဆောင်တာများ အားနည်းလာခြင်း။

(​၄) အခြားနှလုံးပြဿနာများ
​နှလုံးအဆို့ရှင်များ (Heart Valve Diseases) ချို့ယွင်းခြင်း နှင့် ​မွေးရာပါ နှလုံးရောဂါများ။

(​၅) နှလုံးနှင့်မသက်ဆိုင်သော အကြောင်းရင်းများ
​လေဖြတ်ခြင်း (Stroke)

_ ​Aortic Aneurysm ကဲ့သို့ သွေးကြောကြီးများ ပေါက်ပြဲခြင်း။

_ ​အဆုတ်သွေးကြောပိတ်ခြင်း (Pulmonary Embolism)။
_ ​ပြင်းထန်သော ဦးခေါင်းဒဏ်ရာများ။

✅ ​သတိပြုရန်ကတော့

🤔 ​ရုတ်တရက် နှလုံးရပ်တန့်ခြင်း (Cardiac Arrest) သည် နှလုံး၏ လျှပ်စစ်ပြဿနာ ဖြစ်ပြီး ရုတ်တရက် လဲကျ သေဆုံးစေပါတယ်။
🛑 ချက်ချင်း CPR ရှေးဦးအသက်ကယ်ခြင်း နှင့် AED (အလိုလျောက် နှလုံးနှိုးစက်) လိုအပ်ပါတယ်။

_ ​နှလုံးသွေးကြောပိတ်ခြင်း (Heart Attack) သည် နှလုံး၏ သွေးကြောပြဿနာ ဖြစ်ပြီး သွေးစီးဆင်းမှု ပိတ်ဆို့ခြင်းဖြစ်ပြီး ရုတ်တရက်သေဆုံးစေနိုင်သော်လည်း ချက်ချင်း သေဆုံးခြင်းမရှိဘဲ ရောဂါလက္ခဏာများ (ရင်ဘတ်အောင့်ခြင်း၊ မောပန်းခြင်း) ပြတတ်ပါတယ်။

✅ ​ရုတ်တရက်လဲကျသေဆုံးခြင်းကို ကာကွယ်ရန်အတွက်

✔️ဆရာဝန်နှင့် ပုံမှန်ပြသ၍ သွေးတိုး၊ ဆီးချို၊ အဆီဓာတ် စသည့် ရောဂါများကို ထိန်းချုပ်ခြင်း၊ ကျန်းမာသော လူနေမှုပုံစံ (ဆေးလိပ်ဖြတ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အာဟာရမျှတအောင် စားသုံးခြင်း) များ လိုက်နာသင့်ပါသည်။

✅ ​မည်သူမဆို ရုတ်တရက် လဲကျသတိလစ်သွားသည်ကို တွေ့ပါက အရေးပေါ် ဌာန သို့ ချက်ချင်းခေါ်ဆိုပြီး အသက်ကယ်ရန်အတွက် CPR (Cardiopulmonary Resuscitation) ရှေးဦးလူနာပြုစုခြင်းကို ချက်ချင်း စတင်ပြုလုပ်ပေးသင့်ပါသည်။

#ရုတ်တရက်
#လဲကျ
#သေဆုံး


#နှလုံး

စိတ်လက်ကြည်သာ အေးချမ်းစေမည့် လွယ်ကူသောနည်းလမ်း (၅) သွယ် ​၁။ Beethoven (ဘီသိုဗင်)၊ Mozart (မိုးဇက်) နှင့် Bach (ဘက်ဂ်) တိ...
19/10/2025

စိတ်လက်ကြည်သာ အေးချမ်းစေမည့် လွယ်ကူသောနည်းလမ်း (၅) သွယ်

​၁။ Beethoven (ဘီသိုဗင်)၊ Mozart (မိုးဇက်) နှင့် Bach (ဘက်ဂ်) တို့၏ဂီတ သို့မဟုတ် စိတ်အေးချမ်းစေသော ဂီတသံများကို ကို နားဆင်ပါ။
သုတေသနများအရ ဂန္ထဝင်ဂီတကို မိနစ် ၃၀ နားဆင်ခြင်းသည် စိတ်ငြိမ်‌ဆေး သောက်သုံးခြင်းနှင့် အလားတူ စိတ်ငြိမ်သက်စေသည့် အာနိသင်ရှိကြောင်း ပြသထားပါတယ်။

​၂။ သင်၏ ကား သို့မဟုတ် အခန်းကို ပူဒီနာရနံ့ (Mint) ရနံ့ပါသော အမွှေးနံ့ဖြင့် လန်းဆန်းစေပါ။

ဘယ်သူ‌ပြောနိုင်မှာပါလဲ။ စိတ်ဖိစီးနေသော ခရီးသွားများ၏ ကားများထဲသို့ ပူဒီနာရနံ့ထည့်ထားသော လေကို ဖြန့်ထုတ်ပေးခြင်းက စိုးရိမ်ပူပန်မှုနှင့် ပင်ပန်းနွမ်းနယ်မှုကို လျော့နည်းစေကြောင်း လေ့လာမှုတစ်ခုက ဖော်ပြနေပါတယ်။

​၃။ အသက်ရှူဖို့ သတိရပါ။

မိနစ်ပိုင်းအတွင်း ခန္ဓာကိုယ်အတွင်းရှိ စိတ်ဖိစီးမှုတုံ့ပြန်မှုများကို လျှော့ချရန် အထိရောက်ဆုံးနည်းလမ်းများထဲမှ တစ်ခုမှာ အသက်ပြင်းပြင်းရှူခြင်းဖြစ်ပါတယ်။ (နှာခေါင်းဖြင့်သာ) လေးစက္ကန့်ရေတွက်ပြီး အသက်သွင်းခြင်း၊ ထို့နောက် လေးစက္ကန့်ရေတွက်ပြီး အသက်ရှူထုတ်ခြင်းက နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်ကို လျော့ကျစေပါတယ်။

​၄။ လှုပ်ရှားမှုထလုပ်ပါ။

အိမ်တွင်း၌ဖြစ်စေ၊ အပြင်၌ဖြစ်စေ၊ သူငယ်ချင်းတစ်ဦးနှင့်ဖြစ်စေ၊ တစ်ယောက်တည်းဖြစ်စေ ၁၀ မိနစ်ခန့် လမ်းလျှောက်ခြင်းကပင် စွမ်းအင်ကို မြှင့်တင်ပေးနိုင်သလို ပင်ပန်းနွမ်းနယ်မှုကိုလည်း လျော့ချနိုင်ပါသည်။ သင်၏ဦးနှောက်ကို ပိုမိုအေးချမ်းသည့် အခြေအနေသို့ ပြောင်းလဲပေးနိုင်ပါတယ်။

​၅။ သတင်းကို ပိတ်ထားပါ။

ဟုတ်ပါတယ်။ လက်ရှိဖြစ်ရပ်များအကြောင်း ကောင်းစွာသိရှိထားဖို့ အရေးကြီးပေမယ့်လဲ စိတ်မချမ်းမြေ့စရာကောင်းတဲ့ ဖြစ်ရပ်တွေကို မီဒီယာကနေ ဖော်ပြတာတွေကို ကြည့်ရှုခြင်းက စိတ်ဖိစီးမှုအဆင့်ကို မြင့်တက်စေပြီး သင့်ကို ရုပ်ပိုင်းဆိုင်ရာအရပါ ပိုဆိုးစေနိုင်တယ်လို့ သုတေသနတွေက ဖော်ပြထားပါတယ်။ social media ကနေ ခဏတဖြုတ် အနားယူခြင်းကလည်း သင့်ရဲ့ စိတ်ကို ကြည်သာစေမှာ ဖြစ်ပါတယ်။

ကဲ ​စိတ်ငြိမ်သက်အေးချမ်းစေဖို့ ဒီအချက်တွေထဲက ဘယ်အချက်ကို အရင်ဆုံး စမ်းကြည့်ချင်ပါသလဲ?

အခုပဲ စတင်လိုက်ပါနော်။

06/10/2025

📢📢 #မီးပိုးကောင် ( rove beetle) အန္တရယ် သို့မဟုတ် Paederus dermatitis ❗

🤔 ခုတလောခပ်စိတ်စိတ်ဖြစ်လာကြတာကတော့ မီးပိုးကောင်အဆိပ်ကြောင့် အရေပြားရောင်ရမ်းအရည်ကြည်ဖုတွေထွက်ကြတဲ့ Paederus dermatitis ပါပဲ။

#မီးပိုးကောင်က ခုလို မိုးအကုန်ဆောင်းအကူးကာလမှာအရမ်းထွက်တတ်ပါတယ်။အထူးသဖြင့်ညဘက် မီးထွန်းတဲ့အခါ မီးလုံး မီးချောင်းကထုတ်တဲ့ UV light က မီးပိုးကောင်အတွက် ဆွဲဆောင်မှုတခုဖြစ်နေတတ်ပါတယ်။

#မီးပိုးကောင် rove beetle ရဲ့ပုံစံက မဲမဲပိန်ပိန်ရှည်ရှည်ကိုမှ ခန္ဓာကိုယ်အလယ် အဆစ်တွေမှာ လိမ္မော်နီရောင် အဆစ်အပိုင်းတွေပါပြီးတော့ အမြီးဆူးချွန်ကော့ကော့ပါ ပါတယ်။

#မီးပိုးကောင်ကြောင့် အရေပြားရောင်ရမ်းတာကတော့ အကောင်ကိုက်လို့ဖြစ်တာမဟုတ်ပဲနဲ့ မီးပိုးကောင်ကထုတ်တဲ့ အဆိပ်ရည် paedrin toxin နဲ့ထိမိလို့ဖြစ်ရတာပါ။

#မီးပိုးကောင်ကြောင့် အရေပြားယောင်ရမ်းမှု Paederus dermatitis ဖြစ်တဲ့အခါ
_ အဆိပ်ရည်နဲ့ ထိတွေတဲ့နေရာ အကောင်နဲ့ပွတ်မိတဲ့နေရာမှာ အနီပြင်၊ အနီဖု၊ အနီရောင်ခြစ်ရာ အဆင်းရာ စဖြစ်ပြီး 24 နာရီ က‌နေ 48 နာရီအတွင်းမှာ အရည်ကြည်ဖုထတာ ကတဆင့် အရေခွံလန်တာတွေဖြစ်လာတတ်ပါတယ်။
_ ဖြစ်တဲ့နေရာမှာ ယားယံတာ စပ်ဖျဉ်းဖျဉ်းဖြစ်တာ နာကျင်တာတွေဖြစ်ပါတယ်။
_ အကွေးအဆန့်နေရာတွေဖြစ်တဲ့ တကောက်ကွေးကြား လည်ပင်းကြားတွေမှာ ပွတ်မိဖိမိရင်တော့ အကွေးအဆန့်အပေါ်အောက် နှစ်နေရာမှာဖြစ်နိုင်လို့ kissing lesion အနေနဲ့လည်းတွေ့ရတတ်ပါတယ်။
_ မျက်လုံးနဲ့ထိမိရင်လည်း မျက်လုံးတဝိုက်ရောင်ရမ်းတာဖြစ်တတ်ပါတယ်။

dermatitis ဖြစ်ပြီဆိုရင်တော့ ထိတဲ့နေရာပေါ်မူတည်ပြီး လေးငါးပတ်လောက်ထိကြာတတ်ပြီး ဆိုးကျိုးအနေနဲ့ ကုတ်ဖဲ့တာ‌တွေရှိခဲ့ရင် အမာရွတ်ကျန်တာ အမဲကွက်ကျန်တာဖြစ်တတ်ပါတယ်။

ထိတဲ့နေရာများပြီး သေချာကုသမှု မခံယူဘူးဆိုရင်တော့
အရေကြည်ဖုကနေ ပြည်ဖုတွေဖြစ်တာ အရေခွံလန်တာကွာတာတွေကတဆင့် ဘက်တီးရီးယားပိုးဝင်ပြီး ပိုဆိုးလာနိုင်လို့ ကျွမ်းကျင်တဲ့ဆရာဝန်ဆီမှာ ကုသမှုခံယူသင့်ပါတယ်။

🧐🧐🔍🔍 မီးပိုးကောင်နဲ့ထိမိပြီးဆိုရင် ဘာတွေလုပ်မလဲ ??

#မီးပိုးကောင်ကို ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ တွေ့တဲ့အချိန်မှာ ဖိပွတ်လိုက် ဖိချေလိုက်တာမျိုးမလုပ်သင့်ပါဘူးနော်။🙅
အဲလိုအချိန်မှာ သူ့ရဲ့ အဆိပ်ရည်တွေ ခန္ဓာကိုယ်ပေါ်ကိုပိုပြီးထိတွေ့စေနိုင်တဲ့အတွက် အိမ်အပြင်ထွက်ပြီး အသာအယာဖယ်လိုက်တာ လေနဲ့မှုတ်လိုက်တာမျိုးလုပ်သင့်ပါတယ်။

_ ထိမိတဲ့နေရာကို ဆပ်ပြာရယ် ရေသန့်သန့်ရယ်နဲ့သေချာဆေးပေးခြင်းက အဆိပ်ရည်နဲ့ထိတွေတာကိုအတန်အသင့်သက်သာစေပါတယ်။
_ အရက်ပြန်နဲ့မပွတ်သင့်ပါဘူး။ အရေပြားကို ပိုပြီးလောင်စေနိုင်ပါတယ်။
_ iodine အနာထည့်ဆေးရည်သုံးနိုင်ပါတယ်။
_ အသားရည်အစိုဓါတ်လိမ်းဆေးလိမ်းနိုင်ပါတယ်။ calamine ဆေးရည်လည်းလိမ်းနိုင်ပါတယ်။
_ ဆရာဝန်နဲ့တိုင်ပင်ပြီး steroids လိမ်ဆေးလိုအပ်ရင်လိမ်းရပါမယ် ။
_ ခြေလက်တွေမှာ ဖြစ်ရင် ခြေလက်တွေကို မြောက်ထားပေးရင် ပိုသက်သာတတ်ပါတယ်။

#မီးပိုးကောင်ရန်က ကာကွယ်ဖို့ကတော့
_ ညဘက် မလိုအပ်တဲ့မီးတွေပိတ်ထားတာ၊
_ အိမ်အထဲမီးကိုပိတ်ပြီး အိမ်အပြင်ဘက်မီးကို ဖွင့်ထားခြင်းကလည်း ပိုးကောင်တွေကို အိမ်အပြင်ဘက်ကိုရောက်အောင်ဆွဲဆောင်နိုင်ပါတယ်။
_ ညဘက်အိပ်ရင် မီးပိတ်အိပ်တာ၊ ခြင်ထောင်ထောင်အိပ်တာမျိုးလုပ်သင့်ပါတယ်။
_ အင်္ကျီတွေဝတ်ရင် ခါပြီး မှ ဝတ်တာ၊ မျက်နှာသုတ်ပိုင်းတွေခါပြီးမှသုံးတာမျို လုပ်သင့်ပါတယ်။

__ အနီပျဉ်ထွက်ခြင်း အရေကြည်ဖုထွက်ခြင်းက တခြားရောဂါ အကြောင်းအရာ များဖြစ်တဲ့ ရေယုံ၊ ဆင်ရေယုံ နဲ့ အခြားဓါတ်မတည့်ယောင်ရမ်းတဲ့ အရေပြားရောဂါများကြောင့်လည်းဖြစ်တတ်လို့ မီးပိုးကောင်မတွေ့တဲ့အခါ အခြားအလားတူ ဖြစ်ရပ်တွေ မရှိနေခဲ့ရင် ဆရာဝန်နဲ့ပြသင့်ပါတယ်နော်။

#မီးပိုးကောင်
#အရေပြား


#‌အရည်ကြည်ဖု
#ကျန်းမာရေး

📢📢 ဗိုက်တာမင် ဒီ  ( Vitamin D )သောက်တာက လူတိုင်းလိုအပ်ရဲ့လား_  ဗိုက်တာမင် ဒီ (Vitamin D) ဟာ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအတွက...
02/09/2025

📢📢 ဗိုက်တာမင် ဒီ ( Vitamin D )သောက်တာက လူတိုင်းလိုအပ်ရဲ့လား

_ ဗိုက်တာမင် ဒီ (Vitamin D) ဟာ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအတွက် အရေးပါတဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။

_ အထူးသဖြင့် အရိုး၊ ကြွက်သားနဲ့ ကိုယ်ခံအားစနစ်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။

_ ပုံမှန်အားဖြင့် နေရောင်ခြည်ကနေ ကိုယ့်ဘာသာကိုယ် ဗိုက်တာမင် ဒီ ထုတ်လုပ်နိုင်ပေမဲ့ လူအများစုဟာ လိုအပ်တဲ့ပမာဏကို ဖြည့်တင်းဖို့အတွက် ဖြည့်စွက်ဆေးတွေ သောက်သုံးကြပါတယ်။

✅ ဗိုက်တာမင် ဒီ ဖြည့်စွက်ဆေး သောက်ခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို အောက်မှာ ဖော်ပြထားပါတယ်။

☝️ ​ဗိုက်တာမင် ဒီ ဖြည့်စွက်ဆေး သောက်ခြင်းရဲ့ ကောင်းကျိုးများ

_ ​အရိုးနဲ့ ကြွက်သား ကျန်းမာရေး။ ဗိုက်တာမင် ဒီဟာ ကယ်ဆီယမ်နဲ့ ဖော့စဖိတ် (Phosphate) ဓာတ်တွေကို စုပ်ယူဖို့အတွက် အရေးကြီးပါတယ်။ အဲဒီဓာတ်တွေက အရိုးတွေကို ခိုင်ခံ့အောင် ထိန်းသိမ်းဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဗိုက်တာမင် ဒီ ဖြည့်စွက်ဆေး သောက်တာက ကလေးတွေမှာ အရိုးပုံပျက်တာ (Rickets) နဲ့ လူကြီးတွေမှာ အရိုးပျော့တာ (Osteomalacia) တို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အရိုးပွရောဂါနဲ့ အရိုးကျိုးနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ကြွက်သားတွေ ဖွံ့ဖြိုးပြီး ကောင်းမွန်စွာ လှုပ်ရှားနိုင်အောင်လည်း အထောက်အကူပြုပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ ချော်လဲတာမျိုး မဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

_ ​ကိုယ်ခံအားစနစ်ကို အထောက်အကူပြုခြင်း။ ဗိုက်တာမင် ဒီဟာ ကိုယ်ခံအားတုံ့ပြန်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။

​
✅ ​ဗိုက်တာမင် ဒီ ဖြည့်စွက်ဆေး သောက်ခြင်းရဲ့ ဆိုးကျိုးနဲ့ ဘေးထွက်ဆိုးကျိုးများ ❌

_ ​သတ်မှတ်ထားတဲ့ ပမာဏအတိုင်း သောက်သုံးမယ်ဆိုရင် ဗိုက်တာမင် ဒီ ဖြည့်စွက်ဆေးဟာ ဘေးကင်းပါတယ်။
🤔🤔🤔 ဒါပေမဲ့ ပိုလျှံတဲ့ ပမာဏကို သောက်မယ်ဆိုရင်တော့ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

🤔 မလိုအပ်ပဲသောက်မိလို့ ပိုလျှံလာမဲ့ ဗိုက်တာမင်ဒီကို ဆီးကတဆင့်ပြန်လည် မထုတ်နိုင်တဲ့အတွက် ခန္တာကိုယ်ရဲ့နေရာတချို့မှာ စုပုံလာနိုင်ပါတယ်

❌အဓိက အန္တရာယ်ကတော့ ဗိုက်တာမင် ဒီ အဆိပ်သင့်ခြင်း (hypervitaminosis D) ဖြစ်ပြီး အဲဒီအခြေအနေဟာ နေရောင်ခြည်နဲ့ အစားအစာတွေကြောင့် မဟုတ်ဘဲ ဗိုက်တာမင် ဒီ ပမာဏများတဲ့ ဖြည့်စွက်ဆေးတွေကို အချိန်အကြာကြီး သောက်သုံးတာကြောင့် ဖြစ်ပွားလေ့ရှိပါတယ်။

❌​သွေးတွင်း ကယ်ဆီယမ် ပိုများခြင်း (Hypercalcemia)။ ဗိုက်တာမင် ဒီ အဆိပ်သင့်တဲ့အခါ ဖြစ်ပေါ်လာတဲ့ အဓိက နောက်ဆက်တွဲ ပြဿနာကတော့ သွေးထဲမှာ ကယ်ဆီယမ်ဓာတ် အန္တရာယ်ရှိတဲ့အထိ များလာခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ အောက်ပါ လက္ခဏာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

_ ​ပျို့အန်ခြင်းနဲ့ အစားအသောက်ပျက်ခြင်း။

_ ​ရေငတ်တာနဲ့ ဆီးခဏခဏသွားခြင်း။

_ ​ဝမ်းချုပ်ခြင်း။

_ ​အားနည်းခြင်း၊ မောပန်းနွမ်းနယ်ခြင်းနဲ့ ကြွက်သားနာကျင်ခြင်း။

_ ​စိတ်ရှုပ်ထွေးခြင်းနဲ့ ထိုင်းမှိုင်းခြင်း။

_ ​ကိုယ်တွင်းအင်္ဂါများ ထိခိုက်ခြင်း။ ပြင်းထန်တဲ့ အခြေအနေတွေမှာ သွေးတွင်း ကယ်ဆီယမ် များလွန်းတာကြောင့် အရိုးတွေ အားနည်းပြီး ကျောက်ကပ်နဲ့ နှလုံးကို ရေရှည် ထိခိုက်စေနိုင်ပါတယ်။ ကျောက်ကပ်မှာ ကျောက်တည်တာ၊ ကျောက်ကပ်ပျက်စီးတာနဲ့ နှလုံးခုန်မမှန်တာတွေ ဖြစ်နိုင်ပါတယ်။

​ဆေးဝါးများနှင့် ဓာတ်ပြုခြင်း။ ဗိုက်တာမင် ဒီ ဖြည့်စွက်ဆေးတွေဟာ အချို့သော ဆေးဝါးတွေနဲ့ ဓာတ်ပြုနိုင်ပါတယ်။

✅ ဒါကြောင့်မို့ တကယ်လို့ ဗိုက်တာမင်ဒီဖြည့်စွက်စာ‌ သောက်မယ်ဆိုရင် ဖြည့်စွက်ဆေး စမသောက်ခင်မှာ ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးဖို့ အရေးကြီးပါတယ်။

✅✅ ​ဘယ်သူတွေ ဗိုက်တာမင် ဒီ ဖြည့်စွက်ဆေး သောက်သင့်လဲ

​အချို့သောသူတွေမှာ ဗိုက်တာမင် ဒီ ချို့တဲ့နိုင်ခြေ ပိုများတာကြောင့် နေ့စဉ် ဖြည့်စွက်ဆေး သောက်သုံးဖို့ လိုအပ်နိုင်ပါတယ်။ အဲဒီသူတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

✔️ ​နေရောင်ခြည်နဲ့ ထိတွေ့မှု နည်းသူများ။ အိမ်တွင်းမှာပဲ နေရသူတွေ၊ အေးတဲ့ဒေသတွေမှာ နေထိုင်သူတွေ ဒါမှမဟုတ် အပြင်ထွက်တဲ့အခါ အသားအရေကို ဖုံးအုပ်ထားသူတွေ။

✔️ ​အသားညိုသူများ။ အသားအရေမှာ မယ်လနင် (Melanin) ပမာဏ များတဲ့သူတွေဟာ နေရောင်ခြည်ကနေ ဗိုက်တာမင် ဒီ ထုတ်လုပ်နိုင်စွမ်း နည်းပါးပါတယ်။

✔️ ​သက်ကြီးရွယ်အိုများ။ အသက်ကြီးလာတာနဲ့အမျှ နေရောင်ခြည်ကနေ ဗိုက်တာမင် ဒီ ထုတ်လုပ်နိုင်စွမ်း လျော့နည်းလာပါတယ်။

✔️ ​မိခင်နို့သောက် ကလေးငယ်များ။ မိခင်နို့မှာ ဗိုက်တာမင် ဒီဟာ ကောင်းမွန်တဲ့ အရင်းအမြစ်တစ်ခု မဟုတ်ပါဘူး။

✔️ ​အချို့သော ရောဂါအခြေအနေရှိသူများ။ အဆီစုပ်ယူမှုကို ကန့်သတ်ထားတဲ့ ရောဂါတွေ (ဥပမာ- Crohn's disease သို့မဟုတ် celiac disease) ဒါမှမဟုတ် နာတာရှည် ကျောက်ကပ် သို့မဟုတ် အသည်းရောဂါရှိသူတွေ။

😀 သင့်ရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး သင့်တော်တဲ့ ပမာဏကို ဆုံးဖြတ်ဖို့အတွက် ဖြည့်စွက်ဆေး အသစ်တစ်ခုခု မသောက်သုံးခင်မှာ ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်တာက အရေးကြီးပါတယ်။
😀😀 နေ့စဉ် များပြားတဲ့ပမာဏပါဝင်တဲ့vitamin D ကို သောက်သုံးနေမိပြီဆိုရင်တော့ သွေးစစ်ပြီးမှ သောက်သုံးဖို့အကြံပြုပါတယ်။

D

#ကျန်းမာရေး

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when The Elixir for your health posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram