The Elixir for your health

The Elixir for your health Your health companion

😀 ဒီတခါမှာတော့ စိတ်ကျန်းမာရေးအတွက် လိုအပ်တဲ့ လိုအင်ပြည့်မှုတွေအကြောင်းပြောပေးထားပါတယ်။🤔 ဘာတွေပဲရှိရှိ... ဘာလို့ တစ်ခုခုလ...
11/04/2026

😀 ဒီတခါမှာတော့ စိတ်ကျန်းမာရေးအတွက် လိုအပ်တဲ့ လိုအင်ပြည့်မှုတွေအကြောင်းပြောပေးထားပါတယ်။

🤔 ဘာတွေပဲရှိရှိ... ဘာလို့ တစ်ခုခုလိုနေသလို ခံစားနေရတာလဲ?

🤔 "ပိုက်ဆံလည်းရှိတယ်၊ အလုပ်အကိုင်လည်း အဆင်ပြေတယ်၊ မိသားစုလည်းရှိရဲ့သားနဲ့... ငါ့စိတ်ထဲမှာ ဘာလို့ တစ်ခုခု လိုနေသလိုကြီး ဖြစ်နေရတာလဲ?"

✅ ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ဖူးပါသလား။

_ လူတော်တော်များများဟာ အောင်မြင်မှုတွေ ရှိနေပေမယ့် "ပြည့်စုံတယ်" ဆိုတဲ့ ခံစားချက်ကို အပြည့်အဝ မရရှိကြပါဘူး။

😀 ဒါကို စိတ်ပညာရှင် Abraham Maslow ရဲ့ Hierarchy of Needs (လိုအပ်ချက်အဆင့်ဆင့် သီအိုရီ) နဲ့ ကြည့်ရင် အဖြေက ရှင်းသွားပါလိမ့်မယ်။

✅ Maslow ရဲ့ လိုအပ်ချက် ၅ ဆင့်
လူသားတွေရဲ့ လိုအပ်ချက်ကို ပိရမစ်ပုံစံ အဆင့် ၅ ဆင့် ခွဲခြားထားပါတယ်။

☝️ Physiological Needs: အခြေခံ လိုအပ်ချက် (စားဝတ်နေရေး)

☝️ Safety Needs: ဘေးကင်းလုံခြုံမှု (အလုပ်အကိုင်၊ ကျန်းမာရေး၊ အိမ်ဂေဟာ)

☝️Love and Belonging: ချစ်ခြင်းမေတ္တာနဲ့ အသိုင်းအဝိုင်း (သူငယ်ချင်း၊ မိသားစု)

☝️Esteem Needs: ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု (လေးစားခံရမှု၊ အောင်မြင်မှု)

☝️ Self-Actualization: မိမိကိုယ်ကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ခြင်း (အမြင့်ဆုံးအဆင့်)

🤔 ဘာလို့ ပြည့်စုံတယ်လို့ မခံစားရတာလဲ? (The Missing Pieces)

_ လူတွေဟာ အဆင့် (၁) ကနေ (၄) အထိ ပြည့်စုံအောင် ကြိုးစားနိုင်ကြပေမယ့် စိတ်ထဲမှာ ဟာတာတာ ဖြစ်နေရတဲ့ အဓိက အကြောင်းရင်း ၂ ချက် ရှိပါတယ်။

၁။ ကိုယ်ပိုင်အဓိပ္ပာယ်ကို မေ့နေခြင်း (Lack of Self-Actualization)

✅ အပြင်ပန်း အောင်မြင်မှု (ပိုက်ဆံ၊ ရာထူး) ဆိုတဲ့ အဆင့် (၄) မှာတင် ရပ်တန့်နေပြီး
ကိုယ်တကယ် ဝါသနာပါတဲ့အရာ၊
ကိုယ့်ဘဝရဲ့ ရည်မှန်းချက်အစစ်အမှန်တွေကို အကောင်အထည် မဖော်မိတဲ့အခါ "ငါ ဘာအတွက် အသက်ရှင်နေတာလဲ" ဆိုတဲ့ ခံစားချက်မျိုး ဝင်လာတတ်ပါတယ်။

၂။ ရှိနေတာကို သတိမမူမိခြင်း (The Missing Gratitude)

✅ ဒါက အရေးကြီးဆုံး အချက်ပါ။ ပိရမစ်ရဲ့ အပေါ်ဆုံးအဆင့်တွေကို တက်လှမ်းနေရင်းနဲ့ အောက်ခြေမှာ ခိုင်မာနေပြီးသား အခြေခံလိုအပ်ချက်တွေကို ကျွန်တော်တို့က 'ပုံသေ' (Taken for granted) တွေးမိသွားတတ်ပါတယ်။

😀 အဆင့် (၄) က အောင်မြင်မှုတွေ ဘယ်လောက်ရှိရှိ၊

🤔 အဆင့် (၃) က ကိုယ့်ကိုချစ်တဲ့သူတွေ ရှိနေတာကို ကျေးဇူးမတင်တတ်ရင် (Lack of Gratitude)...

😀 အဆင့် (၂) က ကျန်းမာရေး ကောင်းမွန်နေတာကို တန်ဖိုးမထားမိရင်...

🤔 ဘယ်လောက်ပဲ ပြည့်စုံနေပါစေ စိတ်ထဲမှာတော့ အမြဲတမ်း "လိုနေသေးတယ်" လို့ပဲ ခံစားနေရမှာပါ။

✨ ပြည့်စုံခြင်းသို့ ဦးတည်ရာလမ်း (The Elixir's Guide)

✅ စစ်မှန်တဲ့ "ပြည့်စုံမှု" ဆိုတာ အသစ်တွေကို ထပ်ရှာတာထက် ရှိနေတာတွေကို အသိအမှတ်ပြုခြင်းကနေ စတင်ပါတယ်။

✅ Gratitude က အခြေခံပါ: နေ့တိုင်း ကိုယ့်မှာ ရှိနေပြီးသား အရာ ၃ ခုကို ကျေးဇူးတင်ပါ။

😀 ဒါဟာ သင့်ပိရမစ်ရဲ့ အောက်ခြေအဆင့်တွေကို ပိုခိုင်မာစေပြီး အပေါ်ထပ်မှာ စိတ်အေးချမ်းစွာ နေနိုင်ဖို့ အထောက်အကူပြုပါတယ်။

😀 Inner Passion ကို ရှာပါ: အဆင့် (၅) ကို ရောက်ဖို့ဆိုရင် သူများသတ်မှတ်တဲ့ အောင်မြင်မှုထက် ကိုယ်တကယ် ဘာလုပ်ရင် ပျော်သလဲဆိုတာကို အချိန်ပေးပြီး ရှာဖွေပါ။

😀 "ပိုက်ဆံရှိတာဟာ 'အဆင်ပြေတာ' ဖြစ်နိုင်ပေမယ့်၊ ရှိနေတာကို တန်ဖိုးထားတတ်ပြီး ကိုယ်ဖြစ်ချင်တဲ့အရာကို လုပ်ခွင့်ရတာကမှ 'ပြည့်စုံတာ' ဖြစ်ပါတယ်။"

📢 သင်ကော...

✅ အခုလက်ရှိ Maslow ရဲ့ ဘယ်နှစ်ဆင့်မြောက်မှာ ရောက်နေပြီလဲ?

✅ ရှိနေတာတွေကိုကော တန်ဖိုးထား ကျေးဇူးတင်ဖို့ သတိရရဲ့လား? 💭

#
#စိတ်ကျန်မာရေး
#ကျန်းမာရေး

03/04/2026
03/04/2026

📢📢🔍 ရေကျောက်ရောဂါအကြောင်း သိကောင်းစရာ

🔍 ရာသီအကူးအပြောင်း အပူချိန်ပြောင်းလဲလာမှုတွေနဲ့အတူ ရေကျောက်ရောဂါ ဖြစ်ပွားမှုလေးတွေ ခပ်စိတ်စိတ်တွေ့လာရပါတယ်။

🔍 Chicken pox လို့ ခေါ်တဲ့ ရေကျောက်ရောဂါကတော့ varicella zoster လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတာပါ။

✅ Varicella zoster ဗိုင်းရပ်စ်ကဆိုရင်တော့ လူကြီးတွေမှာအတွေ့များတတ်တဲ့ shingles လို့ခေါ်တဲ့ ဆင်ရေယုံကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးနဲ့အတူတူပဲဖြစ်ပါတယ်။

✅ရောဂါပိုးတူပေမဲ့ ခန္တာကိုယ်အတွင်းတုံ့ပြန်မှုမတူတာကြောင့် ရေကျောက်နဲ့ဆင်ရေယုံရောဂါနှစ်မျိုးက ပုံသဏ္ဍန်၊ ဖြစ်ပေါ်မှုကွာခြားသွားရတာပဲ ဖြစ်ပါတယ်။

😀😀 ဒီတပတ်မှာတော့ ရေကျောက်နဲ့ပတ်သက်တာကိုပဲ အသေးစိတ်ပြောပြပေးသွားပါမယ်နော်။

🤔 ရေကျောက်ရောဂါက အလွန်ပဲ ကူးစက်တတ်တဲ့ရောဂါတခုပါ။

🤔 ရေကျောက်ရောဂါလူနာနဲ့ထိတွေဆက်ဆံရတဲ့အခါ ရေကျောက်ရောဂါမဖြစ်ဖူးသူ လူဦးရေ ၉၀ ရာခိုင်နှုန်းနီးပါးက ကူးစက်နိုင်ဖို့ အခွင့်အလမ်းရှိနေပါတယ်။

🤔🤔🔍 ရေကျောက်ရောဂါ ဘယ်လို ကူးစက်လဲ ???

_ ရောဂါဖြစ်ပွားသူရဲ့ အသက်ရှူလမ်းကြောင်းကထွက်တဲ့အမှုန်အမွှားတွေကတဆင့်ကူးစက်တာပဲ ဖြစ်ပါတယ်။

_ အဲဒီအမှုန်အမွှားတွေရှုမိတာ ထိကိုင်မိတာကတဆင့်ကူးစက်နိုင်တာဖြစ်ပြီး ရေကျောက်အဖုရဲ့အရည်ကနေတော့ မကူးစက်နိုင်ပါဘူး။

_ ရောဂါကူးစက်စေနိုင်တဲ့အချိန်ကတော့ လူနာရေကျောက်အဖုတွေစမထွက်ခင် နှစ်ရက်လောက်အလိုကနေ နောက်ဆုံးရေကျောက်အဖုတွေစုံပြီး လေးငါးရက်နေတဲ့အထိ ရောဂါကူးစက်စေနိုင်ပါတယ်။

✅ရေကျောက်ရောဂါဖြစ်နေသူဆီကတော့ ဆင်ရေယုံမကူးစက်နိုင်ပါဘူး။

✅ရေကျောက်ရောဂါမပေါက်ဖူးသူတွေအနေနဲ့တော့ ဆင်ရေယုံရောဂါဖြစ်သူဆီက ရေကျောက်ရောဂါကူးစက်နိုင်ပါတယ်။

ရေကျောက်ရောဂါရဲ့ လက္ခဏာတွေကဘာတွေဖြစ်မလဲ ???

🤔 အဖုတွေမပေါ်လာခင် ၂ ရက် ၃ ရက် မတိုင်ခင်မှာ
ဖျားမယ်၊ နုန်းနေမယ်၊ မူးဝေတာ၊ လည်ပင်းနာတာ နေထိုင်မကောင်းတာ မျိုး ဖြစ်တတ်ပါတယ်။

🤔 အဖုတွေ စပေါ်မှာက မျက်နှာနဲ့ လည်ပင်းတဝိုက် စပြီးပေါ်လာနိုင်ပြီး ခန္ဓာကိုယ် အလယ်ပိုင်းရင်ဘတ် ကျောမှာ အများစုပေါ်တတ်ပြီး လက်တွေ ခြေတွေမှာတော့ အဖုနည်းနိုင်ပါတယ်။

🤔 အဖုတွေကတော့ စစ ပေါ်ချင်းမှာ
_ အနီစက် အနီဖု ကနေ
_ အရည်ကြည်ဖု လေးတွေ၊
_ နောက် အရေကြည်ဖုလေးတွေဘေးမှာနီနေနိုင်ပြီး
_ အရည်ကြည်ဖုမှာ ပြည်လေးတွေ စုလာပြီး ပြည်ဖု၊
_ ခြောက်လာတဲ့အခါ အလယ်မှာ ချိုင့်ပြီး
_ အနာဖေးတက်လာတဲ့အဖုလေးတွေ ဖြစ်လာပါတယ်။

✅ ခန္ဓာကိုယ်အနှံ့ ခုနက ပြောတဲ့အဖုတွေကို အဖုအသစ် အဖုအဟောင်းတွေပုံစံစုံ တပြိုင်နက်တွေရတတ်ပါတယ်။

✅ ခန္ဓာကိုယ် အတွင်းပိုင်းတွေမှာလည်း အရည်ကြည်ဖုတွေပေါက်နိုင်ပါတယ်။

🤔 အဖုတွေက ယားယံတတ်ပြီး အနာဖေးတက်ချိန်မှာ ပိုယားနိုင်ပါတယ်။

✅ ကုတ်ဖဲ့တာ၊ ပိုးဝင်တာမရှိရင်တော့ အဖုလေးတွေက အမာရွတ်မကျန်ပဲ ပျောက်နိုင်ပါတယ်။

😀😀 ရေကျောက်ပေါက်နေချိန် ဘာတွေလုပ်ရမလဲ ???

✅အရည်များများသောက်ပါ
✅ ဖျားလျှင် ပါရာစီတမောသောက်ပါ။
✅ ကလေးတွေမှာ အဖုတွေ မကုတ်ဖဲ့မိစေဖို့လက်သည်းညှပ်ပေးတာ လက်အိတ်ဝတ်တာတွေလုပ်နိုင်ပါတယ်။
✅ ရေအေးအေးလေးချိုးတာ၊ အဖုတွေကို ရေအေးဖတ်တိုက်တာ၊ calamine lotion ကျဲကျဲလိမ်းပေးတာ လုပ်နိုင်ပါတယ်။
✅ အရမ်းယားလျှင် ဆရာဝန်နဲ့တိုင်ပင်ပြီး အယားပျောက်ဆေးတိုက်နိုင်ပါတယ်။

🤔 ရှောင်ရမှာကတော့
❌ ကိုယ့်သဘောနဲ့ကိုယ် စပ်ဆေးတွေသောက်တာ၊ ဆေးအပြင်းတွေသောက်တာတွေက အဖုတွေနဲ့ရောဂါကိုပိုဆိုး‌စေနိုင်ပါတယ်။

❌ ရောဂါဖြစ်သူအနေနဲ့ ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါအခံရှိသူတွေ၊ မွေးကာစကလေးတွေနဲ့ ထိတွေ့ခြင်းကို ရှောင်ရပါမယ်။

❌ ကျောင်းနေအရွယ်ကလေးဆိုရင်တော့ အဖုတွေ ပျောက် ကင်းတဲ့အထိ ကျောင်းမလွတ်သင့်ပါဘူး။

🤢😫 ရေကျောက်ပေါက်ရင် စိုးရိမ်ရလား ???
နောက်ဆက်တွဲ ဆိုးကျိုးတွေရှိလား ???

🤔 ပုံမှန်ကလေးတစ်ယောက်အတွက်ကတော့ ရေကျောက်ပေါက်ရင် ပုံမှန်လေးပဲ လျောလျောရှူရှူပြန်ကောင်းနိုင်ပါတယ်။
_ နောက်ဆက်တွဲ ဘက်တီးရိးယားပိုးဝင်တာမျိုးဖြစ်ရင်တော့ အနာပိုးဝင်တာ အမာရွတ်ကျန်တာတွေဖြစ်နိုင်ပါတယ် ။

😫 ကြီးမှရေကျောက်ပေါက်သူတွေကတော့ ရောဂါအနည်းငယ်ပိုဆိုးနိုင်ပါတယ်။

_ နောက်ဆက်တွဲ အဆုတ်ရောင်တာ၊ ဦးနှောက်ရောင်တာတွေ ဖြစ်တတ်ပါတယ်။

_ တခြားခန္ဓာကိုယ်အစိတ်အပိုင်းရောင်ရမ်းမှုတွေဖြစ်တဲ့ နှလုံးရောင်တာကျောက်ကပ်ရောင်တာ ပန်ကရိယရောင်တာ အူရောင်တာ၊ အာရုံကြောရောင်တာ စသဖြင့်လည်း တချို့သူတွေမှာ ဖြစ်တတ်ပါတယ်။

😫 ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်ရင်တော့ အမေရော ကလေးပါ အန္တရယ်ရှိနိုင်ပါတယ်။ အမေမှာ ရောဂါဆိုးဝါးနိုင်ပြီး ကလေးစောမွေးတာ ကလေးပါ အသက်အန္တရယ်ရှိတာမျိုးဖြစ်တတ်ပါတယ်။

😫 မွေးကာစ ကလေး မှာ ရေကျောက်ဖြစ်ရင်လည်း ဆိုးဝါးနိုင်ပါတယ်။

😫 သက်အရွယ်ကြီးရင့်သူတွေ၊ ကိုယ်ခံအားမကောင်းသူတွေမှာ ရေကျောက်ဖြစ်ရင်လည်း ဆိုးဝါးနိုင်ပြိး

_ ခန္ဓာကိုယ်အတွင်းမှာပါ အရည်ကြည်ဖုထွက်တာ ရောင်ရမ်းတာတွေဖြစ်နိုင်ပြိး အန္တရယ်ဖြစ်နိုင်ပါတယ်။

✅ ခုပြောခဲ့တဲ့ အသက်အန္တရယ်ဖြစ်နိုင်တဲ့ သူတွေအနေနဲ့ မဖြစ်ခင် ကြိုတင်ကာကွယ်ဆေးထိုးထားသင့်ပြီး ရောဂါဖြစ်လာတဲ့အခါလည်း ကျွမ်းကျင်ရာဆရာဝန်နဲ့သေချာပြသဖို့ လိုအပ်ပါတယ်။

📢📢 ရေကျောက်ရောဂါကာကွယ်ဆေးအနေနဲ့ကတော့

✅ အသက် ၁ နှစ်အထက်ကလေးကနေစပြီးတော့ စတင်ထိုးနှံနိုင်ပြီး ကာကွယ်ဆေးအကြိမ်‌ရေအားဖြင့် အနည်းဆုံး တလ သို့မဟုတ် နှစ်လခြားပြီး လေးငါးနှစ်အတွင်း နှစ်ကြိမ်ထိုးရမှာဖြစ်ပါတယ်။

✅ ရေကျောက်ရောဂါက လူကြီးတွေမှာဖြစ်ရင် ရောဂါပိုဆိုးလေ့ရှိတာကြောင့် ရေကျောက်မဖြစ်သေးတဲ့ ဖြစ်နိုင်ချေရှိတဲ့လူကြီးတွေအနေနဲ့ကာကွယ်ဆေးထိုးထားဖို့ သင့်တော်ပါတယ်။

✅ ကျန်းမာရေးဝန်ထမ်းတွေ၊ ကလေးထိန်းရသူတွေ၊ ကလေးနဲ့အတူတူနေသူတွေ၊ သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ရသူတွေ၊ ကိုယ်ဝန်ဆောင်ဖို့ အစီအစဉ်ရှိသူအမျိုးသမီးများ

✅ ရေကျောက်ရောဂါ ကူးစက်ပျံ့ပွားနိုင်တဲ့နေရာဌာနတွေမှာ‌ နေသူတွေ၊ အလုပ်လုပ်ရသူတွေ (ဥပမာ ဆရာဆရာမများ၊ သင်တန်းကျောင်းဝန်ထမ်းများ၊ အဆောင်နေသူများ)

✅ နိုင်ငံတကာ ခရီးသွားလာနေသူများ အနေနဲ့ ရေကျောက်ရောဂါ ကာကွယ်ဆေးကို ကြိုတင်ထိုးနှံထားသင့်ပါတယ်။

ဒီလောက်ဆိုရင်တော့ ရေကျောက်ရောဂါနဲ့ပတ်သက်တဲ့ဆောင်ရန် ရှောင်ရန်လေးတွေ သိပြီထင်ပါတယ်နော်။

#ရေကျောက်


#ကာကွယ်ဆေး
#ကျန်းမာရေး

🤔🥺😡 ရာသီမလာခင် စိတ်တို၊ ဗိုက်အောင့်တာတွေက သဘာဝပဲလား? (PMS နှင့် PMDD အကြောင်း သိကောင်းစရာ)😀 ​မင်္ဂလာပါ... The Elixir for...
02/04/2026

🤔🥺😡 ရာသီမလာခင် စိတ်တို၊ ဗိုက်အောင့်တာတွေက သဘာဝပဲလား? (PMS နှင့် PMDD အကြောင်း သိကောင်းစရာ)

😀 ​မင်္ဂလာပါ... The Elixir for Your Health Page မှ ကြိုဆိုပါတယ်။

😀 ​အမျိုးသမီးတော်တော်များများ လစဉ်ကြုံတွေ့နေရပေမယ့် "ဒါကတော့ ဒီလိုပဲ ဖြစ်မှာပါ"🥺 ဆိုပြီး သည်းခံနေတတ်ကြတဲ့ ရာသီမလာခင် ဖြစ်လေ့ရှိတဲ့ ဝေဒနာများ (Premenstrual Syndrome - PMS) အကြောင်းကို ဒီနေ့ ဆွေးနွေးပေးချင်ပါတယ်။

​🔍 PMS ဆိုတာ ဘာလဲ? ဘာလို့ ဖြစ်ရတာလဲ?

_ ​ရာသီမလာခင် (၇) ရက်ကနေ (၁၀) ရက်အလိုမှာ ခန္ဓာကိုယ်တွင်း ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်ပေါ်လာတဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို ခေါ်တာပါ။

✅ ​အဓိကအကြောင်းရင်းကတော့

😥 ရာသီစက်ဝန်းအတွင်း Estrogen နဲ့ Progesterone ဟော်မုန်းများ ရုတ်တရက် အတက်အကျဖြစ်ခြင်း။

🥺 ​ဦးနှောက်ဓာတ်ပြုမှု: စိတ်ပျော်ရွှင်မှုကို ထိန်းချုပ်တဲ့ Serotonin ဓာတ် လျော့နည်းသွားခြင်း။

​🤒 PMS ရဲ့ လက္ခဏာများ

_ ​တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပေမယ့် အတွေ့ရအများဆုံးကတော့ -

☝️ ​ရုပ်ပိုင်းဆိုင်ရာ: ရင်သားတင်းပြီး နာကျင်ခြင်း၊ ဗိုက်ကယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝက်ခြံထွက်ခြင်း၊ ခါးနာခြင်း။

☝️ ​စိတ်ပိုင်းဆိုင်ရာ: စိတ်တိုလွယ်ခြင်း၊ အကြောင်းမဲ့ ဝမ်းနည်းငိုကြွေးခြင်း၊ အိပ်မပျော်ခြင်း၊

☝️အစားအသောက် အရမ်းစားချင်ခြင်း (Food cravings)

​⚠️📢 သတိထားရန် - PMDD ဆိုတာကရော ဘာလဲ?

✅ ​တချို့အမျိုးသမီးတွေမှာ PMS ထက် အဆပေါင်းများစွာ ပြင်းထန်တဲ့ PMDD (Premenstrual Dysphoric Disorder) ဆိုတာ ဖြစ်တတ်ပါတယ်။

✅ ​မိမိကိုယ်ကို အဆုံးစီရင်ချင်စိတ် ပေါက်ခြင်း။
​အလွန်အမင်း စိတ်ဓာတ်ကျခြင်းနှင့် ဒေါသထွက်ခြင်း။
​နေ့စဉ် လူမှုဘဝနှင့် အလုပ်အကိုင်ကို လုံးဝမလုပ်ဆောင်နိုင်တော့ခြင်း။

✅ ​အကြံပြုချက်အနေနဲ့က‌တော့ ဒီလို လက္ခဏာမျိုး ခံစားရရင်တော့ အိမ်တွင်းကုထုံးနဲ့တင် မလုံလောက်ဘဲ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ မဖြစ်မနေ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

​💊 ဝေဒနာတွေကို ဘယ်လိုသက်သာအောင် လုပ်မလဲ?

​၁။ ဆေးဝါးမပါဘဲ သဘာဝအတိုင်း ထိန်းသိမ်းခြင်း (Non-Medicinal)

✅ ​အစားအသောက်
_ ဆား (အငန်) လျှော့စားပါ (ဗိုက်ကယ်တာ သက်သာစေတယ်)။
_ ကဖင်း (ကော်ဖီ) ရှောင်ပါ။

✅ ​လေ့ကျင့်ခန်း
_ တစ်နေ့ မိနစ် ၃၀ ခန့် လမ်းလျှောက်ခြင်းက စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။

✅ ​အာဟာရ
_ ကယ်လ်ဆီယမ် (Calcium) နှင့် ဗီတာမင် B6 ကြွယ်ဝသော အစားအစာများ စားပေးပါ။

​၂။ ဆေးဝါးဖြင့် ကုသခြင်း (Medicinal)

_ ​အကိုက်အခဲပျောက်ဆေး: ဗိုက်အောင့်၊ ခါးနာအတွက် Paracetamol သို့မဟုတ် Mefenamic Acid သောက်နိုင်ပါတယ်။

_ ​Evening Primrose Oil (EPO): ဒီဆေးလေးက ရာသီမလာခင် ဖြစ်တတ်တဲ့ "ရင်သားတင်းပြီး နာကျင်ခြင်း" အတွက် အလွန်ထိရောက်ပါတယ်။

_ ​ဟော်မုန်းဆေးများ: လိုအပ်ပါက ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးနိုင်ပါတယ်။

​💡 အနှစ်ချုပ် အကြံပြုချက်

✅ ​PMS ဝေဒနာဟာ ရှက်စရာမဟုတ်သလို သည်းခံနေရမယ့်အရာလည်း မဟုတ်ပါဘူး။
_ မိမိရဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲကြည့်ပါ။
_ မသက်သာဘူးဆိုရင်တော့ နီးစပ်ရာ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ တိုက်တွန်းပါရစေ။

​ဒီအကြောင်းအရာလေးက ပျိုမေတို့အတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

​
​
#ကျန်းမာရေး

📢📢 ဆီတန်းစီရင်း အပူဒဏ်ကြောင့် မေ့လဲခြင်းကို ကာကွယ်ပါ 📢📢✅ ​အခုလို အလွန်ပူပြင်းတဲ့ ရာသီဥတုမှာ ဆီဆိုင်တွေမှာ အကြာကြီးတန်းစီ...
30/03/2026

📢📢 ဆီတန်းစီရင်း အပူဒဏ်ကြောင့် မေ့လဲခြင်းကို ကာကွယ်ပါ 📢📢

✅ ​အခုလို အလွန်ပူပြင်းတဲ့ ရာသီဥတုမှာ ဆီဆိုင်တွေမှာ အကြာကြီးတန်းစီနေရတာဟာ သာမန်ပင်ပန်းတာထက် ပိုပါတယ်။

✅ အပူရှိန်ကြောင့် သွေးပေါင်ကျတာ၊ နှလုံးခုန်မြန်တာကနေတစ်ဆင့် မေ့လဲတာ (Heat Exhaustion) နဲ့ နှလုံးရပ်တာ (Heart Attack) အထိ ဖြစ်ပွားနိုင်ပါတယ်။

☝️☝️ ​မိမိကိုယ်ကိုနဲ့ ပတ်ဝန်းကျင်ကလူတွေကို ကာကွယ်ဖို့ အောက်ပါအချက်တွေကို လိုက်နာပေးကြပါ။

​🩺 ဆေးပညာဆိုင်ရာ အကြံပြုချက် (Do’s and Don’ts)
📢 လုပ်ဆောင်ရန် (Do) နှင့် ရှောင်ကြဉ်ရန် (Don't)

✅ ရေများများသောက်ပါ
ရေငတ်မှသောက်တာမျိုးမဟုတ်ဘဲ ခဏခဏသောက်ပါ။
✅ ဓာတ်ဆားရည် (ORS) ကို အမြဲဆောင်ထားပါ။

❌ ကော်ဖီနှင့် အချိုရည်ရှောင်ပါ: ကော်ဖီနဲ့ အချိုရည်တွေက ခန္ဓာကိုယ်ထဲက ရေဓာတ်ကို ပိုမိုခန်းခြောက်စေပါတယ်။

✅ သွေးခုန်နှုန်းနေရာများကို အေးအောင်ထားပါ: _ အရမ်းပူလာရင် လည်ပင်း၊ ချိုင်းကြားနဲ့ လက်ကောက်ဝတ်တွေကို ရေစိုဝတ်နဲ့ အုပ်ပေးပါ။

❌ ကားထဲမှာ အကြာကြီးမနေပါနဲ့: အဲကွန်းပိတ်ထားတဲ့ ကားအတွင်းပိုင်းဟာ အပြင်ထက် ပိုပူပါတယ်။ ကားထဲမှာ အောင်းမနေပါနဲ့။

📢📢 ဒီလက္ခဏာတွေကို သတိထားပါ:

☝️ ခေါင်းမူးတာ၊ ပျို့အန်တာ၊ ကြွက်တက်တာဖြစ်ရင် ချက်ချင်း အနားယူပါ။

☝️ အားတင်းမထားပါနဲ့: လူက မူးဝေလာရင် "ခဏလေးပါ" ဆိုပြီး အတင်းအောင့်မခံပါနဲ့။ ချက်ချင်းထိုင်ချလိုက်ပါ။

📢📢 လူမှုရေးဆိုင်ရာ အကူအညီပေးခြင်း (Social Advice)

✅ အချင်းချင်း စောင့်ကြည့်ပေးပါ:
_ ရှေ့ကား၊ နောက်ကား ဒါမှမဟုတ် ဘေးကလူတွေကို ၁၅ မိနစ်တစ်ခါလောက် အခြေအနေမေးမြန်းပေးပါ။

_ စကားပြောတာ တုံ့ပြန်မှုနှေးနေရင် သတိထားပါ။

✅ အရိပ်မျှဝေပါ: ထီးပါလာရင် ဆိုင်ကယ်သမားတွေ ဒါမှမဟုတ် လမ်းလျှောက်လာသူတွေကို အရိပ်မျှဝေပေးပါ။
✅ အင်ဂျင်စက်ပိတ်ထားပါ: ကားမရွေ့တဲ့အချိန်မှာ စက်ပိတ်ထားခြင်းက ပတ်ဝန်းကျင် အပူချိန်တက်တာကို လျှော့ချပေးနိုင်ပါတယ်။

✅ ကိုယ်ချင်းစာပါ: လူကြီးမိဘတွေနဲ့ ကျန်းမာရေးမကောင်းပုံရသူတွေကို အနားယူဖို့ ကူညီပေးပါ။

🚨 အရေးပေါ် အခြေအနေဖြစ်လာရင် (Collapse/Fainting)

☝️ တကယ်လို့ တစ်ယောက်ယောက် မေ့လဲသွားရင် -
လူနာကို ချက်ချင်း အရိပ်ထဲရွှေ့ပါ။

☝️လဲလျောင်းစေပြီး ခြေထောက်ကို ခေါင်းထက်မြင့်အောင် မြှင့်ထားပေးပါ။ (သွေးလှည့်ပတ်မှုကောင်းစေရန်)

☝️အဝတ်အစားတွေကို ချောင်ချိအောင်လုပ်ပေးပြီး ရေအေးအေးနဲ့ ကိုယ်တိုက်ပေးပါ။

☝️သတိမရမချင်း ပါးစပ်ထဲ ရေအတင်းမတိုက်ပါနဲ့ (အသက်ရှူလမ်းကြောင်း ပိတ်တတ်ပါတယ်)။
၁ မိနစ်အတွင်း သတိမရလာရင် နီးစပ်ရာ ဆေးရုံ ဆေးခန်းသို့ အမြန်ဆုံး ပို့ဆောင်ပါ။

"ဆီထက် သင့်အသက်က ပိုအရေးကြီးပါတယ်။"

ဒီပို့စ်လေးကို မျှဝေခြင်းဖြင့် မိမိပတ်ဝန်းကျင်က လူတွေကို ဘေးကင်းအောင် ကူညီပေးကြပါလို့ တိုက်တွန်းလိုပါတယ်။
#ကျန်းမာရေး
#ကူညီပါ
#မျှဝေပါ

အပူဒဏ်ကိုသတိပြုကြပါစို့
17/03/2026

အပူဒဏ်ကိုသတိပြုကြပါစို့

🥵😫🌞 ပူပြင်းလွန်းတဲ့နွေရာသီကို ရောက်လာပြန်ပါပြီ။
အပူဒါဏ်ရဲ့ ပြဿနာတွေကို အများစုက သိပြီးသားဖြစ်ကြပေမဲ့ သတိထားသင့်တဲ့ အခြေအနေလေးတွေ ဆောင်ရန် ရှောင်ရန် လေးတွေကို ပြောပြပေးသွားမယ်နော်။

🌡️🌡️🌞 ရာသီဥတု အပူချိန်ပြင်းလွန်းလာတဲ့အခါ အသက် အန္တရယ်ထိခိုက်နိုင်တဲ့ပြဿနာ‌တွေ ထိဖြစ်နိုင်ပါတယ်။

_ အပူရှပ်ခြင်း၊
_ အပူဒါဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊
_ နေလောင်ခြင်း၊
_ အပူဒါဏ်ကြောင့် မိတ်ထွက်ခြင်း
_ အရေပြားပြဿနာများနဲ့
_ အခြားကျန်းမာရေးပြဿနာတွေဖြစ်တဲ့ နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း စသဖြင့်ပြဿနာများဖြစ်စေနိုင်ပါတယ်။

🔍🔍📢 အထူးဂရုပြုသင့်တဲ့သူများကတော့ အသက် ၆၅ အထက်လူကြီးများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် နဂိုလ် ရှိရင်းစွဲ‌ နာတာရှည်ရောဂါအခံရှိသူများဖြစ်ပါတယ်။

🔍🔍📢 အခြားအပူဒါဏ်အန္တရယ်ဖြစ်နိုင်ခြေများသူတွေကတော့ နေပူထဲ အပြင်ဘက်မှာ အလုပ်လုပ်ရသူတွေ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်သူတွေ၊ ဆီးဆေး နှလုံးဆေးစသဖြင့် ဆေးဝါးသောက်သုံးနေရသူတွေ၊ တစ်ယောက်ထဲနေသူများ(အပူဒါဏ်ကြောင့် နေထိုင်မကောင်းလျှင် ကူပေးမည့်သူမရှိလျှင်)၊ အပူဒါဏ်သက်သာစေရန် အအေးဓါတ်ပေးရန် မလုံလောက်သော အိမ်မျိုးတွင်နေထိုင်ရသူများနှင့် အိမ်ခြေယာမဲ့များ ဖြစ်ပါတယ်။

🔍🔍📢 အပူဒါဏ်ကြောင့် ဖြစ်လာတဲ့ပြဿနာတွေက ဘယ်လို လက္ခဏာတွေရှိပြီး ဘယ်လိုအရေးပေါ်ဖြေရှင်းရမလဲပြောပြပေးသွားပါမယ်။

🌡️🌡️ 🌞 ပုံမှန်အားဖြင့် ပတ်ဝန်းကျင်အပူချိန်မြင့်တက်လာတဲ့အခါ လူ့ခန္ဓာကိုယ် အရေပြားတလျှောက် သွေးအ လျှောက်များစေကာ ချွေးထွက်ပြီး ချွေးအငွေ့ပျံစေခြင်းဖြင့် ကိုယ်အပူချိန်ကို ပြန်လည်လျော့ကျဖို့ လုပ်ဆောင်ပေးပါတယ်။

_ 😫 အပူဒါဏ်ကြောင့် အရေပြားယားယံတာ ယောင်ယမ်းတာ မိတ်ထွက်တာမျိုးတွေ သက်သာစေဖို့
✅ ပွပွခြောင်ခြောင်နဲ့ လေဝင်လေထွက်ကောင်းပြီး ချွေးစုတ်တဲ့ အဝတ်အထည်တွေ ဝတ်ဆင်သင့်ပါတယ်။

_ 😫 နေလောင်တာသက်သာစေဖို့လည်း
✅ နေပူထဲထွက်တဲ့အခါ ထီး၊ ဦးထုတ်ဆောင်းသင့်ပါတယ်။
✅ နေရောင်ကာလိမ်းဆေးလည်းလိမ်းနိုင်ပါတယ်။

_ 😫 ချွေးထွက်များတဲ့အတွက် အရေဓါတ် ခမ်းခြောက်တာမျိုးဖြစ်လာတတ်ပါတယ်။
🔍 လိုအပ်တဲ့ရေဓါတ်မပြည့်ဝရင်၊ မဖြည့်နိုင်တဲ့အခါ အာခြောက်လာမယ် ရေငတ်လာမယ်၊ ဆီးအရောင့်ရင့်လာမယ် နည်းလာမယ်၊ ခေါင်းမူးခေါင်းကိုက်တာ ဝေဝါးတာတွေဖြစ်လာတတ်ပါတယ်။
✅ အဲအခါမျိုးမှာဆိုရင်တော့ အေးပြီးအရိပ်ရတဲ့နေရာကိုရွေ့ပြောင်းအနားယူမယ်။
✅ အရည်များများသောက်မယ်။
✅ မလိုအပ်တဲ့အဝတ်တွေချွတ်ပြီး အရေပြားစိုစွတ်အောင် ‌ရေစွတ်ပေနိုင်ပါတယ်။

_ 😫 နောက်တဆင့်အနေနှင့်ကတော့ အပူဒါဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်းပါ။
📢 ဒီအဆင့်ကို မသိရှိပဲသေချာ မကုသဘူးဆိုရင် အသက်အန္တရယ်ရှိတဲ့ အပူရှပ်ခြင်းအဆင့်ကိုရောက်တတ်ပါတယ်။
🔍 အပူဒါဏ်ကြောင့်ပင်ပန်းနွမ်းနယ်တဲ့အခါ ခန္တာကိုယ်အပူချိန် (၃၈°_၃၉°)လောက်ထိ တက်နိုင်ပြီး ချွေးအလွန်အကျွံထွက်မယ်၊ ဖြူဖြူလျော်ဖြစ်မယ်၊ ကြွက်သားတွေနာမယ် ကြွက်တက်မယ်၊ မူးဝေအော့အန်ချင်မယ်၊ နှလုံးခုန်မြန်လာပြီး မေ့လဲကျတာမျိုးထိဖြစ်တတ်ပါတယ်။

✅ အဲလိုအခြေအနေမျိုးမှာဆိုရင် အရင်ဆုံး အရေးပေါ်ကားကို ဆက်သွယ်ပြီး အရေးပေါ်ဌာနကိုသွားရပါမယ်။
✅ တပြိုင်နက်မှာပဲ လူနာကို အရိပ်ရပြီး အေးမြတဲ့ နေရာကိုရွေ့မယ်၊ မလိုအပ်တဲ့အဝတ်အစားတွေချွတ်ပြီး ခန္တာကိုယ် အထူးသဖြင့် ချိုင်းကြားပေါင်ကြားကို အေးမြအောင် ရေပတ်တိုက်တာကို ရေခဲရေ သို့မဟုတ်ရေအေးနဲ့လုပ်ရပါမယ်။
✅ အနားမှာ ပန်ကာ အဲကွန်းရှိရင် ဖွင့်ထားရပါမယ်။
✅ လူနာသတိကောင်းရင် ရေအေးအေးလေးတိုက်ရပါမယ်။

_ 😫 အပူဒါဏ်ကြောင့် ပင်ပန်းနွမ်းနယ်တဲ့အဆင့်မှာ မကုသရင်တော့ ခန္တာကိုယ်အပူချိန် ဆက်လက်မြင့်တက်လာပြီး (၄၀°အထက်) ဖြစ်လာပြီး ခန္တာကိုယ်ရဲ့ အရေးကြိးတဲ့အင်္ဂါအစိတ်အပိုင်းတွေဆီ သွေးမရောက်တော့ပဲ အသက်အန္တရယ်ဖြစ်နိုင်ပါတယ်။

🔍အပူရှပ်ခြင်းရဲ့လက္ခဏာတွေက အပူဒါဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်းနဲ့ ခပ်ဆင်ဆင်တူပေမဲ့ အပူရှပ်ခြင်းအဆင့်ကိုရောက်တဲ့အခါ ချွေးမထွက်တော့ပဲ ချွေးရုတ်တရက်ခြောက်သွားတတ်ပြီး သတိမရှိတော့တာ ကယောင်ကတမ်းတွေပြောတာ၊ တက်တာ သတိလစ်တာမျိုးထိဖြစ်နိုင်ပါတယ်။

✅ အရေးပေါ်အခြအနေဖြစ်တာမို့ အရေးပေါ်ဌာနကိုဆက်သွယ်ပို့ဆောင်ရင်း တပြိုင်နက်မှာပဲ လူနာကို အေးမြအရိပ်ရတဲ့နေရာမှာထားပါ။
✅ မလိုအပ်တဲ့အဝတ်တွေချွတ်ပြီး ခန္ဓာကိုယ်ကို‌လည်ပင်း ချိုင်းကြား ပေါင်ကြားကို ရေအေးပတ် ရေခဲပတ်တိုက်ရပါမယ်။
✅ ခန္ဓာကိုယ်ကို ရေအေးဝတ်နဲ့ပတ်ပြီး ပန်ကာ သို့မဟုတ် အဲကွန်းကိုဖွင့်ထားပြီးအေးအောင်လုပ်ထားရပါမယ်။
✅ လူနာသတိရှိ၍ မြိုနိုင်လျှင် ရေအေးအေးတိုက်ပေးရပါမယ်။

📢 လူနာသတိလစ်နေပါက ဘေးစောင်းထားပြီး၊ အသက်မရှူပါက အရေးပေါ်ဌာန မရောက်ခင်အချိန်မှာ ရှေးဦးသူနာပြုနည်းနှင့်အသက်ကယ်ရပါမယ်။

😀✅ ခုဆိုရင်တော့ အပူဒါဏ်နဲ့ နွေရာသီရဲ့ အရေးပေါ်ကျန်းမာရေးပြဿနာတွေနဲ့ ကာကွယ်ကုသရေးကို အတန်အသင့်သိရှိပြီး နွေရာသီကို ကျန်းမာစွာဖြတ်ကျော်နိုင်ကြမယ်ထင်ပါတယ်။

🛑 အစာအိမ်နာတာ၊ လေပွတာတွေက "အစာအိမ်ပိုး" ကြောင့်လား?🤔 ​ဗိုက်အောင့်တာ၊ ဗိုက်ကယ်တာကို ရိုးရိုးအစာမကြေတာပဲဆိုပြီး ပေါ့ဆနေလို...
16/03/2026

🛑 အစာအိမ်နာတာ၊ လေပွတာတွေက "အစာအိမ်ပိုး" ကြောင့်လား?

🤔 ​ဗိုက်အောင့်တာ၊ ဗိုက်ကယ်တာကို ရိုးရိုးအစာမကြေတာပဲဆိုပြီး ပေါ့ဆနေလို့မဖြစ်ပါဘူး။

🤔 မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ H. pylori (Helicobacter pylori) လို့ခေါ်တဲ့ အစာအိမ်ပိုးအကြောင်းကို အားလုံးသိထားသင့်ပါတယ်။

​🩺 H. pylori ဆိုတာ ဘာလဲ?

😃 ​ဒါဟာ အစာအိမ်နဲ့ အူသိမ်ဦးပိုင်းမှာ တွယ်ကပ်ရှင်သန်နိုင်တဲ့ ဗက်တီးရီးယားတစ်မျိုးပါ။
☝️ ဒီပိုးဟာ အစာအိမ်နံရံကို ကာကွယ်ပေးထားတဲ့ အကျွဲအမြှေးပါးကို ဖျက်ဆီးပြီး အစာအိမ်အနာ (Ulcer) နဲ့ ရေရှည်မှာ အစာအိမ်ကင်ဆာအထိ ဖြစ်စေနိုင်ပါတယ်။

​⚠️ သတိထားရမယ့် လက္ခဏာများ

🤔 ​အစာအိမ်ပိုးရှိသူအများစုဟာ လက္ခဏာမပြတတ်ပေမယ့် အနာဖြစ်လာရင်တော့ အောက်ပါတို့ ခံစားရတတ်ပါတယ်။

✅ ​ဗိုက်အပေါ်ပိုင်း အောင့်ခြင်း (ဗိုက်ဆာချိန်တွင် ပိုဆိုးတတ်သည်)

✅ ​ဗိုက်ကယ်၊ လေပွပြီး မကြာခဏ လေတက်ခြင်း

✅ ​ပျို့အန်ခြင်း နှင့် အစားအသောက်ပျက်ခြင်း

✅ ​အကြောင်းရင်းမရှိဘဲ ဝိတ်ကျလာခြင်း

📣 ​သတိပြုရန်: ဝမ်းအမည်းရောင်သွားခြင်း သို့မဟုတ် သွေးအန်ခြင်းဖြစ်ပါက နီးစပ်ရာဆေးခန်းသို့ အမြန်ဆုံးသွားပါ။

​🦠 ဘယ်လိုကြောင့် ကူးစက်တာလဲ?

😃 ​အဓိကအားဖြင့် "မသန့်ရှင်းတဲ့ အစားအသောက်နဲ့ ရေ" ကနေတစ်ဆင့် ကူးစက်တာပါ။

_ ​ပိုးပါဝင်တဲ့ အစားအစာနဲ့ မသန့်ရှင်းတဲ့ရေကို စားသုံးမိခြင်း။

_ ​ရောဂါပိုးရှိသူရဲ့ တံတွေး၊ အန်ဖတ် သို့မဟုတ် မစင်ကတစ်ဆင့် ကူးစက်ခြင်း။

_ ​လက်ကိုစင်ကြယ်အောင် မဆေးဘဲ အစားအစာများကို ကိုင်တွယ်ခြင်း။

​🛡️ ဘယ်လိုကာကွယ်မလဲ?

☝️ ​လက်ကို စင်ကြယ်အောင်ဆေးပါ:
အစားမစားခင်နဲ့ အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ သေချာဆေးပါ။

☝️ ​သန့်ရှင်းမှုကို ဂရုစိုက်ပါ: အစားအစာများကို ကျက်အောင်ချက်စားပါ၊ ဟင်းသီးဟင်းရွက်များကို စင်ကြယ်အောင်ဆေးပါ။

☝️ ​ယင်လုံအိမ်သာ: စနစ်တကျရှိသော ယင်လုံအိမ်သာကို အသုံးပြုပါ။

☝️​သောက်ရေ: ရေကို ကျိုချက်သောက်ပါ သို့မဟုတ် သန့်ရှင်းသော သောက်ရေသန့်ကိုသာ သုံးစွဲပါ။

​💊 ကုသခြင်း

😃 ​အစာအိမ်ပိုး ရှိ၊ မရှိကို သွေးစစ်ခြင်း၊
လေမှုတ်ထုတ်ပြီးစစ်ခြင်း (Urea Breath Test)
ဒါမှမဟုတ်
မှန်ပြောင်းကြည့်ခြင်း တို့နဲ့ သိနိုင်ပါတယ်။

☝️ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ပိုးသတ်ဆေး (Antibiotics) နဲ့ အစာအိမ်ဆေးတွေကို သတ်မှတ်ရက်ပြည့်အောင် သောက်သုံးဖို့ အလွန်အရေးကြီးပါတယ်။
☝️☝️ ဆေးပတ်မလည်ရင် ပိုးက ဆေးယဉ်ပါးသွားပြီး ကုသရခက်ခဲတတ်ပါတယ်။

​"ကျန်းမာရေး ဗဟုသုတတွေကို ဝေမျှပေးခြင်းဖြင့် မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကို ကာကွယ်ပေးလိုက်ပါ" ❤️

ဒီရက်ပိုင်း ဝမ်းပျက် ဝမ်းလျောတွေအတော်လေးဖြစ်တာ ပြန်စိတ်လာလို့ သတိထားကြဖို့ ပြန်တင်ပေးလိုက်ပါတယ်နော်
09/03/2026

ဒီရက်ပိုင်း ဝမ်းပျက် ဝမ်းလျောတွေအတော်လေးဖြစ်တာ ပြန်စိတ်လာလို့ သတိထားကြဖို့ ပြန်တင်ပေးလိုက်ပါတယ်နော်

📢ကာလဝမ်းရောဂါ သို့မဟုတ် cholera သို့မဟုတ် အသက်အန္တရယ်ရှိသော ပြင်းထန် ဝမ်းပျက်ဝမ်းလျောရောဂါ 📢

📢 ကာလဝမ်းရောဂါ cholera ရောဂါက Vibrio cholerae လို့ခေါ်တဲ့ဘက်တီးရီးယားကြောင့်ဖြစ်ပြီး ရေမသန့်ရာက တဆင့်ဖြစ်တဲ့ ကူးစက်မှုပြင်းထန်တဲ့ရောဂါဖြစ်ပါတယ်။

📢 မသန့်သောရေကတဆင့် အစားအသောက်ကတဆင့်၊ ရောဂါပိုးရှိသူရဲ့ မစင်ကိုထိတွေ့မှု့ကတဆင့် ပါးစပ်ကနေ ရောဂါပိုးဝင်ပြီးကူးစက်ဖြစ်ပွားပါတယ်။

📢 ကာလဝမ်းရောဂါကြောင့် အချိန်တိုအတွင်း ရေဓါတ်ခမ်းခြောက်မှုဖြစ်ကာ အချိန်မှီမကုသပါက အသက်ဆုံးရှုံးနိုင်ပြီး အစုလိုက်အပြုံလိုက်ဖြစ်ပါက ကပ်ရောဂါအသွင် ကုသရခက်ခဲနိုင်ပါတယ်။

🔍🔍🔍🔍ရောဂါလက္ခဏာများကတော့

_ ပျို့ ချင် အန်ချင်မယ်၊ အန်မယ်။ ပမာဏများနိုင်ပါတယ်။

_ ဆန်ဆေးရေအရောင်ဝမ်းတွေ ပမာဏာများစွာသွားမယ်။ အနဲံ့ကငါးညှီနံ့လိုဖြစ်ပြီး ဝမ်းသွားပြီး နာရီပိုင်းအတွင်း အရေဓါတ်ခမ်းခြောက်မယ်။ ဓါတ်ဆားဆုံးရှုံးလို့ ကြွက်တက်တာ၊နုန်းတာ၊ သတိလစ်တာ ဖြစ်မယ်။ အချိန်မှီမကုသရင် အသက်ဆုံးရှုံးနိုင်ပါတယ်။

📢📢 အရေးပေါ်ကုသမှုက တော့ ရေတလီတာနဲ့ဖျော်ရတဲ့ အများအခေါ် BPI ဓါတ်ဆားပဲဖြစ်ပါတယ်။
_ ဓါတ်ဆားရည်ကို ဝမ်းသွားသမျှပမာဏအတိုင်း ပြန်သောက်သောက်ပေးဖို့လိုပါတယ်။
_ ရေသန့်ဖို့ ဖျော်ပုံဖျော်နည်းစနစ်ကျဖို့လိုပါတယ်။
_ ရေသန့်မရနိုင်ရင် ရေကျက်အေးနှင့်ဖျော်နိုင်ပါတယ်။

📢📢✅အရေးပေါ်ဓါတ်ဆားဝယ်မရပါက
ရေသန့် သို့မဟုတ် ရေကျက်အေး တစ်လီတာထဲကို သကြားလဘက်စားဇွန်း ၆ ဇွန်းနှင့် ဆား လဘက်စားဇွန်း ဇွန်းတဝက်ထည့်ပြီး သောက်သုံးရပါတယ်။

✅အန်နေလျှင် အများကြီးတခါထဲမသောက်ပဲ တဖြည်းဖြည်းချင်းသောက်ပေးပါ။

✅ရေဓါတ်ဆုံးရှုံးမှုအလွန် များရင်တော့ drip ပုလင်းချိတ်ရနိုင်လို့ ဆေးရုံပြသသင့်ပါတယ်။

📢📢 ကာကွယ်မှုတွေအနေနဲ့ကတော့

_မသန့်သော ရေမှတဆင့်ကူးစက်တာဖြစ်လို့ ရေသန့်ဖို့လိုပါတယ်။ သန့်ရှင်းသောရေကိုသာသောက်သုံးပါ။ရေသန့်မရနိုင်လျှင်ရေကိုကြိုချက်သောက်သုံးပါ။ အိမ်သုံးရေ ရေကန်ကို ကလိုရင်းခတ်ပါ။

_ လက်ကိုသေချာစင်ကြယ်စွာဆေးကြောပါ။ ( အစားအစာကိုမကိုင်တွယ်ခင်၊ အစားအစာမပြင်ဆင်ခင် ပြင်ဆင်နေစဉ်နှင့်ပြင်ဆင်ပြီးချိန်၊ အသီးအရွက်အသားငါးကိုင်တွယ်ပြီးချိန်၊ အစားမစားခင်၊ ကလေးအစာမကျွေးခင်၊ အိမ်သာမှထွက်သောအခါ၊ ကလေးကို အိမ်သာအညစ်အကြေးဆေးကြောပြီးသောအခါ၊ ဝမ်းရောဂါလူနာအားကိုင်တွယ်ပြီးသောအခါ လက်ကို စနစ်တကျ ဆေးကြောပါ။ ရေမရနိုင်လျှင် လက်သန့်ဆေးရေ သုံးပါ)

_ စိတ်ချရသောအိမ်သာသုံးစွဲပါ။ ယင်လုံအိမ်သာသုံးပါ။
အိမ်သာနှင့် ရေအရင်းအမြစ် ရေကန် ပေတစ်ရာကွာပါစေ။ အိမ်သာ သွားရန်အဆင်မပြေပါက ပလတ်စတစ်အိတ်ထဲတွင် မစင်စွန့်ပြီးလုံခြုံအောင်ပိတ်ကာ ရေအရင်းအမြစ်နှင့်ပေတစ်ရာအကွာတွင် မြေမြှပ်ရပါမယ်။

_ အစားအသောက်သန့်ရှင်းမှု ဂရုစိုက်ပါ။

_ သန့်ရှင်းပူနွေးပြီး ကျက်နေအောင်ချက်ထားသော အစားအစာများသာ စားသုံးပါ။ အသီးအနှံများကို ကိုယ်တိုင် လက်ဆေး၍ အခွံခွာ၍စားသုံးပါ။ အသီးအနှံအရွက် အသားငါး အစိမ်းစားခြင်းမှ ရှောင်ကျဉ်ပါ။

_သန့်ရှင်းမှုဂရုပြုပါ။
_မီးဖိုချောင် ဟင်းချက်တဲ့နေရာကို ရေနှင့်ဆပ်ပြာသုံးပြီးဆေးကြောပါ။ပြီးလျှင် ခြောက်သွေ့စွာထားပါ။
_ အညစ်အကြေးပေထားသောအဝတ်များအား ရေအရင်းအမြစ်နဲ့ ပေတစ်ရာအကွာတွေလျော်ဖွတ်ပါ။ ရေနွေးနဲ့လျော်ဖွတ်ပြီး အခြောက်လှမ်းပါ။
_ ဝမ်းနဲ့ အန်ဖတ်များကို အိမ်သာတွင်းသာစွန့်ပြစ်ပါ။ အိမ်သာ ကို အညစ်အကြေးပိုးသတ်ဆေးရည်ဖြင့်ဆေးကြောပါ။
_သန့်ရှင်းရေးလုပ်ပြီးတိုင်း လက်ကိုသေချာပြန်ဆေးပါ။



#ကာလဝမ်းရောဂါ
#ဝမ်းပျက်
#အန်
#ကျန်းမာရေး

📢 မိဘတိုင်း သိထားသင့်တဲ့ "သန်ကောင်အန္တရာယ်" နှင့် အရေးပေါ် အခြေအနေများ ] ⚠️☝️​သားသားမီးမီးတို့ ဗိုက်ခဏခဏအောင့်တယ်လို့ ပြ...
27/02/2026

📢 မိဘတိုင်း သိထားသင့်တဲ့ "သန်ကောင်အန္တရာယ်" နှင့် အရေးပေါ် အခြေအနေများ ] ⚠️

☝️​သားသားမီးမီးတို့ ဗိုက်ခဏခဏအောင့်တယ်လို့ ပြောနေပါသလား? "ကလေးဆိုတာ သန်ရှိမှာပေါ့" ဆိုပြီး ပေါ့ပေါ့တန်တန် သဘောမထားဖို့ သတိပေးပါရစေ။

​
✅ ​ကလေးတစ်ဦးမှာ သန်ကောင်ရှိနေပြီဆိုလျှင် အောက်ပါလက္ခဏာများကို တွေ့ရနိုင်ပါတယ်။

🥺 ​ဗိုက်ခဏခဏအောင့်ခြင်း: အထူးသဖြင့် ချက်တစ်ဝိုက်တွင် အောင့်တတ်ခြင်း။

🤔 ​အာဟာရချို့တဲ့ခြင်း: ကလေးက အစားစားသော်လည်း ပိန်ချောင်နေခြင်း၊ ကြီးထွားမှုနှေးကွေးခြင်း၊ ကိုယ်ခံအားနည်းလာခြင်း။

🥺 ​စအိုယားယံခြင်း: အထူးသဖြင့် ညဘက်တွင် တုတ်ကောင်များကြောင့် စအိုဝ ယားယံပြီး အိပ်မပျော်ဖြစ်ခြင်း။

🤔 ​ဝမ်းသွားလျှင် သန်ကောင်ပါလာခြင်း သို့မဟုတ် နှာခေါင်း၊ ပါးစပ်တို့မှ သန်ကောင်အရှင် ထွက်လာခြင်း။

နောက်ဆက်တွဲတွေအနေနဲ့ _

​🔴 သန်ကြောင့် ဗိုက်အောင့်ခြင်း (Worm Colic)

✅ သန်လုံးကောင်တွေဟာ အူလမ်းကြောင်းထဲမှာ ဟိုဟိုဒီဒီ လှုပ်ရှားသွားလာတတ်ပါတယ်။ အဲဒီအခါ ကလေးက ရုတ်တရက် ဗိုက်ကိုဆွဲလိမ်ထားသလိုမျိုး ပြင်းပြင်းထန်ထန် အောင့်တာကို ခံစားရတတ်ပါတယ်။ ဒါကို Worm Colic လို့ ခေါ်ပါတယ်။

​🔴 သန်ကောင်ကြောင့် အူပိတ်ခြင်း (Worm Intestinal Obstruction)

✅ ဒါကတော့ အကြောက်ရဆုံး နောက်ဆက်တွဲ ပြဿနာပါ။ ကလေးဗိုက်ထဲမှာ သန်ကောင်အရေအတွက် အရမ်းများလာတဲ့အခါ သန်ကောင်တွေဟာ လုံးထွေးပြီး အထုပ်လိုက်ကြီး ဖြစ်သွားတတ်ပါတယ်။

🥺 အဲဒီ သန်ကောင်ထုပ်ကြီးက အူလမ်းကြောင်းကို ပိတ်ဆို့လိုက်တဲ့အခါ -

❌ ကလေးက ဗိုက်အရမ်းနာပြီး ဗိုက်ကြီးတင်းဖောင်းလာမယ်။

❌ အဆက်မပြတ်အန်မယ် (တစ်ခါတစ်ရံ အန်ဖတ်ထဲမှာ သန်ကောင်တွေ ပါလာတတ်ပါတယ်)။

❌ လေမလည်တော့ဘူး၊ ဝမ်းလုံးဝ မသွားတော့ဘူး။

​⚠️ ဒီလိုအခြေအနေမျိုး ဖြစ်လာရင် အိမ်မှာ သန်ချဆေးတိုက်နေရုံနဲ့ မရပါဘူး။

✅ အူပိတ်တာဟာ ခွဲစိတ်ကုသမှုအထိ လိုအပ်နိုင်တဲ့ အရေးပေါ်အခြေအနေဖြစ်လို့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး ပို့ဆောင်ရပါမယ်။

​🛡️ ဘယ်လိုကာကွယ်ကြမလဲ? 📢📢

၁။ လက်ဆေးပါ: အစာမစားမီနဲ့ အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စနစ်တကျ ဆေးပေးပါ။

၂။ အစားအစာ သန့်ရှင်းပါ: အသီးအရွက်ကို ရေစင်အောင်ဆေးပါ၊ အသားကို ကျက်အောင်ချက်ပါ။

၃။ ဖိနပ်စီးပါ: မြေကြီးထဲက သန်ဥတွေ မကူးစက်အောင် အပြင်သွားရင် ဖိနပ်အမြဲစီးခိုင်းပါ။

၄။ သန်ချပါ: အသက် (၂) နှစ်အထက် ကလေးတွေကို (၆) လတစ်ကြိမ် ပုံမှန်သန်ချပေးဖို့ မမေ့ပါနဲ့။

😃 ​မိဘတိုင်း ဒီဗဟုသုတလေးကို သိထားပြီး သားသားမီးမီးတို့ကို သန်ကောင်အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ကြပါစေ။ ❤️

​ #သန်ကောင်ရောဂါ #ကျန်းမာရေး

🔥 နေပူရှိန်ကြောင့်ဖြစ်တဲ့ အရေပြားပြဿနာများကို သိရှိနားလည်ခြင်း☝️ အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အလှအပအတွက်တင် မဟုတ်ဘဲ အပူချိ...
25/02/2026

🔥 နေပူရှိန်ကြောင့်ဖြစ်တဲ့ အရေပြားပြဿနာများကို သိရှိနားလည်ခြင်း

☝️ အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အလှအပအတွက်တင် မဟုတ်ဘဲ အပူချိန်ကို ထိန်းညှိပေးတဲ့ အဓိက အင်္ဂါအစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

✅ အပူဒဏ်ကြောင့် အရေပြား ပျက်စီးတာမျိုး မဖြစ်ရအောင် ဒီအချက်လေးတွေကို သတိထားကြည့်ရအောင်လာ

🥵🥵 ​ရာသီဥတုက တဖြည်းဖြည်း ပူပြင်းလာတာနဲ့အမျှ လူရဲ့ အရေပြားဟာ ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးရတဲ့ အဓိက အစိတ်အပိုင်း ဖြစ်လာပါတယ်။

☝️ ဒါပေမဲ့ အပူချိန် အရမ်းများလာတဲ့အခါ အရေပြားမှာ အောက်ပါ အဖြစ်များတဲ့ ဝေဒနာတွေ ခံစားရတတ်ပါတယ်။

​၁။ မိတ်ထွက်ခြင်း (Miliaria / Heat Rash)

​ချွေးထွက်ပေါက်တွေ ပိတ်ဆို့ပြီး ချွေးတွေဟာ အရေပြားအောက်မှာ ပိတ်မိနေတဲ့အခါ မိတ်ထွက်ခြင်း ဖြစ်ပေါ်လာပါတယ်။

_ အရေ​ကြည်ဖုမိတ် (Miliaria Crystallina): အရေပြားပေါ်မှာ ချွေးပေါက်လေးတွေလို ကြည်လင်တဲ့ အဖုသေးသေးလေးတွေ ထွက်ခြင်း။

_ ​အနီရောင်မိတ် (Miliaria Rubra): အဖြစ်အများဆုံးဖြစ်ပြီး အဖုနီနီလေးတွေ ထွက်ကာ စပ်ဖျဉ်းဖျဉ်းနဲ့ ယားယံခြင်း။

_ ​အသားရောင်မိတ် (Miliaria Profunda): အရေပြား အနက်ပိုင်းအထိ ချွေးပေါက်ပိတ်ဆို့ခြင်းဖြစ်ပြီး အသားရောင် အဖုမာမာလေးတွေ ထွက်ခြင်း။

​၂။ အပူကြောင့်ဖြစ်သော အင်ပြင် (Cholinergic Urticaria)

​နေပူထဲသွားခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း သို့မဟုတ် ရေနွေးနဲ့ ရေချိုးခြင်းကြောင့် ခန္ဓာကိုယ်အပူချိန် မြင့်တက်လာတဲ့အခါ အင်ပြင်တွေ ထွက်လာတတ်ပါတယ်။

_ ​လက္ခဏာ: အနီကွက် အကြီးကြီးတွေထဲမှာ အဖြူရောင် အဖုသေးသေးလေးတွေ ပါတတ်ပြီး ယားယံတာထက် ပိုပြီး စပ်ဖျဉ်းဖျဉ်း ဖြစ်တတ်ပါတယ်။

​၃။ အရေပြားခေါက်များ ရောင်ရမ်းခြင်း (Intertrigo)

​အပူချိန်နဲ့ ပွတ်တိုက်မှုတို့ ပေါင်းစပ်တဲ့အခါ ဖြစ်တတ်ပါတယ်။
_ အဓိကအားဖြင့် ချိုင်းကြား၊ ရင်သားအောက်ဘက်နဲ့ ပေါင်ခြံလိုမျိုး အရေပြားချင်း ထိကပ်နေတဲ့ နေရာတွေမှာ ဖြစ်တတ်ပါတယ်။

_ ချွေးကြောင့် စိုစွတ်နေတဲ့အတွက် မှိုစွဲခြင်း (Fungal Infection) ပါ ဆက်ဖြစ်နိုင်ပါတယ်။

✅✅ အပူဒဏ်ကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေကို သက်သာစေဖို့နဲ့ ကာကွယ်ဖို့အတွက် အောက်ပါအချက်တွေကို လိုက်နာပေးသင့်ပါတယ် -

👚 အဝတ်အထည်ကို ဂရုစိုက်ပါ
_ လေဝင်လေထွက်ကောင်းပြီး ချွေးစုပ်ယူမှုအားကောင်းတဲ့ ချည်သား (Cotton) သို့မဟုတ် ဝါးမျှင်သား (Bamboo) အင်္ကျီအပွတွေကို ရွေးချယ်ဝတ်ဆင်ပါ။
_ ဒါမှသာ ချွေးပေါက်ပိတ်ဆို့မှုကို တားဆီးပေးနိုင်မှာ ဖြစ်ပါတယ်။

❄️အရေပြားကို အေးမြအောင်ထားပါ

_ အရေပြားမှာ အဖုအပိမ့်တွေထွက်ပြီး ပူစပ်ပူလောင် ဖြစ်နေတဲ့အခါ ရေအေးဝတ် (Cool Compresses) ကပ်ပေးပါ။
_ ဒါဟာ အရေပြားရဲ့ အပူချိန်ကို ပြန်လည်ထိန်းညှိပေးပြီး ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

🙌 အရေပြား အကာအကွယ်ပေးခြင်း

_ ယားယံတာနဲ့ ပူစပ်တာတွေကို သက်သာစေဖို့ Calamine Lotion လိုမျိုး အသားအေးစေတဲ့ ဆေးရည်တွေကို လိမ်းပေးနိုင်ပါတယ်။

_ အရေပြားအရမ်းခြောက်ပြီး ယားယံရင်တော့ ဆရာဝန်ညွှန်ကြားတဲ့ အစိုဓာတ်ထိန်းခရင်မ် (Moisturizer) တွေကို အသုံးပြုနိုင်ပါတယ်။

☝️အရေပြားခေါက်တဲ့နေရာများကို ခြောက်သွေ့ပါစေ

_ ချိုင်းကြား၊ ရင်သားအောက်နဲ့ ပေါင်ခြံလိုမျိုး အရေပြားချင်း ပွတ်တိုက်မိတဲ့နေရာတွေကို အမြဲခြောက်သွေ့နေအောင် ထားပါ။

_ လိုအပ်ပါက မှိုမစွဲစေဖို့အတွက် ဆရာဝန်ညွှန်ကြားတဲ့ မှိုသတ်ပေါင်ဒါ (Antifungal Powder) တွေကို အသုံးပြုနိုင်ပါတယ်။

💦 ရေများများသောက်ပါ

_ ခန္ဓာကိုယ်ထဲက အပူချိန်ကို အတွင်းပိုင်းကနေ ထိန်းညှိပေးနိုင်ဖို့နဲ့ ချွေးထွက်ခြင်းကြောင့် ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းဖို့ ရေများများသောက်ပေးရပါမယ်။

ကဲ ဒီလောက်ဆိုရင်တေယ့ ပူပြင်းတဲ့နေရောင် အောက်က အရေပြားပြဿနာလေးတွေ အတော်လေးဖြေရှင်းနိုင်ကြမယ်ထင်ပါတယ်။

နောက် ဘယ်လိုအကြောင်းအရာလေးတွေသိချင်တယရှိလဲ။ ‌Comment ကွန်မန့် မှာ ရေးသွားနိုင်ပါတယ်။

#ကျန်းမာရေး
#အပူဒဏ်
#နွေ
#အရေပြား

24/02/2026

📢📢 ရုတ်တရက်လဲကျသေဆုံးခြင်း (Sudden Collapse and Death) ဆိုတာကတော့ 🤔🤔

_ ကြိုတင်သတိပေးလက္ခဏာ သိပ်မပြဘဲ၊ ရုတ်တရက် လဲကျပြီး မိနစ်ပိုင်းအတွင်း သေဆုံးသွားခြင်းကို ဆိုလိုပါတယ်။ အဲလိုဖြစ်တာက များသောအားဖြင့် ရုတ်တရက် နှလုံးရပ်တန့်ခြင်း (Sudden Cardiac Arrest - SCA) ကြောင့် ဖြစ်လေ့ရှိပါတယ်။

✅ ​ရုတ်တရက် နှလုံးရပ်တန့်ခြင်း (SCA) ဆိုတာကတော့ နှလုံးရဲ့ လျှပ်စစ်စနစ် ချို့ယွင်းသွားပြီး နှလုံးခုန်နှုန်း ရုတ်တရက် ရပ်တန့်သွားခြင်း သို့မဟုတ် ရှုပ်ထွေးသွားခြင်း (ဥပမာ- Ventricular Fibrillation) ကို ဆိုလိုပါတယ်။

✅ နှလုံးက ရုတ်တရက် သွေးညှစ်ခြင်း ရပ်သွားတာကြောင့် ဦးနှောက်နှင့် ခန္ဓာကိုယ်ကို သွေးနှင့် အောက်ဆီဂျင် မရောက်တော့ဘဲ ချက်ချင်းသတိလစ်ကာ လဲကျသေဆုံးရတာပဲ ဖြစ်ပါတယ်။

✅ ​အဓိက ဖြစ်စေနိုင်သော အကြောင်းရင်းများ
(​၁) နှလုံးသွေးကြောရောဂါ (Coronary Artery Disease - CAD)

_ ​နှလုံးသွေးကြောများထဲတွင် အဆီ/အဖတ်များ စုပုံ၍ ကျဉ်းမြောင်းနေခြင်းသည် အဓိက အကြောင်းရင်းဖြစ်ပါတယ်။

_ ​နှလုံးသွေးကြောပိတ်ခြင်း (Heart Attack / Myocardial Infarction) ကြောင့် နှလုံးကြွက်သားများ ပျက်စီးပြီး SCA ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(​၂) နှလုံးခုန်နှုန်းမမှန်ခြင်း (Arrhythmias)

_ ​အထူးသဖြင့် Ventricular Fibrillation ကဲ့သို့သော နှလုံးက ပုံမမှန်ပဲ အလွန်မြန်မြန် ခုန်နေခြင်းသည် သွေးညှစ်ခြင်းကို ရပ်တန့်စေပါတယ်။

🤔 ​အချို့ မွေးရာပါ နှလုံးခုန်နှုန်းဆိုင်ရာ ရောဂါများ

(​၃) နှလုံးကြွက်သားရောဂါ (Cardiomyopathy)
_ ​နှလုံးကြွက်သားများ ထူခြင်း၊ ပျော့ဖတ်လာခြင်း၊ သို့မဟုတ် ကြီးထွားလာခြင်းတို့ကြောင့် နှလုံး၏ လုပ်ငန်းဆောင်တာများ အားနည်းလာခြင်း။

(​၄) အခြားနှလုံးပြဿနာများ
​နှလုံးအဆို့ရှင်များ (Heart Valve Diseases) ချို့ယွင်းခြင်း နှင့် ​မွေးရာပါ နှလုံးရောဂါများ။

(​၅) နှလုံးနှင့်မသက်ဆိုင်သော အကြောင်းရင်းများ
​လေဖြတ်ခြင်း (Stroke)

_ ​Aortic Aneurysm ကဲ့သို့ သွေးကြောကြီးများ ပေါက်ပြဲခြင်း။

_ ​အဆုတ်သွေးကြောပိတ်ခြင်း (Pulmonary Embolism)။
_ ​ပြင်းထန်သော ဦးခေါင်းဒဏ်ရာများ။

✅ ​သတိပြုရန်ကတော့

🤔 ​ရုတ်တရက် နှလုံးရပ်တန့်ခြင်း (Cardiac Arrest) သည် နှလုံး၏ လျှပ်စစ်ပြဿနာ ဖြစ်ပြီး ရုတ်တရက် လဲကျ သေဆုံးစေပါတယ်။
🛑 ချက်ချင်း CPR ရှေးဦးအသက်ကယ်ခြင်း နှင့် AED (အလိုလျောက် နှလုံးနှိုးစက်) လိုအပ်ပါတယ်။

_ ​နှလုံးသွေးကြောပိတ်ခြင်း (Heart Attack) သည် နှလုံး၏ သွေးကြောပြဿနာ ဖြစ်ပြီး သွေးစီးဆင်းမှု ပိတ်ဆို့ခြင်းဖြစ်ပြီး ရုတ်တရက်သေဆုံးစေနိုင်သော်လည်း ချက်ချင်း သေဆုံးခြင်းမရှိဘဲ ရောဂါလက္ခဏာများ (ရင်ဘတ်အောင့်ခြင်း၊ မောပန်းခြင်း) ပြတတ်ပါတယ်။

✅ ​ရုတ်တရက်လဲကျသေဆုံးခြင်းကို ကာကွယ်ရန်အတွက်

✔️ဆရာဝန်နှင့် ပုံမှန်ပြသ၍ သွေးတိုး၊ ဆီးချို၊ အဆီဓာတ် စသည့် ရောဂါများကို ထိန်းချုပ်ခြင်း၊ ကျန်းမာသော လူနေမှုပုံစံ (ဆေးလိပ်ဖြတ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အာဟာရမျှတအောင် စားသုံးခြင်း) များ လိုက်နာသင့်ပါသည်။

✅ ​မည်သူမဆို ရုတ်တရက် လဲကျသတိလစ်သွားသည်ကို တွေ့ပါက အရေးပေါ် ဌာန သို့ ချက်ချင်းခေါ်ဆိုပြီး အသက်ကယ်ရန်အတွက် CPR (Cardiopulmonary Resuscitation) ရှေးဦးလူနာပြုစုခြင်းကို ချက်ချင်း စတင်ပြုလုပ်ပေးသင့်ပါသည်။

#ရုတ်တရက်
#လဲကျ
#သေဆုံး


#နှလုံး

23/02/2026

📢📢 Air quality index and health
လေထုညစ်ညမ်းမှုနှင့် ကျန်းမာရေး 📢📢

🤔🤔 Air quality index (AQI) ဆိုတာ ဘာလဲ

✅ လေထုညစ်ညမ်းမှုအညွှန်းကိန်း (AQI) ဆိုတာကတော့ မိမိပတ်ဝန်းကျင်မှာရှိတဲ့ လေထုအရည်အသွေးကိုဖော်ပြသော ကိန်းဂဏန်းတစ်ခုဖြစ်ပါတယ်။

✅ AQI မြင့်လေလေလေထုညစ်ညမ်းမှု မြင့်လေလေဖြစ်လို့
နေ့စဉ်ရှူရှိုက်နေတဲ့လေထုက သန့်စင်ဖို့ လိုအပ်ပါတယ်။

✅ AQI ကိုအဆင့်ခွဲခြားသတိမှတ်ထားပြီး AQI အဆင့်ပေါ်မူတည်ပြီး ကျန်းမာရေးပြဿနာများပေါ်ပေါက်နိုင်တာမို့ သတိပြုကြဖို့လိုအပ်ပါတယ်။

📢 AQI _ 0-50:** 🟢 အစိမ်းရောင်ဖြင့်ဖော်ပြပါတယ်။ ကောင်းမွန်သည်။ လေထုအရည်အသွေးသည် ကျေနပ်ဖွယ်ဖြစ်ပြီး လေထုညစ်ညမ်းမှုကြောင့် အန္တရာယ်မရှိပါ။

📢 AQI _ 51-100:** 🟡 အဝါရောင်ဖြင့်ဖော်ပြပါတယ်။ သာမန်ဖြစ်သည်။ လေထုအရည်အသွေးသည် လက်ခံနိုင်ဖွယ်ဖြစ်သော်လည်း အချို့သောသူများသည် လေထုညစ်ညမ်းမှုကို ပိုမိုထိခိုက်လွယ်နိုင်သည်။

📢 AQI _ 101-150:** 🟠 လိမ္မော်ရောင်အဆင့်ဖြစ်ပါတယ်။ ထိခိုက်လွယ်သူများ ( ကလေးသူငယ်များ၊ ရင်ကြပ်ပန်းနာနှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါရှိသူများ၊ နှလုံးရောဂါရှိသူများ)အတွက် အန္တရာယ်ရှိသည်။ ထိခိုက်လွယ်သောသူများသည် ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများကို ခံစားရနိုင်သည်။

📢 AQI _ 151-200:** 🔴 အနီရောင်အဆင့်ဖြစ်ပါတယ်။ အန္တရာယ်ရှိသည်။ လူတိုင်းသည် ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများကို ခံစားရနိုင်သည်။

📢 AQI _ 201-300:** 🟣 ခရမ်းပုတ်ရောင်ဖြင့်ဖော်ပြသည်။ အလွန်အန္တရာယ်ရှိသည်။ အရေးပေါ်အခြေအနေများအတွက် ကျန်းမာရေးဆိုင်ရာ သတိပေးချက်များ ထုတ်ပြန်ထားသည်။ လူတိုင်း ထိခိုက်နိုင်ချေရှိသည်။

📢 AQI_ 300+:** 🟤 နီညိုရောင်ဖြင့်ဖော်ပြသည်။ အန္တရာယ်များသည်။ လူတိုင်းသည် ဆိုးရွားသော ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများကို ခံစားရနိုင်သည်။

✅ AQI မြင့်မားသောအခါ အပြင်ထွက်ခြင်းကို ရှောင်ကြဉ်သင့်ပြီး အထူးသဖြင့် ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများသည် အထူးဂရုပြုသင့်ပါသည်။

✅ AQI ကို mobile phone များ၊ social media internet ပေါ်နှင့် application များတွင်ရှာဖွေကြည့်ရှုနိုင်ပြီး၊ TVနှင့် radio သတင်းများတွင်လည်း သတိပေးချက်များနားဆင်နိုင်ပါတယ်။

✅🤔🤔🤔 ညစ်ညမ်းသောလေထုထဲတွင် ဘယ်အရာတွေကို သတိပြုရှောင်ရှားသင့်ပါသလဲ 🤔🤔🤔

_ မိမိနေထိုင်ရာပတ်ဝန်းကျင်ရှိ နေ့စဉ် AQI တန်ဖိုးကို သိရှိအောင်လုပ်ပါ။

_ လေထုညစ်ညမ်းမှုတွင် အိုဇုန်း ozone ၊ carbon mooxide ၊ sulphur dioxide နှင့် အမှုန်အမွားညစ်ညမ်းမှုများပါဝင်နေပါက နေအိမ်ပြင်ပတွင် ပြင်းထန်၍ကြာရှည်စွာလုပ်ရသော ကိုယ်လက်လုပ်ရှားမှုများကိုတတ်နိုင်သလောက်လျော့ချရပါမယ်။

_ တတ်နိုင်သရွေ့ အိမ်ထဲတွင်နေထိုင်ပါ။

_ အိမ်အပြင်ထွက်လျှင် မက်စ် mask တပ်ပါ။ တတ်နိုင်ပါက N 95 mask ကိုရွေးခြယ်တပ်ပါ။

_ အိမ်တွင်းလေသန့်စင်စက် air purifier သုံးနိုင်ပါတယ်။

_ အမှိုက်မီးရှို့ခြင်း ၊သစ်ရွက်မီးရှို့ခြင်းကို ရှောင်ကြဉ်ပါ။

_ လေထုညစ်ညမ်းမှုနှင့်ပတ်သတ်သော သတိပေးချက်များကို နားစွင့်ပါ၊ ဂရုပြုပါ၊ ဝေမျှပါ။

#ကျန်းမာရေး
#လေထုညစ်ညမ်းမှု
#အသက်ရှူလမ်းကြောင်း





Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when The Elixir for your health posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share