19/05/2024
Professional စိတ်ဓါတ်
မြန်မာပြည်မှာ လုပ်ငန်းရှင်တော်တော်များများသုံးနေကြ စကား က ဘာဖြစ်မလဲ ….
(မိသားစု စိတ်ဓါတ်)
ကျွန်တော့်အထင် - ဂျင်း
မိသားစု စိတ်နဲ့ လုပ်ပါဆို အလုပ်ရှင်ကသူ့သားသမီးကို မုန့်ဖိုး ပေးသလို ပေးမှာလား၊ သူ့သားသမီးလိုထားမှာလား…..
အလုပ်ရှင် - သဘောကောင်းလွန်းရင် မကောင်းပါ။ အောက်ခြေထိမဆင်းပါနှင့် လက်ထောက်ကို လုပ်ပိုင်ခွင့်အပြည့်ပေးပါ သို့မှသာ Management က အလုပ် လုပ်ရတာ ပိုပြီးအဆင်ပြေမှာပါ။ လုပ်ငန်းရှင်က အနောက်မှာဘဲနေပါ၊ ပံ့ပိုးပေးပါ၊ လုပ်ငန်းရဲ့ Management ပိုင်းကို ဝင်မပါ ရပါ။ အချိန်တန်ရင် သင့် Bank Account ထဲ့ Profit ဝင်နေ့ဖို့က အရေးကြီးတယ် မဟုတ်ပါလား။
ဝန်ထမ်း
ဝန်ထမ်းဆိုတာ အနာဂတ် လုပ်ငန်းရှင်ပါ။
သူဌေးလူ မဖြစ် ချင်ပါနဲ့၊ ကိုယ့်ကိုယ်ကိုအားကိုးပါ။ သူဌေးလူဆိုတာ “ကျွန်” လို့ပြောတာနဲ့ အတူတူပါဘဲ။ လစာ ၁ သိန်းရရင် ၁သိန်းဖိုးဘဲ မလုပ်ပါနဲ့ ၅၀၀၀၀ ဖိုးပိုလုပ်ပါ ဒါမှ နောက်ပိုင်း အလုပ်ရှင်က ၁၅၀၀၀၀ ပေးချင်မှာပါ။ Group/ မဖွဲ့ပါနဲ့ ပြဿနာဖြစ်လာရင် သင့်ကို ဘယ်သူမှ တာဝန်မယူပါဘူး။ မွေးလာကထဲက သင်တစ်ယောက်ထဲပါ။ အလုပ်မှာအဆင်မပြေလို သူများထွက်သွားတာနဲ့သင် လိုက်ထွက်မယ်ဆိုရင် သင်ဟာ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းမရှိတဲ့ လူညံတစ်ယောက်သာ ဖြစ်နေပါမယ်။
အလုပ်ကို လုပ်ငန်းရှင်စိတ်မွေးပြီးလုပ်ပါ။
သူများ အလုပ်ကို တစ်သက်လုံးမလုပ်ပါနဲ့။
အခြေအနေပေးရင် ကိုယ်ပိုင်စီးပွါးရေးလုပ်ပါ။
Spa Knowledge By H3