10/05/2024
Aphthous ulcer လေးအကြောင်း
*****************************
တခြားနာမည်ခွဲများ
👇👇👇👇👇
Canker sore, mouth ulcer, aphthous stomatitis , stress ulcer အမျိုးမျိုးခေါ်ပါတယ်
မြန်မာလို👉👉အပူနာ, အပူကန်လို့ဖြစ်တဲ့ ပါးစပ်နာ, အပူဖု
✅ဘာလို့ဖြစ်တာလဲ?
*စိတ်ဖိစီးမှုများတဲ့အခါ(စာေမးပွဲေဖြခါနီး)
*အိပ်ရေးပျက်များတဲ့အခါ
*ဟော်မုန်းအပြောင်းအလဲဖြစ်တဲ့အချိန်များ ( ရာသီလာတဲ့အခါ)
*ကိုယ့်ဟာကိုယ် ထိခိုက်မိလို့ဖြစ်ခြင်း ( ဥပမာ ကိုက်မိတာ, သွားတိုက်တံစောင်းနဲ့ အခန့်မသင့် ထိုးမိတာ...... )
* ဗီတာမင် ၊ zinc၊iron,folateဓါတ်ချို့တဲ့ခြင်း
* citric acid ပါတဲ့ ချဉ်စုတ်စုတ်သစ်သီးဖျော်ရည်များ နေ့စဉ်ရက်ဆက် သောက်မိတဲ့အခါ
* ကိုယ်ခံအားတွေ အလွန်ကျနေသောလူနာများ ( HIV,ကင်ဆာေ၇ာဂါသည်များ)
*မိမိကိုယ်ခံအားက မိမိကို ပြန်တိုက်သော autoimmune ေ၇ာဂါတချို့
✅Types Aphthous ulcer
1. Recurrent minor aphthous ulcer
-ခဏခဏပြန်ပြန်ဖြစ်
-5 mm ထက်မကြီးတာကိုခေါ်ပါတယ်
- 1 ပတ် 2 ပတ်အတွင်း ဘာမှမလုပ်ပဲနဲ့ သူ့ဟာသူပြန်ကောင်းသွားတတ်ပါတယ်
2. Major aphthous ulcer
-အရွယ်အစား 10 mm ထက်ကြီးရင်ခေါ်ပါတယ်.
-လချီကြာနိုင်တယ်
-အမာရွတ်ကျန်ခဲ့နိုင်တယ်
-ပုံမှန်လူလဲဖြစ်နိုင်သလို ကိုယ်ခံအားအလွန်နဲသူများ, အာဟာရချိ ု့တဲ့သူများ,တခြားရောဂါအခြေခံကြောင့် ဖြစ်ရသူများ မှာ ပိုတွေ့ရပါတယ်.
3. Herpetiform ulcer
-ရေယုန်ပေါက်သလို ပင်အပ်ခေါင်းအရွယ် အနာသေးသေးလေးတွေစုပေါက်တာကိုခေါ်တယ်. လျှာအောက်မှာ ပိုအဖြစ်များတယ်
-ခံတွင်းအခြားနေရာတွေလဲဖြစ်နိုင်ပါတယ်.
✅ဘယ်လိုကုရင်ကောင်းမလဲ?
📌chlorhexidine ပါေသာ ပလုတ်ကျင်းဆေး၇ည် အသုံးပြုလို့၇ပါတယ်
📌steroidပါေသာcream လိမ်းဆေးအသုံးပြုနိုင်ပါတယ်
📌Vitamin & zinc, folate supplement
📌antibiotic cream လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်။
✅ဘယ်လိုပြုမှုနေထိုင်မလဲ?
👉စိတ်ဖိစီးမှုလျော့ချ၇ပါမယ်
👉အိပ် ေ၇း ၀၀အိပ်ဖို့လိုပါမယ်
👉အစာအာဟာ၇မျှတအောင်စားပေး၇မယ်
👉 ေ၇များများသောက်ပေး၇မယ်
📣 ပုံမှန်မဟုတ်တဲ့ ကိုယ်ခံအားအလွန်ကျတာတို့, ခုခံအားကစဉ့်ကလျားဖြစ်တဲ့ auto immune ကြောင့်ဆိုရင်တော့ ဆရာဝန်ရဲ့ အနီးကပ် ကုသဖို့ လိုအပ်ပါတယ်။
📌 ပုံမှန်ထက် ကြီးမယ် ပျောက်တာကြာနေမယ်
ခဏခဏပြန်ပြန်ဖြစ်နေမယ်ဆိုရင်တော့ မပေါ့ဆသင့်ပဲ
ဆရာဝန်ဆီ သွားပြမှရမယ်။
🔇Dr.KZWမှ ေ၇းသားဖော်ပြသညိ/လွတ်လပ်စွာshareနိုင်သည်။
❎ကူးယူဖော်ပြခွင့်မပြု