CareDiary

CareDiary The app created for you, for me and for society.

Health Care Diary Center 🧰🩺
Care Diary ကတော့ အများပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးမယ့် အွန်လိုင်းကျန်းမာရေးစင်တာတစ်ခုဖြစ်ပါတယ်။ Care Diary ရဲ့ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ အောက်မှာ

• တာဝန်ခံဆရာဝန်များကိုယ်တိုင် ကျန်းမာရေးဆွေးနွေးတိုင်ပင်မှုများ၊ အမေးအဖြေများကို ပြုလုပ်ပေးခြင်း
• မိခင်နှင့် ကလေးများအတွက် သီးသန့်ကျန်းမာရေးဆွေးနွေးတိုင်ပင်ပေးခြင်း
• ဆေးဝါးများကို စနစ်တကျသုံးတတ်စေဖို့ အသိပညာပေးမျှဝေခြင်း
• ရောဂါအမျိုးမျိုးနဲ့ပတ်သက်လို့ အသိပညာပေးမျှဝေခြင်း
• စိတ်ကျန်းမာရေးနဲ့ပတ်သက်လို့ အသိပညာပေးမျှဝေခြင်း
• မျိုးဆက်ပွားကျန်းမာရေး …. စတဲ့ ကျန်းမာရေးနဲ့ပတ်သက်သမျှ အချက်အလက်အားလုံးကို တိုင်ပင်ဆွေးနွေး အသိပညာပေးသွားမှာ ဖြစ်ပါတယ်။

အသည်းကင်ဆာအကြောင်း သိကောင်းစရာကိုယ်တွင်းအင်္ဂါထဲက တစ်ခုဖြစ်တဲ့အသည်းဟာ အစာချေစနစ်၊ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို ကူညီဆော...
29/06/2024

အသည်းကင်ဆာအကြောင်း သိကောင်းစရာ

ကိုယ်တွင်းအင်္ဂါထဲက တစ်ခုဖြစ်တဲ့အသည်းဟာ အစာချေစနစ်၊ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို ကူညီဆောင်ရွက်ပေးပြီး အရေးကြီးတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ် အသည်းကင်ဆာဟာဆိုရင် အသည်းထဲမှာပုံမှန်မဟုတ်တဲ့ cells လေးတွေဖြစ်လာပြီး tumors (အကျိတ်)လေးတွေအဖြစ် ပြောင်းလဲသွားတဲ့ဖြစ်စဉ်မျိုးဖြစ်ပါတယ်

အသည်းကင်ဆာဖြစ်ရတဲ့အကြောင်းအရာများစွာရှိပါတယ် အဲ့ဒီအထဲကမှ
• အသည်းရောင် B ပိုးနဲ့ အသည်းရောင် C ပိုးတို့ ကူးစက်ခံရခြင်းကြောင့် အဓိက အဖြစ်များလေ့ရှိပါတယ် ဒါ့အပြင်
• အသည်းအဆီဖုံးရောဂါဝေဒနာခံစားနေရသူများ၊
• အရက်အလွန်အကျွံသောက်သုံးသူများ၊
• အခြားရောဂါဝေဒနာတွေကြောင့် သောက်သုံးနေရသောဆေးများမှတဆင့် အသည်းကိုထိခိုက်ခြင်း၊
• အသည်းရောင်ရမ်း၊ အသည်းခြောက်ခြင်းတို့ကြောင့် အသည်း enzyme တက်လာပြီး အသည်းလုပ်ဆောင်မှုကျဆင်းခြင်း စတာတွေကြောင့် အသည်းကင်ဆာဖြစ်နိုင်ချေ ပိုများလာစေပါတယ်

အသည်းကင်ဆာရောဂါဟာ အမျိုးသမီးများထက် အမျိုးသားများမှာပိုတွေ့ရတတ်ပြီး ရောဂါလက္ခဏာသိပ်မပြပဲ ရောဂါပြန့်နှုန်းမြန်ဆန်တာကြောင့် သိရချိန်မှာ အဆင့်အမြင့်ဆုံးနီးပါးထိ ရောဂါကျွမ်းနေတတ်ပါတယ်

အသည်းကင်ဆာရဲ့ လက္ခဏာများ

• Juandice လို့ခေါ်တဲ့ အသားအရည်အရောင်၊ မျက်လုံးထဲက အဖြူရောင်နေရာများ အဝါရောင်အဖြစ်သို့ပြောင်းလဲခြင်း
• ဝိတ်ကျသွားခြင်း
• အစားအသောက်ပျက်ခြင်း
• မူးဝေပြီး အော့အန်ခြင်း
• ဗိုက်အောင့်ခြင်း
• အပေါ့အလေး မူမမှန်သောအရောင်ဖြစ်လာခြင်း
• ထိခိုက်လွယ်၊ သွေးထွက်လွယ်လာခြင်း တို့ဖြစ်ပါတယ်

ထို့ကြောင့်
• အသည်းရောင် B ပိုး၊ C ပိုးများ ရှိမရှိ စစ်ဆေးခြင်း၊
• လိုအပ်ပါက သွေးစစ်ခြင်း၊
• အသည်းအနေအထားမြင်ရအောင် Ultrasound (သို့) CT scans ရိုက်ခြင်း၊
• Biopsies အသားစ စစ်ဆေးခြင်း၊
• လိုအပ်သော ကာကွယ်ဆေးများထိုးခြင်း၊
• အရက်သောက်သုံးခြင်းကို လျော့ချခြင်း သို့ ရှောင်ကြဉ်ခြင်း၊
• အာဟာရမျှတသော အစားအစာ စားခြင်း၊
• ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပြီး ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းခြင်းနဲ့
• ကျန်းမာရေးစစ်ဆေးခြင်းများ ပုံမှန်ပြုလုပ်ခြင်းဖြင့် အသည်းကင်ဆာရောဂါကို ကြိုတင်ကာကွယ်သင့်ပါကြောင်း အသိပေးလိုက်ရပါတယ်ရှင်

နောက်ရက်တွေမှာလည်း ကျန်းမာရေးဗဟုသုတဆိုင်ရာလေးတွေ ဖတ်ရှုရအောင် care diary page ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်

ဆေးဆိုင်တွေအတွက် Free trial (၁)လ အစမ်းသုံးခွင့်ပေးထားတဲ့ Care Diary POS System အကြောင်းလေးသိပြီးပြီလားCare Diary POS Sys...
26/06/2024

ဆေးဆိုင်တွေအတွက် Free trial (၁)လ အစမ်းသုံးခွင့်ပေးထားတဲ့ Care Diary POS System အကြောင်းလေးသိပြီးပြီလား

Care Diary POS Systems ဟာဆိုရင်
• ပိုင်ရှင်ကိုယ်တိုင် internet ရှိရုံနဲ့ ဖုန်း၊ laptop၊ tablet စတဲ့ device မျိုးစုံကနေ အချိန်နေရာမရွေး မိမိတို့ဆေးဆိုင်နဲ့ပတ်သက်တာမှန်သမျှ စီမံခန့်ခွဲနိုင်မယ့် cloud-based system တစ်ခုဖြစ်ပါတယ်

Care Diary POS Systems ထဲမှာဆိုရင်
• အရောင်းစာရင်း၊ လချုပ် နှစ်ချုပ်စာရင်း၊ အရှုံးအမြတ်စာရင်း စတာတွေကို တာဝန်ရှိတဲ့သူက အလွယ်တကူထုတ်ကြည့်နိုင်မယ့် Reporting ဆိုင်ရာအပိုင်းတွေ

• ဆိုင်ခွဲတိုင်းမှာ stock လက်ကျန်ရှိတဲ့ဆေးတွေ၊ expired date နီးနေတဲ့ဆေးတွေကဘာတွေလဲ ဘယ်ဆေးတွေကို ထပ်ဖြည့်ဖို့လိုအပ်နေပြီလဲဆိုတာအပြင် နေ့စဉ်ဆေးအဝင်အထွက်ကို မှတ်ထားပေမယ့် Inventory Management ဆိုင်ရာအပိုင်းတွေ

• တစ်ချိန်ထဲမှာပဲ ဆိုင်ခွဲတိုင်းမှာရှိတဲ့ ဝန်ထမ်းတွေကို သက်ဆိုင်တဲ့တာဝန်တွေခွဲဝေပြီး အသုံးပြုနိုင်မယ့် Employee Management ဆိုင်ရာအပိုင်းတွေ

• မိမိတို့ ဆိုင်နာမည်နဲ့ ကိုယ်ပိုင်အမှတ်အသားတွေပါဝင်တဲ့ invoices တွေလည်း ထုတ်ပေးနိုင်ပြီး

• ဝယ်ယူသူများနေချိန်မှာလည်း ကျသင့်ငွေကို system က အလိုအလျောက်တွက်ချက်ပြီးထုတ်ပေးတာကြောင့် ဝန်ဆောင်မှုလည်း မြန်ဆန်စေမှာဖြစ်ပါတယ်

ဒီလို ဆေးဆိုင်တွေအသုံးပြုရလွယ်ကူစေတဲ့ features တွေပါဝင်တဲ့ Care Diary POS System လေးကိုအသေးစိတ်သလို၍လည်းကောင်း၊ အစမ်းအသုံးပြုချင်၍သော်လည်းကောင်း page ရဲ့ chat box လေးမှာလာရောက်စုံစမ်းနိုင်ပါတယ်

သွေးအားနည်းခြင်းကို ကာကွယ်နိုင်မယ့် Iron-rich Foods (သံဓာတ်အားဖြည့်အစားအစာများ)မိမိတို့ အဆုတ်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ...
23/06/2024

သွေးအားနည်းခြင်းကို ကာကွယ်နိုင်မယ့် Iron-rich Foods (သံဓာတ်အားဖြည့်အစားအစာများ)

မိမိတို့ အဆုတ်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို Oxygen သယ်ပို့ဖို့အတွက် Hemoglobin လိုအပ်ပါတယ် Hemoglobin ဆိုတာ red blood cells သွေးနီဥထဲမှာရှိတဲ့ protein တစ်မျိုးဖြစ်ပြီး သူဖြစ်လာဖို့အတွက်လည်း ခန္ဓာကိုယ်ထဲ Iron (သံဓာတ်) အပြည့်အဝရှိဖို့လိုပါတယ်

သံဓာတ်မပြည့်ဝတဲ့ Hemoglobin တွေနဲ့ အလုပ်လုပ်ရပြီဆိုရင် သွေးအားနည်းပြီးပင်ပန်းလာမယ် ခေါင်းမူးလာပြီး အသက်ရှုမဝတာတွေပါ ဖြစ်လာနိုင်ပါတယ် ဒါတွေကိုကာကွယ်ဖို့အတွက် ဆရာဝန်တွေ prescribed လုပ်ထားတဲ့ Iron supplements သောက်သုံးလို့ရသလို မိမိတို့ စားသောက်မှုပုံစံလည်း ပြောင်းလဲစားသောက်ပြီးကာကွယ်နိုင်ပါတယ်

နေ့စဥ်စားနေတဲ့ အစားအစာတွေထဲမှာ Heme Iron နဲ့ Non-heme Iron ဆိုပြီး Iron (သံဓာတ်) နှစ်မျိုးရှိပြီး လူ့ ခန္ဓာကိုယ်ဟာ Non-heme Iron ကိုတော့ 2-10% လောက်ပဲစုပ်ယူနိုင်ပြီး Heme Iron ကို လွယ်လွယ်နဲ့ မြန်မြန် 30% နီးပါးစုပ်ယူနိုင်တာမလို့ Iron (သံဓာတ်) ကို မြန်မြန်ပြန်ပြည့်စေပါတယ်

1) Meat, Organs and Eggs: စားနေကျအသားတွေဖြစ်တဲ့
• အမဲသား (Beef), ကြက်သား (Chicken), ဝက်သား(Pork) တွေအပြင်
• သိုးသား (Lamb), ဝက်ပေါင်ခြောက် (Ham), ကြက်ဆင် (Turkey)
• ကလီစာဖြစ်တဲ့ အသည်း (Liver) နဲ့
• ကြက်ဥ တို့ကို ပုံစံမျိုးစုံနဲ့ စားသုံးနိုင်ပါတယ်

2) Seafood: ပင်လယ်စာထဲမှာဆိုလည်း
• ပုစွန် (Shrimp), ငါးသေတ္တာ (Sardines), ငါးကွမ်းရှပ် (Mackerel) တို့အပြင်
• ကနုကမာ (Scallops)
• ကမာ (Oysters)
• တူနာ (Tuna) တို့ကို စားသုံးပေးခြင်းကလည်း သံဓာတ်အတွက်အထောက်အကူဖြစ်စေပါတယ်

3) Vegetables: ဟင်းသီးဟင်းရွက်ထဲမှာတော့
• ဟင်းနုနွယ်က သံဓာတ်အတွက်အကောင်းဆုံးဖြစ်ပြီး
• ကန်စွန်းဥ, ကိုက်လန်, ပဲအမျိုးမျိုး, တိုဖူး, ပဲတောင့်ရှည်, Broccoli စတာတွေလည်း စားသုံးပေးနိုင်ပါတယ်

4) Bread and Cereals:
• ပေါင်မုန့်ဖြူ, ဂျုံပေါင်မုန့်
• Pasta ခေါက်ဆွဲ
• ဂျုံပြောင်းထုတ်ကုန်များလည်း သံဓာတ်အားဖြည့်တဲ့အထဲမှာပါဝင်ပါတယ်

5) Fruits: အသီးအနှံထဲမှာဆိုလည်း vitamin C ပါမယ့်
• ဘယ်ရီသီးများ၊ စတော်ဘယ်ရီ၊ ဖရဲသီး၊ ခရမ်းချဉ်သီး၊ သရက်သီး ၊ သင်္ဘောသီး၊ နာနတ်သီး၊ ကီဝီသီးတွေအပြင်
• စပျစ်သီးခြောက်၊ စွန်ပလွံသီး၊ ဇီးသီး၊ မက်မွန်သီး တို့ကိုပါစားသုံးနိုင်ပါတယ်

6) Water: ‌ရေကတော့ မရှိမဖြစ်ပါ တစ်နေ့ကို အနည်းဆုံး နှစ်လီတာသောက်သုံးသင့်ပါတယ်

နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ လျော့စားသုံးသင့်/‌ရှောင်သင့်တဲ့အစားအစာတွေပါ
• အရက်သေစာ (Alcohol)
• အဆီများတဲ့ အစားအစာ (fatty foods)
• Iron blockers လို့ပြောလို့ရတဲ့ Coffee and Tea
• High-calcium foods တွေဖြစ်တဲ့ Milk, Cheese, and Yogurt
• Red Wine
• Chocolate စတာတွေဟာ ခန္ဓာကိုယ်ရဲ့ သံဓာတ်စုပ်ယူနိုင်အားကို လျော့ချလိုက်တာကြောင့် စားသလောက်သံဓာတ်အားပြန်မရနိုင်တာမျိုးဖြစ်တတ်ပါတယ် ကျန်းမာရေးကောင်းမွန်သူအတွက် ပြဿနာမရှိပေမယ့် သွေးအားနည်းလက္ခဏာ (သို့) သွေးအားနည်းရောဂါရှိတဲ့သူတွေအတွက် လုံးဝမစားသင့်တာတွေပဲဖြစ်ပါတယ်

နောက်ရက်တွေမှာလည်း Care Diary Page လေးကနေ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဘယ်လိုအကြောင်းအရာလေးတွေတင်ပေးသွားမလဲဆိုတာကို စောင့်ကြည့်ဖတ်ရှုကြပါဦးနော်

သင်နဲ့ သင့်မိသားစုအတွက် Care Diary ကျန်းမာရေး App

Iron Deficiency Anemia - သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းခြင်းရောဂါသွေးအားနည်းခြင်းကြောင့် အသက်တောင်ဆုံးရှုံးနိုင်...
20/06/2024

Iron Deficiency Anemia - သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းခြင်းရောဂါ

သွေးအားနည်းခြင်းကြောင့် အသက်တောင်ဆုံးရှုံးနိုင်တယ်ဆိုတာ သင်သိပါသလား
သွေးအားနည်းရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရာများစွာရှိပါတယ် ဒီနေ့မှာတော့ သံဓာတ် (Iron) အလုံအလောက်မရှိလို့ သွေးနီဥ (Red blood cell) လေးတွေကိုထိခိုက်စေတဲ့ Iron Deficiency Anemia လို့ခေါ်တဲ့ သွေးအားနည်းရောဂါအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်

အဆုတ် (Lungs)ကနေ ခန္ဓာကိုယ်တစ်ခုလုံးဆီကို Oxygen ပို့ပေးတဲ့ အရာတစ်ခုဖြစ်တဲ့ Hemoglobin လုပ်ဖို့အတွက် သံဓာတ် (Iron) လိုအပ်ပါတယ်
ပုံမှန်အားဖြင့် ခန္ဓာကိုယ်ဟာ မိမိတို့စားသုံးတဲ့အစားအစာထဲက သံဓာတ် (Iron) ကိုယူပြီး Hemoglobin အတွက် အပိုသိမ်းဆည်းထားလေ့ရှိပါတယ် သံဓာတ် (Iron) အလုံအလောက်မရှိတဲ့အခါ သွေးအားနည်းလာပြီး အသက်ရှူမဝတာ ပင်ပန်းနွမ်းနယ်နေတာမျိုးဖြစ်လာပါတယ်

“Iron Deficiency Anemia ဖြစ်ရတဲ့အကြောင်းအရင်း”
• injury or surgery တစ်ခုခုကြောင့် သွေးများစွာဆုံးရှုံးထားခြင်း
• menstrual period ပမာဏများခြင်း
• မကြာခဏသွေးလှူခြင်း
• မကြာခဏ သွေးစစ်ရတတ်ခြင်း
• စားသုံးတဲ့ အစားအစာတွေထဲမှာ သံဓာတ်ပါဝင်မှုနည်းပါးခြင်းများကြောင့် သံဓာတ်ချို့တဲ့လာပါတယ်

လူတွေဟာ သံဓာတ်ချို့တဲ့ခါစမှာတော့ မိုက်ခနဲဖြစ်ရုံ မူးရုံမလို့ သတိမထားမိကြပါဘူး ဒါကို ကုသမှုမခံယူပဲ ပစ်ထားလိုက်ရင် ကြာလာတဲ့အခါ Iron Deficiency လက္ခဏာတွေဖြစ်တဲ့
• ပင်ပန်းနွမ်းနယ်လွယ်ပြီး အားနည်းလာမယ်
• အာရုံစူးစိုက်မှုလျော့နည်းလာမယ်
• ချမ်းစိမ့်စိမ့်ဖြစ်မယ်
• အသားအရည် ဖြူဖတ်ဖြူလျော်ဖြစ်လာပြီး ခြေလက်တွေသူများထက်အေးစက်စက်ဖြစ်နေမယ်
• ခေါင်းမူးမူးနေတတ်ပြီး ဒီထက်ပိုဆိုးလာရင်
• ရင်ဘတ်အောင့်ခြင်း (Chest Pain),
• နှလုံးခုန်မြန်ခြင်း
• အသက်ရှူမဝခြင်းတွေဖြစ်လာနိုင်ပြီး
• Restless legs syndrome (RLS)
• Pica လို့ခေါ်တဲ့ ပုံမှန်မဟုတ်တဲ့အစားအစာ (ရေခဲ မြေဖြူ စက္ကူ) တွေကို စားချင်စိတ်ဖြစ်တဲ့ condition တွေပါဖြစ်လာနိုင်ပါတယ်

အဲ့လို သံဓာတ်ချို့တဲ့လာရာမှတစ်ဆင့် Anemia သွေးအားနည်းရောဂါ ဖြစ်လာတာဖြစ်ပါတယ် Anemia လက္ခဏာတွေဖြစ်တဲ့ ပုံမှန်မဟုတ်တဲ့ လက်သည်းခြေသည်းပုံရှိမယ် လျှာထုံတာနာတာတွေပါ ရှိလာတတ်ပါမယ်

“Iron Deficiency Anemia ဟာဘယ်သူတွေမှာဖြစ်နိုင်လဲ”
• အမျိုးသား၊ အမျိုးသမီး၊ မည်သူမဆိုဖြစ်နိုင်ပါတယ်
ဒါပေမယ့် အမျိုးသမီးတွေမှာတော့ အမျိုးသားတွေထက် ပိုဖြစ်လေ့ရှိပါတယ်
Menstrual Cycle ကြောင့်ရယ် ကိုယ်ဝန်ဆောင်မိခင်များရယ် Breastfeeding လုပ်နေတဲ့ အမျိုးသမီးများဟာ သံဓာတ် (Iron) ပိုပြီးဆုံးရှုံးနေတတ်လို့ဖြစ်ပါတယ်
နောက်တော့
• မွေးကင်းစကလေး (အသက် ၆လမှ ၁၂လကြား)
• အသက် ၁နှစ်နဲ့ ၂နှစ်ကြားကလေးများ
• Teenagers ဆယ်ကျော်သက်အရွယ်များ
• အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ
• တခြား Chronic Medical Condition ရှိသူများမှာ Iron Deficiency ဖြစ်နိုင်ချေများလေ့ရှိပါတယ်

“Iron Deficiency Anemia ကုသခြင်းနှင့် ကာကွယ်ခြင်း”
Iron Deficiency Anemia ဟာ ဆရာဝန်နဲ့ပြသပြီး လိုအပ်တဲ့ဆေးစစ်မှုတွေလုပ်မယ် ဆရာဝန်ညွှန်ကြားတဲ့ iron supplements တွေသောက်မယ် သံဓာတ်များစွာပါဝင်တဲ့ Iron-rich foods တွေစားမယ်ဆို ကုသလို့ရနိုင်ပါတယ်

သံဓာတ်ပါဝင်တဲ့ iron-rich foods တွေကိုလည်းနောက်ရက်တွေမှာဖော်ပြပေးသွားမှာဖြစ်လို့ page လေးကို follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်

သင်နဲ့ သင့်မိသားစုအတွက် Care Diary ကျန်းမာရေး App

Autistic pride day ဟာ 2005 ခုနှစ်ထဲက autistic people တွေအတွက် အထူးကျင်းပပေးတဲ့နေ့လေးဖြစ်ပါတယ်ယခုခေတ်မှာ ကျန်းမာရေးအသိပညာ...
18/06/2024

Autistic pride day ဟာ 2005 ခုနှစ်ထဲက autistic people တွေအတွက် အထူးကျင်းပပေးတဲ့နေ့လေးဖြစ်ပါတယ်

ယခုခေတ်မှာ ကျန်းမာရေးအသိပညာတွေဟာ အရင်ကထက်ပိုမိုသိလာကြပေမယ့် အော်တစ်ဇင်လက္ခဏာရှိသူတွေကို ထူးခြားတဲ့အရည်အချင်းတွေပိုင်ဆိုင်ထားတဲ့သူတွေလို့မမြင်ပဲ ရောဂါလက္ခဏာတစ်ခုအနေနဲ့ ကုသဖို့လိုအပ်နေသူတွေလို့ မြင်နေတဲ့သူတွေရှိပါသေးတယ်

ဒီလိုအမြင်တွေပျောက်ကွယ်ဖို့အတွက် June 18 ရက်နေ့တိုင်းမှာ အော်တစ်ဇင်လက္ခဏာရှိသူတွေရဲ့ အရေးပါပုံ၊ သူတို့တွေရဲ့ လူမှုရေး ပညာရေးဆိုင်ရာတွေမှာ အကျိုးပြုပုံတွေ၊ ကောင်းမွန်တဲ့ အပြောင်းအလဲဖြစ်အောင်လုပ်ဆောင်နိုင်ပုံတွေကို အများသိအောင် ဝေမျှပေးနေတာပဲဖြစ်ပါတယ်

ဒီ autistic pride day လေးကို rainbow infinity symbol လေးက ကိုယ်စားပြုပြီးတော့ အကန့်အသတ်မရှိတဲ့မတူကွဲပြားမှုများနဲ့ များစွာသောအခွင့်အလမ်းတွေရှိနေတာကို ရည်ညွှန်းချင်တာဖြစ်ပါတယ်

Care Diary မှလည်း သာမန်ထက်ထူးခြားတဲ့အရည်အချင်းတွေပိုင်ဆိုင်ထားတဲ့ autistic people များကို page လေးကနေတစ်ဆင့် ဂုဏ်ပြုလိုက်ရပါတယ်ရှင်

June လ 14 ရက်နေ့ဟာ “World Blood Donor Day” ပဲဖြစ်ပါတယ် Care Diary page လေးကနေလည်း သွေးအလှုရှင်များကို ဂုဏ်ပြုရင်း မိမိတိ...
14/06/2024

June လ 14 ရက်နေ့ဟာ “World Blood Donor Day” ပဲဖြစ်ပါတယ်
Care Diary page လေးကနေလည်း သွေးအလှုရှင်များကို ဂုဏ်ပြုရင်း မိမိတို့သွေးလှူခြင်းက အ‌ရေးပါအရာရောက်ကြောင်း၊ လူ့အသက်ပေါင်းများစွာကိုကယ်တင်နိုင်ကြောင်းနဲ့ ယခုမှစပြီး လှူဒါန်းချင်သူများအတွက် ဘယ်မှာလှူဒါန်းနိုင်လဲ ဘာတွေလိုအပ်မလဲစတာတွေပြောပြပေးသွားမှာဖြစ်ပါတယ်

"World Blood Donor Day" ဟာ အခကြေးငွေမယူပဲ သွေးလှူခြင်းဖြင့် သူတစ်ပါးအသက်ကိုကယ်တင်ပေးတဲ့ သွေးလှုရှင်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ World Health Organization, International Federation of Red Cross and Red Crescent Societies တို့က ဦးစီးပြီး 2004 မှာ စတင်ကျင်းပခဲ့တာဖြစ်ပါတယ်
World Blood Donor Day မှာဆိုရင် blood donors (သွေးအလှုရှင်များ) ကို ကျေးဇူးတင်ကြောင်းပြသတဲ့ activities တွေအပြင် သွေးလှူထားခြင်းကြောင့် အရေးပေါ်ကုသရာမှာသွေးအဆင့်သင့်ရှိခြင်း၊ သွေးသွင်းဖို့လိုနေတဲ့ လူနာပေါင်းများစွာကို ကယ်တင်နိုင်ခြင်း စတာတွေကို လူအများသိအောင် ပညာပေးအစီအစဉ်များ ကမ္ဘာတစ်ဝမ်းမှာပြုလုပ်ကြပါတယ်

သွေးအလှူရှင်များအနေနဲ့ ဆောင်ရန် ရှောင်ရန်များ

သွေးလှူခြင်းဟာ process လွယ်လွယ်ကူကူနဲ့ သူတစ်ပါးအသက်ကိုကယ်တင်ခြင်းပါပဲ နေ့စဉ်အချိန်နဲ့အမျှ သွေးလိုအပ်နေတဲ့ ‌‌‌‌‌ဝေဒနာရှင်တွေရှိတာမလို့ မိမိကကျန်းမာရေးကောင်းမွန်တယ် သူတစ်ပါးကိုကူညီတဲ့အနေနဲ့ သွေးလှူချင်ပါတယ်ဆို အောက်ပါအချက်များကိုသိထားဖို့ လိုအပ်ပါတယ်

“ဘယ်သူတွေ လှူဒါန်းနိုင်သလဲ”
• အသက် ၁၈နှစ်မှ ၅၅ နှစ်အတွင်းရှိသူ
• သတ်မှတ်ထားသောကိုယ်အလေးချိန် - ပေါင် (၁၃၀) အထက် (သို့) အနည်းဆုံး ‌ပေါင် (၁၁၀) အထက်ရှိသူ
• ကျန်းမာရေးကောင်းမွန်ပြီး လတ်တလော ဖျားနာထားခြင်းမရှိသူ
• ကိုယ်ဝန်ဆောင်သည်နဲ့ ကလေးနို့တိုက်မိခင်များမဟုတ်သူ
• ၆လအတွင်းမှာ ခန္ဓာကိုယ်ပေါ် ဆေးထိုးအပ်စိုက်ခဲ့ခြင်း (Tattoo ထိုးခြင်း၊ နားဖောက်ခြင်း) မရှိသူ
• လှူဒါန်းမယ့်ရက်အနည်းငယ်ကစပြီး အိပ်ရေးဝစွာ အိပ်စက်ထားသူ၊ အရက်သေစာသောက်စားထားခြင်းမရှိသူ၊ အမျိုးသမီးများအနေနဲ့ လတ်တလော ဓမ္မတာလာခြင်းမရှိသူတို့ဖြစ်ရပါမယ်
ဒီအချက်တွေနဲ့ ကိုက်ညီမှုရှိ မရှိကိုလည်း လှူမယ့်နေရာရောက်တဲ့အခါ Form ဖြည့်ရပြီး ဆရာဝန်နဲ့ weight ချိန်တာ သွေးပေါင်ချိန်တာ ပြန်လည်မေးမြန်းတာတွေပြုလုပ်မှာဖြစ်ပါတယ်

“ဘယ်နေရာမှာ လှူဒါန်းနိုင်သလဲ”
National Blood Bank Myanmar - Website ကနေလည်း မိမိလှူချင်တဲ့နေ့နဲ့ အချိန်ကို ကြိုတင်စာရင်းပေးပြီး သွားလှူလို့ရပါတယ်
https://www.donatebloodmyanmar.org/booking

“မလှူခင် ဘာတွေပြင်ဆင်သွားရမလဲ”
ကျန်းမာရေးဂရုစိုက်သွားဖို့ပဲလိုပါမယ်
• အိပ်ရေးဝဝအိပ်သွားဖို့
• ရေများများသောက်သွားဖို့
• အဆီနည်းပြီးအားရှိတာ စားသွားဖို့နဲ့
• သွေးလှူရလွယ်ကူအောင် အင်္ကျီလက်တို သို့ ခေါက်တင်လို့လွယ်မယ့် အင်္ကျီမျိုးကို ဝတ်ဆင်သွားသင့်ပါတယ်
သွေးလှူမယ့်အခါမှာလည်း မိမိတို့ဘယ်လက် သို့ ညာလက် လှူချင်တဲ့ဘက်ကိုပြောပြလို့ရပါတယ်

“သွေးလှူပြီးနောက် ဘာတွေလုပ်ရမလဲ”
လှူပြီးပြီးချင်း ချက်ချင်းမထမိဖို့လိုအပ်ပါတယ် ပြီးရင်တော့ National Blood Bank ကပြင်ဆင်ပေးထားတဲ့ Snack တစ်ခုခုနဲ့ Drink (Water or Juice) စားသောက်ရင်း ခဏနားနေရမှာဖြစ်ပါတယ် ကိုယ်တိုင်ကားမောင်းပြန်မယ့်သူများအနေနဲ့လည်း ၁၀-၁၅မိနစ်ခန့် အနားယူပြီးမှပြန်သင့်ပါတယ် အချို့အလှူရှင်များအနေနဲ့ ခေါင်းမူးတာ၊ မေ့လဲချင်တာ၊ အားပြတ်သွားသလိုခံစားချက်မျိုးဖြစ်တတ်ပါတယ် ခြေထောက်နှစ်ဖက်ကို အမြင့်မှာတင်ထားပြီး ခဏလှဲနေလိုက်တဲ့အခါအဆင်ပြေသွားမှာဖြစ်ပါတယ် ဒီလိုလိုအပ်တဲ့ instruction များကိုလည်း ကျန်းမာရေးဝန်ထမ်းများက ညွှန်ကြားပေးမှာဖြစ်ပါတယ်

အကယ်၍များ အိမ်ပြန်သွားပြီးချိန်မှာ မူးမော်တာမပျောက်ဘူး၊ သွေးထုတ်တာတဲ့လက်မောင်းနေရာက နာကျင်နေတုန်းပဲဆိုရင် သွေးလှူဘဏ်ကိုပြန်လည်ဆက်သွယ်နိုင်ပါတယ်

“သွေးလှူခြင်းနှင့် လေ့ကျင့်ခန်း”
သွေးလှူပြီးတာနဲ့ 48hours အတွင်းမှာ အပြင်းအထန်လေ့ကျင့်ခန်းမလုပ်ဖို့ကို WHO အနေနဲ့ အကြံပြုထားပါတယ်
• Weightlifting (အလေးမခြင်း)
• Body exercises (ခန္ဓာကိုယ်လေ့ကျင့်ခန်းများ)
• Arm-related exercises (လက်မောင်းအသုံးပြုရသော လေ့ကျင့်ခန်းများ, example – Tennis)
• Aerobic and Anaerobic exercises (အေရိုးဗစ်လေ့ကျင့်ခန်းများ) စတဲ့ လေ့ကျင့်ခန်းများဖြစ်ပါတယ်
သွေးလှူထားတဲ့လက်မောင်းကို အသုံးပြုရတဲ့အခါ သွေးထွက်တာ၊ ညိုမဲစွဲတာ၊ နာကျင်ပြီးကျန်ခဲ့တာမျိုးဖြစ်တတ်ပြီး ပြင်းထန်လေ့ကျင့်ခန်းတွေဟာ ခန္တာကိုယ်ရဲ့ Oxygen Demands ကိုလည်း မြင့်တင်လိုက်တာမလို့ မူးမော်တာ၊ မိုက်ခနဲဖြစ်သွားတာမျိုး၊ ပုံမှန်ထက်ပိုပင်ပန်းပြီး ရေဓာတ်ခန်းခြောက်တာမျိုး ဖြစ်တတ်ပါတယ်

ခန္ဓာကိုယ်ထဲကလျော့သွားတဲ့သွေးအားတွေပြန်ပြည့်ဖို့အတွက်ကောင်းကောင်းအနားယူပြီး အားရှိမယ့်အစားအစာတွေ သံဓာတ်ကြွယ်ဝတဲ့ Iron-rich foods တွေများများစားသုံးပေးသင့်ပါတယ် နောက်ရက်တွေမှာ Iron-rich foods ဆိုတာဘာတွေလဲ ဘာတွေစားသုံးပေးရမလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်လို့ Care Diary Page လေးကို စောင့်ကြည့်ပေးပါဦးနော်

သင်နဲ့ သင့်မိသားစုအတွက် Care Diary ကျန်းမာရေး App

ဒီနေ့ care diary page လေးကနေ မျှဝေပေးနေကြကျန်းမာရေးဗဟုသုတတွေမဟုတ်ပဲ မိမိတို့ ခန္ဓာကိုယ်မှာ ဘာတွေခံစားနေရလဲ နာကျင်ကိုက်ခဲ...
12/06/2024

ဒီနေ့ care diary page လေးကနေ မျှဝေပေးနေကြကျန်းမာရေးဗဟုသုတတွေမဟုတ်ပဲ မိမိတို့ ခန္ဓာကိုယ်မှာ ဘာတွေခံစားနေရလဲ နာကျင်ကိုက်ခဲ လက္ခဏာအသေးအမွှားလေးကအစ ဆေးရုံဆေးခန်းပြ ကုသရတာတွေအထိ မှတ်သားထားလို့ရမယ့် တစ်ကိုယ်ရေသုံးကျန်းမာရေး app – Care Diary Health Care App လေးအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်

ဒီ App လေးထဲမှာဆို
• မိမိတို့ ကိုယ်ရေးကိုယ်တာအချက်အလက် (ကိုယ်အလေးချိန်၊ အရပ်အမြင့်၊ သွေးအမျိုးအစား၊ Allergies) စတာတွေ တိတိကျကျမှတ်သားလို့ရမယ်
• မိမိတို့ ခံစားရတဲ့ ရောဂါလက္ခဏာမှန်သမျှ ဘယ်နေ့မှာ အချိန်ဘယ်လောက်ကြအောင် ခံစားလိုက်ရလဲ၊ ကုသမှုရောခံယူလိုက်လားဆိုတာတွေကို မှတ်သားထားလို့ရမယ့် Symptoms and Treatments Recorder ပါဝင်တယ်
• မိမိတို့ စစ်ဆေးဖူးတဲ့ ကျန်းမာရေးဆေးစစ်ချက်တွေ (MRI, CT-scan, ECG, X-Ray, etc...) စတာတွေကို ဓာတ်ပုံရိုက်ပြီး သိမ်းထားလို့ရမယ့် Investigations Recorder ပါဝင်တယ်
• နောက်ထပ် ဆရာဝန်နဲ့ ပြသဖို့လိုလာတဲ့အခါမှာလည်း ရှေ့က ကုသခဲ့တဲ့ရောဂါရာဇဝင်နဲ့ ကုသမှုမှတ်တမ်းတွေကို အကျဉ်းချုပ်ထုတ်ပြနိုင်တဲ့ Summary Request Function လည်းပါဝင်ပါတယ်
• မြန်မာဘာသာ အင်္ဂလိပ်ဘာသာနှစ်မျိုးလုံးနဲ့ အသုံးပြုလို့ရတဲ့အပြင် လိုအပ်ပါက မှတ်တမ်းတွေကို Print ထုတ်လို့ရပါသေးတယ်

အခုလက်ရှိမှာတော့ 𝐂𝐚𝐫𝐞 𝐃𝐢𝐚𝐫𝐲 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐚𝐫𝐞 𝐀𝐩𝐩 ကို Android Version အနေနဲ့ အသုံးပြုနိုင်မှာပါ။ အစမ်းအသုံးပြုချင်တယ်ဆိုရင်‌တော့ Comment ထဲက QR Code လေးကို Scan ဖတ် Download လုပ်ပြီးတော့ သုံးကြည့်နိုင်ပါတယ်။ ပြီးရင်တော့ မိတ်ဆွေတို့ရဲ့ အသုံးပြုခဲ့ရတဲ့အတွေ့အကြုံလေးကို ပြန်လည်မျှဝေပေးဖို့ မမေ့ပါနဲ့ဦးနော်

11/06/2024

GENI Kid Programming Course

မိမိရင်သွေးရဲ့ ကောင်းမွန်တဲ့ အနာဂတ်ကို နေ့စဥ်နဲ့အမျှ ရှာဖွေနေသော မိခင် ဖခင်တို့ ခင်ဗျာ..

Geni Technology နှင့် Dr. Ei Ei (Ph.D., Chulalongkorn University, Thailand), Postdoctoral Researcher, Chulalongkorn University, Research and Development Lead, Geni Technology တို့ ပူးပေါင်းဖွင့်လှစ်မည့် GENI Kid Programming Course ဟာ သင့်ရင်သွေးအတွက် ကောင်းမွန်တဲ့ အနာဂတ် ဖော်ဆောင်ရာမှာ အထောက်အကူပေးနိုင်မယ် ဆိုတာ သေချာပါတယ် ခင်ဗျာ။

သင်တန်းနဲ့ပက်သက်တဲ့ အချက်အလက်များနှင့် သင်တန်းအပ်ရန် registration link ကို သေချာစွာရေးသားဖော်ပြပေးထားလို့ ဆက်လက်ဖတ်ရှုပေးပါ ခင်ဗျာ။

သင်တန်းကြေး အခက်အခဲ ရှိတဲ့ ကလေးများ အတွက်လဲ Scholarship Program ရှိပါတယ် ခင်ဗျာ။

ကလေး အသက် ၇ နှစ်က စပြီး သင်တန်း တက်ရန် သင့်တော်ပါတယ်။

Tentative Schedule တွေက တော့ Course 1 အတွက်ပါ။ တစ်ခြား အတန်းတွေ အတွက်လဲ အချိန် ဇယား လေးထပ် ကြေငြာပေးသွားပါမယ်။
----------------------------------------------------------------------------------------------------------------------
1. US Region
Monday & Tuesday 7:30 - 8:30 PM
(MM Time Tuesday & Wednesday 7:00 - 8:00 AM )

2. EU Region
Thursday & Friday 5:30 - 6:30 PM
(MM Time Thursday & Friday 10:00 - 11:00 PM)

3. Asia Region
Thursday & Friday MM Time 7:00 - 8:00 PM
----------------------------------------------------------------------------------------------------------------------

ဖေဖေ၊ မေမေတို့ရေ သင်တို့ရဲ့ အဖိုးတန်လှတဲ့ ရင်သွေးငယ်လေးတွေကို ကျောင်းစာတွေ၊ English စာ 4 Skills တွေ Advanced Mathematics တွေ အစရှိတဲ့ သင်တန်းတွေ တက်ခိုင်းရုံနဲ့ လုံလောက်ပြီထင်နေပါသလား???
ခေတ်မှီတိုးတက်ပြောင်းလဲလာတဲ့ ယနေ့ နည်းပညာခေတ်ကြီးမှာ ကလေးငယ်‌တွေကို Computer Science လို့ခေါ်တဲ့ ကွန်ပျူတာသိပ္ပံဘာသာရပ်များနဲ့ ငယ်စဉ်ကထဲက ထိတွေ့မှုရှိအောင်၊ ကောင်းမွန်တဲ့နည်းလမ်းနဲ့ အသုံးချတတ်အောင် ပြုစုပျိုးထောင်ပေးဖို့က မိဘတို့ရဲ့ တာဝန်တရပ်ဖြစ်လာပါပြီ။

သင့်ကလေးဟာ ဂိမ်းတွေ၊ ဖေ့စ်ဘွတ် တွေနဲ့ပဲ အချိန်ကုန်တာ များနေလား???
ယခုခေတ်ကလေးတွေဟာ ဖုန်းတွေ အင်တာနက်တွေ ဟာ လက်တကမ်းမှာပဲ လွယ်လွယ်ကူကူရနိုင်တဲ့ အတွက် ဂိမ်းကစားခြင်း Facebook လို့ခေါ်တဲ့ Social Media တွေအလွန်အမင်းသုံးစွဲနေကြပါတယ်။ ကလေးအများစုကတော့ နည်းပညာတွေကို အကျိုးရှိစွာ အသုံးမချပဲ အပျော်အပါးအတွက် လွဲမှားစွာ အသုံးပြနေခြင်းကြောင့် ဂိမ်းစွဲခြင်း၊ Facebook များ အလွန်အမင်းသုံးစွဲခြင်း စသည့်ဆိုးကျိုးများ ရရှိလာနိုင်ပါသည်။
မိဘများအနေနဲ့ သားသမီးတွေကို နည်းပညာတွေကို အကျိုးရှိရှိသုံးတတ်လာအောင် လမ်းပြပေးရမှာ ဖြစ်ပါတယ်။
• ဂိမ်းကစားရတာ အရမ်းကြိုက်တဲ့ ကလေးတွေကို ကိုယ်ကိုယ်တိုင် ဂိမ်းလေးတွေဖန်တီးနိုင်အောင်
• ဖုန်းထဲမှာသုံးဖို့အတွက် App တွေကို ဒေါင်းလုပ်ချနေမယ့်အစား ကလေးတွေကိုယ်တိုင်ဖန်တီးရေးသားနိုင်စွမ်းရှိအောင်
• ဖေ့ဘွတ်တွေနဲ့ အချိန်ကုန်နေမယ့်အစား ကိုယ်တိုင် Website လေးတွေ ဖန်တီးနိုင်အောင် ကွန်ပျူတာသိပ္ပံဘာသာရပ်များထဲက ကလေးငယ်များ စိတ်ဝင်တစားဖြင့် လွယ်လွယ်ကူကူ လေ့လာနိုင်တဲ့ Computer Programming/Coding ကိုလေ့လာစေခြင်းဖြင့် သားသားမီးမီးလေးတွေဟာ နည်းပညာတွေကို မှန်မှန်ကန်ကန်သုံးစွဲတတ်စေမှာဖြစ်ပါတယ်။

Programming/Coding နှင့်ပတ်သတ်ပြီး အနာဂတ်မှာ ကလေးတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း တွေကရော ဘာတွေလဲ???
Software Company ကြီးများတွင် Programming/Coding နှင့်ပါတ်သတ်သော ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများသာမက ပြည်ပတွင်လဲ အလုပ်အကိုင်အခွင့်အလမ်း အလွန်များပြားခြင်း၊ လစာနှုန်းများများ ရရှိနိုင်ခြင်းများကြောင့် ယခုခေတ် လူငယ်အများစုရွေးချယ်ကြသော အသက်မွေးဝမ်းကြောင်းတခု ဖြစ်ပါတယ်။
ဘယ်လိုကလေးတွေက Programming/Coding ကိုသင်သင့်ပါသလဲ???
မိမိရဲ့ ကလေးငယ်တွေဟာ နောင်အနာဂါတ်မှာ ဘယ်လိုအသက်မွေးဝမ်းကြောင်းကိုပဲရွေးချယ်ချယ် Programming/Coding နည်းပညာကိုလေ့လာထားခြင်းဖြင့် ပိုမိုတိုးတက်လာမယ့် ခေတ်မှီနည်းပညာတွေကို လွယ်လွယ်ကူကူ လေ့လာနိုင်ခြင်း၊ မိမိတို့သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အသုံးချနိုင်ခြင်း စသော အကျိုးကျေးဇူးများရနိုင်သဖြင့် ကလေးငယ်တိုင်းလေ့လာသင်ယူသင့်ပါသည်။

ထိုအပြင် Coding ကို နည်းစနစ်ကျကျ လေ့လာခြင်းဖြင့်
1. Problem Solving Skill
2. Critical Thinking Skill
3. Mathematical Skill တွေလဲ ပိုမိုရရှိလာမှာ ဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ ကျမတို့သင်တန်းမှ ကလေးငယ်များအတွက် အကျိုးရှိမယ့် သင်တန်းလေးတွေနှင့် မိတ်ဆက်ပေးပါရစေ။

သင်တန်းအမည်...

Block Coding with Code.org Computer Science Fundamentals Course 1
(Grade 1-3) - 35000 Kyat

Course 2
( Course 1 ပြီးထားသူများ) - 40000 Kyat

Course 3
( Course 2 ပြီးထားသူများ) - 40000 Kyat

Course 4
(Course 3 ပြီးထားသူများ) - 40000 Kyat

Python for Kids
( Cambridge IGCSE Computer Science Programming Book for Python)
(Block coding Course ပြီးထားပြီး or Coding အခြေခံရှိပြီး Laptop နှင့်တက်ရောက်နိုင်သူ ဖြစ်ရပါမည်) - 45000 Kyat

Web Development for Kids
(*** Laptop နှင့်တက်ရောက်နိုင်သူ ဖြစ်ရပါမည်) - 45000 Kyat

(သင်တန်းကြေးများသည် Course တစ်ခုစာ အပြီးအစီး ဖြစ်ပါသည်)

သင်တန်းကာလ

Course 1 (18 Lessons)
approximate 3 weeks
(1 hour /day, 2 days/week) 6x1 = 6 hours

Course 2 (19 Lessons)
approximate 3-4 weeks
(1 hour /day, 2 days/week) 6-8 hours

Course 3 (21 Lessons)
approximate 3-4 weeks
(1 hour /day, 2 days/week) 6-8 hours

Course 4 (22 Lessons)
approximate 4 weeks
(1 hour /day, 2 days/week) 8 hours

Python for Kids (13 Chapters)
approximate 6 months
(1 hour /day, 2 days/week) 8x6= 48 hours

Web Development for Kids (HTML)
approximate 3 months
(1 hour /day, 2 days/week) 8x3 = 24 hours

သင်တန်းပို့ချမည့်သူ

Dr. Ei Ei (Ph.D., Chulalongkorn University, Thailand),
Postdoctoral Researcher, Chulalongkorn University
Research and Development Lead, Geni Technology

ပုံမှန်သင်တန်းချိန် အခက်အခဲရှိပါက တစ်ယောက်ချင်း (သို့) အဖွဲ့လိုက် တက်ရောက်နိုင်ရန် one to one or small group အသက်သာဆုံးစျေးနှုန်းဖြင့်စီစဉ်ပေးပါသည်။
စိတ်ဝင်စားပါကအသက်အရွယ်နှင့် အချိန်ဇယားများကို FB Chat box မှအသေးစိတ် ဆက်သွယ် မေးမြန်းနိုင်ပါသည်။

လိုအပ်ချက် များ
1) Laptop or Tablet or Phone
2) Internet Access
နည်းပညာဆိုင်ရာများကို မိဘများ စိုးရိမ်မှု မရှိစေရန်အတွက် သင်တန်းဆရာမှ တာဝန်ယူဖြေရှင်းပေးပါမည်။

သင်တန်းအပ်နှံရန် အောက်ဖော်ပြပါ link တွင် register ပြုလုပ်နိုင်ပါတယ် ခင်ဗျ။

Registration Link

https://docs.google.com/forms/d/e/1FAIpQLSetgoPJHClYj7Z7HN3iaujPDv6QcuUfl1Nyc6W1RwYURVpeOg/viewform?usp=pp_url

ပြည့်ဝတဲ့ အိပ်စက်ခြင်းရရှိဖို့အတွက် ကောင်းမွန်တဲ့အလေ့အကျင့်တွေကဘာတွေလဲ? ခေါင်းစဉ်လေးအတိုင်းပဲ ဒီနေ့မှာတော့ ဘယ်လိုအမူအကျင...
09/06/2024

ပြည့်ဝတဲ့ အိပ်စက်ခြင်းရရှိဖို့အတွက် ကောင်းမွန်တဲ့အလေ့အကျင့်တွေကဘာတွေလဲ?

ခေါင်းစဉ်လေးအတိုင်းပဲ ဒီနေ့မှာတော့ ဘယ်လိုအမူအကျင့်လေးတွေလုပ်ပြီးအိပ်တဲ့အခါ စိတ်ရောကိုယ်ပါ လန်းဆန်းပြီး အိပ်ရေးဝစေမလဲဆိုတာကို ဝေမျှပေးသွားမှာဖြစ်ပါတယ်

• နေ့တိုင်း အိပ်ရာဝင်ချိန်နဲ့ နိုးထချိန်ကို အချိန်တစ်ခုသတ်မှတ်ထားပါ၊ ညတိုင်းအိပ်ရာဝင်ချိန်တူပါစေ၊ မနက်တိုင်း အိပ်ရာထချိန်တူပါစေ

• Weekdays ကြားရက်တွေရဲ့ အိပ်ချိန်အတိုင်း Weekends ပိတ်ရက်တွေမှာလည်း အိပ်စက်ပါ၊ ပိတ်ရက်တွေမှာ နောက်ကျမှအိပ်တာ၊ မနက်ပိုင်းပိုအိပ်တာက အိပ်ချိန်စက်ဝန်းကို ထိခိုကိစေလို့ဖြစ်ပါတယ်

• မအိပ်ခင် တစ်နာရီလောက်အလိုကို တိတ်ဆိတ်စွာဖြတ်သန်းပါ၊ ပြင်းထန်လေ့ကျင့်ခန်းတွေ မျက်လုံးကနေတစ်ဆင့် ဦးနှောက်ကို နိုးကြားဖို့ Alert ပေးနေမယ့် TV Screen, Computer နဲ့ Mobile Device တွေသုံးတာရပ်သင့်ပါတယ်

• အိပ်ရာဝင်ခါနီး အစာပမာဏအများကြီးစားသုံးခြင်းနဲ့ အရက်သေစာသောက်သုံးခြင်းလည်း ရှောင်ရှားသင့်ပါတယ်

• နောက်တော့ Ni****ne ပါဝင်တဲ့ဆေးလိပ် နဲ့ Caffeine ဓာတ်ပါဝင်တဲ့ Coffee, Tea မှန်သမျှ အိပ်ခါနီးသောက်သုံးခြင်းကိုရှောင်သင့်ပါတယ် Caffeine ဓာတ်ရဲ့ Effect ဟာဆိုရင် ၈နာရီတောင်ခံတာမလို့ နေ့လည် ၃နာရီလောက်မှာသောက်ထားတဲ့ ကော်ဖီတစ်ခွက်က ညဘက်အိပ်ချိန်ကိုတောင် လာထိခိုက်နိုင်ပါတယ်

• တစ်နေကုန် တစ်နေရာထဲမှာပဲအလုပ်ထိုင်လုပ်ရတဲ့သူမျိုးဆို အပြင်ထွက်လမ်းလျှောက်တာမျိုး ခြေလက်လှုပ်ရှားလေ့ကျင့်ခန်းမျိုးကို အချိန်တစ်ခုပေးပြီးလုပ်သင့်ပါတယ်

• အိပ်ခန်းကိုလည်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ သက်တောင့်သက်သာရှိအောင် အပြင်အဆင်ထားသင့်ပါတယ် ညဘက်အိပ်ချိန်မှာတောက်ပတဲ့မီးတွေပိတ်ပြီး မီးအိမ်လေးသာ ထွန်းထားတာမျိုးလုပ်ဆောင်သင့်ပါတယ်

• အိပ်ရာမဝင်ခင်ရေချိုးရတာနှစ်သက်တဲ့သူတွေအနေနဲ့ ရေပူနဲ့ချိုးပေးခြင်းက ကောင်းစွာအိပ်စက်ခြင်းကို အထောက်အကူဖြစ်စေပါတယ်

• မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့အစားအစာတွေဖြစ်တဲ့ ဟင်းနုနွယ်ရွက်၊ တူနာ၊ ထောပတ်သီး၊ ငှက်ပျောသီး၊ ကီဝီသီး၊ သင်္ဘောသီး၊ အာလူး၊ တို့ဟူးတို့ကိုစားပေးပါ၊ မဂ္ဂနီဆီယမ်ဓာတ်ဟာ အိပ်ရေးဝအောင် ကူညီပေးတဲ့ အာရုံကြောစနစ်ကိုအထောက်အကူပြုပါတယ်

“Sleep Diary”

အချိန်မှန်မှန်အိပ်နိုင်အောင် အကျင့်ကောင်းလေးတွေလုပ်‌နေရင်းက လိုအပ်တဲ့အိပ်ချိန်ပြည့်ဝ/မဝ သိလို့ရအောင် မှတ်သားထားတာမျိုးလည်းလုပ်သင့်ပါတယ်
• ဘယ်အချိန်မှာ အိပ်ဖြစ်လဲ
• ဘယ်အချိန်မှာ ပြန်နိုးလဲ
• တစ်ရေးပြန်အိပ်ဖြစ်လား ဘယ်အချိန်မှာ ဘယ်လောက်ကြာအောင် ပြန်အိပ်ဖြစ်လဲ
• နိုးလာတဲ့အခါဘယ်လိုခံစားရလဲ
• နေ့လည်ဘက်တွေ ဘယ်ချိန်မှာ ဘယ်လိုအိပ်ငိုက်တတ်လဲ
ဒီလိုမှတ်သားထားတဲ့အခါ မိမိတို့အိပ်ချိန်ကိုတွက်ချက်လို့ရသလို အိပ်ရေးပျက်တာများလို့ ဆရာဝန်နဲ့ပြသရမယ်ဆိုပါကလည်း မှတ်တမ်းကိုအလွယ်တကူပြနိုင်မှာဖြစ်ပါတယ်

အပေါ်မှာပြောသွားခဲ့တဲ့အထဲမှာ အိပ်ရာဝင်ခါနီးလုပ်သင့်တာနဲ့ ဆောင်ရန်ရှောင်ရန်လေးတွေပါဝင်ပါတယ် ဒါတွေကို အိပ်ရေးပျက်စဉ်ခဏ လုပ်ကြည့်တာမျိုးမဟုတ်ပဲ နေ့စဉ်ပုံမှန် ဖြေးဖြေးနဲ့မှန်မှန် လုပ်သွားသင့်ပါတယ် အိပ်ရေးဝနေမှလည်း မိမိတို့ တစ်နေ့တာ လုပ်ငန်းဆောင်တာအားလုံးကို ကောင်းကောင်းလုပ်နိုင်မှာဖြစ်ပါတယ်

နောက်နေ့များမှာတော့ ဘယ်လိုအကြောင်းအရာလေးတွေ ဝေမျှပေးသွားမလဲဆိုတာသိရအောင် Care Diary page လေးကို Like and Follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်

ရှေ့ရက်တွေက Sleep Deprivation part 1 မှာ Sleep Deprivation အိပ်ရေးမဝခြင်းဆိုတာဘာလဲ၊ အိပ်ရေးမဝတဲ့အခါ စိတ်ကျန်းမာရေးနဲ့ ခန...
06/06/2024

ရှေ့ရက်တွေက Sleep Deprivation part 1 မှာ Sleep Deprivation အိပ်ရေးမဝခြင်းဆိုတာဘာလဲ၊ အိပ်ရေးမဝတဲ့အခါ စိတ်ကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကျန်းမာရေးကိုဘယ်လိုထိခိုက်စေသလဲ စတာတွေကိုပြောပြခဲ့ပြီး ဒီနေ့မှာတော့ part 2 အနေနဲ့ မိမိတို့က ခန္ဓာကိုယ်ကလိုအပ်တဲ့အိပ်ချိန်ပြည့်ဝအောင်အိပ်နေရဲ့လား၊ မပြည့်ခဲ့ရင်ရော အသက်အလိုက် တစ်ညဘယ်နှနာရီအိပ်သင့်လဲဆိုတာတွေကို sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်

Sleep Deprivation part 1 မဖတ်ရသေးသူများအတွက်လည်း ဖတ်ကြည့်ဖို့ Link ထည့်ပေးထားပါတယ်
https://www.facebook.com/share/p/12sPdjaZDj6Vescz/?mibextid=WC7FNe

“လိုအပ်တဲ့အိပ်ချိန် ရ/မရ ဘယ်လိုသိနိုင်မလဲ”

Sleep Deprivation ဖြစ်တဲ့အခါ နေ့လည်ဘက်မှာ အလွန်အမင်းပင်ပန်းနွမ်းနယ်မှုကိုဖြစ်စေပါတယ် လန်းဆန်းတတ်ကြွမနေဘူး နိုးနိုးကြားကြားရှိမနေတာမျိုးတွေဖြစ်နိုင်လို့ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ ထိခိုက်နိုင်ပါတယ်

လိုအပ်တဲ့အိပ်ချိန် ရ/မရကို တစ်နေ့မှာဘယ်လောက်အိပ်ငိုက်လဲဆိုတာကို ကြည့်ရင်သိနိုင်ပါတယ်

• ထိုင်ပြီး စာဖတ်ရင်း၊ တီဗီကြည့်ရင်း အိပ်ငိုက်တာမျိုး
• ရုပ်ရှင်ရုံလို Public Place တွေ Meeting Room, Classroom တွေမှာ ငိုက်နေတာမျိုး
• တစ်နာရီလောက် မရပ်မနားကားစီးရတဲ့အခါ ငိုက်နေတာမျိုး
• တစ်ယောက်ယောက်နဲ့ထိုင်ပြီး စကားပြောနေတဲ့အခါ၊ နေ့လည်စာစားပြီးထိုင်နေတဲ့အခါမှာ အိပ်ငိုက်နေတာတွေက လိုအပ်တဲ့အိပ်ချိန်မရဘူးဆိုတာပြတဲ့အချက်တွေပါ

ကြာလာတဲ့အခါ နေ့စဉ်လုပ်ငန်းဆောင်တာကိစ္စတွေမှာ အာရုံမစိုက်နိုင်တာ၊ ဆုံးဖြတ်ချက်ချတာနဲ့ ပြဿနာဖြေရှင်းရာမှာ အခက်အခဲရှိလာတာ၊ မေ့တတ်လာပြီး စိတ်ခံစားချက်တွေ မထိန်းချုပ်နိုင်တာတွေ ဖြစ်လာပြီး အလုပ်တစ်ခုပြီးဖို့ အချိန်ပိုကြာလာမယ် အမှားများတာတွေဖြစ်လာနိုင်ပါတယ်

“အိပ်စက်ခြင်းနဲ့ ခန္ဓာကိုယ်တွင်းမှ Hormones”

မိမိတို့ခန္ဓာကိုယ်က အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ hormones နှစ်ခုဖြစ်တဲ့ Melatonin နဲ့ Cortisol ကို နေ့စဉ်ထုတ်လုပ်ပါတယ်
• Melatonin က အပြင်မှာမှောင်လာတဲ့အချိန်မှာ ခန္ဓာကိုယ်ကနေ ထုတ်လွှတ်ပေးပြီး အိပ်ဖို့ပြင်ဆင်သင့်ပြီဆိုတဲ့အနေအထားနဲ့ အိပ်ချင်လာအောင်ကူညီပေးပါတယ်
• ညနေမှောင်လာတာနဲ့ melatonin level က တက်တက်လာမှာဖြစ်ပြီး ညအချိန်မှာ Artificial light တွေဖြစ်တဲ့ TV, Laptop or Mobile Devices ကထွက်တဲ့ အလင်းရောင်တွေက melatonin ထွက်တဲ့ process ကိုထိခိုက်စေပြီး အိပ်ပျော်ဖို့ကို ခက်ခဲစေလို့ အိပ်ခါနီး Electronic devices တွေ အသုံးပြုခြင်းကို ‌ရှောင်ရှားသင့်ပါတယ်
• Cortisol ကတော့ နေထွက်လာတဲ့အခါ အိပ်ရာကလုံးဝနိုးဖို့အတွက် ခန္ဓာကိုယ်ကထုတ်ပေးတဲ့ hormones ဖြစ်ပါတယ် ဒါကြောင့်မနက်အိပ်ရာနိုးတဲ့အခါ အပြင်ထွက်လမ်းလျှောက်တာမျိုး ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာမျိုးလုပ်သင့်ပါတယ်

“ဒါဆို အိပ်ချိန်လုံလောက်အောင် ဘယ်လောက်အိပ်သင့်လဲ”

အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ကပြောင်းလဲနေတာမလို့ အိပ်ချိန်ဟာလည်း အသက်အရွယ်ပေါ် မူတည်ပြီး ကွာခြားပါတယ်

• မွေးကင်းစကလေးတွေက အများဆုံး ၁၆နာရီ အိပ်သင့်ပြီး
• ၁၂နှစ်အရွယ်ထိကလေးများကတော့ အနည်းဆုံး ၉နာရီကနေ အများဆုံး ၁၂နာရီလောက်ထိ အိပ်သင့်ပါတယ်
• ဆယ်ကျော်သက်အရွယ်တွေက တစ်နေ့ကို ၈နာရီမှ ၁၀နာရီကြာအောင်အိပ်သင့်ပြီး
• နှစ်ဆယ်ကျော်ကစ လူကြီးပိုင်းတွေကတော့ အနည်းဆုံး ၇နာရီ ရအောင်အိပ်သင့်ပါတယ်

တစ်ချို့ညဘက်ကောင်းကောင်းမအိပ်လိုက်ရသူများက နေ့လည်တစ်ရေးပြန်အိပ်ခြင်းနဲ့ အစားထိုးတတ်ကြပါတယ် နေ့လည်တစ်ရေးပြန်အိပ်ခြင်းက ခဏတာအားအင်ဖြစ်စေသော်လည်း ခန္ဓာကိုယ်ကလိုအပ်တဲ့ ပြည့်ဝတဲ့အိပ်ချိန်ကိုမပေးနိုင်ပါဘူး ဒါ့အပြင် အလုပ်ဖွင့်ရက်ထက် အလုပ်ပိတ်ရက်မှာပိုအိပ်တတ်တဲ့သူတွေလည်းရှိပါတယ် ဒါဟာကိုယ့်ရဲ့ပုံမှန်အိပ်ချိန် Circle ကိုထိခိုက်စေပြီး မကောင်းတဲ့အလေ့အကျင့်တစ်ခုဖြစ်ပါတယ်

အခုဆိုရင်တော့ Sleep Deprivation အိပ်ရေးမဝခြင်းဆိုတဲ့အကြောင်းကို အပိုင်းနှစ်ပိုင်းခွဲပြီး ရှင်းပြပြီးပါပြီ အဆုံးထိဖတ်ရှုပေးတာကျေးဇူးတင်ပါတယ် ကျန်းမာရေးအသိတွေလည်း ရရှိလိုက်မယ်လို့မျှော်လင့်ပါတယ် နောက်ရက်တွေမှာလည်း ညဘက်အိပ်ပျော်အောင် အိပ်ခါနီးဘာတွေလုပ်သင့်လဲ ဆောင်ရန် ရှောင်ရန် အကျင့်လေးတွေပြောပြပေးသွားမှာဖြစ်ပါတယ် ဒါကြောင့် Care Diary page လေးကို Like and Follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်

“Sleep Deprivation” ဆိုတာဘာလဲSleep Deprivation ဆိုတာ နားလည်လွယ်အောင်ပြောရရင် အိပ်ရေးကောင်းကောင်းမဝတာပါ နေ့လည်ဘက်အိပ်မိလိ...
04/06/2024

“Sleep Deprivation” ဆိုတာဘာလဲ

Sleep Deprivation ဆိုတာ နားလည်လွယ်အောင်ပြောရရင် အိပ်ရေးကောင်းကောင်းမဝတာပါ နေ့လည်ဘက်အိပ်မိလို့ အိပ်ချိန်မှားသွားတာအပြင် ကောင်းကောင်းအိပ်မပျော်စေတဲ့ ရောဂါလက္ခဏာတစ်ခုခုရှိနေတာမျိုးတွေကြောင့်ဖြစ်တတ်ပါတယ် ဒီလိုအိပ်ရေးမဝတာကြောင့် ကျန်းမာရေးကိုဘယ်လိုတွေထိခိုက်လဲ ဘယ်သူတွေအဖြစ်များလဲနဲ့ အိပ်ချိန်ပြည့်ဝအောင် ဘယ်လောက်အိပ်ရမလဲ စတာတွေကို အပိုင်း နှစ်ပိုင်းခွဲပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်

တကယ်‌တော့ အိပ်စက်ခြင်းက စားခြင်း၊ သောက်ခြင်း၊ အသက်ရှူခြင်းလိုမျိုး လိုအပ်တဲ့အရာတစ်ခုပါ
လုံလောက်တဲ့ အိပ်ရေးမရရှိတဲ့အခါမှာ ခန္ဓာကိုယ်ကျန်းမာရေးနဲ့ မှတ်ဉာဏ်ပြဿနာတွေ၊ အလုပ်လုပ်နိုင်စွမ်းကျဆင်းတာတွေအပြင် အသက်သေဆုံးသည်အထိဖြစ်နိုင်ပါတယ်

“အိပ်စက်ခြင်းနဲ့ ကျန်းမာရေး ဘယ်လိုဆက်စပ်နေလဲ”

ခန္ဓာကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးအတွက် အချိန်မှန်မှန်ကောင်းမွန်စွာ အိပ်စက်အနားယူဖို့ လိုအပ်ပါတယ်

‘မှတ်ဉာဏ်နှင့် အိပ်ချိန်’

လိုအပ်တဲ့အိပ်ချိန်အပြည့်အဝရအောင် အိပ်မယ်ဆိုရင်
• ဦးနှောက်ဟာ အိပ်ပျော်နေချိန်မှာ သင်ယူဖို့ မှတ်သားဖို့ ပြင်ဆင်နေပြီး နောက်တစ်နေ့မှာ ကောင်းမွန်စွာအလုပ်လုပ်နိုင်မှာဖြစ်ပါတယ်
• ဘယ်အရာမဆို လွယ်ကူစွာသင်ယူလာနိုင်မယ်
• ပြဿနာတွေကို လွယ်လွယ်ကူကူဖြေရှင်းလာနိုင်မယ်
• အာရုံစူးစိုက်အားကောင်းလာပြီး
• ဆုံးဖြတ်ချက်တွေလည်း သေချာချနိုင်လာမှာဖြစ်ပါတယ်

အိပ်ချိန်မပြည့်ဝရင်တော့
• အလုပ်မှာ၊ ကျောင်းမှာ ၊ ယာဉ်မောင်းနှင်ရာမှာ၊ အများတကာနဲ့ပြောဆိုဆက်ဆံရာမှာ အခက်အခဲတွေရှိလာမယ်
• အလွယ်တကူမမှတ်ယူနိုင်ဘူး၊ ခဏခဏမေ့တတ်ပြီးအာရုံမစိုက်နိုင်တဲ့အခါ နေ့စဉ်လုပ်ငန်းတွေမှာထိခိုက်လာမယ်
• အမှုအကျင့်တွေပြောင်းမယ်၊ စိတ်တို စိတ်ရှုပ်လွယ်လာမယ်
• Depression, Anxiety စတဲ့ စိတ်ကျန်းမာရေးနဲ့ဆိုင်တဲ့ရောဂါတွေ ဖြစ်လာနိုင်ပါတယ်

‘ခန္ဓာကိုယ်ကျန်းမာရေးနှင့် အိပ်ချိန်’

အိပ်ရေးဝတာကြောင့်
• နှလုံးနဲ့ သွေးကြောလေးတွေ အလုပ်လုပ်ပုံမှန်လာမယ်
• အားအင်အပြည့်နဲ့ တစ်နေ့တာလုပ်စရာတွေကို ကောင်းကောင်းလုပ်နိုင်မယ်
• အစားစာချင်စိတ်နဲ့ ဗိုက်ပြည့်တဲ့အခါပြတဲ့ hormone လေးတွေမှန်လာမယ်
• နှလုံးရောဂါ သွေးတိုး ဆီးချို အဝလွန်တာနဲ့ stroke စတဲ့ရောဂါတွေဖြစ်နိုင်ခြေနည်းလာမယ်

ညဘက်တိုင်းအိပ်ရေးပျက်တာတွေများလာတဲ့အခါ
• အထက်မှာပြောပြခဲ့တဲ့ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ အစရှိတဲ့ ကျန်းမာရေးပြဿနာတွေဖြစ်လာမယ်
• အလုပ်လုပ်ဆောင်နိုင်စွမ်းတွေကျဆင်းလာပြီး ပြင်းထန်ရင် Microsleep ဆိုတာမျိုးဖြစ်လာနိုင်ပါတယ်
• Microsleep ဆိုတာ အိပ်ရာနိုးနေတဲ့အချိန်မှာဖြစ်တတ်တဲ့ condition တစ်ခုဖြစ်ပါတယ် အိပ်ရေးတွေပျက်တာများတဲ့အခါ လှုပ်ရှားသွားလာရင်းနဲ့ကို ဘယ်သွားလဲ ဘာလုပ်ခဲ့လဲ ရုတ်တရတ်မမှတ်မိတာမျိုးပါ
• Microsleep ကို ထိန်းချုပ်လို့မရနိုင်ပါဘူး သတိထားမိဖို့လည်း ခက်ခဲပါတယ်
• အတန်းတက်နေရင်း microsleep ကြောင့် ရုတ်တရတ် ဘာသင်သွားတာလဲမသိတော့တာမျိုး၊
• ကားမောင်းနေတဲ့သူတွေဆိုရင်လည်း ယာဥ်မတော်တဆကြောင့် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်

“Sleep Deprivation ဘယ်လိုလူတွေမှာအဖြစ်များလဲ”

ကလေး လူကြီးမ‌‌ရွေး လူတိုင်းမှာဖြစ်နိုင်ပေမယ့်
• အလုပ်နှစ်ခု သုံးခုလုပ်သူတွေ
• အလုပ်ချိန်များတဲ့သူတွေ
• နေ့ဆိုင်း ညဆိုင်းအလုပ်လုပ်ရသူတွေ
• အလုပ်ကြောင့် ခရီးတွေသွားနေရသူတွေ
• ပညာရေးပိုင်းမှာလည်း စာလုပ်ချိန်ပိုရအောင် ညဘက်အိပ်ချိန် စာလုပ်သူတွေ
• စိတ်ဖိစီးမှုများသူ anxiety ရှိတဲ့သူတွေ
• ကျန်းမာရေးကြောင့် အိပ်ချိန်ကိုထိခိုက်စေတဲ့ ဆေးတွေသောက်သုံးနေရတဲ့သူတွေမှာ ဖြစ်နိုင်ချေများပါတယ်

ကလေးတွေအနေနဲ့ကတော့ တတ်ကြွမှုလွန်ကဲနေပြီး အာရုံစိုက်နိုင်အား ကျဆင်းလာပါတယ် ဒေါသထွက်လွယ်ပြီး အမှုအကျင့်ပြောင်းလဲတာတွေဖြစ်နိုင်လို့ ကျောင်းသင်ခန်းစာလေ့လာရာမှာလည်း ထိခိုက်နိုင်ပါတယ်

နောက်နေ့တွေမှာ part 2 အနေနဲ့ လိုအပ်တဲ့အိပ်ချိန်ရ မရဘယ်လိုသိနိုင်မလဲ အသက်အရွယ်အလိုက် ဘယ်နှနာရီအိပ်သင့်လဲစတာတွေပြောပြပေးသွားမှာဖြစ်လို့ Care Diary page လေးကို Like and Follow လုပ်ထားပြီး စောင့်မျှော်ဖတ်ရှုပေးပါဦးနော်

Address

Yangon

Alerts

Be the first to know and let us send you an email when CareDiary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram