တော်ဝင် သွားနှင့်ခံတွင်းရောဂါကုဆေးခန်း

  • Home
  • Myanmar
  • Yangon
  • တော်ဝင် သွားနှင့်ခံတွင်းရောဂါကုဆေးခန်း

တော်ဝင် သွားနှင့်ခံတွင်းရောဂါကုဆေးခန်း သွားနဲ့ခံတွင်းကျန်းမာရေးအသိ တိုးပွါးစေရန်

မင်္ဂလာပါ ချစ်ခင်လေးစားရပါသော မိတ်ဆွေများ ၊ သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များ နှင့် Specialist ဆရာဝန်ကြီးများရှင့် 🙏“Ta...
30/01/2026

မင်္ဂလာပါ
ချစ်ခင်လေးစားရပါသော မိတ်ဆွေများ ၊ သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များ နှင့် Specialist ဆရာဝန်ကြီးများရှင့် 🙏

“Taw Win Dental Clinic & Dental Imaging Center”မှာ

လူနာများအတွက် သွားဓာတ်မှန်ရိုက်ကူးခြင်း ဝန်ဆောင်မှု့များရရှိနေပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေရှင်🤩

▪️CBCT (3D) Image

▪️Digital OPG, Digital Lateral Cephalometric X ray , Digital Periapical X-ray (2D)

အစရှိသည့် သွားဓာတ်မှန်အမျိုးမျိုး ရိုက်ကူးပေးပါတယ်ရှင်🙏🤩

Taw Win Dental Imaging Center

နေ့စဉ် - နံနက် (၉)နာရီ မှ ညနေ (၆)နာရီ ထိ

📪 အမှတ် ၆၀၈(က)၊ မီးခွက်ဈေး နှင့် ၆ သမ မှတ်တိုင်ကြား၊ ဗိုလ်အောင်ကျော်လမ်းမကြီး၊(၉)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
“တော်ဝင်” သွားဓာတ်မှန်စင်တာ

☎ 09 880 898 853 , 09 880 898854

#တော်ဝင်




📣📣🦷သွားဆေးခန်းအကူ မ(၃) ဦး အလိုရှိသည်🦷 လိုအပ်ချက်များ - စကားပြောသွက်လက်၍ လူမှုဆက်ဆံရေးကောင်းမွန်ရမည်။လိမ္မာယဉ်ကျေးသူ ၊ ကိ...
25/12/2025

📣📣

🦷သွားဆေးခန်းအကူ မ(၃) ဦး အလိုရှိသည်🦷

လိုအပ်ချက်များ

- စကားပြောသွက်လက်၍ လူမှုဆက်ဆံရေးကောင်းမွန်ရမည်။လိမ္မာယဉ်ကျေးသူ ၊ ကိုယ်ရည်ကိုယ်သွေး( Personality) ကောင်းမွန်သူ ဖြစ်ရမည်။

- မခိုမကပ်ဘဲ အဖွဲ့အစည်းနှင့် အလုပ်လုပ်နိုင်သူဖြစ်ရမည်။

-ရိုးသား၍ဆေးခန်းနှင့်ဆိုင်‌သော ကိစ္စများကို တက်ကြွစွာလုပ်ကိုင်နိုင်ရမည်။

-ရေ‌ရှည်လုပ်နိုင်သူဖြစ်ရမည်

-ပညာအရည်အချင်း -အထက်တန်းအောင်မြင်ပြီး (သို့) ဘွဲ့ တစ်ခုခု ရရှိထားသူ

-လှိုင်သာယာမြို့နယ်တွင်း နေထိုင်သူ

— ဆေးဘက်ဆိုင်ရာ (သို့) သွားဘက်ဆိုင်ရာ သူနာပြုအကူ သင်တန်း တက်ရောက်ပြီးသူများ (သို့) ဆေးခန်းအတွေ့အကြုံရှိသူ

- အတွေအကြုံမရှိသူများလည်း လျှောက်ထားနိုင်ပါသည် ။ ( training ရှိပါသည် သင်ပေးပါမည်)

အလုပ်ချိန်- နံနက် ၈:၀၀ နာရီမှ - ညနေ ၆:၃၀နာရီထိ

- လစာ ညှိနှိုင်းပေးပါမည်။

စိတ်ဝင်စားပါက ကိုယ်ရေးအချက်အလက်ပုံစံနှင့်တကွ လူကိုယ်တိုင်လာရောက်ပြီး လျှောက်ထားနိုင်ပါပြီ။

💥အလုပ်လျှောက်လိုသူများအနေနှင့်💥

၁:အလုပ်လျှောက်လွှာ
၂:မှတ်ပုံတင် မိတ္တူ(ရှေ့နောက်)
၃: အိမ်ထောင်စုစာရင်း မိတ္တူ

🦷တော်ဝင် သွားနှင့်ခံတွင်း ဆေးခန်း🦷

🏥အမှတ်-၆၀၈(က)၊ဗိုလ်အောင်ကျော်လမ်းမကြီး၊ မီးခွက်စျေးရုပ်ရှင်ရုံအနီး၊ ၉ ရပ်ကွက် ၊ လှိုင်သာယာမြို့နယ်။
09 880 898 853, 09 880 898 854


23/12/2025

📣📣

🦷သွားဆေးခန်းအကူ (မ) တစ်ဦး အလိုရှိသည်🦷

လိုအပ်ချက်များ

- စကားပြောသွက်လတ်၍ လူမှုဆက်ဆံရေးကောင်းမွန်ရမည်။လိမ္မာယဉ်ကျေးသူဖြစ်ရမည်။

- မခိုမကပ်ဘဲ အဖွဲ့အစည်းနှင့် အလုပ်လုပ်နိုင်သူဖြစ်ရမည်။

-ရိုးသား၍ဆေးခန်းနှင့်ဆိုင်‌သော ကိစ္စများကို တက်ကြွစွာလုပ်ကိုင်နိုင်ရမည်။

-ရေ‌ရှည်လုပ်နိုင်သူဖြစ်ရမည်။

အလုပ်ချိန်- နံနက် ၈:၀၀ နာရီမှ - ညနေ ၆:၃၀နာရီထိ

စိတ်ဝင်စားပါက ကိုယ်ရေးအချက်အလက်ပုံစံနှင့်တကွ လူကိုယ်တိုင်လာရောက်ပြီး လျှောက်ထားနိုင်ပါပြီ။

💥အလုပ်လျှောက်လိုသူများအနေနှင့်💥

၁:အလုပ်လျှောက်လွှာ
၂:မှတ်ပုံတင် မိတ္တူ(ရှေ့နောက်)
၃: အိမ်ထောင်စုစာရင်း မိတ္တူ

🦷တော်ဝင် သွားနှင့်ခံတွင်း ဆေးခန်း🦷

🏥အမှတ်-၆၀၈(က)၊ဗိုလ်အောင်ကျော်လမ်းမကြီး၊ မီးခွက်စျေးရုပ်ရှင်ရုံအနီး၊ ၉ ရပ်ကွက် ၊ လှိုင်သာယာမြို့နယ်။
09 880 898 853, 09 880 898 854


28/10/2025
Ortho Treatment ကို results ကောင်းကောင်းစျေးနှုန်းသက်သာစွာနဲ့ အရစ်ကျ ကုသမှု ခံယူနိုင်ပါပီ
25/10/2025

Ortho Treatment ကို
results ကောင်းကောင်း
စျေးနှုန်းသက်သာစွာနဲ့
အရစ်ကျ ကုသမှု ခံယူနိုင်ပါပီ

11/10/2025
သွား ၊ မျက်နှာ ၊ မေးရိုးနှင့် ခံတွင်း ရောဂါတွေအတွက် ယုံယုံကြည်ကြည်နဲ့ ကုသမှု ခံယူနိုင်မဲ့  ဆေးခန်းတစ်ခုကိုရှာဖွေနေတယ်ဆို...
03/07/2025

သွား ၊ မျက်နှာ ၊ မေးရိုးနှင့် ခံတွင်း ရောဂါတွေအတွက် ယုံယုံကြည်ကြည်နဲ့ ကုသမှု ခံယူနိုင်မဲ့ ဆေးခန်းတစ်ခုကိုရှာဖွေနေတယ်ဆိုရင်တော့…….🤔

“တော်ဝင်” သွားနှင့်ခံတွင်း ဆေးခန်းကို သတိရလိုက်ပါ 🤩

🦷အံဆုံးသွား ခွဲစိတ်ကုသခြင်း
🦷သွားမြစ်တု နှင့် သွားဖုံးရိုး အစားထိုး ကုသခြင်း
🦷သွား မျက်နှာ မေးရိုး နှင့် ခံတွင်း ဆိုင်ရာ ရောဂါများ
🦷မျက်နှာ ထိခိုက် ဒဏ်ရာများ ကုသခြင်း
🦷3Dဓါတ်မှန်CBCT, 2Dဓါတ်မှနိOPG, lLatrel Cephစသော စစ်ဆေးမှုများကိုနောက်ဆံုးပေါ် စက်အသစ်ကြီးများဖြင့် တစ်ခါတည်းစစ်ဆေးနိုင် ခြင်း
စသော ဝန်ဆောင်မှု့များကို ကုသပေးလျက်ရှိပါတယ်🤗

#မျက်နှာမေးရိုးနှင့်ခံတွင်းခွဲစိတ်အထူးကုဆရာဝန် 👨🏼‍⚕️
နှင့် ရက်ချိန်း ရယူပြီး တိုင်ပင်ဆွေးနွေးပြသနိုင်ပါပြီ။

ခံတွင်းထဲက ဒုက္ခတွေ ကင်းဝေဖို့ ခွဲစိတ်ကုသမှု ခံယူလိုက်ပါ။

⏰ဆေးခန်းဖွင့်ချိန်

နေ့စဥ်-8:30 Am - 6:30Pm

📪လိပ်စာ

အမှတ် ၆၀၈(က)၊ မီးခွက်ဈေး နှင့် ၆ သမ မှတ်တိုင်ကြား၊ ဗိုလ်အောင်ကျော်လမ်းမကြီး၊ (၉)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။

#တော်ဝင်







Veneer လိုခေါ်တဲ့ သွားကြွေလွှာကပ်တဲ့ ကုသမှု့​လေးနဲ့ဆိုရင် အလှပဆုံး အပြုံးလေးတစ်ခု ရရှိပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲ 🦷 သ...
31/05/2025

Veneer လိုခေါ်တဲ့ သွားကြွေလွှာကပ်တဲ့ ကုသမှု့​လေးနဲ့ဆိုရင် အလှပဆုံး အပြုံးလေးတစ်ခု ရရှိပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲ

🦷 သွားအရောင် မလှခြင်း
🦷 သွားကျဲခြင်း
🦷 သွားအနည်းငယ် မညီညာခြင်း
🦷 တို/သေး/ သွားsizeမညီ သောရှေ့သွားများ
🦷 ရှိရင်းသွားပုံစံကို ပိုလှချင်သူများ
🦷 နဂိုသွားပုံစံ မလှခြင်း
🦷 သွားပိုးစားပြီး ပဲ့သည့်သွား (သို့) ပွန်းပဲ့နေသည့် သွားများ

ဒီလိုအခြေအနေတွေကြောင့် ရှေ့သွားတွေမလှဖူးဘူး ယုံကြည်မှု့တွေ ပျောက်ဆုံးနေရတယ် ဆိုရင်တော့
သွားကြွေလွှာကပ် ကုထုံးနဲ့ စွဲဆောင်မှုရှိတဲ့ နှစ်လိုဖွယ်အပြုံးကို ပိုင်ဆိုင်နိုင်ပါတယ် 🌟🌟🌟

ပေါ်လွင်လှပပြီး Confidence ရှိစေမယ့် အပြုံးများအတွက် သွားကြေလွှာကပ် ကုထုံး “ တော်ဝင် “ မှာလုပ်လို့ရပါတယ် 🤩

👨‍⚕သွားနှင့်ခံတွင်း ရောဂါတွေအတွက်ဆိုအမြဲတမ်း စိတ်ချနေစေရမည့် "တော်ဝင်"👨‍⚕သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှု့မ...
29/05/2025

👨‍⚕သွားနှင့်ခံတွင်း ရောဂါတွေအတွက်ဆို
အမြဲတမ်း စိတ်ချနေစေရမည့် "တော်ဝင်"

👨‍⚕သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှု့များအားလုံးကို တစ်နေရာတည်းမှာ အကုန်အစုံရနိုင်တဲ့ "တော်ဝင်"

"တော်ဝင်"ဟာဆိုရင် မိဘပြည်သူများရဲ့ သွားနှင့် ခံတွင်းဆိုင်ရာ ရောဂါများနှင့်ပတ်သက်ပြီး ခေတ်အဆက်ဆက် ကုသပေးနေကျ နေရာဟောင်းလေးကို အဆင့်ဆင့် ပြုပြင်မွမ်းမံတည်ဆောက်ကာ ကုသပေးနေခဲ့တာ ယခုဆို နှစ်ပေါင်း ၂၀ ကျော် ကြာမြင့် ခဲ့ပြီးဖြစ်ပါတယ်။

📢မိဘပြည်သူများရဲ့ သွားနှင့်ခံတွင်းဆိုင်ရာပြဿနာများအတွက် အချိန်တွေဘယ်လောက်ပြောင်းသွား မခွဲမခွာ အမြဲအတူရှိနေမည့် "တော်ဝင်"

📪 အမှတ် ၆၀၈(က)၊ မီးခွက်ဈေး နှင့် ၆ သမ မှတ်တိုင်ကြား၊ ဗိုလ်အောင်ကျော်လမ်းမကြီး၊(၉)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်
☎ 09 880 898854

⏰ဆေးခန်းဖွင့်ချိန်
နေ့စဥ်-8:30 Am - 6:30Pm

#တော်ဝင်




🦷  #သွားအကြောထုတ်ကုသပြီး သွားကို ဆေးဖာထားလိုက်ရုံဖြင့် အဆင်ပြေနိုင်ပါသလား❓❌ Noပါ အဆင်မပြေနိုင်ပါ။ဘာကြောင့် သွားအစွပ် စွပ...
28/05/2025

🦷 #သွားအကြောထုတ်ကုသပြီး သွားကို ဆေးဖာထားလိုက်ရုံဖြင့် အဆင်ပြေနိုင်ပါသလား❓

❌ Noပါ အဆင်မပြေနိုင်ပါ။

ဘာကြောင့် သွားအစွပ် စွပ်ရတာလဲ ⁉️

✅ အကြောထုတ်ပြီး သွားဖာရုံအထိပဲ ကုသထားသော သွားသည် အချိန်ကြာလာတာနဲ့အမျှ ဖာထားသောဆေး နှင့် သွား အကြား ကွာဟ လာတတ်တယ် ၊ သွားအသား ပဲ့ကျတတ်ပါသည်။ထိုမှတစ်ဆင့် သွားအတွင်း ရောဂါပိုးပြန်လည်ဝင်ရောက်ပြီး သွားကိုက်/သွားနာ ဖြစ်ပေါ်နိုင်ပါတယ်။

ဒါကြောင့် သွားကို သေချာလုံအောင် သွားအစွပ် စွပ်ဖို့ လိုအပ်ပါသည်။

✅အကြောထုတ်ကုသထားတဲ့ သွား 🦷 သည်

✍️ သွားကို ထောက်ပံ့ပေးထားသည့် သွားအကြော (သွေးကြောငယ်+အာရုံကြောငယ်များ)ကို ဖယ်ထုတ်ဆေးကြော လိုက်သည့်အတွက် ခြောက်ပြီးသေနေသော သစ်ပင် ကဲ့သို့ ကြွပ်ဆပ်သွားတာကြောင့် အချိန်မရွေး အလွယ်တကူ ပဲ့လွယ် ကွဲအက်လွယ် ဖြစ်တတ်ပါတယ်။

✍️ သွားအတွင်း သွားပိုးစားပြီး မကောင်းတော့သည့် သွားအစိတ်အပိုင်းများအားလုံး စက်ကိရိယာဖြင့် ဖယ်ထုတ်သန့်ရှင်း လိုက်တာကြောင့် အစာဝါးစားတဲ့အား ကို ခံနိုင်ဖို့ ကြံခိုင်မှု့ အားနည်းသွားပါတယ်။

👉 ဒါကြောင့် သွားကို ရေရှည် အသုံးပြု ဝါးစားနိုင်စေရန် သွားအစွပ်စွပ်ဖို့ လိုအပ်ပါသည်။





#တော်ဝင်သွားနှင့်ခံတွင်းအထူးကုဆေးခန်း

🫙💦ဆားရည်နွေးနွေးဖြင့် ပါးလုပ်ကျင်းခြင်း ဒီနည်းလမ်းလေးကတော့ လူနာတော်တော်များများ သိပြီးဖြစ်လောက်ပါတယ်။ဆေးခန်းတွေမှာ ဆရာဝန...
26/05/2025

🫙💦ဆားရည်နွေးနွေးဖြင့် ပါးလုပ်ကျင်းခြင်း

ဒီနည်းလမ်းလေးကတော့ လူနာတော်တော်များများ သိပြီးဖြစ်လောက်ပါတယ်။

ဆေးခန်းတွေမှာ ဆရာဝန်များက "သွားနှုတ်ပြီးလို့ ၂၄ နာရီ(တစ်ရက်)ပြည့်ပြီးရင် ဆားရည်နွေးနွေးလေးဖြင့် (၁) ပတ် ခန့် ပါးလုတ်ကျင်းပေးပါ" လို့ မှာလေ့ရှိသလို၊ သွားကျောက်ခြစ်ခြင်း ကုသမှု့ပြီးတဲ့ အခါ မှာလည်း မှာလေ့ရှိတာကို လူနာတော်တော်များများ ကြုံဖူးကြမယ်လို့ထင်ပါတယ်။

တကယ်ရော လိုက်လုပ်ဖြစ်ကြရဲ့လား ?

မိမိအိမ်မှာ အလွယ်တကူပြုလုပ်နိုင်ပြီး ငွေကုန်သက်သာတဲ့ နည်းလမ်းလေး ဖြစ်လို့ လိုက်လုပ်ကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။

သူ့မှာ သဘာဝပိုးသတ်နိုင်စွမ်းရှိလို့ သွားဖုံးရောင်ခြင်း၊ လည်ချောင်းနာခြင်း ကို ပိုဆိုးစေးနိုင်တဲ့ Bacteria များကို လျှော့ချပေးနိုင်ပါတယ်။

သွားဖုံးရောင်ခြင်းကို ကျစေသလို အနားကျက်ခြင်းကိုလည်း မြန်ဆန်စေပါတယ်။

အစာအစားတွေကိုလည်း ပျော်ဝင်စေနိုင်တာဖြစ်လို့ သွားကြားထဲအထိ အညစ်အကြေးများကို ဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။ခံတွင်းနံ့ ဆိုးခြင်းကိုလည်း သက်သာစေပါတယ်။

❇️ဆားရေနွေးပြုလုပ်ပုံ

🌟ပထမဦးစွာ ရေနွေးကို ငုံလို့ရနိုင်မယ့်အနေအထားရေနွေးနွေးလေး ဖြစ်အောင် ပြုလုပ်ပါ။ပါးလုပ်ကျင်းရမှာအသုံးပြုဖို့က နွေးရုံဆို ရပါပြီ။အရမ်းပူနေရင် လျှာနှင့်ပါးစောင်တွေကို အပူလောင်ကုန်မှာဖြစ်ပါတယ်။
🌟 ရေနွေးနွေးလေးကို ခွက်တစ်ခုထဲမှာထည့်ပြီး ဆားလက်ဖက်ရည်ဇွန်း (၁)ဝက်ခန့် ထည့်ပါ။ ဆား များလွန်း နည်းလွန်းရင် မကောင်းပါ သေချာချိန်ဆ၍ ထည့်ပါ။

❇️ပါးလုပ်ကျင်းရန် နည်းလမ်း

💫ဆားရည်နွေး ကို (၁)မိနစ် မှ (၃)မိနစ် ခန့်အထိ ပါးစပ်ထဲမှာ ငုံထားပြီးလျှင် ပါးလုပ်ကျင်းကာ ထွေးထုတ်ပါ💫

တစ်နေ့ (၄)ကြိမ်၊ တစ်ပတ်ခန့် ပြုလုပ်ပေးပါ။

❌သွေးတိုးရောဂါရှိသူများ မသုံးသင့်ပါ။

Address

No. 608(A), Bo Aung Kyaw Street, Hlaing Tharyar Township
Yangon
11401

Opening Hours

Monday 08:30 - 18:30
Tuesday 08:30 - 18:30
Wednesday 08:30 - 18:30
Thursday 08:30 - 18:30
Friday 08:30 - 18:30
Saturday 08:30 - 18:30
Sunday 08:30 - 18:30

Telephone

+959880898854

Alerts

Be the first to know and let us send you an email when တော်ဝင် သွားနှင့်ခံတွင်းရောဂါကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to တော်ဝင် သွားနှင့်ခံတွင်းရောဂါကုဆေးခန်း:

Share