Dr. Ye Wint Aung

Dr. Ye Wint Aung Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr. Ye Wint Aung, Medical and health, Yangon.

Page Verified ✅

☀️Medical knowledge sharing
☀️Bangkok and India Medical tour
☀️Medical translation service given by Doctors

🌟ခွဲစိတ်လူနာများအတွက် စိတ်ချရသောဆေးရုံ ဆရာဝန်ချိတ်ဆက်မှု။

အစာအိမ် နှင့် အူလမ်းကြောင်းမှန်ပြောင်းအတွက်ပါခင်ဗျာ။စစ်ဆေးဖို့ တစ်ရက်သာကြိုပြောပေးဖို့လိုပါတယ်။Dr. Ye Wint Aung    #မှန်...
30/10/2025

အစာအိမ် နှင့် အူလမ်းကြောင်းမှန်ပြောင်းအတွက်ပါခင်ဗျာ။

စစ်ဆေးဖို့ တစ်ရက်သာကြိုပြောပေးဖို့လိုပါတယ်။

Dr. Ye Wint Aung
#မှန်ပြောင်း

မိမိမှာ SLE ရှိတယ်ဆိုရင်-SLE ဆိုတာ ရောဂါငြိမ်သက်ချိန်နဲ့ လက္ခဏာ ပြန်ကြွချိန်ဆိုပြီးရှိတော့ ရောဂါငြိမ်သက်ပြီး လက္ခဏာသက်သာ...
28/10/2025

မိမိမှာ SLE ရှိတယ်ဆိုရင်-

SLE ဆိုတာ ရောဂါငြိမ်သက်ချိန်နဲ့ လက္ခဏာ ပြန်ကြွချိန်ဆိုပြီးရှိတော့ ရောဂါငြိမ်သက်ပြီး လက္ခဏာသက်သာနေရင် ပြန်မကြွအောင်..

ဆောင်ရန်

၁။သန့်ရှင်းတဲ့ လက်ဆတ်တဲ့ အစားအစာ ၊ ဟင်းသီးဟင်းရွက် အသီး အနှံ များ စားပေးပါ။
၂။မပြင်းထန်တဲ့ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။
၃။အိပ်ချိန်လုံလောက်အောင်အိပ်ပေးပါ။
၄။အရေပြားလက္ခဏာ အတွက် နေ့ခင်းဘက်မှာ ပြင်ပမလိုအပ်ရင်ထွက်တာလျှော့ပြီး လိုအပ်ပါက UV ခံ sunscreen SPF 50 အနည်းဆုံးလိုအပ်ပါတယ်။
၅။ကုသပေးတဲ့ ဆရာဝန် ညွှန်ကြားတဲ့ ဆေးပုံမှန်မှီဝဲပါ။

ရှောင်ရန်
၁။ဆေးလိပ်သောက်သုံးခြင်းရှောင်ပါ။
၂။ဖျားနာခြင်းမဖြစ်အောင် ကြိုတင် ကာကွယ်ပါ။
၃။ပင်ပန်းလွယ်ပြီး အရမ်းပြင်းထန်တဲ့ လှုပ်ရှားမှုတွေကိုလျှော့ပေးပါ။
၄။ရောဂါလက္ခဏာ ပြန်တွေ့ချိန်မှ ဆရာဝန်ပြန်ပြတာမျိုးမလုပ်ဘဲ ဆရာဝန်ပုံမှန်ပြပါ။ပုံမှန်သွေး၊ဆီး စစ်ဆေးပါ။

လေးစားစွာဖြင့်
Dr. Ye Wint Aung


#ဘန်ကောက်ဆေးကု

photo credit:Mayoclinic

25/10/2025

ကျွန်တော်တို့ Dr. Ye Medical service team မှ ဘယ်လိုဝန်ဆောင်မှုတွေရနိုင်မလဲ။

😇ထိုင်းနိုင်ငံနှင့် အိန္ဒိယရှိ နာမည်ကြီး ဆေးရုံ များထဲ မှ ရွေးချယ်ချိတ်ဆက်ပေးခြင်း။

😇ထိုင်းနိုင်ငံ ဆေးရုံများရှိ ပြသဖို့သင့်တော်တဲ့ ဆရာဝန်ရှာဖွေပေးခြင်း။
😇ထိုင်းနိုင်ငံ ဆေးရုံရက်ချိန်း တင်ပေးခြင်း။
😇ဆေးရုံကုန်ကျစရိတ်တွက်ချက်ပေးခြင်း။
😇ဆေးရုံစကားပြန်စီစဉ်ပေးခြင်း။
😇ဆေးရုံမှ ဟိုတယ် ကား အကြိုအပို့စီစဉ်ပေးခြင်း။
😇ဆေးရုံနောက်တစ်ကြိမ်လာမပြနိုင်သော၊ လူကိုယ်တိုင်လာပြစရာမလိုသောလူနာများအတွက် တယ်လီ Teleconsult စီစဉ်ပေးခြင်း။

အစရှိသည်တို့ကို Team မှ မြန်မာဆရာဝန်များကိုယ်တိုင် စီစဉ်ပေးပါတယ်။

ကျွန်တော်တို့ teamမှ ဝန်ဆောင်ခကော ရှိသလားဆိုရင် -
ပုဂ္ဂလိကဆေးရုံတွေဆိုရင် ဆေးပဲစစ်စစ် ဆေးခန်းပဲပြပြ၊ ခွဲစိတ်ချင်လို့ပဲဖြစ်ဖြစ် #အခမဲ့စီစဉ်ပေးပါတယ်။

ဆေးရုံပြတဲ့ရက်မှာ Team မှ ဆရာဝန် ဝန်ဆောင်မှု လိုအပ်လို့ခေါ်ယူချင်ရင်တော့ လ်ုက်ပေးတဲ့ ဆရာဝန် ဝန်ဆောင်ခ အဖိုးအခ ထပ်ရှိမှာဖြစ်ပါတယ်ခင်ဗျာ။

ဆေးကုသမှုအတွက် ဆက်သွယ်ရန်

📞 ထိုင်းမှ ခေါ်ဆိုလိုပါက
Admin:
➡ Dr. Ye – 085-848-2139
➡ Dr. AP – 094-631-0051

📞 မြန်မာနိုင်ငံမှ ဆက်သွယ်လိုပါက (Viber မှလည်း ဆက်သွယ်နိုင်ပါသည်)
Admin:
➡ Dr. Ye – +95 9950311916
➡ Dr. AP– +95 9793426367

📩 Facebook Messenger မှလည်း ဆက်သွယ်နိုင်ပါသည်

Dr Ye Medical service team

#ကျန်းမာရေးဗဟုသုတ နှင့် #ကျန်းမာရေးဝန်ဆောင်မှု ပေးဖို့ အမြဲကြိုးစားနေပါတယ်။😇



အသက်အရွယ် ၃နှစ်မှ ၁၈ နှစ်အထိ ကလေးများအတွက် ကျန်းမာရေးဆေးစစ် packageပါ။🥳🥳အသက် ၃-၅နှစ် ဘတ်ငွေ ၃၅၀၀အသက် ၆-၁၁ နှစ် ဘတ်ငွေ ၆၅...
24/10/2025

အသက်အရွယ် ၃နှစ်မှ ၁၈ နှစ်အထိ ကလေးများအတွက် ကျန်းမာရေးဆေးစစ် packageပါ။🥳🥳

အသက် ၃-၅နှစ် ဘတ်ငွေ ၃၅၀၀
အသက် ၆-၁၁ နှစ် ဘတ်ငွေ ၆၅၀၀
အသက် ၁၂-၁၈ နှစ် ဘတ်ငွေ ၇၅၀၀

ရွေးတဲ့ package ပေါ်မူတည်ပြီး >မျက်စိက စ တစ်ကိုယ်လုံးစစ်

ကားအကြိုအပို့ FREE👍
ဆေးရုံစကားပြန် FREE 👍

အဖြေ မနက်ပိုင်းစစ် အဖြေ ခဏနဲ့ရ✅

ထပ်တိုးဝန်ဆောင်ခ မရှိ ❌❌

တစ်ရက်ကြိုသာဘိုကင်တင်ဖို့လို ✅

ဆေးရုံ- ထွန်ဘူရီ ဘာမြူရမ်ဆေးရုံကြီး

ဆေးရုံကောင်း 👍ဝန်ဆောင်မှုကောင်း👍ဆရာဝန်စိတ်ချရ 👍

chat box ဆက်သွယ်နိုင်ပါပြီ။

Dr Ye Medical service team

23/10/2025

ဘန်ကောက်က အစိုးရဆေးရုံတွေမှာကော ဆေးစစ်လို့ရလား မေးလာတဲ့ ဧည့်သည်များအတွက်ပါ။အပြင်ဆေးရုံပဲရွေးရမလား ။
လူနာဧည့်သည် တစ်ဦးချင်းဖြေရတာများလာလို့ အားလုံးအကျိုးရှိဖို့ တစ်ခါထဲ sharing လိုက်ပါတယ်ခင်ဗျာ။

💡ဆေးစစ်တာမှာ ကျွန်တော်တို့ နှစ်မျိုးရှိတယ်ခင်ဗျာ။

တစ်မျိုးက မိမိစစ်ချင်၊ လိုချင်တဲ့ အစိတ်အပိုင်းကို နေရာသီးသန့်စစ်တာမျိုးပါ။

ဥပမာ- အမျိုးသမီးတွေဆိုရင် စစ်ဆေးဖို့လဲတစ်ကယ်လိုအပ်တဲ့ ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာပါ။

ဒီအခါ ဆေးရုံတွေမှာ ရင်သားသီးသန့်စစ်တာမျိုး ၊သားအိမ်ခေါင်းကင်ဆာ pap smear သီးသန့်စစ်တာမျိုး အများကြီးရှိပါတယ်။
က်ုယ့်စိတ်ကြိုက် ဆရာဝန်တိုင်ပင်စစ်ဆေးနိုင်ပါတယ်။

တစ်ချို့ဆိုရင် နှလုံးသီးသန့် စစ်ချင်တာပါ။
ဒါပေမဲ့ မေးလာတဲ့ လူနာများက ဘာစစ်ဆေးရမလဲ အကြံလာတောင်းကြတာလဲရှိပါတယ်။

ဒီအခါမှာ မိမိဖြစ်တဲ့လက္ခဏာကိုကြည့်ပါ။
နှလုံးရောဂါဆိုရင် ရင်တုန်သလား၊ ရင်ဘတ်နဲ့ ဘယ်လက်အောင့်တာလား။ မောမောနေတာလား။ဗိုက်အောင့်ပြီး သွေးတိုးအခံရှိတာလား။
ဒါတွေရှင်းလင်းဖို့လိုပါတယ်။

နှလုံးရောဂါဆိုတိုင်းလဲ တစ်ယောက်နဲ့တစ်ယောက်ကမတူကြဘူးလေနော်။ဒီအပေါ်အခြေခံပြီး စစ်ဆေးရတာကွာတယ်။ နောက်ပြီး ဆေးရုံရွေးချယ်ရတာကွာပါတယ်။

နောက်ပြီးတစ်ခု သတိထားရမှာကတော့ package ရွေးစစ်တာမျ်ုးမှာ အထွေထွေကျန်းမာရေးဆေးစစ်တာလား။

ဒါဆိုမိမိတွေ့ရမဲ့ဆရာဝန်က အထွေထွေ ဆရာဝန်က ပြန်ကုသမှုပေး အကြံပေးဆွေးနွေးကြတာပါ။
ကိုယ်က စစ်ဆေးဖို့ နှလုံး package ရွေးထားတာလား။ ဒါဆို နှလုံးအထူးကုက ကြည့်မှာပါ။
တစ်ခုပါပဲ။ အထွေထွေ ကျန်းမာရေးpackageမှာ ပါတဲ့ Echocardiogramလိုမျိုးဆိုရင် နှလုံးအထူးကုကိုယ်တိုင်က ရိုက်တာပါ။

package တစ်ခုနဲ့တစ်ခုသဘာဝချင်းလဲမတူပါဘူး။

ဒါကြောင့် ကိုယ် ဘာလက္ခဏာ ခံစားရသလဲ။ ကျွန်တော်တို့ ဆရာဝန် teamနဲ့ chat box မှာ လာဆွေးနွေးပါ ။ ဆေးရုံနဲ့ စစ်ဆေးမဲ့ package သေချာ ရွေးချယ်ပါ။

ဒါဆို မေးကြတဲ့ အစ်ုးရဆေးရုံလား။ အပြင်ဆေးရုံမှာစစ်ရမလား။

ဒါကို ဘယ်လ်ု အခြေခံပြီးရွေးရမလဲဆိုရင် -

အစိုးရဆေးရုံက Package ရှိတာမှန်တယ်။ စျေးသက်သာတာမှန်တယ်။ အစုံအလင်ပါရဲ့လား။ အခြေခံသွေး၊ဆီး နဲ့ အီးစီဂျီပဲပါတာမျိုးလား။
ဝမ်းဗိုကါအာထရာဆောင်းကောမပါဘူးလား။ ဒါတွေကြည့်ပါ။

စစ်ဆေးပြီးမှ အဖြေရမှ ဘာမှမပါလာဘူးဆိုရင် အချိန်ကုန်ပါတယ်။
တစ်ချို့လူနာတွေဆိုရင် မစုံတာကိုတောင် မသိကြတာများပါတယ်။
အစိုးရဆေးရုံ မစစ်ဆေးနဲ့မဟုတ်ပါဘူး။ စစ်ဆေးပါ။ တစ်ခုပါပဲ။ ထပ်စစ်ရမဲ့ test မျိုး ဥပမာ ဝမ်းဗိုက်အာထရာဆောင်း၊ နှလုံးရောဂါအခံရှိလို့ နှလုံး echo ရိုက်မလား။
ဒါဆ်ု ကိုယ် ဘန်ကောက်မှာကော ရက်ရှည် နေနိုင်လား။ မိမိ လက္ခဏာက အချိန်ပေးစောင့်နိုင်ရဲ့လား ။ ချက်ချင်းကုရမလား ဒါတွေအရေးကြီးစဉ်းစားဖို့လိုတယ်ခင်ဗျာ။

ဝန်ဆောင်မှု လိုအပ်လာရင်ဖြစ်ဖြစ် ဆေးရုံတွေရွေးပြီး လာရောက်ပြချင်တာဖြစ်ဖြစ် ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

အဆင်ပြေကြပါစေ
Dr. Ye Wint Aung team

ဘန်ကောက်ရှိ ပုဂ္ဂလိကဆေးရုံများတွင် ဆေးကုသမှု ခံယူလိုသူများအတွက်Dr. Ye Wint Aung Medical Service မှ ဘန်ကောက်ရှိ အဆင့်မြင့...
23/10/2025

ဘန်ကောက်ရှိ ပုဂ္ဂလိကဆေးရုံများတွင် ဆေးကုသမှု ခံယူလိုသူများအတွက်

Dr. Ye Wint Aung Medical Service မှ ဘန်ကောက်ရှိ အဆင့်မြင့် ဆေးရုံများတွင် ဆေးကုသမှု ခံယူနိုင်ရန် အထောက်အကူပြု ဝန်ဆောင်မှုများ ပေးလျှက်ရှိပါသည်။

ကျွန်ုပ်တို့ ဆွေးနွေး တိုင်ပင်ပေးနိုင်သော ဆေးရုံများမှာ—

✔ Rutnin Eye Hospital (မျက်စိအထူးကု ဆေးရုံကြီး)
✔ Phayathai Hospital (1 & 3) (ဖရောင်ထိုင်း ဆေးရုံ ၁၊ ၃)
✔ Ladprao General Hospital (လက်ဖရောင်း ဆေးရုံကြီး)
✔ Vejthani Hospital (ဝေ့ဌာနီ ဆေးရုံကြီး)
✔ Kasemrad International Hospital (ကာစင်မရက် အင်တာနေရှင်နယ် ဆေးရုံကြီး)
✔ Jetanin Fertility Center (မျိုးဆက်ယူဆေးရုံကြီး)
✔ Theptarin Hospital/ Vimut theptarin Hospital (တက်တရင် ဆေးရုံကြီး/ဝီးမုက် တက်တရင် ဆေးရုံကြီး)
✔ Thonburi Bamrungmuang Hospital (တွန်ဘူရီ ဘာမူရမ်ဆေးရုံကြီး)

ဝန်ဆောင်မှုများ- #အခမဲ့ပါ

✔ ဆေးရုံရွေးချယ်မှု၊ ဆရာဝန်ချိန်းဆိုမှု အခမဲ့
✔ ဆေးရုံကား အကြို-အပို့ ဝန်ဆောင်မှု အခမဲ့
✔ ဘာသာပြန်ဝန်ဆောင်မှု အခမဲ့

ဆေးကုသမှုအတွက် #ဆက်သွယ်ရန်

📞 ထိုင်းမှ ခေါ်ဆိုလိုပါက
➡ Dr. Ye – 085-848-2139
➡ Dr. Aung – 094-631-0051

📞 မြန်မာနိုင်ငံမှ ဆက်သွယ်လိုပါက (Viber မှလည်း ဆက်သွယ်နိုင်ပါသည်)
➡ Dr. Ye – +95 9950311916
➡ Dr. Aung – +95 9793426367

📩 Facebook Messenger မှလည်း ဆက်သွယ်နိုင်ပါသည်

ဆေးရုံရွေးချယ်မှု၊ ချိန်းဆိုမှုနှင့် ဆေးကုသမှုနှင့် ပတ်သက်၍ အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်ရန် အမြဲအားထုတ်ဆောင်ရွက်လျှက်ရှိပါသည်။

ဘန်ကောက်က အစိုးရဆေးရုံတွေမှာကော ဆေးစစ်လို့ရလား မေးလာတဲ့ ဧည့်သည်များအတွက်ပါ။အပြင်ဆေးရုံပဲရွေးရမလား ။အားလုံးအကျိုးရှိဖို့ ...
22/10/2025

ဘန်ကောက်က အစိုးရဆေးရုံတွေမှာကော ဆေးစစ်လို့ရလား မေးလာတဲ့ ဧည့်သည်များအတွက်ပါ။အပြင်ဆေးရုံပဲရွေးရမလား ။
အားလုံးအကျိုးရှိဖို့ တစ်ခါထဲ sharing လိုက်ပါတယ်ခင်ဗျာ။

💡ဆေးစစ်တာမှာ ကျွန်တော်တို့ နှစ်မျိုးရှိတယ်ခင်ဗျာ။

တစ်မျိုးက မိမိစစ်ချင်၊ လိုချင်တဲ့ အစိတ်အပိုင်းကို နေရာသီးသန့်စစ်တာမျိုးပါ။

ဥပမာ- အမျိုးသမီးတွေဆိုရင် စစ်ဆေးဖို့လဲတစ်ကယ်လိုအပ်တဲ့ ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာပါ။

ရင်သားသီးသန့်စစ်တာမျိုး ၊သားအိမ်ခေါင်းကင်ဆာ pap smear သီးသန့်စစ်တာမျိုး အများကြီးရှိပါတယ်။
က်ုယ့်စိတ်ကြိုက် ဆရာဝန်တိုင်ပင်စစ်ဆေးနိုင်ပါတယ်။

တစ်ချို့ဆိုရင် နှလုံးသီးသန့် စစ်ချင်တာပါ။
ဒါပေမဲ့ မေးလာတဲ့ လူနာများက ဘာစစ်ဆေးရမလဲ အကြံလာတောင်းကြတာလဲရှိပါတယ်။

ဒီအခါမှာ မိမိဖြစ်တဲ့လက္ခဏာကိုကြည့်ပါ။
နှလုံးရောဂါဆိုရင် ရင်တုန်သလား၊ ရင်ဘတ်နဲ့ ဘယ်လက်အောင့်တာလား။ မောမောနေတာလား။ဗိုက်အောင့်ပြီး သွေးတိုးအခံရှိတာလား။
ဒါတွေရှင်းလင်းဖို့လိုပါတယ်။

နှလုံးရောဂါဆိုတိုင်းလဲ တစ်ယောက်နဲ့တစ်ယောက်ကမတူကြဘူးလေနော်။ဒီအပေါ်အခြေခံပြီး စစ်ဆေးရတာကွာတယ်။ နောက်ပြီး ဆေးရုံရွေးချယ်ရတာကွာပါတယ်။

နောက်ပြီးတစ်ခု သတိထားရမှာကတော့ package ရွေးစစ်တာမျ်ုးမှာ အထွေထွေကျန်းမာရေးဆေးစစ်တာလား။

ဒါဆိုမိမိတွေ့ရမဲ့ဆရာဝန်က အထွေထွေ ဆရာဝန်က ပြန်ကုသမှုပေး အကြံပေးဆွေးနွေးကြတာပါ။
ကိုယ်က စစ်ဆေးဖို့ နှလုံး package ရွေးထားတာလား။ ဒါဆို နှလုံးအထူးကုက ကြည့်မှာပါ။
တစ်ခုပါပဲ။ အထွေထွေ ကျန်းမာရေးpackageမှာ ပါတဲ့ Echocardiogramလိုမျိုးဆိုရင် နှလုံးအထူးကုကိုယ်တိုင်က ရိုက်တာပါ။

package တစ်ခုနဲ့တစ်ခုသဘာဝချင်းလဲမတူပါဘူး။

ဒါကြောင့် ကိုယ် ဘာလက္ခဏာ ခံစားရသလဲ။ ကျွန်တော်တို့ ဆရာဝန် teamနဲ့ chat box မှာ လာဆွေးနွေးပါ ။ ဆေးရုံနဲ့ စစ်ဆေးမဲ့ package သေချာ ရွေးချယ်ပါ။

ဒါဆို မေးကြတဲ့ အစ်ုးရဆေးရုံလား။ အပြင်ဆေးရုံမှာစစ်ရမလား။

ဒါကို ဘယ်လ်ု အခြေခံပြီးရွေးရမလဲဆိုရင် -

အစိုးရဆေးရုံက Package ရှိတာမှန်တယ်။ စျေးသက်သာတာမှန်တယ်။ အစုံအလင်ပါရဲ့လား။ အခြေခံသွေး၊ဆီး နဲ့ အီးစီဂျီပဲပါတာမျိုးလား။
ဝမ်းဗိုကါအာထရာဆောင်းကောမပါဘူးလား။ ဒါတွေကြည့်ပါ။

စစ်ဆေးပြီးမှ အဖြေရမှ ဘာမှမပါလာဘူးဆိုရင် အချိန်ကုန်ပါတယ်။
တစ်ချို့လူနာတွေဆိုရင် မစုံတာကိုတောင် မသိကြတာများပါတယ်။
အစိုးရဆေးရုံ မစစ်ဆေးနဲ့မဟုတ်ပါဘူး။ စစ်ဆေးပါ။ တစ်ခုပါပဲ။ ထပ်စစ်ရမဲ့ test မျိုး ဥပမာ ဝမ်းဗိုက်အာထရာဆောင်း၊ နှလုံးရောဂါအခံရှိလို့ နှလုံး echo ရိုက်မလား။
ဒါဆ်ု ကိုယ် ဘန်ကောက်မှာကော ရက်ရှည် နေနိုင်လား။ မိမိ လက္ခဏာက အချိန်ပေးစောင့်နိုင်ရဲ့လား ။ ချက်ချင်းကုရမလား ဒါတွေအရေးကြီးကြည့်ဖို့လိုတယ်ခင်ဗျာ။

ဝန်ဆောင်မှု လိုအပ်လာရင်ဖြစ်ဖြစ် ဆေးရုံတွေရွေးပြီး လာရောက်ပြချင်တာဖြစ်ဖြစ် ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

အဆင်ပြေကြပါစေ
Dr. Ye Wint Aung team

20/10/2025

အူမကြီးမှန်ပြောင်းနဲ့ ပတ်သက်၍ မှန်ပြောင်းကြည့်ထားတဲ့ လူနာများ၊ ဘန်ကောက်လာရောက် ကြည့်ကြမဲ့လူနာများအတွက် ဖတ်ကြည့်ကြပါခင်ဗျာ။

ဒီစာထဲပါတဲ့ အချက်တွေကတော့-

💡အူမကြီးမှန်ပြောင်း ဘာကြောင့်ကြည့်ရတာလဲ။
💡 ကျွန်တော်တို့ လူနာတွေမှာ အူမကြီးမှန်ပြောင်းကြည့်ပြီးရင် ဘာလေးတွေ တွေ့ရတတ်သလဲ။
💡 အူမကြီးမှန်ပြောင်းကနေရရှိလာတဲ့အဖြေလေးတွေကိုယ်တိုင်ဖတ်ကြည့်ကြမယ်၊နားလည်အောင်လုပ်ကြမယ်နော်။

———-

အူမကြီးကင်ဆာ လက္ခဏာတွေက ဝမ်းချုပ်တယ်။ဝမ်းပျက်တယ်။အစားပျက်တယ်။ ကိုယ်အလေးချိန်ကျလာတယ်။ဗိုက်နာတယ်။
(ဒါတွေပဲ ကြည့်ပြီး အူမကြီးကင်ဆာလို့တော့ တန်းသတ်မှတ်လို့မရပါဘူး။)

💡အူမကြီးမှန်ပြောင်း ဘာကြောင့် ကြည့်ကြရတာလဲ။

-အူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေဖြစ်တဲ့ ဗိုက်အောင့်ခြင်း၊ သွေးဝမ်းသွားခြင်း၊ ကိုယ်အလေးချိန်ကျဆင်းလာခြင်း၊ စတာတွေရှိရင် ကြည့်တတ်ပါတယ်။

-အသက်၄၅နှစ်ကျော်လာရင် အူမကြီးကင်ဆာတွေ့ရှိနှုန်း တက်လာပါတယ်။ဒီအခါ ဘဝမှာ တစ်ကြိမ် စကြည့်တတ်ပါတယ်။

-အနောက်တိုင်းမှာတော့ အစစ်အဆေးများပြီးအတွေ့လဲများတဲ့ အူ​ယောင်ယမ်းတဲ့ရောဂါရှိနိုင်သူတွေမှာ စစ်ဆေးတတ်ပါတယ်။

-အူလမ်းကြောင်း အသားပိုမြောက်မြားစွာပါတဲ့ မိသားစုဝင်တွေနဲ့ အူလမ်းကြောင်းအသားပိုမပါပေမဲ့ အူမကြီးကင်ဆာ အတွေ့များတဲ့ မျိုးရိုးရှိ လူနာတွေမှာ စစ်ဆေးတတ်ပါတယ်။
(ဒီလူနာတွေကတော့ သာမန်လူတွေထက် ကြည့်ရတဲ့ အကြိမ်ကာလအပိုင်းအခြား ပိုစိတ်ပါတယ်။ပိုကြည့်ရတယ်။အသက် ၄၅ မတိုင်ခင်မှာလဲ စကြည့်ရမယ်။(အူမကြီးကင်ဆာ ဖြစ်နိုင်ချေ ပိုပြီးများလို့ပါ။)

-မိသားစုဝင် ဒါမှမဟုတ် မိမိမှာ အူမကြီးကင်ဆာဖြစ်ဖူးရင် ပြန်ကြည့်ရတတ်တယ်။

💡ကျွန်တော်တို့ လူနာတွေမှာ အူမကြီးမှန်ပြောင်းကြည့်ပြီးရင် ဘာလေးတွေ တွေ့ရတတ်သလဲ၊ လာဆွေးနွေးကြသလဲ။

ဒါတွေကတော့ -

၁။အူမကြီးမှာ အသားပိုတွေ့တယ်။
၂။အူမကြီးယောင်ယမ်းတယ်။
၃။အူမကြီးမှာ Tubular adenoma တွေ့တယ်။
Villous adenoma တွေ့တယ်။
၄။အူမကြီးမှာ ကင်ဆာအသားပို တွေ့တယ်။
၅။အူမကြီး Diverticulum အိတ်အပိုတွေ့တယ်။
၆။အူမကြီး ဝမ်းနှုတ်ဆေး ရည်သောက်တာ ပြောင်ရှင်းမနေဘဲ ဝမ်းအဟောင်းတွေတွေ့တယ်၊ အစာဟောင်းတွေတွေ့တယ် စသဖြင့်ပါ။(နဂါးမောက်သီးအစေ့တောင် အူမှာကပ်ကျန်ပြီး တွေ့ရတဲ့ အခါမျိုး ကြုံခဲ့ဖူးပါတယ်ခင်ဗျာ။)

💡အူမကြီးမှန်ပြောင်းကနေရရှိလာတဲ့အဖြေလေးတွေဖတ်ကြည့်ကြမယ်ခင်ဗျာ။

အဖြေတွေက-

🦠polyp အသားပိုတွေ့တယ်။

Hyperplastic polyp
Inflammatory psuedopolyp
Tubular adenoma
TubuloVillous adenoma
Villous adenoma

ဒီအထဲမှာ အပေါ်ဆုံး၂ခုကတော့ ကင်ဆာမဟုတ် ဘောအန္တရာယ်မရှိကြပါ။
Inflammatory ဆိုတာ နံရံ ယောင်ယမ်းပြီးဖြစ်တဲ့သဘောမျိုးပါ။

Tubular adenoma ကတော့ အူမကြီးတစ်ရှူးအသားပို တစ်မျိုးဖြစ်ပြီး မထုတ်ပဲထားရင် အူမကြီးကင်ဆာ ပြောင်းနိုင်ချေ ၁၀နှစ်မှာ ၁၀ရာနှုန်းအထိဖြစ်နိုင်ပါတယ်။

Villous adenoma ကလည်း အူမကြီးတစ်ရှူးအသားပို တစ်မျိုးဖြစ်ပြီး အူမကြီးကင်ဆာ ပြောင်းနိုင်ချေ ပိုများတယ်။ အရမ်းများတယ်။
ဒါပေမဲ့ သူရဲ့အရွယ်အစားပေါ်မူတည်ပြီး အရမ်းကြီးပါက အူမကြီးခွဲစိတ်ပြီး သို့မဟုတ် မှန်ပြောင်းထပ်သုံးပြင်ဆင်ပြီး အသားပိုထုတ်ရတာမျိုး တာမျိုးရှိနိုင်ပါတယ်။

ဒီလို အသားပိုတွေ ဘယ်လိုနေထိုင်မှုပုံစံတွေမှာပိုတွေ့ရတတ်လဲဆိုရင်

ဆေးလိပ် ဆေးရွက်ကြီး သုံးစွဲတဲ့သူတွေ
အရက်သောက်သုံးတာများတဲ့သူတွေ
ကိုယ်အလေးချိန်များတဲ့သူတွေ

———

ဒါကိုကြည့်ခြင်းအားဖြင့် အူမကြီးကင်ဆာဟာ အသက်အရွယ်မရွေးစတင်ဖြစ်ပွါးတတ်ပြီး ပုံမှန် ဆိုရင် ၄၅နှစ်အထက် အရွယ်ရှိသူတွေ တစ်ကြိမ်အနည်းဆုံး ကြည့်သင့်ပါတယ်။

ကြည့်ပြီးတွေ့ရှိတဲ့ အဖြေ၊ အူမကြီးကင်ဆာ နောက်တစ်ချိန်ဖြစ်နိုင်ချေများတဲ့ အချက်တွေ risk factor ရှိမရှိပေါ်မူတည်ပြီး ဘယ်နှနှစ်နေ ထပ်ကြည့်ဖို့ အချိန်သတ်မှတ်ဖို့လိုပါတယ်။

မျိုးရိုး၊ မိသာစုရာဇဝင်ရှိရင်တော့ ပိုကြည့်သင့်ပါတယ်။

ကျန်းမာကြပါစေ။

ထိုင်းနိုင်ငံမှာ ထိုင်း အူလမ်းကြောင်း ဆရာဝန်ကြီးနဲ့ အူလမ်းကြောင်းမှန်ပြောင်း ကြည့်ဖို့ အတွက် ၁၉၈၀၀ ဘတ်သာကျသင့်ပါတယ်။

ဆက်သွယ်နိုင်ပါပြီခင်ဗျာ။

Dr. Ye Wint Aung Team
#အူလမ်းကြောင်းမှန်ပြောင်း
#ထိုင်းနိုင်ငံ_ဆေးစစ်
#အူမကြီး_ကင်ဆာ

ဒီရက်ထဲ ဘန်ကောက်မှာ ဆေးကုဖို့အတွက်လာမေးကြလို့ သိသင့်တဲ့အချက်အလက်လေးတွေ sharing ပေးလိုက်ပါတယ်ခင်ဗျာ။ဘန်ကောက်က ဆေးရုံတွေမှ...
18/10/2025

ဒီရက်ထဲ ဘန်ကောက်မှာ ဆေးကုဖို့အတွက်လာမေးကြလို့ သိသင့်တဲ့အချက်အလက်လေးတွေ sharing ပေးလိုက်ပါတယ်ခင်ဗျာ။

ဘန်ကောက်က ဆေးရုံတွေမှာ အထူးကုဆရာဝန်တွေနဲ့ ဆေးကုသချင်တဲ့ လူနာများဖတ်ကြည့်ကြပါခင်ဗျာ။

ထိုင်းနိုင်ငံမှာ အထွေထွေဆေးကုဆရာဝန်၊ အထူးကုသမားတော် ဆိုပြီးရှိပါတယ်။

အထွေထွေဆေးကုဆရာဝန် GP လို့လဲခေါ်ပါတယ်။ သူတို့ကိုတော့ အစိုးရဆေးရုံတွေနဲ့ အပြင် ဆေးခန်းတွေမှာ ကျွန်တော်တို့ တွေ့ရှိနိုင်ပါတယ်။အထွေထွေဆေးကုဆရာဝန်တွေက ကျန်းမာရေးအတွက် အခြေခံကျတဲ့ first aid ကုသမှု၊ ကာကွယ်ဆေးထိုးနှံမှု၊ လက္ခဏာပေါ်မူတည်ပြီးပဏာမရောဂါ စမ်းသပ်ရှာဖွေမှုစတာတွေကို လုပ်ဆောင်နိုင်ပါတယ်။ဒီလိုလုပ်ဆောင်ပြီး လိုအပ်တဲ့သွေး၊ ဆီး၊နှလုံးနဲ့ အဆုတ်စစ်ဆေးမှုကို လုပ်ပါတယ်။

အထွေထွေ ဆေးခန်းတွေမှာ ဆေးကုသရင် ဘယ်လောက် ကုန်ကျသလဲဆိုရင် ဆရာဝန်စမ်းသပ်ခနဲ့ဆေးခန်းဝန်ဆောင်ခ ဘတ်၅၀၀ ဝန်းကျင်ရှိပါတယ်။ သွေးစစ်တာနဲ့တခြားစစ်ဆေးတာ၊ သောက်ဆေး ထိုးဆေး မျိုးမပါသေးပါဘူး။

GP ဆေးခန်းတွေမှာ ပြသရင် ဘာတွေ အကူအညီရနိုင်သလဲ ဆိုရင်

-ပုံမှန်ဖျားနာတာ၊ကိုက်ခဲတာမျိုးဆိုရင် ဆေးရုံတွေမှာ ပြသစရာမလိုတော့ ကုန်ကျငွေနည်းပါတယ်။

-နေမကောင်းလို့ ဖျားနာတာမျိုး မှာ မိမိ ခွင့်အတွက်လိုအပ်တဲ့ medical leave အတွက် cartifiacte ယူနိုင်ပါတယ်။

နောက်တစ်ခု ဆေးရုံကြီးတွေမှာပြသရင် ဘာတွေအကျိုးရှိမလဲ။

ဒီနေရာမှာ ၂ခုခွဲ ရှင်းပြပါမယ် ခင်ဗျာ။

🏥အစိုးရဆေးရုံ

ကျွန်တော်တို့ ဝန်ဆောင်မှု ပေးလာတဲ့ ကာလတစ်လျှောက်လုံးအမေးများ စိတ်ဝင်တစား မေးကြပါတယ်။

ဒါကတော့ ကုန်ကျငွေဖြစ်ပါတယ်။ အစိုးရဆေးရုံဖြစ်တဲ့အတွက် ကုန်ကျငွေက ဆေးရုံဝန်ဆောင်ခနဲ့ ဆရာဝန်စမ်းသပ်ခပဲ လူနာတိုင်းအတွက် ကြိုသိနိုင်တာပါ။ ခွဲစိတ်ခလိုမျိုးတွေဆိုရင် ကိုယ်ပြသရတဲ့ဆရာဝန်၊ ခွဲစိတ်နည်း၊ မိမိ ကျနိးမာရေးအခြေအနေ စတာတွေက တစ်ဦးနဲ့တစ်ဦးမတူပါ။ ဒါကြောင့်ခွဲစိတ်ခ မှန်းဆပေးလဲ အရင်လူနာရဲ့ကုန်ကျငွေဖြစ်လို့ မိမအတွက် အကြမ်းပဲသိရမှာပါ။ ဒါတောင် အစိုးရဆေးရုံရဲ့ ပစ္စည်းစရိတ် အတွက် ကုန်ကျငွေ စည်းမျဉ်း ပြောင်းရင်ပြောင်းသလို ကုန်ကျငွေလဲ မတူနိုင်ပါ။
သေချာတာတစ်ခုကတော့ အပြင်ဆေးရုံတွေထက် ကုန်ကျငွေ အနည်းငယ်သက်သာပါတယ်။

ဆေးရုံကြီး ဆိုတိုင်းလဲ ရောဂါကြီးကို ချက်ချင်း ပျောက်ကင်းအောင် တာဝန်ယူခွဲစိတ်ဖို့ဆိုတာ မဖြစ်နိုင်ပါ။
မိမိရဲ့ရောဂါ အခြေအနေပေါ်မူတည်ပါသေးတယ်။

ကြာချိန် - အစိုးရဆေးရုံဖြစ်လို့ ခွဲစိတ်ဖို့ရက်က
ခန့်မှန်းလို့မရပါ။ ခန့်မှန်းလဲ မှန်းဆပြီးပြောတာသာဖြစ်ပြီး အတိအကျက မိမိလာရောက် ပြသတဲ့ ကာလနဲ့ ဆေးရုံရဲ့ လူနာအရေအတွက်ပေါ်မူတည်နေပါတယ်။

🏥ပုဂ္ဂလိက ဆေးရုံ

ဒီမှာတော့ ဆေးရုံတွေ အရမ်းများပါတယ်။

ဆေးရုံတွေများတဲ့အထဲ ကုန်ကျငွေ နဲ့ ရရှိတဲ့ ဝန်ဆောင်မှုကတော့ တစ်ခနဲ့တစ်ခု အနည်းငယ်ကွာပါတယ်။

မြို့ထဲ နေရာကောင်းတဲ့ဆေးရုံကြီးတွေက စျေးပိုများပြီး နေရာအနည်းငယ်လှမ်းတဲ့ သွားရောက်ရတဲ့ ဆေးရုံတွေက ကုန်ကျငွေ သက်သာပါတယ်။

ဆရာဝန်ကြီးတွေအနေနဲ့ကတော့ အဆင့်ဆင့် Prof အဆင့်လဲရှိသလို ခေတ်မီ ဆေးပညာနည်းစနစ်ကိုတတ်ကျွမ်းတဲ့ လူငယ်ဆရာဝန်ကြီးတွေလဲ အများသားပါ။

တစ်ခုပါပဲ။ မြန်မာပြည်မှာလို မိမိပြသနေကျဆရာဝန်ကြီးတွေ ဆေးရုံတိုင်းနီးပါးမထိုင်ကြပါ။
ဆရာတို့ကိုရှာခိုင်းရင်လဲ များသောအားဖြင့် တခြား တတ်ကျွမ်းတဲ့ အလားတူဆရာဝန်ကြီးတွေသာ ချိတ်ဆက်နိုင်ပါတယ်။

-ဒီလိုဆေးရုံတွေမှာ ပြသရင် ကောင်းတဲ့အချက်က
ပေးရတဲ့ကုန်ကျငွေနဲ့ တန်တဲ့ အချိန် save ဖြစ်ပြီး ၊ ခွဲဖို့အချိန်စောင့်ဆိုင်းရတာ၊ အချိန်ကုန်တာမဖြစ်တော့ဘူး။
ဆရာဝန် ရက်ချိန်း မြန်မယ်။ ခွဲရက်စောင့်စရာမလိုပါ။ခေတ်မီ ခွဲစိတ်ကုသနည်းတွေ ချိတ်ဆက်နိုင်မယ်။
(ဆရာတို့team ဆရာဝန်တွေနဲ့ chat box မှာ အမြဲလာတိုင်ပင်လို့ရတယ်။)

-ထိုင်း စကားပြန် ထပ်ဌားလာစရာမလိုဘဲ အခမဲ့ဝန်ဆောင်မှု ဆေးရုံမှာ ရမယ်။ ဆေးခန်းပြတဲ့ရက်တိုင်း ကို ကားအကြိုအပို့ အခမဲ့ ဆေးရုံတွေမှာရမယ်။(လေဆိပ်အကြိုအပို့ တစ်ချို့သောဆေးရုံတွေမှာရမယ်)

သင့်တော်တဲ့ ဘန်ကောက်ရှိဆေးရုံချိတ်ဆက်ပေးတဲ့အတွေ့အကြုံကောင်းဖြင့် …

Dr. Ye Wint Aung Team

ရင်သားကင်ဆာအတွေ့များလာတဲ့ ယနေ့အခါမှာ ဆေးကြိုတင်စစ်ထားမှ စိတ်ချရမှာပါခင်ဗျာ။🦠ရင်သားကင်ဆာ အတွက် စျေးသင့်စွာ ဆေးစစ် ဖို့ Pa...
17/10/2025

ရင်သားကင်ဆာအတွေ့များလာတဲ့ ယနေ့အခါမှာ ဆေးကြိုတင်စစ်ထားမှ စိတ်ချရမှာပါခင်ဗျာ။🦠

ရင်သားကင်ဆာ အတွက် စျေးသင့်စွာ ဆေးစစ် ဖို့ Package လေးရှိပါတယ်ခင်ဗျာ။💡

မိမိမှာ ရင်သားကင်ဆာ ရှိမရှိကို ကြိုတင်ပြီးစစ်ဆေးဖို့အတွက် Mammogram မမ်မိုဂရမ် ၊ Ultrasound breast ရင်သားအာထရာစောင်း နဲ့စစ်ဆေးမှာပါ။

Package ကုန်ကျငွေ ၄၀၀၀ ဘတ် ထဲမှာ ပါဝင်တဲ့ စျေး​တွေကတော့ ဆရာဝန်ကြေး၊သူနာပြုကြေး၊ဆေးရုံကြေး၊အသုံးပြုရတဲ့ ရင်သားကင်ဆာ ဆေးစစ် စက်ပစ္စည်းအဖိုးအခများ ဖြစ်ပါတယ်။

Package အသုံးပြုနိုင်တဲ့ အချိန်ကတော့ ၃၁ ဒီဇင်ဘာလ ၂၀၂၅ အထိဖြစ်ပါတယ်။

ဆေးရုံကတော့ ထွန်ဘူရီ ဘာမြူရမ် ဆေးရုံကြီးဖြစ်ပါတယ်။

ရင်သားကင်ဆာ ဆေးစစ်ချင်ပါက chat box ကနေဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

ဒီနေ့  Smile pro LASIK နည်းနဲ့ TRSC LASIK Center မှာဖျောက်သွားတဲ့ ညီမလေး ရက်ချိန်းပြန်ပြတဲ့ရက်ပါ။ဆရာ ဧည့်သည်များအတွက် ရက...
14/10/2025

ဒီနေ့ Smile pro LASIK နည်းနဲ့ TRSC LASIK Center မှာဖျောက်သွားတဲ့ ညီမလေး ရက်ချိန်းပြန်ပြတဲ့ရက်ပါ။

ဆရာ ဧည့်သည်များအတွက် ရက်ချိန်းပြတဲ့နေ့ ပုံရိပ်များ sharing လုပ်ပေးလိုက်ပါတယ်ခင်ဗျာ။

ကျန်းမာကြပါစေ။

ကျန်းမာရေး ဆေးစစ်ဖို့အတွက် တစ်ဦးဝယ် တစ်ဦး ဆေးစစ်လက်ဆောင်ရ Packages တွေ ရွေးချယ်စစ်တေးနိုင်ပါတယ်ခင်ဗျာ။Phyathai ဆေးရုံ၊Ka...
14/10/2025

ကျန်းမာရေး ဆေးစစ်ဖို့အတွက် တစ်ဦးဝယ် တစ်ဦး ဆေးစစ်လက်ဆောင်ရ Packages တွေ ရွေးချယ်စစ်တေးနိုင်ပါတယ်ခင်ဗျာ။

Phyathai ဆေးရုံ၊Kasemrad ဆေးရုံ၊ ထွန်ဘူရီဆေးရုံတို့ဖြစ်ပါတယ်ခင်ဗျာ။

အူလမ်းကြောင်းမှန်ပြောင်း စစ်ဆေးချင်သူများ

အတွက်လဲ package တွေဝယ်ယူနိုင်ပါတယ်။



Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 15:00
Sunday 09:00 - 15:00

Telephone

+66858482139

Website

Alerts

Be the first to know and let us send you an email when Dr. Ye Wint Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. Ye Wint Aung:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram