Dr. Ye Wint Aung

Dr. Ye Wint Aung MBBS, MRCP-UK.1
🏥 Dr. Ye Medical Service 🩺 🇹🇭🇮🇳
ကျန်းမာရေး ဗဟုသုတဝေမျှရန်နှင့် ထိုင်း၊အိန္ဒိယနိုင်ငံ ဆေးကုဖို့ ဆေးရုံချိတ်ဆက်ပေးပါတယ်။
စကားပြန်ဝန်ဆောင်မှု။

ဒီနေ့ ဆေးခန်းလာပြတဲ့ ဆရာတော်ကြီး အတွက် ကုသိုလ်ပြုပြီး ဆေးခန်းပြပေးဖြစ်ခဲ့ပါတယ်။လာပြတဲ့ အကြိမ်တိုင်း ကုသိုလ်ပြုပေးဖြစ်ပါတ...
09/03/2026

ဒီနေ့ ဆေးခန်းလာပြတဲ့ ဆရာတော်ကြီး အတွက် ကုသိုလ်ပြုပြီး ဆေးခန်းပြပေးဖြစ်ခဲ့ပါတယ်။

လာပြတဲ့ အကြိမ်တိုင်း ကုသိုလ်ပြုပေးဖြစ်ပါတယ်။

ဆေးရုံကလဲ သံဃာတော်တွေအတွက် အဆင်ပြေတဲ့ နေရာပါ။

ဒီနေ့ကုသိုလ်ကြောင့် ဆေးကုနေရတဲ့ လူနာများကျန်းမာကြပါစေ။

ရောဂါအမြန်ပျောက်ပါစေခင်ဗျာ။

လေးစားစွာဖြင့်

#အစိုးရဆေးရုံ
#ဘုရင့်ဆေးရုံ

08/03/2026

ဒီနေ့ကတော့ ဘုရင့်ဆေးရုံကြီးမှာ ဆေးရုံတက်နေတဲ့ ဧည့်သည် ဘဘဦးမောင် အတွက် ဆေးကုသမှုအခြေအနေကို အာရုံ​ကြောဆရာဝန်နဲ့ တိုင်ပင်ပေးဖြစ်ခဲ့ပါတယ်။

ဘဘက ဘန်ကောက်မှာ ရေရှည်နေထိုင်နေသူတစ်ဦးဖြစ်ပြီး ဆေးရုံကြီးမှာ ပုံမှန် အာရုံကြောပိုင်း စစ်ဆေးနေတဲ့ သူတစ်ဦးပါ။

ဘဘရဲ့ ခြေထောက်တွေလမ်းလျှောက်တဲ့အခါအခက်အခဲဖြစ်လို့ လိုအပ်တာစစ်ဆေးဖို့ ယခင်ညဘက်တွေက ဆေးရုံကိုလာပြရပါတယ်။

ဦးနှောက်ပိုင်းသွေးကြောအသေး ပိတ်တာပါ။

ယနေ့တော့ သက်သာလာလို့ ဆရာဝန်ကြီးလာကြည့်ပြီး မကြာခင် ဆေးရုံဆင်းရပါမယ်။

ကူညီပေးခွင့်ရလို့ ဝမ်းသာပါတယ်ခင်ဗျာ။

#အစိုးရဆေးရုံ

ဒီရက်ထဲ ပြပေးဖြစ်တဲ့ ဧည့်သည် တွေထဲက ဒီနေ့ပြပေး ဖြစ်ခဲ့တဲ့ လေးလေး တစ်ယောက်ရဲ့ ရက်ချိန်းပါခင်ဗျာ။ဒီကနေ့ကတော့ အသည်းဆရာဝန် ပ...
05/03/2026

ဒီရက်ထဲ ပြပေးဖြစ်တဲ့ ဧည့်သည် တွေထဲက
ဒီနေ့ပြပေး ဖြစ်ခဲ့တဲ့ လေးလေး တစ်ယောက်ရဲ့ ရက်ချိန်းပါခင်ဗျာ။

ဒီကနေ့ကတော့ အသည်းဆရာဝန် ပြပေးဖြစ်ခဲ့ပါတယ်။

အစိုးရဆေးရုံ၊ ပုဂ္ဂလိကဆေးရုံတွေမှာ ချိတ်ဆက်ပြီး ဆေးကုသဖို့ ဆက်သွယ်တဲ့အတွက် ကူညီပေးရတာ ဝမ်းသာပါတယ်ခင်ဗျာ။

ရင်ကြပ်ဆေးကုနေရတဲ့ ဧည့်သည်အတွက် သွေး အဖြေလဲ တစ်ခါထဲထုတ်ပေးဖြစ်ခဲ့ပါတယ်။
အဖြေလဲကောင်းပြီး asthma control ကောင်းလို့ သက်သာနေတဲ့အန်တီကို ကူညီပေးရလို့ ဝမ်းသာပါတယ်ခင်ဗျာ။

အရိုးကျီးပေါင်းအန်တီအတွက် followup ချိန်းပေးခဲ့ပါတယ်။

ဆေးရုံရွေးချယ်မှု ချပြတဲ့အထဲက အန်တီတို့ရွေးချယ်မှုပါဘဲခင်ဗျာ။

လေးစားစွာဖြင့်။
Dr. Ye Wint Aung

ဒါကတော့ ပြီးခဲ့တဲ့ လကုန်ပိုင်းက ကျွန်တော်တို့ teamကို ယုံကြည်စွာအပ်နှံခဲ့တဲ့ ခွဲစိတ်ကုသခံယူမဲ့ အမရဲ့ ရက်ချိန်းပါ။သားအိမ်...
02/03/2026

ဒါကတော့ ပြီးခဲ့တဲ့ လကုန်ပိုင်းက ကျွန်တော်တို့ teamကို ယုံကြည်စွာအပ်နှံခဲ့တဲ့ ခွဲစိတ်ကုသခံယူမဲ့ အမရဲ့ ရက်ချိန်းပါ။

သားအိမ်သွေးအလုံး ဖြစ်ပြီး ဓမ္မတာတိုင်း နာကျင်တတ်ပါတယ်။

ကုသဆေးသောက်ဆေး try ဖို့အကြံပေးခဲ့ပေမဲ့ မသက်သာတဲ့နောက်ပိုင်း မီးယပ်ရောဂါ နဲ့ပတ်သက်ပြိး စိတ်ချရတဲ့ ဆေးရုံ အပ်ပေးခဲ့ပါတယ်။

၁ရက်အကြာဆေးရုံတက် ✅

key hole မှန်ပြောင်း နဲ့ ခွဲစိတ်ပြီး
ဘတ် ၃သိနိးဝန်းကျင်သာကျခဲ့ပါတယ်။

ခွဲစိတ်အပြီး နာကျင်မှု -zero ✅
ဆေးရုံတက်ရက် ၁ ည အိပ်✅
complication မရှိ။
မနေ့က ၁ရက်နေ့ ဟိုတယ် ပြန်နားပါတယ်။

Team Dr. လိုက်ပြပေးတဲ့ အကူအညီနဲ့ ချိတ်ဆက်ထားတဲ့ ဆေးရုံထဲက ဖယာထိုင်း ၃ ဆေးရုံကြီးမှာ ပြသခဲ့ပါတယ်။

#ဖယာထိုင်း_၃

လူနာအမ ပြင်ပဆေးရုံ ဆေးစစ်ခဲ့။ဆေးစစ်ချက်မှာ ရင်သား calcifiaction နဲ့ ကင်ဆာသံသယတွေ့ရှိတယ်လို့မှာကြားလိုက်ပါတယ်။…ဒီနေ့ အစို...
02/03/2026

လူနာအမ ပြင်ပဆေးရုံ ဆေးစစ်ခဲ့။

ဆေးစစ်ချက်မှာ ရင်သား calcifiaction နဲ့ ကင်ဆာသံသယတွေ့ရှိတယ်လို့မှာကြားလိုက်ပါတယ်။

…

ဒီနေ့ အစိုးရဆေးရုံ ချိတ်ဆက်၊ ဒီနေ့ပဲ ညနေ ရင်သား အထူးကု ဆရာဝန်တွေ့။

ဆရာဝနိကြီးက ရင်သားကို မမ်မိုဂရမ်ပြန်ရိုက်မယ်လို့ချိနိးပါတယ်။ ချက်ချင်းရိုက်စရာတော့မလိုသေး… ရက် ၄၅ ရက်အတွင်းရိုက်နိုင်… Xray ဌာနမှာရက်ချိနိးတစ်ခါထဲထဲ့ပေးပါတယ်။

မတ်လကုန် အမလာပြီး ရင်သားကို မမ်မိုဂရမ်လာရောက်စစ်ဆေးပါမယ်။

#အစိုးရဆေးရုံ

ဆီးချိုတိုင်းတဲ့နည်းအမျိုးမျိုး ရှင်းပြပေးပါဆရာ။သွေးတွင်းတိုင်းနည်း(1)Venous plasma glucose -သွေးပြန်ကြော ဖြစ်တဲ့ vein က...
01/03/2026

ဆီးချိုတိုင်းတဲ့နည်းအမျိုးမျိုး ရှင်းပြပေးပါဆရာ။

သွေးတွင်းတိုင်းနည်း

(1)Venous plasma glucose -
သွေးပြန်ကြော ဖြစ်တဲ့ vein ကနေ သွေးရည်ကြည်တိုင်းတာပေးတာပါ။
ဆေးရုံဆေးခန်းပြသတဲ့အခါတိုင်းလေ့ရှိပါတယ်။
အစားဖြတ်ပြီးတ်ုင်းတာတာမျိုး၊ စားပြီး ၂နာရီတိုင်းတာတာမျိုးပါ။

(2) Aterial glucose/capillary blood
သွေးလွှတ်ကြော ဆံချည်မျှင်သွေးကြောကနေတိုင်းတာပေးတာပါ။

ဆံချည်မျှင်သွေးကြောဆိုတာ လက်ထိပ်ကလေးတွေမှာ ရှိတဲ့သွေးကြောအသေးလေးတွေပါ။
လက်ထိပ်ဖောက်တယ်ဆ်ုတာ အရပ်ထဲမှာ ဖောက်ကြလေ့ရှိပါတယ်။
ဆီးချိုတက်နေတာလား၊ကျနေတာလားစတာတွေအတွက် စစ်ကြပါတယ်။

နံပါတ် ၁ နည်းကတော့ ဆီးချိုရှိမရှိတိုင်းတာတဲ့နေရာမှာ ရောဂါရှာဖွေတာပါ။

(3) Continuous blood glucose montoring
သူက ဆီးချိုရှိတဲ့ သူမှာ အရေပြားအောက်မှာ sensor လေးထဲ့ပြီး တိုင်းတာတာပါ။
တိုင်းတဲ့သူက အချိန်နဲ့အမျှ စက်က အလိုအလျှောက် တိုင်းတာတဲ့အတွက် အနည်းငယ်ကျတာ၊ တက်တာကအစ၊ ဆရာဝန် အဖြေ ဖတ်တဲ့အခါ သကြားဓါတ် ညဘက်တွေကျတတ်သလား၊သိရပါတယ်။
လက်ထိပ်ဖောက်ခြင်းထက် ပိုအသေးစိတ်သိရပါတယ်။
ဆီးချို ဆေးခနိးပြတိုင်း အဖြေ record မှာ အသေးစိတ်ပြောင်းလဲမှုကို ဆရာဝန်ကသ်နိုင်ပါတယ်။

(4) urine glucose ဆီးထဲမှာ သကြားဓါတ်တွေ့ရှိများခြင်း
သူကတော့ ဆေးစစ်တဲ့အခါ၊ ဆေးရုံတက်ကုသတဲ့အခါ ရုတ်တရက်တွေ့တတ်တာမျိုးပါ။
ဆီးထဲပါလာရင် သွေးတွင်းသကြားဓါတ် blood glucose ပါ တွဲပြီးစစ်ရပါတယ်။

(5) HbA1c ဟီမ်ုဂလိုဘင် အေဝမ်းစီ
သူကတော့ ဆီးချို ရှိမရှိသိထျင်ရင် တိုင်းတာကြသလို ဆီးချိုရှိသူတွေမှာ ၃လအတွင်း သကြားဓါတ်ပမာဏဘယ်လောက်များသလဲ၊ ပုံအှန်ထိန်းနိုင်သလား၊ ဆေးညှိရာမှာ သုံးပါတယ်။

လေးစားစွာဖြင့်
Dr. Ye Wint Aung
#ဆီးချိုစစ်ဆေးနည်း #သွေးတွင်းသကြားဓာတ် #ဆီးချိုစောင့်ရှောက်မှု #ကျန်းမာရေး
#ဆီးချိုတိုင်းစက် #ဆီးချိုစစ်ခြင်း
#ပုံမှန်စစ်ဆေးပါ

27/02/2026

Phyathai 3 ဖယာထိုင်း၃ဆေးရုံကြီးတွင်

Dr. Ye Medical service ချိတ်ဆက်မှု နဲ့

Mr. BKK ကားဝန်ဆောင်မှု ရယူပြီး ဆေးစစ်ခဲ့တဲ့ အမ

Ma Hnin ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။


#မနှင်း
#ဆေးစစ်

#ဘန်ကောက်
#ထိုင်း

ဒီနေ့ မနှင်း ကို ဆေးစစ်ဖို့ အတွက် စီစဉ်ပေးဖြစ်ပါတယ် ခင်ဗျ
25/02/2026

ဒီနေ့ မနှင်း ကို ဆေးစစ်ဖို့ အတွက် စီစဉ်ပေးဖြစ်ပါတယ် ခင်ဗျ

20/02/2026

ကင်ဆာဆေးသွင်းကုသနေရင် ဆံပင်ကျွတ်တာဘယ်လို ရင်ဆိုင်ရမလဲဆရာ။

💥ကင်ဆာကုသနေတဲ့ အခါတွေမှာကြုံရတတ်တဲ့ ဆေးရဲ့ ဘေးထွက်တစ်ခုပါ။

ကင်ဆာဆေး(ဆေးတိုင်းတော့မဆိုလိုပါဘူး) ကီမိုဆေး တွေက ကင်ဆာဆဲလ်လို အလျင်အမြန်ပွါးတဲ့ ဆဲလ်တွေက်ု ပျက်စီးအောင်လုပ်နိုင်စွမ်းရှိပါတယ်။

ကီမိုဆေးတွေက ကင်ဆာဆဲလ်လို အမြန်ပွါးနိုင်တဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ဆံပင်၊အမွှေးအမျှင်၊ အရေပြား၊ ပါးစပ်ဘအစာအိမ် အူလမ်းကြောင်း ၊ သွေးဆဲလ်(သွေးနီ၊ဖြူ၊မွှားဥ )စတာတွေကို ဘေးထွက်အနေနဲ့ထိခိုက်စေပါတယ်။

ဒါကြောင့် ဦးရေပြားမှာရှိတဲ့ ဆံပင် သာမက မျက်ခုံး၊ ခန္ဓာကိုယ်က တစ်ခြားသောအမွှေးအမျှင်တွေလဲ ကျွတ်စေနိုင်တာပါ။

ဆံပင်ပါးလာနိုင်တယ်။ ဆံပင် ကျွတ်လာပါတယ်။

💪ကင်ဆာကုသနေသူတွေအနေနဲ့ ဒါကိုဘယ်လိုရင်ဆိုင်လို့ရမလဲ။

-ရေချိုးခေါင်းလျှော်ရင် အရမ်းပူတဲ့ ရေနဲ့ချိုးတာရှောင်ပေးပါ။
-ဦးရေပြားကို လေပူမှုတ်စက်နဲ့ အသုံးပြုတာလျှော့ပေးပါ။
-ဆံပင်ပါးလာရင် ဆံပင်အကွက်တွေပြောင်နေရင် ဦးရေပြားကံတုံးတုံးနိုင်ပါတယ်။
ဒီလိုလုပ်ရင် ဆံပင်ကျွတ်တာကြောင့် စိတ်အနှောင့်အယှက်နဲသွားသလို နောက်ပြန်ပေါက်မဲ့ ဆံပင်သားကို ကောင်းစေပါတယ်။
-တစ်ချို့ကင်ဆာဌာနတွေမှာ ဆေးသွင်းရင် ဦးခေါင်းကိုအေးမြစေတဲ့ ဦးထုတ် (scalp cooling cap)တွေအသုံစပြုတတ်ပါတယ်။
ဦးရေပြားသွေးကြောကျဉ်းစေတော့ ဆံသားကို ကင်ဆာဆေးရောက်တာ နည်းတယ်လို့ဆ်ုပါတယ်။)
-ကင်ဆာဆေးသွင်းနေတဲ့အချိန်တော့ ဦးရေပြားဆံသားကောင်းစေတဲ့ ဆေးတွေ လိမ်းဆေးတွေတော့ အားမပေးပါဘူး။

-ခေါင်းလျှော်ရင် pH neutral ဖြစ်တဲ့ခေါင်းလျှော်ရည်တွေ သုံးပေးပါ။
-သဘာဝ almond , argan ပါတဲ့ ဆီလေးတွေလိမ်းပေးပါ။နေပူထဲသွားရင် sunscreen လိမ်းပေးပါ။
-အခန်း ပြင်ပ သွားရင် ဦးထုတ်အပွလေးတွေဆောင်းပေးပါ။

ဆေးစသွင်းပြီး ၂-၄ပတ် ပြီး စကျွတ်တတ်တာ သဘာဝပါပဲ။
ကီမိုဆေးပမာဏ၊ အမျိုးအစား နဲ့ ကုသမှုပေါ်မူတည်ပါတယ်ခင်ဗျ။
ကင်ဆာဆေးအမျိုးအစားတွေဖြစ်တဲ့ immunotherapy targeted therapy တွေမှာတော့ ဒါမျိုး ဖြစ်တာ နည်းတယ်လို့ဆိုပါတယ်။

ဆံသားပါးကျွတ်တာ ခဏပဲမို့ အတွေ့အကြုံအရ ကင်ဆာဆေးသွင်းကုသနေတာပြီးတာနဲ့ ၃လလောက်ဆို ဆံသားပြန်ပြီးပွါးများလာပါတယ်။
ဆံပင်ကျွတ်တာ ခဏပဲမို့ စိတ်ညစ်စရာမလိုအပ်ပါ။

Dr Ye Wint Aung

💕Love Life Center (Free Consultation)- Love Life Centerမှ ဆရာဝန်ကြီးများနှင့် အခမဲ့ဆွေးနွေးနိုင်မယ့် အခွင့်အရေးလေးလာပါပြ...
18/02/2026

💕Love Life Center
(Free Consultation)
- Love Life Centerမှ ဆရာဝန်ကြီးများနှင့် အခမဲ့ဆွေးနွေးနိုင်မယ့် အခွင့်အရေးလေးလာပါပြီ💕

🎈အမျိုးသားလိင်ကျန်းမာရေး- လိင်တံမတောင်မတ်ခြင်း၊ သုတ်မထိန်းနိုင်ခြင်း၊လိင်ပိုင်းဆိုင်ရာစွမ်းဆောင်လိုစိတ်နည်းပါးခြင်း စသည်ဖြင့်
🎈အမျိုးသမီးလိင်ကျန်းမာရေး- ကာမစိတ်ကုန်ခန်းခြင်း၊ ကာမဆက်ဆံရာတွင်နာကျင်ခြင်း၊ ဟော်မုန်းကုသမှုများ
🎈ဟော်မုန်းသောက်နေသူများ
🎈လိင်ပြောင်းခွဲစိတ်မှုများ
စသည်ဖြင့် ဆွေးနွေးနိုင်ပါသည်။

🎈ဆွေးနွေးမှုပြုလုပ်လိုပါက
🕑ကြိုတင်ရက်ချိန်းပြုလုပ်ရန်လိုအပ်ပါသည်။
🕑အခမဲ့ဆွေးနွေးမှုသည် ၂၀၂၆ မတ်လ ၃၁ ရက်နေ့အထိသာအကျုံးဝင်ပါသည်။

ဆက်သွယ်ရန်-Dr. Ye Wint Aung Page

Happy Chinese New Year ပါခင်ဗျာ။ဒီနေ့အခါမှာ ကျန်းမာချမ်းသာပြီး လိုရာဆန္ဒ ပြည့်ဝကြပါစေ ခင်ဗျာ။နှစ်သစ်မှာ ဘန်ကောက်အလည်လာရင...
17/02/2026

Happy Chinese New Year ပါခင်ဗျာ။

ဒီနေ့အခါမှာ ကျန်းမာချမ်းသာပြီး လိုရာဆန္ဒ ပြည့်ဝကြပါစေ ခင်ဗျာ။

နှစ်သစ်မှာ ဘန်ကောက်အလည်လာရင်း ကျန်းမာရေး ဆေးစစ်ချင်တာဖြစ်ဖြစ် ခွဲစိတ်ဖို့လိုအပ်တာဖြစ်ဖြစ် ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

Dr. Ye Medical Service

အားလုံးပဲ Happy Valentine’s Day ပါခင်ဗျာ။ဒီနေ့မှာ လူနာတစ်ဦးအတွက် ပြသပေးခဲ့တဲ့ အကြောင်းနဲ့ဆက်စပ်တဲ့ အကြောင်း sharing အနေန...
14/02/2026

အားလုံးပဲ Happy Valentine’s Day ပါခင်ဗျာ။

ဒီနေ့မှာ လူနာတစ်ဦးအတွက် ပြသပေးခဲ့တဲ့ အကြောင်းနဲ့ဆက်စပ်တဲ့ အကြောင်း sharing အနေနဲ့ ရေးပါရစေခင်ဗျာ။

ဒီနေ့ လူနာဆ်ုရင် စတွေ့တဲ့ ပထမဆုံးရက်ထဲက ဒီနေ့အထိ ကိုယ့်ရဲ့ မိသားစုဆရာဝန်တစ်ဦးလို ယုံယုံကြည်ကြည်နဲ့ တိုင်ပင်ဆွေးနွေး ဝန်ဆောင်မှု အပ်ခဲ့တဲ့ လူနာတစ်ဦးပါ။

ဒီနေ့ဆိုရင် ဒီ လူနာအတွက် ဆေးရုံမှာပြသပေးရတဲ့ အကြိမ် မနည်းတော့ပါဘူး။

ပြသပေးခဲ့တဲ့ဆေးရုံကြီးကတော့ ထိုင်းနိုင်ငံမှာ ကင်ဆာဆိုရင် ကုသ ကောင်းမွန်တဲ့ ဆေးရုံတစ်ခုထဲပါဝင်တဲ့ ချူ-လာ-ဘွန်း ဆေးရုံကြီးပါ။

ဆေးရုံကြီး အကြောင်းကို အရင်ကလဲ ခဏခဏရေးပေးဖူးတော့ အများကြီးပြောစရာမလိုလောက်ပါဘူး။

ကျွန်တော်တို့ဆီ ချိတ်ဆက်ပြသပေးခဲ့တဲ့ လူနာတွေကိုလဲ သိထားသမျှပြောပြပေးပြီး ဆေးကုသ ဆွေးနွေးပေးတဲ့ အကြိမ်လဲမနည်းလှပါဘူး။

ဒီနေရာမှာ ပွင့်လင်းစွာပြောပြပါရစေခင်ဗျာ။

ကင်ဆာကုသမှုရဲ့ ပထမခြေလှမ်းက ရောဂါကိုရှိမှန်းသိစမှာ မြန်ဆန်စွာရောဂါရှာဖွေနိုင်ဖို့ပါ။
ရောဂါအဆင့်နိမ့်တဲ့ အချိန်သိပြီး ကုသမှုခံယူလိုက်တာ အသင့်တော်ဆုံးပါ။

ဒါကြောင့် ဒီနေရာမှာ အချိန်က အများကြီးစကားပြောပါတယ်။
ကိုယ့်မှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတစ်ခုတွေ့ရင် မပေါ့ဆဖို့အရေးကြီးပါတယ်။

အချိန်-
ထိုင်းမှာလဲ လာကုချင်တယ်၊ ငွေလဲ အတော်အသင့်စဉ်းစားစရာမလိုဘူးဆိုရင် ခွဲစိတ်ရမယ် ၊ရောင်ခြည်ပြရမယ်ဆိုရင် ထိုင်းနိုင်ငံပုဂ္ဂလိကဆေးရုံတွေသာပြေးပါ။
အစိုးရဆေးရုံ မှာလာပြရင် သူနိုင်ငံသား ဦးစားပေးတာနဲ့၊ လူနာများတာနဲ့ ဆ်ုရင် လူနာတော်တော်များများကတော့ စောင့်ရပါတယ်။

ဒီနေရာမှာ အမြဲလို့တော့မပြောလိုပါ။ ကြိုးစားကြည့်နိုင်ပါတယ်။ ကံပေါ်မူတည်ပါတယ်။
ဒီလူနာဆိုရင် အရေးကြီးတဲ့ case ပါ။ ဒါပေမဲ့ ခွဲဖို့ မေလထဲမှရက်ချိန်းရပါတယ်။
အဓိကက ခွဲစိတ်ရမဲ့ကိစ္စတွေ ၊ ရောင်ခြည်လူနာတွေဆိုရင် မစောင့်စေချင်တာပါ။

ဒါဆို ဒီဆေးရုံမှာ ဘာတွေ ကုသပေး လုပ်ပေးတာဘာအဆင်ပြေလဲဆိုရင် အတွေ့အကြုံအရကတော့ ကင်ဆာ ဆေးသွင်းတာပါ။ ဆေးတွေ စျေးအချိုးတော်တော်လေးကွာပါတယ်ခင်ဗျာ။
ဒါကင်ဆာဆေး chemotherapy ပါပဲ။ Immunotherapy တို့ targeted တို့ အပြင်ပနဲ့ယှဉ်အနည်းကျဉ်းသာသက်သာပါတယ်။

ရင်သားကင်ဆာကုသတဲ့ဆေး anti-her2 ဆေးဆ်ုရင်တော့ သက်သာပါတယ်။

နောက်ပြီး ကင်ဆာလူနာတွေဟာ တတ်ကျွမ်းတဲ့ ဆရာဝန် ပြသဖို့လိုပါတယ်။
တစ်နေရာမှာပြသပြီး စိတ်မချရင် ဒီဘက်ထိုင်း မှာပါပြသပြီး double check ပါ။

ထိုင်း ဆေးရုံနဲ့ ဆရာဝန်မသိရင် လာမေးလို့ရပါတယ်။
ကျွန်တော်တို့ အတွေ့အကြုံအခြေခံပြီး ရှင်းပြပါမယ်။ ရွေးချယ်ချိတ်ဆက်တာကတော့ လူနာရှင်သဘောပါပဲခင်ဗျာ။

ဆေးရုံဆေးခန်းပြသတဲ့အခါမှာ ထိုင်းစကားပြန်ဆိုရင်လဲ ထိုင်းဆေးရုံ အတွေ့အကြုံရှိ တတ်ကျွမ်းပြန်နိုင်သူကို ချိတ်ဆက်ပါ။ကိုယ်က ဆေးစကားပါ တကယ်တတ်ကျွမ်းမှ ယုံကြည် စိတ်ချရပါတယ်။

တစ်ကယ်လို့ ကုသတဲ့ ခရီးစဉ်မှာ ဆေးရုံလိုက်ပြတဲ့အခါ မိသားစုဆရာဝန်လို ရောဂါနဲ့ပတ်သက်တာတွေ အသေးစိတ်ဆွေး နွေးတိုင်ပင်ချင်တယ်ဆ်ုရင် ကျွန်တော်တို့ teamကို ချိတ်ဆက်နိုင်ပါတယ်ခင်ဗျာ။

အပေါ်က ၂မျိုးထဲက တစ်မျ်ုးကို သေချာခေါ်သွားပါ။

•မဟုတ်ရင် မိသားစုဝင်က English ပြောပြီးဆေးခန်းပြသတာမျိုးရှိနိုင်ပေမဲ့ ဆေးပညာနယ်ပယ်က မဟုတ်တဲ့အတွက် ဆရာဝန်ကြီးရဲ့ ဆိုလိုရင်းတွေ လွတ်တာ လွဲတာမျိုးရှိနိုင်ပါတယ်။
ကိုယ်က မသိတာရှိရင် မေးလို့ရပေမဲ့ ဆရာဝန်ကြီးဆ်ုလိုရင်းမပေါက်လို့ ဆရာဝန်ကြီးကို ထပ်ခါထပ်ခါမေးနေရင် အဆင်မပြေနိုင်ပါ။

လေးစားစွာဖြင့်
Dr. Ye Wint Aung

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 15:00
Sunday 09:00 - 15:00

Telephone

+66858482139

Website

Alerts

Be the first to know and let us send you an email when Dr. Ye Wint Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. Ye Wint Aung:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram